← Chapters

အခန်း ၁၃၉၈

Vol. 140 Ch. 1398

အခန်း ၁၃၉၈

Vol. 140 Ch. 1398

အခန်း (၁၃၉၈) ငါ သေခြင်းမဲ့ဘဝကိုမလိုချင်ဘူး ငါအနိုင်ရချင်တာ

'ဒါပေမယ့် သေမှာကိုကြောက်တာက တကယ်တော့ ကောင်းတဲ့အရာပါ။'

'ငါတို့က နောက်ဆုံးမှာသေရမယ်ဆိုတာကို သိထားတဲ့အတွက်ကြောင့်မို့လို့လုံလောက်တဲ့ ရဲစွမ်းသတ္တိကို မွေးမြူနိုင်တာပဲ။ တကယ်လို့ လူတစ်ယောက်က တကယ်ပဲ မသေနိုင်မပျက်စီးနိုင်ဘူးဆိုရင်၊ သူတို့ရဲ့အတွေးတွေက အရင်ကနဲ့အများကြီး ကွဲပြားသွားမှာ မဟုတ်ဘူးလား။'

လူသားဧကရာဇ်တော့ သိပ်မသေချာပေ။ အဘယ်ကြောင့်ဆိုလျှင် သူထိုအရသာကို ဘယ်တုန်းကမှ မခံစားဖူး၍ပင်။

သူသေချာသိထားသည့်အရာကတော့ အရေးကြီးသည်မှာ သူကိုယ်တိုင်မဟုတ်ကြောင်းဆိုတာပင်။ ဤ လူသားဧကရာဇ်မရှိလျှင်ပင်။ နောက်ထပ် တစ်ပါးရှိလာပါလိမ့်မည်။

ထို့အတူ သူပိုင်ဆိုင်ထားသည့် ကြီးမားသည့်စွမ်းအားက သူ၏ကိုယ်ပိုင် ကျင့်ကြံခြင်းမှ ရရှိလာခြင်းမဟုတ်ဘဲ။ ကောင်းကင်အောက်မှ သက်ရှိသတ္တဝါ အားလုံး၏ယုံကြည်ကိုးကွယ်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။

အမှန်တကယ် အစားထိုး၍မရနိုင်သည်မှာ ဤ ဧကရာဇ်ချီရေကန်ကြီးပင်။

ဧကရာဇ်ချီ ရှိနေသရွေ့၊ အောင်ပွဲအတွက် အခွင့်အရေး ရှိနေသေး၏။

လောင်းကစားတစ်ကြိမ် ရှုံးနိမ့်သွားခြင်းက ကြောက်ရွံ့စရာမကောင်းပေ။ ကြောက်စရာကောင်းသည်မှာ ကိုယ့်စိတ်ခံစားမှုများကို ဆက်ပြီး မထိန်းချုပ်နိုင်ခြင်းပင်။

ပြည်သူများစုဆောင်းပေးထားသည့် မိမိလက်ထဲမှ အောင်မြင်မှုအား ကိုယ်ရေးကိုယ်တာနာကြည်းချက်များ ဖောက်ထုတ်ရန်ဆန္ဒရှိသလို အသုံးပြုပစ်လိုက်ခြင်းပင်။

သူသေချာပေါက် လွတ်မြောက်ခြင်းကို ရွေးချယ်နိုင်ပါသည်။

ဤရေကန်နက်ကြီးထဲမှ ခုန်ထွက်ပြီး လင်ရှူးယာကို သတ်ပစ်မည်။ နတ်ဘုရားမင်းဆက်တစ်ခုလုံးအား ဖိနှိပ်မည်။ ထို့နောက် သူ့ကိုမရိုမသေလုပ်ရဲသည့် ထိုမသေမျိုးများကို ယွီချင်း နှင့် ပစ္စုပ္ပန်ဗုဒ္ဓတို့ကို ရိုသေကြသကဲ့သို့ ဒူးထောက်ကာအရှင်သခင်ဟု ခေါ်ဆိုလာစေရန် အတင်းအကျပ်ခိုင်းစေနိုင်ပါသည်။

ထို့နောက်တွင်ရော ဘာလုပ်မည်နည်း။ ဤဒေါသများကို ဖောက်ထုတ်ပြီးလျှင် ဘာဆက်ဖြစ်မည်နည်း။

ခေတ်အဆက်ဆက် ပြည်သူများစုဆောင်းပေးခဲ့သည့် ဧကရာဇ်ချီများ ကုန်ခမ်းသွားမည်။ မသေမျိုးများ နှင့် ဗုဒ္ဓများကတော့ တိုက်ကြီးလေးခုတွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကာ ပြည်သူများကို ဆက်လက်ခေါင်းပုံဖြတ်ကြမည်။

ဖားအားရေနွေးထဲထည့်ပြုတ်သကဲ့သို့ ဖြည်းဖြည်းချင်းအပူပေးကာ၊ဘဝဆက်တိုင်းဆက်တိုင်း သေမျိုးလောက၏သံသရာကို ထိန်းသိမ်းထားကြလိမ့်မည်။

ဤအရာက တစ်ချက်ကြည့်ရုံဖြင့် ကြိုတင်မြင်တွေ့နိုင်သည့်အရာပင်။

ထို့အတူ လွတ်မြောက်သွားပြီးဖြစ်သည့် သူကိုယ်တိုင်ရော ထိုအချိန်ကျလျှင် မည်သည့်ဘက်တွင် ရပ်တည်မည်နည်း။ သေမျိုးလောကဘက်တွင် ရှိနေလျှင်ပင် အခြားလွတ်မြောက်ပြီးဖြစ်သည့် နှစ်ယောက်ကို သူယှဉ်နိုင်မည်လော။

သို့မဟုတ် သာမန်ပြည်သူများအုပ်စုတစ်စုကို ဦးဆောင်ပြီး ဂိုဏ်းနှစ်ခုစလုံး၏ရေတွက်မရနိုင်သော မသေမျိုးများ၊ ဗုဒ္ဓများကို ဆန့်ကျင် တိုက်ခိုက်ရမည်လော။

လူသားဧကရာဇ်က အချိန်အတော်ကြာစဉ်းစားတွေးတောခဲ့သော်လည်း အဖြေမရခဲ့ပေ။

ထို့ကြောင့် ဤမေးခွန်းကို ရှန်းယီထံသို့ လွှဲပြောင်းပေးရန် သူရွေးချယ်ခဲ့၏။ အနည်းဆုံးတော့ ဤလူငယ်လေးက သူ့ထက် ပိုမိုသန်မာကြောင်း သူ၏လုပ်ရပ်များမှတစ်ဆင့် ပြသခဲ့ပြီးဖြစ်သည်။

ရှပ်...ရှပ်...ရှပ်

ရုတ်တရက်၊တိတ်ဆိတ်နေသော ခြံဝင်းအတွင်း ခြေသံများ ပဲ့တင်ထပ်လာခဲ့သည်။

ဧကရာဇ်အိုက နောက်ဆုံးတွင် သေရည်ကို အားပါးတရတစ်ငုံသောက်လိုက်ပြီး၊ သူ၏နှုတ်ခမ်းထောင့်ကို သုတ်လိုက်၏။

လူသားတို့၏မျက်နှာစာ နှစ်ခု

သူက သူရဲဘောကြောင်သောဘက်အား ရှန်းယီ ထံသို့ချန်ရစ်ခဲ့ပြီး၊ လူသားဧကရာဇ်တစ်ပါး၏ နောက်ဆုံးဂုဏ်သိက္ခာကို ဤမသေမျိုးနှင့်ဗုဒ္ဓများ ထံသို့ ချန်ရစ်ပေးနိုင်ခဲ့သဖြင့် ကံကောင်းခဲ့သည်။

လူသားဧကရာဇ်၏ မျက်လုံးများ ကြည်လင်လာပြီး၊ ထိုအေးစက်သောကြမ်းတမ်းမှုနှင့် အာဏာများက သူ၏မျက်နှာပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

မူလက ရောဂါကြောင့်ဖြူရော်နေမှုကို ဖုံးကွယ်ရန်အတွက် သူ၏ပါးပြင်များကိုနီရဲလာစေရန် သေရည်ကို သူအသုံးပြုခဲ့သည်။

သူ၏သွေးများ အားလုံးကိုထုတ်ယူခြင်းက နာကျင်ဖွယ်ခံစားရသောအရာတစ်ခု ဖြစ်သော်လည်း၊ ဤနာကျင်မှုနှင့် နှိုင်းယှဉ်ပါက၊ သူ့ကိုပို၍စိုးရိမ်ပူပန်စေသောအရာမှာ သူ၏ပုံမှန်မဟုတ်သော အခြေအနေကို မသေမျိုး နှင့် ဗုဒ္ဓများက တွေ့ရှိသွားပြီး၊ ဂိုဏ်းနှစ်ခုစလုံးကို နောက်တစ်ကြိမ် သတိထားလာစေမည်ကိုပင်။

သူ့ထံတွင် ကျန်ရစ်ခဲ့သော ဧကရာဇ်ချီ အကြွင်းအကျန်များမှာ သိပ်မများတော့ပေ။ နောက်ဆုံးကြီးကျယ်ခမ်းနားသောပြဇာတ်ကို ကပြရန်အတွက် ၎င်းတို့ကို သူသတိထားပြီး အသုံးပြုရမည်ဖြစ်သည်။

"ဧကရာဇ်က ငါတို့ကိုစောင့်နေတာလား။"

ပုံရိပ်ခြောက်ခုက လမ်းကြောင်းအသီးသီးမှနေ၍ အရက်ကန်ထဲသို့ အေးအေးလူလူ လမ်းလျှောက် ဝင်ရောက်လာကြ၏။

သူတို့၏ဟန်ဆောင်ထားသော လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက၊ သူတို့၏မျက်လုံးများထဲရှိ သတိထားမှုက သူတို့ရင်ထဲရှိ အတွေးများကို ပိုမို ကောင်းမွန်စွာ ကိုယ်စားပြုနေခဲ့သည်။

ရွှင်ပျော်ဗုဒ္ဓ နှင့် ဆေးလုံးဗုဒ္ဓ နှစ်ပါးဦးဆောင်သော ဍုမေဏုတောင် အစစ်အမှန် ဗုဒ္ဓခြောက်ပါးက ဤခြံဝင်းငယ်လေးထဲတွင် စုဝေးလာကြရာ၊ ဧကရာဇ် တစ်ပါးကိုဆန့်ကျင်ရာတွင်ပင် လွှမ်းမိုးနိုင်လောက်အောင် လုံလောက်နေခဲ့သည်။

သို့တိုင် ဤ အစစ်အမှန်ဗုဒ္ဓများက သတိထားနေကြပြီး၊ ပေါ့ဆရန် မဝံ့ရဲခဲ့ကြပေ။

ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓထံမှ သတင်းက အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ကောင်းလှပါသည်။ ဤလောက၏အရှင်သခင်က လွတ်မြောက်ခြင်း အတွက်လုံလောက်သော ဧကရာဇ်ချီများကို စုဆောင်းပြီးဖြစ်နေရာ၊ သူက ဤကဲ့သို့ပုန်ကန်လိုသောအတွေးများကို မွေးမြူရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အစစ်အမှန်ဗုဒ္ဓအချို့ ယနေ့ လာရောက်ခြင်းက ကောင်းကင်ဘုံ၏လမ်းကြောင်းကို အကောင်အထည်ဖော်ရန် မဟုတ်ဘဲ၊ ဤသူကို ဤ ဧကရာဇ်ချီအသုံးပြုလာစေရန် အတင်းအကျပ် ဖိအားပေးရန်ဟု ဆိုနိုင်ပါသည်။

ဧကရာဇ်ခြောက်ပါး အနက်၊ တစ်ပါးက ဂိုဏ်းနှစ်ခုစလုံး၏အစဉ်အလာအရ ဖယ်ထုတ်ခံထားရပြီး ပုံမှန်မဟုတ်သူတစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရ၏။

အကြောင်းရင်းမှာ ဤဧကရာဇ်၏သက်တမ်းမှာ တိုတောင်းပြီး၊ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း၊ သူက အခြားဧကရာဇ်များကဲ့သို့ လောကကြီးကိုနားလည်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။

သို့သော်၊အကယ်၍ တစ်ဖက်လူကသာ မသေနိုင်မပျက်စီးနိုင်ခြင်းကို ရရှိသွားပါက၊ နောက်ထပ် စိုးရိမ်စရာရှိတော့မည် မဟုတ်ပေ။

လုပ်ဆောင်ရမည့်အရာမှာ ယဇ်ပလ္လင်ပေါ်ရှိ ဂိုဏ်းချုပ်ရုပ်တုဘေးတွင် နောက်ထပ်ရုပ်တုတစ်ခုကိုပေါင်းထည့်လိုက်ရန်သာဖြစ်ပြီး၊ ဂိုဏ်းနှစ်ခုစလုံးက တစ်ဖက်လူကိုသိမ်းသွင်းရန် အပင်ပန်းခံနေစရာလိုတော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်၊ အချိန်၏ရှည်လျားသော နှစ်မြုပ်ခြင်းခံမှုမှတစ်ဆင့်၊ ဤလွတ်မြောက်သွားသော ဧရာမပုဂ္ဂိုလ်ကြီးက သူပိုင်ဆိုင်သင့်သည့် နေရာတွင် နောက်ဆုံး၌ရပ်တည်လာမည် ဖြစ်သောကြောင့်ပင်။

"ငါက ဧကရာဇ်မဟုတ်ဘူး။"

ဧကရာဇ်အိုကြီးက နောက်သို့ မလှည့်ကြည့်ဘဲ၊ အရက်ကန်ထဲတွင် တည်ငြိမ်စွာ အနားယူနေခဲ့၏။

"လှေကိုဆက်မလှော်နိုင်တဲ့အခါ၊ ကမ်းခြေကို နောက်ပြန်လှည့်တာက သာမှန်ပါပဲ။" အစစ်အမှန် ဗုဒ္ဓ ခြောက်ပါးက လက်ဖဝါးများကိုရင်ဘတ်ဆီသို့ မြှောက်ကာ၊ နောက်တစ်ကြိမ်တိုက်တွန်း အကြံပေးလိုက်ကြသည်။

အပြန်အလှန်အားဖြင့် သူတို့က အေးစက်သော ရယ်မောသံတစ်ခုကိုသာ ရရှိခဲ့ပြီး၊ ဧကရာဇ်အိုကြီးက သူ၏လက်မောင်းများကို အေးအေးလူလူဆန့်ထုတ်ကာ ပြောလိုက်သည်။

"ငါကရှုံးနိမ့်မှာကို လက်မခံနိုင်တဲ့သူမဟုတ်ပါဘူး၊ စကားတွေကိုဘာလို့ဖြုန်းတီးနေမှာလဲ။ ဒါ့အပြင်၊

အကယ်၍ ငါသာ ဒီနေ့နောက်ပြန်လှည့်ခဲ့မယ်ဆိုရင်၊ မင်းတို့က နတ်ဘုရားမင်းဆက်ကို အထိအခိုက်မရှိချန်ထားခဲ့မှာမဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်။"

"အဓိပ္ပာယ်မရှိတဲ့ စကားတွေ။"

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ၏ မျက်ခွံက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

လွတ်မြောက်ခြင်းက အချိန်ယူရပြီး၊ ဤလုပ်ငန်းစဉ်အတွင်း တစ်ဖက်လူကို သူတို့ အန္တရာယ်မပြုနိုင်သော်လည်း၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသရွေ့ထွက်ခွာသွားရန်မှာ ပြဿနာကြီးကြီးမားမားမဖြစ်သင့်ပေ။

သူပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ၊ အခြား အစစ်အမှန်ဗုဒ္ဓများ၏ လက်ဖဝါးများက တစ်ပြိုင်နက်တည်း ဆုပ်သွားကြပြီး၊ တစ်ပါးစီ၏ လက်ထဲတွင် တုတ်ရှည်တစ်ချောင်းစီ ထွက်ပေါ်လာခဲ့သည်။

ဤအရာများက ဗုဒ္ဓရတနာများ မဟုတ်ဘဲ၊ အပြစ်ပေးရာတွင် အသုံးပြုသောစည်းကမ်းထိန်း တုတ်ရှည်များ ဖြစ်သည်။

လောကဧကရာဇ်တစ်ပါးကို ဗုဒ္ဓလမ်းစဉ်စည်းမျဉ်းများဖြင့် အပြစ်ပေးခြင်းက အမှန်တကယ်ပင် ကြီးမားသော စော်ကားမှုတစ်ခုဖြစ်သည်။

သို့သော် သူတို့၏ကနဦး ရည်ရွယ်ချက်မှာ ဤ လူသားဧကရာဇ်ကို နိုးဆွပေးရန်ဖြစ်သည်။

"ဒီတုတ်ရှည်နဲ့။ မင်းရဲ့မိုက်မဲပြီး ကိုယ်ကျင့်တရား ကင်းမဲ့မှုအတွက် ငါတို့အ‌ပစ်ပေးတယ်။"

ထူထပ်သော ဗုဒ္ဓအလင်းတန်းဖြင့် ရစ်ပတ်ထားသော တုတ်ရှည်က အမျိုးသား၏ညာဘက် ပခုံးကို ပြင်းထန်စွာရိုက်ချလိုက်ရာ၊ နဂါးဟိန်းဟောက်သံ သဲ့သဲ့နှင့်အတူ ဧကရာဇ်ချီကို ထွက်ပေါ်လာစေခဲ့၏။

လူသားဧကရာဇ်က အနည်းငယ်မျှသောပြန်လည် တိုက်ခိုက်လိုသော ရည်ရွယ်ချက်မရှိဘဲ ထိုရိုက်ချက်ကိုမျက်နှာချင်းဆိုင်လက်ခံလိုက်သည်။

"ဒီတုတ်ရှည်နဲ့ မင်းရဲ့ရက်စက်ပြီး ကြမ်းကြုတ်မှုအတွက် ငါတို့အပစ်ပေးတယ်။" ဆေးလုံးဗုဒ္ဓက ကပ်လျက်လိုက်ပါလာပြီး၊ တူညီသော တုတ်ရှည်ဖြင့် အမျိုးသား၏ဘယ်ဘက်ပခုံးကို ရိုက်ချလိုက်သည်။

"ဒီတုတ်ရှည်နဲ့ ကောင်းကင်ရဲ့အစီအစဉ်ကို နှောင့်ယှက်မှုအတွက် ငါတို့အပစ်ပေးတယ်။"

ဟစ်အော်သံတစ်ခုပြီးတစ်ခု၊ အပစ်ပေးမှုတစ်ခုပြီးတစ်ခုနှင့်အတူ၊ အစစ်အမှန်ဗုဒ္ဓခြောက်ပါးက အဆက်မပြတ်ရိုက်နှက်ခဲ့ကြရာ၊ အမျိုးသား၏ကိုယ်ဗလာကျောပြင်ရှိ အသားများက ဆုတ်ဖြဲခံရပြီး သွေးများစီးထွက်လာကာ၊ ဧကရာဇ်ချီက ပိုမိုပါးလွှာလာခဲ့သည်။

"ဟူး..."

အရက်ကန်ဘေးရှိ ပုံရိပ်ကို တိုက်ရိုက်စိုက်ကြည့်နေရင်း ရွှင်ပျော်ဗုဒ္ဓ၏ လက်ဖဝါးများက အနည်းငယ် တုန်ယင်နေခဲ့၏။

အဆက်မပြတ် ရိုက်နှက်မှုများကြောင့် ဒဏ်ရာရနေသော်လည်း၊ ထိုအမျိုးသားက ကန်ဘေးတွင် တည်ငြိမ်စွာမှီနေဆဲဖြစ်ပြီး၊ သူ၏ဘေးရှိ သေရည်ရေများက အချိန်အတော်ကြာကတည်းက အနီရင့်ရောင်သွေးများဖြင့် ညစ်ညမ်းနေခဲ့ပြီဖြစ်သော်လည်း၊ သူ၏ထံမှ ညည်းတွားသံ တစ်ချက်ကိုပင်ထွက်ပေါ်လာစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

All Chapters