အခန်း ၅၄
Vol. 6 Ch. 54
အခန်း ၅၄ လူယုတ်မာကောင်
မူရှောင်ဝမ်မှာမူ အရှက်နှင့် ဒေါသတို့ ဒွန်တွဲကာ ရင် တလှပ်လှပ်ဖြစ်သွားပြီးနောက် လက်ထဲမှ နဂါးမှိုကြီ းကိုမြှောက်၍ ယန်ကွမ်းဆီသို့ ဆောင့်ကြီးအောင့် ကြီးဖြင့် ပစ်ပေါက်လိုက်တော့သည်။
“လူယုတ်မာ... လူယုတ်မာအပုပ်ကောင်ရဲ့..”
ယန်ကွမ်းက ကြိုတင်မပြင်ထားဘဲ အပစ်ခံလိုက်ရ သဖြင့် နုဖတ်လှသော နဂါးမှိုမှာ မြေပြင်ပေါ် ပြုတ် ကျကာ ကြေမွပျက်စီးသွားရရှာသည်။
သို့သော်လည်း မူရှောင်ဝမ်၏ ဒေါသမီးလျှံမှာမူ ငြိမ် းအေးမသွားသေးဘဲ မျက်နှာတစ်ပြင်လုံး နီရဲလျ က် ယန်ကွမ်းအပေါ်သို့ လွှားကနဲ ခုန်အုပ်ကာ ထုနှက် တော့၏။
ယန်ကွမ်းက ရှောင်တိမ်းရင်း ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ကာ မေးလိုက်သည်။
“ဟာ ခဗျားက ဘာဖြစ်နေတာလဲ..ဘာတွေ လျှောက် တွေးနေလို့လဲဗျာ..ကျွန်တော်က ဘာမှလည်း မပြေ ာရသေးဘူးလေဗျာ..”
“ဟမ့် လူယုတ်မာကြီး.နင်က.. အခုထိ ဟန်ဆောင်နေ တုန်းပဲ..”
မူရှောင်ဝမ်တစ်ယောက် တွေးမိလေလေ ဒေါသထွ က်လေလေဖြစ်ကာ ယောက်ျားနှင့် မိန်းမကြား အထိ အတွေ့ ရှိ၊ မရှိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ယန်ကွမ်း ၏ ခါးပေါ်သို့ ခွစီးလိုက်မိသည်။
“ဖုန်း..ဖုန်း..ဖုန်း…
လက်သီးချက်အချို့ အမိအရ ခံလိုက်ရပြီးနောက် ယန်ကွမ်း မချိပြုံး ပြုံးလျက် အပေါ်မှ ကြည့်နေသေ ာ မူရှောင်ဝမ်အား မော့ကြည့်ကာ ပြောလိုက်၏။
“မမလေးဝမ်ရယ်.....ခဗျား စိတ်ထဲမှာ ဘာတွေတွေး နေလဲဆိုတာ ကျွန်တော် ခန့်မှန်းလို့ရပါတယ်..ဒါပေမဲ့ တစ်ခုတော့ ထူးဆန်းတယ်နော်... ခဗျား အဲဒီအရာ ကို အရင်က မြင်ဖူးလို့လားဗျ..ဟီး..”
“နင်...”
ထိုအမေးကြောင့် မူရှောင်ဝမ်ခဗျာ ဆွံ့အသွားပြီး မျ က်နှာကလေးမှာမူ ပို၍ နီမြန်းစရာမရှိအောင် ရဲတော က်သွား၏။
အမှန်တကယ်ပင် ယန်ကွမ်း၏ အမေးက ကွက်တိ ကောက်ကျစ်လွန်းလှသည်။
အကယ်၍ လူပျိုလူလွတ်တို့ မတွေးအပ်သော အရာ တစ်ခုကိုသာ တွေးမိသည်ဟု ဝန်ခံလိုက်ပါက မူရှော င်ဝမ် အနေဖြင့် ထိုအရာကို မြင်ဖူးသည်ဟု သက် သေပြရာရောက်ပေလိမ့်မည်။
သို့သော်လည်း ထိုအရာကို ဘယ်နေရာမှာ မြင်ဖူးသ နည်းဟု မေးလာလျှင် သူမ မည်သို့ ဖြေရှင်းရပါအံ့န ည်း။
သူမသည် အပျိုစင်စစ်စစ်ကလေးတစ်ဦးသာ ဖြစ်ပါ လျက် ထိုအရာအား မြင်တွေ့စရာ အကြောင်းရင်း မ ရှိချေ။
ဒေါသအုံကြွနေစဉ် ယန်ကွမ်း၏ အဓိပ္ပာယ်ပါသော မျက်လုံးများကို မြင်လိုက်ရသဖြင့် မူရှောင်ဝမ်က မဲ့ပြုံးပြုံးကာ ရွဲ့ပြောလိုက်၏။
“အေး...ငါ မြင်ဖူးတယ်..အဲ့တော့..ဘာဖြစ်လဲ..”
“ဘာ...”
ယခုတစ်ကြိမ်တွင်မူ ယန်ကွမ်းတစ်ယောက် အံ့အား သင့်သွားရမည့်အလှည့် ဖြစ်သွားပြီး ရင်ထဲတွင်လ ည်း ဟာကနဲ စိတ်ပျက်သလို ခံစားလိုက်ရကာ မေး လိုက်မိသည်။
“ဒါဆို...ခဗျားမှာ ရည်းစားရှိနေပြီပေါ့..”
“ဟေး... နင် ဘာတွေ လျှောက်တွေးနေတာလဲ..”
မူရှောင်ဝမ်က မျက်နှာကလေးနီရဲလျက် ယန်ကွမ်း အား မျက်စောင်းထိုးကာ ရှင်းပြလိုက်၏။
“ငါတို့ မိသားစုက ဆေးဘက်ဝင် အပင်နဲ့ ပစ္စည်းတွေ ရောင်းဝယ်ရေးလုပ်တာရှင့်... ရှင် သဘောပေါက်ပြီ လား..”
ယန်ကွမ်တစ်ယောက် ခဏမျှ ကြောင်အသွားပြီးမှ အကျိုးအကြောင်းအား ရိပ်မိသွားပေသည်။ကျား ရုပ်တံဆိပ် ဆိုသည်မှာ တရုတ်တိုင်းရင်းဆေးပစ္စည်း များ မဟုတ်ပေလော။
အမှန်တရားကို သိသွားသောအခါ ယန်ကွမ်းက အား ရပါးရ ရယ်မောရင်း ပြောလိုက်၏။
“ဪ...ကျားတံဆိပ်တိုင်းရင်းဆေးကို ပြောတာ ကိုး..”
“ဒါပေါ့... နင်က ဘာထင်နေလို့လဲ..”
မူရှောင်ဝမ်က မျက်မှောင်ကုပ်ကာ ယန်ကွမ်းအား စို က်ကြည့်ရင်း မေးလိုက်သည်။
“ရှင်က တကယ်ကို လည်တဲ့လူပဲ..ငါ့ကို စနောက်ဖို့အ တွက် ဒီအကွက်ကို သုံးတာမလား..”
ယန်ကွမ်းကအမြန်.ခေါင်းခါရင်း ပြောလိုက်၏။
“မဟုတ်ပါဘူး... မဟုတ်ပါဘူးဗျာ..ခဗျားဘာသာ လျှောက် တွေးမိတာလေ... ကျွန်တော်က တစ်ခွန်းမှ တောင် မပြောရသေးဘူးဗျ..”
“နင်က အရိပ်အမြွက်ပြပြီး ငါ့ကို အဲဒီဘက်ရောက် အောင် လမ်းကြောင်းပေးလိုက်တာလေ..”
“...”
မူရှောင်ဝမ်က လက်မလျှော့ဘဲ ဆက်လက်အချေအ တင် ပြောဆိုနေသဖြင့် ယန်ကွမ်းတစ်ယောက် စကာ းပင် ဆွံ့အသွားရပြီး သူမကို မော့ကြည့်ကာ ပြော လိုက်သည်။
“မမဝမ်ရာ..ကျွန်တော် အမှားဝန်ခံရင် ရမလား.. ဒါနဲ့ ကျွန်တော်တို့ရဲ့ ဒီပုံစံကြီးက နည်းနည်းတော့ ရိုမန့် တစ်ဆန်လွန်းမနေဘူးလား..”
“ဘာလဲ... လူရှုပ်လေးက တစ်ခါတလေကျတော့လ ည်း နင်က ကြောက်တတ်သားပဲ.အဟက်.”
မူရှောင်ဝမ်က ခနဲ့ပြုံး ပြုံးလိုက်၏။သူမသည် ယန် ကွမ်း၏ကိုယ်ပေါ်မှ ထမသွားရုံတင်မကဘဲ မျက်နှာ အား ငုံ့ကြည့်ကာ ရန်စသည့်အမူအရာဖြင့် မေးလို က်သည်။
“နင်က စိတ်ပဲရှိပြီး သတ္တိမရှိဘူးလား....”
“ဘယ်သူက ပြောလဲ..”
ယန်ကွမ်းက မျက်လုံးပြူးကာ ဆက်ပြောလိုက်၏။
“ကျွန်တော့်ကို လာပြီး သွေးမတိုးစမ်းနဲ့နော်..ခဗျား... အရင်က မမြင်ဖူးသေးတဲ့ အရာတစ်ခုကို အခု ချက် ချင်း ထုတ်ပြလိုက်ရမလား..”
ထိုစကားကြားသောအခါ မူရှောင်ဝမ်က ရှက်သွားပြီ း ကိုယ်ပေါ်မှ ချက်ချင်းထ၍ ထွက်ပြေးသွားလိမ့်မ ည်ဟူ၍ ရန်ကွမ် ထင်မှတ်ထားခဲ့သော်လည်း မမျှော် လင့်ဘဲ မူရှောင်ဝမ်က ပြုံးရင်း ပြောဖြေလာသည်။
“အိုကေ...ပြကြည့်လေ..”
“ဟင်...”
ယခုတစ်ကြိမ်တွင်မူ ယန်ကွမ်းခမျာ တကယ်ပင် ပြေ ာစရာ စကား ပျောက်သွားခဲ့၏။
မူရှောင်ဝမ်သည် သူ့အကွက်ကို ဖြည်းညှင်းစွာ ကိုယ် ကိုကြွကာ ပြောလိုက်သည်။
“ကဲ... အခု စလို့ရပြီ..”
ယန်ကွမ်းတစ်ယောက် မြေပြင်ပေါ်တွင် မှင်သက်နေ မိ၏။မိန်းကလေးတစ်ယောက်၏ ရှေ့မှောက်တွင် သူ့ဘောင်းဘီကို ချွတ်ပြဖို့ဆိုသည်မှာ သူ ဘယ်လိုမှ လုပ်နိုင်မည့်အရာ မဟုတ်ပေ။
မူရှောင်ဝမ်၏ ရန်စစိန်ခေါ်နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ ယန်ကွမ်းက ခေါင်းငုံ့အရှုံးပေ း လိုက်ရုံမှတစ်ပါး အခြားမရှိတော့ဘဲ ပြောလိုက်ရ သည်။
“ကဲပါ... ကဲပါ..ဝမ်အာမမရယ်.. ကျွန်တော် မှားသွား ပါတယ် ..အားလုံးက ကျွန်တော့် အပြစ်တွေချည်းပါ ပဲ... ဟုတ်ပြီလား..”
“ဟွန့်.”
ဤတစ်ကြိမ်တွင်မူ သူမ အနိုင်ရသွားသဖြင့် မျက် စောင်း တစ်ချက် ထိုးလိုက်ပြီးနောက် သတိပေးလို က်၏။.
“အမှားသိရင် ပြီးတာပဲ.. နောက်ကို ငါ့ ရှေ့မှာ လျှာမ ရှည်နဲ့..ပြီးတော့ ငါ့ဆီကနေ အမြတ်ထုတ်ဖို့လည်း မကြံနဲ့... မဟုတ်ရင်တော့ နင် မလွယ်ဘူးသာမှတ်..”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ ခင်ဗျာ..ဒီ မောင်ငယ်လေး အမြဲမှတ်သားထားပါ့မယ်ဗျ..”
ယန်ကွမ်းက မြေပြင်ပေါ်မှ ထရပ်လိုက်ပြီး ဘေးနား ရှိ ကြေမွပျက်စီးနေသော နဂါးမိူပုံကြီးကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
“နှမြောစရာကောင်းလိုက်တာ... ဒီနဂါးမိူက အနည်း ဆုံး ယွမ်တစ်ရာတော့ တန်တယ်ဗျ..အခုတော့ စား လို့တောင် မရတော့ဘူး..” .
မူရှောင်ဝမ်က ပေါ့ပါးသော အမူအရာဖြင့် ပြောလို က်၏။
“ဒီတောင်ပေါ်မှာ ရှိမှတော့ နင် နောက်ထပ် ဆက်တူး ပေါ့..”
“မမကလည်း အချိန်လေးလည်း ကြည့်ဦးမှပေါ့ဗျာ.. အခုပဲ မွန်းတည့်တော့မယ် အခု..အိမ်မပြန်ရင် မရီး စိတ်ပူနေလိမ့်မယ်..ပြီးတော့ မမရွှီလင်းလည်း အိမ် ပြန်ရောက်လောက်ပြီ..”
ထိုသို့ သတိပေးလိုက်မှ မူရှောင်ဝမ် သတိဝင်လာပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“အင်းလေ... ဒါဆိုလည်း နဂါးမှိုကို ဆက်မတူးတော့ ဘဲ အိမ်ပြန်ကြစို့..”
ပြောပြောဆိုဆိုဖြင့်ပင် မူရှောင်ဝမ်က လှည့်၍ တော င်စောင်းအတိုင်း အောက်သို့ ဆင်းသွားတော့သည်။
သူမ၏ သွယ်လျသော ကျောက်ပြင်လှလှလေးကို ကြည့်ရင်း ယန်ကွမ်းတစ်ယောက် ခေတ္တမျှ ဆွံ့အခဲ့ရ ပြီး ဤမိန်းကလေးမှာ တကယ်ကို လည်လွန်းသဖြင့် သူမကို အနိုင်ယူဖို့ရန် မလွယ်ကူလှကြောင်း ယန်ကွ မ်း ခံစားလိုက်ရ၏။
ယန်ကွမ်းက မတတ်သာဘဲ နောက်မှ အမှီလိုက်ရင်း မေးလိုက်သည်။
“မမဝမ်အာ... နေ့လယ်စာစားပြီးရင် အိမ်ပြန်တော့မှ ာလား..”
မူရှောင်ဝမ်က ခပ်ဆတ်ဆတ်လေး ပြန်ပြောလာ၏။
“ဟမ့် စကားနာမထိုးနဲ့...ငါ အိမ် မပြန်လို့ နင့်အိမ်မှာ ပဲ သောင်တင်နေရမှာလား…”
စောစောက ဖြစ်ပျက်ခဲ့သော အခြေအနေကြောင့် သူ မအနေဖြင့် သိသိသာသာ အသာစီးရသွားခဲ့ရာ စက ားပြောဆိုရာတွင်လည်း ပို၍ ပြတ်သားလာခြင်း ဖြ စ်သည်။
ယန်ကွမ်းခဗျာ မချိပြုံး ပြုံးရုံမှတစ်ပါး အခြားမရှိ တော့ဘဲ ပြန်ပြောလိုက်၏။
“အာ မေးကြည့်ရုံတင်ပါဗျာ.. မမ ဒီမှာနေမယ်ဆိုရင် လည်း ကျွန်တော့်ဘက်က ဘာကန့်ကွက်စရာ ရှိမှာ လဲ .. ဘာပဲဖြစ်ဖြစ် မမလင်းနဲ့ တစ်ခန်းတည်း အတူ တူ အိ ပ်လို့ရတာပဲဥစ္စာ..”
“မဖြစ်ပါဘူး...ငါ့မှာ အချိန်မရှိဘူး.. နောက်မှပေါ့.”
ထိုစကား ကြားလိုက်ရသောအခါ ယန်ကွမ်း၏ မျက် လုံးများက ချက်ချင်းပင် တောက်ပလာခဲ့သည်။
“ဟင်.. နောက်တစ်ခေါက် လာဦးမလို့လား..”
ထို့နောက် နှစ်ဦးသား စကားပြောဆိုလာရင်း တော အုပ်ထဲမှ အတူတူ ထွက်လာခဲ့ကြ၏။
တောင်ခြေသို့ ရောက်ခါနီးတွင်မူ မတ်စောက်သော ကုန်းစောင်းတစ်ခုအား ဖြတ်ကျော်ရပေမည်။ဤနေ ရာမှ အောက်သို့ဆင်းလျှင် မြစ်သို့ ရောက်မည်ဖြစ် ပြီး မြစ်အတိုင်း ဆက်လျှောက်လာပါက ချုံရှန်းရွာ သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်၏။
သို့သော်လည်း ရှေ့မှ ဦးဆောင်လျှောက်နေသော မူ ရှောင်ဝမ်မှာမူ ထိုအခိုက်တွင် ခြေချော်သွားပြီး ဖင် ထိုင်လျက်သားဖြင့် တောင်စောင်းအတိုင်း အောက် သို့ လိမ့်ဆင်းသွားပေသည်။
“ဟာ..မမဝမ်အာ..”
ယန်ကွမ်းတစ်ယောက် အော်လိုက်ရင်း ချက်ချင်းပင် လွှားကနဲ ခုန်အုပ်ကာ သူမအား လှမ်းဆွဲလိုက်၏။
သို့သော်လည်း မူရှောင်ဝမ် လိမ့်ဆင်းသွားသည့် အ ရှိန်က ပြင်းလွန်းသဖြင့် ယန်ကွမ်းတစ်ယောက် မဖမ် းဆုပ်နိုင်ခဲ့ပေ။
ထို့အပြင် “ဗြိ” ဟူသော အဝတ်စုတ်ပြဲသံနှင့်အတူ မူရှောင်ဝမ်၏ အကျီမှာ စုတ်ပြဲသွားပေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အောက်သို့ ဆက်လက် လျှော ကျနေသည်ကို မြင်လိုက်ရသောအခါ မြေပြင်ပေါ်မှ ယန်ကွမ်း အားအကုန်ရုန်းထာ နောက်တစ်ကြိမ် လွှား ကနဲ ခုန်ပျံကာ သူမဆီသို့ ပြေးဝင်လိုက်၏။
ယခုတစ်ကြိမ်တွင်မူ ယန်ကွမ်းက သူမ၏ ခါးသိမ် ကလေးကို လှမ်း၍ ဆွဲဖက်လိုက်နိုင်ပြီး ရုတ်တရက် ကိုယ်ကိုတစ်ပတ်လှည့်ကာ သူမအား ရင်ခွင်ထဲသို့
ဆွဲသွင်းလိုက်ပေသည်။
သို့သော်လည်း အောက်သို့ လိမ့်ဆင်းနေသည့်အရှိန် က ပြင်းထန်နေဆဲဖြစ်ရာ ယန်ကွမ်းက သစ်ပင်တစ် ပင်ကို အမိအရ ချိတ်တွယ်လိုက်မှသာ လိမ့်ဆင်းနေ သည့် အရှိန်မှာ လျော့ကျသွား၏။
ထိုနေရာ၏ ရှေ့ဘက်တွင်မူ ဆူးခြုံနွယ်များနှင့် သစ် ကိုင်းခြောက်များ သိပ်သည်းစွာ ရှိနေသဖြင့် စောစေ ာက အရှိန်အတိုင်းသာ အောက်သို့ လိမ့်ဆင်းသွားပ ါ က အကျိုးဆက်မှာ တွေးရက်စရာပင် မရှိချေ။
နှစ်ဦးသား အသက်ရှူသံများ ပြင်းထန်နေကြပြီး သေမင်းခံတွင်းဝမှ သီသီလေး လွတ်မြောက်လာခဲ့ သည့်အလား ခံစားလိုက်ရသည်။
ထိုအခိုက်တွင် မူရှောင်ဝမ်က မျက်နှာပေါ်သို့ ဖရိုဖရဲ ကျဆင်းနေသော ဆံပင်များကို သပ်တင်လိုက်ရင်း အောက်၌ ရှိနေသော ယန်ကွမ်းကို ငုံ့ကြည့်ကာ မျ က်စောင်းထိုးကာ ပြောလိုက်၏။
“ဟူး..ငါ အရင်ဘဝက နင့်ဆီမှာ အကြွေးတွေ တင်ခဲ့ ဖူးတယ် ထင်ပါရဲ့..”
ယန်ကွမ်းတစ်ယောက် ကြောင်တောင်တောင် ဖြစ် သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။
“ဟင်... မမ ဘာပြောလိုက်တာလဲ..”
မူရှောင်ဝမ်က နှုတ်ခမ်းကလေး ကိုက်ကာ ဒေါသတ ကြီး မေးလိုက်သည်။
“နင် ငါ့ဆီကနေ ဘယ်နှခေါက်တောင် အမြတ်ထုတ် ပြီးပြီလဲ..ဘာလဲ... ကြည့်လို့ မဝသေးဘူးလား..”
ယန်ကွမ်းက ဖြုံးစိစိ လုပ်ရင်း တနှမြောမောဖြင့် သူ မကို ဖက်ထားသည့် လက်ကို လွှတ်ပေးလိုက်ရရှာ သည်။
“ဟာ.. ကျွန်တော်က တမင်လုပ်တာ မဟုတ်ပါဘူးဗျ ာ..”
မူရှောင်ဝမ် မြေပြင်ပေါ်မှ ထရပ်လိုက်သောအခါ သူ မ၏ အပေါ်အကျီမှာ နှစ်ပိုင်း ပြတ်နေသည်ကို မြင် လိုက်ရသဖြင့် ယန်ကွမ်းဘက်သို့ လှည့်ကာ မေးလို က်၏။
“အခု ဘယ်လိုလုပ်ကြမလဲ..”
“တကယ်တော့လေ... မမက စွပ်ကျယ်နဲ့ဆိုရင်လည်း တော်တော်လေး ကြည့်ကောင်းပါတယ်ဗျာဟီး..”
မူရှောင်ဝမ်က ခြေဆောင့်ကာ စူးစူးရှရှလေး ပြောလို က်ပေသည်။
“သွားစမ်းပါ... ငါက လူပုံအလယ်မှာ ဒီလိုပုံစံနဲ့ သွား ရမှာလား..နေရတာ အသားမကျဘူး..နင် နည်းလမ်း တစ်ခုခုရှာပေး..”