← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) - မင်းမြင်ရတာကို သဘောကျရဲ့လား

ကျူးလင်က ကျန့်ရိမု၏ မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် သူ ဘာတွေးနေသည်ကို သိရှိသွားလေသည်။

သူမက ခပ်ဖွဖွလေး ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ပညာဆိုတာ အခြားသူတွေကို ပြန်လည်မျှဝေပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ ကူညီပေးနိုင်မှသာ တန်ဖိုးရှိတာပါ..."

သူမ၏ စကားကို ကြားလိုက်ရသောအခါ ကျန့်ရိမုမှာ အလွန်ဝမ်းသာသွားသည်။ သူ၏ တည်ကြည်သော မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေးကျူး... ကျုပ်နဲ့အတူ လိုက်ခဲ့ပေးပါဦး..."

သူတို့က ထောက်ပံ့ရေးဌာနခွဲ၏ နောက်ကွယ်ရှိ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုသော ဂိုဒေါင်ဆီသို့ ကျန့်ရိမုနောက်မှ လိုက်ပါသွားကြစဉ် ကျူးလင်၏ ပခုံးပေါ်တွင် ထိုင်နေသော ထူထူက စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

'သခင်မလေး... ဒီလူသားတွေက အဆောင်လက်ဖွဲ့တွေနဲ့ မန္တန်တွေကို တကယ်ပဲ အသုံးပြုတတ်လာလိမ့်မယ်လို့ သေချာလို့လား...'

ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်လည်ပြောကြားလိုက်သည်။

“သူတို့တွေ အဆောင်လက်ဖွဲ့တွေကို သုံးနိုင်မလား၊ မန္တန်တွေကို သင်ယူနိုင်မလားဆိုတာတော့ ငါလည်း မသိဘူး...”

“ဒါပေမဲ့ ရှို့ဝူ၊ ကျီယန်နဲ့ ထန်ဝေ့တို့တောင် နည်းနည်းလောက် လေ့ကျင့်ပြီးတာနဲ့ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ခဲ့ကြတာပဲ...”

“အဲဒါကြောင့် အပြင်လောကမှာလည်း ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်တဲ့သူတွေ ရှိနေနိုင်တယ်... သူတို့သာ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်မယ်ဆိုရင် အဆောင်လက်ဖွဲ့တွေ သုံးတာနဲ့ မန္တန်တွေကို သင်ယူတာတွေကို လုပ်ဆောင်နိုင်ကြလိမ့်မယ်...”

ထူထူက သူမ၏ စကားကို ခဏမျှ စဉ်းစားပြီးနောက် ထပ်မံမေးမြန်းလိုက်သည်။

'သခင်မလေး... သဘာဝလွန်စွမ်းအားရှိတဲ့သူတွေက တကယ်တော့ မွေးရာပါ ဝိညာဉ်အရင်းမြစ်ရှိတဲ့သူတွေနဲ့ အတူတူပဲ ဖြစ်နေမလား...'

ယုန်လေး၏ စကားကို ကြားရသောအခါ ကျူးလင်က ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“ဖြစ်နိုင်ခြေရှိတယ်... အရင်က ထန်‌ဝေ့ပြောပြခဲ့တာကိုကြည့်ရင် အသက်ရှင်ကျန်ရစ်သူတွေထဲက ငါးရာခိုင်နှုန်းလောက်ပဲ သဘာဝလွန်စွမ်းအားတွေ နိုးထလာကြတာ...”

“ပြီးတော့ သူတို့ရဲ့ စွမ်းအားတွေကလည်း အားသာချက်၊ အားနည်းချက်နဲ့ သဘောသဘာဝတွေ ကွဲပြားကြတယ်...”

“ဒီအချက်အလက်တွေအရ နင်ပြောတာက ကျိုးကြောင်းဆီလျော်မှု ရှိတယ်လို့ ထင်တယ်... သဘာဝလွန်စွမ်းအား နိုးထလာတဲ့သူတွေက လောကဘုံ ၆ ပါးမှာ မွေးရာပါ ဝိညာဉ်အရင်းမြစ်ရှိတဲ့သူတွေနဲ့ တူညီတဲ့အချက်တွေ အများကြီး ရှိနေတာပဲ...'

ထူထူက ထပ်မံမေးမြန်းလိုက်သည်။

“ဒါဆိုရင်... ကျွန်တော်တို့ ဒီလူသားတွေကို ဝိညာဉ်အရင်းမြစ်ပုံဆောင်ခဲနဲ့ စမ်းသပ်ကြည့်ရင် မကောင်းဘူးလား... ဘယ်သူသိနိုင်မလဲ၊ သူတို့ထဲက တချို့က တကယ်ပဲ ဝိညာဉ်အရင်းမြစ် ရှိနေနိုင်တာပဲ...”

ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

“ဝိညာဉ်အရင်းမြစ်ပုံဆောင်ခဲနဲ့ စမ်းသပ်ဖို့ မလိုပါဘူး... ငါတို့ ဒီကမ္ဘာကို စရောက်ကတည်းက အခုထိ တွေ့ခဲ့ရတဲ့ လူသားတွေအားလုံးမှာ ဝိညာဉ်အရင်းမြစ် မရှိကြဘူး...”

ထိုသို့ပြောပြီးနောက် သူမက ဘေးတွင် လျှောက်လှမ်းနေသော ရှို့ဝူကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။

“တစ်ခုတည်းသော ချွင်းချက်ကတော့ ရှို့ဝူပဲ... ဒါပေမဲ့ သူပိုင်ဆိုင်ထားတာက ဝိညာဉ်အရင်းမြစ် မဟုတ်ဘဲ မိစ္ဆာအမြုတေ ဖြစ်နေတယ်...”

သူမ၏ အကြည့်ကို အာရုံခံမိသောအခါ ရှို့ဝူက လှည့်ကြည့်လာလေသည်။ ကျူးလင်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက သူမအနားသို့ တိုးကပ်သွားပြီး တိုးညင်းသော အသံဖြင့် မေးလိုက်သည်။

"လင်အာ... မင်းမြင်ရတာကို သဘောကျရဲ့လား... မင်းလိုချင်ရင် ကိုင်ကြည့်လို့လည်း ရတယ်နော်..."

"....."

သူ၏ အရှက်မရှိသော မေးခွန်းကို ကြားလိုက်ရသောအခါ ကျူးလင်မှာ ဆွံ့အသွားရလေသည်။

ရှို့ဝူက သူမ၏ ဆွံ့အသွားသော အမူအရာကို ကြည့်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ထူထူက ပြောလိုက်သည်။

“သခင်မ‌‌လေး... သခင်မလေးပြောတာ တကယ်မှန်တယ်လို့ ကျွန်တော် ထင်တယ်... သူကတော့ အဲဒီအရှက်မရှိတဲ့ မိစ္ဆာနတ်ဘုရားပဲ ဖြစ်ရမယ်...”

ကျူးလင် စကားမပြောနိုင်ခင်မှာပင် ကျန့်ရိမုက ဂိုဒေါင်တံခါးကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး အထဲကို ကြွပါဦး..."

ဂိုဒေါင်ထဲသို့ ဝင်လိုက်သည်နှင့် ကျူးလင်သည် စနစ်တကျ တန်းစီနေသော စစ်သားအများအပြားကို တွေ့လိုက်ရသည်။

စစ်သားများက သူမ၏ မျက်နှာကို မြင်လိုက်ရသည့် ခဏတွင်မူ ၎င်းတို့ထဲမှ အများစုမှာ မျက်နှာအမူအရာကို မထိန်းနိုင်ကြတော့ချေ။

ကျန့်ရိမုက သူတို့၏ အမူအရာများကို မြင်သောအခါ သတိပေးသည့်အနေဖြင့် သူတို့ရှေ့တွင် ရပ်ကာ ချောင်းဟန့်လိုက်လေသည်။

"အဟမ်း... အဟမ်း..."

သူ၏ ချောင်းဟန့်သံကို ကြားရသောအခါ စစ်သားများမှာ သတိပြန်ဝင်လာကြလေသည်။

ကျန့်ရိမု၏ သတိပေးမှုကြောင့် ၎င်းတို့၏ အမူအရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြသော်လည်း အချို့မှာမူ ကျူးလင်ကိုကြည့်ရင်း မျက်နှာများ နီရဲနေကြဆဲပင် ဖြစ်ချေသည်။

ထိုစစ်သားများက သူမကို ခဏခဏ စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ရှို့ဝူက ရှေ့သို့ တစ်လှမ်းတိုးကာ သူတို့၏ အကြည့်များကို ပိတ်ဆို့လိုက်လေသည်။

ထူထူက သူ၏ မည်းမှောင်နေသော မျက်နှာထားကို ကြည့်ကာ ပြောလိုက်သည်။

“သခင်မ‌လေး... သခင်မလေးရဲ့ တကယ့်မျက်နှာကို ဖုံးကွယ်ထားဖို့ စဉ်းစားသင့်တယ်လို့ ထင်တယ်..."

“မဟုတ်ရင် တစ်နေ့ကျရင် ဒီလူ စိတ်လွတ်သွားမှာကို စိုးရိမ်မိတယ်... အရင်က လူ့လောကမှာ ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိသေးတယ်မလား..."

“သူက တကယ်ပဲ မိစ္ဆာနတ်ဘုရားဆိုရင်တော့ အဲဒီလို အဖြစ်ဆိုးမျိုး ထပ်မဖြစ်အောင် သခင်မရဲ့ မျက်နှာကို ဖုံးကွယ်ထားဖို့ စဉ်းစားတာ အကောင်းဆုံးပဲ...”

ယုန်လေး၏ စကားကို ကြားပြီးနောက် ကျူးလင်က ရှို့ဝူကို တစ်ချက်ကြည့်လိုက်ပြီး ထူထူ၏ အကြံပြုချက်ကို အလေးအနက် စဉ်းစားလိုက်မိသည်။

အကြောင်းရင်းမှာ ရှို့ဝူကို မိစ္ဆာနတ်ဘုရားဟု ထင်မှတ်နေ၍မဟုတ်ဘဲ လူသားများက သူမကို ပထမဆုံးအကြိမ်မြင်တိုင်း အမြဲတမ်း စိုက်ကြည့်နေကြသဖြင့် သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်ရသောကြောင့်ပင်။

ကျူးလင်က ထူထူ၏ အကြံပြုချက်ကို စဉ်းစားနေစဉ် ကျန့်ရိမုက စစ်သားများကို ကြည့်ကာ ပြောလိုက်သည်။

"ငါ မင်းတို့အားလုံးကို ဒီနေရာမှာ စုခိုင်းလိုက်တာက မိန်းကလေးကျူးဆီကနေ တစ်ခုခု သင်ယူစေချင်လို့ပဲ..."

ထိုသို့ပြောပြီးနောက် သူက အိတ်ကပ်ထဲမှ ရေခဲဓာတ်အဆောင်လက်ဖွဲ့ကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

"ဒီရက်ပိုင်းအတွင်း ဈေးထဲမှာ ရေနဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းနေတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်ဆိုတဲ့ ကောလာဟလကို မင်းတို့အားလုံး ကြားဖူးကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."

စစ်သားများက ညီညီညာညာ ပြန်လည်ဖြေကြားလိုက်ကြသည်။

"ကြားဖူးပါတယ် ဗိုလ်ကြီး..."

သူက ဘေးသို့ တစ်လှမ်းဆုတ်ကာ ကျူးလင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"ဒါကတော့ မိန်းကလေးကျူးပဲ... သူမက ကောလာဟလထဲက မိန်းကလေးပေါ့... ဒီနေ့ သူမက ဒီစာရွက်ပေါ်ကနေ ရေခဲတုံးတွေ ဘယ်လိုဆင့်ခေါ်ရမလဲဆိုတာကို ငါတို့ကို သင်ပေးဖို့ ရောက်လာတာပဲ..."

“လူတိုင်း သူမဆီကနေ သေချာသင်ယူကြလိမ့်မယ်လို့ မျှော်လင့်တယ်... ဒီစွမ်းရည်ကို တတ်မြောက်တဲ့သူ ဘယ်သူမဆို ရာထူးတိုးပေးမယ်..."

ထိုသို့ပြောပြီးနောက် ကျန့်ရိမုက ကျူးလင်ဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

"မိန်းကလေးကျူး... ကျေးဇူးပြုပြီး သင်ပေးပါဦး..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် စစ်သားများကို ကြည့်ကာ ပြောလိုက်သည်။

"မသင်ခင်မှာ သဘာဝလွန်စွမ်းအား နိုးထထားတဲ့သူတွေက ညာဘက်မှာ ရပ်ပေးကြပြီးတော့ စွမ်းအားမရှိတဲ့သူတွေက ဘယ်ဘက်မှာ ရပ်ပေးကြပါ..."

သူမက ထိုသို့ပြောလိုက်သည်နှင့် စစ်သားများက ချက်ချင်းပင် လှုပ်ရှားလိုက်ကြလေသည်။ မိနစ်ဝက်မျှအတွင်းမှာပင် စစ်သားနှစ်ဖွဲ့မှာ ဘယ်ဘက်နှင့် ညာဘက်သို့ အသီးသီး တန်းစီရပ်လိုက်ကြလေသည်။

ကျူးလင်က ညာဘက်ရှိ စစ်သားအရေအတွက်ကို ကြည့်ကာ တွေးလိုက်မိသည်။

'လူနှစ်ရာကျော်ထဲမှာ သဘာဝလွန်စွမ်းအား နိုးထထားတဲ့သူက ခြောက်ယောက်ပဲ ရှိတာလား... လူသားတွေထဲမှာ စွမ်းအားရှိတဲ့သူ အရေအတွက်က ငါထင်ထားတာထက်တောင် ပိုနည်းနေတယ်...'

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ညာဘက်ရှိ စစ်သားများဆီသို့ လျှောက်သွားလိုက်လေသည်။ သူတို့ရှေ့တွင် ရပ်လိုက်ရင်း ကျူးလင်က မေးလိုက်သည်။

"မေးပါရစေ... မင်းတို့ရဲ့ သဘာဝလွန်စွမ်းအားတွေက ဘာတွေလဲ..."

All Chapters