အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) ကျိုးယွဲ့နည်းပညာကုမ္ပဏီ အကြောင်း မင်း ကြားဖူးလား
"ဟမ်..."
ဤစကားကို ကြားချိန်တွင် လီဝေ အံ့အားသင့်သွားရပေ၏။
'ယွမ် ၂၅ သန်းလား... ဒီကောင်က ဈေးတောင်မဆစ်ဘဲ ချက်ချင်း ပိုက်ဆံပေးချင်နေတာလား...'
"ဒါက ဘာအဓိပ္ပာယ်လဲ..."
"ငါတောင်မှ အခုချိန်မှာ ယွမ် သန်းနှစ်ဆယ့်ငါးဆယ်ကို မထုတ်ပေးနိုင်တာကို ဒီကောင်က ချက်ချင်း ငွေချေခိုင်းနေတယ်ပေါ့... ဒါက ကြီးမားတဲ့ ကြွားလုံးထုတ်မှုကြီး မဟုတ်ဘူးလား..."
"ဒါ့အပြင် ချန်ဟိုင်ရဲ့ အားနည်းချက်ကို အမိအရဖမ်းပြီး ဈေးကို ယွမ် ဆယ့်ငါးသန်းအထိ နောက်ဆုံးတော့ သူ လျှော့ချနိုင်ခဲ့တာလေ... ဒီကောင်ရဲ့ စကားက ပါးဖြတ်ရိုက်လိုက်တာနဲ့ မတူဘူးလား..."
"ဟက်... မင်းက တကယ်ပဲ ယွမ် သန်းနှစ်ဆယ့်ငါးဆယ်ကို ထုတ်ပေးနိုင်တယ်ပေါ့လေ..."
"ဒါက ရယ်စရာကောင်းလွန်းတယ်..."
"ငါ ဒီနေ့ ဒီနေရာမှာပဲ ရှိနေမှာပါ... ဒီလောက်များတဲ့ ပိုက်ဆံကို မင်း တကယ် ထုတ်ပေးနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့..."
"ပြီးတော့ ဦးလေးချန်... ခုနက ဦးလေး မျက်နှာကို ထောက်လို့သာ ကျွန်တော်က ယွမ် ၁၅ သန်းပေးတာ... ကျွန်တော့်အကြောင်း ဦးလေး သိပါတယ်... ကျွန်တော်က ယွမ် ၁၅ သန်းကို သေချာပေါက် ထုတ်ပေးနိုင်တယ်..."
"ဒါပေမဲ့ တကယ်လို့ ဦးလေးက သူ့ကို အရင် သဘောတူလိုက်မယ်ဆိုရင်တော့ ကျွန်တော်က ယွမ် ၁၅ သန်းကို ပေးမှာ မဟုတ်တော့ဘူးနော်... ဦးလေး သိတဲ့အတိုင်းပဲ... အခုချိန်မှာ စီးပွားရေးက ခက်ခဲနေပြီး လူတိုင်းရဲ့ ပိုက်ဆံကလည်း ပိုက်ဆံပါပဲ..."
"ဘယ်လိုပဲဖြစ်ဖြစ် အိမ်က ဦးလေးအိမ်ပါပဲ... ဦးလေးဘာသာ ဆုံးဖြတ်ပါ..." လီဝေက ခနဲ့တဲ့တဲ့ အပြုံးဖြင့် ပြောဆိုလိုက်သည်။
ချန်ဟိုင်က အိမ်ကို ရောင်းချင်နေကြောင်း သူ မြင်တွေ့ရပြီး စုယွမ်က ထိုမျှများပြားသော ငွေကြေးကို ထုတ်ပေးနိုင်မည် မဟုတ်ကြောင်းကိုလည်း သေချာနေသောကြောင့် သူက ဈေးနှိမ်ရန် အခွင့်အရေး ယူနိုင်ခဲ့ခြင်း ဖြစ်ပေ၏။
ခဏတာမျှ လီဝေသည် အလွန်အမင်း ထက်မြက်လှသည်ဟု ခံစားလိုက်ရလေသည်။
လီဝေ၏ စကားများကို နားထောင်ရင်း ချန်ဟိုင် မျက်မှောင်ကြုတ်သွားသည်။ သူသည် လီဝေကဲ့သို့သော မည်သည့်စွမ်းဆောင်ရည်မှ မရှိဘဲ ဘက်လိုက်တတ်သော အမြင်များသာ ရှိသူများကို အထင်သေးပေ၏။
"မစ္စတာစု... ဟုတ်တယ်မလား... မင်းက တစ်ခါတည်းနဲ့ အပြတ်ချေပေးနိုင်တယ်ဆိုတာ သေချာရဲ့လား..." ချန်ဟိုင်က မေးမြန်းလိုက်သည်။
"ဦးလေးကိုယ်တိုင်က ဒီလိုပြောနေမှတော့ သေချာပေါက် ဖြစ်နိုင်တာပေါ့..."
"ဒါပေမဲ့ ကျွန်တော် ပိုက်ဆံမချေခင် မေးချင်တာလေးတစ်ခု ရှိတယ်... အိမ်ထဲမှာရှိတဲ့ ဒီပန်းချီကားတွေနဲ့ လက်ရေးလှစာလိပ်တွေ အားလုံးကို ထုပ်ပိုးပြီး ရွှေ့ပြောင်းသွားမှာ မဟုတ်ဘူးမလား..." စုယွမ်က မေးမြန်းလိုက်၏။
စုယွမ်က လိမ်လည်နေပုံ မပေါ်သည်ကို မြင်ချိန်တွင် ချန်ဟိုင်က ပြန်လည်ဖြေကြားလိုက်သည်။
"ဒီပန်းချီကားတွေနဲ့ လက်ရေးလှစာလိပ်တွေက အဆင့်နိမ့် ပစ္စည်းတချို့ပါပဲ... ပြီးတော့ အများစုက အတုတွေလေ... မူလကတော့ ငါလည်း ထုပ်ပိုးပြီး ရွေ့ပစ်မလို့ပါပဲ... ဒါပေမဲ့ တကယ်လို့ မစ္စတာစုက သဘောကျတယ်ဆိုရင် ငါက အဲဒါတွေကို မင်းအတွက် လက်ဆောင်အဖြစ် ပေးနိုင်ပါတယ်..."
ချန်ဟိုင်သည် ဤပန်းချီကားများနှင့် လက်ရေးလှစာလိပ်များ၏ တန်ဖိုးကို သိရှိပေသည်။ ၎င်းတို့ အားလုံးသည် တန်ဖိုးမရှိသော ပစ္စည်းများသာ ဖြစ်၏။
"သေချာတာပေါ့... ဒီမှာ နာမည်ကြီး ပန်းချီကားတွေ ဒါမှမဟုတ် လက်ရေးလှစာလိပ်တွေဆိုလို့ တစ်ခုမှ မရှိပါဘူး..."
ချန်ဟိုင်က ပြုံးလိုက်သည်။ အကယ်၍ နာမည်ကြီး အနုပညာရှင်များ၏ စစ်မှန်သော လက်ရာများသာ ဤနေရာတွင် ရှိနေပါက သူ၏အိမ်ကို ရောင်းချနေရန် လိုအပ်မည် မဟုတ်ချေ။
"ရပါတယ်... ကျွန်တော်က ဒီပန်းချီကားတွေနဲ့ လက်ရေးလှစာလိပ်တွေကို အလှဆင်ဖို့ သုံးချင်ရုံပါ... ဒီမှာရှိနေပြီဆိုတော့ အဲဒါတွေကို ဝယ်ဖို့ အချိန်ကုန်ခံနေစရာ မလိုတော့ဘူးပေါ့..."
ချန်ဟိုင်က ပန်းချီကားများနှင့် လက်ရေးလှစာလိပ်များကို မလိုချင်ကြောင်း သိရှိသွားပြီးနောက် စုယွမ်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းက ထန်ပေါ်ဟူ၏ စစ်မှန်သောပန်းချီကား ပင်တည်း။ အကယ်၍ လေလံတင်ရောင်းချမည်ဆိုပါက ယွမ် သန်း ၂၀၀ တန်ကြေးရှိပေလိမ့်မည်။
"မစ္စတာချန်... တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ အခုပဲ အရောင်းအဝယ်ကို ဆက်လုပ်လို့ ရပါပြီ..." စုယွမ်က အရာအားလုံးကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြီးမြောက်ချင်ခဲ့ပြီး နောက်ထပ် ရှုပ်ထွေးမှုများကို မလိုချင်တော့ချေ။
"ရပါတယ် မစ္စတာစု... ဒါပေမဲ့ ငါတို့ အရောင်းအဝယ် မလုပ်ခင် ငါ့မှာ တောင်းဆိုစရာ နောက်တစ်ခု ရှိသေးတယ်... မင်း နားထောင်ပေးနိုင်မလား မသိဘူး..." ချန်ဟိုင်က သူ၏နံဘေးရှိ ဝတ်စုံပြည့် အိမ်တော်ထိန်းအား တစ်ချက်ကြည့်ရင်း ပြောဆိုလိုက်သည်။
"အိုး... မစ္စတာချန်... ဘာဖြစ်လို့လဲဆိုတာသာ ပြောပါ... တကယ်လို့ ကျွန်တော် ကူညီနိုင်ရင် သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး..." စုယွမ်က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။
"တကယ်တော့ အဲဒါက ငါ့ရဲ့ ပြဿနာမဟုတ်ပါဘူး... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက ငါ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ပြဿနာတချို့နဲ့ ကြုံတွေ့နေရတယ်... ဒါက ငါနဲ့အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ငါ့ရဲ့ အိမ်တော်ထိန်း လီဟူ ပါ... ပြီးတော့ သူက ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ပါ... သူက ဒီမှာ မစ္စတာစုရဲ့ အိမ်တော်ထိန်း အဖြစ် ဆက်လုပ်ခွင့်ရမလားလို့ သိချင်မိတယ်... ပြီးတော့ သူက မင်းအတွက် တစ်ခါတလေ ကားမောင်းပေးနိုင်ပါတယ်..." ချန်ဟိုင်က ပြောဆိုလိုက်သည်။
ထို့နောက် စုယွမ်သည် လီဟူထံသို့ အကြည့်လွှဲလိုက်သည်။ အခန်းထဲသို့ ဝင်လာသည့် အချိန်မှစ၍ သူက သာမန်လူတစ်ယောက် မဟုတ်ဘဲ အမှန်တကယ်ပင် အရည်အချင်းရှိသူ တစ်ဦးဖြစ်ကြောင်း သူ ပြောနိုင်ပေ၏။ သူသည် မောက်မာခြင်း မရှိသကဲ့သို့ နှိမ့်ချခြင်းလည်း မရှိပေ။ ထို့အပြင် သူ၏ စိတ်ခံစားမှု အပြောင်းအလဲကို ပိုင်းခြားသိမြင်နိုင်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်သလောက်ပင်။
ဤမျှ ကြီးမားသော ဗီလာကြီးကို ပုံမှန် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ အတော်လေး ဒုက္ခများလှသော်လည်း ၎င်းကို စီမံခန့်ခွဲရန် အိမ်တော်ထိန်း တစ်ဦးသာ ရှိနေပါက အများကြီး ပို၍ လွယ်ကူသွားပေလိမ့်မည်။
"ကောင်းပြီ... မစ္စတာချန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... ဒီဗီလာကလဲ အိမ်တော်ထိန်းလီလို အိမ်တော်ထိန်းမျိုးကို လိုအပ်နေတာပါပဲ.." စုယွမ်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်လေသည်။
ဤစကားကို ကြားချိန်တွင် ချန်ဟိုင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘေးတွင် ရပ်နေသော လီဟူကလည်း အလွန်အမင်း ကျေးဇူးတင်နေကာ ချန်ဟိုင်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"ကောင်းပါပြီ... အရမ်းကျေးဇူးတင်ပါတယ် မစ္စတာစု... ဒီကျေးဇူးကို ဆပ်တဲ့အနေနဲ့ ယွမ် ၂၅ သန်း ကနေ ယွမ် နှစ်သန်း လျှော့ပေးပါ့မယ်... အခု မင်းက ယွမ် ၂၃ သန်းပဲ ပေးဖို့ လိုတော့တယ်..." ချန်ဟိုင်သည် ကပ်စေးနှဲတတ်သူတစ်ယောက် မဟုတ်သဖြင့် သူက ချက်ချင်းပင် ယွမ် နှစ်သန်း လျှော့ပေးရန် ကမ်းလှမ်းလိုက်ပေသည်။
"ကောင်းပါပြီ... အရောင်းအဝယ်ကို အခုပဲ စလိုက်ကြတာပေါ့..." စုယွမ် စကားပြောဆိုပြီးနောက် သူတို့နှစ်ဦးသည် စာရွက်စာတမ်း အချို့ကို စတင် လက်မှတ်ရေးထိုးကြလေသည်။
မကြာမီမှာပင် ယွမ် သန်းနှစ်ဆယ့်သုံးသန်းဟူသော ငွေကြေးအမြောက်အမြားသည် ချန်ဟိုင်၏ အကောင့်ထဲသို့ ဝင်ရောက်သွားခဲ့၏။
"မစ္စတာစု... ငွေရပါပြီ... အိမ်က အခု မင်းပိုင်သွားပြီ..." ချန်ဟိုင်က ပြုံးလျက် ပြောဆိုလိုက်သည်။
ဤသည်ကို မြင်ချိန်တွင် လီဝေသည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်ရာ သူ၏ ယခင်က အထင်သေးနေသော အမူအရာသည် ကြီးမားသော အံ့အားသင့်မှုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"ဒီကောင်လေးက တကယ်ပဲ အောင်မြင်သွားတာလား..."
"သူ့ဆီမှာ ဒီလောက်များတဲ့ ငွေသား ရှိမနေသင့်ဘူး မဟုတ်လား..."
"ဘယ်လိုလုပ်ပြီး သူက ယွမ် ၂၃ သန်းကို ချက်ချင်း ထုတ်ပေးလိုက်နိုင်ရတာလဲ..."
"ဘုရားရေ..."
"အဲဒါက ငါ အဖိုးကို ပေးမယ့် လက်ဆောင်က အခု အလဟဿ ဖြစ်သွားပြီလို့ ဆိုလိုတာလား..."
"အဲဒီလိုတော့ အဖြစ်ခံလို့ မရဘူး..."
လီဝေသည် ထိုနေရာတွင် ရပ်နေပြီး ချန်ဟိုင် ထွက်သွားသည်အထိ သူ၏ မျက်လုံးများကို ဟိုဟိုဒီဒီ ကစားနေခဲ့လေ၏။
စုယွမ်၏ နုပျိုသော မျက်နှာကို ကြည့်ရင်း သူ့ထံတွင် အကြံကောင်းတစ်ခု ရုတ်တရက် ရရှိသွားခဲ့သည်။
"မစ္စတာစု... ဟုတ်တယ်မလား..."
"မင်းက ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းက ဘယ်လုပ်ငန်းမှာ အလုပ်လုပ်လဲဆိုတာ မေးခွင့်ပြုပါ..." လီဝေက ရှေ့သို့ တစ်လှမ်းတိုးလာပြီး ဖော်ရွေသော အမူအရာဖြင့် မေးမြန်းလိုက်၏။
"နည်းပညာ လုပ်ငန်းမှာ လုပ်တာပါ..."
"တကယ်လို့ ခင်ဗျားမှာ တခြား လုပ်စရာ ဘာမှ မရှိတော့ဘူးဆိုရင်တော့ ငါ့အိမ်ထဲမှာ ဆက်မနေသင့်တော့ဘူး..."
စုယွမ်က သူ့ကို ထွက်သွားရန် တိုက်ရိုက် ပြောလိုက်လေသည်။
ဤစကားကို ကြားချိန်တွင် လီဝေသည် သဘာဝကျစွာပင် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း စုယွမ်က နည်းပညာ လုပ်ငန်းတွင် အလုပ်လုပ်ကြောင်း သိရှိသွားပြီးနောက် ယုံကြည်မှုရှိသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့ပေ၏။
"အိုး... ဒုက္ခပါပဲ..." လီဝေသည် ကုလားထိုင်တစ်လုံးကို ရှာတွေ့သွားပြီး ခြေချိတ်ကာ ထိုင်ချလိုက်ပြီး သူ၏ အမူအရာမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေကာ စုယွမ်အား ကြည့်လိုက်သည်။
"အိုး... တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့ မိသားစုကလည်း နည်းပညာ လုပ်ငန်းမှာ လုပ်တာလေ..."
"ကျန်းချန်တစ်မြို့လုံးက ဘယ်နည်းပညာ လုပ်ငန်းမှာဆိုရင် ခေါင်းဆောင်လို့တောင် သတ်မှတ်လို့ရတယ်..."
"ကျိုးယွဲ့နည်းပညာကုမ္ပဏီ အကြောင်း မင်း ကြားဖူးလား..."
"နည်းပညာ လုပ်ငန်းမှာ ကျိုးယွဲ့နည်းပညာကုမ္ပဏီ ကို ဘယ်သူမှ မလေးမစား မလုပ်ရဲဘူးလို့ ပြောလို့ရတယ်..."
"မင်းက ဒီအသိုင်းအဝိုင်းထဲမှာ ရှိနေမှတော့ တစ်နေ့ကျရင် ငါ့အကူအညီကို မင်း သေချာပေါက် လိုအပ်လိမ့်မယ်... အခု ငါက မင်းကို ငါ့ဆီကနေ မျက်နှာသာရဖို့ အခွင့်အရေးတစ်ခု ပေးမယ်..."
"ဒီအိမ်ကို ငါက မင်းဆီကနေ အလကား မယူပါဘူး... တစ်ဒေါ်လာ နဲ့ ငါ့ကို ရောင်းလိုက်..."
"သေချာတာပေါ့... နောင်တစ်ချိန်ကျရင် ကျိုးယွဲ့နည်းပညာကုမ္ပဏီ နဲ့ သိကျွမ်းခွင့်ရအောင် မင်းကို ငါ အခွင့်အရေးတစ်ခု ပေးနိုင်တယ်... မင်း ဘယ်လိုထင်လဲ..." လီဝေက ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်၏။
ဤစကားကို ကြားချိန်တွင် စုယွမ်မှာ တကယ်ကို ရယ်ချင်သွားသလို စိတ်ပျက်သွားခဲ့ရသည်။ သူ၏ Ar နည်းပညာကုမ္ပဏီ သည် နိုင်ငံအတွင်း၌ အကျော်ကြားဆုံး နည်းပညာကုမ္ပဏီ ဖြစ်လာတော့မည့် အချက်ကို ဖယ်ထားလိုက်လျှင်ပင် သူ့အတွက် ကျိုးယွဲ့နည်းပညာကုမ္ပဏီ ဆိုသည်မှာ ဘာများလဲ။ ၎င်းက နည်းပညာကုမ္ပဏီအဖြစ် ဟန်ဆောင်ထားသော ဂိမ်းကုမ္ပဏီတစ်ခုမျှသာ မဟုတ်ဘူးလော။ ထို့အပြင် ၎င်း၏ ပိုင်ဆိုင်မှုများသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ဆက်တိုက် ကျဆင်းနေခဲ့ပေ၏။
"ငါက သူ့ကို မျက်နှာသာ ပေးသင့်သေးလို့လား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ..."
"အဲဒါ သိပ်ကောင်းမယ်လို့ ငါ မထင်ဘူး..." စုယွမ်က ပြောဆိုလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလာရာ သူ၏ လက်ကောက်ဝတ်ပေါ်ရှိ သွေးကြောများပင် ထောင်တက်နေပေ၏။
"ဟမ်... မင်း... မင်း ဘာလုပ်မလို့လဲ..." လီဝေသည် ကုလားထိုင်ပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး စုယွမ်၏ လုပ်ရပ်များကို လုံးလုံးလျားလျား အံ့အားသင့်စွာဖြင့် ကြည့်လိုက်လေသည်။
ဖြန်း
မည်သူကမျှ ပြန်မဖြေခဲ့ချေ။ ယင်းအစား ကျယ်လောင်သော ပါးရိုက်သံကြီးတစ်ခုက မျက်နှာပေါ်သို့ တည့်မတ်စွာ ကျရောက်သွားတော့သည်။