အခန်း ၅၁
Vol. 6 Ch. 51
အခန်း ၅၁ အောင်သွယ်တော် လုပ်ပေးခြင်း
ဝူရှောင်လျန်းမှာမူ မူရှောင်ဝမ်ကို ကြည့်ကာ စိတ်ထဲ မှ ချစ်ခင်စိတ် ဖြစ်ပေါ်နေမိသည်။မုရှောင်ဝမ်အား
သူမ ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေ ၏။
ယန်ကွမ်းက ဘေးကနေ မျက်စောင်းထိုးနေသော်လ ည်း သူမကမူ လုံးဝ ဂရုမစိုက်ဘဲ မူရှောင်ဝမ်ရဲ့ လ က်ကို ဆွဲကာ ပြောလိုက်သည်။
"ရှောင်ဝမ်..ညီမလေးက တကယ့်ကို လှတာပဲနော်"
မူရှောင်ဝမ်က ရယ်မောရင်း ပြန်ပြောလိုက်၏။
"ခစ်ခစ် မရီးလည်း အရမ်းလှတာပဲနော်.. ယန်ကွမ်း မှာ ဒီလောက်လှတဲ့ မရီးတစ်ယောက် ရှိနေလိမ့်မယ် လို့ ညီမ လုံးဝ မထင်ထားမိဘူး.."
ယန်ကွမ်းတစ်ယောက် ဘာပြောရမှန်းမသိဖြစ်နေက ာ မကျေမနပ် ညည်းတွားလိုက်မိသည်။
"ဟေ့…အစ်မတို့နှစ်ယောက် အပြန်အလှန် မြှောက်ပ င့်နေကြတာ.. ဘာလို့ ကျွန်တော့်ကို ဆွဲထည့်နေကြ တာလဲဗျာ.."
ရလဒ်အနေနဲ့ အမျိုးသမီးနှစ်ယောက်စလုံးက ခေါင်း ကို ပြိုင်တူလှည့်လာပြီး ယန်ကွမ်းအား မျက်စောင်း ထိုးကာ အတူတူ အော်ပြောလိုက်သည်။
"နင့် ပါးစပ်ပိတ်ထားစမ်း...”
"အာ..ကောင်းပါပြီဗျာ..”
ယန်ကွမ်းတစ်ယောက် ပြောစရာ စကားလုံးမဲ့သွား ကာ စိတ်ထဲမှ ထိုသို့ တွေးရင်း အခန်းထဲသို့ ပြန်ဝင် ကာ လှည့်ထွက်လာလိုက်၏။
“ဟမ့်..ငါ သူတို့နဲ့ ပြိုင်မပြောနိုင်လည်း ပုန်းနေလို့ တော့ ရသားပဲ.. “
တစ်မိနစ်လောက်ပဲ သူ ထိုင်ရသေးသည် အပြင်က နေ မရီးဖြစ်သူဝူရှောင်လျန်း၏ လှမ်းအော်သံ ထွက် ပေါ်လာ၏။
"ယန်ကွမ်း..မြန်မြန်ထွက်ခဲ့စမ်း..ရှောင်ဝမ်က ရွာထဲ လျှောက်ကြည့်ချင်လို့တဲ့..နင်ပဲ လိုက်ပြလိုက်ဦး..”
"အာ သူက မပြန်သေးဘူးလား.."
ယန်ကွမ်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် တိုး တိုးလေးရေရွတ်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်။ မူရှောင်ဝမ်က သွားလေးဖြဲပြီး သူ့အား ပြုံးပြနေသ ည်ကို မြင်ရာ ယန်ကွမ်းက မေးမြန်းလိုက်သည်။
"ခဗျားက အိမ်မပြန်သေးဘူးလား.."
"ပြန်မှာပေါ့.. အခုမှ ဘယ်နှစ်နာ ရီရှိသေးလို့လဲ..ပြန် ဖို့ မလောပါဘူး..”
"အိုကေလေ..ဒါဆို ဘာသွားကြည့်ချင်လဲ.. ကျွန်တေ ာ် လိုက်ပြပေးမယ်…
သူ့မရီးက ဘေးကနေ မျက်စိတစ်မှိတ်မှိတ်နှင့် အချ က်ပြနေသည်ကို မြင်ရသဖြင့် ယန်ကွမ်းလည်း သက် ပြင်းချကာ သဘောတူလိုက်ရုံမှတစ်ပါး အခြားမရှိ တော့ပေ။
မူရှောင်ဝမ်က မေးလိုက်၏။
"နင်က ဆေးမြစ်တစ်မျိုး စိုက်တော့မလို့ဆို ဘယ်နာ းမှာ စိုက်မှာလဲ.."
"ဟာ... ခဗျားသာ မပြောရင် ကျွန်တော်တောင် အဲ့ တာကို မေ့နေတာ..”
ယန်ကွမ်းက သူ့နဖူးသူ ရိုက်ကာ အမြန် ပြောလိုက် သည် ။
“လာ ကျွန်တော်နဲ့လိုက်ခဲ့..”
ထိုသို့ ပြောပြီးသည်နှင့် ယန်ကွမ်းက ခြေလှမ်းကျဲ ကြီးများဖြင့် အပြင်သို့ ထွက်သွားပေသည်။မူရှောင် ဝမ်က ဝူရှောင်လျန်းဘက်သို့ လှည့်ကာ လက်ပြရင်း နူတ်ဆက်လိုက်၏။
"အစ်မဝူ.. ညီမ သွားလည်လိုက်ဦးမယ်နော်..ခဏနေ မှ ပြန်လာခဲ့မယ်ရှင့်..”
"အေး..အေး..သွားလေ..သွားသွား..”
မူရှောင်ဝမ်က ယန်ကွမ်း၏နောက်သို့ အပြေးအလွှား လိုက်သွားပြီး ကျောပြင်အား လက်သီးဖြင့် ခပ်ဖွဖွ ထုရိုက်လိုက်သည်ကို ကြည့်ကာ ဝူရှောင်လျန်းကပြုံ းလိုက်မိပြီး စိတ်ထဲတွင် ပို၍ပင် ပျော်ရွှင်လာပေသ ည်။
“အင်း ချီချင်းရွှေက ပါးနပ်ပြီး အရည်အချင်းရှိတ ယ်..ရွှီလင်းက နူးညံ့ပြီး ပရော်ဖက်ရှင်နယ် ဆန်တ ယ် အခုကျတော့ ဆွဲဆောင်မှုရှိပြီး တက်ကြွနေတဲ့ မူ ရှောင်ဝမ် ရှိနေပြန်ပြီ..ပြီးတော့ သူမက ယန်ကွမ်းနဲ့ အနီးစပ်ဆုံးပဲ..
ဝူရှောင်လျန်းတစ်ယောက် စိတ်ထဲမှ တိတ်တိတ် လေးတွေးနေမိသည်။
ယန်ကွမ်းကမူ သူ့မရီးတစ်ယောက် အောင်သွယ်တေ ာ်လုပ်ဖို့ ကြံစည်နေသည်ကို လုံးဝမသိဘဲ အလုပ်အ ပ်ရန်အတွက် လူတစ်ယောက်အား အလျင်အစလို လိုက်ရှာနေသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ဖန်လုံအိမ်လုပ်ငန်း ခွင်သို့ ယန်ကွမ်း ရောက်သောအခါ ပန်းရန်ခေါင်း ဆောင်ကို ရှာကာ အလောတကြီး မေးလိုက်၏။
"ဦးလေး..ကျွန်တော် အပ်ချင်တဲ့ အလုပ်တစ်ခု ရှိ သေးတယ်ဗျ.."
ပန်းရံခေါင်းဆောင်က ရယ်မောရင်း ပြန်မေးလိုက် သည်။
"ဘာအလုပ်လဲ..ပြောသာပြောစမ်းပါ..ရှောင်ကွမ်းရ..ဟားဟား"
ယန်ကွမ်းက ရှင်းပြလိုက်၏။
"ရွာနောက်ဖေးမှာ ဂူတစ်ဂူ ရှိတယ်ဗျ.. အပြင်ဘက်မှ ာ ပေါင်းပင်တွေနဲ့ ကျောက်ခဲတွေ အများကြီးပဲ လ မ်းလည်း မရှိဘူး..ကျွန်တော့်အတွက် အဲဒါတွေကို ရှ င်းလင်းပေးဖို့ ဘိုဒူဇာ တစ်စီးလောက် ရှာပေးပါလား ဗျာ..လက်ခကိုတော့ နာရီနဲ့တွက်ပြီး ပေးပါ့မယ်.."
"အေးအေး..ငါ အရင်သွားကြည့်လိုက်ဦးမယ်.."
ပန်းရံဆရာကလည်း အလုပ်များလေ ဝင်ငွေရလေမို့ အလုပ်ပိုလာသည်အား စိတ်မပျက်ဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။
ထို့ကြောင့် ယန်ကွမ်းက ရွာဘက်သို့ ပြန်လာခဲ့ပြီး မူ ရှောင်ဝမ်ကလည်း ဘေးကနေ လိုက်ပါလာ၏။
ဂူဝသို့ ရောက်သောအခါ ပန်းရံဆရာက မျက်မှောင် ကုတ်လျက် အလုပ်ပမာဏကို စိတ်ထဲကနေ တွက်ချ က်ကာ ယန်ကွမ်းအား ပြောလိုက်သည်။
"ဒီနေရာကို ရှင်းဖို့က နည်းနည်းတော့ လက်ဝင်တယ် ဟ..တစ်ရက်လောက်တော့ ကြာနိုင်တယ်.."
"ကိစ္စမရှိပါဘူး..မြန်မြန်ပြီးရင် ပိုကောင်းတာပေါ့ဗျာ"
"ကောင်းပြီ.. ဒါဆို ငါ မြေတူးစက်တွေ စီစဉ်လိုက်မ ယ်.."
ကန်ထရိုက်တာက ထိုသို့ပြောပြီးနောက် ထိုနေရမှ လှည့်ထွက်သွားပေသည်။
မူရှောင်ဝမ်ကမူ မှောင်မည်းနေသော ဂူပေါက်ဝကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"အမ်..နင်က ဒီထဲမှာ တောင်သုံးလုံးဆေးမြစ် စိုက်မ လို့လား..”
ယန်ကွမ်းက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
"အဲ့တစ်မျိုးတည်း တင်မဟုတ်ဘူး..တခြား အမျိုး အစားတွေကိုလည်း စိုက်မှာ..ဒီထဲမှာက နေရာလည်း တော်တော်ကျယ်တယ်လေ.”
”ငါ အထဲဝင်ကြည့်လို့ ရမလား..”
"ရတာပေါ့ဗျ.."
ယန်ကွမ်းက ခါးကနေ ဓာတ်မီးကို ထုတ်ပြီး ဂူဆီသို့ ဦးဆောင်ကာ လျှောက်ရင်းခေါ်လိုက်သည်။
မူရှောင်ဝမ်က ခြေလှမ်းနှစ်လှမ်းခန့် အမှီလိုက်လာ ကာ နှစ်ဦးသား တစ်ယောက်နောက်မှတစ်ယောက် ဂူထဲသို့ တိုးဝင်လာ၏။ဂူအထဲရောက်သည်နှင့် အလ င်း ရောင်က ချက်ချင်း ပျောက်သွားပေသည်။
မူရှောင်ဝမ်က အနည်းငယ် ထိတ်လန့်သွားပြီး တုန် ယင်သောအသံဖြင့် မေးလိုက်၏။
"ဟဲ့ ရှောင်ကွမ်းဒီထဲမှာ သားရဲတွေ ဘာတွေ မရှိဘူး မို့လား ဟင်.."
"အရင်ကတော့ ရှိဖူးတယ်.. ဒါပေမဲ့ အခုတော့ မရှိ တော့ဘူးဗျ.."
ထိုသို့ပြောရင်း မူရှောင်ဝမ်ဘက်သို့ လှည့်ကြည့်ကာ ယန်ကွမ်းဆက်ပြောလိုက်၏။
“တကယ်လို့ ခဗျား ကြောက်တယ်ဆိုရင် အထဲထိ ဆက်မသွားနဲ့လေ..”
"ဟမ့်..ဘယ်သူက ကြောက်တယ်လို့ ပြောနေလဲ"
မူရှောင်ဝမ်က နှုတ်ခမ်းလေးစူကာ မကျေမနပ်ဖြင့် အော်ပြောလိုက်သည်။
“ငါက စူးစမ်းချင်လို့ မေးကြည့်တာပါဟဲ့..ဂူထဲမှာ တောရိုင်းတိရစ္ဆာန်တွေ ရှိရင်လည်း ရှိပေါ့ဟယ် .. ငါကတော့ နည်းနည်းမှ မကြောက်ဘူး..”
"ဟုတ်ပါပြီဗျာ..ခဗျားက တကယ့်ကို သတ္တိခဲကြီးပဲ နောက် ခဗျားကို မမလေးမူမကြောက်လို့ပဲ ခေါ် တော့မယ်ဟီး..”
ယန်ကွမ်းက မျက်လုံးလှိမ့်လိုက်ကာ ဂူထဲသို့ ဆက် လျှောက်လာခဲ့သည်။မူရှောင်ဝမ်လည်း စိတ်တို သွား ကာ ယန်ကွမ်းကျောပြင်အား စိုက်ကြည့်၍ နောက် ကနေ အမှီလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဘာလို့လဲဆိုတော့ သူတို့မှာ ဓာတ်မီးက တစ်လက်ပဲ ရှိသည်မို့ အမှောင်ထဲတွင် သူမ တစ်ယောက်တည်း မကျန်ခဲ့ခြင်းသောကြောင့် ဖြစ်၏။
ဂူအောက်ခြေ အနက်ပိုင်းဆီသို့ တဖြည်းဖြည်း ရော က်လာသောအခါ ယန်ကွမ်းက ဝပတ်ဝန်းကျင်ကို ဓ ာတ်မီးဖြင့် ထိုးပြရင်း ပြောလိုက်သည်။
"ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော် ဒီနေရာမှာ.. စပါး အုန်းမြွေကြီးတစ်ကောင်နဲ့ တိုးသေးတယ်ဗျ.. အဲဒီ ကောင် ညှစ်သတ်လို့ ကျွန်တော် သေမလို့တောင် ဖြ စ်ခဲ့ရတာဗျာ..”
"အမ်..မြွေကြီး ဟုတ်လား.."
မူရှောင်ဝမ်မှာမူ ထိတ်လန့်သွားပြီး အလျင်စလို မေး လိုက်၏။
"အဲဒီစပါးအုန်းမြွေက ဘယ်လောက်တောင် ကြီးလို့ လဲဟ.."
"ကျွန်တော့် ခါးထက်တောင် တုတ်သေးတယ်ဗျာ.."
ယန်ကွမ်းက ခြောက်လှန့်သည့် လေသံဖြင့် ဆက်ပြေ ာလိုက်၏။
"ပြီးတော့ အဲဒီမြွေကြီးရဲ့ မျက်လုံးနှစ်လုံးက ရဲတော က်နေတာပဲဗျာ... မီးအိမ်နီကြီးနှစ်လုံး ကျနေတာပဲဗျ ာ .."
မူရှောင်ဝမ်က သတ္တိမွေးကာ ပြန်ပြောလိုက်သည်။
"ဟဲ့ လာမနောက်နဲ့နော်.နင်ငါ့ကို ကြောက်အောင် လု ပ်ချင်လို့မလား..ဟွန့် မရပါဘူးနော်.."
သူမ စကားဆုံးသောအခါ ဓာတ်မီးရောင်က ဗြုန်းစာ းကြီး တဖျတ်ဖျတ် ဖြစ်သွားပြီးနောက် လုံးဝ ပျော က်သွားပေသည်။
“အမလေး..အမေရေ…”
ထိုအချိန်ခဏ၌ အမှောင်ထဲတွင် မူရှောင်ဝမ်တစ် ယောက် ကြောက်လန့်လာကာ စောစောက ရှိခဲ့သမျှ သတ္တိတို့ အကုန်ပျောက်သွားပြီး ယန်ကွမ်း၏ ရင်ခွင် ထဲသို့ လန့်အော်ကာ ပြေးဝင်လိုက်၏။
ယန်ကွမ်းလည်း အဆင်သင့်မဖြစ်ခင်လေးမှာပင် မူ ရှောင်ဝမ်၏ နူးညံ့ အိစက်ပြီး မွှေးပျံ့လှသော ခန္ဓာ ကိုယ်လေးအား ရင်ခွင်ထဲ ရောက်လာကာ သူမ၏ ရ င်ညွန့်က သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဖိကပ် ထားမိသဖြင့် ယန်ကွမ်း၏ စိတ်ထဲ၌ ထူးခြားသော နွေးထွေးမှုနှင့်အတူ စိတ်လှုပ်ရှားခဲ့ရ၏။
ထို့နောက် မူရှောင်ဝမ်တစ်ယောက် တုန်တုန်ယင်ယင် ဖြစ်နေသည်ကို သတိပြုမိသွားသဖြင့် ယန်ကွမ်းက ခပ်တိုးတိုးလေး ရယ်မောရင်း ချော့ကာ ပြောလိုက်ရ သည်။
"ဟီးဟီး..မကြောက်ပါနဲ့ဗှာ..ဓာတ်မီးက အားကုန်သွ ားလို့ပါဗျ.."
"..."
မူရှောင်ဝမ်က ဆွံ့အသွားပြီးနောက် ယန်ကွမ်း၏ ရင် ခွင်ထဲမှ ရုန်းထွက်ကာ ပြန်မေးလိုက်၏။
"ဒါ နင် တမင်သက်သက် လုပ်တာမလား..”
မှောင်မည်းနေသဖြင့် သူမ၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း အတော်လေး စိတ်တိုနေသည် ကိုမူ ယန်ကွမ်း ရိပ်မိလိုက်သည်။ထို့ကြောင့် သူက ပြုံးကာ ရှင်းပြလိုက်ရ၏။
"အာ ကျွန်တော်က တမင်လုပ်တာဟုတ်ပါဘူးဗျာ..
ပြီးခဲ့တဲ့တစ်ခေါက် ဒီအထဲဝင်ပြီး အိမ်ရောက်တော့ ဘက်ထရီအားပြန်သွင်းဖို့ မေ့သွားလို့ပါဗျ.. ဒီလို အ လင်းအားပြင်းတဲ့ ဓာတ်မီးတွေက အား အရမ်းကုန် တယ်လေဗျာ..”
"ဟွန်း... ငါ့ဆီကနေ အခွင့်အရေးလိုချင်လို့ တမင် ကြံစည်တာပဲ ဖြစ်ရမယ်.."
မူရှောင်ဝမ် စိတ်ဆိုးနေသော်လည်း အမျက်ဒေါသ ကိုမူ အကြာကြီး မထိန်းထားရဲပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် ဂူထဲတွင် ရှိနေ ဆဲဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ပိန်းပိတ် အောင် မှောင်နေသောကြောင့် ဖြစ်၏။ထိုအခါ ဤ ကောင်စုတ်က သူမအား တစ်ယောက်တည်း ပစ်ထာ းခဲ့မည်ကို တကယ်ပဲ စိုးရိမ်မိသည်။
ထို့ကြောင့် သူမ မကျေမနပ် ပြောပြီးသည်နှင့် ချက် ချင်းပင် လေသံပြောင်းကာ မေးလိုက်၏။
"ဒါဆို..ငါတို်. အပြင်ကို ဘယ်လိုပြန်ထွက်ကြမလဲ ..”
"ကျွန်တော့်နောက်က လိုက်ခဲ့.. ဖြည်းဖြည်းချင်းလ ည်း လျှောက်နော်"
စကားဆုံးသည်နှင့် လက်ကို ဆန့်ထုတ် ကာ သူမ၏ လက်ကလေးအား ယန်ကွမ်း ဆွဲကိုင်လိုက်သည်။
လက်ချင်း ယှက်နွှဲမိလိုက်သည့် ခဏ၌ နှစ်ဦးစလုံး ၏ ရင်ထဲတွင် ဖျတ်ခနဲ တုန်ရင်ခဲ့ရ၏။
နူးညံ့အိစက်ပြီး အေးစက်စက်နိုင်လှသော လက်ဖဝ ါးနုနုလေးကို ဆုပ်ကိုင်လိုက်ရသဖြင့် ယန်ကွမ်း၏ စိတ်ထဲတွင်မူ ကြည်နူးမှုများ ဝေဖြာနေပေသည်။
မူရှောင်ဝမ်မှာမူ သူမ၏ လက်ချောင်းလေးများအား ယန်ကွမ်း၏ လက်ဖဝါးကြီးကြီးက နွေးထွေးစွာ ဆု ပ်ကိုင်ပေးထားသည်ကို ခံစားလိုက်ရပြီးနောက် ချ က်ချင်းပင် ညိမ်သက်သွား၏။
နှစ်ဦးစလုံး စကားမဆိုမိကြဘဲ တိတ်ဆိတ်ခြင်းက ခဏတာ စိုးမိုးသွားပြီးနောက် မူရှောင်ဝမ်က မနေနိုင် ဘဲ လှမ်းမေးလိုက်သည်။
"ဟဲ့ နင် ကြောင်နေတာလား.. ဘာလို့ လမ်းမလျှော က်တာလဲ.."
"အာ... အင်း..အင်း သွားမယ်လေ..ဟီး"
ယန်ကွမ်းက တိုးတိုးလေး ရယ်ရင်း မူရှောင်ဝမ်၏ လက်ကိုဆွဲကာ ဂူအပြင်ဘက်သို့ ဦးတည်၍ လျှော က်လာခဲ့သည်။
အမှန်တကယ်တွင်မူ သူတို့နှစ်ဦး ဂူထဲသို့ ဝင်လာခဲ့ သည်မှာ မီတာအနည်းငယ်မျှသာ ရှိသေးပြီး ဂူတစ် ဂူလုံး၏ အလျားတစ်ဝက်ကိုပင် မရောက်သေးပေ။
သို့သော်လည်း ဂူအပြင်သို့ ပြန်ထွက်သည့် လမ်းတ လျှောက် လုံးတွင်မူ ယန်ကွမ်းတစ်ယောက် စိတ်ထဲ ကနေ အဆက်မပြတ် ရေရွတ်နေမိသည်။
“ငါ နှေးနှေးလေးလျှောက်ရမယ်..... ပိုနှေးရင် ကော င်းမယ်... ဂူအပြင်ကို လုံးဝ မထွက်ချင်တော့ဘူးကွ ာ..”
အဘယ်ကြောင့်ဆိုသော် အပြင်ဘက်သို့ သူ ရောက် သွားသည်နှင့် ဤမိန်းကလေး၏ လက်ကလေးကို ဆက်၍ ဆုပ်ကိုင်ထားခွင့် ရှိတော့မည်မဟုတ်ကြော င်း ယန်ကွမ်းတစ်ယောက် ကောင်းကောင်းကြီး သိ နေသောကြောင့် ဖြစ်၏။
မကြာခင်မှာပင် ဂူဝအဝင်ဝသို့ သူတို့ ပြန်ရောက်လာ ခဲ့ပြီး အပြင်ဘက်ဆီမှ မြေထိုးစက်များ၏ အင်ဂျင် သံများအား ကြားလိုက်ရသည်။
မူရှောင်ဝမ်သည် ယန်ကွမ်၏ လက်ဖဝါးထဲမှ သူမ ၏ လက်ကလေးကို ရုန်းထွက်လိုက်ပြီး အလင်းရော င်စူးစူး ဖြာကျနေသော ဂူဝဆီသို့ ခြေလှမ်းသွက်သွ က်ဖြင့် လျှောက်သွားရင်း နူတ်ခမ်းဆူကာ ပြောလို က်၏။
"ဟွန့် ပျင်းစရာကြီး..နင်တို့ရွာကလည်း ဘာမှ လည် ပတ်လို့မကောင်းဘူး..”