← Chapters

အခန်း ၁၆၀

Vol. 9 Ch. 160

အခန်း ၁၆၀

Vol. 9 Ch. 160

အခန်း (၁၆၀)

လမိုက်ည၊ လေပြင်းများ တိုက်ခတ်နေသည်။ အမှောင်ထုထဲတွင် ပုန်းကွယ်နေသော အရိပ်နှစ်ခုသည် တောင်တန်းကြီးအတွင်းသို့ အသံမထွက်ဘဲ ဝင်ရောက်လာကြသည်။

သူတို့သည် ကျောက်တိုင်ကြီးများ ရှိသော တောအုပ်ထဲတွင် ရပ်နေကြပြီး ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်နှင့် ခြေတစ်လှမ်းစာသာ ကွာဝေးတော့သည်။

"နွားကြီး... အခု ဂိုဏ်းကြီးတွေက ကျင့်ကြံသူတွေ အကုန် မြောက်ဘက်နယ်စပ်ကို သွားနေကြပြီ... ဒါကြောင့် ဒီမဟာအစီအရင်ကြီးကို အစွမ်းကုန် ဖွင့်ထားတာပဲ" ချန်ရွှင်က ဘေးနားရှိ အရိပ်မည်းကြီးကို ကြည့်လိုက်သည်။ "ဝူယွင်ဂိုဏ်း တုန်းကလို အတင်း ဝင်တိုက်လို့ မရဘူး... အရမ်း ထင်ပေါ်သွားလိမ့်မယ်"

"မွန်း"

နွားနက်ကြီးသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ချန်ရွှင်အား 'စိတ်ချထား' ဟူသော အကြည့်ဖြင့် ကြည့်ကာ နွားခွာများကို အလျင်အမြန် လှုပ်ရှားလိုက်သည်။ အစီအရင်အလံ သုံးခုသည် နွားနက်ကြီး၏ ရွှေအမြူတေထဲမှ ပျံထွက်လာပြီး အသက်ဝင်နေသကဲ့သို့ သူ၏ ပတ်လည်တွင် ဝဲပျံနေကြသည်။ အစီအရင်အလံများထဲတွင် ဒြပ်ငါးပါး စွမ်းအင်များ ပိုမို အားကောင်းလာပြီး အလင်းရောင်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ သဲနှင့် ကျောက်ခဲများ လွင့်စင်သွားသည်။

"ဟား" ချန်ရွှင် မျက်လုံးများ အရောင်လက်သွားသည်။ နွားကြီး တကယ် မိုက်တာပဲ။

သူသည် အလျင်အမြန် ဘေးသို့ ရှောင်ထွက်လိုက်ပြီး အလင်းတန်းများ တောက်ပနေသော ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကြီးကို မော့ကြည့်ရင်း "ဒါလောက်ကတော့ အေးဆေးပါ" ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

"မွန်း"

နွားနက်ကြီးသည် သွားဖြီးကာ ရယ်လိုက်ပြီး သူကိုယ်တိုင် ဖန်တီးထားသော ဒြပ်ငါးပါး အစီအရင် ကို အသုံးပြုကာ ရေပြင်ကို ထိလိုက်သကဲ့သို့ ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကြီးကို ညင်သာစွာ ထိတွေ့လိုက်သည်။ သူတို့ရှေ့ရှိ မဟာအစီအရင်ကြီးတွင် အက်ကွဲကြောင်းငယ်လေး တစ်ခု ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ကျယ်လာသည်။ မဟာအစီအရင်ကြီးက မည်သည့် သတိပေးချက်မှ မမြည်လာပေ။

"ရှယ်ပဲဟေ့" ချန်ရွှင် မျက်လုံးများ ပြူးကျယ်သွားပြီး နောက်မှနေ၍ တိုးတိုးလေး အော်ဟစ် အားပေးလိုက်သည်။

သို့သော် ထိုအချိန်မှာပင်... ဝုန်း

မဟာအစီအရင်ကြီး ပေါက်ထွက်သွားသည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

"မွန်း"

"သောက်ကျိုးနည်း... နွားကြီး... ပြေးမယ်ဟေ့"

"မိုက်ရိုင်းလှချည်လား"

"ဘယ်က သူခိုးတွေလဲ... ငါတို့ ကျွီချွဲဂိုဏ်းရှေ့မှာ ဘာလာလုပ်နေတာလဲ"

ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီးသည်နှင့် ဂိုဏ်းတံခါးပေါက် အတွင်းမှ ဒေါသတကြီး အော်ဟစ်သံ နှစ်ခု ထွက်ပေါ်လာပြီး မဟာအစီအရင်ကြီး၏ အပေါက်ဝသို့ လူနှစ်ယောက် ချက်ချင်း ရောက်ရှိလာကြသည်။ ဂိုဏ်းဝတ်စုံ ဝတ်ဆင်ထားသော ထိုလူနှစ်ယောက်သည် အံ့သြမှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။ ငါတို့ကို လာစမ်းနေတာလား။

"စီနီယာအစ်ကို... ပြေးသွားပြီ"

"ဟမ့်... ဂိုဏ်းချုပ်နဲ့ စီနီယာကြီးတွေ မြောက်ဘက်နယ်စပ်ကို သွားနေတုန်း ဒီသူခိုးတွေက အခွင့်ကောင်း လာယူရဲတယ်ပေါ့" စီနီယာအစ်ကို ဆိုသူက ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးကြီးများကို တစ်စစီ ရိုက်ချိုးပစ်လိုက်သည်။ "ငါတို့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်"

"ဟုတ်ကဲ့ပါ စီနီယာအစ်ကို" အခြားတစ်ယောက်ကလည်း ခေါင်းငုံ့ကာ မျက်လုံးထဲတွင် ဒေါသများဖြင့် ပြောလိုက်သည်။

ဤနှစ်များအတွင်း သူခိုးများ ဝင်ရောက်လာသည်မှာ သုံးကြိမ် ရှိပြီ ဖြစ်သည်။ သို့သော် ယခင် နှစ်ကြိမ်တွင် သူတို့ သတ်ဖြတ်နိုင်ခဲ့ပြီး ယခုတစ်ကြိမ်မှသာ လွတ်မြောက်သွားခြင်း ဖြစ်သည်။

"အကြီးအကဲ... တခြားနေရာတွေကိုလည်း အကုန် စစ်ဆေးပြီးပါပြီ"

"အကြီးအကဲ... ဂိုဏ်းထဲက ကျမ်းစာတိုက် အပါအဝင် အရေးကြီးတဲ့ နေရာတွေမှာလည်း အစောင့်တွေ ထားပြီးပါပြီ"

ထိုအချိန်ကျမှသာ တပည့်အများအပြားသည် ဓားပျံများ စီးကာ ရောက်ရှိလာကြသည်။

"ကောင်းပြီ... အခု မြောက်ဘက်နယ်စပ်က ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိတဲ့ နေရာ ဖြစ်နေတယ်... ငါတို့က ဂိုဏ်းကို သေချာ စောင့်ရှောက်နိုင်ရင် ဒါက ကြီးမားတဲ့ အကျိုးပြုမှုပဲ"

"ဟုတ်ကဲ့ပါ အကြီးအကဲ"

တပည့်များသည် ခေါင်းငုံ့လိုက်ကြပြီး ရင်ထဲတွင် အလွန် ဝမ်းသာနေကြသည်။ မြောက်ဘက်နယ်စပ်မှ သတင်းကောင်းများ ဆက်တိုက် ထွက်ပေါ်နေသည် မဟုတ်ပါလား။

အခြားတစ်ဖက်... တောင်တန်း၏ အပြင်ဘက်တွင်မူ...

အလင်းတန်း နှစ်ခုသည် အလွန် လျှင်မြန်သော အရှိန်ဖြင့် ထွက်ပြေးနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံများ ထွက်ပေါ်နေသည်။ မကောင်းမှု လုပ်ပြီး လူမိသွားသည့် ခံစားချက်က ရင်ခုန်စရာ ကောင်းလှသည်။

"နွားကြီး... ဘယ်လိုဖြစ်တာလဲကွ"

ချန်ရွှင်က တဟားဟား ရယ်မောလိုက်ပြီး အပြစ်တင်ခြင်း မရှိပေ။ "ငါက အောင်မြင်သွားပြီတောင် ထင်နေတာ"

နွားနက်ကြီးက ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်ကာ ခေါင်းခါပြလိုက်သည်။ "မွန်း မွန်း"

"ငါတို့ လောဘကြီးသွားတာ... အခြေခံတည်ဆောက်ခြင်းအဆင့် ဂိုဏ်းတွေမှာ အရင် သွားစမ်းကြည့်ရမှာ" ချန်ရွှင်က စဉ်းစားလိုက်သည်။ နွားကြီးက မဟာအစီအရင်ကြီးများ၏ ဖွဲ့စည်းပုံကို မကျွမ်းကျင်သေး၍ ဖြစ်မည်။ "မဟာအစီအရင်တွေရဲ့ ဖွဲ့စည်းပုံကိုလည်း လေ့လာရဦးမယ်"

"မွန်း" နွားနက်ကြီးသည် ဇဝေဇဝါဖြင့် ခေါင်းညိတ်လိုက်သည်။ သူ အတွေ့အကြုံ နည်းသေးသည်မှာ အမှန်ပင် ဖြစ်သည်။

"သွားစို့"

"မွန်း"

ဝှစ် ဝှစ်

သူတို့သည် အခြား နိုင်ငံတစ်ခုသို့ တန်းပြီး ထွက်ပြေးသွားကြသည်။ နောက်ယောင်ခံ လိုက်နိုင်မည့် သဲလွန်စများ မကျန်စေရန် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သည်လောကကြီးက အလွန် ကျယ်ဝန်းသည် မဟုတ်ပါလား။

ဤနှစ်များအတွင်း ချန်ရွှင်၏ မြေပုံမှာ ပိုမို တိကျသေချာလာသည်။ ဤဒေသ၏ အကျယ်အဝန်းကို ပေါင်းလိုက်လျှင် ချန်နိုင်ငံထက်ပင် ပိုမို ကြီးမားသေးသည်။ အနည်းဆုံး နှစ်ဆခန့် ရှိမည်။

ဤသည်မှာ ချန်ရွှင်သည် နှစ်ပေါင်းတစ်ရာကျော် အချိန်ယူကာ သတင်းအချက်အလက်ပေါင်းများစွာကို စုဆောင်းပြီး ရေးဆွဲထားသော သွေးထွက်အောင် ကြိုးစားထားရသည့် မြေပုံကြီးပင် ဖြစ်သည်။

ခြောက်လခန့် ကြာပြီးနောက်... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အုပ်ချုပ်သော နိုင်ငံငယ်လေး တစ်ခု၏ ဂိုဏ်းတစ်ခု၌...

တောင်တန်းကြီးအတွင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကြီး ပေါက်ကွဲကာ ကောင်းကင်သို့ အလင်းတန်းကြီး တစ်ခု ထိုးတက်သွားသည်။ အလွန် ဆူညံသွားလေသည်။

သို့သော် အရေးအကြီးဆုံးမှာ ထိုပေါက်ကွဲသံကြီးကြားတွင် ထူးဆန်းသော အော်ဟစ်သံ နှစ်ခု ပါဝင်နေခြင်း ဖြစ်သည်။

"မွန်း"

"တာအိုမိတ်ဆွေ... နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"

"ခွေးကောင်တွေ"

ဂိုဏ်းချုပ်သည် တောင်တံခါး အပြင်ဘက်တွင် ရပ်လျက် မျက်လုံးများ ပြူးကျယ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒါ ဘာအဓိပ္ပာယ်လဲ။

နောက်ထပ် ခြောက်လခန့် ကြာပြီးနောက်... အခြား နိုင်ငံငယ်လေး တစ်ခု၏ တောင်တံခါး အပြင်ဘက်တွင်...

ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားပြီး ကျောက်တုံးကြီးများ ပြုတ်ကျလာသည်။

"မွန်း"

"တောက်... တာအိုမိတ်ဆွေ... လမ်းကြုံလို့ ဝင်လာတာပါဗျာ"

"သူခိုးတွေ... မင်းတို့ကို အလွတ်မပေးဘူးကွ"

အကြီးအကဲ တစ်ဦးသည် ဒေါသတကြီး ပြေးထွက်လာပြီး ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ မဟာအစီအရင်ကြီးကို ထွင်းဖောက် သွားခြင်းက အပျက်အစီး နည်းသော်လည်း သိက္ခာကျစရာ အလွန် ကောင်းလှသည်။

နောက်ထပ် ခြောက်လခန့် ကြာပြီးနောက်...

ဂိုဏ်းတစ်ခု၏ ကာကွယ်ရေး မဟာအစီအရင်ကြီးသည် လေလျော့သွားသကဲ့သို့ ဖြစ်သွားလေသည်။ လည်ပတ်နေသော ဝိညာဉ်စွမ်းအင်များ စုပ်ယူခံလိုက်ရသကဲ့သို့ မဟာအစီအရင်ကြီးသည် ပါးလွှာသော ပလတ်စတစ်စကဲ့သို့ ဖြစ်သွားပြီး လက်ဖြင့် ဖောက်လိုက်ရုံဖြင့် ဝင်၍ ရနေပြီ ဖြစ်သည်။

"မွန်း မွန်း"

"တာအိုမိတ်ဆွေ... ဘာရည်ရွယ်ချက်မှ မရှိပါဘူး... ကောင်းကင်ကို တိုင်တည်ရဲပါတယ်ဗျာ"

"ရယ်စရာကောင်းလိုက်တာ... မင်းတို့ကို အလွတ်မပေးဘူးကွ"

အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ အချို့ ဒေါသထွက်သွားကြပြီး ပြိုကျလုနီးပါး ဖြစ်နေသော မဟာအစီအရင်ကြီးကို ကြည့်ကာ မျက်ရည်ဝဲလုမတတ် ဖြစ်သွားကြသည်။

သို့သော် သူတို့ ထားခဲ့သော ဆေးပုလင်း အချို့ကို တွေ့လိုက်ရသောအခါ ဒေါသများသည် ဝမ်းသာမှုများအဖြစ် ပြောင်းလဲသွားပြီး လက်သီးဆုပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"စီနီယာ... နောက်တစ်ခါ ထပ်လာခဲ့ပါဦးဗျာ"

နောက်ပိုင်း နေ့ရက်များတွင်... အကယ်၍ အရှေ့ဘက် နိုင်ငံများ၏ ကောင်းကင်မှ မြေပြင်သို့ ငုံ့ကြည့်လိုက်မည် ဆိုပါက...

ဂိုဏ်းငယ်လေးများ၏ အပြင်ဘက်တွင် စုတ်ပြတ်သတ်နေသော အရိပ်မည်း နှစ်ခု ထွက်ပြေးနေသည်ကို တွေ့ရမည် ဖြစ်သည်။ သူတို့သည် လက်တစ်ဖက်ဖြင့် မုန့်ကို ကိုင်ထားပြီး တစ်ခါတစ်ရံ ကိုက်စားရင်း ပြေးနေကြသည်။

သူတို့သည် လေဒဏ် မိုးဒဏ်များကို ကြံ့ကြံ့ခံရင်း ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ၏ ဆဲဆိုကြိမ်းမောင်းမှုများကို ခံယူကာ ကြွက်များကဲ့သို့ ထွက်ပြေးပုန်းရှောင်နေရသော်လည်း အလွန် ပျော်ရွှင်နေပုံ ရသည်။

All Chapters