← Chapters

အခန်း ၁၈၃

Vol. 10 Ch. 183

အခန်း ၁၈၃

Vol. 10 Ch. 183

အခန်း (၁၈၃)

ချန်ရွှင်သည် စနစ်က အဘယ်ကြောင့် စွမ်းရည်အမှတ်များ ပေါင်းထည့်ရာတွင် "အကန့်အသတ်" သတ်မှတ်ထားရသနည်းဆိုသည်ကို ယခုမှပင် နားလည်သဘောပေါက်သွားတော့သည်။

အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ သူ၏ ရုပ်ခန္ဓာက ထိုပေါင်းထည့်လိုက်သော စွမ်းရည်အမှတ်များကို ခံနိုင်ရည်ရှိ၊ မရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။

ယခင်က ပထမဆုံးအကြိမ် စွမ်းရည်အမှတ်များ ပေါင်းထည့်ခဲ့စဉ်က သူ အပျော်လွန်ပြီး မိမိ၏ လက်မောင်း ကျိုးသွားခဲ့သည်ကို ပြန်လည်သတိရသွားသည်။

ကျင့်ကြံမှုအဆင့် မတက်ဘဲ စွမ်းရည်အမှတ်များကို အကန့်အသတ်မရှိ ဆက်လက်ပေါင်းထည့်နေမည်ဆိုပါက မိမိ၏ ထိန်းချုပ်နိုင်စွမ်းနှင့် မကိုက်ညီသောအခါ မီးနှင့်ဆော့သကဲ့သို့ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းသွားမည်သာ ဖြစ်သည်။

အမှတ်တမဲ့ ထုတ်လွှတ်လိုက်သော "မီးလုံးပစ်လွှတ်ခြင်းပညာ" ၏ စွမ်းအားသည်ပင် သူထင်မှတ်မထားလောက်အောင် ပေါက်ကွဲသွားနိုင်လေသည်။

အမှန်တကယ်လည်း ထိုစဉ်က သူသည် မိမိ၏ အောက်ခံဘောင်းဘီပင် မီးလောင်ကျွမ်းလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ဤစနစ်သည် အစကတည်းက သူတို့ကို အကာအကွယ်ပေးနေခဲ့ခြင်းပင် ဖြစ်သည်။

"ဟဲဟဲ... တောက်... တကယ့်ကို အမြတ်ကြီးရတာပဲ"

ချန်ရွှင်သည် ထိုအကြောင်းကို တွေးမိပြီး အလိုအလျောက် မျက်နှာဝင်းပသွားကာ ရယ်မောလိုက်မိသည်။ ဤစနစ်က မည်သည့်နေရာမှ လာသည်ဖြစ်စေ ဂရုစိုက်နေစရာ မလိုပေ။ သူတို့သည် နှစ်ပေါင်းထောင်ချီ အသက်ရှင်နေထိုင်ခဲ့ပြီးပြီ ဖြစ်ရာ ကျန်ရှိနေသေးသမျှသည် အမြတ်ချည်းသာ ဖြစ်တော့သည်။

"မွန်း..."

နွားနက်ကြီးသည် အံ့အားသင့်စွာဖြင့် ချန်ရွှင်ကို လာရောက်ဝှေ့တိုက်လိုက်သည်။ ဘာတွေများ သဘောကျပြီး တစ်ယောက်တည်း ကြက်သီးထစရာကောင်းအောင် ရယ်မောနေရသနည်း။

"ဘာမှမဟုတ်ပါဘူး နွားကြီးရာ... အရမ်းကောင်းတဲ့ ကိစ္စတစ်ခုကို သတိရသွားလို့ပါ"

ချန်ရွှင်သည် နွားနက်ကြီးကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

"လာ... ဒြပ်ငါးပါးဝိညာဉ်အမြစ် ကျင့်စဉ် သွားတောင်းကြစို့... ကြုံတုန်း မေးစရာရှိတာလေးတွေလည်း မေးရမယ်"

"မွန်း... မွန်း..."

နွားနက်ကြီးသည် ဝမ်းသာအားရ အော်မြည်လိုက်ပြီး ချန်ရွှင်၏ ကိုယ်ပေါ်သို့ ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။

"သွားကြစို့"

"မွန်း..."

သူတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အစီအရင် အပြင်ဘက်သို့ ထွက်ခွာသွားကြလေသည်။ မူလဝိညာဉ် ဆယ်ခု၏ ပုံရိပ်ယောင်များသည်လည်း သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြပြီးနောက် မိုးနှင့်မြေကြားရှိ ဒြပ်ငါးပါး ချီစွမ်းအင်များကို ဆက်လက်၍ တိတ်ဆိတ်စွာ ရှူရှိုက်နေကြသည်။

...

နှစ်နာရီခန့် ကြာပြီးနောက်...

ရေခဲကန်ဘေးရှိ အနားယူဆောင်လေး အတွင်း၌။

ကျင်းယွီ၏ မျက်နှာထားသည် ယခင်ကထက် များစွာ ကောင်းမွန်နေပုံရသည်။ ဆံပင်ဖြူများသည်ပင် တောက်ပလာခဲ့၏။ သူမသည် ချန်ရွှင်နှင့် နွားနက်ကြီးအတွက် ကိုယ်တိုင် လက်ဖက်ရည် ငဲ့ပေးလိုက်သည်။

ဤလူနှင့် နွားသည် သူတစ်ပါး ငဲ့ပေးသော လက်ဖက်ရည်ကို ဘယ်သောအခါမျှ မသောက်တတ်ကြောင်း သူမ သိထားသည်။ သို့သော် အိမ်ရှင်တစ်ဦး၏ ဝတ္တရားအရတော့ ယဉ်ကျေးမှု ပြသရမည်သာ ဖြစ်သည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... ဒီနေ့ ရောက်လာတာက အကူအညီလေး တစ်ခု တောင်းချင်လို့ပါ"

ချန်ရွှင်သည် လက်ဆောင်များ ထည့်ထားသော သိုလှောင်အိတ်ကို ကိုင်လျက် ပြောလိုက်သည်။ စားပွဲပေါ်ရှိ လက်ဖက်ရည်ကိုတော့ တစ်ငုံမျှ မသောက်ပေ။

"အဆင်ပြေမယ်ဆိုရင် ကူညီပေးပါဦး"

ကျင်းယွီသည် သူတို့နှစ်ဦးကို စူးစိုက်ကြည့်လိုက်သည်။ (...ဘာဖြစ်လို့လဲ မသိဘူး၊ အရင်ကထက်တောင် အရှိန်အဝါတွေ ပိုပြီး တည်ငြိမ်နေသလိုပဲ၊ ကျင့်ကြံသူတွေနဲ့တောင် မတူတော့ဘူး... သာမန်လူတွေလိုပဲ...)

သူမ၏ ဒဏ်ရာများမှာ အတော်လေး သက်သာလာပြီး စွမ်းအားများလည်း ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ဤလူတစ်ယောက်နှင့် နွားတစ်ကောင်ကိုမူ ပို၍ပင် အကဲခတ်ရ ခက်ခဲလာသလို ခံစားရသည်။ အလွန် ထူးဆန်းသော ခံစားချက်ပင် ဖြစ်၏။

"ဟင်း...ဟင်း... တာအိုမိတ်ဆွေ ချန်ရွှင်... အားနာနေစရာ မလိုပါဘူး... လိုအပ်တာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ"

ကျင်းယွီသည် အလွန် ဖော်ရွေသော အမူအရာဖြင့် ပြုံးပြလိုက်သည်။ သူတို့ တံခါးပိတ်ကျင့်စဉ် ဝင်ရာမှ ထွက်လာကြပြီ ဆိုသည်မှာ ထင်ရှားနေ၏။

"တကယ်လို့ ကျင့်စဉ်နဲ့ ပတ်သက်ပြီး အခက်အခဲ ရှိနေရင်လည်း ကျုပ်ကို မေးမြန်းနိုင်ပါတယ်"

"တကယ်တော့လေ... ဟို ကျင့်စဉ်ကို လေ့လာကြည့်တာ တော်တော်လေး အဆင်ပြေတယ်ဗျ"

ချန်ရွှင်သည် ဘေးတွင်ထိုင်နေသော နွားနက်ကြီး၏ ကျောကို ပုတ်လိုက်သည်။

"ဟုတ်တယ်မလား နွားကြီး"

"မွန်း..."

နွားနက်ကြီး ကြောင်တောင်တောင် ဖြစ်သွားသည်။ ဘာလို့ ဒီနေရာမှာ သူ့ကို လာဆွဲထည့်နေရသနည်း။

"မွန်း..."

"ဟား...ဟား... ဒါပေမဲ့ ကျင့်စဉ်ကို လေ့လာရင်းနဲ့ ကိုယ်ပိုင် ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးချင်စိတ် ပေါက်လာလို့ပါ..."

"တာအိုမိတ်ဆွေ ချန်ရွှင်... ဝင်စွက်ဖက်သလိုများ ဖြစ်သွားမလားတော့ မသိဘူး... အခုလက်ရှိ ကျင့်ကြံခြင်းလောကမှာ ကိုယ်ပိုင်ကျင့်စဉ် ဖန်တီးတယ်ဆိုတာ သိပ်ပြီး လက်တွေ့မကျလှဘူးနော်"

ကျင်းယွီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ညင်သာစွာ သတိပေးလိုက်သည်။

"အခုလက်ရှိ ကျင့်ကြံခြင်းလောကရဲ့ ရင်းမြစ် အနေအထားအရဆိုရင် ကျုပ်တို့လို မူလဝိညာဉ်အဆင့် ကျင့်ကြံသူတွေမှာ အဲဒီလောက် အချိန်တွေ အများကြီး ဖြုန်းတီးနေဖို့ အခွင့်အရေး မရှိပါဘူး"

"အခုလက်ရှိ ကျင့်ကြံခြင်းလောကမှာ အဆင့်အမြင့်ဆုံး ပါရမီရှင်ဖြစ်တဲ့ ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်တွေသည် ဂိုဏ်းက အကြီးအကဲတွေရဲ့ အပြည့်အဝ ပံ့ပိုးကူညီမှုကို ရတာတောင်မှ ရွှေအမြူတေ နောက်ဆုံးအဆင့်ကို ရောက်ဖို့ အနည်းဆုံး နှစ် (၅၀၀) ကနေ (၆၀၀) အထိ အချိန်ယူရတယ်"

"အဲဒီကနေမှ မူလဝိညာဉ်အဆင့်ကို တက်ဖို့ ပြင်ဆင်ရတယ်၊ အဆင့်တက်ပြီးသွားရင်လည်း ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို အသစ်ပြန်လုပ်ရတာနဲ့ လုပ်စရာတွေက အများကြီးပဲ... အဲဒါတွေနဲ့တင် အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီ"

ကျင်းယွီ သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။ ချန်ရွှင် ဆိုလိုသည်ကို သူမ နားလည်ပါသည်။

"ဒါပေမဲ့ တာအိုမိတ်ဆွေ ချန်ရွှင်... အခုချိန်က ရှေးဟောင်းခေတ်ကာလ မဟုတ်တော့ဘူးလေ... အဲဒီခေတ်တုန်းကတော့ နှစ် (၃၀၀) ထဲနဲ့ မူလဝိညာဉ်အဆင့်ကို ရောက်တယ် ဆိုတဲ့ ဒဏ္ဍာရီတွေတောင် ရှိခဲ့ဖူးတာပဲ"

"အဲဒီလောက် အချိန်တွေ ပေါများခဲ့လို့သာ ရှေးခေတ်က ပညာရှင်ကြီးတွေဟာ ကျင့်စဉ်အသစ်တွေကို ဖန်တီးနိုင်ခဲ့ကြတာ... မှော်ပညာရပ်တွေကို သုတေသန လုပ်ပြီး နောင်လာနောက်သားတွေအတွက် ချန်ထားရစ်နိုင်ခဲ့ကြတာပေါ့"

"နှစ် (၃၀၀) ဟုတ်လား..."

ချန်ရွှင်သည် အလွန်အမင်း အံ့အားသင့်သွားသဖြင့် မျက်နှာပင် ပျက်သွားသည်။ ဘုရားရေ... ဒါက လူမှ ဟုတ်ရဲ့လား။

"တာအိုမိတ်ဆွေ ကျင်းယွီ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ... နေ့တိုင်း ထမင်းစားသလို ဆေးတွေချည်းပဲ ထိုင်စားနေရင်တောင် ဒီလောက်မြန်မြန် အဆင့်တက်နိုင်စရာ အကြောင်းမရှိဘူး"

"မွန်း... မွန်း..."

နွားနက်ကြီးလည်း ခေါင်းပြုတ်ထွက်မတတ် အဆက်မပြတ် ညိတ်လိုက်ပြီး နွားမျက်နှာကြီးမှာ ကြောက်လန့်တကြား ဖြစ်နေသည်။ သူတို့ မူလဝိညာဉ်အဆင့်ကို ရောက်ဖို့အတွက် နှစ်ပေါင်း "တစ်ထောင်" တောင် အချိန်ယူခဲ့ရတာပဲ။

အကယ်၍ "ထာဝရအသက်ရှင်ခြင်း စနစ်" သာ မရှိခဲ့လျှင် သူတို့၏ အုတ်ဂူပေါ်က မြက်ပင်များသည် ယခုဆိုလျှင် ပေပေါင်းများစွာပင် ရှည်ထွက်နေလောက်ပြီ ဖြစ်သည်။ အခုမှ လာပြီး "နှစ် (၃၀၀) နဲ့ မူလဝိညာဉ်အဆင့် ရောက်တယ်" ဟုတ်လား။

အစ်ကိုကြီး၏ စကားနှင့် ပြောရလျှင် ဒါက "တစ်လောကလုံး ရယ်စရာ" ပြက်လုံးကြီးတစ်ခုပင် မဟုတ်ပါလား။

ကျင်းယွီသည် သူတို့နှစ်ဦး၏ အလွန်အမင်း အံ့အားသင့်နေသော တုံ့ပြန်မှုကို ကြည့်ပြီး အလိုအလျောက် ရယ်မောလိုက်မိသည်။ ဤတုံ့ပြန်မှုများအရ ဆိုလျှင် သူတို့၏ အသက်အရွယ်သည် "နှစ် (၇၀၀) မှ နှစ် (၁၀၀၀)" ဝန်းကျင်ခန့်သာ ရှိလိမ့်မည်ဟု သူမ ခန့်မှန်းလိုက်သည်။ တကယ့်ကို လူငယ်လေးတွေပါပဲလား။

"တာအိုမိတ်ဆွေ ချန်ရွှင်... မသိဘူးလား... ဆေးတွေဆိုတာက သောက်ချင်သလို အများကြီး သောက်လို့ရတာမျိုး မဟုတ်ဘူးလေ... ပြီးတော့ ရှေးခေတ်ပညာရှင်ကြီးတွေက ဆေးတွေကိုချည်း အားကိုးပြီး အဆင့်တက်ခဲ့ကြတာ မဟုတ်ဘူး"

"...တာအိုမိတ်ဆွေ ကျင်းယွီ... အဲဒါက ဘာသဘောလဲဗျ"

ချန်ရွှင်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။ သူ့ရင်ထဲတွင် သိချင်နေခဲ့သော မေးခွန်းများ အများအပြား ရှိနေခဲ့သည်။ နောက်ဆုံးတော့ မေးခွင့်ရပြီ ဖြစ်၏။

"ကျုပ် တွေ့ဖူးသလောက်ကတော့ ဒီ ကျင့်ကြံခြင်းလောကက လူတွေဟာ အဆင့်တက်တဲ့ အချိန်ပဲဖြစ်ဖြစ်၊ ကျင့်ကြံမှုစွမ်းအား မြှင့်တင်တဲ့ အချိန်ပဲဖြစ်ဖြစ် အားလုံးက ဆေးတွေကိုပဲ ဖိစားနေကြတာ မဟုတ်ဘူးလား"

နွားနက်ကြီးလည်း ဘေးမှနေ၍ ခေါင်းညိတ် ထောက်ခံလိုက်သည်။ သူတို့လိုမျိုးပေါ့။

ကျင်းယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဤမေးခွန်းမျိုးက "မူလဝိညာဉ်အဆင့် ကျင့်ကြံသူ" တစ်ဦး၏ ပါးစပ်မှ ထွက်လာသည် ဆိုသောအချက်က အလွန်ပင် ထူးဆန်းပြီး နားလည်ရခက်လှသည်။

သို့သော် သူမ လေးလေးနက်နက်ပင် ပြန်လည် ဖြေကြားလိုက်သည်။

"ဥပမာပေးရရင် 'အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး' ပေါ့... တကယ်လို့ အရည်အသွေးနိမ့်တဲ့ ဆေးကိုသုံးပြီး အဆင့်တက်ခဲ့မယ်ဆိုရင် အဲဒီလူရဲ့ ကျင့်ကြံခြင်း ခရီးလမ်းက 'အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်' မှာတင် ရပ်တန့်သွားလောက်ပြီ"

"ဒီလို နိယာမမျိုး ရှိတယ် ဟုတ်လား..."

ချန်ရွှင် မျက်ခုံးပင့်သွားသည်။

"အဲဒါ 'ဆေးအဆိပ်' ကြောင့်လား... ဒါမှမဟုတ် 'ဆေးယဉ်ပါး' သွားလို့လား"

"အဆင့်အတားအဆီးကို ကျော်လွှားဖို့အတွက် သုံးတဲ့ ဆေးတွေရဲ့ အာနိသင်က အရိုးထဲအထိ နက်ရှိုင်းစွာ စိမ့်ဝင်သွားတာပါ... အဆင့်တက်သွားတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ အဲဒီဆေးက ခန္ဓာကိုယ်ထဲမှာ 'ဆေးအဆိပ်' အဖြစ် ပြောင်းလဲသွားတယ်... ဒါကြောင့်မို့လို့ ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်တွေက အဆင့်တက်ဖို့အတွက် ဆေးတွေကို ဘယ်တော့မှ အားမကိုးကြတာပေါ့"

ကျင်းယွီသည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ဘေးနားတွင် ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးနေသော "တာအိုမိတ်ဆွေ နွားနက်ကြီး" ကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

ချန်ရွှင် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ ထိုစဉ်က မည်းတူးနေသော အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးကို မစားခဲ့မိတာ တကယ်ကံကောင်းသည်။ အကယ်၍ စားခဲ့မိပါက သူ၏ ကျင့်ကြံခြင်းခရီးလမ်းသည် မည်မျှလောက် အလှည့်အကွေ့များ များပြားသွားမည်နည်း။

"ဒါဆို တာအိုမိတ်ဆွေ ကျင်းယွီ... အရည်အသွေး အလယ်အလတ်အဆင့် 'အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး' ဆိုရင်ကော... ရွှေအမြူတေအဆင့်အထိ တက်နိုင်လား"

"ခက်ခဲပါလိမ့်မယ်... အရည်အသွေး အလယ်အလတ်အဆင့် 'ဒြပ်ငါးပါးဆေး' ကို သုံးပြီး အတင်းအကျပ် ဖောက်ထွင်းမှသာ ရပါလိမ့်မယ်... ဒါပေမဲ့ အဲဒါက ကန့်သတ်ချက်ပါပဲ... ရွှေအမြူတေ အလယ်အလတ်အဆင့် ကနေ ရှေ့ဆက်သွားဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး"

"ဪ... ဒီလိုကိုး..."

ချန်ရွှင် လည်ချောင်းများ ခြောက်သွေ့လာသဖြင့် သူ့ကျန်းမာရေးလက်ဖက်ရည်ကို ကမန်းကတန်း သောက်လိုက်ရသည်။ ဒါကြောင့်လည်း ဟိုးအရင် ဝူယွင်ဂိုဏ်းမှာ ရှိစဉ်တုန်းက "ရွှေအမြူတေအဆင့်ကို တက်ဖို့ အနည်းဆုံး အလယ်အလတ်အဆင့် ဒြပ်ငါးပါးဆေး လိုအပ်တယ်" ဟု ကောလာဟလ ထွက်ခဲ့ခြင်း ဖြစ်မည်။

ဒီလောက် ရှုပ်ထွေးတဲ့ နောက်ကွယ်က အကြောင်းတရားတွေ ရှိနေတာကို သူ မသိခဲ့ရပေ။

နွားနက်ကြီးလည်း ဘေးနားတွင် ကြောင်တောင်တောင် ဖြစ်နေသည်။ (ဒါဆို အစ်ကိုကြီး ဖော်စပ်ခဲ့တဲ့ ဟိုဆေးတွေက ဘယ်လို သတ်မှတ်ရမှာလဲ)

"ဒါပေမဲ့ အရည်အသွေး အလယ်အလတ်အဆင့် 'အစစ်အမှန်ချီဆေး' ကလည်း အဆင့်တက်ဖို့ အထောက်အကူ ပြုတယ်မလား... ပြီးတော့ 'ကျောက်စိမ်းရင်းမြစ်သစ်သီး' လိုမျိုး သဘာဝက ပေးတဲ့ ရတနာတွေလည်း ရှိသေးတာပဲ"

"ဆေးအဆိပ်တွေ ခန္ဓာကိုယ်ထဲမှာ စုပုံလာမယ်ဆိုရင် ကျင့်စဉ်သွေဖည်သွားမယ့် အန္တရာယ် ပိုများလာပါတယ်... ကျင့်ကြံမှုအဆင့်တွေတောင် နောက်ဆုတ်သွားနိုင်တယ်... 'ကျောက်စိမ်းရင်းမြစ်သစ်သီး' လိုမျိုး ကောင်းကင်နဲ့မြေကြီးက ဖြစ်တည်လာတဲ့ ရတနာတွေကတော့ ဆေး အမျိုးအစားထဲမှာ မပါဝင်ပါဘူး"

ကျင်းယွီသည် အလွန် စိတ်ရှည်လက်ရှည်ဖြင့် မေးခွန်းများကို တစ်ခုချင်းစီ ပြန်လည် ဖြေကြားပေးနေသည်။

"ရှေးဟောင်းခေတ်ကာလတုန်းကတော့ ကျောက်စိမ်းရင်းမြစ်သစ်သီးလို ရတနာတွေ အများကြီး ပေါများခဲ့တယ်လေ... ဒါကြောင့်လည်း ရှေးခေတ်ပညာရှင်ကြီးတွေက အဲဒီလောက် မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ခဲ့ကြတာပေါ့... အခုချိန်မှာတော့ မဖြစ်နိုင်တော့ပါဘူး"

"တာအိုမိတ်ဆွေ ကျင်းယွီ... ဒါက ဖြစ်နိုင်ခြေ တစ်ခုကို မေးကြည့်တာပါ... 'ဆေးအဆိပ် မပါတဲ့ ဆေး' ကိုရော ဖော်စပ်လို့ မရနိုင်ဘူးလား"

"မဖြစ်နိုင်ပါဘူး တာအိုမိတ်ဆွေ ချန်ရွှင်... ရှေးဟောင်းခေတ်က ဆေးဆရာကြီးတွေ အစွမ်းကုန် ကြိုးစားခဲ့ကြရင်တောင် အဲဒီလို ဒဏ္ဍာရီမျိုး မကျန်ရစ်ခဲ့ပါဘူး"

"ဟားဟားဟား... ဟုတ်တာပေါ့လေ... ကျုပ် လွယ်လွယ်တွေးမိသွားတယ်"

ချန်ရွှင် ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း ရင်ထဲတွင်တော့ အနည်းငယ် လေးလံသွားသည်။ ထို့နောက် ရင်ထဲတွင် အချိန်အကြာကြီး သိမ်းဆည်းထားခဲ့သော အကြီးမားဆုံး မေးခွန်းကို နောက်ဆုံးတွင် ထုတ်မေးလိုက်သည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... ပွင့်ပွင့်လင်းလင်း ပြောရရင်လေ... ကျုပ် နာမည်မသိရတဲ့ ရှေးဟောင်းစာအုပ် တစ်အုပ်မှာ ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုကို ဖတ်ဖူးတယ်ဗျ"

"ဟင်... တာအိုမိတ်ဆွေ ချန်ရွှင်... ပြောပါဦး"

ကျင်းယွီ စိတ်ဝင်စားသွားသည်။

"အဲဒီ ရှေးဟောင်းစာအုပ် အပိုင်းအစလေးထဲမှာ ဆေးတွေမှာ 'ဆေးကြော' ဆိုတာ ရှိတယ်လို့ ရေးထားတယ်... အဲဒါက ဘာကြီးလဲ"

"ဆေးကြော ဟုတ်လား..."

ကျင်းယွီ မျက်လုံးများ ပြူးကျယ်သွားပြီး အသံပင် ကျယ်လောင်သွားသည်။

"အဲဒါက 'အကောင်းဆုံးအရည်အသွေး' ကိုတောင် ကျော်လွန်နေတဲ့ အမြင့်မြတ်ဆုံး ရတနာဆေးတွေလေ... ဆေးတွေရဲ့ မူလစွမ်းအာနိသင်ကိုတောင် ကျော်လွန်နေပြီလို့ ပြောကြတယ်"

"တာအိုမိတ်ဆွေ ကျင်းယွီ... နည်းနည်းလောက် အသေးစိတ် ရှင်းပြပေးလို့ ရမလား... တကယ်တော့ ကျုပ်က ဆေးဖော်စပ်တဲ့ ပညာရပ်ကို တော်တော်လေး စိတ်ဝင်စားလို့ပါ"

ချန်ရွှင်သည် အလွန် တည်ငြိမ်သောဟန်ဖြင့် မေးလိုက်သည်။ ယခုလက်ရှိ သူသည် အခြေအနေ အရပ်ရပ် တိုက်ဆိုင်မှုများကြောင့် "ဆေးကြောပါသော ဆေးများ" ကို အလွယ်တကူ ဖော်စပ်နိုင်နေပြီ ဖြစ်သည် မဟုတ်ပါလား။

All Chapters