အခန်း ၅၅
Vol. 6 Ch. 55
အခန်း ၅၅. ငါနဲ့ ဝေးဝေးမှာနေစမ်းပါ
သူမ ခြေဆောင့်လိုက်သောအခါ ရင်အစုံမှာ အနည်း ငယ် လှုပ်ခတ်သွားသဖြင့် ယန်ကွမ်း၏ မျက်လုံးမျာ းမှာ ပြူးကျယ်သွားရသည်။
သို့သော်လည်း မူရှောင်ဝမ်၏ လူသတ်တော့မည့် ပုံစံ ဖြင့် စိုက်ကြည့်နေသော မျက်လုံးများအား သတိပြု မိသွားသဖြင့် ယန်ကွမ်းက အမြန်ပင် ပြောလိုက်၏။
“စွပ်ကျယ်တစ်ထည်တည်းနဲ့ အိမ်မပြန်ချင်ဘူးဆိုရ င်လည်း မမဝမ်အာက ကျွန်တော့်အကျီကိုပဲ ဝတ်လို က်လေရော့…
ပြောပြောဆိုဆိုဖြင့် ယန်ကွမ်းက သစ်ကြားသီးများ ထုပ်ထားသော အကျီထုတ်ကို ဖြေလိုက်ပြီး သစ်ကြ ားသီးများအား မြေကြီးပေါ်သို့ ပုံချကာ မူရှောင်ဝ မ်ထံ ကမ်းပေးလိုက်သည်။
မြေကြီးပေါ်သို့ ပစ်ချလိုက်သော သစ်ကြားသီးများ ကို မြင်သောအခါ မူရှောင်ဝမ်က နှမြောသည့် ပုံစံ ဖြင့်ပြောလိုက်၏။
“အမ်..ဒီသစ်ကြားသီးတွေကို မယူတော့ဘူးလား..”
“ဒါဆိုလည်း မမရဲ့ စုတ်ပြဲသွားတဲ့ အကျီနဲ့ပဲ ပြန်ထုပ် ရုံပေါ့ဗျ..”
ယန်ကွမ်းက မြေပြင်ပေါ်မှ စုတ်ပြဲနေသော မူရှောင်ဝ မ်၏ အကျီအား ကောက်ယူကာ အစွန်းတစ်ဖက်ကို စုချည်လိုက်ပြီး သစ်ကြားသီးအားလုံးကို အထဲသို့ ကောက်ထည့်လိုက်သည်။
“အင်း... ဒီလိုဆို တော်သေးတာပေါ့..”
မူရှောင်ဝမ်တစ်ယောက် အလွန်ပင် စိတ်ကျေနပ်သွာ းပြီး ယန်ကွမ်း၏ အကျီအား ကောက်ဝတ်လိုက်သ ည်။
သူတို့က အရပ်အမောင်း ချင်းတူညီကြသော်လည်း မူရှောင်ဝမ်၏ ကိုယ်လုံးကိုယ်ထည်မှာ သိသိသာသာ သွယ်လျလှသဖြင့် အကျီမှာ သူမအတွက် အနည်း ငယ် ပွနေသည်။
ထို့အပြင် သင်းပျံ့ပျံ့ ချွေးနံ့ကလေးအား မူရှောင်ဝ မ် ခံစားရသော်လည်း နှာခေါင်းဝတွင် ဆိုးရွားသော ခံစားချက်မျိုး မဖြစ်ပေါ်စေဘဲ ဆန့်ကျင်ဘက်အနေ ဖြင့် ထူးခြားဆန်းပြားသော စိတ်လှုပ်ရှားမှုတစ်မျိုး ကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ယန်ကွမ်းဘက်တွင်မူ သစ်ကြားသီးအလုံးပေါင်း ဒါ ဇင်အချို့ကို ပွေ့ပိုက်ထားစဉ် နှာခေါင်းဝ၌ သင်းပျံ့ သော ရနံ့ကလေး ရနေ၏။
သူသည် ခေါင်းငုံ့ကာ လက်ထဲမှ မူရှောင်ဝမ်၏ အဝ တ်စုတ်ကလေးအား မသိမသာ နမ်းရှိုက်မိလိုက်သ ည်။
သို့သော်လည်း ထိုအခိုက်အတန့်ကို မူရှောင်ဝမ်က လှမ်းမြင်သွားခဲ့သဖြင့် သူမ၏ မျက်လုံးများမှာ ချ က်ချင်းပင် ပြူးကျယ်သွားကာ အော်ပြောလိုက်၏။
“ထွီး..နှာဘူးကြီး..”
“ဟင်..မမက ဘာလို့ အဲလိုပြောရတာလဲဗျ..”
ယန်ကွမ်းက ခေါင်းမော့ကာ ဆင်ခြေပေးလိုက်သ ည်။
“ကျွန်တော်က မွှေးကြိုင်တဲ့အနံ့လေးရလို့... ဘာနံ့လဲ သိချင်လို့ နမ်းကြည့်ရုံတင်ပါဗျာ..ဟီး..”
မူရှောင်ဝမ်က မျက်စောင်းတစ်ချက် ထိုးလိုက်၏။
“ဟွန့်..”
ယန်ကွမ်းက ရယ်မောရင်း ပြောလိုက်သည်။
“ဟီး..တကယ် ထူးဆန်းတာပဲနော်..အကျီမှာ ဒီလော က်တောင် မွှေးနေအောင် မမက ရေမွှေးတွေ ဘယ် လောက်တောင် ဆွတ်ထားလို့လဲဗျ..”
မူရှောင်ဝမ်က မေးကလေးပင့်ကာ ဂုဏ်ယူဝင့်ကြွား စွာ ပြန်ပြောလိုက်၏။
“နင် ဘာသိလို့လဲ ဒါက ငါ့ရဲ့ သဘာဝ ကိုယ်သင်းအ နံ့ပဲဟာ…”
“တကယ်ကြီးလား..ဒါဆို ကျွန်တော့်ကို သေချာလေး နမ်းခွင့်ပြုပါလားဗျ..”
ယန်ကွမ်းက တကယ်ပင် သူမရှိရာဆီသို့ ချက်ချင်း တိုးကပ်သွားပေသည်။ထိုအခါ မူရှောင်ဝမ်တစ်ယော က် လန့်ဖျန့်သွားပြီး လှည့်၍ ထွက်ပြေးလေတော့၏ ။
ယန်ကွမ်းမှာမူ နောက်မှနေ၍ အားရပါးရ ရယ်မော ရင်း အော်ပြောလိုက်သည်။
“ဟား.. မမကလည်း. ကျွန်တော်က စတာပါဗျာ..”
“နှာဘူးကောင် နင် ငါနဲ့ ဝေးဝေးမှာ နေစမ်းပါဟယ်..”
မူရှောင်ဝမ်က ရွာဘက်သို့ ခပ်သွက်သွက် လျှောက် သွားပေသည်။
ယန်ကွမ်းက နောက်မှ မလိုက်တော့ဘဲ ခပ်လှမ်းလှမ် းမှသာ ဝေးဝေးက လိုက်ပါလာခဲ့၏။
ထိုအချိန်တွင်မူ ရွာကလေး၌ မီးခိုးများ တရိပ်ရိပ် တက်နေပြီး အိမ်တိုင်းစေ့ နေ့လယ်စာအတွက် ချက် ပြုတ်ပြင်ဆင်နေကြပြီဖြစ်ရာ ရွာထိပ်မှ သစ်ပင်ကြီး အောက်တွင်မူ လူတစ်ယောက်မျှ ရှိမနေချေ။
သူတို့ အိမ်ပြန်ရောက်သောအခါ ဝူရှောက်လျန်းနှင့် ရွှီလင်းတို့လည်း အလုပ်ရှုပ်နေကြပြီး ဟင်းပွဲအချို့ ပင် ချက်ပြုတ်၍ ပြီးနေ၏။
ယန်ကွမ်းတို့နှစ်ဦး ပြန်လာသည်ကို မြင်လျှင်ရွှီလင်း က အပြေးအလွှား လာကြိုကာ နူတ်ဆက်လိုက်သ ည်။
“ဟယ်..ရှောင်ဝမ်... ရောက်လာပြီလား..”
မူရှောင်ဝမ်က ချိုသာသော အပြုံးဖြင့် ပြန် မေးလို က်သည်။
“မမလင်း.. မမချင်းရွှေ ပြောပြလို့ မမ ဒီမှာရှိနေမှန်း သိရတာ.. နေကောင်းရဲ့လားဟင်.. ဒီမှာနေရတာရော အသားကျရဲ့လား..”
သူတို့နှစ်ဦးမှာ အရင်ကတည်းက သိကျွမ်းခဲ့ကြသေ ာ်လည်း ဆုံတွေ့ဖြစ်သည့်အကြိမ်ရေကမူ သိပ်မမျ ားလှချေ။ယခုကဲ့သို့ ချုံရှန်းကျေးရွာတွင် ပြန်လ ည် တွေ့ဆုံရသောအခါ အလွန်ပင် ပျော်ရွှင်နေမိ၏။
နှစ်ဦးသား လက်ချင်းတွဲကာ စကားလက်ဆုံကျနေ သည်ကို မြင်သဖြင့် ယန်ကွမ်းက မီးဖိုချောင်ထဲသို့ ဝင်လာကာ မေးလိုက်သည်။
“အာ..မရီး... ဟင်းကောင်းတွေ အများကြီး ချက်နေ တာလားဗျ.ဟဲဟဲ.”
“အေးလေ..အိမ်မှာ ဧည့်သည် ရောက်နေတာပဲ... အ ကောင်းဆုံး ဧည့်ခံကျွေးမွေးရမှာပေါ့ဟ..”
ဝူရှောက်လျန်းက ပြုံးကာ ပြောလိုက်ပြီးနောက် ဆ က်မေးလိုက်၏။
“ဒါနဲ့ နင်တို့က ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ.. ဘ ယ်တွေ လျှောက်လည်နေကြတာလဲ..”
ယန်ကွမ်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
“ဟူး မပြောပါနဲ့တော့ မရီးရာ... တောင်ပေါ်သွားတာ .. တော့်တော့်ကို အန္တရာယ်များတာပဲဗျာ..”
ယန်ကွမ်းက ခေါင်းခါယမ်းရင်း ဆက်ပြောလိုက်၏။
“နောက်ဆို အဲဒီ အူတူတူမလေးကို.. တောင်ပေါ် ဘ ယ်တော့မှ ခေါ်မသွားတော့ဘူးဗျာ..”
မူရှောင်ဝမ်က တံခါးဝတွင် မတ်တပ်ရပ်ကာ ဒေါသ တကြီး လှမ်းမေးလိုက်၏။
“ဟဲ့... နင် ဘယ်သူ့ကို အူတူတူမလေးလို့ ခေါ်နေတာ လဲ..”
“အာ... မမကို ပြောတာ မဟုတ်ပါဘူးဗျာ..ခွီး..”
ယန်ကွမ်းက ရယ်မောရင်း စကားလမ်းကြောင်း ချ က်ချင်း လွှဲလိုက်ကာ ပြောလိုက်သည်။
“ကဲပါ..မမဝမ်အာရ... လက်တွေ၊မျက်နှာတွေ သွား ဆေးဦး..ထမင်းစားဖို့ ပြင်ကြရအောင်လေဗျာ..”
မူရှောင်ဝမ်က ယန်ကွမ်းအား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ဝူရှောက်လျန်းကို ကြည့်ကာ ပြုံ းရင်း ပြောလိုက်၏။
“အစ်မလျန်းရယ် တကယ် အားနာစရာပဲရှင် ရာသီဥ တု ဒီလောက် ပူအိုက်နေတဲ့ကြားက ဟင်းတွေ အမျာ းကြီး ချက်ထားပေးတယ်နော်..”
“ချက်ရမှာပေါ့ ညီမလေးရဲ့..”
ဝူရှောက်လျန်က ပြုံး၍ ပြန်ပြောရင်း ကြည့်လိုက်ရာ မူရှောင်ဝမ်က ယန်ကွမ်း၏ အကျီ ဝတ်ဆင်ထားသ ည်ကို သတိပြုမိသွားရာ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွ ားရသည်။
သို့သော်လည်း သူမက ဘာမှမပြောဘဲ ပြုံး၍ ဆက် ပြောလိုက်သည်။
“ကဲ... လက်သွားဆေးဦး..အစ်မ..အခုပဲ ထမင်းပွဲ ပြ င်တော့မှာမို့လို့…”
“ဟုတ်..”
မူရှောင်ဝမ် ခေါင်းညိတ်လိုက်ပြီးနောက် ရွှီလင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
“မမလင်း... မမဆီမှာ အပိုအကျီရှိရင် တစ်ထည် လောက် ငှားပါဦးလားဟင်.. ကျွန်မအကျီက တော င်ပေါ်မှာ စုတ်ပြဲသွားလို့ပါ..”
“ရှိတာပေါ့... လာ..မမနဲ့အတူ အခန်းထဲ လိုက်ခဲ့..”
ရွှီလင်းက ခေါင်းညိတ်ကာ မူရှောင်ဝမ်၏ လက်ကို ဆွဲ၍ သူမ အခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ယန်ကွ မ်းက သစ်ကြားသီးများကို ချထားခဲ့ပြီး ဝူရှောက် လျန်းအား ကူညီရန် သွားလိုက်၏။
နှစ်ဦးသား အလုပ်ရှုပ်နေကြစဉ် ဝူရှောက်လျန်းက အသံ တိုးတိုးလေး ကပ်မေးလိုက်သည်။
“ဟဲ့..ရှောင်ဝမ်က နင့်အကျီကြီး ဝတ်ထားတာဆိုတေ ာ့ ... တောင်ပေါ်မှာ နင်တို့နှစ်ယောက် ဘာတွေ ဖြစ် ခဲ့ကြလို့လဲ..”
“အာ..ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး..”
ဝူရှောက်လျန်က နှုတ်ခမ်းကလေး စူလိုက်ကာ မ အောင့်နိုင်ဘဲ ထပ်မံ စပ်စုလိုက်သည်။
“သူမက ဒီနေ့မွန်းလွဲပိုင်းပဲ ပြန်တော့မှာလား..”
ယန်ကွမ်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ပြန်မယ်ထင်တယ်ဗျ.. သူက သူဌေးမဆိုတော့ အ လုပ်တွေ အရမ်းရှုပ်တယ်လေ..”
ဝူရှောက်လျန်းက စိတ်ပျက်လက်ပျက် လေသံလေး ဖြင့် ပြောလိုက်သည်။
“နှမြောစရာပဲ... နောက်တစ်ခေါက် ဘယ်တော့ လာ မလဲ မသိဘူးနော်..”
“မရီးကလည်း အလကားနေရင်း လျှောက်တွေးနေပြ န်ပြီဗျာ..”
မရီးဖြစ်သူ၏ စိတ်ကူးကို ရိပ်မိသဖြင့် ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်၏။
“ကျွန်တော့်ကိစ္စတွေကို ကျွန်တော့်ဘာသာ ထားလို က်စမ်းပါ၊ စိတ်မပူပါနဲ့ဗျာ..”
အဝတ်အစား လဲလှယ်ပြီးနောက် မူရှောင်ဝမ်က ရွှီ လင်း၏ နောက်မှနေ၍ အခန်းထဲမှ ထွက်လာခဲ့ပေ သည်။
ယခုမူ အပေါ်မှ အဖြူရောင်လက်တို အင်္ကျီကလေး နှင့် အောက်တွင် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထာ း ဝိုင်းစက်သွယ်လျသော ပေါင်တံဖြူဖြူဝင်းဝင်း လေးက ပေါ်လွင်နေ၏။
မိန်းကလေးတစ်ယောက်ကို ထိုသို့စိုက်ကြည့်ရန်မသ င့်တော်မှန်း ယန်ကွမ်း သိသော်လည်း အကြည့်ကို မ နည်းလွှဲကာ ထပ်ပြီး ခိုးကြည့်မိပြန်သည်။
အားလုံး အတူတကွ ဝိုင်းဖွဲ့ထမင်းစားစဉ်မှာပင် မူရှေ ာင်ဝမ်က မျှော်လင့်ထားသည့်အတိုင်း ပြောလိုက် ၏။
“မရီး... ကျွန်မ ရောက်နေတာလည်း ကြာပြီဆိုတော့ နေ့လယ်စာစားပြီးရင် ပြန်တော့မယ်နော်..”
ဝူရှောက်လျန်းက စိတ်မကောင်းစွာ လှမ်းမေးလိုက် သည်။
“အာ... နောက်ထပ် နှစ်ရက်..သုံးရက်လောက် ထပ်မ နေချင်ဘူးလား ညီမလေးရဲ့..”
“မရလို့ပါ မရီးရဲ့ ကျွန်မ.မြို့ပေါ်မှာ လုပ်စရာအလုပ် တွေ အများကြီး ရှိသေးလို့ပါ..”
မူရှောင်ဝမ်က ခေါင်းခါပြပြီးနောက် ယန်ကွမ်းအား တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်၏။
“နောက်ရက်ကျရင် မြို့ပေါ်တက်ပြီး..ငါ့ကို လာရှာ ဦး..”
ယန်ကွမ်းတစ်ယောက် လန့်သွားပြီး မေးမိလိုက် သည်။
“ဟင်... ဘာကိစ္စလဲ..”
“လာမှာသာ.. လာခဲ့စမ်းပါ..”
မူရှောင်ဝမ်က တိုက်ရိုက်မဖြေဘဲ နှုတ်ခမ်းကလေး ကို ကိုက်လျက် ဆက်ပြောလိုက်သည်။
“ဒီလ ၁၅ ရက်နေ့ကျရင် ငါ စောင့်နေမယ်..”
ယန်ကွမ်းက တွက်ချက်ကြည့်လိုက်ရာ ယနေ့က ၁၀ ရက်နေ့ဆိုတော့ ရက်ပိုင်းမျှသာ လိုတော့၏။
ထိုရက်ပိုင်းအတွင်း အိမ်မှာရှိသော ဆေးမြစ်များနှင့် ဖန်လုံအိမ်ကိစ္စများကို အလုပ်ရှုပ်အောင် လုပ်ကိုင်ပြီ းပါက အချိန်အားသဖြင့် ယန်ကွမ်းလည်း ခေါင်းညိ တ်ကာ သဘောတူလိုက်ရသည်။
ထမင်းစားပြီးနောက်တွင်မူ ယန်ကွမ်းခဗျာ အပယ်ခံ တစ်ယောက် ဖြစ်သွားရရှာ၏။မိန်းကလေးသုံးဦးမှာ မူ ရင်းနှီးပွင့်လင်းစွာဖြင့် ရယ်မောရင်း စကားပြော နေကာ သူ့ကိုမူ မည်သူမျှ ဂရုမစိုက်ကြတော့ချေ။
ယန်ကွမ်းကလည်း စိတ်ထဲမထားပါဘဲ သူ၏ အ တွေးထဲ၌ ရှန်းနူန်းကျွယ်ပညာရပ်အား မည်သို့ အ သုံးချရမည်ဆိုသည့်ဘက်သို့သာ အာရုံ ပြောင်းထာ းလိုက်၏။
နေ့လယ်စာစားပြီးနောက် ခေတ္တမျှ ထိုင်နားပြီးသည် နှင့် မူရှောင်ဝမ်က နှုတ်ဆက်၍ ထပြန်သွားပေသည် ။အားလုံးက သူမကို ကားရှိရာအထိ လိုက်လံပို့ဆော င်ပေးခဲ့ကြပြီး ကားလေး မောင်းထွက်သွားမှသာ ခြံ ထဲသို့ ပြန်ဝင်လာခဲ့၏။
“မမလင်း... ဖန်လုံအိမ်ဘက်က အခြေအနေ ဘယ် လိုရှိလဲဟင်..”
“နင်က မေးဖို့ သတိရသေးတယ်ပေါ့..”
ရွှီလင်းက မျက်စောင်းထိုးကာ ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့.. အခု တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နေပြီ.. အရှိန်မြှင့်လုပ်ရင် နောက်သုံး လေး ငါးရက်ဆို ပြီးနိုင်ပါတယ်ဟာ..”
ယန်ကွမ်းက ပြုံးစိစိဖြင့် မြှောက်ပြောလိုက်၏။
“ဒါဆို တော်သေးတာပေါ့..ကျေးဇူးတင်ပါတယ် မမ လင်းရာ... မမကတော့ ကျွန်တော့်အတွက် တကယ့် ကို အားကိုးရတဲ့ လက်ရုံးပဲဗျာ..”
“ငါက နင့်ကို ကူညီဖို့ လာတာမဟုတ်ဘူးနော်.. ရွာသူ ရွာသားတွေကို ချမ်းသာအောင် ဦးဆောင်ပေးဖို့ က ငါ့ရဲ့ တာဝန်ပဲဥစ္စာ..”
ရွှီလင်းက လေသံမာမာဖြင့် ပြောပြီးနောက် ဆက် ပြောလိုက်သည်။
“နင့်ရဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးသာ အောင် မြင်သွားရင် တစ်ရွာလုံးကို ပြန့်ပွားအောင်ပါ အကေ ာင်အထည်ဖော်ရမယ်..”
“ဒါက ပြဿနာမရှိပါဘူးဗျာ..”
ယန်ကွမ်းက ခေါင်းညိတ်ကာ သဘောတူလိုက်သော် လည်း ချက်ချင်းဆိုသလိုပင် မျက်မှောင်ကုပ်သွားပြီ း ဆက်ပြောလိုက်သည်။
“ဒါပေမဲ့လေ... ရွာထဲကလူတွေက ဖန်လုံအိမ်ဆော က်ဖို့အတွက် ငွေကြေး မတတ်နိုင်ကြမှာကို စိုးရိမ်မိ တယ်ဗျ..”
ရွှီလင်းက ရှင်းပြလိုက်သည်။
“အဲဒါကိုတော့ နင် စိတ်ပူစရာမလိုပါဘူး ခရိုင်အစိုး ရဘက်က ပံ့ပိုးကူညီမှု မူဝါဒတွေ ရှိနေပြီးသားမို့ ချေ းငွေ လျှောက်ထားလို့ ရတယ်လေ..”
.
“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ..ဟီး..”
နှစ်ဦးသား စကားလက်ဆုံကျနေစဉ် ခြံအပြင် ဘက် မှ လူတစ်ယောက် အသည်းအသန် ပြေးဝင်လာကာ အလောတကြီး အော်ပြောနေ၏။
“ရှောင်လျန်း... ရှောင်လျန်းရေ..ကူညီပါအုံးဟာ..”.