အခန်း ၅၇
Vol. 6 Ch. 57
အခန်း ၅၇ အကျိုးအမြတ်
ယန်ကွမ်းက ဆရာဝန်ဟူကို ကြည့်ကာ ပြန်မေးလိုက် ၏။
"အမ်..ဒီအတွက်ပါ ပိုက်ဆံပေးရဦးမှာလား”
ဆရာဝန်ဟူက ဒေါသတကြီးဖြင့် ပြန်အော်လိုက်သ ည်။
"ဘာကွ.... မင်းက တစ်ခါမှ လူနာတင်ကား မစီးဖူး ဘူးလား..ကားခေါ်ရင် ကားခပေးရတာ သဘာဝပဲ လေ"
သူ့အမူအရာကို မြင်တော့ ယန်ကွမ်းက စိတ်ပျက်လ က်ပျက်ဖြင့် မျက်လုံးအသာဝေ့လိုက်ကာ တွေးလိုက် မိသည်။
“ဒီလူက.. ဘယ်လိုလုပ် ဆရာဝန်လိုင်စင် ရလာတာ ပါလိမ့်.သူ့.စိတ်ထဲမှာ ပိုက်ဆံကို စိတ်ရောက်နေတာ ပဲ”
သို့သော်ငြားလည်း ယခုအချိန်တွင် ထိုလူနှင့် ငြင်းခုံ မနေချင်တော့သဖြင့် ယန်ကွမ်းက ခေါင်းညိတ်ကာ မေးလိုက်၏။
"ဘယ်လောက်လဲ.."
ဆရာဝန်ဟူက လက်ကို ဆန့်ထုတ်ကာ အသံကျယ် ကျယ်ဖြင့် ပြောလိုက်သည်။
"ယွမ် ၂၀၀.."
ယန်ကွမ်း၏ အိတ်ကပ်ထဲတွင် အသင့်ပါလာသော ငွေသားများ ရှိနေသဖြင့် ထုတ်ကာ ထိုလူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ထို့နောက် ထိုလူ့မျက်နှာကို ထ ပ် မကြည့်ချင်တော့သဖြင့် အိမ်ထဲသို့ ပြန်ဝင်ရန် လှ ည့်ထွက်လိုက်၏။
ဆရာဝန်ဟူလည်း မကျေမနပ်ဖြင့် ပြန်လည် ထွက် ခွာသွားပေသည်။လူနာတင်ကားလေး မောင်းထွက် သွားသည် နှင့် တစ်ပြိုင်နက် ဟူကွမ်းရှန့်နှင့် ဝူဒေါင် ပြန်ရောက်လာကြ၏။
ဟူကွမ်းရှန့်က တရုတ်တိုင်းရင်းဆေးထုပ်များကို ကို င်ကာ အခန်းထဲသို့ ဝင်လာစဉ် ဆွန်းဟွေ့ဟွား တစ် ယောက် ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရပြန်သည်။
ထိုအချိန်တွင် ဝူဒေါင်က ကပျာကယာ မေးလိုက်၏။
"ဆရာကြီးယန်... ကျတော့်အမေကို ဒီဆေး ဘယ် လိုတိုက်ရမလဲခင်ဗျာ"
ယန်ကွမ်းက ပြောပြောဆိုဆိုဖြင့် ဆေးထုပ်အား ဝူ ဒေါင်လက်ထဲမှ လှမ်းယူလိုက်သည်။
"ဒီဆေးတွေကို ငါးရက်စာ အချိုးကျ ခွဲပေးမယ် ဒီ အတိုင်းအဆအတိုင်းပဲ ပုံမှန်အတိုင်း ကြိုချက်ပြီး တိုက်လိုက်ရုံပဲ.."
ဆေးခွဲဝေပေးပြီးသည်နှင့် ဝူဒေါင်က ဆေးကြိုချက် ရန်အတွက် အလောတကြီး ထွက်ခွာသွား၏။
ဝူရှောင်လျန်းတစ်ယောက် စိတ်မချ၍ ဤနေရာမှ မ ပြန်ချ င်သေးမှန်း ယန်ကွမ်း ရိပ်မိသဖြင့် ဝင်ပြောလို က်သည်။
"မရီး... အိမ်မှာပဲ မရီးအမေကို အေးအေးဆေးဆေး ပြုစုစောင့်ရှောက်ပေးလိုက်ပါဦး ယာယာ့အတွက် တော့ ဘာမှမပူပါနဲ့.. မမလင်းနဲ့ ကျတော်တို့ ကြည့် ထားပေးပါ့မယ်.."
"အင်း... ဒါဆိုရင်တော့ မောင်လေးနဲ့ လင်းလင်းတို့ ကို အားနာလိုက်တာဟာ..”
ယန်ကွမ်းက ပြုံးကာ ပြန်ပြောလိုက်၏။
"အာ ကျွန်တော်တို့က..မိသားစုတွေပဲ မရီးရယ်..ဘာ လို့ အားနာနေရမှာလဲဗျာ..."
ထိုသို့ပြောပြီးသည်နှင့် ယန်ကွမ်းက ဟူကွမ်းရှန့်အာ း တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ ခြံအပြင် သို့ လှည့်ထွက်လာခဲ့သည်။
မရီးဖြစ်သူမှာ စိတ်မချနိုင်သေး၍ ကျန်ရစ်ခဲ့သော် လည်း ယန်ကွမ်းကမူ ဤအိမ်တွင် တစ်စက္ကန့်မျှပင် ဆက်၍ မနေချင်တော့ချေ။
ထို့ကြောင့် အိမ်အပြင်သို့ ထွက်လာပြီးနောက် ယန် ကွမ်းသည် လျှပ်စစ်စက်ဘီးကို စီးကာ ချက်ချင်းပင် ထွက်လာခဲ့၏။
မကြာမီမှာပင် အိမ်သို့ ပြန်လည်ရောက်လာသောအ ခါ ခြံအတွင်း၌ မည်သူမျှမရှိဘဲ အိမ်တစ်အိမ်လုံး တိ တ်ဆိတ်ငြိမ်သက်နေသည်အား ယန်ကွမ်း တွေ့လိုက် ရသည်။ ယာယာလေး အိပ်ပျော်နေပြီမှန်း သူ ရိပ်မိ သဖြင့် အိမ်ထဲသို့ တိတ်တိတ်လေး ဝင်လာခဲ့၏။
မရီး၏ အခန်းတံခါးဝသို့ ရောက်သောအခါ တံခါး မှာ ပွင့်နေသဖြင့် ယန်ကွမ်းလည်း ခေါင်းလေးပြူ ကာ အထဲသို့ အသာချောင်းကြည့်လိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် မမရွှီလင်းသည် ယာ ယာလေးကို ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း နှစ်ဦးသား ကုတင်ပေါ်တွင်အိပ်ပျော်နေပေသည်။
အမှန်တကယ်တွင်မူ ယန်ကွမ်းအနေဖြင့် အသာလေ းကြည့်ရန်သာ ရည်ရွယ်ခဲ့သော်လည်း သူ ကြည့်မိ လိုက်သည့်အချိန်ခဏ၌ ရုတ်တရက် ကြောင်အကာ တောင့်တင်းသွားရ၏။
အဘယ်ကြောင့်ဆိုသော် ရွှီလင်း၏ ရင်ခွင်ထဲ၌ အိပ် ပျော်နေသော ယာယာလေး၏ လက်ကလေးတစ်ဖ က်သည် ရွှီလင်း၏ စွပ်ကျယ်အင်္ကျီအောက်ထဲသို့ လျှိုဝင်နေသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ် သည်။
".........."
ယန်ကွမ်းတစ်ယောက် ခေတ္တမျှ ဆွံ့အသွားပြီး ဘာ လုပ်ရမှန်းမသိအောင် အကြံအိုက်သွားရရှာသည်။
ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိပြီးမှ ယာ ယာလေးသည် နို့ဆာသဖြင့် နို့ရှာနေခြင်းဖြစ်မည်ကို မူ ယန်ကွမ်း သဘောပေါက်သွား၏။
သို့သော်လည်း ရွှီလင်းမှာ အပျိုစင်လေးသာ ရှိသေ းရာ အဘယ်မှာ နို့ရည်ရှိပါမည်နည်း။ထို့ကြောင့် သူ မသည် ကလေးအား နို့မှုန့်ဖျော်၍သာ တိုက်ကျွေးထ ားခဲ့ပုံရသည်။
သို့သော်လည်း ယာယာလေးတွင် မကောင်းသောအ ကျင့်တစ်ခု ရှိနေသည်။
သူမသည် မရီး၏ရင်ခွင်၌ နို့စို့သည့်အခါတိုင်း တစ် ဖက်ကို စို့ရင်း ကျန်တစ်ဖက်ကို လက်ကလေးဖြင့် ကို င်ထားတတ်သည့် အကျင့်ရှိ၏။
အသက်တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ဘာသိရှာမည်နည်း။
ရွှီလင်းက နို့မှုန့်ဖျော်တိုက်သည်ဆိုသော်လည်း ယာ ယာလေးကမူ ထိုအချက်ကို ဂရုမစိုက်ဘဲ အကျင့်အ တိုင်း လှမ်း၍ စမ်းနှိုက်နေခြင်း ဖြစ်ပေလိမ့်မည်။
ဤအချက်ကို ယန်ကွမ်း တွေးမိပြီးနောက် မမ ရွှီလ င်း၏ ပါးပြင်လေးနှစ်ဖက်မှာမူ နီမြန်းလျက်ရှိနေသ ည်ကို မြင်ရသောအခါ ထိုအချိန်တွင် သူမ မည်မျှပ င် ရှက်ကိုးရှက်ကန်းဖြစ်ပြီး နေရခက်နေမည့်အား ယန်ကွမ်း ခန့်မှန်းမိသွားသည်။
တော်သေးသည်က အိမ်တွင် အခြား မည်သူမျှ မရှိပေ။
သို့မဟုတ်ပါက သူမ ပို၍ပင် မျက်နှာပူနေရော့မည်။
ယန်ကွမ်း စိုက်ကြည့်နေစဉ်မှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မနေသော ရွှီလင်းသည် တစ်စုံတစ်ဦးက သူမအား စိုက်ကြည့်နေသည်ဟူ၍ ခံစားမိကာ မျက် လုံးပွင့်လာခဲ့သည်။
ထိုအခါ ယန်ကွမ်းနှင့် အကြည့်ချင်း ဆုံမိသွားကြရာ သူမ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ လေသံတိုးတိုး လေး မေးလိုက်၏။
"ဟင် နင ပြန်ရောက်ပြီလား"
ယန်ကွမ်းက ခေါင်းညိတ်ပြလိုက်၏။
"အင်း... ဟိုမှာ အဆင်ပြေသွားပြီမို့ ကျတော် အရင် ပြန်လာခဲ့တာ မမလင်း.."
"အေးပါ..အဆင်ပြေသွားရင်လည်း ပြီးတာပါပဲ"
ရွှီလင်းက ခပ်ဖွဖွလေး ပြုံးလိုက်ရင်း ယာယာ့လေး ကျောပြင်လေးကို ပွတ်သပ်ပေးရန် လက်လှမ်းလို က်စဉ်မှာပဲ ကလေးငယ်၏ လက်ကလေးမှာ သူမ အ င်္ကျီထဲ ရောက်နေသည်အား သတိပြုမိသွားသည်။
သူမ ခဏမျှ အံ့အားသင့်သွားပြီးနောက် ပါးပြင်နှစ် ဖက်စလုံး ချက်ချင်းဆိုသလို ရဲခနဲ နီမြန်းလာခဲ့၏။
မမရွှီလင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို ရိပ်မိ သဖြင့် ယန်ကွမ်းလည်း ဘာမှမပြောတော့ဘဲ ချက် ချင်းပင် အခန်းဝမှ လှည့်ထွက်ခဲ့လိုက်၏။
အခန်းထဲသို့ ယန်ကွမ်း ပြန်ရောက်၍ ထိုင်နေမိကာ သူသည် အကြောင်းရင်းမရှိဘဲ ယာယာလေးကို အ လိုလို မနာလိုဖြစ်မိသွားရှာသည်။
ဘာပဲဖြစ်ဖြစ် ကလေးမို့လို့သာ ထိုသို့ ကိုင်ခွင့်ရ၏။ သူ့သည်ကား ဤသို့လုပ်ပိုင်ခွင့် မည်သို့ ရှိမည်နည်း ။
“ဒေါက်..ဒေါက်..ဒေါက်..”
ယန်ကွမ်းတစ်ယောက် အတွေးထဲ မျောနေစဉ်မှာပ င် အပြင်ဘက်မှ တံခါးခေါက်သံအား ကြားလိုက်ရ သည်။
ထို့နောက် ရွှီလင်းက အပြင်ဘက်မှ လှမ်းမေးလိုက် ၏။
"အစ်မဝူက ဘာလို့ ပြန်မလာသေးတာလဲဟင်"
ယန်ကွမ်းလည်း လှမ်းပြောလိုက်၏။
"သြော်... မရီးက အဲဒီမှာပဲ သူ့အမေကို ဆက်ပြီး ပြု စုပေးချင်သေးလို့တဲ့..ညကျမှပဲ ပြန်လာဖြစ်မယ် ထ င်တယ် မမလင်းရ.."
"အော်.ငါ.. သိပြီ"
ထိုမျှသာ ပြန်ပြောပြီးနောက် ရွှီလင်းက ဘာမှထပ် မပြောတော့ပ။
ခြေသံလေး ဝေးကွာသွားသည်ကို ကြားရသဖြင့် သူ မ ထွက်ခွာသွားပြီမှန်း ယန်ကွမ်း သိလိုက်ရသည်။ ယန်ကွမ်းမှာမူ ဘာတွေ စိတ်ကူးပေါက်သွားသည် မ သိဘဲ အလောတကြီး ဖိတ်ခေါ်မိလိုက်၏။
"မမလင်း... ကလေးလည်း အိပ်ပျော်နေပြီပဲဥစ္စာ.. ကျတော့်အခန်းထဲ ခဏလာထိုင်ပါလား"
"ဟင်..."
ရွှီလင်းက ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ပြန်ပြော လိုက်သည်။
"မလာတော့ပါဘူးကွယ်..ခဏနေရင် ငါ.. ဖန်လုံအိမ် ဆောက်လုပ်ရေးဆိုက်ဘက် သွားကြည့်ရဦးမှာ.. မေ ာင်လေးပဲ အိမ်မှာနေပြီး ကလေးကို စောင့်ကြည့် ပေးထားလိုက်နော်.."
"သြော်... ဟုတ်ကဲ့ပါ"
ထိုစကားကို ကြားရသောအခါ ယန်ကွမ်းလည်း အ နည်းငယ် စိတ်ပျက်သွားမိသော်လည်း ဘာဆက်ပြေ ာရမှန်း မသိတော့ချေ။
ရွှီလင်းတွင် လုပ်စရာကိစ္စများ ရှိနေသဖြင့် ယန်ကွမ် းတစ်ယောက်တည်း တစ်နေ့ခင်းလုံး အိမ်တွင် ကျ န်ရစ်ခဲ့ပြီး ယာယာလေးနှင့်အတူ ကလေးထိန်းအလု ပ်ဖြင့် အချိန်ကုန်လွန်ခဲ့ရသည်။
ညနေမိုးချုပ်၍ ရွှီလင်းတစ်ယောက် ဖန်လုံအိမ်စိုက် ပျိုးရေးဆိုက်မှ ပြန်ရောက်လာသောအခါ ခြံအတွင်း ၌ လျှပ်စစ်စက်ဘီး တစ်စီးတည်းသာ ရှိနေသေးသ ည်ကို မြင်လျှင် မြင်ချင်း ယန်ကွမ်းအား လှမ်းမေးလိုက်၏။
"ရှောင်ကွမ်း..မရီးက အခုထိ ပြန်မလာသေးဘူးလား "
"ဟုတ်တယ်... ပြန်မလာတော့ဘူး ထင်တယ်"
ယန်ကွမ်းက ခေါင်းညိတ်ပြကာ ဆက်ပြောလိုက်သ ည်။
"မရီးက သူ့မိသားစုနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေ အောင် လုပ်ချင်နေတာဆိုတော့ မပြန်လာလည်းထာ းလိုက်ပါတော့ဗျာ.."
"အင်း"
ရွှီလင်းလည်း ခေါင်းညိတ်ကာ မီးဖိုချောင်ဘက်သို့ လျှောက်လာကာ လက်ဆေးရင်း မေးလိုက်၏။
"နင် ညစာ ဘာစားမလဲ ငါ ချက်ပေးမယ်လေ..”
"မလိုပါဘူး... ကျတော်ပဲ ချက်လိုက်ပါ့မယ် မမလင်း လည်း တစ်နေ့ခင်းလုံး ပင်ပန်းလာတာပဲ.. ထိုင်ပြီး န ားလိုက်ပါဦးဗျာ.."
ယန်ကွမ်းက ပြောပြောဆိုဆိုဖြင့် ယာယာ့ကို အော က်သို့ ချပေးလိုက်ရာ ကလေးမှာမူ တရွေ့ရွေ့ဖြင့် ရွှီ လင်းရှိရာဆီသို့ လျှောက်လာခဲ့သည်။
ကလေးငယ်က သူမထံသို့သာ ကပ်နေသည်ကို မြင် သဖြင့် ရွှီလင်းလည်း မတတ်နိုင်တော့ဘဲ လက်ကို အမြန်ဆေးကာ ကလေးအား ပွေ့ချီလိုက်ရပြီး မီးဖို ချောင်ထဲ ဝင်သွားသော ယန်ကွမ်းကို ငေးကြည့်နေ မိတော့သည်။
ယန်ကွမ်းက ညစာအတွက် ခေါက်ဆွဲပြုတ်ကြော် ပြု လုပ်ရန် ပြင်ဆင်လိုက်ပြီး ချက်ပြုတ်ပြီးသား ခေါက် ဆွဲများကို ရေအေးအေးဖြင့် ဆေးကာ ခရမ်းချဥ်သီး အတုံးလေးများနှင့် ပဲပြားစပ်စပ်လေးကို ဆော့စ်အ ဖြစ် အပေါ်မှ ဆမ်းပေးလိုက်ရာ အလွန်ပင် အရသာ ရှိလှပေသည်။
ရွှီလင်းသည် ခေါက်ဆွဲ နှစ်ပန်းကန် စားပြီးနောက် သူ့ ဝမ်းဗိုက်လေးကို စိတ်ကျေနပ်စွာ ပွတ်သပ်ရင်း ချီးကျူးလိုက်၏။
"အိုး..ရှောင်ကွမ်း..နင့်ရဲ့ လက်ရာက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူးဟယ်.."
ယန်ကွမ်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ပြန်ပြော လိုက်သည်။
"ဒါပေါ့... ကျတော်က ပါရမီရှင်ပဲဟာကို..ဘာလုပ်လု ပ် အကောင်းဆုံး ဖြစ်နေမှာပေါ့ဗျ..ဟဲဟဲ.."
"ဖွီး..နင်က မြှောက်ပေးတာနဲ့ တစ်ခါတည်း ဘဝင် ခေါင်ခိုက်သွားတော့တာပဲ…”
ရွှီလင်းက ယန်ကွမ်းအား တစ်ချက်ကြည့်ကာ ပြော လိုက်၏။
"ဟဲ့ နင်..ကလေးကို ခေတ္တကြည့်ထားပေးဦးနော် အ စ်မ ရေသွားချိုးလိုက်ဦးမယ်.."
"ဟုတ်..ရပါတယ်ဗျာ..”
ယန်ကွမ်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ့ ရင် ခုန်သံများမှာမူ အလိုလို မျှော်လင့်ချက်များဖြင့် ပြ ည့်နှက်သွားရသည်။
ပုံမှန်အားဖြင့် မမရွှီလင်းသည် အဝတ်အစားကို လုံ လုံခြုံခြုံ ဝတ်ဆင်တတ်သူဖြစ်ရာ နေ့ခင်းဘက်တွင် အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်များကိုသာ ဝတ် ဆင်လေ့ရှိပြီး ညဘက် ရေချိုးပြီးချိန်မှသာ ပေါ့ပေါ့ ပါးပါးနှင့် အေးမြစေမည့် အဝတ်အစားမျိုးကို လဲ လှယ်ဝတ်ဆင်တတ်သောကြောင့် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ အိမ်ထဲမှာပဲ ရှိနေသည်မို့ အပြင် မှာလို အထပ်ထပ် လုံခြုံအောင် ဝတ်ဆင်ထားရန် မ လိုအပ်ပေ။
ဤအချက်သည်ပင် ယန်ကွမ်း စောင့်မျှော်နေသည့် အခိုက်အတန့် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ရွှီလင်း၏ ဆီးနှင် းကဲ့သို့ ဖွေးစင်ဝင်းပနေသော ပေါင်တံ သွယ်သွယ် လေးများနှင့် နုနယ်သော ခြေဖဝါးလေးများကိုသာ ငေးကြည့်ရသည်အား အလွန်ပင် သဘောကျသော ကြောင့် ဖြစ်၏။
အချိန်များတရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် ကော င်းကင်၌ တစ်စတစ်စ မှောင်မိုက်လာခဲ့ရာ ရွှီလင်းသ ည် ခေါင်းတွင် တံပတ်ကို ပတ်လျက်၊ခြေညှပ်ဖိနပ် လေးကို စီးကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
အပေါ်က စွပ်ကျယ်အင်္ကျီအဖြူလေးနှင့် အောက်က ဘောင်းဘီတိုအမည်းလေး ဝတ်ထားရာ ထိုအောက် တွင်မူ ဝင်းပဖြူစင်လွန်းသည့် ပေါင်တံသွယ်သွယ် လေးများ ရှိနေရာ အလွန်ပင် ပြီးပြည့်စုံလွန်းလှသေ ာ မြင်ကွင်းတစ်ခု ဖြစ်နေ၏။
ယာယာလေးကို ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း ယန်ကွ မ်းတစ်ယောက် အကြည့်မလွှဲနိုင်ဘဲ ငေးမောကာ ကြ ည့်နေမိသည်။ကြည့်နေရင်းဖြင့်ပင် စိတ်ထဲမှလည်း ယန်ကွမ်း တွေးမိလိုက်၏။
“တောက် ဒီမြင်ကွင်းကိုသာ ဗီဒီယိုရိုက်ထားလို့ရရင် မြင်ရတဲ့ယောက်ျားတိုင်း သွားရည်ကျမိမှာပဲကွာ…”
ရွှီလင်းမှာမူ ယန်ကွမ်း၏ ဤကဲ့သို့သော အကြည့် မျိုးနှင့် ကျွမ်းဝင်နေပြီဖြစ်၍ မျက်စောင်းတစ်ချက် သာ ခပ်စူးစူး ကျွေးလိုက်ပြီးနောက် သူမထံသို့ တိုး ဝှေ့လာသော ယာယာလေးကို ကောက်ချီကာ ပြော လိုက်၏။
"မိုးချုပ်ပြီဆိုတော့ ဒီကလေးဆိုးလေး အိပ်ရမယ့် အ ချိန်ရောက်ပြီ.လာ...မမနဲ့အတူ အိပ်ဖို့ သွားကြစို့..”
ပြောပြောဆိုဆိုဖြင့် သူမသည် ယာယာလေးကို ပွေ့ ပိုက်လျက် အခန်းထဲသို့ ဝင်သွားပေသည်။
ယန်ကွမ်းလည်း စိတ်ထဲမှ ကျေနပ်စွာဖြင့် ကျိတ်၍ သက်ပြင်းချက်ကာ ရေရွတ်လိုက်၏။
“ဒီနေ့အတွက် ငါ မျက်စိအစာကျွေးတဲ့ အစီအစဥ် တော့ ပြီးသွားပြီပဲကွာ..ဟီး..”
ထို့ကြောင့် သူလည်း မတ်တတ်ထရပ်ကာ စောစောစီ းစီး အနားယူရန် မိမိအခန်းဆီသို့ ပြန်လာခဲ့လို က်သည်။
“ဝူး..ဝူး..မေမေ့..ဝူး.ဝူး..”
ညဉ့်နက်သန်းခေါင်ယံသို့ ရောက်လာသောအခါ ယန် ကွမ်းတစ်ယောက် အိပ်မောကျခါနီး အချိန်ဝယ် က လေးငယ်တစ်ဦး၏ စူးစူးဝါးဝါး ငိုကြွေးသံအား ရုတ် တရ က် ကြားလိုက်ရပေသည်။