← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅. ငါနဲ့ ဝေးဝေးမှာနေစမ်းပါ

​သူမ ခြေဆောင့်လိုက်သောအခါ ရင်အစုံမှာ အနည်း ငယ် လှုပ်ခတ်သွားသဖြင့် ယန်ကွမ်း၏ မျက်လုံးမျာ းမှာ ပြူးကျယ်သွားရသည်။

သို့သော်လည်း မူရှောင်ဝမ်၏ လူသတ်တော့မည့် ပုံစံ ဖြင့် စိုက်ကြည့်နေသော မျက်လုံးများအား သတိပြု မိသွားသဖြင့် ယန်ကွမ်းက အမြန်ပင် ပြောလိုက်၏။

“စွပ်ကျယ်တစ်ထည်တည်းနဲ့ အိမ်မပြန်ချင်ဘူးဆိုရ င်လည်း မမဝမ်အာက ကျွန်တော့်အကျီကိုပဲ ဝတ်လို က်လေရော့…

​ပြောပြောဆိုဆိုဖြင့် ယန်ကွမ်းက သစ်ကြားသီးများ ထုပ်ထားသော အကျီထုတ်ကို ဖြေလိုက်ပြီး သစ်ကြ ားသီးများအား မြေကြီးပေါ်သို့ ပုံချကာ မူရှောင်ဝ မ်ထံ ကမ်းပေးလိုက်သည်။

​မြေကြီးပေါ်သို့ ပစ်ချလိုက်သော သစ်ကြားသီးများ ကို မြင်သောအခါ မူရှောင်ဝမ်က နှမြောသည့် ပုံစံ ဖြင့်ပြောလိုက်၏။

“အမ်..ဒီသစ်ကြားသီးတွေကို မယူတော့ဘူးလား..”

​“ဒါဆိုလည်း မမရဲ့ စုတ်ပြဲသွားတဲ့ အကျီနဲ့ပဲ ပြန်ထုပ် ရုံပေါ့ဗျ..”

​ယန်ကွမ်းက မြေပြင်ပေါ်မှ စုတ်ပြဲနေသော မူရှောင်ဝ မ်၏ အကျီအား ကောက်ယူကာ အစွန်းတစ်ဖက်ကို စုချည်လိုက်ပြီး သစ်ကြားသီးအားလုံးကို အထဲသို့ ကောက်ထည့်လိုက်သည်။

​“အင်း... ဒီလိုဆို တော်သေးတာပေါ့..”

​မူရှောင်ဝမ်တစ်ယောက် အလွန်ပင် စိတ်ကျေနပ်သွာ းပြီး ယန်ကွမ်း၏ အကျီအား ကောက်ဝတ်လိုက်သ ည်။

သူတို့က အရပ်အမောင်း ချင်းတူညီကြသော်လည်း မူရှောင်ဝမ်၏ ကိုယ်လုံးကိုယ်ထည်မှာ သိသိသာသာ သွယ်လျလှသဖြင့် အကျီမှာ သူမအတွက် အနည်း ငယ် ပွနေသည်။

​ထို့အပြင် သင်းပျံ့ပျံ့ ချွေးနံ့ကလေးအား မူရှောင်ဝ မ် ခံစားရသော်လည်း နှာခေါင်းဝတွင် ဆိုးရွားသော ခံစားချက်မျိုး မဖြစ်ပေါ်စေဘဲ ဆန့်ကျင်ဘက်အနေ ဖြင့် ထူးခြားဆန်းပြားသော စိတ်လှုပ်ရှားမှုတစ်မျိုး ကိုပင် ဖြစ်ပေါ်စေခဲ့သည်။

​ယန်ကွမ်းဘက်တွင်မူ သစ်ကြားသီးအလုံးပေါင်း ဒါ ဇင်အချို့ကို ပွေ့ပိုက်ထားစဉ် နှာခေါင်းဝ၌ သင်းပျံ့ သော ရနံ့ကလေး ရနေ၏။

​

သူသည် ခေါင်းငုံ့ကာ လက်ထဲမှ မူရှောင်ဝမ်၏ အဝ တ်စုတ်ကလေးအား မသိမသာ နမ်းရှိုက်မိလိုက်သ ည်။

​သို့သော်လည်း ထိုအခိုက်အတန့်ကို မူရှောင်ဝမ်က လှမ်းမြင်သွားခဲ့သဖြင့် သူမ၏ မျက်လုံးများမှာ ချ က်ချင်းပင် ပြူးကျယ်သွားကာ အော်ပြောလိုက်၏။

“ထွီး..နှာဘူးကြီး..”

​“ဟင်..မမက ဘာလို့ အဲလိုပြောရတာလဲဗျ..”

ယန်ကွမ်းက ခေါင်းမော့ကာ ဆင်ခြေပေးလိုက်သ ည်။

“ကျွန်တော်က မွှေးကြိုင်တဲ့အနံ့လေးရလို့... ဘာနံ့လဲ သိချင်လို့ နမ်းကြည့်ရုံတင်ပါဗျာ..ဟီး..”

မူရှောင်ဝမ်က မျက်စောင်းတစ်ချက် ထိုးလိုက်၏။

​“ဟွန့်..”

​ယန်ကွမ်းက ရယ်မောရင်း ပြောလိုက်သည်။

“ဟီး..တကယ် ထူးဆန်းတာပဲနော်..အကျီမှာ ဒီလော က်တောင် မွှေးနေအောင် မမက ရေမွှေးတွေ ဘယ် လောက်တောင် ဆွတ်ထားလို့လဲဗျ..”

မူရှောင်ဝမ်က မေးကလေးပင့်ကာ ဂုဏ်ယူဝင့်ကြွား စွာ ပြန်ပြောလိုက်၏။

​“နင် ဘာသိလို့လဲ ဒါက ငါ့ရဲ့ သဘာဝ ကိုယ်သင်းအ နံ့ပဲဟာ…”

“တကယ်ကြီးလား..ဒါဆို ကျွန်တော့်ကို သေချာလေး နမ်းခွင့်ပြုပါလားဗျ..”

​ယန်ကွမ်းက တကယ်ပင် သူမရှိရာဆီသို့ ချက်ချင်း တိုးကပ်သွားပေသည်။ထိုအခါ မူရှောင်ဝမ်တစ်ယော က် လန့်ဖျန့်သွားပြီး လှည့်၍ ထွက်ပြေးလေတော့၏ ။

ယန်ကွမ်းမှာမူ နောက်မှနေ၍ အားရပါးရ ရယ်မော ရင်း အော်ပြောလိုက်သည်။

“ဟား.. မမကလည်း. ကျွန်တော်က စတာပါဗျာ..”

​“နှာဘူးကောင် နင် ငါနဲ့ ဝေးဝေးမှာ နေစမ်းပါဟယ်..”

​မူရှောင်ဝမ်က ရွာဘက်သို့ ခပ်သွက်သွက် လျှောက် သွားပေသည်။

​ယန်ကွမ်းက နောက်မှ မလိုက်တော့ဘဲ ခပ်လှမ်းလှမ် းမှသာ ဝေးဝေးက လိုက်ပါလာခဲ့၏။

​ထိုအချိန်တွင်မူ ရွာကလေး၌ မီးခိုးများ တရိပ်ရိပ် တက်နေပြီး အိမ်တိုင်းစေ့ နေ့လယ်စာအတွက် ချက် ပြုတ်ပြင်ဆင်နေကြပြီဖြစ်ရာ ရွာထိပ်မှ သစ်ပင်ကြီး အောက်တွင်မူ လူတစ်ယောက်မျှ ရှိမနေချေ။

​သူတို့ အိမ်ပြန်ရောက်သောအခါ ဝူရှောက်လျန်းနှင့် ရွှီလင်းတို့လည်း အလုပ်ရှုပ်နေကြပြီး ဟင်းပွဲအချို့ ပင် ချက်ပြုတ်၍ ပြီးနေ၏။

ယန်ကွမ်းတို့​နှစ်ဦး ပြန်လာသည်ကို မြင်လျှင်ရွှီလင်း က အပြေးအလွှား လာကြိုကာ နူတ်ဆက်လိုက်သ ည်။

“ဟယ်..ရှောင်ဝမ်... ရောက်လာပြီလား..”

မူရှောင်ဝမ်က ချိုသာသော အပြုံးဖြင့် ပြန် မေးလို က်သည်။

​“မမလင်း.. မမချင်းရွှေ ပြောပြလို့ မမ ဒီမှာရှိနေမှန်း သိရတာ.. နေကောင်းရဲ့လားဟင်.. ဒီမှာနေရတာရော အသားကျရဲ့လား..”

​သူတို့နှစ်ဦးမှာ အရင်ကတည်းက သိကျွမ်းခဲ့ကြသေ ာ်လည်း ဆုံတွေ့ဖြစ်သည့်အကြိမ်ရေကမူ သိပ်မမျ ားလှချေ။ယခုကဲ့သို့ ချုံရှန်းကျေးရွာတွင် ပြန်လ ည် တွေ့ဆုံရသောအခါ အလွန်ပင် ပျော်ရွှင်နေမိ၏။

နှစ်ဦးသား လက်ချင်းတွဲကာ စကားလက်ဆုံကျနေ သည်ကို မြင်သဖြင့် ယန်ကွမ်းက မီးဖိုချောင်ထဲသို့ ဝင်လာကာ မေးလိုက်သည်။

“အာ..မရီး... ဟင်းကောင်းတွေ အများကြီး ချက်နေ တာလားဗျ.ဟဲဟဲ.”

​“အေးလေ..အိမ်မှာ ဧည့်သည် ရောက်နေတာပဲ... အ ကောင်းဆုံး ဧည့်ခံကျွေးမွေးရမှာပေါ့ဟ..”

​ဝူရှောက်လျန်းက ပြုံးကာ ပြောလိုက်ပြီးနောက် ဆ က်မေးလိုက်၏။

“ဒါနဲ့ နင်တို့က ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ.. ဘ ယ်တွေ လျှောက်လည်နေကြတာလဲ..”

ယန်ကွမ်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

​“ဟူး မပြောပါနဲ့တော့ မရီးရာ... တောင်ပေါ်သွားတာ .. တော့်တော့်ကို အန္တရာယ်များတာပဲဗျာ..”

ယန်ကွမ်းက ခေါင်းခါယမ်းရင်း ဆက်ပြောလိုက်၏။

“နောက်ဆို အဲဒီ အူတူတူမလေးကို.. တောင်ပေါ် ဘ ယ်တော့မှ ခေါ်မသွားတော့ဘူးဗျာ..”

မူရှောင်ဝမ်က တံခါးဝတွင် မတ်တပ်ရပ်ကာ ဒေါသ တကြီး လှမ်းမေးလိုက်၏။

​“ဟဲ့... နင် ဘယ်သူ့ကို အူတူတူမလေးလို့ ခေါ်နေတာ လဲ..”

​“အာ... မမကို ပြောတာ မဟုတ်ပါဘူးဗျာ..ခွီး..”

ယန်ကွမ်းက ရယ်မောရင်း စကားလမ်းကြောင်း ချ က်ချင်း လွှဲလိုက်ကာ ပြောလိုက်သည်။

“ကဲပါ..မမဝမ်အာရ... လက်တွေ၊မျက်နှာတွေ သွား ဆေးဦး..ထမင်းစားဖို့ ပြင်ကြရအောင်လေဗျာ..”

​မူရှောင်ဝမ်က ယန်ကွမ်းအား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ဝူရှောက်လျန်းကို ကြည့်ကာ ပြုံ းရင်း ​ပြောလိုက်၏။

“အစ်မလျန်းရယ် တကယ် အားနာစရာပဲရှင် ရာသီဥ တု ဒီလောက် ပူအိုက်နေတဲ့ကြားက ဟင်းတွေ အမျာ းကြီး ချက်ထားပေးတယ်နော်..”

​“ချက်ရမှာပေါ့ ညီမလေးရဲ့..”

ဝူရှောက်လျန်က ပြုံး၍ ပြန်ပြောရင်း ကြည့်လိုက်ရာ မူရှောင်ဝမ်က ယန်ကွမ်း၏ အကျီ ဝတ်ဆင်ထားသ ည်ကို သတိပြုမိသွားရာ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွ ားရသည်။

သို့သော်လည်း သူမက ဘာမှမပြောဘဲ ပြုံး၍ ဆက် ပြောလိုက်သည်။

“ကဲ... လက်သွားဆေးဦး..အစ်မ..အခုပဲ ထမင်းပွဲ ပြ င်တော့မှာမို့လို့…”

​“ဟုတ်..”

မူရှောင်ဝမ် ခေါင်းညိတ်လိုက်ပြီးနောက် ရွှီလင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

“မမလင်း... မမဆီမှာ အပိုအကျီရှိရင် တစ်ထည် လောက် ငှားပါဦးလားဟင်.. ကျွန်မအကျီက တော င်ပေါ်မှာ စုတ်ပြဲသွားလို့ပါ..”

​“ရှိတာပေါ့... လာ..မမနဲ့အတူ အခန်းထဲ လိုက်ခဲ့..”

ရွှီလင်းက ခေါင်းညိတ်ကာ မူရှောင်ဝမ်၏ လက်ကို ဆွဲ၍ သူမ အခန်းသို့ ခေါ်ဆောင်လာခဲ့သည်။​ယန်ကွ မ်းက သစ်ကြားသီးများကို ချထားခဲ့ပြီး ဝူရှောက် လျန်းအား ကူညီရန် သွားလိုက်၏။

နှစ်ဦးသား အလုပ်ရှုပ်နေကြစဉ် ဝူရှောက်လျန်းက အသံ တိုးတိုးလေး ကပ်မေးလိုက်သည်။

“ဟဲ့..ရှောင်ဝမ်က နင့်အကျီကြီး ဝတ်ထားတာဆိုတေ ာ့ ... တောင်ပေါ်မှာ နင်တို့နှစ်ယောက် ဘာတွေ ဖြစ် ခဲ့ကြလို့လဲ..”

​“အာ..ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး..”

​ဝူရှောက်လျန်က နှုတ်ခမ်းကလေး စူလိုက်ကာ မ အောင့်နိုင်ဘဲ ထပ်မံ စပ်စုလိုက်သည်။

“သူမက ဒီနေ့မွန်းလွဲပိုင်းပဲ ပြန်တော့မှာလား..”

​ ယန်ကွမ်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ပြန်မယ်ထင်တယ်ဗျ.. သူက သူဌေးမဆိုတော့ အ လုပ်တွေ အရမ်းရှုပ်တယ်လေ..”

ဝူရှောက်လျန်းက စိတ်ပျက်လက်ပျက် လေသံလေး ဖြင့် ပြောလိုက်သည်။

“နှမြောစရာပဲ... နောက်တစ်ခေါက် ဘယ်တော့ လာ မလဲ မသိဘူးနော်..”

“မရီးကလည်း အလကားနေရင်း လျှောက်တွေးနေပြ န်ပြီဗျာ..”

မရီးဖြစ်သူ၏ စိတ်ကူးကို ရိပ်မိသဖြင့် ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်၏။

“ကျွန်တော့်ကိစ္စတွေကို ကျွန်တော့်ဘာသာ ထားလို က်စမ်းပါ၊ စိတ်မပူပါနဲ့ဗျာ..”

​အဝတ်အစား လဲလှယ်ပြီးနောက် မူရှောင်ဝမ်က ရွှီ လင်း၏ နောက်မှနေ၍ အခန်းထဲမှ ထွက်လာခဲ့ပေ သည်။

​ယခုမူ အပေါ်မှ အဖြူရောင်လက်တို အင်္ကျီကလေး နှင့် အောက်တွင် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထာ း ဝိုင်းစက်သွယ်လျသော ပေါင်တံဖြူဖြူဝင်းဝင်း လေးက ပေါ်လွင်နေ၏။

​မိန်းကလေးတစ်ယောက်ကို ထိုသို့စိုက်ကြည့်ရန်မသ င့်တော်မှန်း ယန်ကွမ်း သိသော်လည်း အကြည့်ကို မ နည်းလွှဲကာ ထပ်ပြီး ခိုးကြည့်မိပြန်သည်။

​အားလုံး အတူတကွ ဝိုင်းဖွဲ့ထမင်းစားစဉ်မှာပင် မူရှေ ာင်ဝမ်က မျှော်လင့်ထားသည့်အတိုင်း ပြောလိုက် ၏။

“မရီး... ကျွန်မ ရောက်နေတာလည်း ကြာပြီဆိုတော့ နေ့လယ်စာစားပြီးရင် ပြန်တော့မယ်နော်..”

ဝူရှောက်လျန်းက စိတ်မကောင်းစွာ လှမ်းမေးလိုက် သည်။

​“အာ... နောက်ထပ် နှစ်ရက်..သုံးရက်လောက် ထပ်မ နေချင်ဘူးလား ညီမလေးရဲ့..”

​“မရလို့ပါ မရီးရဲ့ ကျွန်မ.မြို့ပေါ်မှာ လုပ်စရာအလုပ် တွေ အများကြီး ရှိသေးလို့ပါ..”

​မူရှောင်ဝမ်က ခေါင်းခါပြပြီးနောက် ယန်ကွမ်းအား တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်၏။

“နောက်ရက်ကျရင် မြို့ပေါ်တက်ပြီး..ငါ့ကို လာရှာ ဦး..”

​ယန်ကွမ်းတစ်ယောက် လန့်သွားပြီး မေးမိလိုက် သည်။

“ဟင်... ဘာကိစ္စလဲ..”

​“လာမှာသာ.. လာခဲ့စမ်းပါ..”

​မူရှောင်ဝမ်က တိုက်ရိုက်မဖြေဘဲ နှုတ်ခမ်းကလေး ကို ကိုက်လျက် ဆက်ပြောလိုက်သည်။

“ဒီလ ၁၅ ရက်နေ့ကျရင် ငါ စောင့်နေမယ်..”

ယန်ကွမ်းက တွက်ချက်ကြည့်လိုက်ရာ ယနေ့က ၁၀ ရက်နေ့ဆိုတော့ ရက်ပိုင်းမျှသာ လိုတော့၏။

ထိုရက်ပိုင်းအတွင်း အိမ်မှာရှိသော ဆေးမြစ်များနှင့် ဖန်လုံအိမ်ကိစ္စများကို အလုပ်ရှုပ်အောင် လုပ်ကိုင်ပြီ းပါက အချိန်အားသဖြင့် ယန်ကွမ်းလည်း ခေါင်းညိ တ်ကာ သဘောတူလိုက်ရသည်။

​ထမင်းစားပြီးနောက်တွင်မူ ယန်ကွမ်းခဗျာ အပယ်ခံ တစ်ယောက် ဖြစ်သွားရရှာ၏။မိန်းကလေးသုံးဦးမှာ မူ ရင်းနှီးပွင့်လင်းစွာဖြင့် ရယ်မောရင်း စကားပြော နေကာ သူ့ကိုမူ မည်သူမျှ ဂရုမစိုက်ကြတော့ချေ။

​ယန်ကွမ်းကလည်း စိတ်ထဲမထားပါဘဲ သူ၏ အ တွေးထဲ၌ ရှန်းနူန်းကျွယ်ပညာရပ်အား မည်သို့ အ သုံးချရမည်ဆိုသည့်ဘက်သို့သာ အာရုံ ပြောင်းထာ းလိုက်၏။

​နေ့လယ်စာစားပြီးနောက် ခေတ္တမျှ ထိုင်နားပြီးသည် နှင့် မူရှောင်ဝမ်က နှုတ်ဆက်၍ ထပြန်သွားပေသည် ။အားလုံးက သူမကို ကားရှိရာအထိ လိုက်လံပို့ဆော င်ပေးခဲ့ကြပြီး ကားလေး မောင်းထွက်သွားမှသာ ခြံ ထဲသို့ ပြန်ဝင်လာခဲ့၏။

​“မမလင်း... ဖန်လုံအိမ်ဘက်က အခြေအနေ ဘယ် လိုရှိလဲဟင်..”

​“နင်က မေးဖို့ သတိရသေးတယ်ပေါ့..”

​ရွှီလင်းက မျက်စောင်းထိုးကာ ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့.. အခု တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နေပြီ.. အရှိန်မြှင့်လုပ်ရင် နောက်သုံး လေး ငါးရက်ဆို ပြီးနိုင်ပါတယ်ဟာ..”

ယန်ကွမ်းက ပြုံးစိစိဖြင့် မြှောက်ပြောလိုက်၏။

​“ဒါဆို တော်သေးတာပေါ့..ကျေးဇူးတင်ပါတယ် မမ လင်းရာ... မမကတော့ ကျွန်တော့်အတွက် တကယ့် ကို အားကိုးရတဲ့ လက်ရုံးပဲဗျာ..”

​“ငါက နင့်ကို ကူညီဖို့ လာတာမဟုတ်ဘူးနော်.. ရွာသူ ရွာသားတွေကို ချမ်းသာအောင် ဦးဆောင်ပေးဖို့ က ငါ့ရဲ့ တာဝန်ပဲဥစ္စာ..”

​ရွှီလင်းက လေသံမာမာဖြင့် ပြောပြီးနောက် ဆက် ပြောလိုက်သည်။

“နင့်ရဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးသာ အောင် မြင်သွားရင် တစ်ရွာလုံးကို ပြန့်ပွားအောင်ပါ အကေ ာင်အထည်ဖော်ရမယ်..”

​“ဒါက ပြဿနာမရှိပါဘူးဗျာ..”

​ယန်ကွမ်းက ခေါင်းညိတ်ကာ သဘောတူလိုက်သော် လည်း ချက်ချင်းဆိုသလိုပင် မျက်မှောင်ကုပ်သွားပြီ း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့လေ... ရွာထဲကလူတွေက ဖန်လုံအိမ်ဆော က်ဖို့အတွက် ငွေကြေး မတတ်နိုင်ကြမှာကို စိုးရိမ်မိ တယ်ဗျ..”

ရွှီလင်းက ရှင်းပြလိုက်သည်။

​“အဲဒါကိုတော့ နင် စိတ်ပူစရာမလိုပါဘူး ခရိုင်အစိုး ရဘက်က ပံ့ပိုးကူညီမှု မူဝါဒတွေ ရှိနေပြီးသားမို့ ချေ းငွေ လျှောက်ထားလို့ ရတယ်လေ..”

.

​“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ..ဟီး..”

​နှစ်ဦးသား စကားလက်ဆုံကျနေစဉ် ခြံအပြင် ဘက် မှ လူတစ်ယောက် အသည်းအသန် ပြေးဝင်လာကာ အလောတကြီး အော်ပြောနေ၏။

“ရှောင်လျန်း... ရှောင်လျန်းရေ..ကူညီပါအုံးဟာ..”.

All Chapters