အခန်း ၅၉
Vol. 6 Ch. 59
အခန်း ၅၉ မထိန်းချုပ်နိုင်သော စိတ်
ယန်ကွမ်း နိုးလာသောအခါ စိတ်ထဲတွင် ဝေဝါးနေဆဲ ဖြစ်သော်လည်း ရင်ခွင်ထဲရှိ နူးညံ့အိစက်ပြီး မွှေးပျံ့ နေသော ခန္ဓာကိုယ်လေးကို ထိတွေ့မိလိုက်သည်နှင့် ချက်ချင်းပင် သဘောပေါက်သွား။
ဤလူသည် ရွှီလင်းမှတစ်ပါး အခြားလူ မဖြစ်နိုင် ချေ။
သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အပြင်ဘက် တွင် အာရုဏ်ဦးအလင်းရောင်ဖျော့ဖျော့ ပေါ်နေပြီ ဖြစ်၍ အခန်းတွင်း၌ စောစောကကဲ့သို့ ဘာမျှ မမြင် ရလောက်အောင် မှောင်မည်းမနေတော့ဘဲ နည်းနည် း လင်းနေ၏။
အမှန်တကယ်ပင် သူ့ရင်ခွင်ထဲတွင် ကွေးကွေးလေး ဖြစ်ကာ နှစ်ခြိုက်စွာ အိပ်မောကျနေသူမှာ မမရွှီလင် း ဖြစ်နေသည်။
ယန်ကွမ်းက ကုတင်ပေါ်သို့ ဝေ့ဝဲကြည့်လိုက်ရာ ယာ ယာတစ်ယောက် ဘယ်အချိန်ကတည်းက တွားသွာ းလိုက်သည်မသိ ကုတင်အတွင်းဘက်အစွန်းသို့ ရောက်နေကာ ထိုနေရာတွင် အိပ်မောကျနေသည်ကို တွေ့လိုက်ရ၏။
ယန်ကွမ်းတစ်ယောက် အံ့ဩဆွံ့အသွားရသလို စိတ် ထဲမှလည်း ရေရွတ်မိလိုက်သည်။
“အာ..ယာယာ... ယာယာရယ်... သမီးလေးကတော့ တကယ့်ကို အစွမ်းထက်တာပဲယ. ဦးဦးကို ဒီလော က်အထိ ကူညီပေးတာ မရီးထက်တောင် သာသေး တယ်ကွာ..”'
သူက မမရွှီလင်း၏ ပုခုံးစွန်းလေးကို သိုင်းဖက်ထား မိလျက်ရှိပြီး သူမ၏ ရှည်လျားသော မျက်တောင် လေးများမှာ သူ့ မျက်စိရှေ့တွင်ပင် ရှိနေ၏။
ထိုအချိန်ခဏ၌ ယန်ကွမ်းခဗျာ ရုတ်တရက် သွေးမျ ား ဆူဝေလာကာ အာခေါင်များပါ ခြောက်ကပ်လာ သလို ခံစားလိုက်ရ၏။
အမှန်တကယ်ပင် ဤမျှ လှပချောမောသော မိန်းက လေးတစ်ဦးအား သူ့ ရင်ခွင်ထဲ၌ ပွေ့ဖက်ထားခွင့် ရ လိမ့်မည်ဟူ၍ ယန်ကွမ်းတစ်ယောက် အိပ်မက်ပင် မမက်ဖူးခဲ့ချေ။
အထူးသဖြင့် ယခုလက်ရှိအချိန်တွင် ရွှီလင်းသည် အိပ်ပျော်နေသော်လည်း သူမ အိပ်စက်နေသည့် အ မူအရာလေးမှာ အလွန်ပင် လှပလွန်းနေသည်။
ယန်ကွမ်းက သူမကို ငေးမောကြည့်ရင်း ခေတ္တမျှ မိန်းမောသွားရပြီးနောက် မသိစိတ်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။
ထို့နောက် သူသည် နောင်တွင် အလွန်တရာ နောင်တ ရမည့် အပြုအမူတစ်ခုကို ပြုလုပ်မိလိုက်၏။ယန်ကွ မ်းက ခေါင်းကို အသာအယာ ငုံ့လိုက်ပြီး ရွှီလင်း၏ နဖူးပြင်လေးအား ခပ်ဖွဖွလေး နမ်းလိုက်သည်။
သို့သော်လည်း ထိုအနမ်းကြောင့်ပင် ရွှီလင်းမှာမူ ရု တ်တရက် နိုးလာခဲ့ရပြီး ခေါင်း ထောင်ကြည့်ကာ မျ က်လုံးများ ပြူးကိယ်လာခဲ့၏။
ထို့နောက် သူမသည် ယန်ကွမ်း၏ ရင်ခွင်ထဲမှ ရုန်း ထွက်ရန် အတင်း ကြိုးစားနေသည်။သူမက တွန်းလို က်သဖြင့် ယန်ကွမ်းတစ်ယောက် ကုတင်ပေါ်မှပင် လွင့်ကျလုနီးပါး ဖြစ်သွားရ၏။
ကုတင်ပေါ်တွင် ကမန်းကတန်း ယန်ကွမ်း ပြန်ထိုင် လိုက်ရင်း အပြစ်ရှိသလို အမူအရာဖြင့် တောင်းပန် လိုက်သည်။
"မမလင်း.. ကျွန်တော်... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူးဗျာ.."
"နှာဘူးကောင်..”
ရွှီလင်း၏ မျက်နှာတစ်ပြင်လုံး နီမြန်းသွားပြီးနောက် ခပ်တိုးတိုးလေး ကျိန်ဆဲလိုက်ရင်း မေးလိုက်၏။
"နင် ငါ့ကို ဘယ်အချိန်ကတည်းက ဖက်ထားတာလဲ "
ယန်ကွမ်းက ကပျာကယာ ရှင်းပြလိုက်သည်။
"အခုလေးတင်ပါ..မမကိုယ်တိုင်ပဲ ကျွန်တော့် ရင်ခွင် ထဲ တိုးဝင်လာတာပါဗျာ..ကျွန်တော်က အရင်ဖက် တာ တကယ်မဟုတ်ပါဘူး မမရယ်.."
"......."
ရွှီလင်းက မယုံကြည်သော်လည်း ယန်ကွမ်း၏ မျက် လုံးများကို ကြည့်၍ ပြန်လည်စဉ်းစားမိသောအခါ ဤကောင်လေးမှာ သူမအပေါ် တမင်တကာ အမြတ် ထုတ်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ခုနက ခိုးနမ်းလိုက်ရုံသာ ဖြစ်မည်ဟု တွေးမိသွားသည်။
ထို့နောက် သူမ လှည့်၍ ကြည့်လိုက်ရာ ယာယာမှာ နှ စ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်သဖြင့် ယန်ကွမ်း ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်၏။
"ကလေး အိပ်ပျော်နေတုန်း နင် မြန်မြန် ကိုယ့်အခန်း ကိုယ်ပြန်တော့.."
"ဟုတ်... ဟုတ်.."
ယန်ကွမ်းခဗျာ စိတ်ပျက်အားလျော့သွားရသည် ဤ ကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ယန်ကွမ်းက စိတ်ထဲမှ နမြောတသ ဖြစ်ကာ ရေရွတ် လိုက်မိသည်။
”ဒီလိုဖြစ်မှန်းသိရင် စောစောက ငါ ခိုးမနမ်းခဲ့ပါဘူး ကွာ အနည်းဆုံးတော့ နောက်ထပ် တစ်နာရီလောက် ပွေ့ဖက်ထားခွင့် ရဦးမှာကို ချီးပဲ..”
သို့သော်လည်း ယခုအချိန်တွင် ဘာမျှပြော၍ မထူး တော့သဖြင့် သူသည် ကုတင်ပေါ်မှဆင်းကာ ထိုနေရ ာမှ ထွက်ခွာလာခဲ့၏။
မိမိအခန်းသို့ ပြန်ရောက်၍ လှဲလိုက်သောအခါ ယန် ကွမ်းထံ၌ အိပ်ချင်စိတ်ဟူ၍ အနည်းငယ်မျှပင် မရှိ တော့ချေ။
သူသည် လက်မောင်းကို ခေါင်းအုံးလျက် မျက်နှာ ကြက်ကို ငေးကြည့်ရင်း စောစောက ခံစားချက်ကို ပြန်လည်ပုံဖော်ကာ စိတ်ကူးယဥ်နေမိ၏။
မမလင်းကိုသာအမြဲတမ်း အခုလို ပွေ့ဖက်ပြီး အိပ်စ က်ခွင့်ရမယ်ဆိုရင် နတ်စည်းစိမ် ခံစားရသလို ဖြစ် နေမှာပဲ' ဟူ၍ ယန်ကွမ်း စိတ်ကူးယဉ်နေမိသည်။
သို့သော်လည်း 'ပူပူနွေးနွေးတိုဖူးကို လောပြီး စားလို့ မရ' ဆိုသည့် ဆို့ရိုးစကားအတိုင်း စိတ်စော၍ မဖြစ် မှန်း သူ နားလည်၏။
ယန်ကွမ်းတစ်ယောက် မျက်လုံးကြောင်လျက် နံနက် ခြောက်နာရီအထိ စောင့်ပြီးနောက် အိပ်ရာမှထကာ မျက်နှာသစ် သန့်စင်ပြီးလျှင် နံနက်စာ ချက်ပြုတ်ရ န် ပြင်ဆင်လိုက်သည်။
နံနက်စာ အဆင်သင့်ဖြစ်လုနီးပါး အချိန်တွင် ရွှီလင်း ကလည်း ခုနလေးမှ နိုးလာပုံရသော ယာယာ့ကို ပွေ့ ချီလျက် ထွက်လာခဲ့၏။ယာယာလေးက မျက်လုံးမျ ားကို ပွတ်သပ်နေဆဲဖြစ်ပြီး အိပ်ချင်မူးတူး ဖြစ်နေ သည်။
ရွှီလင်းက သူ့ကို လှည့်မကြည့်သည်ကို မြင်ရသဖြင့် သူမ စိတ်ဆိုးနေဆဲ ဖြစ်လိမ့်မည်ဟု ရိပ်မိကာ ယန် ကွမ်းက ပြုံးကာ လှမ်းပြောလိုက်၏။
"မမလင်း.. ဒီနေ့ ဆောက်လုပ်ရေးဘက်ကို မသွားပါ နဲ့တော့လား.."
ရွှီလင်းက အံ့အားသင့်သွားပြီးမှ ယန်ကွမ်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဟင်..ဘာဖြစ်လို့လဲ"
"ကျွန်တော် ဒီနေ့ တောင်သုံးလုံးဥတွေကို စိုက်မလို့ဗျ ကလေးကို ကြည့်ပေးမယ့်သူလည်း မရှိဘူးလေ ဒါ့ အပြင် ဆောက်လုပ်ရေးဘက်မှာလည်း အားလုံးက ပုံမှန်အတိုင်း လည်ပတ်နေတာပဲဥစ္စာ.. မမလင်း အ မြဲတမ်း သွားကြည့်နေဖို့ မလိုပါဘူး.."
ရွှီလင်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"ဩော်... ရပါတယ်..ငါ ယာယာ့ကို ခေါ် ပြီး သွားကြ ည့်လို့ရတာပဲ..ဘာမှလုပ်စရာမရှိရင် ပြန်လာခဲ့မယ် လေ.."
"အဲဒါဆိုလည်း ပြီးတာပါပဲ..ကိုယ့်ကိုယ်ကိုယ်တော့ အပင်ပန်းမခံနဲ့နော် မမ..”
“အေးပါ..”
မမလင်းက သူ့စကားကို နားထောင်သည်ကို မြင်ရ သဖြင့် ယန်ကွမ်းလည်း စိတ်ထဲမှ သက်ပြင်းချကာ စိတ်အေးသွားရသည်။
နံနက်စာ သုံးဆောင်ပြီးနောက် သူသည် လိုအပ်သော ပစ္စည်းကိရိယာများကို ယူဆောင်ကာ အိမ်မှထွက်၍ နောက်ဘက်တောင်တန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့တော့သည်။
လက်ရှိတွင် သူ့ထံ၌ ကိရိယာတန်ဆာပလာများနှင့် မှိုမျှင်မြေဆီများသာ ရှိပြီး တောင်သုံးလုံးဥ၏ အပင် များ မရှိသေးသဖြင့် ယန်ကွမ်းလည်း ဂူအတွင်း၌ ပ စ္စည်းများကို ချထားခဲ့ပြီးနောက် တောင်ပေါ်သို့ တစ် ခေါက် ပြန်တက်ခဲ့ရပြန်သည်။
ပြီးခဲ့သည့်အကြိမ်က တောင်သုံးလုံးဥအားလုံးကို သူ ကုန်အောင် မတူးခဲ့သဖြင့် ယခုအချိန်၌ ကျန်နေသေ ာ ဥများကို ကောင်းမွန်စွာ အသုံးချရမည့် အချိန်ပ င် ဖြစ်၏။
ယန်ကွမ်းလည်း ဤအလုပ်မှတစ်ဆင့် ငွေများစွာ ရှ ာဖွေနိုင်တော့မည်ဟု တွေးကာ စိတ်လှုပ်ရှားတက် ကြွနေပြီး အလုပ်လုပ်ရာတွင်လည်း အားအင်ပြည့် ဝနေသဖြင့် ပင်ပန်းသည်ဟူ၍ပင် မသိချေ။
တောင်သုံးလုံးဥများကို စုဆောင်းပြီးနောက် ယန်ကွ မ်းက ဂူထဲသို့ ပြန်လာကာ စိုက်ပျိုးရေးလုပ်ငန်းကို စလုပ်လိုက်သည်။
အပင်၏ သဘာဝအတိုင်း ကြီးထွားမှုကို စောင့်ဆိုင်း နေပါက အချိန်အလွန် ကြာမည်ဖြစ်သောကြောင့် ယ န်ကွမ်းက ရှန်းနူန်းကျွယ်စာအုပ်မှ ချီ စွမ်းအင်များ ကို အသုံးပြုလိုက်၏။
ဤကဲ့သို့သော အံ့ဖွယ် အစွမ်းအောက်၌ တောင်သုံး လုံးဥများသည် ကောင်းမွန်စွာ ရှင်သန်ကြီးထွားလာ လိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်နေခဲ့သည့။
အလုပ်ထဲတွင် စိတ်နှစ်ထားမိသဖြင့် ယန်ကွမ်းတစ် ယောက် အချိန်ကုန်မှန်းပင် မသိလိုက်ချေ။
မွန်းတည့် ၁၂ နာရီ ထိုးလုနီးပါး ဖြစ်နေပြီဖြစ်ကြော င်း ယန်ကွမ်းက ရုတ်တရက် သတိပြုမိလိုက်၏။အိ မ်တွင် မမရွှီလင်းနှင့် ယာယာလေးတို့ စောင့်နေမည် ကို တွေးမိသဖြင့် ယန်ကွမ်းက လက်ရှိပစ္စည်းများကို ကပျာကယာ ချထားခဲ့ပြီး အိမ်သို့ သုတ်ခြေတင် ပြ န်ခဲ့သည်။
အိမ်သို့ သူ ရောက်သောအခါ နံနက်စာ နေ့လယ်စာ မှာမူ အဆင်သင့် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သို့သော်လည်း အိမ်တွင် ရွှီလင်းတစ်ဦးတည်းသာ ရှိ နေသဖြင့် ယန်ကွမ်းက ကမန်းကတန်း မေးလိုက်သ ည်။
"မမလင်း..ယာယာလေးရော..”
"စောစောကတင် အစ်မဝူ ပြန်လာပြီး ခေါ်သွားတယ် လေ.."
ရွှီလင်းက ဆက်ပြောလိုက်၏။
"အစ်မဝူက..ယာယာ ဂျီကျပြီး ငိုမှာ စိုးလို့ဆိုပြီး လ ာခေါ်သွားတာ.."
"ဩော်..."
ထိုစကားကို ကြားလိုက်ရသောအခါ ယန်ကွမ်း၏ စိ တ်ထဲ၌ တစ်ခုခု လိုအပ်သွားသလို ဟာတာတာ ခံစာ းလိုက်ရသည်။
ယန်ကွမ်း၏ စိတ်ပျက်သွားသော အမူအရာကို မြင် လိုက်ရသဖြင့် ရွှီလင်းက စောင်းကြည့်ကာ ခနဲ့သလို ပြောလိုက်၏။
"ဒါကြောင့်... နင် ဒီညတော့ အေးအေးဆေးဆေး အိပ်ရတော့မှာပေါ့.. ယာယာ ဂျီကျတာကိုလည်း ခံ နေစရာ မလိုတော့ဘူးလေ.."
"ဟုတ်... ဟုတ်ပါတယ်.. အဲဒါလည်း ကောင်းတာပဲ"
ယန်ကွမ်းကမူ စိတ်ထဲကနေသာ ရေရွတ်မိလိုက်သ ည်။
“သူ ဂျီကျတာကိုပဲ ကျွန်တော်က လိုလားနေတာဗျ.. နှမြောစရာကြီးဗျာ…”
သို့သော်လည်း ထိုကဲ့သို့သော အတွေးမျိုးကို ထုတ် ဖော်မပြောရဲဘဲ စိတ်ထဲတွင်သာ မြိုသိပ်လိုက်ရ၏။
နေ့လယ်စာ စားပြီးနောက် နှစ်ဦးစလုံး အနားမယူကြ တော့ဘဲ အလုပ်ရှိရာသို့ အသီးသီး ထွက်ခွာသွားကြ ပြန်သည်။
ညနေစောင်းတွင် တစ်နေ့ကုန် အလုပ်ရှုပ်နေခဲ့သော ယန်ကွမ်းတစ်ယောက် အိမ်သို့ ပြန်ရောက်လာပြီး ထ မင်းဟင်းများ အဆင်သင့် ပြင်ဆင်ထားသည်ကို မြ င်လိုက်ရသောအခါ အလိုအလျောက် ပြုံးမိလိုက်၏ ။
မမရွှီလင်းက ထမင်းစားပွဲတွင် ထိုင်ကာ စောင့်ဆိုင်း နေပြီး သူမ၏ ပုံစံလေးမှာ ဇနီးသည်လေးတစ်ဦးအ လား သိမ်မွေ့နေချေသည်။
ယန်ကွမ်း၏ စိတ်ထဲတွင်လည်း မမလင်းက သူ အိ မ်ပြန်အလာကို စောင့်ကြိုနေသော ဇနီးသက်ထား ဖြစ်လေမလားဟူ၍ပင် စိတ်ကူးယဉ်နေမိသည်။
"နင်..ပင်ပန်းလာပြီလား... မျက်နှာသစ် သန့်စင်ပြီးရ င် ထမင်းစားရအောင်လေ.."
ယန်ကွမ်းတစ်ယောက် ပျော်ပျော်ရွှင်ရွှင် ပြုံးနေသ ည်ကို မြင်သဖြင့် ရွီလင်း၏ နှုတ်ခမ်းစွန်းလေးများ လည်း ကွေးကာ ပြုံးမိသွား၏။
မျက်နှာနှင့် လက်များကို ဆေးကြောပြီးနောက် ယန် ကွမ်းလည်း တုံ့ဆိုင်းမနေဘဲ ထမင်းစားပွဲတွင် ဝင်ထို င်ကာ အားပါးတရ စားပစ်လိုက်သည်။ထိုမြင်ကွင်း ကို ကြည့်ရင်း ရွှီလင်းလည်း စိတ်ထဲတွင် ကြည်နူးမိ သဖြင့် ပြုံးလျက် မေးလိုက်၏။
"ကြည့်ရတာ... နင် ဒီနေ့ တော်တော်လေး ပင်ပန်းလ ာပုံရတယ်နော်.."
ယန်ကွမ်းက ရယ်မောရင်း ပြောလိုက်သည်။
"ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်မျိုး မဟုတ်ပါဘူး မမလင်းရ.. စိတ်ထဲမှာလည်း တက်ကြွနေတော့ ဘ ယ်လောက်ပဲ လုပ်လုပ် မပင်ပန်းဘူးဗျ..ဟီး…”
"တောင်သုံးလုံးဥတွေက စိုက်လို့ ပြီးသွားပြီလား"
ယန်ကွမ်းက ထမင်းလုတ် ဝါးရင်း ပြောလိုက်၏။
"ဟုတ်ကဲ့.. မနက်ဖြန်ကျရင် ရေနည်းနည်း ထပ်လော င်းပေးပြီး ကြီးလာမယ့်အချိန်ကို စောင့်ရုံပဲ.."
ရွှီလင်းလည်း ခေါင်းညိတ်ပြပြီးနောက် ထပ်မမေး တော့ဘဲ ထမင်းဆက်စားလိုက်သည်။
ထမင်းစားပြီးသောအခါ အပြင်ဘက်တွင် မှောင်ရီ ပျိုးစပြုနေပြီဖြစ်၍ သူမသည် ပန်းကန်ခွက်ယောက် များကို သိမ်းဆည်းပြီး ရေချိုးသန့်စင်ရန်အတွက် ရေချိုးခန်းသုံးပစ္စည်းများကို ယူကာ ထွက်သွား၏။
သူမ၏ ကျောပြင်လှလှလေးကို ငေးကြည့်ရင်း ယန် ကွမ်းတစ်ယောက် အကြောင်းရင်းမရှိဘဲ စိတ်ထဲ၌ ထပ်မံ၍ တက်ကြွလာရပြန်သည်။
သူသည်လည်း ယနေ့တစ်နေ့လုံး ချွေးတရွှဲရွှဲ ထွက် အောင် အလုပ်လုပ်ခဲ့ရသဖြင့် စိတ်ကူးယဥ်နေမိ၏။
“မမလင်း ရေချိုးပြီးရင် ငါလည်း သွားချိုးရမယ်.. နေပါဦး... သူမ လဲထားတဲ့ အတွင်းခံ အဝတ်အစား တွေကို မြင်တွေ့ရမလားမသိဘူး..ဟီး..”
ထိုသို့ တွေးမိသည်နှင့် ယန်ကွမ်းတစ်ယောက် ကျိတ် ၍ ခိုးပြုံးနေမိသည်။
အကယ်၍သာ အခြားလူများ မြင်လျှင်မူ ဤကောင် လေးအား အရူးတစ်ယောက်ဟု ဧကန်မုချ ထင်မှတ် ကြပေလိမ့်မည်။
“အား..အမေ့ရေ..ကယ်ပါအုံး…”
ယန်ကွမ်းတစ်ယောက် အတွေးဆိုးများဖြင့် တွေးနေ စဉ်မှာပင် ရုတ်ချည်းဆိုသလိုပင် ရေချိုးခန်းထဲမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ယန်ကွမ်းတစ်ယောက် လန့်ဖြန့်သွားပြီး ချက်ချင်းပ င် ထိုင်ရာမှထကာ ရေချိုးခန်းရှိရာဆီသို့ ကပျာက ယာ ပြေးသွားလိုက်၏။