အခန်း ၁၃၉၉
Vol. 140 Ch. 1399
အခန်း (၁၃၉၉) ငါ သေခြင်းမဲ့ဘဝကိုမလိုချင်ဘူး ငါအနိုင်ရချင်တာ ၂
ဧကရာဇ်က သူ၏ရှုံးနိမ့်မှုကို လက်ခံရန် လိုလိုလားလားရှိသော်လည်း၊ ကောင်းကင်ကို ဦးညွှတ်ရန် ငြင်းဆန်နေသေး၏။
အကယ်၍ သူသာဤကဲ့သို့သော စော်ကားမှုကို ခံရပါက၊ သူ ဧကရာဇ်ချီကို စတင် အသုံးပြုနေလောက်ပြီဖြစ်သော်လည်း၊ တစ်ဖက်လူမှာမူ ခေါင်းမာစွာဖြင့်အံတုနေဆဲဖြစ်ရာ၊ ၎င်းတို့ကို အံကြိတ်ချင်စိတ် ပေါက်လာစေသည်။
'အခုထိ လက်မလျှော့သေးဘူးပဲ။'
အစစ်အမှန် ဗုဒ္ဓအချို့က အချင်းချင်းအကြည့်ဖလှယ်လိုက်ကြပြီး၊ အမျိုးသား၏ရည်ရွယ်ချက်များကို ခန့်မှန်းမိသွားပုံရသည်။
ဤလူသားဧကရာဇ်က ဤအခြေခံအုတ်မြစ်များကို သူ၏သားစဉ်မြေးဆက်များအတွက် ချန်ရစ်ပေးခဲ့ရန်အိပ်မက်မက်နေပြီး၊ အဆုံးမရှိသောနှစ်များအတွင်း သူကဲ့သို့ရူးသွပ်သူနောက်တစ်ယောက် ပေါ်ထွက်လာကာ၊ ဤကဲ့သို့သောကပ်ဘေးမျိုးကို နောက်တစ်ကြိမ်ဖြစ်ပေါ်စေလိမ့်မည်ဟု မျှော်လင့်နေခြင်း ဖြစ်သည်။
လုံးဝ အဓိပ္ပာယ်မရှိပေ။
ဂိုဏ်းနှစ်ခုစလုံးက ဧကရာဇ်အသစ်တစ်ပါးကို ထီးနန်းတင်လိုကြရာ ချိန်ခွင်လျှာညှိမည့်နည်းလမ်းများကို သူတို့မချန်ထားဘဲနေပါ့မည်လော။
နတ်ဘုရားမင်းဆက်တွင် အတိတ်က ဧကရာဇ်များနှင့်တူညီသည့် ဧကရာဇ်များနောက်ထပ်ရှိတော့မည် မဟုတ်ပေ။
လက်ရှိ အိမ်ရှေ့မင်းသားက ဂိုဏ်းနှစ်ခုစလုံးက ရွေးချယ်မည့် မသေမျိုးဧကရာဇ် နေရာမယူမီအထိ ဤရာထူးတွင် ဆက်လက်ရှိနေမည်ဖြစ်သည်။
ဧကရာဇ်ချီနှင့် ပတ်သက်၍မူ၊ အိမ်ရှေ့မင်းသား ထီးနန်းတက်ပြီး ၎င်းကိုအပြည့်အဝလက်ခံရရှိသည်နှင့် တပြိုင်နက် ဂိုဏ်းနှစ်ခုစလုံးက ၎င်းကို လျင်မြန်စွာခွဲဝေယူကြပါလိမ့်မည်။
လင်ရှူးယာက ဤသူကိုနှလုံးသားအဆိပ်သင့်ကာရူးသွပ်သွားသည့် ဉာဏ်မဲ့သားရဲတစ်ကောင်ဟု ခေါ်ဆိုခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ကိုယ့်အသက်ကိုပင် ဂရုမစိုက်သည့်သူဟာ မသေနိုင်ခြင်း သို့မဟုတ် လွတ်မြောက်ခြင်းကို ရရှိစေမည့် အခြေခံအုတ်မြစ်နှင့် မထိုက်တန်ပေ။
"မင်းက တကယ်ကိုကယ်တင်လို့မရတော့တဲ့သူပဲ။"
ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ၏ အမူအရာက အေးစက်သွားပြီး၊ စည်းကမ်းထိန်းတုတ်ရှည်ကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။
"..."
အမျိုးသားက နောက်သို့လှည့်လိုက်ပြီး၊ သူ၏သွေးများပေကျံနေသော နှုတ်ခမ်းများကို တွန့်လိုက်ကာ၊ရယ်စရာကောင်းသော ကျိုးနေသည့် သွားကိုဖော်ပြလျက်၊ အစစ်အမှန်ဗုဒ္ဓများကို တိတ်တဆိတ် ရယ်မောလိုက်၏။
ဤအစစ်အမှန် ဗုဒ္ဓများအုပ်စုကို ယုံကြည်သွားစေရန် သူလုံလောက်အောင်ကောင်းမွန်စွာဟန်ဆောင်နိုင်ခဲ့ခြင်းရှိမရှိကို သူမသိပေ။
သို့သော်၊ နောက်ဆုံးတွင် သူ၏ပြဇာတ်ကို သူ အဆုံးသတ်လိုက်ပြီဖြစ်သည်။
'သောက်ကျိုးနည်း နာလိုက်တာ။'
...
ဧကရာဇ်ဂူဗိမာန်အောက်တွင်၊ ဝန်ကြီးများက တိတ်ဆိတ်စွာ ရှိနေကြ၏။
မည်းမှောင်သောကောင်းကင်ယံက ဒီရေလှိုင်းတစ်ခုအလား တဖြည်းဖြည်းဆုတ်ခွာသွားပြီး၊ အရုဏ်ဦး၏ရောင်ခြည်များက အေးစက်သောဂူဗိမာန် အပေါ်သို့ ကျဆင်းလာခဲ့သည်။
လင်ရှူးယာက သစ်သားရုပ်ထုတစ်ခုအလား တစ်ညလုံး မတ်တပ်ရပ်နေခဲ့သည်။
သူ ထိုခြံဝင်းရှိရာအရပ်မျက်နှာဆီသို့ အဆက်မပြတ် ငေးကြည့်နေခဲ့၏။
စွမ်းအားကြီးမားသော ဧကရာဇ်ချီပေါက်ကွဲထွက်လာခြင်းမရှိခဲ့သလို၊ မိုးကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေသောဖြစ်ရပ်ဆန်းတစ်ခုလည်း မရှိခဲ့ပေ။
ညဉ့်ယံကား တိတ်ဆိတ်စွာပင်ကုန်ဆုံးသွားခဲ့၏။
လင်ရှူးယာက လက်လှမ်းလိုက်ပြီး၊ အရုဏ်ဦး အလင်းတန်းတစ်စကို သူ၏လက်ဖဝါးထဲတွင် ဖမ်းဆုပ်လိုက်သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် သူ၏စိုးရိမ်ပူပန်နေသောနှလုံးသားက ရုတ်တရက်သက်သာရာရသွားပြီး၊ သူ၏တစ်ကိုယ်လုံးက ပေါ့ပါးသွားကာ ယခင်ကမကြုံစဖူးခံစားချက်တစ်ခုကို ရရှိလိုက်သည်။
ဤအရာက သူဤလောကကြီးကို ကယ်တင်လိုက်နိုင်၍ဖြစ်မည်လော။
၎င်းကိုတွေးမိရင်း၊ သူက သပ်ရပ်သောသွားဖြူဖြူများကိုဖော်ပြကာ အလိုအလျောက်ပြုံးလိုက်မိသည်။
လင်ရှူးယာက လှည့်လိုက်ပြီး အိမ်ရှေ့မင်းသားကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်၏။ "ကျေးဇူးပြုပြီး၊ အရှင်မင်းကြီး၊ပြည်သူတွေကို သနားကြင်နာမှုနဲ့ ဆက်ဆံဖို့ သတိရပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နတ်ဘုရားမင်းဆက်ရဲ့ မပြောင်းလဲနိုင်တဲ့တည်ငြိမ်မှုကို ထာဝရတည်ရှိစေပါလိမ့်မယ်။"
"အာ.."
အိမ်ရှေ့မင်းသားက အရှင်မင်းကြီးဟူသော စကားလုံးကိုသေချာစွာ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပေ။
သူ၏မျက်လုံးများရ ဇဝေဇဝါဖြစ်မှုမှရှုပ်ထွေးမှုသို့ ပြောင်းလဲသွားပြီး၊နောက်ဆုံးတွင် ဝမ်းသာကြည်နူးမှုနှင့် စိတ်လှုပ်ရှားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ အလွန်အမင်းစိတ်လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ်တုန်ယင်နေခြင်းကို ထိန်းချုပ်ရန် သူလက်သီးများကိုဆုပ်ကာ အံများကိုကြိတ်ထားလိုက်သည်။
"ကျေးဇူးပြုပြီး အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ စိတ်ရင်းမှန်နဲ့လောကကယ်တင်ခြင်း နှလုံးသားကို သက်သေပြဖို့ ဒီပစ္စည်းကိုစားသုံးလိုက်ပါ။"
လင်ရှူးယာက သူ၏ရင်ဘက်ထဲမှ ရွှေရောင်နွားငယ် လေးတစ်ကောင်ကို ထုတ်ယူလိုက်၏။ ၎င်းက ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှတ်နေပြီး ရွှေရောင် နွားငယ်အတွင်းတွင် ဖြည်းညှင်းစွာစီးဆင်းနေသော အက္ခရာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒီပစ္စည်းက အရှင်မင်းကြီးကို ထာဝရအသက်ရှင်ခြင်းကို ပေးစွမ်းနိုင်ပြီး၊ သေမျိုးလောကအပေါ်ကို ထာဝရအုပ်ချုပ်နိုင်စေပါလိမ့်မယ်။"
"..."
အိမ်ရှေ့မင်းသား၏ အမူအရာက ခေတ္တမျှ မှင်သက်သွားခဲ့သည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူ၏နားလည်မှုမှာ နက်ရှိုင်းခြင်းမရှိသော်လည်း၊ ဤပစ္စည်းက ဗောဓိဂိုဏ်း၏ ဓမ္မအသီးအပွင့် နှင့် ဆင်တူကြောင်း သူခွဲခြားသိမြင်နိုင်သည်။
မျက်တောင်တစ်ခတ်မျှသာ တုံ့ဆိုင်းသွားပြီးနောက်၊သူ၏မျက်နှာတွင် ပြတ်သားမှုများထွက်ပေါ်လာခဲ့သည်။
မသေမျိုး နှင့် ဗုဒ္ဓများက သေမျိုးလောကကို ခွင့်လွှတ်ပေးခဲ့ရာ၊ ဗုဒ္ဓကို ကိုယ်တိုင်ကိုးကွယ်ခြင်းက ကျိုးကြောင်းဆီလျော်ပါသည်။
ထို့အပြင်၊ လူသားဧကရာဇ်၏ အဆင့်အတန်းမှာ မြင့်မားသော်လည်း၊ သူက သက်တမ်းတိုတောင်းပါသည်။ အကယ်၍သူသာ မဟာစွမ်းရည်ကို ကျွမ်းကျင်နိုင်ပါက၊ ထိုရွှေမသေမျိုးများ နှင့် မဟာလွတ်လပ်ခြင်းဗောဓိသတ္တများကဲ့သို့ မသေနိုင် မပျက်စီးနိုင်သူ ဖြစ်လာပါလိမ့်မည်။
မင်းဆက်အသစ်တစ်ခုစတင်ချိန်ရောက်လာပြီဖြစ်ရာ၊ပြက္ခဒိန်အဟောင်းများကို စွန့်လွှတ်လိုက်ခြင်းက သင့်လျော်ပုံရပါသည်။
လင်ရှူးယာက အိမ်ရှေ့မင်းသားက ရွှေရောင် နွားငယ်လေးကိုယူကာ မျိုချလိုက်သည်ကို စောင့်ကြည့်ရင်း၊ သူ၏အပြုံးတွင် ပိုမိုနက်ရှိုင်းသော ကျေနပ်မှုများရှိနေခဲ့၏။
ဤကဲ့သို့ဉာဏ်ပညာကြီးမားသော အုပ်စိုးသူနှင့်အတူ၊ တိုက်ကြီးလေးခုအနေဖြင့် မတည်ငြိမ်မှုနှင့် ပတ်သက်၍ဘာကို စိုးရိမ်စရာရှိတော့မည်နည်း။
၎င်းကိုပြန်လည် စဉ်းစားရင်း၊ သူက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ်ဝေ့ကြည့်လိုက်သည်။ အကယ်၍ သူတစ်ယောက်တည်းသာ ဆိုပါက၊ ၎င်းက ယခင်ဧကရာဇ်ကို သစ္စာဖောက်ခြင်းဖြစ်မည်ဖြစ်သော်လည်း၊ ယခုအခါ ဧကရာဇ်အသစ် နှင့် အရာရှိများစွာ သူ၏ဘေးတွင် ရပ်တည်နေကြရာ၊ ၎င်းကို ယခင်ဧကရာဇ်က သေမျိုးလောကကို သစ္စာဖောက်ခြင်းအဖြစ် သတ်မှတ်၍ရနိုင်ပါသည်လော။
လင်ရှူးယာက ခေတ္တမျှစဉ်းစားတွေးတောလိုက်ပြီး၊ မည်သည့်အရာမျှ မှားယွင်းသွားခြင်းမရှိစေရန် သေချာစေပြီးနောက် လေးစားစွာဖြင့် နောက်ဆုတ်ပြီး ဧကရာဇ်ဂူဗိမာန်၏အောက်တွင် ရပ်နေလိုက်သည်။
ယခုအခါ၊ သူ၏သေမျိုးလောကကို မည်သူမျှ ဖျက်ဆီး၍မရနိုင်တော့ပေ။
အဆင်ခြင်မဲ့လုပ်ဆောင်ရန် သတ္တိရှိသောမည်သူမဆို၊ သူလင်ရှုးယာ၊ မသေမျိုးခုံရုံး နှင့် ဂိုဏ်းနှစ်ခုစလုံး၏ရေတွက်မရနိုင်သော မသေမျိုး နှင့် ဗုဒ္ဓများအားလုံးကို ဆန့်ကျင်သူဖြစ်လာမည်။