အခန်း ၁၃၉၁
Vol. 140 Ch. 1391
အခန်း (၁၃၉၁) ကောင်းကင်က နတ်ဘုရားမင်းဆက်ကို မျက်နှာသာပေးနေတာလား
မူလဖရိုဖရဲတာ့လော်ရွှေမသေမျိုးများက သူ့ကို လေးစားကြပြီး၊ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ များက သူ့ကိုကြောက်ရွံ့ကြသည်။
လောကသတ္တဝါများတောင့်တရုံသာ တတ်နိုင်သောအဆင့်အတန်းက ဤလူငယ်လေးအတွက် လွယ်ကူစွာရရှိနိုင်သောအရာတစ်ခု ဖြစ်လာခဲ့၏။
"..."
ယန်လန်ထင် နှင့် ဖုန်းရှီတို့က သူတို့၏လုပ်ဖော်ကိုင်ဖက်များ၏အကြည့်များကို ဂရုမစိုက်ကြဘဲ၊ မြို့ရိုးပေါ်ရှိ ပုံရိပ်ကိုတိတ်တဆိတ် စိုက်ကြည့်နေကြပြီး သူတို့၏လက်ထဲရှိ နတ်ဆိုး နှိမ်နင်းရေးအမိန့်ပြားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။
ရှန်းယီက ပြန်လာရန်ရွေးချယ်ပြီး ကျန်းယန် စီရင်စု၏ ထိပ်တွင် ထိုင်နေကတည်းက၊ အခြားသူများ မေးခွန်းထုတ်ရန် နေရာမရှိတော့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ဂိုဏ်းနှစ်ခုစလုံး၏ မြှောက်ပင့်မှုများနှင့် ရင်ဆိုင်ရချိန်တွင်၊ ရှန်းယီက ခေတ္တမျှစဉ်းစားတွေးတောပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။
သူက သူ၏လက်ကို အနည်းငယ်မြှောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ငါက အစစ်အမှန်အရှင် မဟုတ်သလို။ မသေမျိုးတွေအားလုံးရဲ့ ခေါင်းဆောင်အဖြစ်လုပ်ဆောင်နေဖို့လည်း အချိန်မရှိဘူး။"
အခြားသူများ အိပ်မက်ပင်မမက်ဝံ့သော ကြောက်မက်ဖွယ်ကောင်းသည့် နေရာကို၊ လူငယ်လေးက ပေါက်ပြဲနေသောဖိနပ်စုတ်တစ်ရံအလား ရိုးရှင်းသော စကားတစ်ခွန်းဖြင့် စွန့်ပစ်လိုက်သည်။
ဤသိမ်မွေ့သော လုပ်ရပ်က ဘုန်းကြီးများ၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးသောကြောက်ရွံ့မှုကို ထိတွေ့လိုက်သကဲ့သို့ဖြစ်သွားပြီး၊ သူ၏ဖြူဖျော့နေသော လက်က ဗောဓိသတ္တများ၏ သွေးများဖြင့် ရေတွက်၍မရနိုင်လောက်အောင် ပေကျံနေခဲ့သည့် အရှေ့ပိုင်းတိုက်ကြီး၏ တာအိုဓမ္မဆွေးနွေးပွဲမှ မြင်ကွင်းကို သူတို့ကို ပြန်လည်အမှတ်ရစေခဲ့၏။
သူတို့အများစုမှာ တတိယအဆင့် ဗောဓိသတ္တများသာ ဖြစ်ကြပြီး၊ သူတို့၏အကြီးအကဲများ၏မသေနိုင်၊မပျက်စီးနိုင်သော နတ်ဘုရားစွမ်းရည်များ မရှိကြပေ။
"ရှန်းယီ ငါတို့ဂိုဏ်းရဲ့ အစစ်အမှန်ဗုဒ္ဓက မင်းကို ထာဝရဖိနှိပ်ထားမှာကို မင်း မကြောက်ဘူးလား။"
ယခင်က နှစ်ဖက်သဘောတူထားသော တာအိုဓမ္မ ဆွေးနွေးပွဲတွင် မည်သူ့ကိုမျှအပြစ်တင်စရာ မလိုဘဲ စွမ်းရည်ညံ့ဖျင်းခြင်းကြောင့် ဖြစ်ခဲ့သည်မှာ နားလည်နိုင်ပါသည်။ သို့သော် ယခုအခါ၊ ဗောဓိဂိုဏ်းကို ဒေါသထွက်စေခဲ့ပြီး မသေမျိုးသုံးပါးဂိုဏ်း၏မျက်နှာသာမပေးသော အခြေအနေတွင် ရှိနေစဉ်၊ သူက အဓိပ္ပာယ်မဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုရဲဝံ့စွာ စတင်မည်ဆိုပါက၊ ဂိုဏ်းနှစ်ခုစလုံး သိရှိသွားပါက ဂိုဏ်းချုပ်သုံးပါးပင်လျှင် သူ့ကို ကာကွယ်ပေးရန် အကြောင်းပြချက် ရှိမည် မဟုတ်ပေ။
"မင်း..." ရုတ်တရက်၊ မသေမျိုးသုံးပါးဂိုဏ်း၏ နောက်လိုက်များက နောက်သို့လှည့်ကြည့်လိုက်ကြရာ၊ ကောင်းကင်ကန့်လန့်ကာကို မျက်တောင်တစ်ခတ်အတွင်းဝါးမျိုသွားပြီး အဆုံးမရှိသောအရိပ်ကြီးဖြင့် သူတို့အားလုံးကိုဖုံးလွှမ်းသွားသည့် နက်မှောင်သည့် တိမ်တိုက်များကိုတွေ့လိုက်ရသည်။
သူတို့ ရုတ်တရက်သဘောပေါက်သွားကြပြီး၊ ရှန်းယီကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြ၏။
တစ်ချိန်က မသေမျိုးဂိုဏ်းအတွက် ထိပ်တန်း တပည့်အဖြစ် တိုက်ပွဲဝင်ပေးခဲ့ပြီး၊ မသေမျိုးသုံးပါးဂိုဏ်းမှ ထိုဘုန်းကြီးများကိုဖိနှိပ်ရာတွင် ကူညီပေးခဲ့သော ဤသူက ယခုအခါ သူတို့အပေါ် သတ်ဖြတ်လိုသောရည်ရွယ်ချက်ကို ပြသနေပြီ ဖြစ်သည်။
"မင်းက နတ်ဘုရားမက်းဆက်ရဲ့ လူတစ်ယောက်ပဲ"
အကယ်၍ ယခုအချိန်အထိ သူတို့၎င်းကို မမြင်နိုင်သေးပါက၊ သူတို့၏ကျင့်ကြံခြင်းနယ်ပယ်များက အချည်းနှီးဖြစ်သွားပေလိမ့်မည်။
ကံမကောင်းစွာဖြင့်၊ တိမ်တိုက်များက အလွန် ထူထပ်လွန်းသလို သူ၏ဝိညာဉ်ရတနာများကလည်း သူတို့၏အထွတ်အထိပ်သို့ ရောက်ရှိနေကာ၊ မွေးရာပါဗုဒ္ဓ ရတနာကို ကိုင်ဆောင်ထားသော မဟာလွတ်လပ်ခြင်း နှင်းတောင် ဗောဓိသတ္တပင်လျှင် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခံခဲ့ရသည်ဖြစ်ရာ၊ တတိယအဆင့် တပည့်အုပ်စုတစ်စုနှင့်အတူ ဤဒုတိယအဆင့်ကျင့်ကြံသူ အနည်းငယ်က ဘာလုပ်နိုက်မည်နည်း။
သူတို့က ဒေါသတကြီးကျိန်ဆဲချင်ခဲ့ကြသော်လည်း၊ နက်မှောင်သောမြူခိုးများက သူတို့ကို ဝါးမျိုသွားပြီး သူတို့၏နားများ၊ နှာခေါင်းများ၊ ပါးစပ်များအတွင်းသို့ စီးဝင်သွားကာ၊ ထို့နောက် သူတို့၏ခန္ဓာကိုယ်များကို အနက်ရှိုင်းဆုံးနေရာသို့ ဖြည်းညှင်းစွာဆွဲငင်သွားသဖြင့် သူတို့တွင် အသံထွက်ရန် အခွင့်အရေးမရှိခဲ့ပေ။
ရှန်းယီ၏လက်ပြန်ဝေ့ယမ်းလိုက်သည့်အခိုက်အတန့်တွင်၊ မသေမျိုး နှင့် ဗုဒ္ဓများ၏ အရိပ်အယောင်များပျောက်ကွယ်သွားခြင်းမှလွဲ၍ လောကကြီးက ကြည်လင်မှုသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဤပြတ်သားပြီး သပ်ရပ်သောမြင်ကွင်းက လူတိုင်းကို လုံးဝထိတ်လန့်သွားစေခဲ့သည်မှာ အသေအချာပင်။
သာမန် နတ်ဆိုးနှိမ်နင်းရေးဌာန၏သာမာန် အရာရှိများမှာတော့ သူတို့ မျက်လုံးများကိုပြူးကျယ်စွာ ဖွင့်ကြည့်နေရင်း ဘာဖြစ်သွားသည်ကို သူတို့နားမလည်နိုင်ခဲ့ကြပေ။ အတွေ့အကြုံရှိသော အစစ်အမှန်နတ်ဘုရားများပင်လျှင် မိုးကြိုးအပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်သွားခဲ့ကြ၏။
သေချာတွေးကြည့်လျှင်၊ ဒုတိယအဆင့်များ အကြားကွာဟချက်က ဤအတိုင်းအတာအထိ မဖြစ်သင့်ပေ။
ရှန်းယီ၏ပေါ့ပေါ့ပါးပါး လုပ်ရပ်က တူညီသော နယ်ပယ်ရှိကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ပထမအဆင့်ဧရာမပုဂ္ဂိုလ်ကြီး နှင့် အကန့်အသတ်မရှိ နီးစပ်သောအရှိန်အဝါတစ်ခုကို ဖန်တီးခဲ့သည်။
မသေမျိုးများ အားလုံး၏ခေါင်းဆောင် ဟူသော ဘွဲ့နှင့် အောင်မြင်မှုများက ကုသိုလ်ကောင်းမှု သို့မဟုတ် အရည်အချင်းများနှင့် မည်သို့မျှမသက်ဆိုင်ပေ။
၎င်းကို ခိုင်မာသောခွန်အားဖြင့် အတင်းအကျပ် တိုက်ခိုက်ရယူခဲ့ခြင်း ဖြစ်သည်။
"ကျွတ်။"
မီးဘိုးဘေးနတ်ဘုရားက မျက်ခုံးပင့်လိုက်၏။ အစစ်အမှန် နတ်ဘုရားဂိုဏ်းက သေမျိုးလောက၏ကိစ္စရပ်များကို ဂရုမစိုက်သော်လည်း၊ ဤလူငယ်လေး၏လုပ်ရပ်က မည်မျှရက်စက်ကြောင်းကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရသောအခါ၊သူကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီးနောက်၊ ဤလောကရှိသတ်ဖြတ်မှုများက ယခုကဲ့သို့ရက်စက်ကြမ်းကြုတ်လာခဲ့ပြီဖြစ်သည်။
သို့သော် ဖန်ဆင်းခြင်းအစကတည်းက တည်ရှိနေခဲ့သော နတ်ဘုရားနှင့် နတ်ဆိုးတစ်ပါးအနေဖြင့်၊ သူက ဤလုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ပြီဖြစ်သည်။
ကမ္ဘာကြီး၏တည်ငြိမ်မှုကို မထိခိုက်သရွေ့၊ ကျန်သောအရာများသည် အရေးမပါပေ။
၎င်းကို တွေးမိရင်း၊ ဘိုးဘေးနတ်ဘုရားက လူငယ်လေး၏အရိုအသေပေးမှုကို စောင့်ဆိုင်းရန် အနည်းငယ် မတ်မတ်ထိုင်လိုက်၏။
"..."
ရှန်းယီကလည်း မီးတောက်နေသော ဧရာမပုဂ္ဂိုလ်ကြီးကို ကြည့်လိုက်ပြီး၊ ခဏအကြာတွင်မတ်တပ်ရပ်ကာလက်ခုပ်တီးပြီး မြို့ရိုးပေါ်မှ လှည့်ထွက်သွားခဲ့သည်။
ချင်းဟွာက အစစ်အမှန် နတ်ဘုရားဂိုဏ်း အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့်၊ ဤ နတ်ဘုရားများနှင့် နတ်ဆိုးများ၏ သဘာဝကို သူ စောစီးစွာကတည်းက ကျင့်သားရနေခဲ့ပြီးဖြစ်သည်။
သူတို့က ကောင်းကင်တာအို စည်းမျဉ်းများ၏ပြရုပ်များဖြစ်ပြီး လောက၏လည်ပတ်မှုများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။
တရားမျှတပုံပေါ်သည်။
သို့သော် အခြားတစ်နည်းဖြင့်ပြောရလျှင်၊ ၎င်းက သူတို့က သေမျိုးလောကအတွက် အသုံးမဝင်ကြောင်းကိုလည်း ဆိုလိုသည်။
အသုံးမဝင်သော နတ်ဘုရားများကို အဘယ်ကြောင့် လေးစားရမည်နည်း။
ယင်းကိုမြင်သောအခါ၊ မီးဘိုးဘေးနတ်ဘုရား၏ မျက်လုံးထောင့်များ အနည်းငယ် တွန့်သွားသည်။ အထက်သို့ပျံတက်ကာ ရှန်းယီကိုမိတ်ဆက်ပေးရန် ပြင်နေသော ချီဖုန်းကလည်း ရပ်တန့်သွားခဲ့၏။
'မဟုတ်ဘူး... ဒီလူငယ်လေးကအရင်တုန်းက ဒီလောက် မာနမကြီးခဲ့ပါဘူး။'
ချီဖုန်းက တံတွေးမျိုချလိုက်ပြီး၊ သူ၏အပြုံးမှာ အနည်းငယ်တောင့်တင်းနေကာ၊ ရှန်းယီအကြောင်း အနည်းငယ်ပိုမိုရှင်းပြရန်ရည်ရွယ်လိုက်သည်။ မည်သို့ပင်ဆိုစေ၊ တစ်ဖက်လူက သူတို့ကို တစ်ချိန်က ကယ်တင်ခဲ့ဖူးသည်။
ဘိုးဘေးနတ်ဘုရားက ယခုလေးတင်မှ နိုးထလာပုံရပြီး ဂိုဏ်းနှစ်ခုစလုံး၏လောဘကြီးသော ရည်ရွယ်ချက်များကို သတိမပြုမိသေးသလို၊ ဤလူငယ်လေး၏ကြောက်မက်ဖွယ်ကောင်းသော ကြီးထွားမှုနှုန်းကိုလည်း မသိရှိသေးပေ။
ဤကဲ့သို့သော ကောင်းကင်ပါရမီရှင်ကိုသာ ဘိုးဘေးနတ်ဘုရားများက ပြုစုပျိုးထောင်ပေးပါက၊ အစစ်အမှန်နတ်ဘုရားဂိုဏ်းအတွက် တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်တစ်ခုဖြစ်လာမည်မှာ အသေအချာပင်။
သို့သော် သူအနီးသို့မရောက်ရှိမီမှာပင်၊ မီးတောက်နေသောဧရာမပုဂ္ဂိုလ်ကြီးက ဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်ပြီး တောင်ပိုင်းဍုမေဏုဆီသို့ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
မိုးကောင်းကင်နှင့် မြေပြင်က အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ပြီး၊ အချိန်၏ရှည်လျားသော မြစ်ကြောင်းတစ်လျှောက်တွင်၊ ဂိုဏ်းချုပ်ပါး နှင့် ခေတ်ကာလတစ်ခုကိုအောင်မြင်စွာလွှမ်းမိုးနိုင်ခဲ့သော ဗုဒ္ဓကဲ့သို့သော ပုဂ္ဂိုလ်များအပါအဝင် ကောင်းကင်ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့သော်လည်း မည်သူက တာဝန်ယူသည်ဖြစ်စေ၊ နောက်ဆုံးတွင် သူတို့က အစစ်အမှန်နတ်ဘုရားကို လုပ်ကျွေးပြုရပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့က အမြင့်ဆုံးသော ကောင်းကင်တာအိုကို မွေးရာပါကိုယ်စားပြုနေသောကြောင့်ဖြစ်သည်။
ဘိုးဘေးနတ်ဘုရားက မြင့်မားသောရည်မှန်းချက်ရှိသည့် လူငယ်လေးတစ်ဦးကို ဤအမှန်တရားအား ရှင်းပြရန် စိတ်မဝင်စားပေ။ လူငယ်လေးက ပိုမို မြင့်မားသောနေရာသို့ ရောက်ရှိလာသည်နှင့်အမျှ၊ သူက နောက်ဆုံးတွင် ၎င်းကိုသဘောပေါက်လာလိမ့်မည်။
ဤတစ်ကြိမ်တွင်၊ သူက အနာဂတ် ဗုဒ္ဓကို ရင်ဆိုင်ရန် နိုးထလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုထိပ်ပြောင်မြည်းက နေရာအနှံ့ ပုန်းရှောင်နေသည်။ ဘိုးဘေးနတ်ဘုရားက ဤနေရာတွင်လေထုအတွင်း မငြိမ်မသက်ဖြစ်မှုများကို အာရုံခံမိပြီးစုံစမ်းရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို မသေမျိုးများနှင့် ဗုဒ္ဓများ အုပ်စုသေဆုံးသွားပြီဖြစ်ရာ၊ သူက ဍုမေဏုတောင် သို့ ပြန်သွားပြီး ဆက်လက်စောင့်ဆိုင်းနေလိုက်ခြင်း ပိုကောင်းပေလိမ့်မည်။
အစစ်အမှန်နတ်ဘုရားများ ထွက်ခွာသွားခြင်းနှင့်အတူ၊ ကျန်းယန်စီရင်စုက ၎င်း၏ယခင်က ငြိမ်းချမ်းမှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"မမျှော်လင့်ထားဘူး။ နင် ဒီလောက်မြန်မြန် ပြန်ရောက်လာလိမ့်မယ်လို့။"
ဖုန်းရှီက သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊ သူမ၏ဘေးသို့ ရောက်ရှိနေပြီဖြစ်သော ရှန်းယီကို ကြည့်လိုက်၏။ ယခုအချိန်အထိပင်။ သူမက အိပ်မက်တစ်ခုထဲတွင်ရှိနေသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။
"တကယ်တမ်းဘာတွေ ဖြစ်သွားတာလဲ..."
ယခုလေးတင်မြင်တွေ့ခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့်မြင်ကွင်းက တောင်ပိုင်း ကာကွယ်ရေးစစ်သူကြီးချုပ်ဖြစ်သော သူမကိုပင် သေမျိုးလူသားများ၏အကူအညီမဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုကို နောက်တစ်ကြိမ် ခံစားရစေခဲ့သည်။
မသေမျိုးများနှင့် ဗုဒ္ဓများ၏ရှေ့တွင်၊ သေမျိုးလောကမှ သတ္တဝါများက ပုရွက်ဆိတ်များအလား နိမ့်ကျနေဆဲဖြစ်သည်။
အဘယ်ကြောင့် အချိန်တိုလေးအတွင်းတွင် ဂိုဏ်းနှစ်ခုစလုံးသည် ဤမျှပွင့်လင်းလာရသနည်း။ အခြားတိုက်ကြီးသုံးခု၏ အခြေအနေမှာ ယခုအခါ မည်သို့ရှိနေသနည်း။ ထို့အတူ ဤလူငယ်လေးက မည်သည့်အရာများဖြတ်သန်းခဲ့ရသနည်း။
"သေရေးရှင်ရေးတိုက်ပွဲတစ်ခုအတွက် အချိန်ရောက်လာတာလည်းဖြစ်နိုင်တယ်။"
ရှန်းယီက မြောက်ဘက်သို့လှမ်းကြည့်ကာ ညင်သာစွာ တုံ့ပြန်လိုက်ပြီး၊ ယန်လန်ထင်၏ ကျောကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်ကာ၊ ကပ်ဘေးစွမ်းအားကြိုးမျှင်တစ်ခုကို ပေးပို့လိုက်ရာ၊ လူအိုကြီး၏မျက်နှာကို အနည်းငယ် ပိုမိုသွေးရောင်လွှမ်းသွားစေခဲ့၏။
"သေရေးရှင်ရေး တိုက်ပွဲလား။" သခင်ကြီးယန် သည် ခေတ္တမျှမှင်သက်သွားခဲ့သည်။
ဤဖော်ပြချက်ကို နားထောင်ကြည့်လျှင်၊ မသိသူများက ဂိုဏ်းနှစ်ခုစလုံးက အားနည်းသောဘက်တွင် ရှိနေသည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။
ယခုလေးတင်ဖြစ်ရပ်ကြောင့် သူတို့အဖွဲ့ကအံ့အားသင့်မှုမှ လုံးဝပြန်လည်မသက်သာသေးသော်လည်း၊ ဤစကားတစ်ခွန်းက သူတို့၏အာရုံကို ဖမ်းစားသွားခဲ့သည်။
"မကြာခင် အဆုံးသတ်လောက်တော့မှာပါ။"
ရှန်းယီက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကျန်းယန်စီရင်စု အတွင်းသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့၏။
မြို့သူမြို့သားများက ယခင် အပြောင်းအလဲများကြောင့် အလွန်အမင်းထိတ်လန့်သွားကြပြီး ယခင်ကလောက် ငြိမ်းချမ်းမှုမရှိတော့သော်လည်း၊ မပျက်မစီးရှိနေသော မြို့တော်၊ အနည်းငယ် ဟောင်းနွမ်းနေသော လမ်းမကြီးတို့က သူ့ကို အနည်းငယ် သက်တောင့်သက်သာဖြစ်စေဆဲပင်။
ရန်မင်လီက မူလက လူငယ်လေး၏နောက်မှ ကပ်လျက် လိုက်ပါလာသော်လည်း၊ သူ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ရှန်းယီနှင့် ပတ်သက်၍ သူ၏နားလည်မှုအရ၊ နောက်ပိုင်းတွင် တစ်ကိုယ်တည်း ခရီးသွားလေ့ရှိပြီး ကိစ္စများမပြီးပြတ်မီအခြားသူများနှင့် မျှဝေလေ့မရှိပေ။
ဥပမာအားဖြင့်၊ ထိုစဉ်က ဤလူငယ်လေး တောင်ပိုင်းတိုက်ကြီးမှ ထွက်ခွာသွားပြီးမှသာ ဤလူအိုကြီးများအုပ်စုက နောက်ဆုံးတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သိရှိခဲ့ကြရသည်။
သို့သော် ယနေ့တွင် ရှန်းယီ အမှန်တကယ်ပြောဆိုခဲ့သောအရာမှာ "ဖြစ်နိုင်တယ်" နှင့် "လောက်မှာ" ကဲ့သို့သော စကားလုံးများကိုဆက်တိုက်အသုံးပြုလာသည်။
လောက၏အခြေအနေက သူကိုယ်တိုင်ပင် နားလည်ရန်ခက်ခဲသောအဆင့်သို့ ရောက်ရှိနေပြီလော။
သို့သော် ဤသူက ဂိုဏ်းနှစ်ခုစလုံး၏မသေမျိုးများ အားလုံးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်သည်။
"..."
သူ၏စကားများက လူအုပ်ကိုစိုးရိမ်ပူပန်မှုများအတွင်းနှစ်မြုပ်သွားစေမည်ကို ရှန်းယီ သေချာပေါက် သိထားသည်။
သို့သော် ဤအရာများက သူ၏ရိုးသားသော ရင်တွင်းစကားများဖြစ်ပါသည်။
ဂိုဏ်းနှစ်ခုစလုံးအကြား ဤကဲ့သို့ဆိုးရွားသော သေဆုံးဒဏ်ရာရမှုများနှင့်အတူ၊ ဟိုထူဧကရီပင်လျှင် ပါဝင်ပတ်သက်နေရာ၊ နှစ်ဖက်စလုံး၏ဂိုဏ်းချုပ်များက သေချာပေါက်ဝင်ရောက်စွက်ဖက်ကြမည်ဖြစ်ပြီး၊ သူ၏လုပ်ရပ်များကိုလည်း သေချာပေါက်သတိပြုမိကြပါလိမ့်မည်။
သူ၏အသက်ကို စတေးရလျှင်ပင်။ ရှန်းယီက မိုးကောင်းကင်နှင့် မြေပြင်၏အခြေအနေကို လွှမ်းမိုးရန်အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
သို့သော် ၎င်းက လုံလောက်ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်၊ အရှေ့ပိုင်းတိုက်ကြီးမှ ဖြစ်ရပ်များပြီးနောက်၊ ဂိုဏ်းနှစ်ခုစလုံး၏ခွန်အားများက အနည်းဆုံးခုနစ်ဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ပြီဖြစ်သောကြောင့်ဖြစ်သည်။
လူသားဧကရာဇ်၏ အစီအစဉ်အရဆိုလျှင်ပင်၊ အကယ်၍ မင်းဆက်က ဂရုမစိုက်ဘဲနေကာ၊ ဂိုဏ်းနှစ်ခုစလုံးက သာမန်ပြည်သူများကို ဖိနှိပ်နေသည်ကို စောင့်ကြည့်ပြီး၊ မသေမျိုးများနှင့် ဗုဒ္ဓများ အကြားအဆက်မပြတ်အတွင်းရေးပဋိပက္ခများကို စောင့်ဆိုင်းနေပါက၊ နောက်ဆုံးရလဒ်က လက်ရှိ အခြေအနေထက်ပိုမိုကောင်းမွန်နိုင်မည် မဟုတ်ပေ။
ယခုလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဧကရာဇ်မြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ ထိုလူတွင် သေမျိုးလောက၏ အနာဂတ်ကို ပြောင်းလဲရန်စွမ်းရည်အမှန်တကယ်ရှိပါစေဟု မျှော်လင့်ရန်သာဖြစ်သည်။
ရှန်းယီ စဉ်းစားတွေးတောနေစဉ်မှာပင်။
တိုက်ကြီးလေးခု ဝန်းရံထားသော အင်ပါယာ မြို့တော်က အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ပါသည်။
အရေးပေါ်သတင်းအချက်အလက်အစီရင်ခံစာများက မသေမျိုးဌာနထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပြီး၊ ၎င်းတို့အတွင်းရှိ သတင်းများက စားပွဲခုံနောက်တွင် ထိုင်နေသောပိန်သွယ်သည့် လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ၊ သူ၏မျက်လုံးများထဲရှိ အံ့အားသင့်မှုနှင့် ဝမ်းသာကြည်နူးမှုများသည် ပိုမိုထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။
သူ၏လက်က အလိုအလျောက် တုန်ယင်လာခဲ့၏။
လင်ရှူးယာက သူစောင့်ဆိုင်းနေခဲ့သော မျှော်လင့်ချက် ရောင်ခြည်လေးက သူ၏တံခါးပေါက်သို့ တိုက်ရိုက်ရောက်ရှိလာလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
ဂိုဏ်းနှစ်ခုစလုံးက ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီး ကြီးမားသောသေဆုံးဒဏ်ရာရမှုများနှင့် ရင်ဆိုင်နေရသည်။
အစစ်အမှန်ဗုဒ္ဓက တာအိုဓမ္မဆွေးနွေးမှုများကို ကြီးကြပ်ရန်ဝင်ရောက်လာသော်လည်း၊ မသေမျိုး ဧကရာဇ်ကို ရွေးချယ်နိုင်ခြင်း မရှိသေးပေ။
ရွှေမသေမျိုးများ နှင့် ဗောဓိသတ္တများတစ်ပါးပြီးတစ်ပါးအိပ်စက်ခြင်းသို့ ကျရောက်သွားစေခဲ့ပြီး၊ နာကြည်းချက်များက ညှိနှိုင်း၍မရနိုင်သော အတိုင်းအတာအထိရောက်ရှိသွားကာ ဧကရာဇ်ကိုပင် ပါဝင်ပတ်သက်လာစေခဲ့သည်။
'ဒါက... ကောင်းကင်က နတ်ဘုရားမင်းဆက်ကို မျက်နှာသာပေးနေတာပဲ။'