← Chapters

အခန်း ၁၃၉၂

Vol. 140 Ch. 1392

အခန်း ၁၃၉၂

Vol. 140 Ch. 1392

အခန်း (၁၃၉၂) လင်ရှုးယာ၏အတွေး

အင်ပါယာမြို့တော်၊ မသေမျိုး ဌာန

"သခင်ကြီးလင်း"

နတ်ဆိုးနှိမ်နင်းရေးဌာန၏ သတင်းပို့သူအနည်းငယ်က ကျဉ်းမြောင်းသောစာကြည့်ခန်းထဲသို့ စုပြုံဝင်ရောက်လာကြ၏။ သူတို့၏မျက်လုံးများက မီးတောက်များအလားလင်းလက်နေကာ စားပွဲခုံနောက်ရှိ ပိန်သွယ်သောပုံရိပ်ကို စိုက်ကြည့်နေကြသည်။

ဂိုဏ်းနှစ်ခုစလုံး၏ ဧရာမပရမ်းပတာဖြစ်မှု သတင်းက သူတို့အားလုံးထံရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယခုအခါများပြားလှသော မသေမျိုး နှင့် ဗုဒ္ဓများက သေမျိူးလောကကိုဝါးမျိုရန် မဆိုထားနှင့်၊ ဤကြောက်မက်ဖွယ်ကောင်းသော ဆုံးရှုံးမှုများနှင့်အတူ၊သူတို့၏အတွင်းပိုင်းကိုထိန်းချုပ်နိုင်စွမ်းပင်ရှိမည် မဟုတ်တော့ပေ။

"နယ်မြေလေးခုစလုံးက နတ်ဘုရားမင်းဆက်က စစ်သူကြီးတွေကိုဆင့်ခေါ်ပြီး၊ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားဖို့ ဦးဆောင်သင့်ပြီလား။" သူတို့၏မျက်နှာများတွင် တောင့်တမှု အရိပ်အယောင်အချို့ကို ပြသနေကြပြီး၊ နတ်ဘုရားမင်းဆက်အတွက် ဤသည်မှာ ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။

"..."

လင်ရှူးယာက သူ၏လက်ထဲရှိ မှတ်တမ်းလွှာများကို ဖြည်းညှင်းစွာစီစဉ်ကာ သေချာစွာထပ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက်၊ လူအုပ်၏အံ့အားသင့်နေသော အကြည့်များအောက်တွင်၊ သူက ခေါင်းမော့ကာ ညင်သာစွာ ခါယမ်းလိုက်သည်။ "မင်းတို့အားလုံး နောက်ဆုတ်လိုက်ကြ။ မသေမျိုးဌာနရဲ့အမိန့်မရမချင်း။ မသေမျိုး နှင့် ဗုဒ္ဓတွေကို အနှောင့်အယှက်ဖြစ်စေမယ့် အဆင်ခြင်မဲ့လုပ်ရပ်တွေ မလုပ်ကြနဲ့။"

'မသေမျိုး နှင့် ဗုဒ္ဓတွေကို အနှောင့်အယှက်ဖြစ်စေမယ့်အရာလား။'

နတ်ဆိုးနှိမ်နင်းရေးဌာနမှ သတင်းပို့သူများ အုပ်စုက သူတို့၏နားကိုပင် မယုံနိုင်အောင်ဖြစ်သွားကြ၏။

ထို ကြောက်မက်ဖွယ်ကောင်းသော ကြမ်းကြုတ်သည့် နတ်ဘုရားများနှင့် မိစ္ဆာဗုဒ္ဓများက သေမျိုးလောကကို ဝက်များနှင့် ခွေးများအဖြစ် သဘောထားကာ၊ရူးသွပ်စွာ စားသောက်နေကြပြီး၊ သာမန် ပြည်သူများ၏ရေတွက်၍မရနိုင်သော အသက်များကို ကစားနေကြကာ၊ အဆုံးမရှိသော လမ်းပျောက်နေသည့် ဝိညာဉ်များက နတ်ဘုရားမင်းဆက်တစ်ခုလုံးငိုကြွေးနေသကဲ့သို့ ဖြစ်နေပြီး၊ ဤစစ်သူကြီးများအုပ်စုကို ညဘက်များတွင် အိပ်မပျော်အောင် လုပ်ဆောင်နေခဲ့သည်။

ဤသည်မှာ ခေတ်အဆက်ဆက်အတွက် ပျောက်ဆုံးခြင်းမရှိနိုင်သော သွေးရန်ငြိုးတစ်ခု ဖြစ်သည်။

'အခုပြောနေတာက... အနှောင့်အယှက်ဖြစ်စေမယ့်အရာတဲ့လား'

"နောက်ဆုတ်လိုက်ကြ။"

လင်ရှူးယာတွင် သူတို့ကို ရှင်းပြရန်စိတ်ရှည်သည်းခံမှုများများစားစား မရှိပေ။ သူက မသေမျိုး ဌာန၏ အကြီးအကဲဖြစ်ပြီး၊ မသေမျိုးခုံရုံး နှင့် ပတ်သက်သော နတ်ဘုရားမင်းဆက်၏ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲနေသူဖြစ်သည်။

လူသားဧကရာဇ် ကိုယ်ထင်ရှားမပြသသရွေ့၊ သူ၏ စကားများက ဤစစ်သူကြီးများအတွက် အမိန့်စာ ကဲ့သို့ပင်။

ဤသည်မှာ အမှန်တကယ်ပင် အခွင့်အရေး တစ်ခု ဖြစ်သော်လည်း၊ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် အခွင့်အရေးမဟုတ်ပေ။ ယင်းအစား၊ ၎င်းက ကောင်းကင်မှ ပေးသနားသော ကရုဏာတစ်ခုဖြစ်ပြီး၊ နတ်ဘုရားမင်းဆက်ကို များပြားလှသော မသေမျိုး၊ဗုဒ္ဓများ နှင့် ညှိနှိုင်းရန် အခွင့်အရေး တစ်ခုပေးစွမ်းလိုက်ခြင်း ဖြစ်သည်။

လင်းရှူယာအား လူသားဧကရာဇ်က ရွေးချယ်ခဲ့ခြင်းမှာ၊ သူက မြောက်ပိုင်းတိုက်ကြီးတွင် မိုးခေါင်ရေရှားမှုမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်ရုံသာမက၊ သူ၏ထက်မြက်သော အမြင်အာရုံကြောင့်လည်း ဖြစ်သည်။

ဤမှတ်တမ်းလွှာများ တစ်ခုတည်းမှနေ၍။ ဂိုဏ်းနှစ်ခုစလုံးအကြားညှိနှိုင်း၍မရနိုင်သော ပဋိပက္ခတစ်ခု ရှိနေပြီဖြစ်ကြောင်း သူလျင်မြန်စွာ ဆုံးဖြတ်နိုင်ခဲ့၏။

၎င်းသည် အနာဂတ်တွင် ဤလောကကို မည်သူက လွှမ်းမိုးမည်နည်းဆိုသည့်အရာနှင့် ပတ်သက်နေသည်။

အစစ်အမှန် ဗုဒ္ဓ ဖြစ်စေ၊ ဧကရာဇ်ဖြစ်စေ ဤအခိုက်အတန့်တွင် တစ်လှမ်းမျှနောက်ဆုတ်မည်မဟုတ်ကြောင်းရှင်းလင်းနေ၏။ အကယ်၍ ဤပြဿနာကိုမဖြေရှင်းနိုင်ပါက၊ ဂိုဏ်းနှစ်ခုစလုံး အကြားသတ်ဖြတ်မှုများက ဘယ်သောအခါမှ ရပ်တန့်မည် မဟုတ်ပေ။

ထို ဧရာမပုဂ္ဂိုလ်ကြီးများကလည်း တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိကြမည်မှာ သေချာရာ၊ကပ်ဘေးကို ယာယီရွှေ့ဆိုင်းကာ အခြားနည်းလမ်းတစ်ခုကို ရှာဖွေကြမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။

ထို့အတူ ဤအရာကပင် သေမျိုးလောကအတွက် တစ်ခုတည်းသော အသက်ကယ်ကြိုးဖြစ်သည်။

မြောက်ပိုင်းတိုက်ကြီးတွင် ကံကောင်းထောက်မစွာဖြင့်အသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက်၊ လင်းရှူယာက မသေမျိုး နှင့် ဗုဒ္ဓများ၏ ကြီးမားလှသော စွမ်းအားကို လုံးဝကိုယ်တွေ့ ကြုံခဲ့ရသည်။

သူတို့ရှေ့တွင် သေ‌မျိုးလူသားများမှာ ခုခံရန် ခွန်အား လုံးဝမရှိခဲ့ရာ၊ လူသားများက ကောင်းကင်ကိုဆန့်ကျင်နိုင်သည်ဟူသော အတွေးဖြင့် သူဘယ်သောအခါမှ ကိုယ့်ကိုယ်ကိုယ်မလှည့်စားခဲ့ပေ။

အကယ်၍ မသေမျိုးခုံရုံး နှင့် နတ်ဘုရားမင်းဆက်တို့ လောကကိုပူးတွဲအုပ်ချုပ်ခဲ့သော အချိန်ကာလသို့ သူပြန်သွားနိုင်ပါက၊ ၎င်းက သူ့အတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခြင်းဖြစ်ပေလိမ့်မည်။

"ဟူး။"

စစ်သည်များတစ်ဦးပြီးတစ်ဦး ဇဝေဇဝါဖြစ်နေသောအမူအရာများဖြင့် မသေမျိုးဌာနမှ ထွက်ခွာသွားကြသည်ကို စောင့်ကြည့်ရင်း၊ လင်းရှူယာက အသက်ပြင်းပြင်းရှူလိုက်ပြီး၊နောက်ဆုံးတွင် မတ်တပ်ရပ်ကာ၊ မှတ်တမ်းလွှာအထပ်လိုက်ကြီးကို ကိုင်ဆောင်လျက်အစိုးရရုံးတော်မှ ထွက်လာခဲ့၏။ တည်ငြိမ်သောခြေလှမ်းများဖြင့် အင်ပါယာမြို့တော်၏အနက်ရှိုင်းဆုံးနေရာရှိ ခြံဝင်းဆီသို့ ဦးတည်သွားခဲ့သည်။

ဤလမ်းကို သူအကြိမ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ဖူးသည်။

အစပိုင်းတွင်၊ လူသားဧကရာဇ်က အလွန်နုပျိုနေသေးပြီး၊တင်းမာပြီးကြီးကျယ်ခမ်းနားသော မျက်နှာရှိသော်လည်း၊နွေးထွေးမှုနှင့် သနားကြင်နာမှုများမကင်းမဲ့သောမျက်လုံးများ ရှိခဲ့၏။

သူက လင်ရှူးယာတစ်သက်တာ သစ္စာစောင့်သိမည်ဟုကျိန်ဆိုခဲ့သော အသက်သခင်ဖြစ်သည်။

ယခုအချိန်မှာတော့ အရှင်မင်းကြီးက အိုမင်းလာပြီးဇဝေဇဝါဖြစ်လာကာ၊ ပိုမိုနားလည်ရခက်သော အတွေးအချို့ကို တဖြည်းဖြည်းမွေးဖွားလာခဲ့သည်။

သို့သော် လင်ရှူးယာက သူ၏အပေါ် သစ္စာရှိနေဆဲ ဖြစ်သည်။

ယနေ့အချိန်မှာတော့၊ သူတို့၏အတွေးများ ကွဲလွဲနေပြီဖြစ်သော်လည်း၊ သူက တိုက်ကြီးလေးခုမှ သတင်းများကို စီစဉ်ပြီးဆုံးဖြတ်ချက်ချနိုင်ရန် အရှင်မင်းကြီးထံ တင်ပြနေဆဲဖြစ်သည်။ ဤသည်မှာ သူ၏သစ္စာစောင့်သိမှုပင်။

"ဒါတွေကို အရှင်မင်းကြီးထံ ဆက်သလိုက်ပါ။"

လင်ရှူးယာက ခြံဝင်းအပြင်ဘက်တွင် ရပ်တန့်လိုက်သည်။

သူက ယခင်ကကဲ့သို့ အရက်ကန်ထဲသို့ ကိုယ်တိုင် ဝင်မသွားတော့ပေ။ အစေခံမ နှစ်ဦးထံသို့ မှတ်တမ်းလွှာများကို လွှဲပြောင်းပေးလိုက်ပြီး၊ ၎င်းတို့ ကွေ့ကောက်သော လမ်းကြောင်းအတိုင်း လျှောက်သွားကာ သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

လူကြီးလူကောင်းတစ်ဦးက အန္တရာယ်ရှိသောနံရံအောက်တွင် မရပ်သင့်ပေ။

မှတ်တမ်းလွှာများကို ဆက်သခြင်းက သစ္စာစောင့်သိမှုဖြစ်ပြီး၊ လောက၏ငြိမ်းချမ်းရေးအတွက် အကျိုးပြုရန် မိမိ၏အသက်ကို ထိန်းသိမ်းခြင်းက ဖြောင့်မတ်ခြင်းဖြစ်သည်။

အနည်းဆုံးတော့ ထိုကြမ်းကြုတ်သော ကျားကြီး ရူးသွပ်သွားပြီးအသိဟောင်းများကို ဝါးမျိုရန် ကြိုးပမ်းလာသောအခါ၊ သူက နောက်ဆုံးကြိုးကို ဆုပ်ကိုင်ကာကြီးမားသောအန္တာရာယ်အခြေအနေမှ အတင်းအကျပ်နောက်သို့ပြန်ဆုတ်နိုင်ပြီး၊ နတ်ဘုရားမင်းဆက်ကို မီးတွင်းထဲသို့ မကျရောက်စေရန် ဟန့်တားနိုင်ဆဲဖြစ်သည်။

"..."

မှတ်တမ်းလွှာများကို လွှဲပြောင်းပေးပြီးနောက်၊ လင်ရှူးယာက အလျင်စလိုထွက်မသွားဘဲ၊ အရက် ကန်၏ အတွင်းပိုင်းကို မြင်တွေ့နိုင်ရန် နက်ရှိုင်းသောခြံဝင်းနံရံများကို ဖြတ်ကျော်ကြည့်နေသည့်အလား လမ်းကြောင်း၏အနက်ရှိုင်းဆုံး နေရာဆီသို့ တိတ်ဆိတ်စွာကြည့်နေခဲ့၏။

လက်ရှိအချိန်မှာတော့ အရက်ကန်ထဲတွင် စိမ်နေသူမှာ ရူးသွပ်နေသောသားရဲတစ်ကောင်လား သို့မဟုတ် အရှင်မင်းကြီးဖြစ်နေသေးသည်လားကို သူ အတည်ပြုရန်လိုအပ်သည်။

နည်းလမ်းမှာ ရိုးရှင်းပါသည်။

လင်ရှူးယာက လူသားဧကရာဇ်ကို အရာအားလုံးကို ဆုံးဖြတ်စေချင်သေးသည်။ အကယ်၍ မှတ်တမ်းလွှာများကို ဖတ်ရှုပြီးနောက်၊ တစ်ဖက်လူမှာ အရှင်မင်းကြီးဖြစ်နေဆဲဆိုပါက၊ သူက ထို ဧကရာဇ်ချီကို အသုံးပြုကာ လွတ်မြောက်ခြင်းသို့ လျင်မြန်စွာ ရောက်ရှိသင့်သည်။

ဂိုဏ်းနှစ်ခုစလုံးက ပြင်းထန်စွာဒဏ်ရာရနေပြီး၊ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် သေမျိုးလောကတွင်လည်း လွတ်မြောက်ပြီးသော ဧရာမ ပုဂ္ဂိုလ်ကြီးတစ်ဦးရှိလာပါက၊ မသေမျိုးနှင့်ဗုဒ္ဓများ ကို နှင်ထုတ်နိုင်မည်မဟုတ်သော်လည်း၊ နတ်ဘုရားမင်းဆက်က အနည်းဆုံးကပ်ဘေး မတိုင်မီက အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။

ခြေတစ်ချောင်းကျိုးကာ ရပ်တည်နေခြင်းက လုံးဝ ဝါးမျိုခံရခြင်းထက် ပိုကောင်းသည်။

မသေမျိုး၊ဗုဒ္ဓများ အလိုရှိသောအရာမှာ သေမျိုးလောကတွင် တာအိုဓမ္မများဟောကြားရန်နှင့် စွမ်းအင်ရင်းမြစ်များကို ဝေမျှခံစားရန်သာ ဖြစ်သည်။ သူတို့၏နည်းလမ်းများက တစ်ခါတစ်ရံတွင် ကြမ်းတမ်းနိုင်သော်လည်း၊ ၎င်းက နောက်ဆုံးတွင် ပိုမိုကြီးမားသောအခြေအနေကို မထိခိုက်စေနိုင်ပေ။

သို့သော် ထိုလူက ဤလမ်းကြောင်းကို မရွေးချယ်ဘဲ ထိုရူးသွပ်ပြီးလွဲမှားနေသော အစီအစဉ်များဖြင့် ဆက်လက် လုပ်ဆောင်နေပါက၊ သူက အရှင်မင်းကြီးမဟုတ်တော့ဘဲ ရူးသွပ်နေသော သားရဲတစ်ကောင်မျှသာဖြစ်လာလိမ့်မည်။

လင်ရှူးယာ၏ မျက်လုံးများက တဖြည်းဖြည်းအေးစက်လာခဲ့သည်။

အကယ်၍ထိုသို့ဖြစ်ပါက၊ သူက အရှင်မင်းကြီး၏ ကိုယ်စားဆုံးဖြတ်ချက်များကိုသာ ချရတော့မည် ဖြစ်သည်။

...

ခြံဝင်း၊ အရက်ကန်..

ထိုအမျိုးသားက ကိုယ်ဗလာဖြင့်၊ သူ၏တံတောင်ဆစ်များကို ကျောက်စရစ်ခဲများပေါ်တွင် ထောက်ထားကာ၊ကျောကို အခြားသူများဘက်သို့လှည့်ထားပြီး၊ သူ၏တစ်ကိုယ်လုံးက ကန်ထဲတွင် မျောလွင့်နေကာ၊ ခြောက်သွေ့နေသော သစ်ခေါက်နှင့်တူသောအရေပြားရှိ သူ၏ကြွက်သားထစ်နေသော လက်မောင်းများက အချိန်ကြာမြင့်စွာ စိမ်ထားခြင်းကြောင့် အနည်းငယ် အရေတွန့်နေခဲ့သည်။

"အရှင်မင်းကြီး၊သူက ဒါကိုဘာသဘောနဲ့ လုပ်တာလဲ။"

ကူလီက အစေခံမနှစ်ဦးကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။ သူမက အရှင်မင်းကြီးထံလမ်းတစ်လျှောက် သူကြုံတွေ့ခဲ့ရသောအတွေ့အကြုံများကို ဝေမျှရန်စိတ်အားထက်သန်စွာဖြင့်၊ သူမ၏ ကိုယ်ပိုင်ဘေးကင်းမှုကို လျစ်လျူရှုကာ အလျင်စလို ပြန်လာခဲ့သော်လည်း၊ မမျှော်လင့်ဘဲ ဤကဲ့သို့သောမြင်ကွင်းမျိုးကို ကြုံတွေ့လိုက်ရသည်။

All Chapters