← Chapters

အခန်း ၄၅၁

Vol. 46 Ch. 451

အခန်း ၄၅၁

Vol. 46 Ch. 451

အခန်း (၄၅၁)

ချင်တိုင်းပြည်ရဲ့ဘုရင် နတ်ရွာစံပြီး သုံးရက်မြောက်နေ့၌ ချင်တိုင်းပြည်၏ မြို့တော်တွင် နန်းတက်ဘိသိတ်ခံပွဲတော်ကို ကျင်းပခဲ့လေ၏။

ဘိသိတ်ခံပွဲတော်သည် ရိုးရှင်းလှသော်လည်း ၎င်း၏အဓိကအနှစ်သာရမှာ အမှတ်သင်္ကေတတစ်ခုအနေဖြင့် အလွန်အရေးပါလှပေသည်။ ထိုအချိန်မှစ၍ ချင်စီယောင်သည် ချင်တိုင်းပြည်၏ တရားဝင်အုပ်စိုးရှင် ဖြစ်လာခဲ့ချေပြီ။

ချင်စီယောင် တရားဝင် နန်းတက်သည့် ထိုနေ့ရက်၌ပင် ချင်တိုင်းပြည်မြို့တော်ကို ဗဟိုပြုကာ လီတစ်သောင်းပတ်လည်အတွင်း၌ ထူးခြားမွန်မြတ်လှသော နိမိတ်လက္ခဏာရပ်များ ပေါ်ထွက်လာခဲ့လေတော့သည်။ ဤကောင်းမြတ်သော နိမိတ်လက္ခဏာများသည် မျက်နှာလိုမျက်နှာရလုပ်တတ်သော အမတ်များက လုပ်ကြံဖန်တီးထားခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။

ထို့အပြင် ချင်စီယောင် နန်းတက်ပြီးနောက်ပိုင်း၌ ဆောင်းရာသီသည် ယခင်ကလောက် မအေးချမ်းတော့ဘဲ ရာသီဥတု တဖြည်းဖြည်း နွေးထွေးလာမည့် အရိပ်အယောင်များပင် ပြသနေလေသည်။ ယခုနှစ်၏ နွေဦးရာသီသည် ပုံမှန်ထက် ပို၍စောစော ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ခန့်မှန်းသိမြင်နိုင်ပေသည်။

တရားဝင် နန်းတက်ပြီးသည်နှင့်တစ်ပြိုင်နက် ချင်စီယောင် ပထမဆုံးလုပ်ဆောင်ခဲ့သည့် အရာမှာ ချင်တိုင်းပြည်၏ ဧကရာဇ်အာဏာပိုင်တစ်ဦးအနေဖြင့် ခမည်းတော်အတွက် ဈာပနအခမ်းအနားကို ကျင်းပပေးခြင်းပင်ဖြစ်လေတော့သည်။

ခမည်းတော်၏ ဆန္ဒအတိုင်း ချင်စီယောင်က ဈာပနကို ရိုးရိုးရှင်းရှင်းသာ ကျင်းပပေးခဲ့သည်။ ယခင်ဈာပနအခမ်းအနားများတွင် မျက်ရည်ကျကာ ငိုကြွေးခဲ့ရခြင်း၊ သို့မဟုတ် မျက်ရည်များကို အတင်းအဓမ္မ ထိန်းချုပ်ခဲ့ရခြင်းတို့နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ် ခမည်းတော်၏ ဈာပနကို ဦးစီးကျင်းပရာတွင် ချင်စီယောင်၏ စိတ်အခြေအနေသည် များစွာပို၍ တည်ငြိမ်နေခဲ့ပေသည်။

ထိုဧကရာဇ်မင်းမြတ်နေရာသို့ သူမရောက်ရှိခဲ့သည်ဆိုသော်ငြားလည်း သူမ၏လှုပ်ရှားမှုတိုင်းတွင် ဧကရာဇ်တစ်ပါး၏ တည်ကြည်ခန့်ညားသော အသွင်အပြင်များ အထင်းသားပေါ်လွင်နေ၏။ အစစအရာရာ ရိုးအလှသော မိန်းကလေးငယ်သည် လူကြီးများကို ဟန်ဆောင်တုပနေခြင်းမျိုး မဟုတ်တော့ဘဲ ချက်ချင်းဆိုသလိုပင် အမှန်တကယ် အရွယ်ရောက်ရင့်ကျက်သွားသည့်အလား ထင်မှတ်ရလေသည်။

နန်းတော်အတွင်းရှိ မိန်းမစိုးများအားလုံးကို ရာထူးမှ ထုတ်ပယ်လိုက်သည်။ နန်းတော်ထဲတွင် နန်းတွင်းအစေခံမလေးများသာ ကျန်ရစ်တော့၏။ ဟွာရှန်းမှာမူ ချင်စီယောင်၏ ကိုယ်ပိုင်အစေခံအဖြစ် ဆက်လက်တည်ရှိနေခဲ့လေသည်။

သို့ရာတွင် နေ့စဉ်နှင့်အမျှ ပေါ့ပေါ့ပါးပါးဖြင့် လွတ်လပ်စွာ နေထိုင်ခဲ့ရသော အတိတ်ကာလများနှင့် မတူတော့ဘဲ ယခုမှစ၍ ဟွာရှန်းသည် နန်းတွင်းရေးရာကိစ္စရပ်အားလုံးကို စီမံခန့်ခွဲရတော့မည်ဖြစ်ရာ သူမ၏ဘဝသည် ယခင်ကကဲ့သို့ သက်တောင့်သက်သာ ရှိတော့မည်မဟုတ်ပေ။

ဈာပနပြီးဆုံးသွားပြီးနောက် ချင်စီယောင်သည် တိုင်းပြည်ရေးရာ ကိစ္စရပ်များတွင် အပြည့်အဝ နစ်မြုပ်ဝင်ရောက်သွားခဲ့လေတော့သည်။ လက်ရှိ ချင်တိုင်းပြည်ရဲ့ဘုရင် ဖြစ်လာသည်နှင့်အညီ ချင်စီယောင်သည် နန်းတော်အတွင်း၌သာ နေ့စဉ် နေထိုင်ရသည်မှာ သဘာဝပင်ဖြစ်၏။

ရှောင်မိုသည် ချင်စီယောင်၏ အနာဂတ်ခင်ပွန်းဖြစ်သည့်အပြင် လက်ရှိတွင်လည်း ကြီးမားလှသော အာဏာကို ဆုပ်ကိုင်ထားသူဖြစ်ရာ သူသာ ချင်စီယောင်၏ အိပ်ဆောင်အတွင်း၌ နေ့စဉ်ဝင်ထွက်နေထိုင်မည်ဆိုလျှင်တောင် မည်သူကမျှ အတင်းအဖျင်း ပြောရဲမည်မဟုတ်ပေ။ သို့သော် ရှောင်မိုက ထိုကဲ့သို့ မပြုလုပ်ခဲ့ချေ။

ရှောင်မိုသည် ဆီးနှင်းမင်းသားအိမ်တော်၌သာ ဆက်လက်နေထိုင်ခဲ့သည်။ အမှန်တကယ်တွင် ညီလာခံတက်ရောက်ချိန် သို့မဟုတ် ဆွေးနွေးစရာ ကိစ္စရပ်များရှိချိန်မှသာ ရှောင်မိုသည် စာကြည့်ဆောင်သို့ သွားရောက်လေ့ရှိလေ၏။

မည်သို့ပင်ဖြစ်စေ ချင်စီယောင်၏ လက်ရှိအဆင့်အတန်းသည် အလွန်ထူးခြားနေပြီး သူကလည်း အဆုံးတွင် လက်အောက်ခံအမတ်တစ်ဦးသာ ဖြစ်နေသေးသည်။ ရှောင်မို၏အမြင်တွင် ယခုအချိန်၌ သူသာ နန်းတော်ဆီသို့ မကြာခဏ သွားလာနေမည်ဆိုလျှင် မကောင်းသော ရည်ရွယ်ချက်များ ပုန်းကွယ်ထားသည် ဟူသော သံသယများကို ဖြစ်ပေါ်စေလိမ့်မည်ဟု တွေးတောထားလေသည်။

တိုင်းပြည်ကြီးက ချင်မိသားစုပိုင်ဆိုင်တာလား၊ ဒါမှမဟုတ် ရှောင်မိသားစု ပိုင်ဆိုင်တာလား။ ရှောင်မိုက ထိုသို့မတွေးလျှင်တောင်မှ ရှောင်မိသားစုကို ထောက်ခံသူများက မည်သို့တွေးကြမည်နည်း။

ယခုအချိန်တွင် ရှောင်အိမ်တော်နှင့် ရင်းနှီးသော အမတ်များနှင့် စစ်သူကြီးများစွာက ရှောင်မိုကို ထိုနေရာသို့ တက်လှမ်းစေလိုကြသည်။ ရှောင်မိုသာ ဧကရာဇ်ဖြစ်လာခဲ့လျှင် ၎င်းတို့၏ အဆင့်အတန်းသည်လည်း ချက်ချင်းဆိုသလို မြင့်တက်သွားမည်ဖြစ်ပေသည်။

ထို့အပြင် နယ်စပ်ရှိ အခြေအနေများမှာလည်း တစ်နေ့တခြား ပိုမိုတင်းမာလာနေလေသည်။ မြောက်ပိုင်းလူသူကင်းမဲ့ဒေသတွင် ဧရာမ တပ်မတော်လေ့ကျင့်မှုကြီးကို ပြုလုပ်နေပြီး ရှောင်မိုအနေဖြင့်လည်း မြောက်ပိုင်းလူသူကင်းမဲ့ဒေသသို့ မကြာခဏ ပြန်သွားကာ မျက်နှာပြရန် လိုအပ်နေ၏။

နန်းတော်အတွင်းသို့ မကြာခဏ ဝင်ထွက်ရန်မဆိုထားနှင့်၊ ဆီးနှင်းမင်းသားအိမ်တော်သို့ပင် ရှောင်မို ပြန်လာခဲလှသည်။ သို့သော် ချင်စီယောင်၏အမြင်တွင်မူ သူမနှင့် ရှောင်မိုတို့ နေ့စဉ်မတွေ့ဆုံနိုင်သည့်တိုင်၊ တွေ့ဆုံချိန်များတွင်လည်း စာကြည့်ဆောင်၌ အမတ်များစွာ ရှိနေတတ်သဖြင့် သူတို့နှစ်ဦးစလုံး အပေါ်ယံ ယဉ်ကျေးမှုကို ထိန်းသိမ်းထားရန် လိုအပ်နေခဲ့လျှင်တောင်မှ ဤအခြေအနေကို သူမ နားလည်ပေးနိုင်ခဲ့ပေသည်။

ဤသို့သောနေ့ရက်များသည် ကြာရှည်မည်မဟုတ်ကြောင်း ချင်စီယောင် ကောင်းစွာ သိရှိထားသည်။ လက်ရှိအချိန်တွင် အရေးအကြီးဆုံး တာဝန်များမှာ နန်းတွင်းရေးရာများကို တည်ငြိမ်စေရန်နှင့် နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသော စစ်ပွဲများကို စီမံခန့်ခွဲရန်ပင် ဖြစ်လေ၏။

ချင်တိုင်းပြည်အတွင်း အခြေအနေများ တည်ငြိမ်သွားပြီး ဤစစ်ပွဲကြီး ပြီးဆုံးသွားသည်နှင့် သူမနှင့် ရှောင်မိုတို့ တရားဝင် မင်္ဂလာအခမ်းအနားကို ကျင်းပနိုင်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ရှောင်မိုသည် နန်းတော်အတွင်းသို့ တရားဝင် ပြောင်းရွှေ့နေထိုင်နိုင်ပေလိမ့်မည်။

အဆုံးသတ်တွင် သူမနှင့် ရှောင်မိုတို့၌ နန်းမွေဆက်ခံမည့် ရင်သွေးလေး ရရှိလာပြီး၊ ထိုကလေးကို ပြုစုပျိုးထောင်ကာ အရည်အချင်းပြည့်မီသော ဧကရာဇ်တစ်ပါးအဖြစ် လေ့ကျင့်ပေးပြီးနောက်တွင် သူမသည် ထီးနန်းကို ကလေးထံ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူမသည် ရှောင်မိုနှင့်အတူ တောင်တန်းတောအုပ်များဆီသို့ အနားယူထွက်ခွာသွားနိုင်ပြီး လောကီရေးရာကိစ္စများကို ထပ်မံ၍ ဂရုစိုက်နေရန် လိုတော့မည်မဟုတ်ပေ။ သူတို့၏ အနာဂတ်ဘဝအတွက် သူမ စောင့်ဆိုင်းနိုင်စွမ်း ရှိပါလေသည်။

ချင်ရှန့်ထျန်း နတ်ရွာစံပြီး တစ်လအကြာတွင် နယ်စပ်၌ တိုက်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပွားလာခဲ့ပြန်သည်။ ချင်တိုင်းပြည်ရဲ့ဘုရင် ကွယ်လွန်သွားကြောင်း သတင်းကြားသည်နှင့် ချီတိုင်းပြည်နှင့် ကျောက်တိုင်းပြည်တို့က ချင်တိုင်းပြည်အတွင်း စိတ်ဓာတ်ရေးရာများ မတည်မငြိမ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ဝင်ရောက်တိုက်ခိုက်လိုကြ၏။

ထို့အပြင် ချင်တိုင်းပြည်အတွင်း၌လည်း အချို့သောသူများသည် အာဏာမက်သော ရည်မှန်းချက်များကို တိတ်တဆိတ် မွေးမြူလာကြလေသည်။ ချင်တိုင်းပြည်ရဲ့ဘုရင် ကွယ်လွန်သွားပြီး ချင်စီယောင်ကလည်း ယခုမှ နန်းတက်ကာစဖြစ်နေခြင်း၊ ထိုမျှမက အမျိုးသမီးတစ်ဦးပင် ဖြစ်နေခြင်းတို့ကြောင့် အချို့သော နယ်စားပယ်စား မြေပိုင်ရှင်မင်းသားများ၏ ရည်ရွယ်ချက်များသည် ချက်ချင်းပင် မငြိမ်မသက် ဖြစ်လာခဲ့ကြတော့သည်။

ရှေးယခင်ကာလများမှစ၍ မည်သည့်အမျိုးသမီးကမျှ ဧကရာဇ်ရာထူးကို ကိုင်စွဲခဲ့ဖူးခြင်းမရှိပေ။ အမျိုးသမီးတစ်ဦးအနေဖြင့် ကြီးမားသော တာဝန်ဝတ္တရားများကို မထမ်းဆောင်နိုင်ဟု သူတို့က ယုံကြည်ထားကြသည်။ ဧကရီက တတိယမင်းသမီးကို အလွန်ချစ်မြတ်နိုးခဲ့လျှင်ပင် နန်းကျွန်းကို တတိယမင်းသမီးထံ ဘယ်သောအခါမှ လွှဲပြောင်းပေးမည်မဟုတ်ဟု သူတို့ ယူဆကြ၏။

ထို့ကြောင့် ဧကရီ၏ တော်ဝင်အမိန့်ပြန်တမ်းမှာ အတုဖြစ်ရမည်ဖြစ်ကြောင်း၊ နန်းတွင်းရှိ အမတ်ကြီးသုံးပါးတို့က အတုအပ ဖန်တီးထားသော နောက်ဆုံးသေတမ်းစာဖြစ်ကြောင်း သူတို့က အခိုင်အမာ စွပ်စွဲလာကြလေတော့သည်။

အဘယ်ကြောင့်ဆိုသော် အမတ်ကြီးသုံးပါးအနက်မှ နှစ်ပါးမှာ ယခင်က ရှောင်မို၏ ကျေးဇူးကိုခံစားခဲ့ရသော ဧည့်အကြီးအကဲများ ဖြစ်ခဲ့ကြပြီး၊ ကျန်ရှိနေသော နန်းရင်းဝန်လီကလည်း ရှောင်မိုနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိနေသောကြောင့်ပင်။

ရှောင်မိုနှင့် သူ၏အဖွဲ့အစည်းသည် နန်းတွင်းအဆောက်အအုံကို ဖြိုခွဲကာ တိုင်းပြည်ရေးရာများကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြပြီး ချင်မိသားစု၏ တိုင်းပြည်ကြီးကို ရှောင်မိသားစု၏ တိုင်းပြည်အဖြစ်သို့ ပြောင်းလဲပစ်ရန် ကြံစည်နေကြသည်ဟု ထင်မြင်လာကြ၏။ ချင်တော်ဝင်မိသားစု၏ ဆွေတော်မျိုးတော်များ ဖြစ်ကြသော သူတို့အနေဖြင့် ဤကိစ္စကို မည်သို့လုပ် သည်းခံနိုင်ကြပါမည်နည်း။

လက်တွေ့တွင်မူ သူတို့မည်သို့ တွေးတောနေကြသည်ကို ရှောင်မိုက မည်သို့လုပ် မသိဘဲနေပါမည်နည်း။ သူတို့၏စကားများ မည်မျှပင် အသံကျယ်ကျယ်နှင့် အပြစ်ကင်းဟန်ရှိစေကာမူ ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ပေသည်။ သူတို့ အမှန်တကယ် လိုလားတောင့်တနေသည့် အရာမှာ စကားလုံးနှစ်လုံးတည်းသာ... ထိုအရာကတော့ ထီးနန်းပင်ဖြစ်လေတော့သည်။

အချိန်အတန်ကြာတွင် ချင်တော်ဝင်မိသားစု၏ သွေးဆက်နွယ်မှု ပါရှိသော နယ်စားမြေပိုင်ရှင်များစွာက တပ်များကို စုရုံးကာ ပုန်ကန်ကြလေသည်။ အချို့သော စစ်သူကြီးများကလည်း သူတို့နှင့်အတူ ပူးပေါင်း၍ ပုန်ကန်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ရှောင်မိုကဲ့သို့ နန်းတွင်းကို အာဏာပြ၍ မအုပ်စိုးချင်သူ မည်သူရှိပါမည်နည်း။

သေချာသည်မှာ ထိုပုန်ကန်နေသော မြေပိုင်ရှင်မင်းသားများထဲတွင် အာဏာရမ္မက်ကြောင့် မျက်ကန်းဖြစ်ကာ အသိဉာဏ်ကင်းမဲ့နေသူများ ပါဝင်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ချီတိုင်းပြည်၊ ကျောက်တိုင်းပြည်တို့နှင့် လျှို့ဝှက်ဆက်သွယ်ထားသော နယ်စားများစွာလည်း ရှိနေနိုင်မည်ဟု ရှောင်မိုက ယုံကြည်ထားလေသည်။

သူတို့သည် ချီတိုင်းပြည်၊ ကျောက်တိုင်းပြည်တို့နှင့် ပြည်တွင်းပြည်ပ ညှိနှိုင်းတိုက်ခိုက်ရန် ရည်ရွယ်ထားပုံရသည်။ သို့သော်လည်း ရှောင်မိုသည် ပုန်ကန်သူများ၏ အမှန်တကယ် ရည်ရွယ်ချက်များကို ဂရုမစိုက်တော့ပေ။

ရှောင်မိုသည် မြောက်ပိုင်းလူသူကင်းမဲ့ဒေသမှ စစ်သူကြီးများကို တပ်များဦးဆောင်၍ ပုန်ကန်မှုကို နှိမ်နင်းရန် အမိန့်ပေးခဲ့ပြီး သူကိုယ်တိုင်လည်း တပ်မတော်တစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ထွက်ခွာလာခဲ့လေ၏။

အချိန်တိုင်း၌ ရှောင်မိုနှင့် မြောက်ပိုင်းလူသူကင်းမဲ့ဒေသသည် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့်သာ တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်။ ချင်တိုင်းပြည်မှ ဤမြေပိုင်ရှင်များသည် မြောက်ပိုင်းတပ်မတော် သို့မဟုတ် ရှောင်မို၏ အစွမ်းအစအပေါ် တိကျရှင်းလင်းစွာ နားလည်ထားခြင်း မရှိကြချေ။

အချို့က ရှောင်မို၏ နာမည်ကျော်ကြားမှုမှာ မထိုက်တန်ဟုပင် ထင်မှတ်ထားကြ၏။ ကျန်းပေမင်းသားသာ မရှိတော့လျှင် မြောက်ပိုင်းလူသူကင်းမဲ့ဒေသသည် အတိတ်က မြောက်ပိုင်းလူသူကင်းမဲ့ဒေသ ဖြစ်နေတော့မည်မဟုတ်ဟု သူတို့က ယုံကြည်ထားကြသည်။

သို့သော် နှင်းနင်းနဂါးမြင်းသည်တော်များ သူတို့ရှေ့မှောက်တွင် ပေါ်လာပြီး သူတို့၏ တပ်မတော်များကို ပြားပြားဝပ်စေကာ မြို့ရိုးများကို ခြေမွပစ်လိုက်သောအခါတွင်မှ ယခင်က သူတို့၏ အတွေးအခေါ်များသည် မည်မျှရယ်စရာကောင်းကြောင်းကို နားလည်သဘောပေါက်သွားကြလေတော့သည်။

မြောက်ပိုင်းလူသူကင်းမဲ့ဒေသသည် မြောက်ပိုင်းလူသူကင်းမဲ့ဒေသ အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ယခင်ကထက်ပင် ပိုမိုအားကောင်းလာနေသေး၏။ ပုန်ကန်သူ မြေပိုင်ရှင်မင်းသားတိုင်းကို ရှောင်မိုက ၎င်းတို့၏ မိသားစုတစ်ဆွေမျိုးလုံးနှင့်တကွ ကွပ်မျက်ပစ်လိုက်သည်။

၎င်းတို့နှင့် ဆက်နွယ်နေသော မြင့်မြတ်သည့် မိသားစုများထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ချေ။ အခြေအနေ မကောင်းသည်ကို မြင်တွေ့ရသော မြေပိုင်ရှင်များနှင့် မြင့်မြတ်သည့် မိသားစုများစွာက လက်နက်ချအညံ့ခံလိုကြသည်။

သို့သော် ရှောင်မိုက သူတို့ကို ထိုအခွင့်အရေး လုံးဝမပေးခဲ့ပေ။ ရှောင်မိုက ဤအခြေအနေကို အနည်းငယ်ပင် ရယ်စရာကောင်းသည်ဟု ထင်မြင်မိလေသည်။ ပုန်ကန်မှုမှ နောက်ကြောင်းပြန်လှည့်စရာ လမ်းကြောင်းဟူ၍ ဘယ်မှာရှိပါမည်နည်း။

ရှောင်မို၏ ငြင်းပယ်ခြင်းကို ခံရပြီးနောက် ဤမြင့်မြတ်သော မိသားစုများသည် နောက်ဆုံးထွက်သက်တိုင်အောင် သူ့ကို ခုခံတိုက်ခိုက်ရန်သာ ရှိတော့၏။ သို့သော် သူတို့၏ လက်အောက်ငယ်သားများက ထိုသို့မတွေးကြပေ။ သူတို့၏ ပုန်ကန်မှုက လက်အောက်ငယ်သားများဖြစ်သော မိမိတို့နှင့် မည်သို့ဆိုင်ပါသနည်း။

ထိုမြေပိုင်ရှင်များ၏ လက်အောက်ရှိ စစ်သူကြီးများထဲတွင် မြောက်ပိုင်းလူသူကင်းမဲ့ဒေသနှင့် ရင်းနှီးကျွမ်းဝင်သူများ အနည်းနှင့်အများ ဆိုသလို ရှိနေကြပေသည်။

ထို့အပြင် ရှောင်မိုသည် ပုန်ကန်မှုများကို နှိမ်နင်းရန် တော်ဝင်အမိန့်ပြန်တမ်းအရ တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ရာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အသာစီးရမှုကိုလည်း ကိုင်စွဲထားလေသည်။ ထိုမျှမက ချင်တိုင်းပြည်၏ နိုင်ငံတော်အင်အားသည် ယခုလက်ရှိတွင် ထွန်းလင်းတောက်ပနေပြီး ချီတိုင်းပြည်၊ ကျောက်တိုင်းပြည်တို့နှင့် စစ်ပွဲကြီးတစ်ခုကလည်း မကြာမီ ဖြစ်ပွားတော့မည်ဖြစ်သည်။ စစ်သည်တော်များသည် နယ်စပ်သို့သွားကာ ရန်သူများကို သတ်ဖြတ်ပြီး စွမ်းဆောင်ရည်မှတ်များ ရှာဖွေရယူရန်ကိုသာ ပိုမိုစိတ်ဝင်စားကြသည်။ ဤအချိန်မျိုးတွင် ပြည်တွင်းစစ်ကို မည်သူက အလိုရှိပါမည်နည်း။ မိမိတို့၏ နိုင်ငံသားအချင်းချင်းအပေါ် လက်နက်ပြန်လှည့်လိုသူ မည်သူရှိပါမည်နည်း။

ထို့ကြောင့် ရှောင်မို ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားစရာပင်မလိုဘဲ မြေပိုင်ရှင်များစွာသည် မိမိတို့၏ ကိုယ်ပိုင်စစ်သူကြီးများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရလေသည်။ တစ်နှစ်ပင်မပြည့်မီ အချိန်အတွင်း ရှောင်မိုသည် ပြည်တွင်း ပုန်ကန်မှုအားလုံးကို နှိမ်နင်းနိုင်ခဲ့ချေပြီ။

ဤပြည်တွင်းစစ်သည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သော်လည်း ချင်တိုင်းပြည်မှ သာမန်ပြည်သူပြည်သားများအပေါ် သက်ရောက်မှု အလွန်နည်းပါးခဲ့ပြီး နှစ်ဖက်စလုံးတွင် သေဆုံးဒဏ်ရာရမှု နည်းပါးခဲ့သည်။ မည်သို့ပင်ဖြစ်စေ စစ်သည်တော်များစွာသည် ရှောင်မိုကို မြင်တွေ့လိုက်ရသည်နှင့် တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားခဲ့ကြသောကြောင့်ပင်။

ချင်စီယောင်သည်လည်း ဤအခွင့်အရေးကို အသုံးချကာ နန်းတွင်း၌ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခဲ့လေ၏။ ရှောင်မိုမှလွဲ၍ ဒေသအသီးသီးရှိ မြေပိုင်ရှင်များ၏ စစ်ရေးအာဏာများကို ပြင်းပြင်းထန်ထန် ကန့်သတ်ပစ်လိုက်သည်။

မြေပိုင်ရှင် ပြည်နယ်များ၏ ဘဏ္ဍာရေးကိုလည်း မြို့တော်မှသာ ထိန်းချုပ်စီမံရမည်ဖြစ်သည်။ အဆင့်မြင့် အရာရှိများကို နန်းတော်မှသာ စေလွှတ်ရမည်ဖြစ်ပြီး မိမိသဘောဖြင့် လွတ်လပ်စွာ ခန့်အပ်ခွင့်ကို ခွင့်မပြုတော့ပေ။

ထို့အပြင် ချင်တိုင်းပြည်ရှိ မြင့်မြတ်သော မိသားစုများ၏ မှူးမတ်ဘွဲ့တံဆိပ်များကို မျိုးဆက်နှစ်ဆက်တိုင်သာ အမွေဆက်ခံခွင့် ပြုတော့သည်။ မှူးမတ်များနှင့် နန်းတွင်းအရာရှိများ ပိုင်ဆိုင်သော မြေများအတွက် အခွန်ကင်းလွတ်ခွင့်များကိုလည်း လုံးဝရုပ်သိမ်းလိုက်ပြီး ၎င်းတို့ကို သာမန်ပြည်သူများနှင့် တန်းတူ အခွန်ကောက်ခံလေတော့သည်။

နန်းတွင်း၌ အရာရှိသစ်များကို ရွေးချယ်ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ချင်စီယောင်က ဒေသခံအရာရှိများ သို့မဟုတ် ဗဟိုမှ သတ်မှတ်ထားသော ဝန်ထမ်းများက စစ်ဆေးထောက်ခံမှုမှတစ်ဆင့် အရည်အချင်းရှိသူများကို ရာထူးအတွက် ရွေးချယ်ပေးသည့် ချာကျွီး (ထောက်ခံစာစနစ်) ကို အကောင်အထည်ဖော်ခဲ့လေသည်။

ထောက်ခံတင်ပြသော ပါရမီရှင် အရေအတွက်ကို နှစ်စဉ် ကန့်သတ်ထားပြီး ထောက်ခံခံရသူများကို အဆုံးတွင် ချင်တိုင်းပြည်ရဲ့ဘုရင် က ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးအကဲဖြတ်ရမည်ဖြစ်သည်။

ထို့အပြင် ချင်တိုင်းပြည်သည် နှစ်စဉ် အဆင့်ဆင့်သော စာမေးပွဲ သုံးကြိမ်ကို ကျင်းပမည်ဖြစ်သည်။ စာမေးပွဲ အကြောင်းအရာများမှာ ကွန်ဖြူးရှပ်၊ ဥပဒေရေးရာ၊ တာအို၊ မော့သီ၊ စစ်ရေးဗျူဟာ နှင့် စိုက်ပျိုးရေးပညာရပ်များကို အဓိက အာရုံစိုက်ထားလေ၏။

စာမေးပွဲသုံးခုစလုံးကို အောင်မြင်သော ပညာရှင်များသည် ဧကရီနှင့် တွေ့ဆုံရန် နန်းတော်အတွင်းသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ချင်တိုင်းပြည်ရဲ့ဘုရင် ထံမှ တရားဝင် ရာထူးဘွဲ့တံဆိပ်များ ချီးမြှင့်ခံရခြင်း သို့မဟုတ် နောင်တစ်ချိန်တွင် ရာထူးခန့်အပ်ခံရခြင်းတို့ ဖြစ်လာပေမည်။

ချင်စီယောင်၏ လုပ်ရပ်များသည် မြင့်မြတ်သော မိသားစုများစွာ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့သည်။ မည်သို့ဆိုစေ ရာထူးနေရာများက အကန့်အသတ်နှင့်သာ ရှိပြီး အခြားသူများက နေရာယူသွားပါက မိမိတို့၏ မျိုးနွယ်စုများ မည်သို့ဖြစ်သွားမည်နည်း။

ထို့ကြောင့် အမတ်များက တစ်ဦးပြီးတစ်ဦး အကြံပေးချက်များနှင့် ကန့်ကွက်လွှာများကို တင်သွင်းလာကြသည်။ သူတို့၏အမြင်တွင် အမျိုးသမီးများဟူသည် မွေးရာပါ အားနည်းသူများဖြစ်ကြပြီး၊ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသော ချင်စီယောင်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

သူတို့သာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါက ချင်စီယောင်သည် သူမ၏အမိန့်ကို သေချာပေါက် ရုပ်သိမ်းလိမ့်မည်ဟု သူတို့က ယုံကြည်ထားကြ၏။ သို့သော် ချင်စီယောင်သည် ဤနန်းတွင်းအရာရှိများနှင့် မြင့်မြတ်သော မိသားစုများ၏ အမြင်များကို လုံးဝလျစ်လျူရှုထားခဲ့လေသည်။

ချင်စီယောင်သည် နောက်ဆုတ်မသွားသည့်အပြင် ထင်ရှားသော ကန့်ကွက်သူအချို့ကို ရာထူးချခြင်း သို့မဟုတ် တိုက်ရိုက်ထုတ်ပယ်ခြင်းများပင် ပြုလုပ်ခဲ့သည်။ ပြည်တွင်း၌ လီကဲ၊ ပိုင်လီရှီ နှင့် ကျန်းရှူ တို့က ချင်စီယောင်၏ ဆုံးဖြတ်ချက်များကို ထောက်ခံအားပေးကြသည်။

ပြင်ပတွင်လည်း ရှောင်မို၏ မြောက်ပိုင်းတပ်မတော်က အခိုင်အမာ ရပ်တည်ပေးထားပြီး မြောက်ပိုင်းမှ စစ်ဘက်ဆိုင်ရာ အရာရှိများကို ချင်တိုင်းပြည်၏ နေရာအနှံ့အပြားသို့ စေလွှတ်ဖြန့်ကျက်ထားလေသည်။ ရှောင်မိုသည် မကြာသေးမီကပင် မြေပိုင်ရှင်များနှင့် မှူးမတ်များစွာကို ကွပ်မျက်ခဲ့သေးသည် မဟုတ်ပါလော။

အဆုံးတွင် ဤမြင့်မြတ်သော မိသားစုများသည် နှာခေါင်းပိတ်ကာ မကျေမနပ်ဖြင့်သာ လက်ခံလိုက်ရတော့သည်။ အနည်းဆုံးတော့ ထောက်ခံစာစနစ်နှင့် နန်းတွင်းစာမေးပွဲစနစ်တို့မှတစ်ဆင့် နှစ်စဉ်ခန့်အပ်သော အရာရှိအရေအတွက်မှာ နည်းပါးလှပြီး ၎င်းတို့၏ အခြေခံအုတ်မြစ်များကို လှုပ်ခါနိုင်စွမ်း မရှိသေးကြောင်း တွေးတောကာ မိမိတို့ကိုယ်မိမိ ဖြေသိမ့်နိုင်ခဲ့ကြသည်။

မကြာမီမှာပင် နောက်ထပ်တစ်နှစ် ကုန်လွန်သွားခဲ့ချေပြီ။ ထောက်ခံစာစနစ်နှင့် နန်းတွင်းစာမေးပွဲစနစ်မှတစ်ဆင့် နန်းတော်အတွင်းသို့ ဝင်ရောက်လာသော ပထမဆုံး အရာရှိအသုတ်ကို ချင်စီယောင်က ကြီးကြီးမားမား အသုံးချနေပြီဖြစ်လေ၏။

ဤကိစ္စသည် ပြည်သူများအကြား ကြီးမားလှသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ လမ်းကြောင်းသစ်များမှတစ်ဆင့် အရာရှိ ခုနစ်ဆယ်ခန့်သာ နန်းတော်သို့ ဝင်ရောက်နိုင်ခဲ့ပြီး အများစုမှာ အောက်ခြေမှ စတင်ခဲ့ရသည်ဆိုသော်ငြားလည်း။

အနည်းဆုံးတော့ စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်ခြင်းအပြင် သာမန်ပြည်သူများ တိုးတက်ကြီးပွားနိုင်မည့် နောက်ထပ်လမ်းကြောင်းတစ်ခု ရှိနေသေးကြောင်း ပြသလိုက်နိုင်ပေသည်။

ထို့အပြင် ချင်စီယောင် ရာထူးရယူထားသော နှစ်နှစ်တာကာလအတွင်း သူမသည် တိုင်းပြည်ရေးရာများကို ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပြီး၊ ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းကာ၊ စက်မှုနှင့် စိုက်ပျိုးရေးကို အလေးထားပြီး၊ ပညာရေးကိုလည်း ဦးစားပေးခဲ့လေသည်။ ပြည်သူများသည် ၎င်းတို့၏ဘဝများ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာသည်ကို ခံစားသိရှိနိုင်ကြသည်။

ဤအရာက ချင်စီယောင်အတွက် ထင်ရှားသော ဂုဏ်သတင်းကို တည်ဆောက်ပေးနိုင်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ တတိယမင်းသမီး တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါ့မလား ဟု စိုးရိမ်နေကြသော ပြည်သူများ၏ အသံများသည်လည်း တဖြည်းဖြည်း နည်းပါးသွားခဲ့လေတော့သည်။

လူအများအပြားက နန်းတွင်း၌ ဧကရာဇ်မင်းသမီး၊ နန်းပြင်၌ ဆီးနှင်းမင်းသား ဟူသော စကားစုကိုပင် စတင်အသုံးပြုလာကြလေသည်။

ချင်တိုင်းပြည်သည် တစ်နေ့တခြား ပိုမိုတည်ငြိမ်လာသည်နှင့်အမျှ ရှောင်မိုသည်လည်း မိမိဘက်မှ လုံလောက်စွာ ပြင်ဆင်ပြီးပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ နယ်စပ်သို့သွားကာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဤစစ်ပွဲကြီးများကို အဆုံးသတ်ရမည့်အချိန် ရောက်ရှိလာပြီဖြစ်ပေသည်။

ရှောင်မို မထွက်ခွာမီ လိုအပ်သော အစီအစဉ်အားလုံးကို ပြင်ဆင်ထားခဲ့သည်။ သို့သော် ရှောင်မို စိတ်မချနိုင်သော တစ်ခုတည်းသောအရာမှာ သူ၏မိခင်ပင် ဖြစ်လေသည်။

ပြီးခဲ့သည့်နှစ်မတိုင်မီ နှစ်ကတည်းကပင်။ မိခင်ဖြစ်သူ၏ ကျန်းမာရေးသည် တဖြည်းဖြည်း ဆိုးရွားလာပြီး မကြာခဏ ဖျားနာတတ်ကြောင်း ရှောင်မို သတိပြုမိခဲ့သည်။ ဆေးပညာကျောင်းတော်မှ ကျင့်ကြံသူများက သူမကို အကြိမ်ကြိမ် စစ်ဆေးပေးခဲ့သော်လည်း မိခင်ဖြစ်သူမှာ အသက်အရွယ်ကြီးရင့်ပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းနေသောကြောင့် သေမျိုးများအသုံးပြုသော ဆေးညွှန်းများကိုသာ အများဆုံး အားထားနေရလေသည်။

မိခင်၏ ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေရန်နှင့် စိုးရိမ်ကြောင့်ကြမှုကြောင့် ကျန်းမာရေးထိခိုက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ရှောင်မိုနှင့် ချင်စီယောင်တို့က သူမကို အကြိမ်ကြိမ် နားချခဲ့ရာ အဆုံးတွင် ကျိုးရူရှီးကို ရှောင်မိသားစု၏ ကိစ္စရပ်များမှ လက်လွှတ်အနားယူရန် သဘောတူစေခဲ့သည်။

ကျိုးရူရှီးသည် အမည်ခံအားဖြင့် ရှောင်အိမ်တော်၏ သခင်မအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သော်လည်း ရှောင်မိုက ရှောင်ရှောင်ယွဲ့ ဟုခေါ်သော အဒေါ်ဖြစ်သူကို ကိစ္စရပ်အားလုံးအား ကိုင်တွယ်စီမံခိုင်းထားလေသည်။ ကြီးမားသော ပြဿနာရပ်များပေါ်လာမှသာ ကျိုးရူရှီး၏ ဆုံးဖြတ်ချက်ကို တောင်းခံရပေမည်။

ဒုတိယလ၏ စတုတ္ထမြောက်နေ့၊ ယခုနှစ်၏ နွေဦးရာသီ အစ။ ထုံးစံအတိုင်းပင် ကောင်းကင်ယံ၌ အလင်းရောင် စတင်လင်းလက်လာသည်နှင့် ချင်စီယောင်သည် အိပ်ဆောင်အတွင်းမှ ထလာခဲ့လေ၏။

မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် ချင်စီယောင် အိပ်ဆောင်ထဲမှ ထွက်လာရာ သူမရှေ့တွင် ရပ်နေသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ သူမရှေ့ရှိ အမျိုးသားကို ကြည့်ရင်း ချင်စီယောင်၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားကာ သူမ၏ လက်သီးဆုပ်လေးများက ဝတ်ရုံလက်ကို အလိုအလျောက် ဆုပ်ကိုင်မိသွားလေသည်။

သူမ နန်းတက်ပြီးကတည်းက သူသည် နန်းတွင်းဆောင်ဆီသို့ တစ်ခါမှ လာရောက်ခဲ့ခြင်း မရှိချေ။ ယခု သူမကို လာရောက်တွေ့ဆုံရခြင်းအကြောင်းကို ချစ်ရသူ၏ ရည်ရွယ်ချက်အဖြစ် ချင်စီယောင်က မည်သို့များ နားမလည်ဘဲ နေပါမည်နည်း။

"ရှင်... ထွက်သွားတော့မလို့လား"

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ချင်စီယောင်က ဖြည်းညင်းစွာ နှုတ်ခမ်းဟလာသည်။

"ဟုတ်ပါတယ်၊ သွားရမယ့်အချိန် ရောက်ပါပြီ"

ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။ "အခု နယ်စပ်မှာ ဖိအားတွေက အရမ်းကြီးမားနေပြီ။ ကိုယ်တို့ရဲ့ ချင်တိုင်းပြည်ကလည်း အပြည့်အဝ ပြင်ဆင်ပြီးနေပါပြီ။ ဒီနေ့အထိ ကြာရှည်နေခဲ့တဲ့ စစ်ပွဲကြီးကို အဆုံးသတ်ရမယ့်အချိန် ရောက်လာပါပြီ။ ဒီနေ့ ကျွန်တော်မျိုး ရောက်လာရတာက ဧကရီကို နှုတ်ဆက်ဖို့ပါပဲ"

ရှောင်မို၏စကားများကို နားထောင်ရင်း ချင်စီယောင်၏ ချယ်ရီနှုတ်ခမ်းလေးများ အနည်းငယ်ပွင့်ဟသွားကာ တစ်စုံတစ်ရာကို ပြောဆိုလိုဟန်ရှိသော်လည်း ဖြည်းညင်းစွာ ပြန်ပိတ်သွားခဲ့သည်။

"ကျွန်မ... ရှင်သွားမယ့်လမ်းကို လိုက်ပို့ပေးပါ့မယ်"

ချင်စီယောင်က အဆုံးတွင် ပြောလိုက်လေသည်။

"ကောင်းပါပြီ"

ရှောင်မိုက မှေးမှိန်စွာ ပြုံးလိုက်ပြီး မငြင်းပယ်ခဲ့ပေ။ ထို့နောက် သူတို့နှစ်ဦးသည် နန်းတွင်းလမ်းမတစ်လျှောက် ယှဉ်တွဲလျှောက်လှမ်းကာ နန်းတော်အပြင်ဘက်ဆီသို့ ဦးတည်သွားကြလေ၏။

ချင်စီယောင်က တမင်သက်သက် အလွန်နှေးကွေးစွာ လျှောက်လှမ်းနေသည်။ ရှောင်မိုကလည်း အလျင်မလိုဘဲ သူမ၏ခြေလှမ်းများနှင့် အလိုက်သင့် ညှိကာ လိုက်ပါလျှောက်လှမ်းပေးနေလေသည်။

"ဒီနေ့ မြို့တော်ကနေ ကျွန်တော်မျိုး ထွက်ခွာသွားပြီးတဲ့နောက်မှာ မြို့တော်ဂိတ်တံခါးလေးခုရဲ့ ကာကွယ်ရေးတာဝန်ကို ဟေးတာ့နျူ၊ ရွှီယုံရှန်း၊ ရှောင်ကွေ့ နဲ့ ရှောင်တာ့ဟိုင် တို့ဆီကို ဧကရီ လွှဲပြောင်းပေးအပ်ထားနိုင်ပါတယ်။ သူတို့လေးယောက်က ဧကရီအပေါ်မှာ လုံးဝကို သစ္စာရှိကြပါလိမ့်မယ်။ ဒါကြောင့် စိတ်ချလက်ချနေပါ"

လမ်းလျှောက်နေစဉ် ရှောင်မိုက သူ၏ နောက်ဆုံးပြင်ဆင်မှုများအကြောင်းကို ပြောပြနေလေ၏။

"ဒါ့အပြင် ကျွန်တော်မျိုးက လျန်လီကို မြို့တော်မှာ ချန်ထားရစ်ခဲ့ပါတယ်။ နန်းတွင်းကိုယ်ရံတော်အဖွဲ့ကနေ ဟေးတာ့နျူကို ပြောင်းရွှေ့လိုက်ပြီးတဲ့နောက်မှာ လျန်လီက နန်းတွင်းကိုယ်ရံတော်တွေကို ဦးဆောင်ပေးနိုင်ပါတယ်။ အကယ်၍ ဧကရီမှာ ကိစ္စရပ်တွေရှိလာရင် သူ့ကို တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

လီကဲ၊ ပိုင်လီရှီ နဲ့ ကျန်းရှူ တို့ကလည်း ယုံကြည်စိတ်ချရတဲ့ အမတ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ နှလုံးသားတွေက ချင်တိုင်းပြည်အတွက် သီးသန့်ဖြစ်ပြီး ကွယ်လွန်သွားတဲ့ ဧကရာဇ်မင်းမြတ်အပေါ်မှာလည်း ကျေးဇူးကြွေးတွေ တင်နေကြတာမို့ ဧကရီကို သူတို့စွမ်းနိုင်သမျှ အကောင်းဆုံး ကူညီပံ့ပိုးပေးကြမှာ သေချာပါတယ်။

မြောက်ပိုင်းလူသူကင်းမဲ့ဒေသမှာ ဖုန်းဆိုးမျှော်စင်လို့ခေါ်တဲ့ သတင်းအချက်အလက် စုံစမ်းရေးအဖွဲ့အစည်းတစ်ခု ရှိပါတယ်။ ဖုန်းဆိုးမျှော်စင်ရဲ့ သခင်ဖြစ်တဲ့ ချိုးဝမ်ကလည်း မြို့တော်ကို ရောက်ရှိနေပါပြီ။

ဖုန်းဆိုးမျှော်စင်ရဲ့ သူလျှိုတွေက အမတ်တွေကို စောင့်ကြည့်ဖို့ ဧကရီကို ကူညီပေးပါလိမ့်မယ်။ ပြီးတော့ ချိုးဝမ်က သတ်မှတ်ထားတဲ့ အမတ်အချို့ရဲ့ လှုပ်ရှားမှုတွေကို ဧကရီဆီ နေ့စဉ် သတင်းပို့ပေးပါလိမ့်မယ်။

စစ်ပွဲကြီးဖြစ်ပွားနေချိန်မှာ ဧကရီ လုပ်ဆောင်သမျှအရာရာတိုင်းက နန်းတွင်းတည်ငြိမ်ရေးကိုသာ ဦးစားပေးသင့်ပါတယ်။ အရာရှိသစ်တွေနဲ့ မှူးမတ်ဟောင်းတွေကြားက ပဋိပက္ခတွေကို ဧကရီ အနည်းငယ် ဝင်ရောက်ဖြန်ဖြေပေးနိုင်ပေမယ့်၊ ဒီပြဿနာကို ပိုဆိုးလာအောင်တော့ မလုပ်သင့်ပါဘူး"

"ကျွန်မ နားလည်ပါပြီ"

ချင်စီယောင်က ခေါင်းညိတ်လိုက်သည်။

"ယောက္ခမကြီးနဲ့ ပတ်သက်ပြီးတော့ ကျွန်မ ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်နိုင်အောင် နန်းတော်ထဲ ပြောင်းနေဖို့ ထပ်ပြီး နားချကြည့်ပါ့မယ်။ အကယ်၍ ယောက္ခမကြီးက ထပ်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင်လည်း ကျွန်မ မကြာခဏ သွားတွေ့ပေးပါ့မယ်။ နန်းတွင်းသမားတော်တွေကိုလည်း အိမ်တော်မှာ အသင့်နေခိုင်းထားပေးမယ်လေ။ ခင်ပွန်း... ရှင် စိတ်ချလက်ချထားလို့ ရပါတယ်"

"ဧကရီ ရှိနေတာမို့ ကျွန်တော်မျိုး စိတ်သက်သာရာ ရပါပြီ"

ရှောင်မိုက အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။

"ဒါပေမယ့်..."

ရှောင်မိုက လမ်းလျှောက်နေမှုကို ရပ်တန့်လိုက်ပြီး သူချစ်ရသော အမျိုးသမီးကို ငေးကြည့်လိုက်သည်။

"အကယ်၍ ကျွန်တော်မျိုး ပြန်မလာနိုင်ခဲ့ရင် ဧကရီ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ မြောက်ပိုင်းလူသူကင်းမဲ့ဒေသနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးအတွက် ကျွန်တော် အစီအစဉ်တွေ ချမှတ်ထားပြီးပါပြီ။ အဲဒီအချိန်ကျရင်..."

ရှောင်မို၏စကား တစ်ဝက်တစ်ပျက်အရောက်တွင် ချင်စီယောင်က သူမ၏ လက်ချောင်းလေးတစ်ချောင်းကို ဆန့်ထုတ်ကာ ရှောင်မို၏ နှုတ်ခမ်းများပေါ်သို့ ညင်သာစွာ ဖိကပ်လိုက်လေတော့သည်။

ချင်စီယောင်သည် သူမ၏ လှပသောဦးခေါင်းလေးကို မော့ကာ သူမရှေ့မှ လူသားကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်ချေပြီ။

"အကယ်၍ ဆိုတာ မရှိရဘူး"

"အဲဒီအချိန်ကျရင် ဆိုတဲ့ စကားလည်း မလိုပါဘူး"

"ခင်ပွန်းက ဒါလေးကိုပဲ မှတ်ထားဖို့ လိုတယ်"

"ရှင့်ရဲ့ဇနီးက..."

"ခင်ပွန်း ပြန်အလာကို ထာဝရ စောင့်မျှော်နေပါ့မယ်"

All Chapters