← Chapters

အခန်း ၁၃၉၃

Vol. 140 Ch. 1393

အခန်း ၁၃၉၃

Vol. 140 Ch. 1393

အခန်း (၁၄၉၃) ပုံပြင်ကိုသဘောကျနေသော လူသားဧကရာဇ်

သခင်ကြီးလင်က မသေမျိုးဌာန ၏ အကြီးအကဲ ဖြစ်ပြီး၊ ဤကဲ့သို့သော အရေးကြီးသည့် သတင်းများကို ကိုယ်တိုင်တင်ပြသင့်သော်လည်း၊ ဤ အစေခံမများ၏ လက်မှတစ်ဆင့် အ‌ဘယ်ကြောင့်ပို့လာရသနည်း။

တစ်ချိန်တည်းမှာပင် အရှင်မင်းကြီးကို မရိုမသေ ပြုခြင်းက၊ အပြင်ဘက်တွင်ကြိုးပမ်းနေကြသော လုပ်ဖော်ကိုင်ဖက် များစွာ၏ စွန့်လွှတ်အနစ်နာခံမှုများကို လျစ်လျူရှုရာရောက်သည်မှာ သေချာသည်။

"..."

ယဲ့လန်က မည်သည့်စကားမျှမပြောဘဲ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

ဤအချိန်ကာလတစ်လျှောက်လုံးတွင်၊ အချုပ်အခြာအာဏာပိုင် နှင့် သူ၏ဝန်ကြီးများ အကြားဆက်ဆံရေးက မည်မျှအထိယိုယွင်းပျက်စီးနေခဲ့သည်ကို သူမတဖြည်းဖြည်းသတိပြုမိလာခဲ့၏။

ထိုသခင်ကြီးလင်က မရိုမသေပြုနေခြင်း မဟုတ်ဘဲ ကြောက်ရွံ့နေခြင်းပင်။ လူသားဧကရာဇ် က သူ့ကိုပြတ်သားစွာဖယ်ရှားပစ်မည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

"သူ့ကိုလျစ်လျူရှုလိုက်ပါ။ ဒီ မှတ်တမ်းလွှာတွေကို ဖတ်ပြ။"

အမျိုးသားက အနည်းငယ်ပြုံးလိုက်၏။ သူ မှတ်တမ်းလွှာများကို မကြည့်ရသေးသော်လည်း၊ လင်ရှူးယာ၏ ရုတ်တရက် အမူအရာ နှင့် ကူလီ ပြန်ရောက်လာခြင်းက သူ့ကို သဲလွန်စအချို့ ပေးစွမ်းခဲ့ပြီး ဖြစ်သည်။

လူသားဧကရာဇ်က ဤမျှတင်းမာနေသောအခြေအနေကို မခံစားရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

သူက ဧကရာဇ်ခြောက်ပါး အနက် တစ်ပါးဖြစ်ပြီး၊ သေမျိုးလောက၏ သခင်၊ ကောင်းကင်အောက်ရှိ အရာအားလုံး၏အုပ်စိုးသူဖြစ်သော်လည်း ယခုမူ၊ သူက ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။

"အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါ။"

ကူလီက မှတ်တမ်းလွှာများကိုယူရန် လက်လှမ်းလိုက်ပြီး၊ သူမ၏ကိုယ်ပိုင် ဖြည့်စွက်ချက်များကို ပေါင်းထည့်ကာ၊အလျင်စလိုမလုပ်ဘဲ တစ်ခုပြီးတစ်ခု ဖတ်ပြလိုက်သည်။

မဟာလွတ်လပ်ခြင်းကြာပန်းပုတီးစေ့ဗောဓိသတ္တက နန်ဖျင်စီရင်စုတွင် ချူရှီးကို ကွပ်မျက်ခဲ့သည်။ မသေမျိုးများက အရှေ့ပိုင်းတိုက်ကြီးသို့ အလျင်အမြန်လာရောက်ခဲ့ကြပြီး ဍုမေဏုတောင် က တစ်လှမ်းချင်း နောက်ဆုတ်နေရသည်။ ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓထွက်ပေါ်လာပြီး မဟာကပ်ဘေးကြီးကိုအဆုံးသတ်ရန်နှင့် လူသားဧကရာဇ် နေရာတွင် အစားထိုးမည့် မသေမျိုးဧကရာဇ် တစ်ပါးကို ရွေးချယ်ရန်ရည်ရွယ်ကာ၊ ဧကရာဇ်နှစ်ပါးကို အရှေ့ပိုင်း ဍုမေဏုတွင် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့၏။

အရာအားလုံး ရှင်းလင်းလာသည်နှင့်အမျှ၊ ဤအပြောင်းအလဲများကြားတွင်၊ ပုံရိပ်တစ်ခုက တဖြည်းဖြည်း ပိုမိုထင်ရှားလာခဲ့သည်။

ဤကိစ္စရပ်များ အားလုံးပ သူနှင့် ခွဲခြား၍မရနိုင်အောင်ဆက်စပ်နေပြီး၊ ၎င်းတို့ကို သူ၏ကြိုးကိုင်ခြယ်လှယ်မှု ရလဒ်များဟုပင် ဆိုနိုင်ပါသည်။

ဂိုဏ်းနှစ်ခုစလုံးကို စစ်တုရင်အဖြစ် အသုံးပြုကာ၊ မသေမျိုးများနှင့် ဗုဒ္ဓများကို နယ်ရုပ်များအဖြစ် အသုံးပြုခဲ့သည်။

ထူးချွန်သော စစ်တုရင်စွမ်းရည်များဖြင့်၊ သူက နတ်ဘုရားမင်းဆက်အတွက် အသက်ရှင်သန်ရေး လမ်းကြောင်းတစ်ခုကို အတင်းအကျပ်အနိုင်ယူပြီး ပြန်လည်ယူဆောင်လာခဲ့သည်။

ကူလီက ပုံပြင်ပြောရာတွင် အတော်လေးညံ့ဖျင်းသူ တစ်ဦးဖြစ်ပြီး၊ သူမမည်မျှပင် သွက်လက်စွာ ပြောဆိုစေကာမူ၊ သူမ ဖော်ပြသောမြင်ကွင်းများက အနည်းငယ်ခြောက်ကပ်နေပုံရသည်။

သို့သော် ထိုအခိုက်အတန့်တွင်၊ လူသားဧကရာဇ်က ကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး ဤပုံပြင်ကိုနားထောင်ရာတွင် လေးနက်စွာနှစ်မြှုပ်နေပုံရသည်။

သူက မျက်လုံးများကိုပြူးကျယ်ထားပြီး လေဟာနယ်ထဲသို့ ဟာလာဟင်းလင်းစိုက်ကြည့်နေကာ၊ သူ၏လက်ညှိုးဖြင့် ကျောက်တုံးများကို အကြိမ်ကြိမ်ခေါက်နေပြီး၊ စိတ်လှုပ်ရှားစရာ ကောင်းသော အပိုင်းများတွင် ဝမ်းသာအားရ လက်ခုပ်တီးနေခဲ့၏။ "ကောင်းတယ် ကောင်းတယ်"

ရှင်းလင်းစွာပင် လူသားဧကရာဇ်က ဤလုပ်ရပ်များကို ကိုယ်တိုင်လုပ်ဆောင်သကဲ့သို့ စိတ်ကူးယဉ်နေခဲ့ခြင်း ဖြစ်သည်။

မိုးကောင်းကင်နှင့် မြေပြင်၏အုပ်ထိန်သူများဖြစ်ကြသော ဧကရာဇ်ခြောက်ပါး အနက် တစ်ပါးအနေဖြင့်၊ ဤအခိုက်အတန့်တွင် သူက သူရဲကောင်းပုံပြင်များကို စွဲလမ်းနေသော ကလေးတစ်ဦးနှင့် တူနေပြီး၊ သူထက်များစွာ အားနည်းသော ထိုလူငယ်မျိုးဆက်ကို လေးစားအားကျနေခဲ့သည်။

အစစ်အမှန် ဗုဒ္ဓ၏မျက်စိရှေ့တွင် ထိုမဟာလွတ်လပ်ခြင်းဗောဓိသတ္တများကို အဆင်ခြင်မဲ့ သတ်ဖြတ်ခဲ့သော်လည်း၊ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး၊ မသေမျိုးဧကရာဇ်ရာထူးသို့ပင် ချီးမြှောက်ခံခဲ့ရ၏။

သာမန် ပြည်သူများ၏အသက်များကို မစတေးဘဲနှင့်ပင် ထောင်လွှားနေသော ဂိုဏ်းနှစ်ခုကို လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ သနားစရာကောင်းအောင်လုပ်ဆောင်နိုင်သည့် နည်းလမ်းများ သူတွက်လည်းရှိနေကြောင်းကို ရှန်းယီက လူသား ဧကရာဇ်အား အချက်အလက်များဖြင့် ပြသခဲ့သည်။

"ပြီးတော့ရော။" အမျိုးသားက နောက်လှည့်ရန် မစောင့်နိုင်တော့ပေ။

"ပြီးတော့..." ကူလီက အရှင်မင်းကြီးက သူမ အစစ်အမှန်အရှင်ထိုက်ရွှီ နှင့် တွေ့ဖူးသလား ဟု ယခင်က အဘယ်ကြောင့် မေးခဲ့သည်ကို မကြာသေးမီကမှ နားလည်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မသေမျိုးဧကရာဇ်ဖြစ်သင့်သော ဤသတ္တဝါက အစကတည်းက နတ်ဘုရားမင်းဆက်ဘက်တွင် ရပ်တည်နေခဲ့သောကြောင့် ဖြစ်သည်။

လူတိုင်းမသိရှိသောနေရာတစ်ခုတွင်၊ အသက်ကို ပဓာနမထားဘဲတိုက်ပွဲဝင်ခဲ့ရာ၊ ဂိုဏ်းနှစ်ခုစလုံးမှ မသေမျိုးများနှင့် ဗုဒ္ဓများကိုပင် ထိတ်လန့်သွားစေခဲ့သည်။

"မဟာလွတ်လပ်ခြင်းနှင်းတောင်ဗောဓိသတ္တက သန့်စင်သောဗုဒ္ဓပုတီးစေ့ကို ကိုင်ဆောင်ပြီး၊ အရာရှိ ရှန်းကို ကြားဖြတ် တားဆီးသတ်ဖြတ်ဖို့ မဟာလွတ်လပ်ခြင်းဗောဓိသတ္တများစွာကို ဦးဆောင်ခဲ့ပေမယ့်၊ လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူခံလိုက်ရပါတယ်။"

အစစ်အမှန် ဗုဒ္ဓပြီးလျှင် ပထမနေရာတွင် ရှိသူက မွေးရာပါ ဗုဒ္ဓရတနာ နှင့် ပေါင်းစပ်လိုက်သောအခါ၊ အရှေ့ပိုင်း ဍုမေဏုနယ်မြေပေါ်တွင်ပင်။

လူတစ်ယောက်ကို ဖိနှိပ်ရန်လူအင်အားကို အားကိုးခဲ့ရာ၊ ၎င်းကိုကြားရုံဖြင့် မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။

သို့သော် ဤအခြေအနေများ အားလုံးပေါင်းစပ်လိုက်သောအခါ၊ ၎င်းက ရိုးရှင်းပြီးပြတ်သားသော စကားလုံးလေးလုံးကိုသာ ရလဒ်ထွက်ပေါ်စေခဲ့သည်။

'လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်။'(တရုတ်စကားအရလေးလုံး)

အက်ကွဲနေသော ရယ်မောသံက အရက်ကန်ထဲမှ ပေါက်ကွဲထွက်လာခဲ့၏။

အမျိုးသားက ကျောက်တုံးများကို ကျေနပ်စွာရိုက်ချလိုက်ပြီး၊မျက်ရည်များ ထွက်လာသည်အထိ ရယ်မောနေခဲ့သည်။

ယဲ့လန်က သူမ၏နှုတ်ခမ်းများကို တင်းကျပ်စွာ ကိုက်ထားလိုက်သည်။ တစ်ချိန်က တောင်ပိုင်းတိုက်ကြီးကို တစ်ကိုယ်တော် ကယ်တင်ခဲ့သော ထိုလူငယ်လေးက၊ ယခုအခါများပြားလှသော ရွှေမသေမျိုး နှင့် ဗောဓိသတ္တများ၏အထက်တွင် ရပ်တည်နေပြီး၊ ထိုဒဏ္ဍာရီလာ ဧရာမပုဂ္ဂိုလ်ကြီး များ၏အမူအရာကို သိမ်မွေ့စွာ သယ်ဆောင်ထားသည်။

ရယ်မောသံ တဖြည်းဖြည်းငြိမ်သက်သွားသောအခါ..

လူသားဧကရာဇ်က စိတ်ကျေနပ်စွာဖြင့် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်ရာ၊ ပိုလွန်းနေသောအမူအရာများက တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ပုံပြင်ကားပြီးဆုံးသွားလေပြီ။

သူက သူ၏စိတ်ခံစားမှုများကို ဤမျှလွတ်လပ်စွာ မထုတ်ဖော်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"တစ်ခုခုပျောက်နေသေးတယ် မဟုတ်လား။" အမျိုးသားက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။

"ဟိုထူဧကရီဟာ မဟာလွတ်လပ်ခြင်းဗောဓိသတ္တ အချို့ကို အလွဲသုံးစားလုပ်ဖို့ဝင်ရောက်စွက်ဖက်ခဲ့လို့၊ ပစ္စုပ္ပန်ဗုဒ္ဓ ဦးဆောင်တဲ့ အစစ်အမှန်ဗုဒ္ဓသုံးပါးရဲ့ ဖမ်းဆီးခံခဲ့ရပြီး။ မြောက်ပိုင်းတိုက်ကြီးကို တစ်လျှောက်လုံးအစောင့်အရှောက်နဲ့ ပြန်လည် ခေါ်ဆောင်သွားခံခဲ့ရတယ်...။" နတ်ဘုရားမင်းဆက်စစ်သူကြီး တစ်ဦးအနေဖြင့်၊ ကူလီက ထိုစဉ်က ဤကျယ်ပြောလှသော မင်းဆက်ကို မည်သို့ တည်ထောင်ခဲ့သည်ကို သဘာဝကျကျ သိရှိထားသည်။

သေမျိုးလောကဘက်တွင် ရပ်တည်နေသော တစ်ပါးတည်းသော မသေမျိုးက နောက်ဆုံးတွင် ဂိုဏ်းနှစ်ခုစလုံး၏ဖယ်ရှားခြင်းကို ခံလိုက်ရ၏။

အမှန်တကယ်တွင်၊ ကူလီက များများစားစား ပြောနေရန် မလိုအပ်ပေ။ လင်ရှုးယာက ခြံဝင်းအပြင်ဘက်တွင် ရပ်တန့်သွားသည်ကို အာရုံခံမိကတည်းက၊ လူသားဧကရာဇ်က အကြမ်းဖျင်း ခန့်မှန်းထားပြီး ဖြစ်ရာ၊ ထို့ကြောင့် သူက ယခင်က ပုံပြင်ကို ဤမျှစူးစိုက်စွာနားထောင်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ဤလွတ်လပ်သော ဇာတ်လမ်းတွင်၊ အခြားမည်သည့်အရာနှင့်မဆို ရောနှောသွားပါက ၎င်းက အနည်းငယ်ကွဲပြားသွားပါလိမ့်မည်။

အမျိုးသား၏ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ သူ၏ခေါင်းကို အနည်းငယ်သာ ညိတ်ပြလိုက်သည်။

ကူလီက နောက်ဆုံး သတင်းအချက်အလက်များကို ယူဆောင်လာကတည်းက ဤမြင်ကွင်းကို သူ ကြိုတင်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ထိုဂိုဏ်းချုပ်နှစ်ပါးက နောက်ဆုံးတွင် အချိန်မတိုင်မီသတိထားမိသွားခဲ့ကြ၏။

သေချာပေါက်၊ ဤသည်မှာ ရှန်းယီ၏ အမှား မဟုတ်ပေ။ ဤလူငယ်လေးက အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး၊ လူသားဧကရာဇ်ပင်လျှင် နှိုင်းယှဉ်ကြည့်လျှင် ရှက်ရွံ့မှုကိုခံစားရသည်အထိ ကောင်းမွန်ခဲ့သည်။

အကယ်၍အပြစ်တင်ရမည်ဆိုပါက၊ ကောင်းကင် က အလွန်မြင့်မားနေပြီး၊တက်လှမ်းရန် ကျန်ရှိနေသောအချိန်က အလွန်တိုတောင်းလွန်းနေခြင်းကိုသာ အပြစ်တင်ရမည်ဖြစ်သည်။

တိတိကျကျပြောရလျှင်၊ လူသားဧကရာဇ်က အချိန်အတော်ကြာကတည်းက သံသယရှိခဲ့ပြီး၊ သူ၏ကန့်သတ်ချက်ရှိနေပြီဖြစ်သော သက်တမ်းကို စွန့်လွှတ်ရန်မတုံ့ဆိုင်းဘဲ ဤဧကရာဇ်ချီ၏ ပေါင်းစပ်မှုကို အရှိန်မြှင့်ရန်အလိုရှိခဲ့သော်လည်း၊ ၎င်းက အလျင်စလိုဖြစ်လွန်းနေခဲ့သည်။

ဂိုဏ်းနှစ်ခုစလုံး သတိထားမိသွားပြီဖြစ်ရာ၊ ညှိနှိုင်းရန် နေရာကျန်ရှိတော့မည် မဟုတ်ပေ။

အောင်ပွဲနှင့် တစ်လှမ်းအလိုတွင် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

အမျိုးသားက ပြုံးလိုက်ရာ၊ သူ၏ကျိုးနေသော သွားကိုဖော်ပြနေပြီး၊ ထိုအပြုံးတွင်အကူအညီမဲ့မှု အရိပ်အယောင်အချို့နှင့် လက်ခံလိုက်သောပွင့်လင်းမှုအချို့ ပါဝင်နေသည်။

လောကတွင် ပြီးပြည့်စုံသောဖြေရှင်းချက် ဆိုသည်မှာ မည်သို့ရှိနိုင်မည်နည်း။

ဖြည်းညှင်းစွာရှေ့ဆက်သွားနိုင်ရန် လုံလောက်သော အသက်များကို စတေးရန်လိုအပ်ပြီး၊ အကယ်၍ သင်မစတေးလိုပါက၊ သဘာဝကျကျ အခြားတန်ဖိုးများကို ပေးဆပ်ရပါလိမ့်မည်။

လူသားဧကရာဇ်က မျက်လုံးများကို မှိတ်လိုက်ပြီး၊ ခြံဝင်းအပြင်ဘက်တွင် လင်းရှူယာလှည့်ကာ ထွက်ခွာသွားနေသည်ကို အာရုံခံလိုက်သည်။

All Chapters