အခန်း ၂၂၃
Vol. 13 Ch. 223
အခန်း (၂၂၃)
"မင်းရဲ့ မျိုးနွယ်တွေ အခုအချိန်အထိ အဆက်မပြတ် လိုက်လံ သတ်ဖြတ်ခံနေရတာ တိုက်ဆိုင်မှု မဟုတ်ဘူး... သူတို့က 'အမြစ်ဖြတ်' ပစ်ဖို့ ရည်ရွယ်ထားတာပဲ..."
ချန်ရွှင်သည် တိုးညှင်းပြီး အဆုံးအစမရှိ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ မျက်နှာ တစ်ဝက်မှာ အရိပ်ထဲတွင် ဖုံးကွယ်နေသည်။
"ရှောင်ချိ... မင်း သေချာပေါက် အသတ်ခံရလိမ့်မယ်... ဟိုးအရင်တည်းက အမှတ်အသား အလုပ်ခံထားရပြီးသား ဖြစ်မှာ သေချာတယ်... အခုက အချိန်အခါကို စောင့်နေရတဲ့ အခြေအနေပဲ"
"အား..." အစ်ကိုနွား... ကယ်ပါဦးဗျာ"
"မွန်း..."
နွားနှင့် ခြင်္သေ့တို့သည် ကြက်သီးများဖြန်းခနဲထသွားပြီး ကြောက်လန့်လွန်းသဖြင့် အတင်း ဖက်ထားကာ တဆတ်ဆတ် တုန်ရီနေကြသည်။ ယခု ချန်ရွှင်၏ မျက်နှာထားမှာ စိတ်ရောဂါသည် တစ်ဦး၏ ပုံစံမျိုး ဖြစ်နေပြီး ပတ်သက်၍ မရသော အန္တရာယ်ကောင် တစ်ယောက်၏ မျက်နှာမျိုး ဖြစ်နေသည်။
ထိုအချိန်တွင် ခေါင်းပေါ်မှ တိမ်တိုက်ကြီး ဖြတ်သန်းသွားပြီး လှေပျံပေါ်သို့ တောက်ပသော နေရောင်ခြည်များ ဖြာကျလာသည်။
ချန်ရွှင်၏ မျက်နှာသည် အမြဲတမ်းလိုလို တောက်ပသော နေမင်းကြီးကဲ့သို့ လင်းလက်သော အပြုံးများ ပြန်လည် ဖြစ်ပေါ်လာသည်။
"မူလ ကျင့်ကြံမှုအဆင့် ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး နတ်အသိ ကို လေ့ကျင့်မယ် ဆိုရင် အလွန်မြန်ဆန်တဲ့ အရှိန်နဲ့ အဆင့်အတားအဆီး တွေကို ချိုးဖျက်နိုင်တယ်... ဟုတ်လား"
ချန်ရွှင် မျက်ခုံးပင့်လိုက်သည်။ နတ်အသိ ထောက်လှမ်းခြင်းဖြင့် ရှောင်ချိ၏ နတ်အသိ ဖွဲ့စည်းပုံကို အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်သည်။
"ဆိုလိုတာက မူလဝိဉာဉ် အဆင့်ရဲ့ နောက်တစ်ဆင့် ဖြစ်တဲ့ 'နတ်ဘုရားပြောင်းလဲခြင်း အဆင့်' ကို ရောက်ဖို့ဆိုရင် အဓိက အနေနဲ့ နတ်အသိကို ကျင့်ကြံဖို့ လိုအပ်တယ်လို့ ပြောချင်တာ မဟုတ်လား"
သူတို့ ပိုင်ဆိုင်ထားသော ဝိညာဉ်ကြေမွခြင်း ကျောက်တုံးသည် 'ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအား' ကို မြှင့်တင်ပေးရုံသာ ဖြစ်ပြီး နတ်အသိ ကိုယ်တိုင်ကို ခွန်အားတိုးစေသော အာနိသင် မရှိပေ။ ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို ပြောင်းလဲနိုင်သည့် အဆင်ပြေသော ဂုဏ်သတ္တိများ မပိုင်ဆိုင်ထားပေ။
"အဲဒီအတိုင်းပါပဲ... အစ်ကိုချန်... ကျွန်တော်တို့ မျိုးနွယ်တွေက အသက်ရှင်သန်ဖို့အတွက် နတ်အသိကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားအဖြစ် ပြောင်းလဲပြီး ခိုးဝှက်လာခဲ့ကြတာပါ... လူသားတွေကြားမှာပဲ ဖြစ်ဖြစ်၊ ဝိညာဉ်သားရဲတွေ ကြားမှာပဲ ဖြစ်ဖြစ်၊ 'နတ်ဘုရားပြောင်းလဲခြင်း အဆင့်ကို ရောက်ဖို့ အသေချာဆုံး လမ်းကြောင်းက နတ်အသိရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ပဲ' လို့ အားလုံးက လက်ခံထားကြပါတယ်"
ရှောင်ချိသည် ရေပက်မဝင်အောင် စတင် ပြောဆိုလေတော့သည်။ သူ၏ မျိုးဆက်သွေးထဲတွင် မှတ်သားထားသော မှတ်ဉာဏ်များသည် ဗဟုသုတ ရတနာသိုက်ကြီး တစ်ခုပင် ဖြစ်သည်။
"ဒါပေမဲ့ အဲဒီအတွက် ပေးဆပ်ရမယ့် အရာကတော့ 'ကိုယ်တွင်းမိစ္ဆာ ဘေးအန္တရာယ်' က အရင်ကနဲ့ ယှဉ်လို့ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလာမှာပါ"
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုစကားကို ကြားသောအခါ မျက်နှာများ ချက်ချင်း တည်ကြည်လေးနက်သွားကြသည်။
သဘောပေါက်ပြီ။ မူလဝိဉာဉ် အဆင့်သို့ ရောက်ရှိချိန်က တွေ့ကြုံရသော 'စိတ်ဝိညာဉ် သန့်စင်ခြင်း ဘေးအန္တရာယ်' သည် ဤနေရာသို့ ချိတ်ဆက်ရန်အတွက် ကြိုတင် ပြင်ဆင်မှုတစ်ခု ဖြစ်နေခဲ့တာကိုး။
အင်မော်တယ် လမ်းစဉ် ဆိုသည်မှာ သွေးစွန်းနေသော ခြေရာများကို တစ်ခုပြီး တစ်ခု ချန်ရစ်ထားခဲ့ရင်း ရှေ့ဆက်ရမည့် ငရဲလမ်းပင် ဖြစ်သည်။ ထိုလမ်းခရီးတွင် ပါရမီရှင် မည်မျှ ရူးသွပ်ပြီး အသက်ဆုံးရှုံးခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။ ကျင့်ကြံမှုအဆင့် တက်ခြင်းတွင် 'ဖြတ်လမ်းနည်း' ဆိုသည်မှာ မရှိပေ။
နွားနက်ကြီးသည် ကြေးခေါင်းလောင်းကဲ့သို့ မျက်လုံးကြီးများ ပြူးကျယ်သွားသည်။ ဗဟုသုတ ရတာပဲ။ ဒီ ရှောင်ချိ က ထင်ထားတာထက် အများကြီး ပိုသိနေပါလား။
"ဟားဟားဟားဟား..."
ချန်ရွှင်သည် ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။
"ငါ သတိရပြီ... ငါတို့ မင်းကို ပထမဆုံး တွေ့ခဲ့တဲ့ နေရာက ကောင်းကင် လွင်ပြင်ကြီး ရဲ့ 'အစွန်အဖျား' မှာပဲ... အဲဒီနေရာမှာက အခြေခံတည်ဆောက်ခြင်းအဆင့် ဝိညာဉ်သားရဲတွေပဲ ရှိခဲ့တာ မဟုတ်လား"
"ဟီးဟီး... ရှက်စရာပါပဲဗျာ" ရှောင်ချိက ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ "အဲဒီနေရာက ကျွန်တော့်ရဲ့ အဓိက လေလွင့် သွားလာနေတဲ့ နေရာလေ... မူလဝိဉာဉ် အဆင့် ဝိညာဉ်သားရဲတွေရဲ့ နယ်မြေ ဆိုတာ တစ်ခုမှ မရှိဘူးလေ"
"ဆိုလိုတာကတော့ မင်းရဲ့ အဲဒီ သနားစရာကောင်းတဲ့ အတိတ်နဲ့ ထွက်ပြေး ပုန်းအောင်းနေရတဲ့ ဘဝကြောင့်သာ ငါတို့နဲ့ တွေ့ဆုံခွင့် ရခဲ့တာပေါ့... ဒါက တိုက်ဆိုင်မှု မဟုတ်ဘူး 'သေချာပေါက် ဖြစ်လာမယ့် ကိစ္စ' ပဲ"
ချန်ရွှင်သည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး နွေဦးလေပြည်ကဲ့သို့ အေးချမ်းသော အသံဖြင့် ပြောလိုက်သည်။
"ဒါကမှ 'ရေစက်' ပဲ... ရှောင်လွှဲလို့ မရတဲ့ ကံကြမ္မာ ဆိုတာမျိုးပေါ့... ငါ ကတော့ ကိုယ့်စိတ်ဆန္ဒ ရှိတဲ့အတိုင်းပဲ လုပ်ဆောင်မှာပဲ... ရှောင်ချိ... မင်းကို ငါ အများကြီး မျှော်လင့်ထားတယ်နော်"
စကားဆုံးသည်နှင့် တပြိုင်နက် ချန်ရွှင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သာမန်လောကကို ကျော်လွန်သွားသည့်အလား မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ရှောင်ချိသည် မှင်သက်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
နွားနက်ကြီးသည် ချန်ရွှင်ကို စူးစိုက်ကြည့်နေရင်း လက်ထဲတွင်မူ အမွှေးတိုင်အိုးကို လျင်မြန်စွာ ထုတ်ယူကာ အစ်ကိုကြီးကို အချိန်မရွေး ရှိခိုးပူဇော်ရန် အသင့်ပြင်ထားလိုက်သည်။
"မွန်း"
"အစ်ကိုချန်"
"ရှောင်ချိ... မင်းက ကျင့်ကြံမှုအဆင့် ကို ဘယ်လို မြှင့်တင်နေတာလဲ"
ချန်ရွှင်၏ မျက်လုံးများ ဖြတ်ခနဲ စူးရှသွားသည်။ ဝိညာဉ်သားရဲနှင့် လူသားတို့၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ မတူညီပေ။ နွားကြီး ကဲ့သို့သော ဖြစ်တည်မှုသည် ခြွင်းချက်များထဲမှ ခြွင်းချက် တစ်ခုသာ ဖြစ်သည်။
"မူလဝိဉာဉ် အဆင့်အထိ တက်ဖို့ ဆိုတာ သာမန် ကြိုးစားမှုမျိုးနဲ့ ရနိုင်မှာ မဟုတ်ဘူး"
"အဲဒါကတော့..." ရှောင်ချိသည် မြေကြီးပေါ်တွင် ဝပ်လျက် မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ "အစ်ကိုချန်... ကျွန်တော်က ဝိညာဉ်ဆေးပင်တွေကို ခိုးစားတာပါ... တစ်ခါတလေ ဝိညာဉ်ကျောက်တုံး တွေကိုလည်း ခြေဖျက်နိုင်ပါတယ်"
"မွန်း" နွားနက်ကြီး အလွန် ဝမ်းသာသွားသည်။ ဝိညာဉ်ဆေးပင် ဆိုလျှင် ငါ့ရဲ့ ကျွမ်းကျင်မှု နယ်ပယ်ပဲ။ မျိုးစိတ်သစ်တွေတောင် ဖန်တီးလို့ ရသေးတယ်။
ရှောင်ချိသည် နားမလည်နိုင်စွာဖြင့် နွားနက်ကြီးကို ကြည့်လိုက်သည်။ အစ်ကိုနွားက ဘာလို့ ဒီလောက် ဝမ်းသာနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေရတာလဲ။ ကျွန်တော် ဝိညာဉ်ဆေးပင် ရခဲ့တာက အခြား အုပ်စုတွေ အချင်းချင်း သတ်ဖြတ်နေကြတဲ့ အချိန်မှာ 'အလစ်ဝင်နှိုက်' တဲ့ အချိန်တွေလောက်မှာပဲ ရခဲ့တာကို။
"မင်းတို့တွေ ကျင့်ကြံခြင်းလောကမှာ 'ပြီးပြည့်စုံတဲ့ ဓားပြတိုက်ခြင်း' အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေကို သိကြလား"
ချန်ရွှင်သည် လက်ကို နောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်ပြီး အလွန် ဟိတ်ဟန်ထုတ်သော ပုံစံဖြင့် ရှင်းပြလေတော့သည်။
"နွားကြီးက အစီအရင်နဲ့ လမ်းဖောက်မယ်၊ ငါက ကင်းစောင့်ပေးမယ်၊ ရှောင်ချိက ခိုးမယ်၊ ကြိုးကြာလေးက လှေပျံ မောင်းပြီး ထွက်ပြေးမယ်... ဒါမှ ပြီးပြည့်စုံတဲ့ ပုံစံကွ"
"မွန်း..."
"ဂါး..."
မီးခြင်္သေ့နီသည် အလွန်အမင်း အံ့ဩသွားသည်။ ထို တင်းကျပ်လှသော အစီအရင်သည် အစ်ကိုနွား ၏ လက်ရာ ဖြစ်နေတာကိုး။
"အစ်ကိုချန်... ဒါပေမဲ့ ဓားပြတိုက်ရင် ပြဿနာ မရှိဘူးလားဗျ... တခြား ကျင့်ကြံသူတွေ တကယ် ဒေါသထွက်သွားလိမ့်မယ်နော်"
"ဒါပေါ့... ဒါကြောင့်မို့လို့ပဲ သေချာ စေ့စပ်သေချာပြီး ပြီးပြည့်စုံတဲ့ အစီအစဉ်က မရှိမဖြစ် လိုအပ်တာလေ... ပေါ့ဆလို့ မရဘူး"
ချန်ရွှင်သည် ကျေနပ်အားရစွာ ခေါင်းတငြိမ့်ငြိမ့် လုပ်ပြီး နွားနက်ကြီး၏ ပခုံးကို ပုတ်လိုက်သည်။
"နွားကြီး... ရှောင်ချိကို ငါတို့ အရင်တုန်းက ဘယ်လို သေရေးရှင်ရေးတွေကို ဖြတ်ကျော်လာခဲ့လဲ ဆိုတဲ့ သူရဲကောင်း ဇာတ်လမ်းတွေ ပြောပြလိုက်စမ်း"
"မွန်း" နွားနက်ကြီးသည် နှာမှုတ်သံကြီး ပြုလုပ်လိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှု သည် အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။
မီးခြင်္သေ့နီသည် အူကြောင်ကြောင် ဖြစ်သွားသည်။ ဘယ်လို အခြေအနေကြီးလဲ။
ထို့နောက် နွားနက်ကြီးသည် ရှောင်ချိကို အခန်းထောင့်သို့ ဆွဲခေါ်သွားပြီး မှတ်စုစာအုပ်ငယ်လေးကို ဖွင့်ကာ 'အရှေ့ပိုင်း နိုင်ငံများမှ တိုက်ပွဲများ' နှင့် 'တောင်ပေါ်ရွာလေး ခေတ်ကတည်းက ကြမ်းတမ်းသော ရှင်သန်မှုများ' အကြောင်းကို ကိုယ်ဟန်အမူအရာများဖြင့် စိတ်အားထက်သန်စွာ ပြောပြလေတော့သည်။
မီးခြင်္သေ့နီသည် ရံဖန်ရံခါ "ဂါး" ဟု အံ့သြတကြီး အော်ဟစ်လိုက်သည်။
ထင်တဲ့အတိုင်းပဲ၊ အစ်ကိုချန်နဲ့ အစ်ကိုနွားက ငါနဲ့ 'ကံတူအကျိုးပေးတွေ' ပဲ။
ဝုန်း...
ဝုန်း...
လှေပျံကြီးသည် ကောင်းကင်ကို ခွင်းလျက် အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ထွက်ခွာသွားလေသည်။ လှေပေါ်ရှိ လေထုသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီး ကောင်းကင်အဆုံးတွင် ပျော်ရွှင်ဖွယ် ရယ်မောသံများ ပဲ့တင်ထပ်သွားသည်။ လူသုံးဦး ၏ စိတ်ဓာတ်များသည် တစ်သားတည်း ဖြစ်သွားကြပြီ။
"ရှောင်ချိ... ငါတို့ အခု 'တာ့လီနိုင်ငံ' ကို သွားမယ်"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှ အသံမထွက်သော ကြီးမားလှသည့် ဖိအားကြီးတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ချိသည် မသိစိတ်၏ စေ့ဆော်မှုဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိပြီး တံတွေးများကို ဂလုခနဲ မြိုချလိုက်သည်။
"အစ်ကိုချန်၊ အစ်ကိုနွား... အဆင်သင့် ဖြစ်ပါပြီ"
"အဲဒီတုန်းက မင်းမှာ အဲဒီလောက် သနားစရာကောင်းတဲ့ အတိတ် ရှိမှန်း ငါ မသိခဲ့ဘူး... တကယ်လို့ အခု... ဒီအချိန်ရောက်မှ 'မလိုက်တော့ဘူး' လို့ နောင်တရရင်လည်း... နောက်ကျသွားပြီကွ"
"မွန်း"
"ဟင်"
"ဟားဟားဟားဟား..."
ချန်ရွှင်သည် အရူးတစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရှောင်ချိ၏ ကြောက်လန့်တကြား ဖြစ်နေသော မျက်နှာကို ကြည့်ရသည်မှာ အလွန် ရယ်ရလွန်းလှသည်။
"စိတ်ချပါ... ငါတို့ ထမင်းစားရသရွေ့ မင်းကို အငတ်မခံပါဘူး... အတူတူ ဒီလောကကြီးကို လှည့်လည် ကြည့်ရှုကြတာပေါ့"
သူနှင့် နွားကြီးတို့ ကျင့်ကြံလာခဲ့သည်မှာ နှစ်ပေါင်း နှစ်ထောင် ရှိခဲ့ပြီ။ တွေ့ဆုံခဲ့သော လူများမှာ မရေမတွက်နိုင်အောင် များပြားလှသော်လည်း ရှောင်ချိကဲ့သို့သော ကောင်မျိုးနှင့် တွေ့ဆုံရခြင်းမှာ အံ့ဩဖွယ်ရာ ရေစက်တစ်ခုပင် ဖြစ်သည်။ ယခု သူတို့အနေဖြင့် ဤသနားစရာကောင်းသော ခြင်္သေ့ကို လျစ်လျူရှုထားနိုင်လောက်အောင် ရက်စက်သည့် လုပ်ရပ်မျိုးကို မလုပ်ဆောင်နိုင်တော့ပေ။
"အစ်ကိုချန်... အဲဒီစကားကို ကျွန်တော် တကယ် ယုံပါတယ်နော်"
"မွန်း"
"အစ်ကိုနွား... အစ်ကိုတို့ နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကနေ သတ်ဖြတ်ခြင်းကြောင့် ဖြစ်လာတဲ့ 'ရက်စက်တဲ့ အငွေ့အသက်' တွေ 'သတ်ဖြတ်ခြင်း အရှိန်အဝါ' တွေ အနည်းငယ်မျှတောင် မခံစားရဘူး... ကျွန်တော် သိတယ်... အစ်ကိုတို့က အကျိုးအမြတ်အတွက်ဆိုရင် သူတစ်ပါးကို အလွယ်တကူ သစ္စာဖောက်တတ်တဲ့ အောက်တန်းစား ကျင့်ကြံသူတွေ မဟုတ်ဘူး ဆိုတာကိုလေ"
ရှောင်ချိသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခံစားချက်များ အလွန်အမင်း တက်ကြွလာသည်။
"ဒီ လှေပျံပေါ် တက်လိုက်ပြီ ဖြစ်တဲ့အတွက် ကျွန်တော် ပေ့ကုန်းဟုန်ရှီး ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး"
"အနာဂတ် ရှိမယ့်ကောင်ပဲ"
"မွန်း"
"အစ်ကိုချန်၊ အစ်ကိုနွား... ကျွန်တော်ကနေ တစ်ခုလောက် တင်ပြခွင့် ပြုပါ"
"ပြောကြည့်လေ"
"မွန်း"
"တကယ်တော့... မူလဝိဉာဉ် အဆင့် ဝိညာဉ်သားရဲကို 'စီးတော်ယာဉ်' အဖြစ် အသုံးပြုဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး... ကျွန်တော်တို့မှာ ဝိညာဉ်သားရဲ အဖြစ် ဂုဏ်သိက္ခာ ဆိုတာ ရှိပြီး အရှက်ခွဲခံရမယ့်အစား သေဖို့ကိုပဲ ရွေးချယ်ကြမှာပါ"
ရှောင်ချိသည် ခြေလှမ်းအနည်းငယ် တိုးလာပြီး နဖူးတွင် ချွေးစေးများ စီးကျလျက် ပြောလိုက်သည်။
"အစ်ကိုချန်... အဲဒီတုန်းက အစ်ကိုက 'မူလဝိဉာဉ် အဆင့် စီးတော်ယာဉ်ဆိုတာ လိုချင်သလောက် ရတယ်' လို့ ပြောပေမယ့်... အဲဒါက အန္တရာယ်များတဲ့ လုပ်ရပ်ပါ... ထွက်ပေါက်ပိတ်သွားရင် သူတို့က သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ကြမှာပါ"
"... အင်း" ချန်ရွှင်သည် ကိုယ်ကို လှည့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ကောင်းကင်ကို မော့ကြည့်ကာ အလွန် နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားသည့် မျက်နှာထားမျိုး လုပ်လိုက်သည်။
"ရှောင်ချိ... မင်းပြောတာ မှန်တယ်... အဓိပ္ပာယ် ရှိလှတယ်"
"မွန်း" နွားနက်ကြီးလည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သဘောပေါက်ပြီ။
ကျင့်ကြံမှုအဆင့် အနိမ့်အမြင့် တစ်ခုတည်းက အရာအားလုံးကို ဆုံးဖြတ်နိုင်သည် မဟုတ်ပေ။ အောက်ခြေလူတန်းစားကို နင်းခြေမည် ဆိုပါက သေခြင်းတရားကိုပင် မကြောက်ရွံ့သော အသက်လု တန်ပြန်တိုက်ခိုက်မှုများ စောင့်ကြိုနေမည် ဖြစ်သည်။
"အစ်ကိုချန်... လောကမှာ မူလဝိဉာဉ် အဆင့် စီးတော်ယာဉ်အဖြစ် အသုံးပြုနေတဲ့ ဝိညာဉ်သားရဲတွေ ဆိုတာ အားလုံးက 'အခြေခံတည်ဆောက်ခြင်းအဆင့်' လောက်ကတည်းက ကိုယ်တိုင် ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ပြီး အပြည့်အဝ နာခံအောင် ထားတဲ့ ကောင်တွေချည်းပါပဲ"
ရှောင်ချိက ပြုံးဖြီးဖြီး ရယ်မောလိုက်သည်။ ဤအစ်ကိုကြီး နှစ်ယောက်က စိတ်အားထက်သန်မှုဖြင့် မူလဝိဉာဉ် အဆင့် ဝိညာဉ်သားရဲများကို သွားရောက် ဖမ်းဆီးပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုထဲ ပါသွားမည်ကို သူ တကယ် ကြောက်လန့်နေခြင်း ဖြစ်သည်။
"အစ်ကိုချန်... သတိပေးရုံ သက်သက်ပါ... တခြား ရည်ရွယ်ချက် မရှိပါဘူးနော်"
"အင်း... ကောင်းကောင်း ပြောပြပေးတာပဲ"
"အစ်ကိုချန်၊ အစ်ကိုနွား... နောက်ထပ် တစ်ခုလောက်... ရဦးမလားဗျ"
ရှောင်ချိသည် လှေပျံ၏ ဘယ်ညာကို ဟိုကြည့်ဒီကြည့် လုပ်လိုက်သည်။ ကောင်းကင် လွင်ပြင်ကြီး သည် ဝေးကွာသွားပြီ ဖြစ်သည်။
"ဘယ်လို စဉ်းစားစဉ်းစား ကျွန်တော် တစ်မျိုးကြီးပဲ... အတူတူ ကောင်းကင် လွင်ပြင်ကြီး ဆီ ပြန်မသွားကြဘူးလား..."
သူ၏ စကား မဆုံးမီမှာပင် ချန်ရွှင်က သူ၏ လည်ကုပ်မှ ဆွဲမလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခွေးကောင်... နွားကြီး၊ သူ့ကို ဖောင်းဒိုင်းကြိတ်စမ်း"
"မွန်း"
"အား..."
ကောင်းကင်တွင် ပျံသန်းနေသော လှေပျံကြီး အထက်မှ သနားညှာတာမှု ကင်းမဲ့သော ရိုက်နှက်သံများနှင့် စူးစူးဝါးဝါး အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။
လှေအမြီးပိုင်းတွင် မားမားမတ်မတ် တည်ရှိနေသော ထူးခြားသည့် ကြိုးကြာဝိညာဉ်သစ်ပင် က ထိုမြင်ကွင်းကို လင်းထိန်စေရန်အလို့ငှာ အလင်းရောင်ကို အနည်းငယ်မျှ ပိုမို လင်းလက်သွားစေခဲ့လေသည်။
နှစ်နှစ် ကြာပြီးနောက်။
လှေပျံသည် တာ့လီနိုင်ငံ ၏ အရှေ့တန်း နယ်စပ်ကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ ယခင် ချီယန်နိုင်ငံ ကဲ့သို့သော အစွန်အဖျား ဒေသနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကျယ်ပြောပြီး ဆန်းကြယ်လှသော ကမ္ဘာသစ်ကြီး တစ်ခုပင် ဖြစ်သည်။
ရှောင်ချိသည် ချန်ရွှင်နှင့် နွားနက်ကြီးတို့အပေါ် ယုံကြည်အားကိုးသွားပြီး ဘယ်သွားသွား တစ်ထွာတစ်မိုက်မျှပင် မခွာဘဲ တကောက်ကောက် လိုက်ပါနေတော့သည်။
အစ်ကိုကြီး နှစ်ယောက်က လမ်းတစ်ဝက်တွင် စိတ်ပြောင်းသွားပြီး သူ့ကို စွန့်ပစ်ထားခဲ့မည်ကို တကယ်ပင် ကြောက်လန့်နေခြင်း ဖြစ်သည်။ ယခုလို နေရာမျိုးတွင် စွန့်ပစ်ခံရပါက သူစိမ်းပြင်ပြင် ပတ်ဝန်းကျင်တွင် သေချာပေါက် သေရမည်သာ ဖြစ်သည်။
ချန်ရွှင်သည် သူ့အတွက် 'ဝိညာဉ်နွယ်ပင်' များကို အသုံးပြုကာ အထူး မှော်ရတနာ (အတွင်းခံအင်္ကျီ)တစ်ခု ဖန်တီးပေးခဲ့သည်။ ၎င်းကို ဝတ်ဆင်ထားပါက အပြင်ဘက်မှ နတ်အသိ ထောက်လှမ်းခြင်းများကို ပိတ်ဆို့ထားနိုင်မည် ဖြစ်သည်။
ရှောင်ချိသည် ၎င်းကို လက်ခံရရှိသောအခါ နှပ်ချေးများ၊ မျက်ရည်များ စီးကျလျက် မြေကြီးပေါ်တွင် ဝပ်တွားကာ ကျေးဇူးတင်စကား ဆိုလေသည်။ သူ ထိုအတွင်းခံအင်္ကျီကို ဝတ်ဆင်လိုက်သောအခါ အနီရောင် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီး အဝတ်အစားသည် သူ၏ လည်ဆံမွှေးများထဲတွင် ဖုံးကွယ်သွားကာ တစ်သားတည်း ဖြစ်သွားလေသည်။
ချန်ရွှင်သည် ဤနှစ်နှစ်အတွင်း ရှောင်ချိ၏ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
သူတို့တွင် ဝိညာဉ် ကြေမွခြင်း ကျောက်တုံး အမြောက်အမြားနှင့် အဆင့်မြင့် ဝိညာဉ်ဆေးပင်များ တောင်ပုံရာပုံ ရှိနေကြောင်း သိထားသော်လည်း ရှောင်ချိသည် တစ်ခါမျှ "ခွဲပေးပါ" ဟု တောင်းဆိုခြင်း မရှိပေ။
သူ၏ စိတ်ရင်းမှာ တကယ်ပင် မယုတ်မာပေ။ သူတို့နှင့် ဆင်တူသည်။ ဘယ်တော့မှ 'လောဘမကြီး' သော ကောင်မျိုး ဖြစ်သည်။