← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇ အကျိုးအမြတ်

​ယန်ကွမ်းက ဆရာဝန်ဟူကို ကြည့်ကာ ပြန်မေးလိုက် ၏။

"အမ်..ဒီအတွက်ပါ ပိုက်ဆံပေးရဦးမှာလား”

ဆရာဝန်ဟူက ဒေါသတကြီးဖြင့် ပြန်အော်လိုက်သ ည်။

​"ဘာကွ.... မင်းက တစ်ခါမှ လူနာတင်ကား မစီးဖူး ဘူးလား..ကားခေါ်ရင် ကားခပေးရတာ သဘာဝပဲ လေ"

​သူ့အမူအရာကို မြင်တော့ ယန်ကွမ်းက စိတ်ပျက်လ က်ပျက်ဖြင့် မျက်လုံးအသာဝေ့လိုက်ကာ တွေးလိုက် မိသည်။

“ဒီလူက.. ဘယ်လိုလုပ် ဆရာဝန်လိုင်စင် ရလာတာ ပါလိမ့်.သူ့.စိတ်ထဲမှာ ပိုက်ဆံကို စိတ်ရောက်နေတာ ပဲ”

​သို့သော်ငြားလည်း ယခုအချိန်တွင် ထိုလူနှင့် ငြင်းခုံ မနေချင်တော့သဖြင့် ယန်ကွမ်းက ခေါင်းညိတ်ကာ မေးလိုက်၏။

"ဘယ်လောက်လဲ.."

​ဆရာဝန်ဟူက လက်ကို ဆန့်ထုတ်ကာ အသံကျယ် ကျယ်ဖြင့် ပြောလိုက်သည်။

​"ယွမ် ၂၀၀.."

​ယန်ကွမ်း၏ အိတ်ကပ်ထဲတွင် အသင့်ပါလာသော ငွေသားများ ရှိနေသဖြင့် ထုတ်ကာ ထိုလူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ထို့နောက် ထိုလူ့မျက်နှာကို ထ ပ် မကြည့်ချင်တော့သဖြင့် အိမ်ထဲသို့ ပြန်ဝင်ရန် လှ ည့်ထွက်လိုက်၏။

​ဆရာဝန်ဟူလည်း မကျေမနပ်ဖြင့် ပြန်လည် ထွက် ခွာသွားပေသည်။လူနာတင်ကားလေး မောင်းထွက် သွားသည် နှင့် တစ်ပြိုင်နက် ဟူကွမ်းရှန့်နှင့် ဝူဒေါင် ပြန်ရောက်လာကြ၏။

​ဟူကွမ်းရှန့်က တရုတ်တိုင်းရင်းဆေးထုပ်များကို ကို င်ကာ အခန်းထဲသို့ ဝင်လာစဉ် ဆွန်းဟွေ့ဟွား တစ် ယောက် ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရပြန်သည်။

​ထိုအချိန်တွင် ဝူဒေါင်က ကပျာကယာ မေးလိုက်၏။

"ဆရာကြီးယန်... ကျတော့်အမေကို ဒီဆေး ဘယ် လိုတိုက်ရမလဲခင်ဗျာ"

​ယန်ကွမ်းက ပြောပြောဆိုဆိုဖြင့် ဆေးထုပ်အား ဝူ ဒေါင်လက်ထဲမှ လှမ်းယူလိုက်သည်။

​"ဒီဆေးတွေကို ငါးရက်စာ အချိုးကျ ခွဲပေးမယ် ဒီ အတိုင်းအဆအတိုင်းပဲ ပုံမှန်အတိုင်း ကြိုချက်ပြီး တိုက်လိုက်ရုံပဲ.."

​ဆေးခွဲဝေပေးပြီးသည်နှင့် ဝူဒေါင်က ဆေးကြိုချက် ရန်အတွက် အလောတကြီး ထွက်ခွာသွား၏။

​ဝူရှောင်လျန်းတစ်ယောက် စိတ်မချ၍ ဤနေရာမှ မ ပြန်ချ င်သေးမှန်း ယန်ကွမ်း ရိပ်မိသဖြင့် ဝင်ပြောလို က်သည်။

​"မရီး... အိမ်မှာပဲ မရီးအမေကို အေးအေးဆေးဆေး ပြုစုစောင့်ရှောက်ပေးလိုက်ပါဦး ယာယာ့အတွက် တော့ ဘာမှမပူပါနဲ့.. မမလင်းနဲ့ ကျတော်တို့ ကြည့် ထားပေးပါ့မယ်.."

​"အင်း... ဒါဆိုရင်တော့ မောင်လေးနဲ့ လင်းလင်းတို့ ကို အားနာလိုက်တာဟာ..”

​ယန်ကွမ်းက ပြုံးကာ ပြန်ပြောလိုက်၏။

"အာ ကျွန်တော်တို့က..မိသားစုတွေပဲ မရီးရယ်..ဘာ လို့ အားနာနေရမှာလဲဗျာ..."

ထိုသို့​ပြောပြီးသည်နှင့် ယန်ကွမ်းက ဟူကွမ်းရှန့်အာ း တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ ခြံအပြင် သို့ လှည့်ထွက်လာခဲ့သည်။

မရီးဖြစ်သူမှာ စိတ်မချနိုင်သေး၍ ကျန်ရစ်ခဲ့သော် လည်း ယန်ကွမ်းကမူ ဤအိမ်တွင် တစ်စက္ကန့်မျှပင် ဆက်၍ မနေချင်တော့ချေ။

ထို့ကြောင့် အိမ်အပြင်သို့ ထွက်လာပြီးနောက် ယန် ကွမ်းသည် လျှပ်စစ်စက်ဘီးကို စီးကာ ချက်ချင်းပင် ထွက်လာခဲ့၏။

​မကြာမီမှာပင် အိမ်သို့ ပြန်လည်ရောက်လာသောအ ခါ ခြံအတွင်း၌ မည်သူမျှမရှိဘဲ အိမ်တစ်အိမ်လုံး တိ တ်ဆိတ်ငြိမ်သက်နေသည်အား ယန်ကွမ်း တွေ့လိုက် ရသည်။ ယာယာလေး အိပ်ပျော်နေပြီမှန်း သူ ရိပ်မိ သဖြင့် အိမ်ထဲသို့ တိတ်တိတ်လေး ဝင်လာခဲ့၏။

​မရီး၏ အခန်းတံခါးဝသို့ ရောက်သောအခါ တံခါး မှာ ပွင့်နေသဖြင့် ယန်ကွမ်းလည်း ခေါင်းလေးပြူ ကာ အထဲသို့ အသာချောင်းကြည့်လိုက်မိသည်။

​မျှော်လင့်ထားသည့်အတိုင်းပင် မမရွှီလင်းသည် ယာ ယာလေးကို ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း နှစ်ဦးသား ကုတင်ပေါ်တွင်အိပ်ပျော်နေပေသည်။

​အမှန်တကယ်တွင်မူ ယန်ကွမ်းအနေဖြင့် အသာလေ းကြည့်ရန်သာ ရည်ရွယ်ခဲ့သော်လည်း သူ ကြည့်မိ လိုက်သည့်အချိန်ခဏ၌ ရုတ်တရက် ကြောင်အကာ တောင့်တင်းသွားရ၏။

​အဘယ်ကြောင့်ဆိုသော် ရွှီလင်း၏ ရင်ခွင်ထဲ၌ အိပ် ပျော်နေသော ယာယာလေး၏ လက်ကလေးတစ်ဖ က်သည် ရွှီလင်း၏ စွပ်ကျယ်အင်္ကျီအောက်ထဲသို့ လျှိုဝင်နေသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ် သည်။

​".........."

​ယန်ကွမ်းတစ်ယောက် ခေတ္တမျှ ဆွံ့အသွားပြီး ဘာ လုပ်ရမှန်းမသိအောင် အကြံအိုက်သွားရရှာသည်။

​ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိပြီးမှ ယာ ယာလေးသည် နို့ဆာသဖြင့် နို့ရှာနေခြင်းဖြစ်မည်ကို မူ ယန်ကွမ်း သဘောပေါက်သွား၏။

သို့သော်လည်း ရွှီလင်းမှာ အပျိုစင်လေးသာ ရှိသေ းရာ အဘယ်မှာ နို့ရည်ရှိပါမည်နည်း။ထို့ကြောင့် သူ မသည် ကလေးအား နို့မှုန့်ဖျော်၍သာ တိုက်ကျွေးထ ားခဲ့ပုံရသည်။

​သို့သော်လည်း ယာယာလေးတွင် မကောင်းသောအ ကျင့်တစ်ခု ရှိနေသည်။

သူမသည် မရီး၏ရင်ခွင်၌ နို့စို့သည့်အခါတိုင်း တစ် ဖက်ကို စို့ရင်း ကျန်တစ်ဖက်ကို လက်ကလေးဖြင့် ကို င်ထားတတ်သည့် အကျင့်ရှိ၏။

အသက်တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ဘာသိရှာမည်နည်း။

ရွှီလင်းက နို့မှုန့်ဖျော်တိုက်သည်ဆိုသော်လည်း ယာ ယာလေးကမူ ထိုအချက်ကို ဂရုမစိုက်ဘဲ အကျင့်အ တိုင်း လှမ်း၍ စမ်းနှိုက်နေခြင်း ဖြစ်ပေလိမ့်မည်။

​ဤအချက်ကို ယန်ကွမ်း တွေးမိပြီးနောက် မမ ရွှီလ င်း၏ ပါးပြင်လေးနှစ်ဖက်မှာမူ နီမြန်းလျက်ရှိနေသ ည်ကို မြင်ရသောအခါ ထိုအချိန်တွင် သူမ မည်မျှပ င် ရှက်ကိုးရှက်ကန်းဖြစ်ပြီး နေရခက်နေမည့်အား ယန်ကွမ်း ခန့်မှန်းမိသွားသည်။

​တော်သေးသည်က အိမ်တွင် အခြား မည်သူမျှ မရှိပေ။

သို့မဟုတ်ပါက သူမ ပို၍ပင် မျက်နှာပူနေရော့မည်။

​ယန်ကွမ်း စိုက်ကြည့်နေစဉ်မှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မနေသော ရွှီလင်းသည် တစ်စုံတစ်ဦးက သူမအား စိုက်ကြည့်နေသည်ဟူ၍ ခံစားမိကာ မျက် လုံးပွင့်လာခဲ့သည်။

ထိုအခါ ​ယန်ကွမ်းနှင့် အကြည့်ချင်း ဆုံမိသွားကြရာ သူမ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ လေသံတိုးတိုး လေး မေးလိုက်၏။

"ဟင် နင ပြန်ရောက်ပြီလား"

ယန်ကွမ်းက ခေါင်းညိတ်ပြလိုက်၏။

​"အင်း... ဟိုမှာ အဆင်ပြေသွားပြီမို့ ကျတော် အရင် ပြန်လာခဲ့တာ မမလင်း.."

​"အေးပါ..အဆင်ပြေသွားရင်လည်း ပြီးတာပါပဲ"

ရွှီလင်းက ခပ်ဖွဖွလေး ပြုံးလိုက်ရင်း ယာယာ့လေး ကျောပြင်လေးကို ပွတ်သပ်ပေးရန် လက်လှမ်းလို က်စဉ်မှာပဲ ကလေးငယ်၏ လက်ကလေးမှာ သူမ အ င်္ကျီထဲ ရောက်နေသည်အား သတိပြုမိသွားသည်။

သူမ ခဏမျှ အံ့အားသင့်သွားပြီးနောက် ပါးပြင်နှစ် ဖက်စလုံး ချက်ချင်းဆိုသလို ရဲခနဲ နီမြန်းလာခဲ့၏။

​မမရွှီလင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို ရိပ်မိ သဖြင့် ယန်ကွမ်းလည်း ဘာမှမပြောတော့ဘဲ ချက် ချင်းပင် အခန်းဝမှ လှည့်ထွက်ခဲ့လိုက်၏။

​အခန်းထဲသို့ ယန်ကွမ်း ပြန်ရောက်၍ ထိုင်နေမိကာ သူသည် အကြောင်းရင်းမရှိဘဲ ယာယာလေးကို အ လိုလို မနာလိုဖြစ်မိသွားရှာသည်။

​ဘာပဲဖြစ်ဖြစ် ကလေးမို့လို့သာ ထိုသို့ ကိုင်ခွင့်ရ၏။ သူ့သည်ကား ဤသို့လုပ်ပိုင်ခွင့် မည်သို့ ရှိမည်နည်း ။

“ဒေါက်..ဒေါက်..ဒေါက်..”

ယန်ကွမ်းတစ်ယောက် အတွေးထဲ မျောနေစဉ်မှာပ င် အပြင်ဘက်မှ တံခါးခေါက်သံအား ကြားလိုက်ရ သည်။

​ထို့နောက် ရွှီလင်းက အပြင်ဘက်မှ လှမ်းမေးလိုက် ၏။

"အစ်မဝူက ဘာလို့ ပြန်မလာသေးတာလဲဟင်"

ယန်ကွမ်းလည်း လှမ်းပြောလိုက်၏။

​"သြော်... မရီးက အဲဒီမှာပဲ သူ့အမေကို ဆက်ပြီး ပြု စုပေးချင်သေးလို့တဲ့..ညကျမှပဲ ပြန်လာဖြစ်မယ် ထ င်တယ် မမလင်းရ.."

​"အော်.ငါ.. သိပြီ"

​ထိုမျှသာ ပြန်ပြောပြီးနောက် ရွှီလင်းက ဘာမှထပ် မပြောတော့ပ။

​ခြေသံလေး ဝေးကွာသွားသည်ကို ကြားရသဖြင့် သူ မ ထွက်ခွာသွားပြီမှန်း ယန်ကွမ်း သိလိုက်ရသည်။ ယန်ကွမ်းမှာမူ ဘာတွေ စိတ်ကူးပေါက်သွားသည် မ သိဘဲ အလောတကြီး ဖိတ်ခေါ်မိလိုက်၏။

"မမလင်း... ကလေးလည်း အိပ်ပျော်နေပြီပဲဥစ္စာ.. ကျတော့်အခန်းထဲ ခဏလာထိုင်ပါလား"

​"ဟင်..."

​ရွှီလင်းက ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ပြန်ပြော လိုက်သည်။

"မလာတော့ပါဘူးကွယ်..ခဏနေရင် ငါ.. ဖန်လုံအိမ် ဆောက်လုပ်ရေးဆိုက်ဘက် သွားကြည့်ရဦးမှာ.. မေ ာင်လေးပဲ အိမ်မှာနေပြီး ကလေးကို စောင့်ကြည့် ပေးထားလိုက်နော်.."

​"သြော်... ဟုတ်ကဲ့ပါ"

ထိုစကားကို ကြားရသောအခါ ယန်ကွမ်းလည်း အ နည်းငယ် စိတ်ပျက်သွားမိသော်လည်း ဘာဆက်ပြေ ာရမှန်း မသိတော့ချေ။

​ရွှီလင်းတွင် လုပ်စရာကိစ္စများ ရှိနေသဖြင့် ယန်ကွမ် းတစ်ယောက်တည်း တစ်နေ့ခင်းလုံး အိမ်တွင် ကျ န်ရစ်ခဲ့ပြီး ယာယာလေးနှင့်အတူ ကလေးထိန်းအလု ပ်ဖြင့် အချိန်ကုန်လွန်ခဲ့ရသည်။

​ညနေမိုးချုပ်၍ ရွှီလင်းတစ်ယောက် ဖန်လုံအိမ်စိုက် ပျိုးရေးဆိုက်မှ ပြန်ရောက်လာသောအခါ ခြံအတွင်း ၌ လျှပ်စစ်စက်ဘီး တစ်စီးတည်းသာ ရှိနေသေးသ ည်ကို မြင်လျှင် မြင်ချင်း ယန်ကွမ်းအား လှမ်းမေးလိုက်၏။

"ရှောင်ကွမ်း..မရီးက အခုထိ ပြန်မလာသေးဘူးလား "

"ဟုတ်တယ်... ပြန်မလာတော့ဘူး ထင်တယ်"

​ယန်ကွမ်းက ခေါင်းညိတ်ပြကာ ဆက်ပြောလိုက်သ ည်။

"မရီးက သူ့မိသားစုနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေ အောင် လုပ်ချင်နေတာဆိုတော့ မပြန်လာလည်းထာ းလိုက်ပါတော့ဗျာ.."

​"အင်း"

​ရွှီလင်းလည်း ခေါင်းညိတ်ကာ မီးဖိုချောင်ဘက်သို့ လျှောက်လာကာ လက်ဆေးရင်း မေးလိုက်၏။

"နင် ညစာ ဘာစားမလဲ ငါ ချက်ပေးမယ်လေ..”

​"မလိုပါဘူး... ကျတော်ပဲ ချက်လိုက်ပါ့မယ် မမလင်း လည်း တစ်နေ့ခင်းလုံး ပင်ပန်းလာတာပဲ.. ထိုင်ပြီး န ားလိုက်ပါဦးဗျာ.."

​ယန်ကွမ်းက ပြောပြောဆိုဆိုဖြင့် ယာယာ့ကို အော က်သို့ ချပေးလိုက်ရာ ကလေးမှာမူ တရွေ့ရွေ့ဖြင့် ရွှီ လင်းရှိရာဆီသို့ လျှောက်လာခဲ့သည်။

​ကလေးငယ်က သူမထံသို့သာ ကပ်နေသည်ကို မြင် သဖြင့် ရွှီလင်းလည်း မတတ်နိုင်တော့ဘဲ လက်ကို အမြန်ဆေးကာ ကလေးအား ပွေ့ချီလိုက်ရပြီး မီးဖို ချောင်ထဲ ဝင်သွားသော ယန်ကွမ်းကို ငေးကြည့်နေ မိတော့သည်။

ယန်ကွမ်းက ​ညစာအတွက် ခေါက်ဆွဲပြုတ်ကြော် ပြု လုပ်ရန် ပြင်ဆင်လိုက်ပြီး ချက်ပြုတ်ပြီးသား ခေါက် ဆွဲများကို ရေအေးအေးဖြင့် ဆေးကာ ခရမ်းချဥ်သီး အတုံးလေးများနှင့် ပဲပြားစပ်စပ်လေးကို ဆော့စ်အ ဖြစ် အပေါ်မှ ဆမ်းပေးလိုက်ရာ အလွန်ပင် အရသာ ရှိလှပေသည်။

​ရွှီလင်းသည် ခေါက်ဆွဲ နှစ်ပန်းကန် စားပြီးနောက် သူ့ ဝမ်းဗိုက်လေးကို စိတ်ကျေနပ်စွာ ပွတ်သပ်ရင်း ချီးကျူးလိုက်၏။

"အိုး..ရှောင်ကွမ်း..နင့်ရဲ့ လက်ရာက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူးဟယ်.."

ယန်ကွမ်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ပြန်ပြော လိုက်သည်။

​"ဒါပေါ့... ကျတော်က ပါရမီရှင်ပဲဟာကို..ဘာလုပ်လု ပ် အကောင်းဆုံး ဖြစ်နေမှာပေါ့ဗျ..ဟဲဟဲ.."

​"ဖွီး..နင်က မြှောက်ပေးတာနဲ့ တစ်ခါတည်း ဘဝင် ခေါင်ခိုက်သွားတော့တာပဲ…”

​ရွှီလင်းက ယန်ကွမ်းအား တစ်ချက်ကြည့်ကာ ပြော လိုက်၏။

"ဟဲ့ နင်..ကလေးကို ခေတ္တကြည့်ထားပေးဦးနော် အ စ်မ ရေသွားချိုးလိုက်ဦးမယ်.."

​"ဟုတ်..ရပါတယ်ဗျာ..”

​ယန်ကွမ်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ့ ရင် ခုန်သံများမှာမူ အလိုလို မျှော်လင့်ချက်များဖြင့် ပြ ည့်နှက်သွားရသည်။

​ပုံမှန်အားဖြင့် မမရွှီလင်းသည် အဝတ်အစားကို လုံ လုံခြုံခြုံ ဝတ်ဆင်တတ်သူဖြစ်ရာ နေ့ခင်းဘက်တွင် အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်များကိုသာ ဝတ် ဆင်လေ့ရှိပြီး ညဘက် ရေချိုးပြီးချိန်မှသာ ပေါ့ပေါ့ ပါးပါးနှင့် အေးမြစေမည့် အဝတ်အစားမျိုးကို လဲ လှယ်ဝတ်ဆင်တတ်သောကြောင့် ဖြစ်၏။

​မည်သို့ပင်ဖြစ်စေ အိမ်ထဲမှာပဲ ရှိနေသည်မို့ အပြင် မှာလို အထပ်ထပ် လုံခြုံအောင် ဝတ်ဆင်ထားရန် မ လိုအပ်ပေ။

​ဤအချက်သည်ပင် ယန်ကွမ်း စောင့်မျှော်နေသည့် အခိုက်အတန့် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ရွှီလင်း၏ ဆီးနှင် းကဲ့သို့ ဖွေးစင်ဝင်းပနေသော ပေါင်တံ သွယ်သွယ် လေးများနှင့် နုနယ်သော ခြေဖဝါးလေးများကိုသာ ငေးကြည့်ရသည်အား အလွန်ပင် သဘောကျသော ကြောင့် ဖြစ်၏။

​အချိန်များတရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် ကော င်းကင်၌ တစ်စတစ်စ မှောင်မိုက်လာခဲ့ရာ ရွှီလင်းသ ည် ခေါင်းတွင် တံပတ်ကို ပတ်လျက်၊ခြေညှပ်ဖိနပ် လေးကို စီးကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

​အပေါ်က စွပ်ကျယ်အင်္ကျီအဖြူလေးနှင့် အောက်က ဘောင်းဘီတိုအမည်းလေး ဝတ်ထားရာ ထိုအောက် တွင်မူ ဝင်းပဖြူစင်လွန်းသည့် ပေါင်တံသွယ်သွယ် လေးများ ရှိနေရာ အလွန်ပင် ပြီးပြည့်စုံလွန်းလှသေ ာ မြင်ကွင်းတစ်ခု ဖြစ်နေ၏။

ယာယာလေးကို ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း ယန်ကွ မ်းတစ်ယောက် အကြည့်မလွှဲနိုင်ဘဲ ငေးမောကာ ကြ ည့်နေမိသည်။ကြည့်နေရင်းဖြင့်ပင် စိတ်ထဲမှလည်း ယန်ကွမ်း တွေးမိလိုက်၏။

“တောက် ဒီမြင်ကွင်းကိုသာ ဗီဒီယိုရိုက်ထားလို့ရရင် မြင်ရတဲ့ယောက်ျားတိုင်း သွားရည်ကျမိမှာပဲကွာ…”

​ရွှီလင်းမှာမူ ယန်ကွမ်း၏ ဤကဲ့သို့သော အကြည့် မျိုးနှင့် ကျွမ်းဝင်နေပြီဖြစ်၍ မျက်စောင်းတစ်ချက် သာ ခပ်စူးစူး ကျွေးလိုက်ပြီးနောက် သူမထံသို့ တိုး ဝှေ့လာသော ယာယာလေးကို ကောက်ချီကာ ပြော လိုက်၏။

"မိုးချုပ်ပြီဆိုတော့ ဒီကလေးဆိုးလေး အိပ်ရမယ့် အ ချိန်ရောက်ပြီ.လာ...မမနဲ့အတူ အိပ်ဖို့ သွားကြစို့..”

​ပြောပြောဆိုဆိုဖြင့် သူမသည် ယာယာလေးကို ပွေ့ ပိုက်လျက် အခန်းထဲသို့ ဝင်သွားပေသည်။

​ယန်ကွမ်းလည်း စိတ်ထဲမှ ကျေနပ်စွာဖြင့် ကျိတ်၍ သက်ပြင်းချက်ကာ ရေရွတ်လိုက်၏။

“ဒီနေ့အတွက် ငါ မျက်စိအစာကျွေးတဲ့ အစီအစဥ် တော့ ပြီးသွားပြီပဲကွာ..ဟီး..”

​ထို့ကြောင့် သူလည်း မတ်တတ်ထရပ်ကာ စောစောစီ းစီး အနားယူရန် မိမိအခန်းဆီသို့ ပြန်လာခဲ့လို က်သည်။

“ဝူး..ဝူး..မေမေ့..ဝူး.ဝူး..”

​ညဉ့်နက်သန်းခေါင်ယံသို့ ရောက်လာသောအခါ ယန် ကွမ်းတစ်ယောက် အိပ်မောကျခါနီး အချိန်ဝယ် က လေးငယ်တစ်ဦး၏ စူးစူးဝါးဝါး ငိုကြွေးသံအား ရုတ် တရ က် ကြားလိုက်ရပေသည်။

All Chapters