← Chapters

အခန်း ၁၇၅

Vol. 10 Ch. 175

အခန်း ၁၇၅

Vol. 10 Ch. 175

အခန်း (၁၇၅)

သူတို့နှစ်ဦးသည် ကြောက်ရွံ့လွန်းသဖြင့် ထိုနေရာ၌ပင် ကျောက်ရုပ်ကြီးများလို ရပ်နေမိကြသည်။

"မွန်း..."

နွားနက်ကြီးက တိုးညှင်းစွာ အော်မြည်လိုက်ရာ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်သွားသော လက်ဖက်ရည်များနှင့် ကွဲအက်သွားသော အပိုင်းအစများသည် မျက်စိတစ်မှိတ်အတွင်း သန့်ရှင်းသွားပြီး လက်ဖက်ရည်အိုးသည်လည်း မူလအတိုင်း စားပွဲပေါ်သို့ ပြန်လည် ရောက်ရှိသွားလေသည်။

"ဘိုးဘေး ကို ဦးညွှတ် ဂါရဝပြုပါတယ် "

"ဘိုးဘေး ကို ဦးညွှတ် ဂါရဝပြုပါတယ် "

သူတို့နှစ်ဦးသည် ရုတ်တရက် သတိဝင်လာပြီး ဒူးထောက်ချကာ ဦးခေါင်းကို ကြမ်းပြင်နှင့် ထိသည်အထိ အရိုအသေပြုလိုက်ကြသည်။ ဤမျှ ထူးခြားသော သက်တမ်းသည် သူတို့၏ ယုံကြည်ထားသော အသိပညာများကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ မျက်စိရှေ့မှောက်ရှိ ပုဂ္ဂိုလ်သည် မည်မျှ အစွမ်းထက်သော အင်မော်တယ် ဖြစ်ကြောင်း မခန့်မှန်းနိုင်သော်လည်း အင်မော်တယ်များကြားတွင် အလွန် အဆင့်အတန်း မြင့်မားသော ပုဂ္ဂိုလ်ကြီး ဖြစ်မည်မှာ သေချာလှပေသည်။

"ဟိုတုန်းက ငါ ဒုက္ခရောက်နေချိန်မှာ ဆရာနင်က ငါ့ကို ပစ်မထားဘဲ တပည့်အဖြစ် လက်ခံပေးခဲ့တယ်... ဒါကြောင့် ငါကိုယ်တိုင်လည်း နင်းမိသားစုရဲ့ လူတစ်ယောက် ဖြစ်တယ်လို့ သတ်မှတ်လို့ ရပါတယ်... မင်းတို့ ခေါ်တဲ့ 'ဘိုးဘေး' ဆိုတဲ့ နာမည်ကို လက်ခံဖို့ အရည်အချင်း ရှိပါတယ်ကွာ"

ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်ပြီး ထိုအမည်ကို အလွယ်တကူပင် လက်ခံလိုက်သည်။ နင်းမိသားစု၏ သားမြေးများကို ကြည့်နေရင်း ဆရာနင်၏ ပုံရိပ်ကို ထပ်တူ မြင်ယောင်နေမိသည်။

" ကဲ ထကြ... ထကြ"

ယခုမှပင် သူသည် ကျင့်ကြံခြင်းလောကရှိ စီနီယာကြီးများသည် အဘယ်ကြောင့် မိမိ၏ 'တပည့် (သို့)မိသားစုဝင်များ' အပေါ် ဤမျှ မျက်နှာသာ ပေးတတ်ကြသနည်း ဆိုသည်ကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ ဟုတ်ပေသည်။ တစ်ဖက်လူက မိမိ၏ မျိုးဆက် ဖြစ်နေမှတော့ မျက်နှာသာ ပေးရမည်မှာ သဘာဝပင် မဟုတ်ပါလား။

"မွန်း..."

နွားနက်ကြီးသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ 'ဘိုးဘေး' ဟု ထပ်မံ အခေါ်ခံလိုက်ရပြန်သည်။ ရင်ထဲတွင် ဒီကလေးတွေကို ဘာလက်ဆောင် ပေးရမလဲ ဟု စတင် တွေးတောနေမိသည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘေး"

သူတို့နှစ်ဦးသည် မျက်နှာများ နီမြန်းသွားပြီး ကျယ်လောင်စွာ ပြန်ထူးကာ မတ်တပ်ရပ်လိုက်ကြသည်။

"ပထမဆုံး အကြိမ် တွေ့ဆုံတာ ဆိုတော့... ဒီ နှုတ်ဆက်လက်ဆောင်လေးကို မင်းတို့ ကလေးတွေ ယူထားလိုက်ကြ"

ချန်ရွှင်သည် ရင်ထဲ၌ ဒီ 'ဘိုးဘေး' နေရာမှာ နေရတာ တကယ်ပဲ ခံစားလို့ ကောင်းတာပဲ ဟု တွေးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ သိုလှောင်အိတ်ထဲမှ ပစ္စည်းအမျိုးမျိုးကို ထုတ်ယူလိုက်သည်။

သက်တမ်းရှည်စေသော ဆေးများ၊ ရောဂါပေါင်းစုံကို ပျောက်ကင်းစေသော ဆေးများ၊ ထို့အပြင် လူ့ပြည်လောကတွင် တွေ့ရခဲသော ရှားပါး ဆေးပင်များကို စားပွဲပေါ်သို့ ရက်ရက်ရောရော တစ်ခုပြီးတစ်ခု တင်ပေးလိုက်သည်။

ဤအရာများ အားလုံးသည် သူ ခရီးသွားနေစဉ်အတွင်း အားလပ်ချိန်၌ ဖော်စပ်ထားခဲ့သော အရာများ ဖြစ်သည်။ မူလက ဘေးဒုက္ခကြုံတွေ့နေရသော ပြည်သူများကို ကယ်တင်ပြီး ကုသိုလ်ယူရန်အတွက် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

"ဘိုး... ဘိုးဘေး... ဒါတွေက..."

သူတို့နှစ်ဦးသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။ တကယ့်ကို ကြီးမားသော လက်ဆောင်ကြီးပါလား။ ဤဆေးပင်များသည် မည်သို့ပင် ကြည့်စေကာမူ နှစ်တစ်ရာ သက်တမ်းရှိသော ဆေးပင်များ ဖြစ်နေသည် မဟုတ်ပါလား။

"ဟေ့ကောင် နွားကြီး... မင်းလည်း တစ်ခုခု ထုတ်ပေးလိုက်လေ"

ချန်ရွှင်က မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။ ငါတောင် ဒီလောက် ရက်ရက်ရောရော ပေးပြီးပြီကို။

"မွန်း မွန်း"

နွားနက်ကြီးသည် ချန်ရွှင်ကို လှမ်းကြည့်ကာ "ဘယ်သူက မပေးဘူး ပြောလို့လဲ" ဟု ဆိုသည့်ဟန်ဖြင့် အော်မြည်လိုက်လေသည်။

နွားနက်ကြီးက နွားခွာကို ဝှေ့ယမ်းလိုက်ရာ နင်းမိသားစု၏ အိမ်တော်တစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီး အလွန်အစွမ်းထက်သော အစီအရင်တစ်ခုသည် မြေပြင်မှ ထွက်ပေါ်လာကာ လေထဲသို့ ပျော်ဝင် ပျောက်ကွယ်သွားလေသည်။

၎င်းသည် အခြေခံ ဝင်ရိုးစွန်းငါးခု အစီအရင် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်ပြီး ကောင်းကင်နှင့် မြေကြီးရှိ ဒြပ်ငါးပါး ချီစွမ်းအင်များကို စုပ်ယူကာ ထာဝစဉ်နီးပါး လည်ပတ်နေနိုင်စွမ်း ရှိသည်။

အကယ်၍ နောင်တစ်ချိန်တွင် နင်းမိသားစုသည် ဘေးအန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့လာရပါက ဤအစီအရင်ထဲတွင် ပုန်းအောင်းနေရုံဖြင့် မိသားစု မျိုးဆက်ပြတ်သွားမည့် အန္တရာယ်မှ လွတ်ကင်းနိုင်မည် ဖြစ်သည်။

"မွန်း"

နွားနက်ကြီးသည် အစီအရင်အလံ တစ်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။

"နွားကြီး ကလည်း အရင်တုန်းက ငါနဲ့အတူ ဆရာနင် ဆီမှာ ပညာသင်ခဲ့ဖူးတယ်လေ... တရားဝင် တပည့် မဟုတ်ပေမဲ့ ဆရာနဲ့ ဆရာကတော်က သူ့ကို အများကြီး စောင့်ရှောက်ပေးခဲ့တယ်"

ချန်ရွှင်က ထိုသို့ ရှင်းပြလိုက်သည်။

"နွားဘိုးဘေး ကို ဦးညွှတ် ဂါရဝပြုပါတယ် "

"နွားဘိုးဘေး ကို ဦးညွှတ် ဂါရဝပြုပါတယ် "

သူတို့နှစ်ဦးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခါးကို ကိုးဆယ်ဒီဂရီ ကိုင်းညွတ်ကာ လက်သီးဆုပ် အရိုအသေပြုလိုက်ကြသည်။ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အသံများပင် တုန်ရီနေကြသည်။ ကောင်းကင်ဘုံက မိမိတို့ နင်းမိသားစုကို စောင့်ရှောက်လိုက်ခြင်းပင် ဖြစ်သည်။

"မွန်း... မွန်း..."

နွားနက်ကြီးသည် နှာမှုတ်သံ အရှည်ကြီး ပြုလုပ်လိုက်ပြီး မျက်လုံးများကို ကြေးခေါင်းလောင်းကဲ့သို့ ဝိုင်းစက်နေအောင် ပြူးကျယ်ထားလိုက်သည်။ ဤ 'နွားဘိုးဘေး' ဟူသော ခေါ်ဆိုမှုသည် သူ့ကို ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

နွားနက်ကြီးက ခွာကို မြှောက်လိုက်ရာ မြင်ကွင်းမှ ပျောက်ကွယ်နေသော စွမ်းအားတစ်ခုက သူတို့နှစ်ဦးကို ညင်သာစွာ မတ်တပ်ရပ်စေလိုက်သည်။ သူတို့၏ မျက်လုံးထောင့်စွန်းများမှာ နီရဲကာ မျက်ရည်များ ဝဲနေကြပြီ ဖြစ်သည်။

"ဒီ အစီအရင်အလံက နင်းမိသားစုကို ကာကွယ်ပေးလိမ့်မယ် နွားကြီးက အိမ်တော်မှာ အစီအရင် ခင်းကျင်းပေးခဲ့ပြီးပြီ ဘယ်လို ကြီးမားတဲ့ ဘေးအန္တရာယ်မျိုးကိုမဆို ကာကွယ်နိုင်မှာပါ"

ချန်ရွှင်သည် ဤကလေးနှစ်ယောက်ကို ကြည့်လေ သဘောကျလေ ဖြစ်လာပြီး အပြုံးများ ပိုမို တောက်ပလာသည်။

"မင်းတို့ရဲ့ ပင်မသွေးစက် တစ်စက်လောက် ယူမယ်နော် ဒီအစီအရင်အလံကို နောက်ပိုင်းမှာ နင်းမိသားစုရဲ့ သွေးသားတွေပဲ သုံးလို့ ရတော့မယ်"

"ဘိုးဘေး ရဲ့ ရက်ရောတဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ရှိပါတယ် ကျွန်တော်တို့ နင်းမိသားစု သေချာ အသုံးပြုပါ့မယ်"

နင်းယွမ်ရုသည် လက်သီးဆုပ်လိုက်ပြီး မျက်ဝန်းထဲတွင် နက်ရှိုင်းသော လေးစားမှုများ ပြည့်နှက်နေသည်။ သို့သော် ရုတ်တရက် သူနှင့် နင်းချုံဝမ်၏ မျက်လုံးထဲတွင် နာကျင်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့၏ ပင်မသွေးစက်ကို ထုတ်ယူသွားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သတင်းအချက်အလက် တစ်ခုသည် သူတို့နှစ်ဦး၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။ သူတို့၏ မျက်ဝန်းများ တဖြည်းဖြည်း ကြည်လင်လာပြီး ဤအစီအရင်အလံကို မည်သို့ အသုံးပြုရမည် ဆိုသည်ကို နားလည်သဘောပေါက်သွားကြသည်။

"ဘိုးဘေးရဲ့ သွန်သင်ဆုံးမမှုကို ရိုသေစွာ မှတ်သားထားပါ့မယ်"

သူတို့နှစ်ဦးသည် အသံပြိုင် ပြောဆိုလိုက်ကြပြီး မျက်ဝန်းထဲတွင် ပြင်းထန်သော ကြောက်ရွံ့ရိုသေမှုများ ဖြစ်ပေါ်နေသည်။

"ပြီးတော့... ဒီမှာ ဆေးပညာ စာအုပ်တွေ ရှိတယ် ဆရာနင် ငါ့ကို သင်ပေးခဲ့တဲ့ ပညာရပ်တွေ အားလုံး မှတ်တမ်းတင်ထားတယ် ငါတို့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကိုလည်း ထပ်ပေါင်းထည့်ပေးထားတယ်"

ချန်ရွှင်သည် သိုလှောင်အိတ်ထဲမှ မှတ်စုစာအုပ် အချို့ကို ထပ်မံ ထုတ်ယူလိုက်သည်။

"မင်းတို့ ကလေးတွေက ဆေးပညာကို ပိုပြီး တိုးတက်အောင် လုပ်ဆောင်ပြီး ပြည်သူတွေကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

သူတို့နှစ်ဦးသည် ချန်ရွှင်၏ ရှေ့တွင် ဒူးထောက်ကာ ထိုမှတ်စုစာအုပ်များကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်ကြသည်။ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်။ ဤမျှ ကျေးဇူးကြီးမားသော ဘိုးဘေးများနှင့် တွေ့ဆုံရသည်မှာ မျိုးဆက်များ အနေဖြင့် ဤထက် ပိုမိုသော ပျော်ရွှင်မှု ရှိပါဦးမည်လော။

"ဆရာနင်က ငါ့ကို အရင်တုန်းက သင်ပေးခဲ့ဖူးတယ်... 'သမားတော် ဆိုတာ မေတ္တာတရား ရှိဖို့ လိုအပ်တယ် ဒါပေမဲ့ အဲဒီထက် ပိုအရေးကြီးတာက ကိုယ်ကျင့်တရား ပဲ' တဲ့"

ချန်ရွှင်၏ စကားများသည် ခိုင်မာပြတ်သားပြီး စကားလုံးတိုင်းသည် ရင်ထဲသို့ စိမ့်ဝင်သွားစေလောက်အောင် အလေးအနက် ရှိလှသည်။

"နင်းမိသားစုက အဲဒီ မူလစိတ်ရင်းကို ဘယ်တော့မှ မေ့ပျောက်မသွားဖို့ မျှော်လင့်တယ် နောက်လည်း ငါ အခြေအနေ လာကြည့်ဦးမှာနော် ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့"

"မွန်း"

နွားနက်ကြီးကလည်း ထိပ်ဆုံး နေရာ၏ ဘေးမှနေ၍ အားပါးတရ ခေါင်းညိတ် ထောက်ခံလိုက်သည်။ အစ်ကိုကြီး ပြောတဲ့အတိုင်းပဲ။

"ဘိုးဘေး နွားဘိုးဘေး တို့ရဲ့ သွန်သင်မှုကို ရိုသေစွာ လိုက်နာပါ့မယ်"

သူတို့နှစ်ဦးသည် ကြမ်းပြင်တွင် နဖူးနှင့် ထိသည်အထိ ပျပ်ဝပ် အရိုအသေပြုလိုက်ကြသည်။ ဤစကားကို မိသားစု စည်းကမ်းအဖြစ် နောင်လာနောက်သားများသို့ သေချာပေါက် လက်ဆင့်ကမ်း သွားရမည် ဖြစ်သည်။

သို့သော် သူတို့နှစ်ဦး ခေါင်းမော့ကြည့်လိုက်သောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လေပြေတိုက်ခတ်သွားသကဲ့သို့ အသံမထွက်ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

"အစ်ကိုကြီး..."

နင်းချုံဝမ်၏ မျက်လုံးနှစ်ဖက်စလုံးတွင် မျက်ရည်များ ဝဲနေသည်။ အဘယ်ကြောင့်မှန်း မသိ ရင်ထဲတွင် ဆို့နင့်သွားလောက်အောင်ပင် ဝမ်းသာပီတိ ဖြစ်နေမိသည်။

"ဘိုးဘေး နှစ်ပါးက ငါတို့ နင်းမိသားစုကို တကယ် စေတနာစစ် စေတနာမှန်နဲ့ ကူညီပေးသွားတာပါ... ဘာရည်ရွယ်ချက်မှ မရှိဘူး"

နင်းယွမ်ရုသည် အခန်းထဲရှိ လက်ဆောင်ပစ္စည်းများကို ကြည့်ရှုကာ သေချာစွာ စတင် သိမ်းဆည်းလိုက်သည်။

"ညီမသုံး ဘိုးဘေး နဲ့ နွားဘိုးဘေး တို့ရဲ့ ပုံတူ ပန်းချီကား ကို အမြန်ဆုံး ရေးဆွဲခိုင်းလိုက် ဘိုးဘွားကျောင်းဆောင်မှာ ပူဇော်ထားရမယ်"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး"

နင်းချုံဝမ်သည် ဝမ်းသာမျက်ရည်များ ကျဆင်းလျက် အခန်းထဲမှ အလျင်အမြန် ထွက်သွားပြီး "လူတွေ လာကြပါဦး မြန်မြန် လာကြပါ" ဟု အော်ဟစ်လိုက်လေသည်။

မကြာမီမှာပင် နင်းမိသားစု အိမ်တော် တစ်ခုလုံးသည် ပျားအုံကို တုတ်ဖြင့် ထိုးလိုက်သကဲ့သို့ ဆူညံပွက်လောရိုက်သွားလေသည်။ လူအများအပြားသည် နင်းမိသားစု၏ ဘိုးဘွားကျောင်းဆောင်သို့ အပြေးအလွှား သွားရောက်ကြသည်။

'အင်မော်တယ် ဘိုးဘေးက စောင့်ရှောက်ပေးလိုက်တယ်' ဟူသော သတင်းကို ကြားသိရပြီးနောက် နင်းမိသားစု တစ်ခုလုံးသည် ပွဲတော်ကျင်းပနေသကဲ့သို့ ဆူညံသွားကြသည်။ အစေခံများ နေရာအနှံ့ ပြေးလွှားနေကြပြီး တစ်ခါတစ်ရံ ကျယ်လောင်သော ညွှန်ကြားသံများ ထွက်ပေါ်နေသည်။

ထို့အပြင် နောက်ပိုင်းရက်များတွင် မြို့တော်၌ ရှိနေသော နင်းမိသားစု၏ အခွဲများသည်လည်း အာဏာလုပွဲများကို ရပ်တန့်လိုက်ကြပြီး "ဖန်းနင်မြို့တော်က နင်းမိသားစုကသာ အစစ်အမှန် မိသားစုမကြီး ဖြစ်တယ်" ဟု အသိအမှတ် ပြုလိုက်ကြလေသည်။

နှစ်စဉ် ကျင်းပလေ့ရှိသော ဘိုးဘေး ပူဇော်ပွဲတွင် ဒေသအသီးသီးရှိ နင်းမိသားစုဝင်များ အားလုံး စုဝေးရောက်ရှိလာကြသည်။ မည်မျှ အရေးကြီးသော ကိစ္စရှိပါစေ ပျက်ကွက်ခွင့် မရှိပေ။ "မလာတဲ့ကောင်ကို ငါ သတ်ပစ်မယ်" ဟူသော ရေးမထားသည့် စည်းမျဉ်းတစ်ခုပင် ပေါ်ပေါက်လာခဲ့လေသည်။

......

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နင်းမိသားစုမှ ထွက်ခွာလာပြီးနောက် နင်းမိသားစု၏ ဘိုးဘွားကျောင်းဆောင်၌ ဆရာနှင့် ဆရာကတော်ကို အမွှေးတိုင် ထွန်းညှိ ပူဇော်ပြီးမှသာ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ သူတို့နှစ်ဦး၏ စိတ်နှလုံးသည် ကြည်လင်လန်းဆန်းနေပြီ ဖြစ်သည်။

သူတို့၏ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးများ ဖြစ်ပေါ်နေသည်။ ယခင်က ဆုံးရှုံးမှု ခံစားချက်များ မရှိတော့ပေ။ မိတ်ဆွေဟောင်း၏ မျိုးဆက်များနှင့် တွေ့ဆုံခွင့် ရရှိလိုက်သဖြင့် 'မိတ်ဆွေဟောင်း သေဆုံးခြင်း' ဆိုသည်မှာ ထိုမျှလောက် ကြောက်မက်ဖွယ် မကောင်းတော့ဟု ခံစားလာရသည်။

ချန်ရွှင်၏ စိတ်အခြေအနေသည် အလွန် ကောင်းမွန်နေသည်။ သူတို့က အရင်တုန်းက သူငယ်ချင်းတွေရဲ့ မျိုးဆက်တွေပဲ... ဒါဆိုရင် ငါ့ရဲ့ ကလေးတွေပေါ့... သူစိမ်းတွေမှ မဟုတ်တာ... အားလုံးက ငါ့ရဲ့ ချစ်စရာ မြေးလေးတွေလိုပါပဲကွာဟု သူတွေးနေမိသည်။

နွားနက်ကြီးလည်း ထိုနည်းလည်းကောင်းပင် တွေးတောနေသည်။ လမ်းခရီးတစ်လျှောက်လုံး အမြီးကို တရမ်းရမ်းဖြင့် အလွန် ပျော်ရွှင်နေသည်။ မူလဝိညာဉ်အဆင့် ဘိုးဘေး ဖြစ်လာပြီးမှ အရင်တုန်းက သူငယ်ချင်း မျိုးဆက်တွေကို ဘာမှ မပေးခဲ့ရင်... အဲဒါ နှမြောတွန့်တိုတဲ့ကောင်ပဲ ဖြစ်မှာပေါ့ ဟုတွေးနေမိ၏။

သူတို့သည် လေပေါ်တွင် လမ်းလျှောက်လျက် တိမ်ပင်လယ်ကြီး အတွင်းသို့ ကိုယ်ယောင်ဖျောက် ဝင်ရောက်သွားကြပြီး တောင်ကုန်းငယ် တစ်ခုဆီသို့ ဦးတည်သွားနေကြသည်။

"မွန်း မွန်း"

နွားနက်ကြီးက ချန်ရွှင်ကို လှမ်းတွန်းလိုက်သည်။ နင်းမိသားစုတွင် ကျင့်ကြံသူ တစ်ဦးမျှ မရှိပေ။ အားလုံးက သာမန်လူများသာ ဖြစ်ကြသည်။

"နွားကြီး... ကျင့်ကြံခြင်း ဆိုတာ ရေစက် ပဲကွ လူ့ပြည်လောကမှာ နှစ်တစ်ရာလောက် အေးအေးချမ်းချမ်း နေရတာလည်း ဆိုးရွားတဲ့ ဘဝမျိုးတော့ မဟုတ်ပါဘူး"

ချန်ရွှင်က ပြန်ပြောလိုက်သည်။ သူ့တွင် နင်းမိသားစုကို ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ ဆွဲခေါ်ရန် အစီအစဉ် မရှိပေ။

"တကယ်လို့ နင်းမိသားစုထဲမှာ အင်မော်တယ် လမ်းစဉ်ကို ရှာဖွေချင်တဲ့သူ ပေါ်လာခဲ့ရင် အဲဒါ သူ့ရဲ့ ကိုယ်ပိုင် ရေစက်ပဲ... ငါတို့က အတင်းအကျပ် သွားလုပ်ပေးရမယ့် အရာ မဟုတ်ဘူး"

"မွန်း မွန်း"

နွားနက်ကြီးသည် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စဉ်းစားခန်း ဝင်သွားသည်။ မှန်ပေသည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် အလွန် အန္တရာယ်များလှသည်။

ပြဿနာ တစ်ခုခု ဖြစ်လာသည်နှင့် ကျင့်ကြံခြင်းလောက စစ်ပွဲကြီး တို့၊ ဂိုဏ်းတူချင်း နောက်ကျောကို ဓားနဲ့ထိုးတာ တို့ ဖြစ်လာတတ်သည့် လောကကြီး ဖြစ်သည်။ လူ့ပြည်လောကတွင်လည်း အကောက်ကြံမှုများနှင့် ထောင်ချောက်များ ရှိသော်လည်း အသက်ရှင် လွတ်မြောက်နိုင်ခြေက အများကြီး ပိုများသည်။

ချန်ရွှင်သည် တွေးတောနေသော နွားနက်ကြီးကို ကြည့်ကာ ရယ်မောလိုက်ပြီး အဝေးသို့ ထပ်မံ အကြည့်ပို့လိုက်သည်။ မျက်စိရှေ့တွင် ဆွေးမြေ့ဟောင်းနွမ်းနေသော တောင်ကုန်းငယ်လေး တစ်ခု ပေါ်လာသည်။

"နွားကြီး ရောက်ပြီ ဘကြီးစွန်း ဆီ သွားကြရအောင်"

"မွန်း"

နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ဘကြီးစွန်း နှင့်က သံယောဇဉ် အနက်ရှိုင်းဆုံး ဖြစ်သည်။ နောက်ဆုံးတော့ ပြန်ဆုံရတော့မည်။

ထိုအမည်မသိ တောင်ကုန်းငယ်လေးသည် လူသူအရောက်အပေါက် နည်းပါးပြီး ပေါင်းပင်များ ထူထပ်နေသည်။ သားရဲကောင် တစ်ကောင်မျှ မရှိဘဲ တောတွင်းမှ ငှက်များသာ တစ်ခါတစ်ရံ လန့်ဖျပ်ပြီး ပျံသန်းသွားတတ်ကြသည်။

"နွားကြီး တစ်ဝက်စီ ခွဲရှာမယ် ဒီတောင်ကို တစ်ခုလုံး မြေလှန်ပြီးတော့ကို ရှာမယ်ဟေ့"

"မွန်း"

နွားနက်ကြီးသည်လည်း ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်ပြီး ခြေထောက်ကို ဆောင့်နင်းကာ တောင်ထဲသို့ တိုးဝင်သွားလေသည်။

တစ်ရက်နှင့်တစ်ည ကြာပြီးနောက်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မူလဝိညာဉ်အဆင့် စွမ်းအားကို အသုံးပြုကာ တောင်တစ်ခုလုံးကို စာသားအတိုင်း 'ပြောင်းပြန်လှန်' ပြီး ရှာဖွေခဲ့ကြသော်လည်း မည်သည့် အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ကြပေ။

"သောက်ကျိုးနည်း..."

ချန်ရွှင်သည် တောင်ထိပ်တွင် ထိုင်ချလိုက်ပြီး မြေကြီးကို လက်သီးဖြင့် ထိုးချလိုက်သည်။ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ပါးစပ်မှ ကျိန်ဆဲသံများ ထွက်ပေါ်လာသည်။

ထိုစဉ်က သူတို့တွင် ကျင့်ကြံမှုအဆင့် မရှိခဲ့သဖြင့် ဘကြီးစွန်း၏ အုတ်ဂူကိုပင် လုံခြုံအောင် မထိန်းသိမ်းနိုင်ပေ။

"မွန်း..."

တောင်ထဲမှနေ၍ ဝမ်းနည်းပူဆွေးသော နွားငိုသံကြီး ပဲ့တင်ထပ်သွားသည်။ ထိုဝမ်းနည်းဖွယ် အသံကြီးသည် ပတ်ဝန်းကျင်ရှိ တောအုပ်များကို တုန်ခါသွားစေပြီး သစ်ရွက်ခြောက်များ ကြွေကျလာစေသည်။

"နွားကြီး ဒီမှာ စောင့်နေ ငါ မြို့ထဲ သွားပြီး ဒီတောင်တစ်ခုလုံးကို ဝယ်ပစ်မယ်"

"မွန်း"

နွားနက်ကြီးသည် လက်မလျှော့နိုင်သေးဘဲ တမွန်းမွန်း အော်မြည်ရင်း တောင်ထဲတွင် ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။ ချန်ရွှင်သည် လေပေါ်တွင် လမ်းလျှောက်လျက် ပျံသန်းထွက်ခွာသွားပြီ ဖြစ်သည်။

နောက်တစ်နေ့။

ချန်ရွှင်သည် မြို့ထဲမှ မြေဂရန် ကို ယူဆောင်ပြီး ပြန်လာခဲ့သည်။ ဤတောင်ကုန်းသည် တရားဝင် သူတို့၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီ ဖြစ်သည်။ ဖန်းနင်မြို့တော် မြို့ဝန်မင်း ၏ လက်မှတ်နှင့် တံဆိပ်တုံးများပင် ပါရှိသေးသည်။

ချန်နိုင်ငံ မပျက်သုဉ်းသရွေ့ ဤဂရန်စာရွက် ရှိနေပါက မည်သည့်နေရာသို့ သွားသွား ဥပဒေ အရ တရားဝင်သည်။ ချန်ရွှင်က ရှားပါး ဆေးပင်များနှင့် လဲလှယ်ထားသော ရွှေတုံးမြောက်မြားစွာကို အသုံးပြုခဲ့ရသည့် ရလဒ်ပင် ဖြစ်သည်။

ကောင်းကင်တွင် ရပ်နေသော လူတစ်ယောက်နှင့် နွားတစ်ကောင်။ နွားနက်ကြီးမှာမူ စိတ်ဓာတ်ကျနေဆဲ ဖြစ်သည်။

ချန်ရွှင်က အချက်ပြလိုက်ရာ နွားနက်ကြီးသည် နွားခွာကို ရိုက်ချလိုက်သည်။ ထိုခဏ၌ ဤတောင်ကုန်းငယ်လေး တစ်ခုလုံးသည် အစီအရင်ဖြင့် ပိတ်ဆို့ သွားလေတော့သည်။

ဝုန်း... ဒိန်း... ဒိန်း...

တောင်ကုန်းသည် ပြင်းထန်စွာ လှုပ်ခါသွားသည်။ ချန်ရွှင် မျက်ခွံများ လှုပ်သွားပြီး ယခင်က မြင်တွေ့ခဲ့ဖူးသော နန်ဒုတောင် ၏ အစီအရင် ပိတ်ဆို့ခြင်းကို သတိရသွားသည်။

ယခုအခါ နွားနက်ကြီးသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်တစ်လုံးကို အစီအရင်ဖြင့် ပိတ်ဆို့နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ချန်ရွှင်၏ မျက်လုံးများ စူးရှသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။

ထို့နောက် ကြိုးကြာဖြူသစ်ပင် ဖြင့် ပြုလုပ်ထားသော ကျောက်တိုင် (သစ်သားတိုင်) သည် ကောင်းကင်မှ ကျဆင်းလာပြီး တောင်ထိပ်၏ မြေကြီးထဲသို့ တစ်ဝက်ခန့် နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။

တောင်ထိပ်တွင် မားမားမတ်မတ် စိုက်ထူထားသော ထိုကျောက်တိုင်ကြီးတွင် ဤသို့ ရေးထိုးထားသည်။

'ဘကြီးစွန်း တောင်'။

"မွန်း"

"ဟဲဟဲ... မြို့ထဲကနေ အပြန် လမ်းမှာ လုပ်လာခဲ့တာ ဘကြီးစွန်း အိပ်စက်နေတဲ့ နေရာပဲလေ"

ချန်ရွှင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး နွားနက်ကြီး၏ ကျောကို ပုတ်လိုက်သည်။

"တကယ်လို့ ဒီတောင်ကို လာဖျက်ဆီးမယ့် သေချင်နေတဲ့ကောင် ရှိရင် မိုးနတ်မင်းကြီး လာရင်တောင် အဲဒီကောင်ရဲ့ အသက်ကို ငါ အာမမခံဘူးကွ"

"မွန်း"

နွားနက်ကြီး၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်သန်းသွားသည်။ ဤတောင်ကုန်းသည် အစ်ကိုကြီးက တရားဝင် ဝယ်ယူထားခြင်း ဖြစ်သည်။ အကျိုးအကြောင်း သင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ မည်သူကမျှ ကျူးကျော်ဖျက်ဆီးခွင့် မရှိပေ။

ထိုစဉ် ပတ်ဝန်းကျင်၌ လေပြင်းများ တိုက်ခတ်လာသည်။ ချန်ရွှင်သည် တိတ်ဆိတ်စွာပင် ဝိညာဉ်စွမ်းအင် အကာအကွယ်ကို ရုပ်သိမ်းလိုက်သည်။

သူသည် ဤလေပြင်း တိုက်ခတ်ခံရသည့် ခံစားချက်ကို သဘောကျသည်။ ယခင်အချိန်များဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။

သူတို့သည် အချိန်အတော်ကြာ ထိုနေရာတွင် ရပ်တန့်နေပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ဖွဖွချလိုက်ကာ အလင်းတန်း နှစ်ခုအဖြစ် ယုံချွမ် ပြည်နယ်မှ ပျောက်ကွယ်သွားကြလေသည်။

လမ်းခရီး တစ်လျှောက်တွင် နောင်တရစရာများစွာ ရှိခဲ့သော်လည်း နင်းမိသားစု၏ မျိုးဆက်များနှင့် တွေ့ဆုံခွင့် ရခဲ့ခြင်းသည် သူတို့အတွက် ကြီးမားသော အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး ဤခရီးစဉ်၏ အကြီးမားဆုံးသော အကျိုးအမြတ်လည်း ဖြစ်ပေသည်။

......

All Chapters