အခန်း ၁၆၇
Vol. 9 Ch. 167
အခန်း (၁၆၇)
ဝူနိုင်ငံ ၏ မြောက်ဘက်။ တောနက်ကြီးများကို ဖြတ်ကျော်ပြီးနောက် ထိုနေရာတွင် 'မြောက်ပိုင်းဒေသ' ရှိသည်။ ပတ်ဝန်းကျင်တွင် သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသော သားရဲတောအုပ်ကြီး ရှိပြီး တစ်နှစ်ပတ်လုံး တိမ်ခိုးများ ဖုံးလွှမ်းနေသည်။ ရေခဲမြစ်များ ၊ကုန်းပြင်မြင့်နှင့် ပေထောင်ချီ မြင့်မားသော နှင်းတောင်ကြီးများ ဆက်စပ်နေသည်။ မျက်စိတစ်ဆုံး ဖြူဖွေးနေသော နှင်းများ မိုင်ထောင်ချီ ရှည်လျားသော ရေခဲမြစ်များ မိုင်သောင်းချီ တိုက်ခတ်နေသော နှင်းမုန်တိုင်းကြီးများ ရှိကြ၏။ ရေခဲတောင်ကြားများ နေရာအနှံ့ ရှိနေပြီး ကြီးမားသော အနိမ့်အမြင့် ကွာဟချက်များက ရေခဲမြစ်ကို ပိုမို ခမ်းနားထည်ဝါစေကာ 'နှင်းနိုင်ငံ' တစ်ခုကဲ့သို့ ရှုခင်းများကို ဖန်တီးထားသည်။ ကျောက်စိမ်းနဂါးများ ကခုန်နေသကဲ့သို့ တိမ်တိုက်များ ရစ်ပတ်နေပြီး ဓားသွားသောင်းချီ ရှိသော ရေခဲမြစ်များက ကောင်းကင်သို့ ထိုးတက်နေသည်။ ဤသည်မှာ မြောက်ပိုင်းဒေသ အခွင့်အရေးများနှင့် အန္တရာယ်များ ပြည့်နှက်နေသော နေရာပင် ဖြစ်သည်။
သို့သော် ယနေ့ ရေခဲမြစ်သည် ပျက်သုဉ်းခါနီး အချိန်တွင် တွေ့ရတတ်သော လှပမှုမျိုးကို ဆောင်နေသည်။ မြေပြင်ပေါ်တွင်ရော ကောင်းကင်တွင်ပါ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရပ်တန့်နေကြပြီး တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင် ကြည့်နေကြသည်။ စုရုံးနေသော ကျင့်ကြံသူများသည် အင်အားစု သုံးခု ကွဲပြားနေသည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် စုစည်းထားသော မှော်စွမ်းအင်များကြောင့် ပတ်ဝန်းကျင်ရှိ အပူဓာတ်များ အားလုံးကို တစ်မုဟုတ်ချင်း စုပ်ယူသွားသကဲ့သို့ ရေ အလွန်အမင်း အေးစက်မှုက လွှမ်းမိုးထားသည်။ အလင်းရောင်ပင် ပျောက်ကွယ်သွားသကဲ့သို့ ထင်မှတ်ရ၏။
အင်အားစု သုံးခု၏ ကောင်းကင်ထက်တွင် လူတစ်ယောက်စီ ရပ်နေကြသည်။ သူတို့၏ အရှိန်အဝါများမှာ ကောင်းကင်ကို တုန်လှုပ်စေနိုင်ပြီး သတ္တဝါအားလုံးကို စီးမိုးကြည့်ရှုနေကာ နှင်းမုန်တိုင်းများပင် သူတို့ကို ရှောင်ဖယ်သွားကြသည်။ ကျင့်ကြံသူ အားလုံး၏ အကြည့်များက သူတို့ထံသို့ ရောက်ရှိနေသည်။ နဖူးတွင် ချွေးစေးများ ပြန်နေပြီး တံတွေးများကို တိတ်တဆိတ် မျိုချနေကြသည်။ နောက်ဆုံးတော့ သည်နေ့ ရောက်လာခဲ့ပြီ။
ချန်နိုင်ငံ ထိပ်တန်းဂိုဏ်းဆယ်ခု။ အင်အားကြီးအဖွဲ့အစည်းသုံးခု။ ထို့နောက် မြောက်ပိုင်းဒေသရှိ လူရိုင်း ကျင့်ကြံသူများနှင့် ယခင် ဝူနိုင်ငံ မှ ဂိုဏ်းသားများ။
"ချန်ယွမ်... နောက်ဆုံးတော့ မင်းရဲ့ အစစ်အမှန် မျက်နှာကို ပြလာပြီပဲ... ဒါပေမဲ့ မြောက်ပိုင်းဒေသ က မင်းတို့ ခြေချသင့်တဲ့ နေရာ မဟုတ်ဘူး"
လူရိုင်း ကျင့်ကြံသူများ၏ မူလဝိညာဉ်အဆင့် ဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ကြီးမားခန့်ညားပြီး အသားအရေမှာ ကြေးနီရောင် ရှိသည်။ မျက်နှာသွင်ပြင်မှာ ထင်းရှားပြတ်သားပြီး လူရိုင်းဆန်သည်။ မှောင်မိုက်အေးစက်နေသော မျက်ဝန်းများတွင် ရူးသွပ်မှုနှင့် မောက်မာမှုများ ရှိနေပြီး ထူးဆန်းသော ဝတ်ရုံကို ဝတ်ဆင်ထားကာ နောက်ကျောတွင် လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါစက်ကွင်း တစ်ခု ဝဲပျံနေသည်။
"အဲဒါက ဘာဖြစ်လဲ... တစ်ယောက်နဲ့တစ်ယောက် နားလည်ထားပြီးသား ကိစ္စပဲဟာကို... စစ်ခုန်းချန်မု... မင်းလည်း အဲဒီလိုပဲ ထင်တယ် မဟုတ်လား"
ထိပ်တန်းဂိုဏ်းဆယ်ခု မှ ချန်ယွမ် ဘိုးဘေးသည် အပြုံးဖျော့ဖျော့ ပြုံးလိုက်သည်။ နေရောင်ခြည်ကို ခံယူနေသော သူ၏ ပုံစံမှာ ကြယ်သောင်းချီထဲတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်ကဲ့သို့ လင်းလက်နေပြီး တည့်တည့်ပင် မကြည့်ဝံ့အောင် ရှိနေသည်။
"အစ်ကို ချန်ယွမ် ရဲ့ ရည်မှန်းချက်က ကြီးမားလွန်းတယ်... ကျမကတော့ သဘောမတူနိုင်ဘူး"
အင်အားကြီးအဖွဲ့အစည်းသုံးခု ၏ ရှေ့ဆုံးတွင် ရပ်နေသူမှာ အမျိုးသမီး တစ်ဦး ဖြစ်သည်။ လှပသော မျက်ခုံးများကြားတွင် ထက်မြက်သော ကျင့်ကြံသူ တစ်ဦး၏ အငွေ့အသက်များ ရှိနေပြီး လှပလွန်းလှသည်။ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျယ်ဝန်းသော အင်္ကျီလက်များ လေထဲတွင် လွင့်ပျံနေသည်။
ချန်ယွမ် လက်နောက်ပစ်လျက် အရာအားလုံးကို အေးစက်စွာ စီးမိုးကြည့်လိုက်သည်။
"ဒါပေမဲ့ မင်းတို့ အင်အားစု နှစ်ခု ဘယ်တုန်းက ပူးပေါင်းသွားလဲ ဆိုတာတော့ ငါ မသိဘူး... ဘာပဲဖြစ်ဖြစ် အတားအဆီး နည်းနည်း တိုးလာရုံလောက်ပါပဲ"
ထိုစကား ထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်ရှိ ကျင့်ကြံသူများ၏ မျက်နှာတွင် ကြီးမားသော အံ့သြထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပေါ်လာသည်။ အထိတ်လန့်ဆုံး ဖြစ်နေသူများမှာ သာမန် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် သက်သက် 'ဖြတ်သွားဖြတ်လာ' သာ ဖြစ်သော်လည်း အဘယ်ကြောင့် အင်အားစု သုံးခု၏ ကျင့်ကြံခြင်းလောက စစ်ပွဲကြီးထဲ ပါသွားရသနည်း။
ပတ်ဝန်းကျင်တွင် ကြီးမားသော အစီအရင်များ ခင်းကျင်းထားပြီး ကောင်းကင်နှင့် မြေကြီးကိုပါ ပိတ်ဆို့ထားသည်။ အရှုံးအနိုင် မပေါ်မချင်း မည်သူမျှ ထွက်ပြေး၍ မရနိုင်ပေ။ အင်အားစု သုံးခုသည် အလွန် အချိတ်အဆက် မိနေကြပြီး ဤနေ့အတွက် နှစ်ရာချီ ကြိုတင် ပြင်ဆင်ထားခဲ့သကဲ့သို့ ပင် ဖြစ်သည်။
"ထိပ်တန်းဂိုဏ်းဆယ်ခု... မင်းတို့က ဒီကမ္ဘာမြေကို တစ်ဦးတည်း သိမ်းပိုက်ချင်နေကြတာ... ဒါပေမဲ့ ကျင့်ကြံခြင်းလောက ရဲ့ စည်းမျဉ်းတွေက မင်းတို့ရဲ့ ပါးစပ်ဖျားလေး တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ ရတာ မဟုတ်ဘူး" လူရိုင်း ဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။
"ချန်ယွမ်... ငါတို့ အတူတူ ရှာဖွေဖို့ သဘောတူလိုက်တဲ့ အချိန်ကတည်းက ဒီနေ့ ရောက်လာမယ် ဆိုတာ သိပြီးသားပါ"
စစ်ခုန်းချန်မု ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ချန်နိုင်ငံ ၏ ကျင့်ကြံခြင်း ရင်းမြစ်များ မည်သို့ ခန်းခြောက်သွားခဲ့ရသည်ကို သူတို့ အင်အားကြီးအဖွဲ့အစည်းသုံးခု က အသိဆုံးပင် ဖြစ်သည်။ ထိပ်တန်းဂိုဏ်းဆယ်ခု နှင့် အင်အားကြီးအဖွဲ့အစည်းသုံးခု။ ကျင့်ကြံခြင်းလောက အပေါ် ထားရှိသော သူတို့၏ ခံယူချက်များမှာ အခြေခံမှစ၍ ကွာခြားနေပြီး အနှေးနှင့်အမြန် ထိပ်တိုက်တွေ့ရန် ရှောင်လွှဲ၍ မရနိုင်ပေ။ သို့သော် မြောက်ပိုင်းဒေသ ကို ရှာဖွေလိုသော ရည်ရွယ်ချက်ကတော့ အစစ်အမှန်ပင် ဖြစ်သည်။
သို့သော် ဤနှစ်ရာချီ အတွင်း ရေခဲမြစ်၏ အတွင်းပိုင်းသို့ ခြေချခဲ့သော သူတို့သည် ထိုနေရာက သားရဲများနှင့် ဝိညာဉ်သားရဲများ၏ ပရဒိသု ဖြစ်နေကြောင်း သိရှိခဲ့ရသည်။ ယခုတိုင်အောင် မူလဝိညာဉ်အဆင့် မိစ္ဆာကောင် မည်မျှ ရှိနေသည်ကိုပင် မသိရသေးဘဲ ရှာဖွေရေး အစီအစဉ်များ ရပ်တန့်နေခဲ့သည်။
ရေခဲမြစ်၏ အောက်ခြေမှ အနည်းဆုံး မူလဝိညာဉ် အလယ်အလတ်အဆင့် ဖိအားရှိသော ကြောက်မက်ဖွယ် သားရဲကောင်များ၏ ဟိန်းဟောက်သံများကို ကြားနေရသည်။ မြောက်ပိုင်းဒေသ ၏ အနက်ပိုင်းသည် ခြေတစ်လှမ်း မှားသည်နှင့် ချက်ချင်း သေဆုံးနိုင်သော အန္တရာယ် ဇုန်ပင် ဖြစ်သည်။ ထိုသို့ဆို၍ ကောင်းကင်မှ နှင်းတောင်ကြီးများကို ကျော်ဖြတ်မည် ဆိုပါကလည်း ကောင်းကင်တွင် တိုက်ခတ်နေသော 'ကြယ်မျိုလေကြမ်း' ကြောင့် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပင် အပိုင်းပိုင်း ပြတ်ထွက်သွားနိုင်ပေသည်။
"ဟဲဟဲ... ဟုတ်တာပေါ့"
ချန်ယွမ် ၏ မျက်နှာမှာ တည်ငြိမ်နေပြီး ခံစားချက် အတက်အကျ မရှိပေ။ "ငါတို့ ဆက်ပြီး မစောင့်ချင်တော့ဘူး... အနည်းဆုံးတော့ နောင်လာနောက်သားတွေ အတွက် 'ထွက်ပေါက်' တစ်ခု ဖန်တီးပေးရမှာပေါ့"
ယခု ကျင့်ကြံခြင်းလောက ၏ အင်အားစု အားလုံး ဤနေရာသို့ စုရုံးနေကြပြီ။ နှစ်ထောင်ချီ အတွင်း တစ်ကြိမ်သာ ရနိုင်သော အကောင်းဆုံး အခွင့်အရေးပင်။ ဤတိုက်ပွဲတွင် ရန်သူ့ အင်အားစုများကို အကုန် နှိမ်နင်းပြီး နောင်ရေးအေးအောင် လုပ်ရမည်။
"ယုတ္တိမရှိတာ..."
"တော်တော် ရည်မှန်းချက်ကြီးတာပဲ..."
စစ်ခုန်းချန်မု နှင့် လူရိုင်း ဘိုးဘေးတို့ ပြိုင်တူ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ အင်အားစု သုံးခု ကြားတွင် မီးပွင့်လုမတတ် အခြေအနေမျိုး ဖြစ်ပေါ်လာပြီး မြေပြင်ရှိ ရေခဲမြစ်များ အက်ကွဲကာ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာသည်။
"တာအိုမိတ်ဆွေ အားလုံးပဲ... ဒါက ခံယူချက် အချင်းချင်း တိုက်ခိုက်တဲ့ စစ်ပွဲပဲ... တစ်လှမ်းမှ နောက်မဆုတ်နဲ့"
ချန်ယွမ် ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး မျက်လုံးများမှ အလွန် အေးစက်သော အလင်းတန်းများ ဖြာထွက်လာသည်။ ကောင်းကင်နှင့် မြေကြီး ကြားတွင် ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်သွားသည်။
"အမိန့်အတိုင်းပါ ဘိုးဘေး"
"အမိန့်အတိုင်းပါ ဘိုးဘေး"
...
မြေပြင်နှင့် ကောင်းကင်တွင် နေရာယူထားသော ချန်နိုင်ငံ ကျင့်ကြံသူများက ကောင်းကင်ကို တုန်လှုပ်စေလောက်သည့် အော်ဟစ်သံကြီးများ ပြုလုပ်လိုက်ကြသည်။ တစ်ယောက်ချင်းစီ၏ မျက်နှာတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ဖြစ်ပေါ်နေပြီး လှိုင်းကြီးများကဲ့သို့ အလွန်ကြီးမားသော စစ်တပ်ကြီး၏ သတ်ဖြတ်ခြင်း အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ သတ်ဖြတ်ခြင်း အသိများက လူတိုင်း၏ ရင်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါများ နှင်းမုန်တိုင်း ကြားတွင် ထိပ်တိုက် တွေ့ဆုံကြပြီး ကျယ်ပြောလှသော နှင်းနိုင်ငံကြီး တစ်ခုလုံးကို အမှုန့်ကြိတ်ပစ်တော့မည့် ပုံစံမျိုး ဖြစ်နေသည်။
"တာအိုမိတ်ဆွေ အားလုံးပဲ..."
စစ်ခုန်းချန်မု ၏ မျက်ဝန်းမှ အရပ်ရှစ်မျက်နှာသို့ အေးစက်သော အလင်းများ ဖြာထွက်သွားပြီး လေထဲတွင် တောက်ပနေသော အလင်းဓား တစ်လက် ပေါ်လာကာ မြင့်မြတ်သော အလင်းရောင်များ အရပ်လေးမျက်နှာသို့ ဖြန့်ကျက်သွားသည်။
"ဓားထုတ်ကြ"
"သတ်"
"သတ်"
"သတ်"
...
သူမ၏ အနောက်တွင် နေရာယူထားသော ကျင့်ကြံသူ သိန်းချီက တပြိုင်နက် ဟိန်းဟောက်လိုက်ကြသည်။ တောင်ရေမြေတောများကို ဝါးမြိုမည့်အလား ကျယ်လောင်လှသော သတ်ဖြတ်သံများက ပတ်ဝန်းကျင်ရှိ အသံအားလုံးကို တစ်မုဟုတ်ချင်း လွှမ်းမိုးသွားသည်။
ဝုန်း...
တိမ်ပင်လယ် ကြားမှ စစ်သင်္ဘောကြီး တစ်စင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ရှေးဟောင်း သားရဲကြီး တစ်ကောင် ဆင်းသက်လာသကဲ့သို့ပင်။ အရိပ်မည်းကြီး မြေပြင်ပေါ်သို့ ကျရောက်လာပြီး နေရောင်ခြည်ကို ဖုံးကွယ်သွားစေသည်။ အလင်းနှင့် အပူဓာတ်များ ပျောက်ကွယ်သွားပြီး အဆုံးအစမဲ့သော အေးခဲမှုများသာ ကျန်ရစ်တော့သည်။ အင်အားကြီးအဖွဲ့အစည်းသုံးခု သည် ယနေ့ ဤတိုက်ပွဲအတွက် အင်အား အားလုံးကို ထုတ်သုံးလာခြင်းပင်။
"သွားပြီ..."
မြေပြင်ပေါ်တွင် ရပ်နေသော မရေမတွက်နိုင်သည့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် မျှော်လင့်ချက်မဲ့သော မျက်နှာများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော သတ်ဖြတ်ခြင်း အရှိန်အဝါများကို ခံစားနေရသည်။
"မြောက်ပိုင်းဒေသ မှာ လူမရှိဘူး ထင်နေတာလား"
"မြောက်ပိုင်းဒေသ မှာ လူမရှိဘူး ထင်နေတာလား"
...
စစ်မြေပြင်တွင် နေရာအနှံ့ရှိ တောတောင်များမှ တက်ကြွသော အသံများ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ သောင်းချီသော လူရိုင်း ကျင့်ကြံသူများသည် အချို့က ကောင်းကင်မှ ပျံသန်းလျက် အချို့က မြေပြင်ပေါ်မှ ပြေးလွှားလျက် မုန်တိုင်းတစ်ခုအလား စစ်မြေပြင်သို့ ဝင်ရောက်လာကြသည်။ ကြမ်းတမ်းပြီး ထူးဆန်းသော မှော်စွမ်းအင်များက ရှည်လျားသော သက်တံကြီးတစ်ခုအလား ကောင်းကင်ကို ဖြတ်သန်းသွားပြီး စစ်မြေပြင်ကို ဖြတ်ကျော်သွားသည်။
"ချန်နိုင်ငံ ... အဆုံးအဖြတ် တိုက်ပွဲပဲ" လူရိုင်း ဘိုးဘေး က ကောင်းကင်သို့ မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လေထဲတွင် လက်တစ်ဖက်ကို အရှေ့သို့ လွှဲချလိုက်သည်။
ထိုခဏတွင်...
အင်အားစု သုံးခု သန်းချီသော ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း ကောင်းကင်ကို တုန်လှုပ်စေသော အော်ဟစ်သံကြီးများ ပြုလုပ်လိုက်ကြသည်။ ပြင်းထန်သော လေစီးကြောင်းများနှင့် လေပြင်းများ တိုက်ခတ်လာပြီး တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အဝတ်အစားများနှင့် ဆံပင်များ ပြင်းထန်စွာ လွင့်ပျံသွားကြသည်။
ဝုန်း...
ဝုန်း...
ဆွေးမြေ့ဖွယ်ရာ ခရာမှုတ်သံများက မြောက်ပိုင်းဒေသ တွင် ပဲ့တင်ထပ်သွားသည်။ ပြင်းထန်သော အစီအရင် အလင်းတန်းများ စစ်မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကျင့်ကြံခြင်းလောက သုံးခုမှ ကျင့်ကြံသူများသည် ဒေါသထွက်နေသော ဆူနာမီ လှိုင်းကြီးများအလား တိုးဝင်လာကြပြီး မျက်စိမှိတ်ထားချင်လောက်အောင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ယှက်နွှယ်ကာ နောက်ဆုံးတွင် ထိပ်တိုက် ရင်ဆိုင်မိကြတော့သည်။ ကျင့်ကြံခြင်းလောက သမိုင်းတွင် မည့် တိုက်ပွဲကြီး ဟု နောင်အခါတွင် ခေါ်တွင်မည့် ပျက်စီးခြင်း စစ်ပွဲကြီး၏ အစပြုခြင်းပင်။
......
လှပသော အချိန်ကာလများသည် သေချာပေါက် ကုန်ဆုံးသွားမည် ဖြစ်သောကြောင့် တန်ဖိုးရှိလှသည်။ မျက်စိတစ်မှိတ် အတွင်း နောက်ထပ် ဆယ်နှစ်တာ ကာလ ကုန်ဆုံးသွားပြန်သည်။ မြောက်ပိုင်းဒေသ စစ်မြေပြင်မှ မည်သည့် သတင်းမျှ မရောက်လာတော့ပေ။ သို့သော် ယခင် ဝူနိုင်ငံ ၏ စစ်ပွဲထက် များစွာ ပိုမို ရက်စက်ကြမ်းကြုတ်သော ငရဲခန်းကြီး ဖြစ်နေမည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
တစ်ဖက်တွင် ကောင်းကင်လွင်ပြင်ကြီး။ မည်သူမျှ အရောက်အပေါက် မရှိသော လွင်ပြင်၏ မြေအောက် နက်ရှိုင်းရာ။
အရိပ်နှစ်ခုသည် မြေကြီးပေါ်တွင် တိတ်ဆိတ်စွာ တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့၏ အကြည့်များက အပေါ်ဘက်သို့ ငေးမောကြည့်ရှုနေကြသည်။ ဟုတ်ပေသည် သူတို့ 'နေထွက်ခြင်း' ကို ကြည့်နေကြခြင်း ဖြစ်သည်။ ဒဏ္ဍာရီလာ 'အရှေ့အရပ်မှ ခရမ်းရောင်အငွေ့အသက်' ကို စုပ်ယူရန် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ ကြီးမားလှသော စွမ်းအား ဖြစ်ရာ အလကား ရမည့်အရာကို မယူလျှင် အရှုံးပင်။
"နွားကြီး... စိတ်ကို ငြိမ်ငြိမ်ထား အာရုံစိုက်ထား... ကောင်းကင်နဲ့ မြေကြီး က ပေးမယ့် လက်ဆောင်ကို လက်ခံဖို့ ပြင်ထား"
ချန်ရွှင်က ဟန်ရေးတပြပြဖြင့် ပွစိပွစိ ရေရွတ်နေပြီး မျက်လုံးကို တစ်ဝက် မှိတ်ကာ လက်နှစ်ဖက် ခြေနှစ်ဖက်လုံးကို ကောင်းကင်သို့ ထောင်ထားလိုက်သည်။ "လာစမ်း... ငါ့ဘက်က အဆင်သင့် ဖြစ်နေပြီဟေ့"
"မွန်း မွန်း"
နွားကြီးလည်း မျက်လုံး မှိတ်ထားသော်လည်း စိတ်ထဲတွင် အလွန် ရိုသေကိုင်းရှိုင်းနေသည်။ ဤအကျင့်ကို သူတို့ ရှေးယခင်ကတည်းက လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ နွားကြီးက 'ကုသိုလ်' နှင့် 'အရှေ့အရပ်မှ ခရမ်းရောင်အငွေ့အသက်' ကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် အရာများကို အလွန် ယုံကြည်သည်။ မျက်စိဖြင့် မမြင်ရ လက်ဖြင့် စမ်းသပ်၍ မရသော်လည်း ယုံကြည်သူတိုင်း အကျိုးရှိမည် ဖြစ်သည်။
ဤအရာက သူတို့၏ ရှည်လျားပြီး ပျင်းရိဖွယ် ကောင်းသော ကျင့်ကြံခြင်း ဘဝတွင် အမွှေးအကြိုင် တစ်မျိုး ဖြစ်သည်။ ထာဝရအသက်ရှင်သူများ အတွက် ချီစွမ်းအင်ကိုသာ စုပ်ယူနေရသော နေ့ရက်များသည် အလွန် ပျင်းစရာ ကောင်းလွန်းလှသည်။
တစ်နာရီခန့် ကြာပြီးနောက်။
"... အင်း ငါ... ခရမ်းရောင်အငွေ့အသက် ကို နောက်ဆုံးတော့ ခံစားမိသွားပြီ"
ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး အလွန် လန်းဆန်းသွားသော မျက်နှာဖြင့် ပြောလိုက်သည်။ "နွားကြီး... ဒီအချိန်အထိ ငါတို့ကို စောင့်ရှောက်ပြီး ကျေးဇူးပြုခဲ့တဲ့ ကောင်းကင်ကြီး ကို ကျေးဇူးတင်ရအောင်"
"မွန်း..." နွားကြီး နှာခေါင်းမှ လေကို ရှည်လျားစွာ မှုတ်ထုတ်လိုက်ပြီး အမည်မသိ 'စိတ်နှလုံး သန့်စင်ခြင်း' ကို ခံစားနေသည်။
"အခါကောင်း ကျရောက်ပြီ... ငါ ဆေးမီးဖို ဖွင့်ပြီး ဆေးဖော်တော့မယ် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ ငါ... ချန်ရွှင် ဘိုးဘေး မျက်နှာကို ထောက်ပြီး စောင့်ရှောက်ပေးကြပါ"
ချန်ရွှင် ရုတ်တရက် အသံပြောင်းသွားပြီး ရေခဲကဲ့သို့ ပြာလဲ့တောက်ပနေသော ဆေးမီးဖို ကို ကောင်းကင်သို့ ဝဲကတော့ပုံစံ လွှင့်တင်လိုက်သည်။ "နွားဘိုးဘေးကြီး က မင်းတို့ နတ်ကောင်းနတ်မြတ်တွေကို သေချာပေါက် လာဘ်ထိုးပေးလိမ့်မယ်ကွ"
"မွန်း"
နွားကြီး အံ့သြပြီး ခုန်ထွက်သွားသည်။ ချန်ရွှင် ဤကဲ့သို့ ယုံကြည်ရခက်သော စကားမျိုး ပြောတိုင်း သူ့ကို အမြဲတမ်း ဆွဲသွင်းတတ်သဖြင့် မုန်းသည်။
"စိတ်ရင်းမှန်ရင် တကယ် ဖြစ်လာတတ်တယ် နွားကြီး... ထိုင်နေစမ်းပါ"
ချန်ရွှင် အနည်းငယ်မျှ အလောတကြီး မဖြစ်ဘဲ နက်ရှိုင်း တည်ငြိမ်သော အကြည့်ဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့ အခါကောင်းကို လာမနှောင့်ယှက်နဲ့နော်"
"မွန်း မွန်း"
နွားကြီး မတတ်သာဘဲ ထိုင်ချလိုက်ပြီး ဘေးနားမှ ပွစိပွစိ မကျေမနပ် ပြောနေသည်။ ဤအချိန်မျိုးတွင် ချန်ရွှင်ကို နှောင့်ယှက်ရသည်မှာ အမှန်တကယ် ကြောက်စရာ ကောင်းသည်။