← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇) ယွမ်သန်းရာချီတန်သော ပရောဂျက်များ

ဖြန်းခနဲ ကျယ်လောင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး လီဝေ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားကာ သူ၏မျက်နှာပေါ်တွင် ရှင်းလင်းသော လက်ဝါးရာတစ်ခု ထင်ဟပ်လာပြီး ရောင်ရမ်းလာတော့၏။

"မင်း… မင်း ဘယ်လိုလုပ် ရဲရတာလဲ…"

"မင်းက ဘယ်ကုမ္ပဏီကလဲဆိုတာကို ပြောရဲတယ်ပေါ့လေ… မင်းက ကျိုးယွဲ့နည်းပညာကုမ္ပဏီ ကို စော်ကားလိုက်တာပဲ… မင်း အသက်မရှင်ချင်တော့ဘူးလား…"

လီဝေ မျက်နှာတစ်ခြမ်းကို အုပ်ကာ မြေပြင်ကို လက်တစ်ဖက်ဖြင့် ထောက်လျက် မတ်တပ်ရပ်လိုက်ပေသည်။

"မင်းအမေကိုပဲ သွားစော်ကားလိုက်…"

လီဝေက ခြိမ်းခြောက်နေဆဲဖြစ်သည်ကို မြင်ချိန်တွင် စုယွမ် လီဝေအား နောက်တစ်ကြိမ် ထပ်ရိုက်လိုက်လေ၏။

ဖြန်းခနဲ မြည်သံနှင့်အတူ လီဝေ၏ အခြားပါးပြင်ပေါ်တွင် ကြီးမားသော လက်ဝါးရာကြီးတစ်ခု ထပ်မံပေါ်လာပြီး ရုတ်တရက် ရိုက်ချခံလိုက်ရသော ပါးရိုက်ချက်နှစ်ချက်ကြောင့် သူ လုံးလုံးလျားလျား အံ့အားသင့်သွားရပေသည်။

"ငါက ကျိုးယွဲ့နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌရဲ့ သားကွ… မင်း ဘယ်လိုလုပ် ရဲရတာလဲ…"

ဖြန်းခနဲ အသံထွက်ပေါ်လာပြီး လီဝေ စကားပြော၍ မပြီးဆုံးမီမှာပင် နောက်ထပ် ပြင်းထန်သော ပါးရိုက်ချက်တစ်ခု သူ၏မျက်နှာပေါ်သို့ ကျရောက်သွားပြန်ချေ၏။

လီဝေ လုံးလုံးလျားလျား ကြက်သေသေသွားရပြီး ယခင်က အလွန်အသုံးဝင်ခဲ့သော နည်းလမ်းမှာ ယခုချိန်တွင် အလုပ်မဖြစ်တော့ချေ။ ဤကောင်လေးသည် ကျိုးယွဲ့နည်းပညာကုမ္ပဏီ ၏ လက်တုံ့ပြန်မှုကို တကယ်ပင် မကြောက်ရွံ့ခြင်းလောဟု လီဝေ တွေးတောနေမိသည်။

ယခုချိန်တွင် လီဝေ အလွန်အမင်း ကြောက်ရွံ့နေပြီဖြစ်သော်လည်း စုယွမ်၏ အဆင့်အတန်းသည် သူ၏အဆင့်အတန်းထက် နိမ့်ကျသည်ဟု သူ ထင်မြင်ထားကာ အလွယ်တကူ အရှုံးပေးလိုက်ပါက အလွန်အရှက်ရဖွယ် ကောင်းမည်ဖြစ်သောကြောင့် သူ မကြောက်ရွံ့သကဲ့သို့ ဟန်ဆောင်နေရုံသာ တတ်နိုင်တော့၏။

ထိုချိန်တွင် ချန်ဟိုင်ကို လိုက်ပို့ပေးခဲ့သော လီဟူ ပြန်လည်ရောက်ရှိလာပေသည်။ ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ဘာဖြစ်သွားသည်ကို လီဟူ ချက်ချင်း နားလည်သွားသဖြင့် ဘေ့စ်ဘောတုတ်တစ်ချောင်းကို ဆွဲယူကာ စုယွမ်၏ ဘေးသို့ အလျင်အမြန် သွားရောက်လိုက်၏။

"သူဌေး… သူ့ခြေထောက်ကို ရိုက်ချိုးလိုက်ရမလား…"

လီဟူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ကြမ်းတမ်းသွားပြီး သူ၏ မျက်လုံးများသည် ကျားတစ်ကောင်၏ မျက်လုံးများပမာ လီဝေအား အရှင်လတ်လတ် ဝါးမြိုချင်နေသည့်အလား ဖြစ်နေပေသည်။

"မင်း… မင်း လူရိုက်တာ ဥပဒေနဲ့ မလွတ်ဘူးဆိုတာ မသိဘူးလား…"

လီဟူ၏ ဟန်ပန်ကို မြင်ချိန်တွင် လီဝေ ချက်ချင်းပင် ထိတ်လန့်သွားတော့၏။ သူသည် စုယွမ် တစ်ယောက်တည်းကိုပင် မယှဉ်နိုင်ရာ နှစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

လီဟူ၏ လုပ်ရပ်ကြောင့် စုယွမ် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောဆိုလိုက်ပေသည်။

"ကောင်းပြီ… သူ့ခြေထောက်တွေကို ရိုက်ချိုးလိုက်…"

ဤပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော စကားတစ်ခွန်းက လီဝေအား ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့၏။ သူ၏ အံ့အားသင့်မှုသည် ကြောက်မက်ဖွယ်ရာနှင့် လုံးလုံးလျားလျား ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ခြေထောက်များ ထိန်းမနိုင်သိမ်းမရ တုန်ရီနေလျက် ဘေ့စ်ဘောတုတ် ကိုင်ဆောင်ထားသော လီဟူ အနားသို့ ချဉ်းကပ်လာသည်ကို မြင်ချိန်တွင် လီဝေ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။

"အစ်ကိုစု…"

"ဦးလေးစု…"

"ကျွန်တော့်အမှားပါ… ကျွန်တော့်အမှားပါ… ကျွန်တော် မစဉ်းစားဘဲ စကားပြောမိတာပါ…"

"အရမ်းမောက်မာခဲ့တဲ့ ကျွန်တော့်အမှားပါ…"

"ကျွန်တော်က တကယ့်ကို အရူးတစ်ကောင်ပါ… ကျေးဇူးပြုပြီး ကျွန်တော့်ခြေထောက်တွေကို မရိုက်ချိုးပါနဲ့နော်…"

"ခင်ဗျားရှေ့မှာ ကျွန်တော် ဒူးထောက်တောင်းပန်ပါမယ်"

လီဝေ အရှက်အကြောက် ကင်းမဲ့နေခဲ့ပြီး သူသည် နာကျင်ရမည်ကို အမှန်တကယ် ကြောက်ရွံ့နေပေ၏။ ဤနေရာတွင် ဒူးထောက်နေခြင်းကို ပြင်ပလူများက မြင်တွေ့နိုင်မည် မဟုတ်သော်လည်း အကယ်၍ သူ၏ခြေထောက်များသာ ကျိုးသွားပါက သူ မျက်နှာပျက်ရပေတော့မည်။

လီဟူ ဘေ့စ်ဘောတုတ်ကို ရွယ်လိုက်ချိန်မှာပင် စုယွမ်က လက်ကာပြ၍ သူ့ကို တားဆီးလိုက်လေသည်။

"သူ့ကို နှစ်ချက်လောက်ပဲ ရိုက်လိုက်ပါ…"

ထိုစကားကို ကြားချိန်တွင် လီဟူ ခေါင်းညိတ်လိုက်ပြီး လီဝေ၏ တင်ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပေ၏။

ဖျန်း ဖျန်း..

ကြည်လင်ပြတ်သားသော အသံနှစ်ချက် ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လီဝေ၏ သွေးများ ဆူပွက်လာခဲ့သည်။

သူ၏ မျက်နှာမှာ ချက်ချင်း နီရဲသွားကာ သွေးကြောများပင် ပေါက်ထွက်တော့မည့်အလား ဖောင်းကြွလာခဲ့လေ၏။

"အား…"

ပါးလွှာသော ဝါးခြမ်းပြားဖြင့် ပြင်းပြင်းထန်ထန် အရိုက်ခံရသည့်အလား ပြင်းထန်သော နာကျင်မှုကြောင့် လီဝေ၏ သွားများ အချင်းချင်း ရိုက်ခတ်သွားတော့သည်။

"ဝါး…"

လီဝေက နာကျင်စွာ အော်ဟစ်လိုက်ပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်ကာ ထော့နဲ့ထော့နဲ့ဖြင့် အပြင်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

သူ၏ ပုံစံမှာ အလွန် သနားစရာကောင်းလှပြီး စကားတစ်ခွန်းတောင် ပြန်မပြောရဲတော့ချေ။

လီဝေ လုံးဝ ပျောက်ကွယ်သွားပြီးနောက်မှ စုယွမ်က ရုတ်တရက် နဖူးရိုက်လိုက်သည်။

"သောက်ကျိုးနည်း... ငါ အရေးကြီးတာ တစ်ခု မေးဖို့ မေ့သွားတာပဲ..."

"သူဌေး… ကျွန်တော် သူ့နောက်ကို လိုက်သွားရမလား…"

လီဟူက အလျင်အမြန် မေးမြန်းလိုက်၏။

"ကိစ္စမရှိပါဘူး… ပုစွန်ချေးလောက်ကတော့ လှိုင်းကြီးကြီးတွေ မဖြစ်စေနိုင်ပါဘူး…"

"ငါ ဗီဒီယိုရိုက်ထားဖို့ မေ့သွားလို့ပါ…"

စုယွမ်က သိပ်ပြီး ဂရုစိုက်ပုံမရပေ။ ဤကဲ့သို့သော အလိုလိုက်ခံထားရသည့် ကလေးဆိုးများကို ကိုင်တွယ်ရန် သူ၏ထံတွင် နည်းလမ်းပေါင်း သန်းချီ၍ ရှိနေလေသည်။

"ဒါနဲ့ မင်းက တိုက်ရေးခိုက်ရေးမှာ တော်တော်လေး ကျွမ်းကျင်တာပဲ…"

စုယွမ်က လီဟူအား ပြောဆိုလိုက်၏။

"ဟားဟား… မဆိုးပါဘူး… အရင်တုန်းက ကျွန်တော် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား လုပ်ခဲ့ဖူးပါတယ်… သာမန်လူ လေးငါးယောက်လောက်ကတော့ ကျွန်တော့်အနားကိုတောင် ကပ်နိုင်မှာ မဟုတ်ဘူး…"

"အရင်တုန်းက မစ္စတာချန်ဟိုင် က အေးအေးချမ်းချမ်း နေတတ်တော့ ကျွန်တော် လက်စွမ်းပြရမယ့် အခွင့်အရေး လုံးဝနီးပါး မရခဲ့ဘူး…"

လီဟူက နှိမ့်ချစွာဖြင့် ပြောဆိုလိုက်ပေသည်။

"အင်း…"

စုယွမ် ခေါင်းညိတ်လိုက်သည်။ လီဟူက နှိမ့်ချနေခြင်းသာ ဖြစ်ပြီး သူ၏ စွမ်းရည်ဖြင့်ဆိုလျှင် လက်နက်မဲ့ လူခုနစ်ယောက် ရှစ်ယောက်ခန့်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပေလိမ့်မည်။ ထို့အပြင် သူသည် အလွန်အမင်း အတွေ့အကြုံရင့်ကျက်ပြီး ပြင်ပစိတ်ခံစားမှုများ၏ လွှမ်းမိုးမှုကို လုံးဝနီးပါး မခံရချေ။

ကိုယ့်ဘေးနားတွင် ယာဉ်မောင်း သက်တော်စောင့်နှင့် ဗီလာအိမ်တော်ထိန်း အဖြစ် တာဝန်ယူပေးမည့် လူတစ်ယောက် ရှိနေခြင်းက တကယ်ကို ကောင်းမွန်သော ရွေးချယ်မှုတစ်ခုပင် ဖြစ်၏။

စုယွမ် အများကြီး ဆက်မတွေးတော့ဘဲ ပန်းချီကားများနှင့် လက်ရေးလှစာလိပ်များ ပုံထားရာသို့ တိုက်ရိုက် သွားရောက်လိုက်လေသည်။

သူက အချို့ကို အရင်ဆုံး ဖွင့်ကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံဖြင့် အတုများဖြစ်ကြောင်း သိသာနေသဖြင့် ဆက်လက် မဖွင့်ကြည့်တော့ချေ။

"သူဌေး… ဒါတွေက သူဌေးချန် ယူလာတဲ့ အလှဆင်ပစ္စည်းတွေချည်းပါပဲ… ဒီမှာ တန်ဖိုးရှိတဲ့ မူရင်းလက်ရာတွေ တစ်ခုမှ မရှိပါဘူး…"

လီဟူက သူ့ကို သတိပေးလိုက်ပေသည်။

"အင်း… ငါ သိပါတယ်…"

စုယွမ် ပြောဆိုလိုက်ပြီး ထန်ပေါ်ဟူ၏ စစ်မှန်သောပန်းချီကား ကို ဖွင့်ကြည့်လိုက်၏။ အဓိက အကြောင်းအရာမှာ လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုပန်းချီကားသည် နည်းစနစ်နှင့် စုတ်ချက်ပိုင်းတွင် ထိပ်တန်းအဆင့်၌ ရှိနေပြီး မျက်စိပသာဒဖြစ်ဖွယ် အလွန်ကောင်းလှပေသည်။ ထို့အပြင် ၎င်းပေါ်တွင် ထန်ပေါ်ဟူ၏ လက်မှတ်ပါဝင်နေသေး၏။

"လီဟူ… ဒီပန်းချီကားကို မင်း ဘယ်လိုထင်လဲ…"

စုယွမ်က မေးမြန်းလိုက်သည်။

"အင်း… တန်ဖိုးနည်း အတုတွေနဲ့ မတူဘဲ ကြည့်ရတာ အရမ်း သက်တောင့်သက်သာ ရှိတယ်… ဒီပန်းချီကို ဆွဲတဲ့သူက သေချာပေါက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်…"

လီဟူက ခဏတာ စဉ်းစားပြီးနောက် ပြောဆိုလိုက်ပေ၏။

"ဟားဟား…"

"တကယ်တော့ ဒီပန်းချီကားက အတုမဟုတ်ဘူး…"

စုယွမ်က ညင်သာစွာ ပြောဆိုလိုက်သည်။

လီဟူ၏ မျက်လုံးများ တည်ကြည်လေးနက်သွားကာ ပန်းချီကားကို ကြည့်လိုက်၏။

"အင်း… တကယ်ပဲ စစ်မှန်တဲ့ လက်ရာတစ်ခု ဖြစ်လောက်တယ်…"

လီဟူသည် ပန်းချီကားများနှင့် လက်ရေးလှစာလိပ်များ အကြောင်းကို နားမလည်သော်လည်း စုယွမ်က ထိုအရာများအကြောင်းကို များစွာသိရှိထားကြောင်း သူ ခံစားမိပြီး စုယွမ်၏ မျက်လုံးများကို ကြည့်ရသည်မှာ ထိုပန်းချီကားကို တကယ်ပင် သဘောကျနေပုံရပေသည်။

ယင်းက ယခင် သူဌေးဟောင်း ချန်ထားခဲ့သောအရာ ဖြစ်သော်လည်း စာချုပ်အရ ဤပစ္စည်းများသည် လက်ရှိသူဌေးဖြစ်သော မစ္စတာစု ပိုင်ဆိုင်မူသာဖြစ်နေပြီဖြစ်၏။

ဤပန်းချီကားက တော်တော်လေး ကောင်းမွန်သော်လည်း ဈေးနှုန်းက အလွန်အမင်း မြင့်မားမည်မဟုတ်ဘဲ ယွမ် တစ်သန်း နှစ်သန်းခန့် တန်ကြေးရှိနိုင်ပေသည်။

ပန်းချီကားကို ကြည့်ရင်း စုယွမ်၏ ကံကောင်းမှုကို လီဟူ အံ့သြချီးကျူးမနေဘဲ မနေနိုင်တော့ချေ။ ထိုငွေပမာဏက သူ့အတွက် များပြားလှသည်မဟုတ်သော်လည်း စစ်မှန်သော လက်ရာတစ်ခုကို ရရှိခြင်းက တကယ်ကို ကံကောင်းလွန်းလှပေ၏။

"ဖြစ်လောက်တယ် မဟုတ်ဘူး… ဒါက မူရင်းလက်ရာအစစ်ဖြစ်ပြီး ထန်ပေါ်ဟူရဲ့ စစ်မှန်တဲ့ ပန်းချီကားပဲ… တန်ဖိုးဖြတ်လို့မရဘူးလို့တောင် ပြောလို့ရတယ်…"

စုယွမ်သည် ယွမ် သန်း ၂၀၀ တန်ကြေးရှိသော ဤ ထန်ပေါ်ဟူ၏ စစ်မှန်သောပန်းချီကား ကို ရရှိမည့်အချိန်အား မျှော်လင့်တကြီး စောင့်စားနေပြီ ဖြစ်ပေသည်။

သူသည် လက်ရှိတွင် ရှေးဟောင်းပစ္စည်းလောကမှ ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ဆရာဖန် နှင့် ပရော်ဖက်ဆာ ဝမ်ယွန်းထျန်း (အဘိုးဝမ်) တို့ကို သိရှိထားလေ၏။

ဆရာဖန် တွင် ဤမျှကြီးမားသော ပရောဂျက်တစ်ခုအတွက် စွမ်းဆောင်နိုင်ရည် မရှိသော်လည်း ပရော်ဖက်ဆာဝမ် တွင်မူ ကျယ်ပြန့်သော အဆက်အသွယ်များရှိပြီး ဤပစ္စည်းကို လေလံတင်နိုင်စွမ်း ရှိပေလိမ့်မည်။

စကားတစ်ခွန်းမျှ မဆိုဘဲ စုယွမ်သည် အဘိုးဝမ် ထံသို့ ဗီဒီယိုဖုန်းခေါ်ဆိုလိုက်တော့သည်။

စက္ကန့်အနည်းငယ် အကြာတွင် ဗီဒီယိုဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်၏။ အဘိုးဝမ် သည် စုယွမ်၏ မျက်နှာကို မြင်ချိန်တွင် ထိုနေ့က သူတွေ့ဆုံခဲ့သော မျက်စိလျင်သည့် လူငယ်လေးဖြစ်ကြောင်း မှတ်မိသွားပေသည်။

"ရှောင်စု လား… မင်း ဘာတွေကြုံတွေ့နေရလို့လဲ… ငါ ကူညီလိုလို့လား…"

အဘိုးဝမ် က မေးမြန်းလိုက်သည်။

"ဟားဟား… အဘိုးဝမ်… ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ ယွမ်သန်း ၁၀၀ ကျော်တန် ပရောဂျက်တစ်ခု ကျွန်တော့်မှာ ရှိနေတယ်…"

All Chapters