အခန်း ၅၃
Vol. 6 Ch. 53
အခန်း ၅၃ ဝိုး အရသာ ရှိလိုက်တာ
မူရှောင်ဝမ်က မေးကလေးပင့်ကာ မျက်နှာလွှဲရင်း ပြန်ဖြေလိုက်၏။
“ငါ့ရဲ့ ဖူးစာရှင်က ရုပ်လည်းချောရမယ်..ချမ်းသာရ မဲ့အပြင်... အဓိကအချက်က စိတ်ထားကောင်းတဲ့ သူလည်း ဖြစ်ရမယ်…”
ယန်ကွမ်က မချိပြုံး ပြုံးလိုက်၏။
“ခဗျားပြောမှပဲ ကျွန်တော်က လူဆိုးကြီး ကျနေတာ ပဲဗျာ..”
“နင်က ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေတာ လား..”
မူရှောင်ဝမ်က ယန်ကွမ်းအား မျက်စောင်းတစ်ချက် ထိုးရင်း ဒေါသသံဖြင့် ဆက်ပြောလိုက်သည့်။
“နင့်ကို စတွေ့ကတည်းက ငါ အဆိုးတွေနဲ့ပဲ ကြုံနေ ရတော့တာပဲ..”
လက်ထဲမှ သစ်ကြားသီးများကို ပွတ်ရင်း ယန်ကွမ်း ပြန်ပြောလိုက်၏။
“ပြဿနာပဲဗျာ..ခဗျား ကြုံရတာ အဆိုးမဟုတ်ပါဘူ း အကောင်းပါဗျ...ကျွန်တော်တို့က ရေစက်ပါလာ လို့သာ ဒီလိုခဏခဏ တွေ့နေရတာလေဗျာ..”
မူရှောင်ဝမ်က ယန်ကွမ်းအား စိုက်ကြည့်ကာ အံကြိ တ်၍ ပြောလိုက်သည်။
“နင် ဒီလိုပဲ ဆက်ပြီး လျှောက်ပြောနေဦးမယ်ဆိုရင် ...ငါ နင့်ကို ရိုက်သတ်မိမယ်ဆိုတာ... ယုံလား..”
“ကျွန်တော်က ယင်ကောင်မှ မဟုတ်တာဗျာ..”
ယန်ကွမ်းက မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြ ည့်လိုက်သည်။ မမောနိုင်မပန်းနိုင် ဒေါသထွက်နေ သော မိန်းမလှလေးကို မြင်သောအခါ သူက အလျှေ ာ့ပေးသည့်အနေဖြင့် ပြုံးပြီး ပြောလိုက်၏။
“ကဲပါ... ကဲပါ.. ကျွန်တော် မပြောတော့ဘူး ဟုတ်ပြီ လား..ကျွန်တော်တို့ သိနေတာ ဒီလောက်ကြာပြီပဲကိုး ခဗျားက ဘာလို့ ခဏခဏ စိတ်တိုနေရတာလဲ.. အဲ့ လိုဆို ချစ်ဖို့မကောင်းတော့ဘူးလေဗျာ..”
ထိုစကားကြောင့် မူရှောင်ဝမ်မှာမူ အံ့အားသင့်သွား ပြီး ရင်ထဲမှ ဒေါသမီးလျှံများမှာ ချက်ချင်းဆိုသလို ငြိမ်းအေးသွားရသည်။
ထို့နောက် မူရှောင်ဝမ်က သက်ပြင်းချကာ ပြောလို က်၏။
“ဟမ့်.. ငါ နင်နဲ့သိတာ.. စုစုပေါင်း နှစ်ရက်ပဲ ရှိသေး တာမို့...ရင်းနှီးသလိုလို လာမလုပ်နေပါနဲ့ဟယ်..”
“ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာတော့ ခဗျားနဲ့ သိတာ ကြာလှပြီလို့ ခံစားရတယ်ဗျ... အိမ်မက်ထဲမှာ မက် ဖူးသလိုမျိုးပေါ့ဗျာ..”
“တော်စမ်းပါ... နင့်ရဲ့ ဖွန်ကြောင်တဲ့ အကွက်တွေက ညံ့လွန်းပါတယ်..ဘယ်သူက ယုံမှာလဲ..”
မူရှောင်ဝမ်က မျက်စောင်းထိုးရင်း ယန်ကွမ်း ဖယ် ထုတ်လိုက်သော ပင်ပေါင်ဘောလုံးအရွယ် သစ်ကြာ းသီးအချို့ကို တွေ့သဖြင့် အမြန်ကောက်ယူကာ လ က်ဖြင့် ညှစ်ကြည့်လိုက်သည်။
မျက်နှာလေး နီမြန်းလာသည်အထိ မူရှောင်ဝမ်က အားစိုက်သော်လည်း တစ်လုံးမျှ ကွဲမသွားသဖြင့် ယ န်ကွမ်းက မရယ်ဘဲမနေနိုင်တော့ချေ။
“ဟီးဟီး..ပိန်းလိုက်တာဗျာ... ကျောက်ခဲနဲ့ ထုလို က်ရင် ရတာပဲကို..”
မူရှောင်ဝမ်က ယန်ကွမ်းအား ဂရုမစိုက်အားဘဲ ဇဝေ ဇဝါဖြင့် ပြန်ပြောလိုက်၏။
“မဟုတ်ဘူးလေ... ငါ အရင်က စားဖူးတဲ့ သစ်ကြား သီးတွေက လက်နဲ့ညှစ်လိုက်တာနဲ့ ကြေမွသွားတာပဲ ကိုး..”
“အဲဒါက စိုက်ပျိုးရေးခြံက ထွက်တာလေ..ဒီတောရို င်း သစ်ကြားသီးကတော့ အရမ်းမာတာဗျ..”
မူရှောင်ဝမ်၏ ဗဟုသုတနည်းပါးမှုကို စာနာသလို ယန်ကွမ်း ကြည့်ကာ ကျောက်ခဲတစ်လုံးကို ကောက် ယူပြီး သစ်ကြားသီးအား ကျောက်ပြားပေါ်တင်၍ နှစ်ချက် ထုချလိုက်သည်။
တောရိုင်းသစ်ကြားသီး၏ အဆံမှာ သိပ်မကြီးလှပေ ။
ထို့ကြောင့် အခွံပွင့်သွားပြီးနောက် အတွင်းရှိ နုဖတ် ဖြူဖွေးနေသော အဆံလေးကို မြင်သောအခါ မူရှော င်ဝမ်က စိတ်ပျက်လက်ပျက် ပြောလိုက်၏။
“ဘာလဲ... ဒါက သေးလိုက်တာ...စားလို့ရော ရရဲ့လာ း..”
ယန်ကွမ်းက သူမကို စိုက်ကြည့်ကာ ပြောလိုက်၏။
“အမ်..စားလို့ရရုံတင်မကဘူး..အရသာကလည်း ရှိ တယ်ဗျ.. ခဗျား မြည်းကြည့်လိုက်ရင် သိသွားလိမ့် မယ်”
ယန်ကွမ်းက အစေ့အဆံအဖြစ် စတင်ဖြစ်တည်ကာ မရင့်မှည့် သေးသော ထိုအဆံဖြူဖြူလေးကို ထုတ် ယူပြီး မူရှောင်ဝမ်အား ကမ်းပေးလိုက်သည်။
ထိုအဆံလေးကို လက်ဝါးပေါ် တင်ကြည့်လိုက်ရာ ကြည်လင်ဝင်းပနေပြီး နှာခေါင်းဝတွင်လည်း လန်း ဆန်းစေသော သင်းပျံ့ပျံ့ရနံ့အား မူရှောင်ဝမ် ခံစား လိုက်ရသည်။
ထို့ကြောင့် မူရှောင်ဝမ်တစ်ယောက် မအောင့်နိုင်တေ ာ့ ဘဲ ပါးစပ်ထဲသို့ ထည့်ပစ်လိုက်၏။ဝါးကြည့်လို က်သည်နှင့် သူမ၏မျက်လုံးများမှာမူ ပြူးကျယ်ကာ ရေရွတ်မိလိုက်သည်။
“ဝိုး..ဘုရားရေ... အရမ်းချိုတာပဲ..”
“ဒါပေါ့ဗျာ... ဒါကို ရင့်မှည့်သွားလို့ ဆောင်းတွင်းအ ထိ ထားလိုက်ရင် အဆံတွေက ခဲပြီး ခြောက်သွားလိ မ့်မယ်..အဲဒီအချိန်ကျရင် ယိုစုံစားရသလိုမျိုး အရ သာရှိတယ်ဗျ..”
ယန်ကွမ်းက ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြလိုက်၏။
“မြန်မြန်..မြန်မြန်..ငါ့ကို. နောက်ထပ် ထပ်ခွဲပေးပါဦး ဒီအရသာက တကယ်ထူးခြားတယ် သစ်ကြားသီးရဲ့ ရနံ့က အရမ်းစူးရှတာပဲနော်..”
မိန်းမလှလေးကို လုပ်ကိုင်ပေးရသဖြင့် ယန်ကွမ်းခ ဗျာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ခေါင်းညိတ်ပြ ကာ သစ်ကြားသီးများအား ထပ်မံထုခွဲပေးလိုက်ပြ န်သည်။
မူရှောင်ဝမ်က သစ်ကြားသီးအဆံများကို စားနေစဉ် ယန်ကွမ်းကမူ အခွံများကို နွှာပေးနေကာ နှစ်ဦးသာ း သဟဇာတဖြစ်နေကြ၏။
သို့သော်လည်း သစ်ကြားသီး ငါးလုံး၊ခြောက်လုံးခန့် စားပြီးနောက် မူရှောင်ဝမ်က ရုတ်တရက် ပြောလိုက် သည်။
“တော်ပြီဟာ..... ကျန်တာတွေကို သိမ်းထားလိုက် တော့..ပြန်ရင် ယာယာ့ကိုလည်း ကျွေးရမယ်..”
“ဟောဗျာ... ခဗျားက သူမလေးကိုတောင် သတိရ နေသေးတာလား..”
မူရှောင်ဝမ်က နှုတ်ခမ်းကလေးစူကာ ပြန်ပြောလိုက် သည်။
“ဘာဖြစ်လို့လဲ.. ယာယာလေးက ဝဝ လုံးလုံးလေးနဲ့.. ချစ်ဖို့ကောင်းလွန်းလို့ပါဟ..ဒီအရသာရှိတဲ့ဟာကို သူမအတွက် ချန်မထားရဘူးလား..”
“အာ..မဟုတ်ပါဘူးဗျာ... ခဗျား ဒီလောက်တောင် ကြင်နာတတ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားမိလို့ ပါဗျာ..”
ယန်ကွမ်းက ပြုံးလျက် မတ်တပ်ထရပ်ကာ ဆက် ပြောလိုက်၏။
“နှမြောစရာကောင်းတာက တောင်းမပါလာဘူးဗျ.. ဒါကြောင့် သစ်ကြားသီးတွေကို အဝတ်နဲ့ပဲ.. ထုပ်သွ ားရတော့မယ်…”
ပြောပြောဆိုဆိုဖြင့်ပင် မူရှောင်ဝမ်ကို အမှုမထားဘဲ အပေါ်အကျ်ီအား ချွတ်လိုက်ပေသည်။အတွင်း၌ စွပ် ကျယ်တစ်ထည်သာ ကျန်တော့သဖြင့် ယန်ကွမ်း၏ ကြွက်သားအဖုအထစ်များမှာ အထင်အရှား ပေါ်လွ င်လာ၏။
ယန်ကွမ်းက သစ်ကြားသီးများကို ကောက်ယူရန် ခေါင်းငုံ့နေသဖြင့် မူရှောင်ဝမ်၏ မျက်လုံးများမှာမူ ပြူးကျယ်သွားသည်ကိုလည်းကောင်း၊တံတွေးအား ခိုး၍မြိုချလိုက်မိသည်ကိုလည်းကောင်း လုံးဝ သတိ မထားမိလိုက်ချေ။
အားလုံး သိမ်းဆည်းပြီးနောက် ယန်ကွမ်းက လှည့် ကြည့်ကာ မေးလိုက်၏။
“ကဲ... ခုလောက်ဆို ရပြီမလား အိမ်ပြန်ကြစို့လေ”
“ဟင်..စောပါသေးတယ်..”
မူရှောင်ဝမ်က မျက်စောင်းထိုးကာ ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် သစ်ပင်တောအုပ်များကို ဝေ့ဝဲ ကြည့်ရှုရင်း မေးလိုက်သည်။
“ဒီတောင်ပေါ်မှာ သစ်ကြားသီးပဲ ရှိတာလား..တခြား စားစရာကောင်းတာတွေ မရှိတော့ဘူးလားဟ..”
“ဘယ်လိုလုပ်ပြီး မရှိဘဲ နေမှာလဲ..”
ယန်ကွမ်းက ပခုံးတွန့်ကာ ပြန်ဖြေလိုက်၏။
“ဒီတောင်တန်းကြီးထဲမှာ စားစရာတွေက အလျှံပယ် ရှိတာပေါ့ဗျာ..”
“ဟုတ်လို့လား..ဒါဆို နင်လျှောက်ပြောနေတာ ဟုတ် မဟုတ် စောင့်ကြည့်ရသေးတာပေါ့..”
“ကျွန်တော် လျှောက်ပြောရင် ခွေးဖြစ်ပါစေဗျာ..”
ယန်ကွမ်းက မျက်လုံးအပြူးသားဖြင့် သစ်ကြားသီး များ ထုပ်ထားသည့် အထုပ်အား သူမထံ လှမ်းပစ် ပေးကာ ပြောလိုက်သည်။
“ကဲ...ကျွန်တော့်နောက်က လိုက်ခဲ့ တောင်ပေါ်မှာ ဘ ယ်လောက် စားစရာ ပေါတယ်ဆိုတာ ခဗျားကို ပြရ သေးတာပေါ့ဗျာ..”
“အိုကေလေ..”
မူရှောင်ဝမ်သည် သူမ၏ အကွက်ဆင်မှု အောင်မြင် သွားသဖြင့် ချက်ချင်းပင် ပြုံးစိစိဖြင့် ထရပ်လိုက်သ ည်။
ထို့နောက် နှစ်ဦးသား တောင်အောက်ခြေသို့ ပိုမိုနက် ရှိုင်းစွာ ဝင်ရောက်လာခဲ့ကြပြီး သိပ်သည်းလှသော တောနက်ကြီးထဲသို့ ရောက်လာခဲ့ကြ၏။
ဦးခေါင်းထက်မှ သစ်ပင်အုပ်များမှာ နေရောင်ခြည် ကိုပင် ပိတ်ဆို့ထားသဖြင့် သစ်ပင်ခြေရင်းများတွင် မူ ခြုံနွယ်ပိတ်ပေါင်းများ မပေါက်ရောက်နိုင်ဘဲ ကြွေကျနေသော သစ်ရွက်ခြောက်များသာ ထူထပ်စွ ာ ဖုံးလွှမ်းနေသည်။
သူတို့နှစ်ဦး လျှောက်လှမ်းနေသည့် ခြေသံတရှပရှပ် ရှမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ညိ မ်သက်လို့နေ၏။အတန်ကြာ လျှောက်လှမ်းပြီးနော က် ယန်ကွမ်းက ရုတ်တရက် လှည့်ကြည့်ကာ မူရှေ ာင်ဝမ်အား စိုက်ကြည့်ရင်း မေးလိုက်သည်။
“အိုး.. တော်တော်သတ္တိရှိတာပဲဗျ..ဒီလို တောနက်ထဲ အထိ လိုက်ရဲတယ်ပေါ့..လူသူမရှိတဲ့ အချိန်မျိုးမှာ ကျွန်တော်က ခဗျားအပေါ် တစ်ခုခု ကြံစည်မိမှာ မ ကြောက်ဘူးလား..ဟဲဟဲ”
“...”
မူရှောင်ဝမ် ခြေလှမ်းများမှာ တန့်သွားပြီး မျက်လုံး ထဲတွင်မူ ထိတ်လန့်နေသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် မေးကလေ းပင့်ကာ ပြန်ပြောလိုက်သည်။
“ဖွီး... နင် အဲဒီလို လုပ်ရဲမယ်လို့ ငါမယုံပါဘူး..ငါ နင် နဲ့ တောင်ပေါ်လိုက်လာတာကို မမချင်းရွှေ သိတယ် လေ ငါ တစ်ခုခုဖြစ်ရင်တောင် မမက နင့်ကို လာမေး လိမ့်မယ်…”
“အမ်...ခဗျားက တကယ်ကြီး ထင်နေတာလား..”
ယန်ကွမ်းက မျက်လုံးကလယ်ကလယ် လုပ်လိုက်ပြီ းနောက် ရှေ့သို့ ဆက်လျှောက်လာရင်း ညည်းတွားလိုက်၏။
“တကယ်ကို ပျင်းစရာကောင်းလိုက်တာဗျာ..”
“....”
ယန်ကွမ်း၏ ကျောပြင်ကို ကြည့်ကာ မူရှောင်ဝမ်တ စ်ယောက် မျက်စောင်းထိုးလိုက်မိသည်။
သိပ်မဝေးသော နေရာသို့ အရောက်တွင်မူ ယန်ကွမ်း က ဆောင့်ကြောင့်ထိုင်ချကာ သစ်ရွက်ခြောက်များ ကြားထဲသို့ လက်ဖြင့် စမ်းသပ်ရှာဖွေပြီးနောက် မြေ ကြီးများအား လက်ချောင်းများဖြင့် ယက်ထုတ်လို က်၏။
မူရှောင်ဝမ် အနားသို့ တိုးကပ်လာကာ စူးစမ်းလိုစိတ် ဖြင့် မေးမြန်းလိုက်သည်။
“ဟဲ့..နင်ဘာတူးနေတာလဲ. မျှစ်လား..”
”အော် မမရယ်... ဒီနေရာမှာ ဘယ်က ဝါးပင်ရှိလို့လဲ ”
ယန်ကွမ်းမှာမူ စကားပင် ဆွံ့အသွားရပြီး သူမကို မေ ာ့ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောလို က်၏။
“ကျွန်တော်.. နဂါးမိူတွေ့လို့ဗျ..”
မူရှောင်ဝမ် မျက်လုံးများမှာမူ ဝိုင်းစက်သွားသည်။
“ဘာကြီး....”
နဂါးမိူအား သူမ အသေအချာ သိနေ၏။၎င်းသည် ရှားပါးပြီး တန်ဖိုးကြီးမားလှသော မှိုအမျိုးအစားဖြ စ်ကာ ဈေးလည်း ကြီးလှ၏။
မူရှောင်ဝမ်လည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ယ န်ကွမ်း ဂရုတစိုက် တူးဆွနေသည်ကို ကြည့်ကာ တံ တွေးတစ်ချက် မြိုချရင်း မေးလိုက်သည်။
“ဟဲ့ ဒါက တကယ်ကြီး နဂါးမိူလားဟာ..”
“တူးထုတ်ပြီးရင် သိရမှာပေါ့ဗျ..ဟီး”
ယန်ကွမ်းက ခေါင်းငုံ့ကာ အလုပ်ရှုပ်နေရင်း ပြုံးကာ ဆက်ပြောလိုက်သည်။
“ခဏနေရင်တော့ ခဗျား ရှက်မနေနဲ့ဦးနော်..”
“အမ် ငါက ဘာလို့ ရှက်ရမှာလဲဟ…”
မူရှောင်ဝမ် ဇဝေဇဝါ ဖြစ်သွားပြီး ယန်ကွမ်း ဘာကို ရည်ရွယ်၍ စနောက်နေမှန်း နားမလည်နိုင်ချေ။
မြေကြီးများကို ယန်ကွမ်း ဂရုတစိုက် ဖယ်ရှားလိုက် ရာ နဂါးမှို၏ အမြစ်များအား တွေ့လာခဲ့၏။ ထို့နော က် ယန်ကွမ်းက အားစိုက်၍ မလိုက်ရာ နဂါးမှိုတစ် ပွင့်လုံး မြေပြင်ပေါ်သို့ အတိုင်းသား ပေါ်ထွက်လာ ပေသည်။
ထိုမှိုအား လက်ဝါးပေါ်တင်ကာ မူရှောင်ဝမ်ထံ ကမ်း ပေးရင်း ယန်ကွမ်း ပြောလိုက်၏။
“ဒီနဂါးမှိုကို ခဗျား မြင်ဖူးမှာပါ.. ဟုတ်မဟုတ် ကြည့် လိုက်ဦး..”
“ဟုတ်တယ်..ဟုတ်တယ်. တကယ်ကြီးပဲဟ..”
မူရှောင်ဝမ်က အံ့ဩဝမ်းသာသွားကာ ချက်ချင်းပင် လှမ်းယူလိုက်၏။
သို့သော်လည်း ထိုနဂါးမှိုကို မူရှောင်ဝမ်က စမ်းသပ် ပွတ်နေစဉ်မှာပင် ယန်ကွမ်းကကြည့်ကာ ခပ်ပြုံးပြုံး လုပ်နေသည်အား သတိပြုမိသွားသည်။
မူရှောင်ဝမ်တစ်ယောက် ခဏမျှ ကြောင်အသွားပြီး နောက် လက်ထဲမှ နီညိုရောင်သန်းကာ ခပ်ရှည်ရှည် ပုံသဏ္ဌာန်ရှိသော နဂါးမိူကြီးအား သေချာ ပြန်ကြ ည့်မိလိုက်စဥ်မှာပင် မူရှောင်ဝမ်တစ်ယောက် ရုတ်တ ရက် သဘောပေါက်သွားပြီး မျက်နှာတစ်ပြင်လုံး ချ က်ချင်းဆိုသလိုပင် ရဲရဲနီသွားပေသည်။