အခန်း ၅၆
Vol. 6 Ch. 56
အခန်း ၅၆ ဦးနှောက်သွေးကြောပြတ်ခြင်း
ဝူဒေါင် ရောက်လာသည်ကို မြင်သောအခါ ယန်ကွမ် း၏ မျက်မှောင်များ ကုပ်လိုက်မိသည်။
ဝူဒေါင်မှာမူ တစ်ကိုယ်လုံး ချွေးပြိုက်ပြိုက်ကျလျ က် အသက်ကို အမောတကော လုရှူနေရ၏။သူ့အိမ် ကနေ ဤနေရာအထိ မရပ်မနား ပြေးလာခဲ့ပုံပေါ် သည်။
"ဟေ့လူ... ဒီကို ဘာကိစ္စနဲ့ လာရပြန်တာလဲ.."
ခြံအတွင်းသို့ အတင်းတိုးဝင်ရန် ပြင်နေသော ဝူဒေါ င်အား ရှေ့မှပိတ်ရပ်လျက် ဒေါသထွက်နေသော အ သံဖြင့် ယန်ကွမ်း မေးမြန်းလိုက်၏။
ဝူဒေါင်က တုန်တုန်ယင်ယင် ပြန်ဖြေရှာသည်။
"ငါ... ငါ ရှောင်လျန်းကို လာရှာတာပါကွာ.."
"ကျတော့်မရီးက ခင်ဗျားတို့က ဘာမှမပတ်သက် တော့ဘူးလေ.."
ထိုအချိန်မှာပင် ဝူရှောင်လျန်းက သမီးငယ်လေး ယ ာယာကို ရင်ခွင်၌ ပွေ့ချီလျက် အခန်းထဲမှ ထွက်လ ာပြီး မေးလိုက်၏။
"ဘာကိစ္စရှိလို့လဲဟင်..”
ဝူဒေါင်က ငိုမဲ့မဲ့ဖြင့် ပြောလိုက်၏။
"ရှောင်လျန်း.... ငါတို့အမေ... အမေမူးလဲသွားလို့ပါ ဟာ.. ..ငါ..ငါလည်း ဘာမှ မလုပ်တတ်ဘူးဟ.."
ဝူရှောင်လျန်းမှာမူ ခဏမျှ ဆွံ့အပြီးမှ မျက်လုံးအစုံ ပြူးကျယ်သွားကာ ထပ်မေးလိုက်သည်။
"ဘာ..ဘာလည်း..အမေ... အမေက ဘာဖြစ်တာလဲ"
"ဦးနှောက်သွေးကြောပြတ်တာ..."
"ဘာ..."
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝူရှောင်လျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ခွေယိုင်သွားရရှာသည်။အတိ တ်၌ မိခင်ဖြစ်သူသည် သူမအပေါ် မည်မျှပင် ရက်စ က်ပါစေဦးတော့ "သွေးသည် ရေထက် ပျစ်သည်" မဟုတ်ပေလော။
ထို့ကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်ရလောက်သည့် သ တင်းကို ကြားသောအခါ ဝူရှောင်လျန်းတစ်ယောက် ပျာပျာသလဲ ဖြစ်သွားရ၏။သူမသည် ဝူဒေါင့် အနား သို့ အပြေးအလွှား လျှောက်လာကာ မေးလိုက်သည် ။
"အမေက ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်ရတာ လဲ..အခု အမေက ဘယ်မှာလဲ.."
"အခု.. လူနာတင်ကားလာမှာကို စောင့်နေကြတယ်"
"ဖြစ်ရလေ... အမေရယ်...အဟင့်အဟင့်.."
ဝူရှောင်လျန်းတစ်ယောက် ရင်ထဲ၌ ပူလောင်လာကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် စိတ်အာရုံများ ထွေပြားသွားရရှာသည်။
ထိုအခါ ယန်ကွမ်းက ဝင်၍ နှစ်သိမ့်ပေးလိုက်၏။
"သိပ်ပြီး မစိုးရိမ်ပါနဲ့ မရီးရ ဦးနှောက်သွေးကြောပြ တ်တယ်ဆိုတာ ကုသလို့မရတဲ့ ရောဂါမဟုတ်ပါဘူး ဗျာ.. အခြေအနေ သိပ်မပြင်းထန်ဘူးဆိုရင် ပြန်သ က်သာလာနိုင်ပါတယ်ဗျ.."
ဝူရှောင်လျန်းက မျက်ရည်ဝဲလျက် တောင်းပန်ကာ ပြန်ပြောလိုက်သည်
"ရှောင်ကွမ်း... မရီးကို ကူညီပြီး သွားကြည့်ပေးပါဦး .မင်းမှာ ဒီရောဂါကို ကုသနိုင်တဲ့ အရည်အချင်း ရှိတ ယ်မလားဟင်.."
မရီးဖြစ်သူ၏ နီရဲ စိုစွတ်နေသည့် မျက်လုံးများနှင့် ပူ ဆွေးနေသော မျက်နှာလေးကို မြင်ရသောအခါ ယ န်ကွမ်းက စိတ်ထဲမှ သက်ပြင်းသာ ချလိုက်မိ၏။
သူ့ မရီးသည် ရက်စက်တတ်သူ မဟုတ်မှန်း သူကော င်းကောင်းသိနေသည်မဟုတ်ပေလော။
ထို့ကြောင့် ခဏမျှ ဝေခွဲမရ ဖြစ်သွားပြီးနောက် ယန် ကွမ်းက အသာအယာ ခေါင်းညိတ်ကာ ကတိပေးလို က်၏။
"အင်းပါ... မရီးရ..စိတ်အေးအေးထားပါဗျာ ..ကျ တော် လိုက်ကြည့်ပေးပါ့မယ်ဗျာ..”
ယန်ကွမ်းက ရှာဟယ်ကျေးရွာ၏ ရွာလူကြီးတုန်းက လည်း ထိုသို့ ဦးနှောက်သွေးကြောပြတ်သည့် ရောဂါ ကို ကုသပေးခဲ့ဖူးသည့် အတွေ့အကြုံရှိပြီးသားဖြစ် ရာ ဤရောဂါမှာ သူ့အတွက် အပန်းမကြီးလှသော ကိစ္စတစ်ခုမျှသာ ဖြစ်ပေသည်။
ထို့ကြောင့် သဘောတူလိုက်ပြီးနောက် ယန်ကွမ်းက ရွှီလင်းအား လှည့်၍ အသိပေးလိုက်၏။
"မမလင်း... ကျတော် မရီးတို့အိမ်ကို သွားလိုက်ဦး မယ်နော်..”
"အေးအေး... သွားလေ..အိမ်အတွက် ဘာမှ စိတ်မပူ နဲ့.. စိတ်အေးအေးသာ သွား.."
ရွှီလင်းက ခေါင်းညိတ်ပြပြီးနောက် ဝူရှောင်လျန်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကလေးပါ ခေါ်သွားရင် အလုပ်ရှုပ်နေပါဦးမယ် အ စ်မဝူရယ်.. ယာယာ့ကို ညီမဆီမှာပဲ ထားခဲ့လိုက်ပါ လား…"
ဝူရှောင်လျန်းကလည်း သဘောတူကာ ခေါင်းညိတ် လိုက်သည်။
"ဒါဆိုလည်း... ကောင်းတာပေါ့"
ရွှီလင်း၏ လက်ထဲသို့ ယာယာလေးအား ယုံကြည်စိ တ်ချစွာ အပ်နှံခဲ့လိုက်သည်။
ထို့နောက် ယန်ကွမ်းက ဝူရှောင်လျန်းအား စက်ဘီး နောက်တွင် တင်ဆောင်ကာ မောင်းနှင်ခဲ့ပြီး ဝူဒေါင် ကမူ အခြားစက်ဘီးတစ်စီးဖြင့် အိမ်မှ အလျင်အမြ န် ထွက်ခွာလာ၏။
မကြာမီအချိန်၌ ဝူမိသားစုအိမ်သို့ ရောက်လာခဲ့ရာ ခြံအတွင်း၌ ရွာသူရွာသားများ စုရုံး နေသည်အား ယန်ကွမ်း တွေ့လိုက်ရသည်။
ဆွန်းဟွေ့ဟားသည် တစ်ရွာလုံးက သိထားကြသည့် အကျင့်စာရိတ္တ ကြမ်းတမ်းခက်ထန်သော မိန်းမကြီး တစ်ဦး ဖြစ်သော်ငြားလည်း တစ်ရွာတည်းသားချင်း ဖြစ်သည်မို့ ရွာသားများက လာရောက်ကြည့်ရှုကာ အားပေးကြခြင်း ဖြစ်သည်။
ဝူရှောင်လျန်မှာမူ မည်သူ့ကိုမျှ နှုတ်ဆက်နိုင်ခြင်းမ ရှိဘဲ စက်ဘီးပေါ်မှ ဆင်းသည်နှင့် အိမ်ထဲသို့ ကပျာ ကယာ ပြေးဝင်လိုက်၏။ကုတင်ပေါ်တွင်မူ မျက်နှာ တစ်ပြင်လုံး ဖြူလျော်လျက် မျက်လုံးအစုံမှိတ်ကာ လဲလျောင်းနေသော ဆွန်းဟွေ့ဟွားကို မြင်လိုက်ရ သည့် အချိန်၌ သူမသည် ဝမ်းနည်းပူဆွေးမှုတို့ကို မ အောင့်နိုင်တော့ဘဲ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ယန်ကွမ်းလည်း စိတ်ထဲမှ သက်ပြင်းတစ်ချက်ကိုသာ ကျိတ်၍ ချလိုက်မိ၏။
ထို့နောက် ဝူရှောင်လျန်းအနားသို့ ကပ်ကာ ယန်ကွမ် း နှစ်သိမ့်ပေးလိုက်သည်။
"မရီး... သိပ်မစိုးရိမ်ပါနဲ့..ဘာမှမဖြစ်ပါဘူး.. ကျွန် တော် အရင်ကြည့်ပါရစေဦးဗျာ..”
ပြောပြောဆိုဆိုဖြင့်ပင် ယန်ကွမ်းက ကုတင်အနား သို့ တိုးကပ်လာကာ ဆွန်းဟွေ့ဟွား၏ လက်ကော က်ဝတ်ကို ကိုင်ကာ စမ်းသပ်ကြည့်လိုက်၏။
ထိုအချိန်တွင် အခန်းထဲ၌ အခြားသူများလည်း ရှိနေ ကြရာ မုတ်ဆိတ်အရှည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကဝင်ပြောလိုက်သည်။
"ကြည့်နေလည်း အပိုပါပဲဗျာ..သူ့ရဲ့ ရောဂါလက္ခဏ ာ က တော်တော်လေးကို ပြင်းထန်နေတာ ဆေးရုံ အမြန်ပို့ပြီး ခွဲစိတ်ကုသမှု ခံယူမှရမှာဗျ.."
ယန်ကွမ်းက မော့ကြည့်လိုက်သောအခါ ထိုလူသည် အခြားသူမဟုတ်ဘဲ ဤရွာမှ ဆရာဝန်ဟူကွမ်းရှန့် ဖြ စ်နေသည်ကို မှတ်မိသွားပေသည်။
ဤအဘိုးကြီးမှာ အသက် ၅၀ နီးပါးရှိနေပြီဖြစ်ပြီး ဤကျေးရွာ၌ ဆေးကုသလာခဲ့သည်မှာ အနှစ် ၂၀ ကျော်မျှ ရှိပြီဖြစ်ရာ တစ်ရွာလုံးက အားကိုးရသည့် နာမည်ရ ဆရာဝန်တစ်ဦးလည်း ဖြစ်၏။
ထို့ကြောင့် ယန်ကွမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
"ခွဲစိတ်ကုသမှု မလုပ်ရလေ ကောင်းလေပေါ့ဗျာ လူ လည်း လူပင်ပန်းသလို ငွေကြေးကုန်ကျမှုကလည်း မရှိတော့ဘူးလေဗျ…”
ဟူကွမ်ရှန့်သည် စိတ်အနည်းငယ် ခုသွားဟန်ဖြင့် ယ န်ကွမ်းအား စောင်းငဲ့ကြည့်ကာ မေးလိုက်၏။
"အသက်ထက် ငွေက ပိုအရေးကြီးလို့လား.."
ယန်ကွမ်းကမူ ပြုံးရုံသာပြုံးပြီး ထိုလူအား ထပ်မံ၍ စကား မပြောတော့ပေ။
သူက ခန္ဓာကိုယ်အတွင်းမှ 'ရှန်နူန်းကျွယ်' ကျင့်စဉ်မှ ချီစွမ်းအင်များကို တိတ်တဆိတ် လှုံ့ဆော်လိုက်ပြီး ကုသမှုကို စတင်လိုက်သည်။
အချိန်တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ ဟူကွမ်း ရှန့်က ဇဝေဇဝါ ဖြစ်ကာ မေးလိုက်၏။
"မင်း စမ်းသပ်နေတာ ဒီလောက်တောင် ကြာရသလ ားဟ..”
"ကျတော် သေသေချာချာ စစ်ဆေးနေလို့ပါဗျာ"
ယန်ကွမ်က မော့ကြည့်ကာ ထိုဆရာဝန်အား ပြန်မေ းလိုက်သည်။
"ဆရာဝန်ဟူ... ဆရာ့ဆေးခန်းမှာ တရုတ်တိုင်းရင်း ဆေးပင်တွေ ရှိလား…
"ရှိတာပေါ့... ဘာဖြစ်လို့လဲ.."
"ဒါဆိုရင် ကောင်းတာပေါ့ဗျာ..ကျတော့်ကို တရုတ် လင်ကွန်းရယ်၊အုန်းနို့ပင်အမြစ်နဲ့ ပန်းဖြူအမြစ်တို့ န ည်းနည်းလောက် ကူ ယူပေးပါလား…”
ထိုအခါ ဟူကွမ်းရှန့်က မကျေမနပ် ပြောလိုက်သည် ။
"လူနာက ဒီအခြေအနေ ရောက်နေတာကို မင်းက တ ရုတ်တိုင်းရင်းဆေးနဲ့ ကုဦးမလို့လား..ဘာလည်းဟ.. လာနောက်နေတာလား.."
"ဘာဖြစ်နေလို့လဲဗျာ. ဒီမှာကြည့်... ရောဂါက ဘာမှ အဆိုးကြီးမဟုတ်တာ ထင်ရှားနေတာပဲ.. ဟော... နိုး တောင် နိုးလာပြီမဟုတ်လား.."
ယန်ကွမ်းက ပြောပြောဆိုဆိုဖြင့် ဆွန်းဟွေ့ဟွား၏ လက်ကောက်ဝတ်အား လွှတ်ပေးလိုက်၏။ထိုအခါ ဆွန်းဟွေ့ဟွားက မျက်လုံးများ ပွင့်လာကာ ပတ်ဝန်း ကျင်အား လှည့်ပတ်ကြည့်ရှု့နေသည်။
"ဘုရားရေ..အမေ သတိရလာပြီလား အဟင့် အဟ င့်”
ဝူရှောင်လျန်းက ရှေ့သို့ အပြေးအလွှား တိုးကပ်လာ ကာ ဝမ်းသာအားရ ငိုနေ၏။
“ဘာလည်းဟ.. ဒါ..ဒါ ဘယ်လိုမှ မဖြစ်နိုင်တာ..”
ဟူကွမ်းရှန့်မှာမူ ကြောင်အမ်းအမ်း ဖြစ်ကာ ကျန်ခဲ့ သည်။စောစောက သူကိုယ်တိုင် စမ်းသပ်စဉ်ကမူ ဆွန်းဟွေ့ဟွားက ဦးနှောက်သွေးကြောပြတ်သည့် လက္ခဏာများ ပြသနေပြီး သတိပြန်လည်လာရန်မှာ မူ လုံးဝ မဖြစ်နိုင်ချေ။
သို့သော်လည်း ယခုမူ အဘယ်ကြောင့် ရုတ်တရက် ကြီး အခြေအနေ ကောင်းမွန်သွားရသနည်း။
ထိုဆရာဝန်ကြီး တွေးမရဖြစ်နေစဉ်မှာပင် ယန်ကွမ်း က ဝူဒေါင်ဘက်သို့ လှည့်၍ မှာလိုက်သည်။
"ခဗျား ဆရာဝန်ဟူနဲ့အတူ ဆေးသွားယူလိုက်ဦး.. ပြန်လာရင် ဆေးကို အမြန်ဆုံး ကြိုချက်တိုက်လိုက် နှစ်ရက် လောက် သောက်ပြီးရင် လုံးဝ ပြန်ကောင်း သွားလိမ့်မယ်.."
မိခင်ဖြစ်သူ သတိပြန်လည်လာပြီး စိတ်အာရုံလည်း ပုံမှန်ရှိနေသည်ကို မြင်ရသဖြင့် ဝူဒေါင်တစ်ယောက် အခုမှပင် သက်ပြင်းချနိုင်ခဲ့၏။
သူ့မိခင်၏ နှုတ်ခမ်းထောင့်နှင့် မျက်ခုံးများက အန ည်းငယ် တွန့်နေသေးသော်လည်း ယခုအချိန်တွင် ဆေးရုံသို့ သွားရန် မလိုတော့ဘူးဟူ၍ သူ တွေးနေမိ သည်။
ထို့ကြောင့် ဝူဒေါင်က ဟူကွမ်းရှန့်အား ကပျာကယာ ကြည့်ကာ ပြောလိုက်၏။
"ဦးလေးဟူ... ကျတော်တို့ ဆေးသွားယူကြရအော င်လေ.."
".........."
ဟူကွမ်ရှန့်မှာမူ သံသယများစွာ ဝင်နေသဖြင့် ဝူဒေါ င်၏ စကားကိုပင် မကြားဘဲ ငေးငိုင်နေမိသည်။
ဝူဒေါင်လည်း မတတ်နိုင်သည့်အဆုံး ရှေ့သို့ တိုးလာ ကာ ဆရာဝန်ကြီး၏ ပုခုံးကို ပုတ်၍ သတိပေးလိုက် ၏။
"ဦးလေးဟူ... ဆေးသွားယူရအောင်လို့ဗျာ…”
"အော်... အေးအေး... သွားကြတာပေါ့"
ထိုအခါမှ ဟူကွမ်းရှန့်တစ်ယောက် သတိပြန်ဝင်လာ ပြီး ယန်ကွမ်းအား တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အိမ်အပြင်သို့ ခပ်သွက်သွက် ထွက်ခွာသွားပေသည် ။
ယခုမူ အခန်းထဲတွင် လူသုံးဦးသာ ကျန်ရစ်ခဲ့၏။
မရီးဖြစ်သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ ကျနေ သည်ကို မြင်ရသဖြင့် ယန်ကွမ်းတစ်ယောက် စိတ်မ ကောင်းဖြစ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်အေးအေးထားပါ မရီးရယ်... ဆေးသောက်လို က်ရင် ပြန်ကောင်းသွားမှာပါဗျာ.."
"အင်း... ကျေးဇူးအများကြီးတင်ပါတယ် ရှောင်ကွမ် းရယ်.."
ယန်ကွမ်းကမူ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ဆွန်းဟွေ့ ဟွားဘက်သို့ မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံး များထဲတွင် သမီးဖြစ်သူအပေါ် နောင်တနှင့် အားနာ စိတ်တို့ ရောယှက်နေသည်အား မြင်တွေ့လိုက်ရ၏။
ဤအခြေအနေသို့ သူမ ရောက်သွားမှသာ သမီးဖြ စ်သူ၏ သိတတ်မှုကို ရုတ်တရက် နားလည်သွားပုံရ ပြီး အတိတ်က ပြုမူခဲ့သမျှတွေအား နောင်တကြီးစွာ ရနေပုံပေါ်၏။
သို့သော်ငြားလည်း သူမဦးနှောက်အတွင်းမှ သွေးခဲ များမှာ ယခုမျှသာ အရည်ပျော်သွားခြင်းဖြစ်ပြီး ကို ယ်တစ်ခြမ်းလေဖြတ်သည့် လက္ခဏာမှာမူ ကျန်နေ သေးသဖြင့် စကားကောင်းကောင်း မပြောနိုင်သော ကြောင့် သူမ၏ ခံစားချက်အား ထုတ်မပြောနိုင်ခဲ့ ပေ။
“ပီး..ပေါ်..ပီး..ပေါ်..”
ထိုအချိန်၌ ခြံဝင်းအပြင်ဘက်မှ လူနာတင်ကား၏ ဥသြဆွဲသံ ကြားလိုက်ရပြီးနောက် အိမ်ရှေ့သို့ ဆိုက် ရောက်လာခဲ့သည်။
ထိုကားမှာ မြို့နယ်ဆေးရုံမှ ကားဖြစ်နေသည်ကို ယ န်ကွမ်း မြင်လိုက်ရသဖြင့် မတ်တတ်ထရပ်ကာ ပြော လိုက်၏။
"မရီးရဲ့.. အမေ့ကို ခေတ္တကြည့်ထားပေးပါဦး ကျ တော် သွားပြီး ရှင်းပြလိုက်အုံးမယ်.."
ပြောပြီးသည်နှင့် ယန်ကွမ်းက အိမ်အပြင်သို့ ထွက် လာခဲ့ရာ ဝတ်စုံဖြူဝတ် ဆရာဝန်နှင့် သူနာပြုအချို့ မှာမူ လူနာတင်ထမ်းစင်ကို သယ်ဆောင်လျက် ခြံ အ တွင်းသို့ ဝင်ရောက်လာသည်အား တွေ့လိုက်ရသည် ။
ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ ဆရာဝန်ဟူ ဖြစ်နေပြန်သည်။
အိမ်ထဲမှ ထွက်လာသော ယန်ကွမ်းကို မြင်သောအခ ါ ဆရာဝန်ဟူသည် ခေတ္တမျှ ဆွံ့အသွားပြီး သူ့အား စိုက်ကြည့်ကာ မေးလိုက်၏။
"အမ်..မင်းက.. ဘာလို့ ဒီကို ရောက်နေတာလဲ"
ယန်ကွမ်းက ပြုံးရင် ပြန်ဖြေလိုက်၏။
"ကျတော်လား လူနာလာကုတာလေ.."
"ဒီတစ်ခေါက် ဆရာဝန်ဟူတို့ အလကား ခရီးပန်းရုံပဲ ရှိတော့မယ် ထင်တယ်..လူနာက ဘာမှမဖြစ်တော့ဘူ း သတိလည်း ပြန်လည်လာပြီဗျ.."
"ဘာ..."
ဆရာဝန်ဟူ၏ မျက်လုံးများက ပြူးကျယ်လာကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဘာလည်း.. လူနာက ဦးနှောက်သွေးကြော ပြတ် တာလို့ မဟုတ်ဘူးလား..ဘယ်လိုလုပ်ပြီး သတိပြန်ရ လာနိုင်မှာလဲဟ.."
"သတင်းပို့တဲ့လူက မှားပို့မိတာနေမှာပါဗျာ.. အမှန် တော့ ဘာမှ သိပ်မပြင်းထန်ပါဘူးဗျ.."
ယန်ကွမ်းက ပြုံးမြဲပြုံးလျက်ပင် ဆက်ပြောလိုက်၏ ။
"မယုံရင်လည်း အထဲဝင်ပြီး ကိုယ်တိုင် စစ်ဆေးကြ ည့်လေဗျာ....”
"........."
ဆရာဝန်ဟူတစ်ယောက် ပြောစရာစကား မဲ့သွားရပြီ း ယန်ကွမ်းအား စူးစူးစိုက်စိုက်ကြည့်ကာ ပြောချ လိုက်သည်။
"ရတယ်..ကြည့်နေစရာ မလိုတော့ဘူး..လူနာက ဘာ မှမဖြစ်တော့ဘူးဆိုရင်လည်း လူနာတင်ကားခကိုသ ာ အမြန် ရှင်းပေးလိုက်.."