← Chapters

အပိုင်း(၇၄)-မီးတောက်ဝံပုလွေအုပ်စုနှင့်တိုက်ခိုက်ခြင်း

Vol. 001 Ch. 74

အပိုင်း(၇၄)-မီးတောက်ဝံပုလွေအုပ်စုနှင့်တိုက်ခိုက်ခြင်း

Vol. 001 Ch. 74

သူတို့ဆီသို့လာနေသော သားရဲအုပ်ကြီးကြောင့် ဖက်တီးကျူသာမက ဘေဂုံထန်နှင့် အဖွဲ့သည် ကြောက်လန့်နေမိကြသည်။

“ကူညီပါဦး…”

သားရဲအုပ်သည် ပို၍နီးကပ်လာသည်… ထိုအုပ်ရှေ့တွင် လူတစ်ယောက် ပြေးနေသည်ကို ရှီမာယူယူနှင့် အဖွဲ့သတိပြုမိလိုက်သည်။

“အဝူး……”

ဝံပုလွေအုပ်၏ အူသံသည် ရက်စက်ကြမ်းကြုတ်မှု အပြည့်ဖြစ်နေပြီး၊ ထိုသူသည် ချွေးအေးများထွက်ကာ အသက်ရှုကြပ်နေလေသည်။ ရှီမာယူယူနှင့်အဖွဲ့သည် သူ့ရှေ့တွင် ရှိနေသည်၊ သူအံကြိတ်ကာ သူတို့ဆီသို့ တည့်တည့်ပြေးဝင်လိုက်သည်။

ထိုသူသည် သူတို့ဆီသို့ဦးတည်လာသည်ကို ရှီမာယူယူမြင်သောအခါ သူမချက်ချင်းပင် အော်လိုက်ကာ စတင်ပြေးတော့သည်။ သူမဘေးတွင်ရှိသော ဘေဂုံထန်ကိုဆွဲကာ နောက်ပြန်လှည့်ပြေးတော့သည်။

သူမ အော်သံကိုကြားသည်နှင့် ဝေကျိရွှီနှင့် ကျန်သူများသည် အသိစိတ်များပြန်ဝင်လာကာ ပစ္စည်းများပင် မသိမ်းနိုင်ပဲ ဝရုန်းသုန်းကားထပြေးတော့သည်။

“ကူညီပါဦး…ရှေ့ကရှိတဲ့သူငယ်ချင်း ကူပါဦး…” ရှီမာယူယူနှင့် ကျန်သူများပြေးသည်ကို မြင်သောအခါ ထိုသူသည် အော်လိုက်လေသည်။

“သေစမ်း ကိုယ့်ဘာသာလွတ်အောင်ပြေး” ရှီမာယူယူ ကြိမ်းမောင်းလိုက်သည်။ သူမ ဘေဂုံထန်အားဆွဲကာ ခြေလှမ်းအရှိန်ကိုမြှင့်တင်လိုက်သည်။

သို့သော် သူတို့ငါးယောက်၏ ခြေထောက်တွင်ရှိသော အားများသည် အကန့်အသတ်ရှိသည်။ သူတို့ ဘယ်လိုလုပ် မီးတောက်ဝံပုလွေတွေဆီက ပြေးလာတာလဲ၊ ဝိညာဉ်သားရဲများနှင့် အနက်ရောင်ဝတ်လူသည် သူတို့နှင့် ပိုနီးကပ်လာသည်ကို မြင်သော် ဖက်တီးကျူ စောဒကတက်လိုက်သည် “သေစမ်း၊ အဲလူက ပြေးတာ ဘာလို့အဲလောက်မြန်တာလဲ”

ထိုလူသည် မီးတောက်ဝံပုလွေများ၏ လိုက်ခြင်းကိုခံနေရသည်။ သူ့လက်ထဲမှဝံပုလွေသားပေါက်အား ကြည့်ခြင်းအားဖြင့် တောင်တန်းတစ်လျှောက် သူတို့ဘာလို့ ဝံပုလွေအုပ်စုအလိုက်ခံနေရသလဲဆိုသည်ကို ရှီမာယူယူ နားလည်လိုက်သည်။

“အရူး၊ ဘာလို့ ဝံပုလွေပေါက်စကိုဘာလို့ ကိုင်ထားတာလဲ၊ မြန်မြန်ပေးလိုက်”

ရှီမာယူယူပြောသည့်စကားများကြားမှပင် ထိုသူသည် အသိစိတ်ဝင်လာကာ လက်ထဲမှ ဝံပုလွေပေါက်အား ငုံ့ကြည့်လိုက်သည်။ သူသည် ဘေးတွင်ရှိသော ဖက်တီးကျူအား ဝံပုလွေသားပေါက်အား ပစ်ပေးကာ တခြားဘက်သို့ ပြေးသွားလေသည်။

“သေစမ်း ဒီကောင်က တစ်ယောက်ယောက်ကိုသတ်ဖို့ကြိုးစားနေတာပဲ” ဖက်တီးကျူသည် မသိလိုက်ပဲ ဝံပုလွေသားပေါက်အားဖမ်းလိုက်ပြီးမှ ဘာဖြစ်နေသလဲဆိုတာကို နားလည်လိုက်သည်၊ ထိုသူသည် နောက်ပြန်မကြည့်ပဲ ပြေးထွက်သွားလေပြီ။

ထိုသူ မြန်မြန်ပြေးသွားပြီး မြင်ကွင်းမှလုံးဝပျောက်ကွယ်သွားသည်အထိရှီမာယူယူ ကြည့်ပြီး သူမမျက်စိထဲတွင် သံသယများဖြစ်ပေါ်လာသည်။

“ဖက်တီးကျူ မင်းဘာလို့ အဲဒီဝံပုလွေပေါက်ကို ကိုင်ထားတာလဲ မြန်မြန်ပစ်ပေးလိုက်” ဝေကျိရွှီအော်လိုက်သည်။

ဖက်တီးကျူ မြန်မြန်ပင် ဝံပုလွေပေါက်အားပစ်ပေးလိုက်သည်။ သို့သော် သားပေါက်ပစ်ပေးလိုက်သော တစ်ကောင်နှစ်ကောင်မှလွဲ၍ ကျန်သော အုပ်များသည် သူတို့နောက်လိုက်ဆဲပင်ဖြစ်သည်။

“ငါထပ်ပြီး မပြေးနိုင်တော့ဘူး၊ ငါသူတို့နဲ့ တိုက်မှပဲရတော့မယ်ထင်တယ်” ဝူရန်ဖေသည် သူတို့နောက် ပြေးလိုက်ဆဲဖြစ်သော ဝံပုလွေအုပ်အားကြည့်ကာ သူ့လက်နက်အားထုတ်လိုက်ပြီးနောက် သတ်ရန်အဆင်သင့်ဖြစ်နေသကဲ့သို့ ဝံပုလွေအုပ်အား မျက်နှာချင်းဆိုင်လိုက်သည်။

ဝံပုလွေအုပ်သည် သူတို့အားပစ်မှတ်ထားလိုက်သည်ကို ကျန်သူများလည်းနားလည်လိုက်သည်။ သူတို့ ဘယ်လောက်ပြေးပါစေ သူတို့အား လွတ်ပေးမည်မဟုတ်ပေ။ သူတို့ခြေကုန်လက်ပန်းကျသည်အထိစောင့်လျင် ဝံပုလွေအုပ်သည် သူတို့အားလွယ်ကူစွာသတ်သွားလိမ့်မည်။

သူတို့နောက်တွင်ရှိသော ဝံပုလွေအုပ်အား ရှီမာယူယူ သိပ်စိတ်မပူမိပါ။ ဟိန်းသံလေး သို့မဟုတ် ရာဟွောင်သာပေါ်လာပါက သူတို့သေချာပေါက်ကြောက်သွားမည်။ သို့သော် သူမတွင်ထိုကဲ့သို့ အစီအစဉ်မရှိပါ။

“လုပ်လိုက်ကြအောင်” ဝေကျိရွှီသည်လည်း ပြေးရာမှရပ်ကာ သူ့ကိုယ်ပိုင်စာချုပ်ချုပ်ထားသော ဝိညာဉ်သားရဲအားခေါ်လိုက်ကာ မီးတောက်ဝံပုလွေများနှင့် တိုက်ရန်အဆင်သင့်ဖြစ်နေပြီ။

“ဒီသခင်ကြီးက ဘယ်လိုပဲဖြစ်ဖြစ်မပြေးဘူး၊ သေစမ်း” ဖက်တီးကျူသည်လည်း ကိုယ်ပိုင်ဝိညာဉ်သားရဲအားခေါ်ကာ ပုဆိန်အားထုတ်လိုက်ပြီးနောက် မီးတောက်ဝံပုလွေအား ရွယ်လိုက်သည်။

ဘေဂုံထန်သည် သူမ ကိုယ်ပိုင်ဝိညာဉ်သားရဲအား မခေါ်ပါ။ သူမ ပြေးရာမှရပ်ကာ သူမလက်ထဲမှ ဝိညာဉ်ရွှီအားစုစည်းထားသော ဘောလုံးအား မီးတောက်ဝံပုလွေဆီသို့ ပစ်ပေါက်လိုက်လေသည်။

အခြေအနေအား ရှီမာယူယူ အနည်းငယ်ကဲခတ်လိုက်သည်။ ဝူရန်ဖေ၏ သားရဲသည် ကိုးဆင့်မြောက် တိမ်တိုက်ကျားသစ်ဖြစ်သည်။ သူတော်စင်အဆင့်ရှိသော ဝိညာဉ်သားရဲထံတွင်ကျရှုံးသွားနိုင်သည်။

ဖက်တီးကျူ၏ သားရဲသည် အဆင့်ခုနှစ်ရှိသော နှစ်လိုဖွယ်မြေခွေးဖြစ်သည်။ ထိုမြေခွေး၏ တည်ဆောက်ပုံသည် မီးတောက် ဝံပုလွေများထက်သေးသော်လည်း တိုက်ခိုက်ရန် အားတော့ မသေးပေ။

ဝေကျိရွှီ၏ သားရဲအဆင့်သည် ဝူရန်ဖေ၏ သားရဲလောက်တော့မမြင့်ပေ သို့သော် အလွန်ရှားပါးသော မီးတောက်ပုတ်သင်ဖြစ်သည်။ အမြှီးတစ်ချက်ခတ်လိုက်ရုံနှင့်ပင် မီးတောက်ဝံပုလွေအုပ်စုတစ်ခုလုံး လွင်ပျံ့သွားနိုင်သည်။

ရှီမာယူယူ သူမဓားမြောင် လင်းလုံအားထုတ်လိုက်ပြီး မီးတောက်ဝံပုလွေအရှေ့သို့ ခုန်လိုက်သည်။ ခုန်ရင်းနှင့်ပင် ထိုဝံပုလွေ၏ မျက်ခုံးနှစ်ခုကြားကို ဓားမြောင်ဖြင့် တည့်တည့်ထိုးလိုက်လေသည်။ သူမလှုပ်ရှားနိုင်ချိန်တွင် သူမ ဓားမြောင်အားပြန်ဆွဲထုတ်လိုက်သည်။

ဝူရန်ဖေနှင့်ကျန်သူများသည် လျပ်တပြက်အတွင်း ရှီမာယူယူသည် ဝံပုလွေအား လျင်မြန်စွာသတ်နိုင်လိမ့်မည်ဟု ထင်မထားပေ။

“မျက်ခုံးနှစ်ခုကြားကနေရာနဲ့ မီးတောက်ဝံပုလွေရဲ့ လည်ပင်းအောက် ၃လက်မနေရာက အားနည်းချက်ပဲ၊ အဲနေရာနှစ်ခုကို တိုကိခိုက်ရင် ပိုပြီးသက်ရောက်မှုရှိတယ်”

“မင်းဘယ်လိုသိလဲ” အချိန်ကောင်းမဟုတ်သော်လည်း ဖက်တီးကျူမေးလိုက်သည်။

“အတန်းထဲမှာ သင်တာလေ” ရှီမာယူယူပြောလိုက်သည်။

ထိုအခါမှ အားလုံးသည် ပူလွောင်တောင်တန်းမှသားရဲများအကြောင်းသင်စဉ်က ဆရာပြောပြခဲ့သည်များကို မသဲမကွဲမှတ်မိတော့သည်။ သို့သော် အာရုံမစိုက်နိုင်သေးပေ။ ရှီမာယူယူသာ မပြောခဲ့လျှင် အတန်းတွင် သူတို့ရှိခဲ့ကြောင်း သတိရတော့မည်မဟုတ်ပေ။

“မင်း မြန်မြန်လှုပ်ရှားတော့ ဒါမှမဟုတ်ရင် ဝံပုလွေအုပ်ကြောင့်သေလိမ့်မယ်” ဝူရန်ဖေ သတိပေးလိုက်သည်။

“ဝူရန်ဖေနဲ့ ဘေဂုံထန်နဲ့က တိုက်ပွဲအတွေ့အကြုံရှိတယ်၊ ငါတို့သုံးယောက်က အနီးဆုံးမှာရှိတာတွေကို တိုက်ဖို့တာဝန်ယူမယ်၊ ကျိရွှီနဲ့ ဖက်တီးကျူ မင်းတို့နှစ်ယောက်က တိုက်ဖို့ ဝိညာဉ်ရွှီအသုံးပြုဖို့ကို အာရုံစိုက်ထား” ရှီမာယူယူပြောလိုက်သည် “ငါတို့ကအခုကစပြီး တစ်ဖွဲ့ထဲပဲ၊ ငါတို့ဒါကိုကျော်လွှားချင်ရင် ငါတို့ရဲ့ စွမ်းရည်တွေကို အကောင်းဆုံးပေါင်းစည်းပြီး အတူလုပ်ရမယ်”

အားလုံးသည် မလှုပ်မယှက်ဖြစ်နေသော ဝံပုလွေအားကြည့်ကာ သူမပြောသည်များကို လက်ခံသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။

“ကျိရွှီ၊ ဖက်တီးကျူ မင်းတို့နှစ်ယောက် အလယ်မှာရှိတုန်း ငါတို့ အပြင်မှာရှိမယ်၊ ဝိညာဉ်ရွှီကို ဖြစ်နိုင်ရင် မြန်မြန်စုစည်း၊ ငါတို့မနိုင်ရင် မင်းတို့နှစ်ယောက်အန္တရာယ်များနိုင်တယ်” ဝူရန်ဖေ သတိပေးလိုက်သည်။

“စိတ်ချပါ” ဖက်တီးကျူ အခိုင်အမာပြောလိုက်သည်။

ဖက်တီးကျူနှင့် ဝေကျိရွှီအား ရှီမာယူယူကြည့်ကာ စိတ်အားထက်သန်စွာပြောလိုက်သည် “အရင်တုန်းက အန္တရာယ်များလို့ ငါ့ရဲ့ နောက်ကျောကို သူများကိုမပြခဲ့ဘူး၊ ဒီနေ့တော့ ငါတို့သုံးယောက် မင်းတို့ကိုယုံလို့ ကျောပေးလိုက်မယ်၊ မင်းတို့ ကောင်းကောင်း ကာကွယ်ရမယ်”

ရှီမာယူယူပြောသည်များကို ဝေကျိရွှီနှင့် ကျန်သူများ ကြားသောအချိန်တွင် သူတို့၏နှလုံးများသည် ခုန်ပေါက်နေခဲ့ကြသည်။ သူမှန်သည်။ အရင်က ကိုယ့်မိသားစုဖြစ်ရင်တောင် ကာကွယ်ခဲ့ကြသည်။ တခြားသူများကို မယုံကြည်ပဲ သူတို့၏ နောက်ကျောကို မြင်အောင်မပြခဲ့ပေ။ သို့သော် ဒီနေ့တော့ သူတို့ရွေးချယ်စရာမရှိပဲ နောက်ကျောကို တခြားသူများကို ပြရတော့မည်၊ သူတို့တစ်ယောက်နှင့်တစ်ယောက် ယုံကြည်သောကြောင့်ဖြစ်သည်။

“ယူယူ မင်းအားလုံးစိတ်ချပါ ငါတို့ကတစ်ဖွဲ့ပဲ ပြီးတော့ ငါတို့က ရဲဘော်ရဲဘက်ပဲ မင်းတို့ကျောလုံလို့ရတယ်” သူ၏ ရင်ထဲထိစေသော စကားလုံးများဖြင့် ဝေကျိရွှီ တုန့်ပြန်လေသည်။

“ဟုတ်တယ်၊ ငါတို့က အမြဲတမ်းရဲဘော်ရဲဘက်အဖြစ်ရှိနေမှဆိုတော့ မင်းကျောလုံလို့ရတယ်” ဖက်တီးကျူပါ အတည်ပြုလိုက်သည်။

ရှီမာယူယူ ပြုံးကာပြောလိုက်သည် “ကောင်းတယ်၊ တိုက်ပွဲစလိုက်ကြအောင်”

ဘေဂုံထန်နှင့် ဝူရန်ဖေသည် အကြည့်ချင်းဖလှယ်ကာ သူတို့မျက်လုံးထဲတွင် ပြတ်သားသော တိုက်ခိုက်မှုမာန်အပြည့်ပါ၍ အတူတကွလုပ်ဆောင်မည့် အသင်းအဖွဲ့စိတ်ဓာတ်များလည်း ပေါက်ဖွားလာကြသည်။

“တိုက်မယ်”

ဝံပုလွေအုပ်ရှေ့တွင် ရှေ့ဆုံးတွင်ရှိသူမှာ ဝူရန်ဖေ၊ သူ့နောက်တွင် ရှီမာယူယူနှင့် ဘေဂုံထန်ရှိသည်။ အလယ်တွင် ဝိညာဉ်ရွှီစုဆောင်းနေသော ဖက်တီးကျူနှင့် ဝေကျိရွှီအား စုဆောင်းချိန်ပေးရန် သူတို့သုံးယောက်သည် ထိုနှစ်ယောက်အား စက်ဝိုင်းကဲ့သို့ဝိုင်းလိုက်ကြသည်။

ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် ဝိညာဉ်ရွှီဘောလုံးအား စုစည်းပြီးသည့်နောက် အန္တရာယ်အများဆုံးနေရာ သို့မဟုတ် အားအကောင်းဆုံး အကောင်ရှိသောနေရာသို့ ပစ်လိုက်သည်။ ဝံပုလွေအုပ် အလယ်နေရာသို့ အကြိမ်အနည်းငယ်ပစ်ပြီးနောက် သူတို့သည် နာကျင်မှုကြောင့် အော်ဟစ်နေကြတော့သည်။

နာရီဝက်အကြာတွင် ဒဏ်ရာအများအပြားနှင့် သေဆုံးမှုများလာသောကြောင့် မီးတောက်ဝံပုလွေ ခေါင်းဆောင်သည် တပ်ဆုပ်ကာ နောက်ပြန်မကြည့်ဘဲပြေးတော့သည်။

ဝံပုလွေအုပ် ထွက်သွားမှသာ အားလုံးသည် ခြစ်ရာများနှင့် သွေးများထွက်ကာ မြေပေါ်တွင်လဲကျသွားတော့သည်။ တိုက်ခိုက်ခြင်းကြောင့် ခြေကုန်လက်ပန်းကျနေကြပြီဖြစ်သည်။ ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် ဝိညာဉ်ရွှီ အားလျော့လာသည့်နောက်တွင် ဝံပုလွေအုပ်အား ကူ၍တိုက်ခိုက်ပေးခဲ့သည်။

ရှီမာယူယူ ဆေးပုလင်းထုတ်ကာ ဆေးထုတ်လိုက်ပြီး စားလိုက်သည်။ ထို့နောက် ဘေဂုံထန်အားလက်ဆင့်ကမ်းပေးလိုက်ကာ ဆေး ၄လုံးထုတ်ကာ အားလုံးအား ဝေပေးလိုက်လေသည်။

“ငါတို့ ဒီနေရာကထွက်သွားမှဖြစ်မယ်၊ အခုတိုက်ခိုက်မှုနဲ့ သွေးနံ့တွေကြောင့် တခြားဝိညာဉ်သားရဲတွေရောက်လာလိမ့်မယ်” အားလုံး ပင်ပန်းနေသည်ကို ကြည့်ကာ ရှီမာယူယူသည် မီးတောက်ဝံပုလွေအသေကောင်များအားလုံးကို မှော်ဝင်လက်စွပ်အတွင်းသို့ ထည့်ထားလိုက်သည်။

All Chapters