အခန်း ၅၈
Vol. 6 Ch. 58
အခန်း ၅၈ အိပ်မပျော်သော ညတစ်ည
ယန်ကွမ်းက ကုတင်ပေါ်မှ ချက်ချင်းထထိုင်လိုက်ပြီး အိပ်ရာမှ ကပျာကယာ ဆင်းလာခဲ့သည်။
သူက ခပ်သွက်သွက်လှမ်းရင်း မရီးဖြစ်သူ၏ အခန်း တံခါးဝသို့ ရောက်လာသော်လည်း အထဲသို့ ဇွတ်မ ဝင်သေးဘဲ တံခါးကြားမှ လှမ်းမေးလိုက်၏။
"မမလင်း...ဘာဖြစ်လို့လဲဟင်.."
ရွှီလင်းက ညည်းတွားကာ ပြောရှာသည်။
"ဒီကလေးက သူ့အမေကို လွမ်းနေလို့ထင်တယ် ဘ ယ်လိုမှ ချော့လို့မရဘူး.. လုံးဝကို မအိပ်ဘူး ဖြစ်နေ တာ.."
ယန်ကွမ်းက ထပ်မေးလိုက်၏။
"ဒါဆို ကျွန်တော် ဝင်လာခဲ့ရမလား"
ရွှီလင်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
"ဟူး..အေးဝင်လာခဲ့လေ.. နင့်ကိုမြင်ရင် ယာယာ လေး အငိုတိတ်ပြီး အိပ်ပျော်သွားမလားလို့..”
တံခါးဖွင့်၍ ယန်ကွမ်း ဝင်လာသောအခါ ရွီလင်းမှာမူ စောစောက အဝတ်အစားအတိုင်း ရှိနေဆဲဖြစ်ပြီး ယ ာယာကို ရင်ခွင်ထဲပွေ့ချီကာ အကြံမရသည့် အမူအ ရာဖြင့် ကုတင်စောင်းတွင် ထိုင်နေသည်အား သူ တွေ့လိုက်ရသည်။
ယန်ကွမ်း အနားသို့ တိုးလာသောအခါ မျက်ရည်ဆ မ်းဆမ်းဖြင့် ငိုယိုနေသော ယာယာလေးကို မြင်ရသ ဖြင့် လက်လှမ်း၍ နှာခေါင်းချွန်ချွန်လေးအား အသာ အယာ ကုတ်ပေးလိုက်ရင်း စနောက်လိုက်၏။
"ဒီကလေးမလေးတော့.. ဂျီကျပြန်ပြီ.."
ပုံမှန်ဆိုလျှင်မူ ဤသို့စနောက်ရုံဖြင့် ယာယာလေးမှာ တခိခိ ရယ်မောနေကျ ဖြစ်သည်။
သို့သော်လည်း ယနေ့တွင်မူ ကောင်မလေးမှာ ဘာဖြ စ်နေသည်မသိ စိတ်မပြေသည့်အပြင် ပို၍ပင် အော် ဟစ်ငိုယိုနေခဲ့၏။
ဘာမျှတတ်နိုင်ခြင်းမရှိသည့်အဆုံး ယန်ကွမ်းလည်း ယာယာလေးအား ရင်ခွင်ထဲသို့ လွှဲပြောင်းကာ ပွေ့ချီ လိုက်ပြီး ဖြည်းဖြည်းလေး ပုတ်ပေးကာ ချော့မြူလို က်သည်။
"မငိုနဲ့တော့နော်..သမီးလေးရေ.. မြန်မြန်အိပ်တော့ နော်..မအိပ်ရင် ဝံပုလွေကြီး လာဖမ်းလိမ့်မယ်သိလာ း"
ရွှီလင်းမှာမူ "..."
သူမ စကားပင် ဆွံ့အသွားရ၏။ကလေးကို ချော့သိ ပ်ရာတွင် ဤကဲ့သို့ ခြောက်လှန့်၍ သိပ်ရသည်ဟူ၍ ရှိပါသလော။
သို့သော်လည်း မထင်မှတ်ထားဘဲ ယာယာ၏ ငိုသံ မှာ တဖြည်းဖြည်း တိုးတိတ်သွားပြီး နောက်ဆုံးတွင် တကယ်ပင် ငြိမ်သက်သွားခဲ့သည်။
ရွှီလင်းက ငုံ့ကြည့်လိုက်သည့်အခါ၌မူ ကလေးငယ် သည် အငိုတိတ်သွားသော်ငြား ဝိုင်းစက်သော မျက် ဝန်းအစုံမှာ ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုနေပြီး အိပ် စက်မည့် အရိပ်အယောင်မျှပင် မရှိသည်ကို တွေ့လို က်ရသဖြင့် သက်ပြင်းချကာ ပြောလိုက်၏။
"ဟင်း..ယာယာလေးက နင့်နဲ့ပဲ အိပ်ချင်နေပုံရတ ယ် နင့်အခန်းထဲပဲ ခေါ်သွားပြီး သိပ်လိုက်တော့လေ"
"ရပါတယ် မမလင်း…ဒါဆို ကျွန်တော်သွားတော့မ ယ်နော်..”
ပြောပြီးနောက် ယာယာ့လေးကို ပွေ့ချီကာ အခန်းထဲ မှ ထွက်ရန် ယန်ကွမ်း ပြင်လိုက်သည်။
သို့သော် တံခါးဝသို့ပင် မရောက်သေးခင်မှာပင် ကေ ာင်မလေးက နှုတ်ခမ်းလေး စူထွက်လာပြီး ပြန်၍ ငိုနေပြန်သည်။
"ဟောဗျာ... သမီးလေးရယ်..ဘာဖြစ်ချင်နေတာလဲ"
ယန်ကွမ်း ခြေလှမ်းတို့ ရပ်တန့်သွားပြီး နောက်သို့ ပြ န်ဆုတ်လာခဲ့ရ၏။ထိုအခါမှသာ ယာယာလေး၏ ငို သံစဲသွားပြန်သည်။
ယန်ကွမ်းနှင့် ရွှီလင်းတို့ တစ်ယောက်ကို တစ်ယော က် ကြည့်မိကြပြီး နှစ်ဦးစလုံး ပြောစရာ စကားမဲ့ သွား၏။
"ဒါမှမဟုတ်ရင်... နင်ပဲ ဒီအခန်းထဲမှာ အိပ်လိုက်တေ ာ့လေ.. ငါပဲ ဟိုဘက်အခန်း ပြန်သွားလိုက်မယ်ယ."
ထိုသို့ပြောဆိုကာ ရွှီလင်းက လှည့်ထွက်ရန် ပြင်လို က်သည်။သို့သော်လည်း သူမ တံခါးဝသို့ပင် မလှမ်း ရသေးခင်မှာပင် ယာယာလေးက ထပ်မံ၍ အော်ငိုပြ န်၏။
"..."
ယန်ကွမ်နှင့် ရှုလင်တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တ ည်း ဆွံ့အသွားရပြန်သည်။ယာယာလေး၏ အမူအ ရာကို ကြည့်ခြင်းအားဖြင့် ရွှီလင်းကိုလည်း အခန်း ထဲမှ အထွက်မခံလိုသည်မှာ ထင်ရှားနေသည်။
စကားပင် မပြောတတ်သေးသည့် အရွယ် ဖြစ်သော် လည်း အတော်ပင် ဂျီကျတတ်ပေသည်။
"သူက ကျွန်တော်တို့ နှစ်ယောက်စလုံးကို ဘေးမှာ ရှိ ချင်နေတာ ထင်တယ်ဗျ.."
ရွှီလင်းက မတတ်နိုင်သည့်အလား ကြည့်ရင်း သက် ပြင်းချကာ ညည်းတွားမိလိုက်၏။
"ဟင်း..အဲ့လိုလုပ်လို့ အဆင်မပြေဘူးလေ..”
ကလေးတစ်ယောက် ရှိနေသည်ဆို စေဦးတော့ အခ န်း တစ်ခန်းတည်းတွင် အပျို လူပျိုနှစ်ဦး အတူတူ ရှိ နေရန်မှာ မသင့်တော်လှသည် မဟုတ်ပေလော။
ရွှီလင်း အနေဖြင့်လည်း အမျိုးသားတစ်ဦးနှင့် တစ် ခန်းတည်း အတူတူ တစ်ခါမျှ မအိပ်စက်ဖူးချေ။
ယန်ကွမ်းက အကြံပေးလိုက်၏။
"ဒါဆိုရင်လည်း... သူ အိပ်ပျော်သွားအောင် အရင် ချော့သိပ်လိုက်ကြရအောင်..ပြီးမှ ကျွန်တော် တိတ် တိတ်လေး ပြန်ထွက်သွားမယ်လေ.."
"အင်းလေ.. ဒီလိုပဲ လုပ်ရတော့မှာပေါ့."
ရွှီလင်းလည်း ခေါင်းညိတ်လက်ခံကာ ကုတင်စောင်း တွ င် အားကိုးရာမဲ့စွာဖြင့် ကုတင်စောင်းတွင် ထိုင်ချ လိုက်သည်။
ထိုအခါကျမှ ယာယာလေးက သူမ၏ လက်မောင်း လေးနှစ်ဖက်ကို ဆန့်တန်းကာ လက်ချောင်းလေးမျာ း ကို ဆုပ်ချည်ဖြန့်ချည်လုပ်ရင်း ရွှီလင်း၏ ရင်ခွင် ထဲသို့ တိုးဝင်ရန် ပြင်တော့သည်။
အခြားနည်းလမ်းမရှိတော့သဖြင့် ရွှီလင်းလည်း က လေးငယ်ကို ပွေ့ချီလိုက်ပြီး ရင်ခွင်ထဲ ထည့်ကာ ချေ ာ့လိုက်သည်။.
"ဒီသမီးဆိုးလေး..မြန်မြန်အိပ်တော့နော်..မဟုတ်ရင် မမ စိတ်ဆိုးတော့မှာ.."
“ဟီး..”
ယာယာ့ မျက်နှာလေးပေါ်တွင် မျက်ရည်များ စိုရွှဲနေ ဆဲ ဖြစ်သော်လည်း ထိုစကားကို ကြားသောအခါ သူ မက သွားလေးဖြဲကာ ရယ်ပြနေသည်။
ဘေးနားမှာရှိသော ခုံတန်းလျားပေါ်တွင် ယန်ကွမ်း ဝင်ထိုင်လိုက်ပြီး သူတို့နှစ်ဦးကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
"ဒီညတော့ ဒီကလေးကို အသေအလဲကို ချော့ရတေ ာ့မယ်ထင်တယ်ဗျာ..”
"ဟုတ်ပဟယ်.."
ရွှီလင်းက ခေါင်းညိတ်ထောက်ခံရင်း ယာယာ့နှာခေါ င်းလေးကို အသာအယာ ဆွဲလိုက်ပြီးနောက် ရင်ခွင် ထဲပွေ့လျက် ကုတင်ပေါ်တွင် လှဲချလိုက်၏။ထို့နော က် ယာယာ့ကျောပြင်လေးကို ပုတ်ပေးရင်း ချော့မြူ လိုက်သည်။
"အိပ်တော့နော်..သမီးလေးက လိမ္မာတယ်.. မြန်မြန် အိပ်နော်..”
သူမ၏ လေသံမှာ နူးညံ့ပျော့ပျောင်းသောကြောင့် ယန်ကွမ်း ကြားရသည်အချိန်၌ သူ့ ရင်ထဲတွင် တလှ ပ်လှပ် ဖြစ်သွားရ၏။
သို့သော်လည်း ယာယာက ကုတင်ပေါ်မှ ပြန်ထလာ ပြီး မတ်တပ်ရပ်ကာ ယန်ကွမ်းဆီသို့ လက်လှမ်းပြပြ န်သည်။
ယန်ကွမ်လည်း ဘာပြောရမှန်းမသိတော့ဘဲ ပြုံးမိက ာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ သမီးရဲ့..မမလင်း ရှိနေတာတောင် မလောက်သေးလို့ ဦးကိုပါ လှမ်းခေါ်နေတာလား"
ရွှီလင်းမှာမူ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ နှုတ်ခ မ်း ကို ဖိကိုက်လျက် မျက်နှာလေး နီမြန်းကာ ပြော လို က်သည်။
"ဒါဆိုရင်လည်း... နင်ပါ ဒီဘက်ကို လာခဲ့လိုက်လေ"
ယန်ကွမ်းတစ်ယောက် အံ့အားသင့်သွားရ၏။
"ဗျာ... အဲဒါ အဆင်ပြေပါ့မလား"
ရွှီလင်းက ကုတင်အတွင်းဘက်သို့ အသာတိုးရင်း ယန်ကွမ်းနှင့် မျက်လုံးချင်း မဆုံဝံ့ဘဲ ရှောင်ဖယ်ကာ ပြောလိုက်သည်။
"သူ အိပ်ပျော်သွားဖို့က အဓိကပဲလေ..ပြီးမှပဲ ကျန် တာ ပြောကြတာပေါ့ဟာ.."
ယန်ကွမ်းအတွက်မူ ဤသည်ကား သူ မျှော်လင့်နေမိ သော အခွင့်အရေးပင် ဖြစ်ချေသည်။ထိုစကားကို ကြားရပြီး သူမ၏ အပြုအမူကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ထိုင်ရာမှထ၍ ကုတင်ဘေးသို့ တိုးလာ ခဲ့၏။
ထို့နောက် ယာယာ့ဘေးတွင် ဝင်လှဲလိုက်ရာ သူတို့နှ စ်ဦးကြား၌ ကလေးငယ်လေးတစ်ယောက်သာ ခြား နေပေသည်။
ခပ်သင်းသင်း ရနံ့လေးတစ်ခုကို ရလိုက်သဖြင့် ခေါ င်းလျှော်ရည်နံ့ ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ မမရွှီ လင်း၏ စိုစွတ်နေဆဲ ဆံနွယ်များကို ကြည့်ရင်း ယန် ကွမ်း မေးလိုက်၏။
"မမလင်းက.. ဘာခေါင်းလျှော်ရည် သုံးထားတာလဲ ဟင်.."
"ဒါက ဆပ်ပြာအရည်ပါ.. စံပယ်ရနံ့လေ.."
"ဩော်... မွှေးလိုက်တာဗျာ.."
ယန်ကွမ်းက ပြုံးလျက် ယာယာတစ်ယောက် ကြား ထဲတွင် လှဲချလိုက်သည်ကို မြင်သဖြင့် လက်လှမ်း၍ ကလေးငယ်ကို အသာအယာ ပုတ်ပေးလိုက်သည်။
ထိုအချိန်မှာပင် ရွှီလင်း၏လက်ကလည်း ကလေး ကို ပုတ်သိပ်ရန် လှမ်းအလာ တိုက်ဆိုင်သွားပြီး ၎င်း တို့နှစ်ဦး၏ လက်ဖဝါးအချင်းချင်း ထိမိသွား၏။
ရွှီလင်းတစ်ယောက် ဓာတ်လိုက်သွားသကဲ့သို့ သူမ ၏လက်ကို ကပျာကယာ ပြန်ရုပ်သိမ်းလိုက်မိပြီး မျ က်နှာလေးမှာလည်း ပို၍ပင် နီမြန်းလာခဲ့သည်။
နှစ်ဦးကြား အကွာအဝေးမှာ သုံးဆယ်၊လေးဆယ် စ င်တီမီတာခန့်သာ ရှိသဖြင့် ယန်ကွမ်းက သူမ၏ ပါး ပြင်မို့မို့နှင့် ချောမွတ်နေသော အသားအရေလေးကို ငေးမောကြည့်ကာ ရင်သပ်ရှုမော ဖြစ်သွားရ၏။
သို့သော် ယာယာကမူ သူတို့နှစ်ဦးကို ဤမျှဖြင့် အေး အေးလူလူ နေခွင့်မပေးလိုသည့်အလား ဘေးသို့တစ် စောင်း လှည့်လိုက်၊ဟိုဘက်ဒီဘက် လူးလှိမ့်လိုက် ဖြ င့် ပျော်မြူးနေသည်။
ယန်ကွမ်းက ရယ်ချင်နေသည့်အမူအရာဖြင့် ပြောလို က်၏။
"ညကလည်း ဘာမှအထွေအထူး ကျွေးထားတာ မ ဟုတ်ဘဲနဲ့.. ဒီကလေး ဘယ်က အားတွေ ထွက်နေမှ န်းကို မသိဘူး"
ရွှီလင်းလည်း ပြုံးရင်း ပြန်ပြောလိုက်သည်။
"သူ့ခမျာ အိပ်ချင်စိတ်မှ မရှိတာ.ဘာတတ်နိုင်မှာလဲ "
"မရဘူး... ကျွန်တော်ကတော့ အလျှော့မပေးနိုင်ပါ ဘူး…မအိပ်အိပ်အောင် လုပ်ရမယ်..”
ထိုအချိန်ခဏ၌ ယန်ကွမ်းတို့နှစ်ဦးသား မျက်လုံးချ င်းဆုံမိသွားကြပြီးနောက် ရွှီလင်းက ရှက်ကိုးရှက်က န်းဖြင့် ချက်ချင်းပင် မျက်နှာလွှဲကာ ယန်ကွမ်းအား မကြည့်ရဲတော့ချေ။
ယာယာလေးနှင့်အတူနှင့်အတူ အချိန်မည်မျှ ကုန်ဆုံ းသွားသည်မသိပေ။
ရွှီလင်းတစ်ယောက် အလွန် ပင်ပန်းနွမ်းနယ်လာကာ အိပ်စက်ခြင်းဆီသို့ နစ်မြောလုနီးပါး ဖြစ်လာခဲ့သည် ။
ယာယာလေး လည်း ဆော့ကစားရသည်မှာ မောပန်း လာဟန်တူ၏။သူမက ယန်ကွမ်းဘက်သို့ လှည့်ကာ ကုတင်ခေါင်းရင်းရှိ မီးခလုတ်ကြိုးလေးကို လက်ညိ
ုးထိုးပြနေသည်။
"ဉာဏ်ကောင်းလှချည်လားဟ..”
ယာယာလေးက မီးပိတ်ခိုင်းနေမှန်း ရိပ်မိသဖြင့် ယန် ကွမ်းက တိုးတိုးဖြင့် ရေရွတ်လိုက်ရင်း အခန်းတွင်း ရှိ မီးကို ပိတ်ပစ်လိုက်၏။
တစ်ခန်းလုံး ရုတ်တရက် မှောင်သွားသော်လည်း သူ ထွက်သွား၍မရသေးချေ။အဘယ်ကြောင့်ဆိုသော် ယာယာက မထင်မှတ်ဘဲ ယန်ကွမ်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာကာ အိပ်မောကျသွားခဲ့သောကြောင့် ဖြစ် သည်။
မှောင်မည်းနေသော အမိုးမျက်နှာကြက်ကို ယန်ကွမ် း ကြည့်ရင်း စိတ်ထဲမှ တွေးမိလိုက်၏။
”ဒီကလေးမလေးကတော့ တကယ့်ကို လူလည်လေး ပဲ..သူက ငါနဲ့ မမရွှီလင်းကို အနီးကပ်ဆုံးဖြစ်အောင် ဖန်တီးပေးနေတာပဲဟ..”'
အကယ်၍ သူမသာ ဤမျှအထိ ဂျီမကျခဲ့ပါလျှင် သူ သည် အမျိုးသမီးတစ်ဦးနှင့် ကုတင်တစ်လုံးပေါ် တွ င် အတူတူ လှဲလျောင်းခွင့်ရမည့် အခွင့်အရေးမျိုး မည်သို့မျှ ရှိလာနိုင်မည်မဟုတ်ချေ။
သို့သော်လည်း တစ်နှစ်သားအရွယ် ကလေးငယ်တ စ်ဦးက ဤမျှအထိ တွေးတောနိုင်ပါမည်လော။
အချိန်အတော်ကြာသောအခါ ယာယာလေး အိပ်ပျေ ာ်သွားပြီဟု ထင်ရသဖြင့် ယန်ကွမ်းက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
"မမလင်း... မမလင်း.."
ရွှီလင်းမှာမူ အိပ်မောကျလုနီးပါး ဖြစ်နေပြီဖြစ်၍ ခပ်တိုးတိုးမျှသာ ပြန်ဖြေနိုင်၏။
"ဟင်....."
"ကလေး အိပ်ပျော်သွားပြီဆိုတော့... ကျွန်တော် အ ခန်း ပြန်လိုက်တော့မယ်နော်.."
သို့သော်လည်း မထင်မှတ်ဘဲ ရွီလင်းက တိုးတိုးလေ း ပြန်ပြောလိုက်သည်။
"ထားလိုက်ပါတော့...နင် ဒီမှာပဲ အိပ်လိုက်တော့လေ ..."
"ဗျာ..."
ယန်ကွမ်းတစ်ယောကမ ဆွံ့အမှင်သက်သွားရသည်။ သူမထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည် ဟူ၍ သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
ယန်ကွမ်းက ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ရွှီလင်းထံမှ အသက်ရှူသံသဲ့သဲ့လေးကိုသာ ကြားလို က်ရသဖြင့် သူမ အိပ်ပျော်သွားပြီဖြစ်ကြောင်း သိလို က်ရသည်။
ယန်ကွမ်းက ခေတ္တမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီ း စိတ်ထဲကနေ တွေးမိလိုက်၏။
“နေဆိုတော့လည်း နေရုံပေါ့ကွာ..သူကိုယ်တိုင် နေခို င်းတာပဲဟာ..”
ထို့ကြောင့် ယန်ကွမ်းတစ်ယောက် သူ့အခန်းသို့ ပြန် ရန် မရည်ရွယ်တော့ဘဲ ယာယာ့ကို ပွေ့ချီလျက် မျ က်လုံးများ မှိတ်ကာ အိပ်လိုက်ပေသည်။
သူ အိပ်ပျော်သွားပြီးနောက် အချိန်မည်မျှ ကုန်ဆုံး သွားသည်မသိခင်မှာပင် ယာယာလေးက ယန်ကွမ်း ရင်ခွင်ထဲမှ ရုန်းထွက်ကာ ဘေးဘက်သို့ တွားသွား နေသည်ကို ခံစားမိသော်လည်း ယန်ကွမ်းက ဂရု မ စိုက်မိချေ။
သို့သော်လည်း သူ ဆက်လက်အိပ်မောကျနေစဉ်မှာ ပင် မွှေးပျံ့သော ရနံ့လေးနှင့်အတူ သူ့ ရင်ခွင်ထဲသို့ လူတစ်ဦး တိုးဝင်လာခဲ့ရာ ယန်ကွမ်းလည်း ချက်ချင် းဆိုသလို လန့်နိုးသွားရသည်။