← Chapters

အခန်း ၁၃၉၆

Vol. 140 Ch. 1396

အခန်း ၁၃၉၆

Vol. 140 Ch. 1396

အခန်း (၁၃၉၆) ပြည်သူများ၏ကံကြမ္မာကိုသတ်မှတ်ပေးကာ ထာဝရငြိမ်းချမ်းရေးဖန်တီးမေးမည့် သခင်ကြီးလင်

သို့သော်လည်း၊ ပုရွက်ဆိတ်များ၏ စိတ်ခံစားချက်များက အစစ်အမှန် ဗုဒ္ဓ၏ စိတ်ကို မည်သို့ နှောင့်ယှက်နိုင်မည်နည်း။

သူက လင်ရှူးယာကို ခံစားချက်ကင်းမဲ့စွာ ကြည့်ပြီး ပြောလိုက်၏။ "အခု လူသားဧကရာဇ်က ကိုယ်ကျင့်တရားကင်းမဲ့ပြီး၊ မိုက်မဲပြီးရက်စက်တဲ့ အာဏာရှင်ဖြစ်နေပြီ။ ဖရိုဖရဲဖြစ်မှုတွေကနေ ကယ်တင်ဖို့အတွက် မသေမျိုးခုံရုံးရဲ့ အမိန့်နဲ့အတူ သေမျိုးလောကကို ငါ ရောက်လာခဲ့တာပါ။"

ဤစကားကိုကြားသောအခါ၊ မသေမျိုးဌာနမှ လူများ၏မျက်နှာများက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

ရိုးရှင်းသောစကားတစ်ခွန်းတည်းဖြင့်၊ ဤ အစစ်အမှန်ဗုဒ္ဓက လောက၏ကပ်ဘေးများကို ဧကရာဇ်တစ်ပါးတည်းအပေါ်သို့ ပုံချလိုက်သည်။

ပြည်သူများကို ဝါးမျိုခဲ့သော နတ်ဆိုးများက ဧကရာဇ်၏ ညွှန်ကြားချက်ကြောင့်လော။ မြေပြင်ရှိကြီးမားသော မိုးခေါင်ရေရှားမှုက ဧကရာဇ်က မိုးကိုတားဆီးထားခြင်းကြောင့်လော။ တိုက်ကြီးလေးခု တစ်လျှောက်သေဆုံးခဲ့ရသော နတ်ဆိုးနှိမ်နင်းရေးဌာနမှ အရာရှိများက မှော်ရတနာလက်နက်များဖြင့် သတ်ဖြတ်ခံရခြင်းမဟုတ်ဘဲ ဧကရာဇ်၏လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းလော။

ဂိုဏ်းနှစ်ခုစလုံးက အပြစ်ကင်းစင်နေခဲ့ပြီး၊ ယခု လောကကို ကယ်တင်ရန်ရောက်လာသည်လော။

လူတိုင်းကို ပို၍ဒေါသထွက်စေသောအရာမှာ သခင်ကြီးလင်၏ တုံ့ပြန်မှုဖြစ်သည်။ ဤမသေမျိုး ဌာန၏အကြီးအကဲက တစ်ခွန်းမျှမကြားရသည့်အလားချေပရန် မည်သည့်ကြိုးပမ်းမှုမျှမလုပ်ခဲ့ပေ။

"မသေမျိုးခုံရုံးက ဒီပြဿနာတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးကိုကယ်တင်ဖို့ ဘယ်လိုစီစဉ်ထားပါသလဲ။"

လင်ရှူးယာက ဤနေရာရှိအခြားသူများ သူ့ကို နားလည်နိုင်မည်မဟုတ်ကြောင်း သိထားသော်လည်း၊ သူတို့၏နားလည်မှု ကို သူမလိုအပ်ပေ။

တိုက်ကြီးလေးခုက သဟဇာတဖြစ်မှုသို့ ပြန်လည်ရောက်ရှိသွားသောအခါ၊ လောကကြီးက သူ မည်မျှအားထုတ်ခဲ့ရကြောင်း သဘာဝကျကျသိရှိလာပါလိမ့်မည်။

"ပထမအချက်။"

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်၏။ "ဂိုဏ်းနှစ်ခုစလုံးက တပည့်တွေက လူသားမျိုးနွယ်ကိုလမ်းညွှန်ဖို့၊ ရက်စက်တဲ့အာဏာရှင်ကြောင့် ကျရောက်ခဲ့တဲ့ ကောင်းကင်ဘုံပြစ်ဒဏ်ကို ဖယ်ရှားပေးဖို့ သေမျိုးလောကမှာ ဗုဒ္ဓလမ်းစဉ် နှင့် မသေမျိုးလမ်းစဉ်ဘုရားကျောင်းတော်များစွာကို တည်ဆောက်ပါမယ်။ နတ်ဘုရားမင်းဆက်က အနှောင့်အယှက်ကင်းကင်းနဲ့ ဒီဘုရားကျောင်းတော်တွေကို စိတ်ပါလက်ပါတည်ဆောက်ပေးရပါမယ်။ လူသား ဧကရာဇ်ရဲ့ ကိုယ်ကျင့်တရားကင်းမဲ့မှုကြောင့် စုပေါင်းအပြစ်တွေကိုဖြေလျော့ဖို့နှင့် ကောင်းကင်ဘုံရဲ့ခွင့်လွှတ်မှုကို ရရှိဖို့၊ ပြည်သူတွေကို ဗုဒ္ဓ နှင့် မသေမျိုးတွေကို စိတ်ရင်းမှန်နဲ့ ကိုးကွယ်ဆည်းကပ်ဖို့ လမ်းညွှန်ပေးရမယ်။"

"ဒါက..."

ခန်းမဆောင်အတွင်းရှိ လူအုပ်က အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားကြ၏။

ယခင်က၊ ဤကဲ့သို့သော မသေမျိုးဘုရားကျောင်းများ နှင့် ဗုဒ္ဓဘုရားကျောင်းများကို ဘာသာရေး အယူအမှားများနှင့် မိစ္ဆာအယူဝါဒများ အဖြစ် သတ်မှတ်ခဲ့ကြောင်း သူတို့ သိထားကြသည်။ အစိုးရရုံးတော်က တွေ့ရှိသောအခါတိုင်း၊ ၎င်းတို့ အားလုံးကို ဖယ်ရှားပစ်ခဲ့၏။

နတ်ဘုရားမင်းဆက်အတွင်းသို့ ဝင်ရောက်လာသော တပည့်များက ဒေသခံမြေစောင့်မသေမျိုး ဘုရားကျောင်းတွင် စာရင်းသွင်းရပြီး၊ လှုပ်ရှားမှုတိုင်းကို အရာရှိများကစောင့်ကြည့်ခဲ့ကြသည်။

ဤအရာကြောင့်၊ နတ်ဘုရားမင်းဆက်မှ ပြည်သူများက ကျင့်ကြံသူများနှင့် တန်းတူ အခွင့်အရေးကို ထိန်းသိမ်းထားနိုင်ခဲ့၏။

သို့သော်လည်း ဆိုးယုတ်သည့်ကျင့်ကြံသူများ က အခြားသူများကို အန္တရာယ်ပြုသည့်ဖြစ်ရပ်များက အဆက်မပြတ်ဆက်လက်ဖြစ်ပွားနေခဲ့ပြီး၊ မသေမျိုးများက ဧကရာဇ်ချီကို စုပ်ယူရန်အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ကြသည်။

ဤသည်မှာ နတ်ဘုရားမင်းဆက်က နတ်ဆိုး နှိမ်နင်းရေးဌာနကို တည်ထောင်ရခြင်း၏မူလ ရည်ရွယ်ချက်ဖြစ်သည်။

အစစ်အမှန် ဗုဒ္ဓ၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားကြည့်လျှင်၊ ဤ သေမျိုးလောကက ပြည်သူများအတွက် လောကတစ်ခုအဖြစ် သတ်မှတ်နိုင်သေးသည်လော။

"ကျိုးကြောင်းဆီလျော်ပါတယ်။"

လင်ရှူးယာက ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ "မသေမျိုးခုံရုံး နဲ့ နတ်ဘုရားမင်းဆက်တို့ သေမျိုးလောကကို ပူးတွဲအုပ်ချုပ်တာက ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်ခဲ့ပြီးသားပဲ၊ ဒီလိုက ဖြစ်သင့်ပါတယ်။"

၎င်းကို ကြားသောအခါ၊ ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ၏ မျက်နှာပေါ်တွင် ကျေနပ်မှုများပေါ်လာပြီး၊ သူက နောက်ထပ်လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်၏။ "ဒုတိယအချက်၊ ဧကရာဇ်ခုံရုံး ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးခြင်းမရှိသေးတဲ့အတွက်၊တိုက်ကြီးလေးခု က ဘယ်လို လုပ်ဆောင်ချက်မျိုးကိုမဆို မသေမျိုးဘုရားကျောင်း နဲ့ ဗုဒ္ဓဘုရားကျောင်းဆီကို အရင်ဆုံး တင်ပြရမယ်၊ မသေမျိုးခုံရုံး က ခွင့်ပြုချက်ရမှ လုပ်ဆောင်ရမယ်၊ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ဆောင်ရဘူး။"

ဤတစ်ကြိမ်တွင်မူ၊ လင်ရှူးယာပင်လျှင် သူ၏ နှုတ်ခမ်းများကို တွန့်လိုက်ပြီး၊ သူ၏မျက်လုံးသူငယ်အိမ်များက မသေချာမှုများဖြင့် တဖျပ်ဖျပ် လင်းလက်နေခဲ့သည်။

အကယ်၍ ဤအချက်ကို သဘောတူလိုက်ပါက၊ မသေမျိုးခုံရုံး နှင့် နတ်ဘုရားမင်းဆက်တို့ ပူးတွဲ အုပ်ချုပ်ခြင်းဟူသော ပါးလွှာသည့် ကန့်လန့်ကာသည် ပျောက်ကွယ်သွားပါလိမ့်မည်။ ထိုအချိန်မှစ၍ သေမျိုးလောက၏ ကိစ္စရပ်အားလုံးက မသေမျိုးခုံရုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည် ဖြစ်သည်။

'ဒါပေမယ့်... အနည်းဆုံးတော့ လူတွေအသက်ရှင်နေသေးတာပဲ၊ဒါက အလောင်းတွေ ဟိုဒီမျောနေတဲ့ လောကကြီးထက်စာရင်တော့ အနည်းငယ် ပိုကောင်းပါတယ်။'

သူတံတွေး ခက်ခဲစွာမျိုချလိုက်၏။ "ကောင်းပါပြီ။"

"တတိယအချက်၊ မသေမျိုးဌာနကို ဖျက်သိမ်းပြီး၊ သူ့ရဲ့ပရမ်းပတာဖြစ်နေတဲ့ အဖွဲ့ဝင်အားလုံးကို ဂိုဏ်းနှစ်ခုစလုံးက သိမ်းသွင်းပါမယ်၊ မသေမျိုး နှင့် ဗုဒ္ဓဆီကနေ သန့်စင်မှုခံယူပြီး၊ သေမျိုးလောကကို လမ်းညွှန်ရာမှာ မသေမျိုးခုံရုံးကို ကူညီပေးရမယ်။ ဧကရာဇ်ချီကို ဖြန့်ဝေခြင်းကိုလည်း မသေမျိုးခုံရုံးရဲ့ လက်ထဲမှာ ထားရမယ်။"

ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓက အေးအေးလူလူ မတ်တပ်ရပ်လိုက်ပြီး၊ အားနည်းသော လူလတ်ပိုင်းအရွယ်အမျိုးသားကို ငုံ့ကြည့်လိုက်၏။

အခြေခံစည်းမျဉ်းများကဲ့သို့သောအရာများက ချိုးဖောက်ခံလိုက်ရသည်နှင့် တပြိုင်နက်တည်ရှိခြင်း မရှိတော့သကဲ့သို့ဖြစ်သွားသည်။

လင်ရှူးယာက မော့ကြည့်လိုက်ရာ၊ သူ၏အမူအရာမှာ ရုန်းကန်နေရပုံပေါ်သည်။

အမှန်တကယ်တွင်၊ ဤသည်မှာ ဂိုဏ်းနှစ်ခုစလုံးက အမှန်တကယ်လိုလားနေသောအရာ ဖြစ်သည်။ အကယ်၍ သူတို့၎င်းကိုမပြောခဲ့ပါက၊ ဤကျယ်ပြောလှသော သေမျိုးလောကကို လက်လွှတ်ရန် ဆန္ဒမရှိကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။

"နောက်ဆုံးအနေနဲ့၊ အိမ်ရှေ့မင်းသားကို မြန်မြန်ဆန်ဆန် ထီးနန်းတက်ခိုင်းလိုက်။ ဧကရာဇ် အသစ်ဟာ တရားရုံးအရာရှိအားလုံးကို ခေါ်ဆောင်ပြီး၊ လူသားတွေရဲ့အပြစ်တွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တရကြောင်းပြသဖို့ တစ်နှစ်ကို လေးကြိမ် ကြီးကျယ်ခမ်းနားတဲ့အခမ်းအနားတွေ ကျင်းပကာ၊ ဗုဒ္ဓ နဲ့ မသေမျိုးကို ကိုးကွယ်ဖို့ တောင်ပေါ်ကို တက်ရမယ်။"

ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓက သက်လတ်ပိုင်းအရွယ် အမျိုးသားကို ညင်သာစွာတစ်ချက်ကြည့်လိုက်၏။ "မင်းနဲ့ ပတ်သက်ရင်တော့၊ ဧကရာဇ်ဟောင်းရဲ့ အမှားတွေကို မထပ်မံကျူးလွန်မိစေဖို့ သေချာအောင် သင်ကြားပြသခြင်းနဲ့ ကြီးကြပ်ခြင်း တာဝန်ကို ဖြည့်ဆည်းရင်း ဧကရာဇ်သစ်ရဲ့ ဘေးမှာ နေပြီး၊ မသေမျိုးခုံရုံးကို မင်း ကိုယ်စားပြုနိုင်ပါတယ်။"

ထည်ဝါသောအသံတစ်ခုက မသေမျိုးဌာန တစ်လျှောက်ပဲ့တင်ထပ်သွားပြီး၊ စကားလုံး အနည်းငယ်အတွင်းမှာပင်၊ အင်ပါယာမြို့တော် တွင် ရှိနေဆဲဖြစ်သော အမျိုးသားက ဧကရာဇ် ဟောင်း ဖြစ်သွားခဲ့သည်။

"ဟူး။"

လင်ရှူးယာ၏ မျက်လုံးများထဲရှိ ရုန်းကန်နေရမှုများက တဖြည်းဖြည်းမှေးမှိန်သွားခဲ့သည်။

ဤသေမျိုးလောကအတွက်၊ သူအရာအားလုံးကို စတေးပြီး၊ ယာယီနာမည်ဆိုးဖြင့် ကျော်ကြားခြင်းကိုပင် သည်းခံနိုင်ပါသည်။ ထာဝရ ငြိမ်းချမ်းရေး နှင့် နှိုင်းယှဉ်ပါက၊ ၎င်းက ဘာအရေးပါသနည်း။

ဤညှိနှိုင်းမှုက နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချမည့် တစ်စုံတစ်ယောက်လိုအပ်ပါသည်။

ထို့အတူ ဤအခိုက်အတန့်မှာတော့ သူက သေမျိုးလောက တစ်ခုလုံးကို သူ၏ပခုံးပေါ်တွင် ထမ်းပိုးထားရသည်။

သူက အနည်းငယ်တုန်ယင်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး၊ အသက်ပြင်းပြင်းရှူကာ ဦးညွှတ်ပြီး တစ်ဖက်လူကို အရိုအသေ ပေးလိုက်သည်။ "ရှူးယာက မသေမျိုးခုံရုံးရဲ့အမိန့်ကို လိုက်နာပါတယ်။"

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက ကျယ်ပြန့်သော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ၊ သူ၏ခေါင်းပေါ်တွင် ညင်သာစွာ တင်လိုက်၏။

"အခု၊ အဓိကအကြောင်းအရာကို ဆွေးနွေးဖို့ အချိန်ရောက်ပြီ။"

မိုက်မဲပြီးပရမ်းပတာဖြစ်နေသော ဧကရာဇ်ဘာတွေ ကြံစည်နေသလဲဆိုသည်ကို သိရှိရန်၊ သူ့ဘေးတွင် အမြဲရှိနေသော ဤအနီးကပ်အရာရှိကြီးက ကောင်းဆုံးဖြစ်မည်မှာ သေချာသည်။

"လင်ရှူးယာ နင်သေသင့်တယ်။"

ဤအခိုက်အတန့်တွင်၊ခန်းမဆောင် အပြင်ဘက်မှ ရုတ်တရက် အော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

ပြေပြစ်သောပုံရိပ်တစ်ခုလေထဲမှ ဖြတ်လျှောက်လာပြီး၊ ဧကရာဇ်ချီလှံရှည်ကို ကိုင်ဆောင်ကာ၊ သူမ၏မျက်နှာတွင် ကြမ်းကြုတ်သောအမူအရာဖြင့် ကူလီက ပိန်သွယ်သောပုံရိပ်ဆီသို့ တိုက်ရိုက် ထိုးချလိုက်သည်။

ဒုတိယအဆင့်ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှသော ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုရ အင်ပါယာမြို့တော်တွင် ပေါက်ကွဲထွက်လာပြီး၊ ဘေးမှကြည့်နေသူများ၏နားစည်များကို ဆုတ်ဖြဲလုမတတ်ဆူညံသံတစ်ခု လိုက်ပါလာခဲ့သည်။

လင်ရှူးယာက ပန်းပုရုပ်တစ်ခုအလား မတ်တပ်ရပ်နေပြီး၊ အရိုအသေပေးသည့်အနေဖြင့် လက်ယှက်ထားသောကိုယ်ဟန်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ဘေးမှ ထိုးချလာသော လှံကို သူ မမြင်သည့်အလား၊ သူ၏ခါးရှိ ကျောက်စိမ်းဖြူတံဆိပ်ပြား က ပြင်းထန်စွာ တုန်ခါနေခဲ့၏။ သူ ကူလီ၏ ဧကရာဇ်ချီကို ဖိနှိပ်ရန် ဤပစ္စည်းကိုအသုံးပြုနိုင်သော်လည်း၊ လင်ရှူးယာက ဘာမှမလုပ်ရန် ရွေးချယ်ခဲ့သည်။

ယခင်က သဘောတူညီထားသည့်အတိုင်း၊ လောကတစ်ဝှမ်းရှိ ဧကရာဇ်ချီကို စုစည်းခြင်းမှာမသေမျိုး ခုံရုံး၏ ခွင့်ပြုချက်ရရှိရမည်ဖြစ်သည်။

ဤသည်မှာ မသေမျိုးဗုဒ္ဓများ၏ ပစ္စည်းတစ်ခုဖြစ်ရာ၊ သူက ၎င်းကိုမည်သို့ အလွဲသုံးစား လုပ်နိုင်မည်နည်း။

"..."

ဗုဒ္ဓအလင်းတန်းထဲတွင် ဧကရာဇ်ချီလှံရှည်က နှင်းများအလား အရည်ပျော်သွားခဲ့သည်။ ကူလီက မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး၊ အပြင်းအထန်ရုန်းကန်နေသော်လည်း ဗုဒ္ဓ အလင်းတန်း၏သံကြိုးများမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက သူမကိုတစ်ချက်ကြည့်ရန်ပင် စိတ်မဝင်စားဘဲ၊ လင်ရှူးယာကို တိတ်ဆိတ်စွာ အာရုံစိုက်နေပြီး၊ ထို့နောက် အားပါးတရရယ်မောလိုက်ကာ သူ၏လုပ်ရပ်များအပေါ် လုံးဝ ကျေနပ်နေခဲ့သည်။

"မဆိုးပါဘူး ။ ဒီရာထူးက မင်းအတွက် သင့်လျော်ပါတယ်။"

"ပြောပါအုံး အဲဒီရက်စက်တဲ့ အာဏာရှင်က တကယ်တော့ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။"

"သူ..." လင်ရှူးယာက ခေါင်းကို မော့လိုက်သည်။ ယခင်က သူထိုအမျိုးသားကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးဖြစ်သော်လည်း၊ တစ်ဖက်လူက ၎င်းကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ပြီး၊ ရူးသွပ်သော သားရဲ တစ်ကောင်အဖြစ် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။

ယခုအခါ ဤလူသားစားကျားကြီးကို ဖယ်ရှားရန် တစ်စုံတစ်ယောက်ရောက်ရှိလာပြီဖြစ်ရာ၊ သေမျိုးလောက အတွက်၊ ဤသည်မှာ ကောင်းသောအရာ ဖြစ်သည်။

"မိုးကောင်းကင်နဲ့ မြေပြင်အကြား ဆက်သွယ်မှုကို ဖြတ်တောက်ဖို့အတွက် နတ်ဘုရားမင်းဆက်ရဲ့ ခေတ်အဆက်ဆက်စုဆောင်းထားတဲ့ စည်းစိမ်တွေကို အသုံးပြုဖို့ သူရည်ရွယ်ထားပါတယ်။"

"မိုးကောင်းကင်နဲ့ မြေပြင်အကြား ဆက်သွယ်မှုကို ဖြတ်တောက်ဖို့ဆိုတာ ဘာအဓိပ္ပာယ်လဲ။" ရွှင်ပျော် အစစ်အမှန် ဗုဒ္ဓ၏ မျက်ခွံများ ချက်ချင်းတွန့်သွားပြီး၊ ထိုစကားများကို ကြားလိုက်ရုံဖြင့် မငြိမ်မသက်ဖြစ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"မသေမျိုးတွေနဲ့ ဗုဒ္ဓတွေ အားလုံးက ကျယ်ပြောလှတဲ့ ကောင်းကင်တာအိုရဲ့ ဖြစ်တည်မှုထဲမှာ ရှိနေကြတယ်။ ကောင်းကင်တာအိုကို သေမျိုးလောက ကနေ လုံးဝဖြတ်တောက်ပြီး၊ လောကကြီးမှာ မသေမျိုးတွေ သို့မဟုတ် ဗုဒ္ဓတွေတစ်ပါးမှ မကျန်ရှိတော့စေဖို့ ဧကရာဇ်ချီကို အသုံးပြုဖို့ သူရည်ရွယ်ထားပါတယ်။"

လင်ရှူးယာက ခြံဝင်းဆီသို့ လှမ်းကြည့်လိုက်ပြီး၊ သူ့ကို အရှင်လတ်လတ်ဝါးမျိုချင်နေပုံရသော ပတ်ဝန်းကျင်ရှိ လူများ၏ကြမ်းကြုတ်သော အကြည့်များကို လျစ်လျူရှုထားလိုက်သည်။

"..."

ရွှင်ပျော် အစစ်အမှန် ဗုဒ္ဓ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားမင်းဆက်က ရေတွက်၍မရနိုင်သော နှစ်များစွာတည်ရှိနေခဲ့ကြောင်း၊ အခြားသူများ မသိရှိနိုင်သောနည်းလမ်းများကို သေချာပေါက် သိမ်းဆည်းထားနိုင်ကြောင်း လူတိုင်းသိကြ၏။

သို့သော်လည်း၊ ၎င်း၏အခြေခံအုတ်မြစ်က ဤမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်ရှိုင်းနေလိမ့်မည်ဟု မည်သူကမျှဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

ခဏအကြာတွင်၊ ရွှင်ပျော် အစစ်အမှန်ဗုဒ္ဓက သူ၏ရှေ့ရှိ လူလတ်ပိုင်းအရွယ်အမျိုးသားကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး၊ သူ၏မျက်လုံးများ ကျုံ့ဝင်သွားသည်။

"မင်းက ဒီဘုန်းကြီးအို နဲ့ စကားပြောရဲမှတော့၊ မင်းမှာ ဖြေရှင်းနည်းတစ်ခုရှိရမယ်မဟုတ်လား။"

ခန်းမဆောင်က တိတ်ဆိတ်မှုထဲသို့ ပြန်လည် ကျဆင်းသွားသည်။

အချိန် မည်မျှကုန်ဆုံးသွားသည်ကို မည်သူမျှ မသိကြပေ။

စိတ်သက်သာရာရသွားသော အပြုံးတစ်ခု လင်ရှူးယာ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့ပါသည်။ သူက ခေါင်းကိုမော့ကာ အစစ်အမှန်ဗုဒ္ဓ ကို လေးနက်စွာ ကြည့်လိုက်သည်။

"ရှိပါတယ်။"

အကယ်၍ သူ၏ကြိုတင် မြင်နိုင်စွမ်း နှင့် ပြင်ဆင်မှုများသာ မရှိပါက၊ သူက သေမျိုးလောကသို့ ထာဝရငြိမ်းချမ်းရေးကို မည်သို့ဆောင်ကြဉ်းနိုင်မည်နည်း။

အခြားသူများ၏နားလည်မှုလွဲမှားမှုများက၊ ဤလုပ်ရပ်ကြောင့်၊သမိုင်းတွင် သူ ချန်ရစ်ခဲ့သော လှပသည့် အမည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ဤ သေမျိုးလူသားအခွံကို အားကိုးကာ၊ သူက နောက်ဆုံးတွင် နတ်ဘုရားမင်းဆက်တစ်ခုလုံးကို ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက လင်ရှူးယာကို နက်ရှိုင်းစွာ စိုက်ကြည့်နေခဲ့ပြီး၊ အချိန်အတော်ကြာပြီးနောက်၊ သူလည်းပြုံးလိုက်၏။

"ဒါ ကောင်းတယ်။"

သေမျိုးလောက နှင့် မသေမျိုးခုံရုံး အကြား ဤညှိနှိုင်းမှုက တဖြည်းဖြည်း ၎င်း၏အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။

မသေမျိုး ဌာန၏ အပြင်ဘက်တွင်၊ မီးခိုးရောင် ကောင်းကင်ယံက အရုဏ်တက်ချိန်၏အရိပ်အယောင်တစ်ခုကို ဖော်ပြနေသည်။

နန်းတော်၏အနက်ရှိုင်းဆုံးနေရာမှ လမ်းမများနှင့် လမ်းကြားများတစ်လျှောက်တွင် အမိန့်စာတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

နတ်ဘုရားမင်းဆက်က တိုက်ကြီးလေးခု၏ နယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး၊ နိုင်ငံတစ်ဝှမ်းလုံးတွင် သုံးရက်ဆက်တိုက် အောင်ပွဲခံခဲ့ကြ၏။

အိမ်ရှေ့မင်းသားက မြို့ပြနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံးစုဝေးကာ၊ ဘိုးဘေးများကို အရိုအသေပေးရန် ဧကရာဇ်ဂူဗိမာန် ဆီသို့ ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားကြပြီး၊ ကောင်းကင်ဘုံ၏မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ကြောင်း အတူတကွဖော်ပြခဲ့ကြ၏။

မူလက၊ တစ်နေ့ထက်တစ်နေ့ကြောက်ရွံ့မှုများဖြင့် စိုးရိမ်ပူပန်နေကြသော ပြည်သူများက၊ ရှည်လျားသော လမ်းမကြီးပေါ်တွင် စုဝေးလာကြရင်း အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့ကြသည်။

အစိုးရရုံးတော်က သူတို့ကိုအောင်ပွဲခံရန် အမိန့်ပေးခဲ့၏။ မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိသော်လည်း၊ သူတို့၏မျက်နှာများတွင် အပြုံးများကို အတင်းအကျပ်ဖန်တီးထားရုံသာ တတ်နိုင်ခဲ့ကြသည်။

ညတွင်းချင်းပင် သေဆုံးသွားသူများ ဖျက်ဆီးခံရသောမြို့ကြီးများ အားလုံးက အတိတ်ဖြစ်သွားသကဲ့သို့၊ ထပ်မံမပြောဆိုရမည့်တားမြစ်ချက်များ အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

ဤလောကကြီးက အကြောင်းပြချက်မရှိဘဲ စာမျက်နှာသစ်တစ်ခုသို့ ကူးပြောင်းသွားခဲ့သည်။

"..."

ယဲ့လန်က လူအုပ်ကြီး၏ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး၊ သူမ၏ပတ်ဝန်းကျင်တွင် အောင်ပွဲခံသံများ ပြည့်နှက်နေသော်လည်း၊ သူမက တစ္ဆေနယ်မြေတစ်ခုထဲတွင် ရောက်နေသကဲ့သို့ ရှင်းပြ၍မရနိုင်လောက်အောင်အေးစက်မှုကို ခံစားနေရသည်။

အိမ်ရှေ့မင်းသားက လူသားဧကရာဇ်၏ သွေးမျိုးဆက်ကို ကိုယ်စားပြုသည်။ မြို့ပြနှင့် စစ်ဘက်ဆိုင်ရာအရာရှိများ စုဝေးမှုက နတ်ဘုရားမင်းဆက်၏ ကံကြမ္မာများကို ကိုယ်စား၏။ ပြီ

ထို့အတူ ဧကရာဇ်ဂူဗိမာန်ရှိ ဘိုးဘေးများနှင့် ပေါင်းစပ်လိုက်သောအခါ...

ထိုသုံးခုကို စုစည်းခြင်းဖြင့် လင်ရှူးယာက ဘာလုပ်ရန် ရည်ရွယ်ထားသနည်း။

ယဲ့လန်က အလိုအလျောက်ပင်မြို့စွန်ဆီသို့၊ သူမ သွေးကျောက်စိမ်းကို ပို့လွှတ်ခဲ့သောအရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်၏။ ဝေးကွာသော အခြားတစ်ဖက်တွင်တော့ တောင်ပိုင်းတိုက်ကြီး ရှိနေသည်။

သေမျိုးလောကအတွက် ရှန်းယီအပင်ပန်းခံကာ ရယူပေးခဲ့သော သေးငယ်သည့်အခွင့်အရေးလေးက တိတ်တဆိတ်ညှိနှိုင်းရောင်းချခံလိုက်ရပုံ ပေါ်သည်။

ခက်ခက်ခဲခဲရရှိခဲ့သော ဤအောင်မြင်မှုအတွက် မည်သည့်တန်ဖိုးကို ပေးဆပ်ခဲ့ရသနည်း။ ထို့အတူ ၎င်းက မည်သူ၏အိတ်ကပ်ထဲသို့ ဝင်ရောက်သွားခဲ့သနည်း။

All Chapters