← Chapters

အခန်း ၁၇၂

Vol. 10 Ch. 172

အခန်း ၁၇၂

Vol. 10 Ch. 172

အခန်း (၁၇၂)

ဟောင်းနွမ်းစုတ်ပြဲနေသော မြေပုံကြီး တစ်ချပ်သည် လေထဲတွင် လွင့်ပျံနေသည်။

"နွားကြီး... ချန်နိုင်ငံ ရဲ့ နယ်စပ်မြို့လေးက တော်တော်လေး စည်ကားတာပဲ။"

ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်ပြီး အဝေးမှ မြို့တံခါးကို အဝင်အထွက် ပြုလုပ်နေကြသော ပြည်သူများကို ငေးကြည့်လိုက်သည်။ "ငြိမ်းချမ်းရေးက အကောင်းဆုံးပဲ... စစ်ပွဲတွေ မရှိတာ တကယ့်ကို ကောင်းတဲ့ကိစ္စပဲ"

"မွန်း..." နွားနက်ကြီးလည်း ပါးစပ်ကြီး ဖြဲကာ ရယ်မောလိုက်ပြီး ခေါင်းကို အကြိမ်ကြိမ် ခါရမ်းလိုက်ရာ ကျောပေါ်မှ ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များက ဂလောင်ဂလောင် မြည်နေလေသည်။

အရှေ့ဘက် နိုင်ငံများက ရှုပ်ထွေးလွန်းသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုကဲ့သို့သော နေရာမျိုးတွင် အချိန်ကြာမြင့်စွာ မနေချင်ကြပေ။

လမ်းဘေးမှာ ခေါက်ဆွဲစားနေရင်း ဝင်တိုက်မယ့် စစ်တပ်ကြီးနဲ့ တွေ့ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ...

"ချန်နိုင်ငံ ရဲ့ ကျင့်ကြံသူတွေက အထက်အောက် သွားလာခွင့်ကို ထိပ်တန်းဂိုဏ်းဆယ်ခုက ပိတ်ပင်ထားပေမဲ့ သာမန် ပြည်သူတွေကို ဆက်ဆံတာတော့ ကောင်းမွန်ပါတယ်"

ချန်ရွှင်၏ စိတ်ထားမှာ အေးချမ်းနေပြီး နှုတ်ခမ်းများတွင်လည်း အပြုံးတစ်ခု အမြဲတမ်း ပေါ်နေသည်။

"တကယ်လို့ ဒီနေရာက အရှေ့ဘက် နိုင်ငံတွေလို နေရာမျိုးသာ ဆိုရင်... ဟို အရင်တုန်းက အဒေါ်ကြီးဝမ် တို့ မိသားစု ဆိုရင်လည်း ဆန်တွေ ခိုးတာ ကြက်တွေ ခိုးတာလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူး"

"မွန်း မွန်း..." နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ ချန်ရွှင် စကားပြောတာတွေက တဖြည်းဖြည်းနဲ့ ပိုပြီး ဗဟုသုတ ပါလာသလိုပဲ။

သူတို့၏ အမြင်နှင့် စိတ်ကူးများသည် ကြီးမားကျယ်ပြန့်ခြင်း မရှိပေ။ မူလက သာမန် ရွာသားများသာ ဖြစ်ကြရာ ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်ကို မြင်ရလျှင်ပင် လုံလောက်ပြီ ဖြစ်ပြီး အခြားအရာများကို သိပ်တွေးတောနေလေ့ မရှိပေ။

"ကျင့်ကြံခြင်း လောကမှာ စစ်ပွဲတွေ မရှိရင် အကောင်းဆုံးပဲ" ချန်ရွှင်၏ အကြည့်များသည် အဝေးသို့ ရောက်ရှိသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဒါပေမဲ့ သူများတွေ တိုက်ခိုက်နေတာကို ငါတို့ သွားတားလို့မှ မရတာ"

နွားနက်ကြီးသည် လှည့်ကြည့်လိုက်ရာ မျက်လုံးများတွင် အနည်းငယ် ဝမ်းနည်းရိပ် သန်းသွားသည်။ စစ်ပွဲကြောင့် အရာအားလုံး ဆုံးရှုံးသွားရသော ထို ရင်းနှီးခဲ့သည့် မိတ်ဆွေများကို ပြန်လည် အမှတ်ရသွားမိသည်။

"ဟဲဟဲ... စိတ်မကောင်း မဖြစ်ပါနဲ့ နွားကြီးရာ..."

ချန်ရွှင် အနည်းငယ် ပြုံးလိုက်ပြီး နွားနက်ကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"သူတို့က ငါတို့ရဲ့ ရင်ထဲမှာ အမြဲတမ်း ရှိနေမှာပါ။"

"မွန်း..." နွားနက်ကြီးသည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်သည်။

ဝှစ်...

ဝှစ်...

ဝှစ်...

သူတို့ လွမ်းဆွတ်တမ်းတနေချိန်တွင် မြို့ရိုးအပြင်ဘက် အနိမ့်ပိုင်း ကောင်းကင်မှ ချီစုဆောင်းခြင်းအဆင့် ဂိုဏ်းသား သုံးဦးသည် ဓားပျံစီးကာ အလွန် လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာကြသည်။

မြို့တွင်းရှိ ပြည်သူများက မြင်လိုက်ရသောအခါ "နတ်ဘုရားတွေပဲ" ဟု အော်ဟစ်ကာ ကောင်းကင်သို့ လက်သီးဆုပ်၍ အရိုအသေပြုလိုက်ကြသည်။ သို့သော် ပျံသန်းလာသော သုံးဦး၏ မျက်နှာများမှာ အလွန် စိုးရိမ်ပူပန်နေကြပြီး တစ်စုံတစ်ခုကို အလောတကြီး ပြောဆိုနေကြသည်။

"စီနီယာအစ်ကို... ဟို ငိုကြွေးခြင်းဝိညာဉ်ဂိုဏ်း က ကောင်တွေ တကယ် တရားလွန်လွန်းတယ်... ချန်နိုင်ငံ ကျင့်ကြံခြင်းလောက မငြိမ်မသက် ဖြစ်နေတုန်း အခွင့်ကောင်းယူပြီး လုယက်နေကြတာ"

"ဟမ့်... ထိပ်တန်းဂိုဏ်းဆယ်ခုက စီနီယာတွေက အရှေ့ဘက်နယ်စပ်ကိုသာ စောင့်ကြပ်ပေးမနေဘူးဆိုရင် ငိုကြွေးခြင်းဝိညာဉ်ဂိုဏ်းလို ဂိုဏ်းမျိုးက ဘယ်လိုလုပ် အခွင့်အရေး ရနိုင်မှာလဲ"

"အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာ နှစ်ယောက် ရှိတာနဲ့တင် တခြား ဂိုဏ်းတွေကို ဆက်ကြေးတောင်းရဲတယ်... ဒီလိုသာ ဆက်ဖြစ်နေရင် ကျင့်ကြံခြင်းလောကရဲ့ စည်းကမ်းတွေ အကုန် ပျက်စီးကုန်တော့မှာပဲ။"

......

သူတို့သုံးဦးသည် ချီစုဆောင်းခြင်းအဆင့်သာ ရှိသေးသော်လည်း ကျင့်ကြံခြင်း လောကတစ်ခုလုံး၏ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြပြီး ဒေါသထွက်နေကြသည်။ သို့သော် ဘယ်အချိန်ကတည်းကန်းမသိ သူတို့၏ ဘေးနားရှိ အနိမ့်ပိုင်း ကောင်းကင်တွင် 'နွားနက်ကြီး တစ်ကောင်' ယှဉ်တွဲ ပျံသန်းလာသည်ကို သတိထားမိလိုက်ကြသည်။

သူတို့သုံးဦး ရုတ်တရက် "အား" ဟု အော်ဟစ်လိုက်မိသည်။ ကောင်းကင်မှာ ဘယ်လိုလုပ် နွားကြီးက ပျံနေတာလဲ။

ထို့အပြင် ထိုနွား၏ ကျောပေါ်တွင် ပြုံးရွှင်နေသော အမျိုးသားတစ်ဦး ထိုင်နေသေးသည်။ ရုပ်ရည်ကို ကြည့်ရသည်မှာ သူတို့ထက်ပင် ငယ်ရွယ်ပုံ ရနေသေးသည်။

သူတို့သုံးဦး ချွေးစေးများ ပြန်သွားပြီး လူတစ်ယောက်နှင့် နွားတစ်ကောင်ကို အံ့သြတကြီး ကြည့်နေမိကြသည်။

သူတို့က ဓားပျံစီးပြီး အစွမ်းကုန် ပျံသန်းနေခြင်းဖြစ်သည့်တိုင် ထိုနွားနက်ကြီးက လေထဲတွင် ဖြည်းညှင်းစွာ လမ်းလျှောက် နေရုံသာဖြစ်သည်။ ပါးစပ်ကလည်း "မွန်း... မွန်း..." ဟု အော်မြည်နေသေးသည်။

"စီ... စီနီယာ"

"စီနီယာ"

သူတို့သုံးဦး အလျင်အမြန် လေထဲတွင် ဘရိတ်အုပ်လိုက်ပြီး ကြောက်လန့်တကြား မျက်နှာများဖြင့် လက်သီးဆုပ်၍ အရိုအသေပြုလိုက်ကြသည်။ အမှားမရှိနိုင်၊ ကောင်းကင်တွင် ကိုယ်ပိုင် စွမ်းအားဖြင့် လမ်းလျှောက်နိုင်သူသည် ဒဏ္ဍာရီလာ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများသာ ဖြစ်သည်။

"အားနာစရာ မလိုပါဘူး"

ချန်ရွှင် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အလွန် အေးချမ်းသော လေသံဖြင့် ပြောလိုက်သည်။

သူတို့သုံးဦးသည် နွေဦးလေပြေလေညှင်းလေးက ကိုယ်ကို ပင့်မပေးလိုက်သလို ခံစားလိုက်ရသည်။ သို့သော် ရင်ထဲတွင်မူ ချွေးစေးများ ပြန်နေဆဲပင်။ အရှိန်မထိန်းနိုင်ဘဲ 'စီနီယာ' ၏ လမ်းကြောင်းကို ဝင်ရောက် ပိတ်ဆို့မိသလို ဖြစ်သွားခဲ့သည် မဟုတ်ပါလား။

"မင်းတို့ကို မေးစရာလေး နည်းနည်း ရှိလို့ပါ။"

"စီနီယာ... သိချင်တာ ရှိရင် မေးပါ... တပည့်တို့ သိသမျှ အကုန် ဖြေပါ့မယ်"

သူတို့သုံးဦး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ နှလုံးခုန်သံများ မြန်ဆန်နေပြီး မျက်လုံးများ ပြူးကျယ်နေကြသည်။

"စိတ်မပူပါနဲ့... မင်းတို့ကို ဒုက္ခမပေးပါဘူး"

ချန်ရွှင် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ သူ၏ စကားသံတွင် ဖော်ပြ၍ မရနိုင်သော နွေးထွေးမှုများ ပါဝင်နေသဖြင့် သူတို့သုံးဦး၏ ရင်ထဲတွင် အေးချမ်းသွားပြီး အနည်းငယ် တည်ငြိမ်သွားကြသည်။

"မွန်း မွန်း..."

နွားနက်ကြီးလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ အစ်ကိုကြီးနဲ့ ငါက စကားပြောရ အလွယ်ဆုံးလူတွေပဲ... အားနည်းတဲ့သူတွေကို အနိုင်မကျင့်ပါဘူး။

"ခုနက ထိပ်တန်းဂိုဏ်းဆယ်ခု က 'အရှေ့ဘက် နယ်စပ်' ကို စောင့်ကြပ်နေတယ်လို့ ပြောလိုက်တယ်နော်... မဟုတ်မှလွဲရော... နောက်ထပ် စစ်ပွဲတွေ ထပ်ဖြစ်နေပြန်ပြီလား။"

ချန်ရွှင် တည်ငြိမ်စွာ မေးလိုက်သည်။

"သူတို့ အားလုံး မြောက်ပိုင်း နယ်စပ်ကို သွားကြတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ပြဿနာတွေ ထပ်ဖြစ်ရတာလဲ"

"မွန်း"

နွားနက်ကြီးလည်း နားမလည်နိုင် ဖြစ်သွားသည်။ သူတို့ ချန်နိုင်ငံကို စရောက်တုန်းက ယခုလို သတင်းမျိုး မကြားဖူးပေ။

သူတို့သုံးဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဒီစီနီယာ ပြောနေတာက 'လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက သမိုင်းဟောင်း' ကြီး မဟုတ်လား။

"စီနီယာ မသိလို့ပါ... အရှေ့ဘက် နိုင်ငံတွေက ကျင့်ကြံသူတွေနဲ့ မြောက်ပိုင်းက လူရိုင်း ကျင့်ကြံသူတွေ ပူးပေါင်းပြီး ကျွန်တော်တို့ ချန်နိုင်ငံကို တိုက်ခိုက်ဖို့ ကြံစည်နေကြတာပါ"

တစ်ယောက်က အံကို တင်းတင်းကြိတ်ကာ ချန်ရွှင်အား ပြန်ဖြေလိုက်သည်။

"အခု ထိပ်သီးဂိုဏ်းဆယ်ခု က ကျွန်တော်တို့ ချန်နိုင်ငံက ဂိုဏ်းကြီးတွေက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး မြောက်ပိုင်း နယ်စပ်မှာ သွေးချောင်းစီး တိုက်ပွဲတွေ ဆင်နွှဲနေကြပါတယ်။"

သောက်ကျိုးနည်းပဲ...

ချန်ရွှင်နှင့် နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ကျင့်ကြံခြင်း လောကမှာ စစ်ပွဲတွေ ထပ်ဖြစ်နေပြန်ပြီလား။

"ဟုတ်ပြီ... နားလည်ပါပြီ... ကျေးဇူးပဲ"

"စီနီယာ... အားနာစရာ မလိုပါဘူး"

သူတို့သုံးဦး လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။ အလွန်အမင်း ကြောက်ရွံ့ နေကြသည်။ ဒဏ္ဍာရီလာ ရွှေအမြူတေအဆင့် စီနီယာကြီး တစ်ဦးနှင့် စကားပြောခွင့် ရခဲ့သည် ဆိုသည်မှာ တစ်သက်လုံး ဂုဏ်ယူစရာ ကိစ္စတစ်ခုပင်။

ထိုအချိန်တွင် ချန်ရွှင်သည် သိုလှောင်အိတ်ထဲမှ ဆေးပုလင်း သုံးပုလင်းကို ထုတ်ယူလိုက်သည်။

"မင်းတို့နဲ့ တွေ့ရတာလည်း ရေစက်ပါပဲ... ဒီ 'တောင်ပံဆေး' သုံးပုလင်းကို မင်းတို့ကို ပေးလိုက်မယ်။"

"မွန်း..." နွားနက်ကြီးလည်း အမြီးကို လှုပ်ခါလိုက်ပြီး ပျော်ရွှင်နေသည်။ အခု ငါတို့က 'စီနီယာ' တွေ ဖြစ်နေပြီလေ။

"စီနီယာရဲ့ လက်ဆောင်ကို ကျေးဇူးတင်စွာနဲ့ လက်ခံပါ့မယ်"

သူတို့သုံးဦး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဒဏ္ဍာရီလာ ရွှေအမြူတေအဆင့် စီနီယာကြီး တစ်ဦးနှင့် ဆုံတွေ့ရုံသာမက ဤကဲ့သို့သော လက်ဆောင် ကိုပါ ရရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ထိုအချိန်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် အဆုံးသို့ ပျောက်ကွယ်သွားကြသည်။ လာတုန်းကလည်း အရိပ်အယောင် မပြသလို၊ သွားတော့လည်း ခြေရာလက်ရာ မကျန်ရစ်ပေ။

သူတို့သုံးဦးသည် လေထဲတွင် အူကြောင်ကြောင် ရပ်နေဆဲ ဖြစ်ပြီး လက်ထဲရှိ 'တောင်ပံဆေး' ပုလင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေကြသည်။

ဒီဆေးကို ကိုယ်တိုင် မသုံးတော့ဘူး... မိသားစု အမွေအနှစ်အဖြစ် သိမ်းထားလိုက်တော့မယ်...

ဟွိုင်ဖျင်မြို့၊ မြို့တွင်း။

လမ်းမများပေါ်တွင် သိုင်းသမား အများအပြား သွားလာနေကြပြီး ကလေးငယ်များသည်လည်း ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။

စားသောက်ဆိုင်များသည် လူများဖြင့် ပြည့်ကျပ်နေပြီး တစ်ခါတစ်ရံ "ဝေး" ဟု အော်ဟစ်သံများ ထွက်ပေါ်လာတတ်သည်။ ပုံပြင်ပြောပြသူက စိတ်ဝင်စားစရာ ကောင်းသော အခန်းဆက်များကို ပြောပြနေပုံ ရသည်။ လမ်းဘေး နှစ်ဖက်စလုံးတွင် ဈေးဆိုင်တန်းများ ရှိပြီး ဈေးသည်များ၏ အော်ဟစ် ရောင်းချသံများလည်း ပဲ့တင်ထပ်နေသည်။ အရောင်းအဝယ် ကောင်းစေရန် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ခြင်းသည် အခြေခံကျသော နည်းလမ်း တစ်ခုပင်။

ရှေးဟောင်း ပစ္စည်းများ ရောင်းချသော ဆိုင်တစ်ဆိုင်ရှေ့တွင် ဈေးဝယ်သူ အများအပြား စုဝေးနေကြသည်။

"ဦးလေး... ဒီ 'ကြေးနွားရုပ်' က ဘယ်လောက်လဲ"

"ဟဲဟဲ... အစ်ကိုလေး မျက်စိလျင်တာပဲ ဒါက မိသားစု အမွေအနှစ် 'ကောင်းကင်မော့ကြည့်နေတဲ့ နွားအိုကြီး' ပုံစံလေ... မျိုးဆက် တစ်ရာတိုင်တိုင် ကောင်းချီးပေးနိုင်တဲ့ အဆောင်ပစ္စည်း တစ်ခုပေါ့ ရွှေပြား တစ်ပြားမှ မရရင်တော့ မရောင်းနိုင်ဘူး"

"အရောင်တွေ ကျွတ်နေတာကို 'မိသားစု အမွေအနှစ်' တဲ့လား နှစ်တစ်ရာတောင် ရှိသေးရဲ့လား မသိဘူး ကျွန်တော့်ကို လာမလိမ်နဲ့ ကြေးပြား တစ်ထောင်ပဲ... ရရင် အခု ချက်ချင်း ယူသွားမယ်"

"... ကောင်းပြီလေ... ယူသွားတော့"

ဆိုင်ရှင် အမျိုးသားသည် မျက်နှာ ရှုံ့မဲ့သွားပြီး 'အရှုံးကြီး ရှုံးသွားပြီ' ဆိုသည့် ပုံစံမျိုး ဖမ်းလိုက်သည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ကျေနပ်အားရစွာဖြင့် ပစ္စည်းကို ယူကာ ထွက်ခွာသွားကြသည်။ ဆိုင်ရှင်သည် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး အနောက်ဘက်ရှိ သစ်သားသေတ္တာ (ကြေးရုပ် အများအပြား ရှိနေသေးသည်)ကို တစ်ချက် လှမ်းကြည့်ကာ ထပ်မံ အော်ဟစ် ရောင်းချနေပြန်သည်။

နှစ်နာရီ ကြာပြီးနောက်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လမ်းသွယ်လေး တစ်ခု၏ ထောင့်စွန်းတွင် ဆောင့်ကြောင့်ထိုင်လျက် ပါးစပ်အနှံ့ ဆီများ ပေကျံနေအောင် အသားမုန့်များကို စားသောက်နေကြသည်။ ဖြတ်သွားဖြတ်လာ တောင်းရမ်းစားသောက်သူများပင်လျှင် ခေါင်းခါသွားကြသည်။ (ဒီနွားကျောင်းသား... ဒီလောက် စုတ်ပြတ်နေတဲ့ နေရာမှာ အစားအသောက် လာစားနေရတယ်လို့...)

"နွားကြီး... ကျင့်ကြံခြင်း လောကရဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီ။"

ချန်ရွှင်သည် တက်ခေါက်လိုက်ပြီး ပါးစပ်ထဲ အပြည့်ဝါးရင်း ပြောလိုက်သည်။

"မြောက်ပိုင်း နယ်စပ်ကို 'ပူးပေါင်း ရှာဖွေ' ရင်းနဲ့ နောက်ဆုံးတော့ စစ်ပွဲကြီး ဖြစ်သွားတာပဲ"

"မွန်း မွန်း..."

နွားနက်ကြီး အမြီးကို လှုပ်ခါလိုက်သည်။ ချန်နိုင်ငံ အတွင်းပိုင်းအထိ စစ်မီး မကူးစက်သရွေ့ ဘာပြဿနာမှ မရှိပေ။

အကယ်၍ အတွင်းပိုင်းအထိ စစ်မီး ကူးစက်လာပြီး ဘကြီးစွန်း တို့၏ အုတ်ဂူများနှင့် သူတို့၏ ဇာတိမြေ ပျက်စီးသွားမည် ဆိုလျှင် နွားဘိုးဘေးကြီး ခွင့်လွှတ်မည် မဟုတ်ပေ။

"ထားလိုက်ပါ... ချီစုဆောင်းခြင်းအဆင့် ကောင်လေးတွေက အဓိက အခြေအနေတွေကို ဘယ်သိပါ့မလဲ ကောလာဟလတွေပဲ နေမှာပါ အတွင်းပိုင်း ငြိမ်းချမ်းနေရင် လုံလောက်ပါပြီ"

ချန်ရွှင် တဟားဟား ရယ်မောလိုက်သည်။ လူသားကမ္ဘာတွင် မည်သည့် ထိခိုက်မှုမှ မရှိသည်ကို တွေ့ရသည်။ "နွားကြီး... ငါတို့ ယုံချွမ်ပြည်နယ် ကို ပြန်ကြမယ်။"

"မွန်း" နွားနက်ကြီး စိတ်လှုပ်ရှားသွားပြီး အသားမုန့်ထဲမှ အနှစ်များပင် လွင့်စင်သွားသည်။

ချန်ရွှင် ပြောလေလေ ပျော်ရွှင်လေလေ ဖြစ်ပြီး နွားနက်ကြီးမှာလည်း ပိုမို ပျော်ရွှင်လာသည်။ ဤမြင်ကွင်းကို ကြည့်ရုံဖြင့် သူတို့ မူလဝိညာဉ်အဆင့်သို့ တက်စဉ်ကထက်ပင် ပိုမို ပျော်ရွှင်နေကြကြောင်း သိနိုင်သည်။

All Chapters