← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁ အောင်သွယ်တော် လုပ်ပေးခြင်း

​ဝူရှောင်လျန်းမှာမူ မူရှောင်ဝမ်ကို ကြည့်ကာ စိတ်ထဲ မှ ချစ်ခင်စိတ် ဖြစ်ပေါ်နေမိသည်။မုရှောင်ဝမ်အား

သူမ ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေ ၏။

​ယန်ကွမ်းက ဘေးကနေ မျက်စောင်းထိုးနေသော်လ ည်း သူမကမူ လုံးဝ ဂရုမစိုက်ဘဲ မူရှောင်ဝမ်ရဲ့ လ က်ကို ဆွဲကာ ပြောလိုက်သည်။

"ရှောင်ဝမ်..ညီမလေးက တကယ့်ကို လှတာပဲနော်"

မူရှောင်ဝမ်က ရယ်မောရင်း ပြန်ပြောလိုက်၏။

​"ခစ်ခစ် မရီးလည်း အရမ်းလှတာပဲနော်.. ယန်ကွမ်း မှာ ဒီလောက်လှတဲ့ မရီးတစ်ယောက် ရှိနေလိမ့်မယ် လို့ ညီမ လုံးဝ မထင်ထားမိဘူး.."

​ယန်ကွမ်းတစ်ယောက် ဘာပြောရမှန်းမသိဖြစ်နေက ာ မကျေမနပ် ညည်းတွားလိုက်မိသည်။

​"ဟေ့…အစ်မတို့နှစ်ယောက် အပြန်အလှန် မြှောက်ပ င့်နေကြတာ.. ဘာလို့ ကျွန်တော့်ကို ဆွဲထည့်နေကြ တာလဲဗျာ.."

​ရလဒ်အနေနဲ့ အမျိုးသမီးနှစ်ယောက်စလုံးက ခေါင်း ကို ပြိုင်တူလှည့်လာပြီး ယန်ကွမ်းအား မျက်စောင်း ထိုးကာ အတူတူ အော်ပြောလိုက်သည်။

"နင့် ပါးစပ်ပိတ်ထားစမ်း...”

​"အာ..ကောင်းပါပြီဗျာ..”

​ယန်ကွမ်းတစ်ယောက် ပြောစရာ စကားလုံးမဲ့သွား ကာ စိတ်ထဲမှ ထိုသို့ တွေးရင်း အခန်းထဲသို့ ပြန်ဝင် ကာ လှည့်ထွက်လာလိုက်၏။

“ဟမ့်..ငါ သူတို့နဲ့ ပြိုင်မပြောနိုင်လည်း ပုန်းနေလို့ တော့ ရသားပဲ.. “

​တစ်မိနစ်လောက်ပဲ သူ ထိုင်ရသေးသည် အပြင်က နေ မရီးဖြစ်သူဝူရှောင်လျန်း၏ လှမ်းအော်သံ ထွက် ပေါ်လာ၏။

"ယန်ကွမ်း..မြန်မြန်ထွက်ခဲ့စမ်း..ရှောင်ဝမ်က ရွာထဲ လျှောက်ကြည့်ချင်လို့တဲ့..နင်ပဲ လိုက်ပြလိုက်ဦး..”

​"အာ သူက မပြန်သေးဘူးလား.."

​ယန်ကွမ်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် တိုး တိုးလေးရေရွတ်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်။ မူရှောင်ဝမ်က သွားလေးဖြဲပြီး သူ့အား ပြုံးပြနေသ ည်ကို မြင်ရာ ယန်ကွမ်းက မေးမြန်းလိုက်သည်။

"ခဗျားက အိမ်မပြန်သေးဘူးလား.."

​"ပြန်မှာပေါ့.. အခုမှ ဘယ်နှစ်နာ ရီရှိသေးလို့လဲ..ပြန် ဖို့ မလောပါဘူး..”

​"အိုကေလေ..ဒါဆို ဘာသွားကြည့်ချင်လဲ.. ကျွန်တေ ာ် လိုက်ပြပေးမယ်…

​သူ့မရီးက ဘေးကနေ မျက်စိတစ်မှိတ်မှိတ်နှင့် အချ က်ပြနေသည်ကို မြင်ရသဖြင့် ယန်ကွမ်းလည်း သက် ပြင်းချကာ သဘောတူလိုက်ရုံမှတစ်ပါး အခြားမရှိ တော့ပေ။

မူရှောင်ဝမ်က မေးလိုက်၏။

​"နင်က ဆေးမြစ်တစ်မျိုး စိုက်တော့မလို့ဆို ဘယ်နာ းမှာ စိုက်မှာလဲ.."

​"ဟာ... ခဗျားသာ မပြောရင် ကျွန်တော်တောင် အဲ့ တာကို မေ့နေတာ..”

​ယန်ကွမ်းက သူ့နဖူးသူ ရိုက်ကာ အမြန် ပြောလိုက် သည် ။

“လာ ကျွန်တော်နဲ့လိုက်ခဲ့..”

ထိုသို့ ​ပြောပြီးသည်နှင့် ယန်ကွမ်းက ခြေလှမ်းကျဲ ကြီးများဖြင့် အပြင်သို့ ထွက်သွားပေသည်။​မူရှောင် ဝမ်က ဝူရှောင်လျန်းဘက်သို့ လှည့်ကာ လက်ပြရင်း နူတ်ဆက်လိုက်၏။

"အစ်မဝူ.. ညီမ သွားလည်လိုက်ဦးမယ်နော်..ခဏနေ မှ ပြန်လာခဲ့မယ်ရှင့်..”

​"အေး..အေး..သွားလေ..သွားသွား..”

မူရှောင်ဝမ်က ယန်ကွမ်း၏နောက်သို့ အပြေးအလွှား လိုက်သွားပြီး ကျောပြင်အား လက်သီးဖြင့် ခပ်ဖွဖွ ထုရိုက်လိုက်သည်ကို ကြည့်ကာ ဝူရှောင်လျန်းကပြုံ းလိုက်မိပြီး စိတ်ထဲတွင် ပို၍ပင် ပျော်ရွှင်လာပေသ ည်။

“အင်း ​ချီချင်းရွှေက ပါးနပ်ပြီး အရည်အချင်းရှိတ ယ်..ရွှီလင်းက နူးညံ့ပြီး ပရော်ဖက်ရှင်နယ် ဆန်တ ယ် အခုကျတော့ ဆွဲဆောင်မှုရှိပြီး တက်ကြွနေတဲ့ မူ ရှောင်ဝမ် ရှိနေပြန်ပြီ..ပြီးတော့ သူမက ယန်ကွမ်းနဲ့ အနီးစပ်ဆုံးပဲ..

ဝူရှောင်လျန်းတစ်ယောက် စိတ်ထဲမှ တိတ်တိတ် လေးတွေးနေမိသည်။

​ယန်ကွမ်းကမူ သူ့မရီးတစ်ယောက် အောင်သွယ်တေ ာ်လုပ်ဖို့ ကြံစည်နေသည်ကို လုံးဝမသိဘဲ အလုပ်အ ပ်ရန်အတွက် လူတစ်ယောက်အား အလျင်အစလို လိုက်ရှာနေသည်။

​ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ဖန်လုံအိမ်လုပ်ငန်း ခွင်သို့ ယန်ကွမ်း ရောက်သောအခါ ပန်းရန်ခေါင်း ဆောင်ကို ရှာကာ အလောတကြီး မေးလိုက်၏။

"ဦးလေး..ကျွန်တော် အပ်ချင်တဲ့ အလုပ်တစ်ခု ရှိ သေးတယ်ဗျ.."

ပန်းရံခေါင်းဆောင်က ရယ်မောရင်း ပြန်မေးလိုက် သည်။

​"ဘာအလုပ်လဲ..ပြောသာပြောစမ်းပါ..ရှောင်ကွမ်းရ..ဟားဟား"

ယန်ကွမ်းက ရှင်းပြလိုက်၏။

​"ရွာနောက်ဖေးမှာ ဂူတစ်ဂူ ရှိတယ်ဗျ.. အပြင်ဘက်မှ ာ ပေါင်းပင်တွေနဲ့ ကျောက်ခဲတွေ အများကြီးပဲ လ မ်းလည်း မရှိဘူး..ကျွန်တော့်အတွက် အဲဒါတွေကို ရှ င်းလင်းပေးဖို့ ဘိုဒူဇာ တစ်စီးလောက် ရှာပေးပါလား ဗျာ..လက်ခကိုတော့ နာရီနဲ့တွက်ပြီး ပေးပါ့မယ်.."

​"အေးအေး..ငါ အရင်သွားကြည့်လိုက်ဦးမယ်.."

ပန်းရံဆရာကလည်း အလုပ်များလေ ဝင်ငွေရလေမို့ အလုပ်ပိုလာသည်အား စိတ်မပျက်ဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။

​ထို့ကြောင့် ယန်ကွမ်းက ရွာဘက်သို့ ပြန်လာခဲ့ပြီး မူ ရှောင်ဝမ်ကလည်း ဘေးကနေ လိုက်ပါလာ၏။

​ဂူဝသို့ ရောက်သောအခါ ပန်းရံဆရာက မျက်မှောင် ကုတ်လျက် အလုပ်ပမာဏကို စိတ်ထဲကနေ တွက်ချ က်ကာ ယန်ကွမ်းအား ပြောလိုက်သည်။

"ဒီနေရာကို ရှင်းဖို့က နည်းနည်းတော့ လက်ဝင်တယ် ဟ..တစ်ရက်လောက်တော့ ကြာနိုင်တယ်.."

​"ကိစ္စမရှိပါဘူး..မြန်မြန်ပြီးရင် ပိုကောင်းတာပေါ့ဗျာ"

​"ကောင်းပြီ.. ဒါဆို ငါ မြေတူးစက်တွေ စီစဉ်လိုက်မ ယ်.."

​ကန်ထရိုက်တာက ထိုသို့ပြောပြီးနောက် ထိုနေရမှ လှည့်ထွက်သွားပေသည်။

​မူရှောင်ဝမ်ကမူ မှောင်မည်းနေသော ဂူပေါက်ဝကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"အမ်..နင်က ဒီထဲမှာ တောင်သုံးလုံးဆေးမြစ် စိုက်မ လို့လား..”

ယန်ကွမ်းက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။

​"အဲ့တစ်မျိုးတည်း တင်မဟုတ်ဘူး..တခြား အမျိုး အစားတွေကိုလည်း စိုက်မှာ..ဒီထဲမှာက နေရာလည်း တော်တော်ကျယ်တယ်လေ.”

​”ငါ အထဲဝင်ကြည့်လို့ ရမလား..”

​"ရတာပေါ့ဗျ.."

​ယန်ကွမ်းက ခါးကနေ ဓာတ်မီးကို ထုတ်ပြီး ဂူဆီသို့ ဦးဆောင်ကာ လျှောက်ရင်းခေါ်လိုက်သည်။

​မူရှောင်ဝမ်က ခြေလှမ်းနှစ်လှမ်းခန့် အမှီလိုက်လာ ကာ နှစ်ဦးသား တစ်ယောက်နောက်မှတစ်ယောက် ဂူထဲသို့ တိုးဝင်လာ၏။​ဂူအထဲရောက်သည်နှင့် အလ င်း ရောင်က ချက်ချင်း ပျောက်သွားပေသည်။

​မူရှောင်ဝမ်က အနည်းငယ် ထိတ်လန့်သွားပြီး တုန် ယင်သောအသံဖြင့် မေးလိုက်၏။

"ဟဲ့ ရှောင်ကွမ်းဒီထဲမှာ သားရဲတွေ ဘာတွေ မရှိဘူး မို့လား ဟင်.."

​"အရင်ကတော့ ရှိဖူးတယ်.. ဒါပေမဲ့ အခုတော့ မရှိ တော့ဘူးဗျ.."

​ထိုသို့ပြောရင်း မူရှောင်ဝမ်ဘက်သို့ လှည့်ကြည့်ကာ ယန်ကွမ်းဆက်ပြောလိုက်၏။

“တကယ်လို့ ခဗျား ကြောက်တယ်ဆိုရင် အထဲထိ ဆက်မသွားနဲ့လေ..”

"ဟမ့်..ဘယ်သူက ကြောက်တယ်လို့ ပြောနေလဲ"

​မူရှောင်ဝမ်က နှုတ်ခမ်းလေးစူကာ မကျေမနပ်ဖြင့် အော်ပြောလိုက်သည်။

“ငါက စူးစမ်းချင်လို့ မေးကြည့်တာပါဟဲ့..ဂူထဲမှာ တောရိုင်းတိရစ္ဆာန်တွေ ရှိရင်လည်း ရှိပေါ့ဟယ် .. ငါကတော့ နည်းနည်းမှ မကြောက်ဘူး..”

​"ဟုတ်ပါပြီဗျာ..ခဗျားက တကယ့်ကို သတ္တိခဲကြီးပဲ နောက် ခဗျားကို မမလေးမူမကြောက်လို့ပဲ ခေါ် တော့မယ်ဟီး..”

ယန်ကွမ်းက မျက်လုံးလှိမ့်လိုက်ကာ ဂူထဲသို့ ဆက် လျှောက်လာခဲ့သည်။​မူရှောင်ဝမ်လည်း စိတ်တို သွား ကာ ယန်ကွမ်းကျောပြင်အား စိုက်ကြည့်၍ နောက် ကနေ အမှီလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

ဘာလို့လဲဆိုတော့ သူတို့မှာ ဓာတ်မီးက တစ်လက်ပဲ ရှိသည်မို့ အမှောင်ထဲတွင် သူမ တစ်ယောက်တည်း မကျန်ခဲ့ခြင်းသောကြောင့် ဖြစ်၏။

​ဂူအောက်ခြေ အနက်ပိုင်းဆီသို့ တဖြည်းဖြည်း ရော က်လာသောအခါ ယန်ကွမ်းက ဝပတ်ဝန်းကျင်ကို ဓ ာတ်မီးဖြင့် ထိုးပြရင်း ပြောလိုက်သည်။

"ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော် ဒီနေရာမှာ.. စပါး အုန်းမြွေကြီးတစ်ကောင်နဲ့ တိုးသေးတယ်ဗျ.. အဲဒီ ကောင် ညှစ်သတ်လို့ ကျွန်တော် သေမလို့တောင် ဖြ စ်ခဲ့ရတာဗျာ..”

​"အမ်..မြွေကြီး ဟုတ်လား.."

မူရှောင်ဝမ်မှာမူ ထိတ်လန့်သွားပြီး အလျင်စလို မေး လိုက်၏။

"အဲဒီစပါးအုန်းမြွေက ဘယ်လောက်တောင် ကြီးလို့ လဲဟ.."

​"ကျွန်တော့် ခါးထက်တောင် တုတ်သေးတယ်ဗျာ.."

ယန်ကွမ်းက ခြောက်လှန့်သည့် လေသံဖြင့် ဆက်ပြေ ာလိုက်၏။

"ပြီးတော့ အဲဒီမြွေကြီးရဲ့ မျက်လုံးနှစ်လုံးက ရဲတော က်နေတာပဲဗျာ... မီးအိမ်နီကြီးနှစ်လုံး ကျနေတာပဲဗျ ာ .."

မူရှောင်ဝမ်က သတ္တိမွေးကာ ပြန်ပြောလိုက်သည်။

​"ဟဲ့ လာမနောက်နဲ့နော်.နင်ငါ့ကို ကြောက်အောင် လု ပ်ချင်လို့မလား..ဟွန့် မရပါဘူးနော်.."

​သူမ စကားဆုံးသောအခါ ဓာတ်မီးရောင်က ဗြုန်းစာ းကြီး တဖျတ်ဖျတ် ဖြစ်သွားပြီးနောက် လုံးဝ ပျော က်သွားပေသည်။

“အမလေး..အမေရေ…”

​ထိုအချိန်ခဏ၌ အမှောင်ထဲတွင် မူရှောင်ဝမ်တစ် ယောက် ကြောက်လန့်လာကာ စောစောက ရှိခဲ့သမျှ သတ္တိတို့ အကုန်ပျောက်သွားပြီး ယန်ကွမ်း၏ ရင်ခွင် ထဲသို့ လန့်အော်ကာ ပြေးဝင်လိုက်၏။

​ယန်ကွမ်းလည်း အဆင်သင့်မဖြစ်ခင်လေးမှာပင် မူ ရှောင်ဝမ်၏ နူးညံ့ အိစက်ပြီး မွှေးပျံ့လှသော ခန္ဓာ ကိုယ်လေးအား ရင်ခွင်ထဲ ရောက်လာကာ သူမ၏ ရ င်ညွန့်က သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဖိကပ် ထားမိသဖြင့် ယန်ကွမ်း၏ စိတ်ထဲ၌ ထူးခြားသော နွေးထွေးမှုနှင့်အတူ စိတ်လှုပ်ရှားခဲ့ရ၏။

​ထို့နောက် မူရှောင်ဝမ်တစ်ယောက် တုန်တုန်ယင်ယင် ဖြစ်နေသည်ကို သတိပြုမိသွားသဖြင့် ယန်ကွမ်းက ခပ်တိုးတိုးလေး ရယ်မောရင်း ချော့ကာ ပြောလိုက်ရ သည်။

"ဟီးဟီး..မကြောက်ပါနဲ့ဗှာ..ဓာတ်မီးက အားကုန်သွ ားလို့ပါဗျ.."

​"..."

မူရှောင်ဝမ်က ဆွံ့အသွားပြီးနောက် ယန်ကွမ်း၏ ရင် ခွင်ထဲမှ ရုန်းထွက်ကာ ပြန်မေးလိုက်၏။

"ဒါ နင် တမင်သက်သက် လုပ်တာမလား..”

​မှောင်မည်းနေသဖြင့် သူမ၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း အတော်လေး စိတ်တိုနေသည် ကိုမူ ယန်ကွမ်း ရိပ်မိလိုက်သည်။ထို့ကြောင့် သူက ပြုံးကာ ရှင်းပြလိုက်ရ၏။

"အာ ကျွန်တော်က တမင်လုပ်တာဟုတ်ပါဘူးဗျာ..

ပြီးခဲ့တဲ့တစ်ခေါက် ဒီအထဲဝင်ပြီး အိမ်ရောက်တော့ ဘက်ထရီအားပြန်သွင်းဖို့ မေ့သွားလို့ပါဗျ.. ဒီလို အ လင်းအားပြင်းတဲ့ ဓာတ်မီးတွေက အား အရမ်းကုန် တယ်လေဗျာ..”

​"ဟွန်း... ငါ့ဆီကနေ အခွင့်အရေးလိုချင်လို့ တမင် ကြံစည်တာပဲ ဖြစ်ရမယ်.."

​မူရှောင်ဝမ် စိတ်ဆိုးနေသော်လည်း အမျက်ဒေါသ ကိုမူ အကြာကြီး မထိန်းထားရဲပေ။

အဘယ်ကြောင့်ဆိုသော် သူမသည် ဂူထဲတွင် ရှိနေ ဆဲဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ပိန်းပိတ် အောင် မှောင်နေသောကြောင့် ဖြစ်၏။ထိုအခါ ဤ ကောင်စုတ်က သူမအား တစ်ယောက်တည်း ပစ်ထာ းခဲ့မည်ကို တကယ်ပဲ စိုးရိမ်မိသည်။

​ထို့ကြောင့် သူမ မကျေမနပ် ပြောပြီးသည်နှင့် ချက် ချင်းပင် လေသံပြောင်းကာ မေးလိုက်၏။

"ဒါဆို..ငါတို်. အပြင်ကို ဘယ်လိုပြန်ထွက်ကြမလဲ ..”

​"ကျွန်တော့်နောက်က လိုက်ခဲ့.. ဖြည်းဖြည်းချင်းလ ည်း လျှောက်နော်"

​စကားဆုံးသည်နှင့် လက်ကို ဆန့်ထုတ် ကာ သူမ၏ လက်ကလေးအား ယန်ကွမ်း ဆွဲကိုင်လိုက်သည်။

​လက်ချင်း ယှက်နွှဲမိလိုက်သည့် ခဏ၌ နှစ်ဦးစလုံး ၏ ရင်ထဲတွင် ဖျတ်ခနဲ တုန်ရင်ခဲ့ရ၏။

နူးညံ့အိစက်ပြီး အေးစက်စက်နိုင်လှသော လက်ဖဝ ါးနုနုလေးကို ဆုပ်ကိုင်လိုက်ရသဖြင့် ယန်ကွမ်း၏ စိတ်ထဲတွင်မူ ကြည်နူးမှုများ ဝေဖြာနေပေသည်။

​မူရှောင်ဝမ်မှာမူ သူမ၏ လက်ချောင်းလေးများအား ယန်ကွမ်း၏ လက်ဖဝါးကြီးကြီးက နွေးထွေးစွာ ဆု ပ်ကိုင်ပေးထားသည်ကို ခံစားလိုက်ရပြီးနောက် ချ က်ချင်းပင် ညိမ်သက်သွား၏။

​နှစ်ဦးစလုံး စကားမဆိုမိကြဘဲ တိတ်ဆိတ်ခြင်းက ခဏတာ စိုးမိုးသွားပြီးနောက် မူရှောင်ဝမ်က မနေနိုင် ဘဲ လှမ်းမေးလိုက်သည်။

"ဟဲ့ နင် ကြောင်နေတာလား.. ဘာလို့ လမ်းမလျှော က်တာလဲ.."

​"အာ... အင်း..အင်း သွားမယ်လေ..ဟီး"

​ယန်ကွမ်းက တိုးတိုးလေး ရယ်ရင်း မူရှောင်ဝမ်၏ လက်ကိုဆွဲကာ ဂူအပြင်ဘက်သို့ ဦးတည်၍ လျှော က်လာခဲ့သည်။

​အမှန်တကယ်တွင်မူ သူတို့နှစ်ဦး ဂူထဲသို့ ဝင်လာခဲ့ သည်မှာ မီတာအနည်းငယ်မျှသာ ရှိသေးပြီး ဂူတစ် ဂူလုံး၏ အလျားတစ်ဝက်ကိုပင် မရောက်သေးပေ။

​သို့သော်လည်း ဂူအပြင်သို့ ပြန်ထွက်သည့် လမ်းတ လျှောက် လုံးတွင်မူ ယန်ကွမ်းတစ်ယောက် စိတ်ထဲ ကနေ အဆက်မပြတ် ရေရွတ်နေမိသည်။

“ငါ နှေးနှေးလေးလျှောက်ရမယ်..... ပိုနှေးရင် ကော င်းမယ်... ဂူအပြင်ကို လုံးဝ မထွက်ချင်တော့ဘူးကွ ာ..”

​အဘယ်ကြောင့်ဆိုသော် အပြင်ဘက်သို့ သူ ရောက် သွားသည်နှင့် ဤမိန်းကလေး၏ လက်ကလေးကို ဆက်၍ ဆုပ်ကိုင်ထားခွင့် ရှိတော့မည်မဟုတ်ကြော င်း ယန်ကွမ်းတစ်ယောက် ကောင်းကောင်းကြီး သိ နေသောကြောင့် ဖြစ်၏။

မကြာခင်မှာပင် ဂူဝအဝင်ဝသို့ သူတို့ ပြန်ရောက်လာ ခဲ့ပြီး အပြင်ဘက်ဆီမှ မြေထိုးစက်များ၏ အင်ဂျင် သံများအား ကြားလိုက်ရသည်။

​မူရှောင်ဝမ်သည် ယန်ကွမ်၏ လက်ဖဝါးထဲမှ သူမ ၏ လက်ကလေးကို ရုန်းထွက်လိုက်ပြီး အလင်းရော င်စူးစူး ဖြာကျနေသော ဂူဝဆီသို့ ခြေလှမ်းသွက်သွ က်ဖြင့် လျှောက်သွားရင်း နူတ်ခမ်းဆူကာ ပြောလို က်၏။

"ဟွန့် ပျင်းစရာကြီး..နင်တို့ရွာကလည်း ဘာမှ လည် ပတ်လို့မကောင်းဘူး..”

All Chapters