← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈) - ဖရဲသီးအသေးလေး

ကျူးလင်က သူတို့၏ စွမ်းရည်များမှာ မည်သည့်အရာဖြစ်ကြောင်း မေးမြန်းလိုက်သောအခါ စစ်သားများမှာ အံ့အားသင့်သွားကြလေသည်။

စွမ်းရည်များဟူသည် သဘာဝလွန်စွမ်းအားရှင်များအတွက် လျှို့ဝှက်လက်နက်များကဲ့သို့ပင် ဖြစ်၏။

ရွေးချယ်စရာသာရှိပါက မည်သူကမျှ မိမိတို့၏ စွမ်းရည်များကို အခြားသူများအား လွယ်လွယ်ကူကူ ပြောပြကြမည် မဟုတ်ချေ။

သူတို့၏ တွန့်ဆုတ်နေမှုကို မြင်သောအခါ ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မအနေနဲ့ ရှင်တို့ကို အဆောင်လက်ဖွဲ့တွေ ဘယ်လိုအသုံးပြုရမလဲဆိုတာ မသင်ပေးခင် ရှင်တို့ရဲ့ ဓာတ်သဘာဝတွေကို ဦးစွာသိရှိဖို့ လိုအပ်တယ်..."

“ဘာဖြစ်လို့လဲဆိုတော့ အဆောင်လက်ဖွဲ့တွေမှာလည်း သက်ဆိုင်ရာ ဓာတ်သဘာဝတွေ ရှိကြလို့ပါပဲ...”

“ဥပမာပြောရရင် ရှင်တို့မှာ ရေစွမ်းရည်ရှိမယ်ဆိုရင် မြေဓာတ်အဆောင်လက်ဖွဲ့တွေကို အောင်မြင်အောင် အသုံးပြုဖို့ ခက်ခဲပါလိမ့်မယ်..."

သူမက ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"ရှင်တို့အနေနဲ့ မြေဓာတ်အဆောင်လက်ဖွဲ့ကို နောက်ဆုံးမှာ အသုံးပြုလို့ရသွားမယ်ဆိုရင်တောင် အဆောင်လက်ဖွဲ့ရဲ့ စွမ်းအားအပြည့်အဝထဲက ဆယ်ရာခိုင်နှုန်းလောက်ပဲ အသုံးပြုနိုင်ပါလိမ့်မယ်...”

“အဲဒါကြောင့်မို့လို့ သင့်တော်တဲ့ အဆောင်လက်ဖွဲ့ကို ရွေးချယ်တာဟာ စွမ်းရည်ရဲ့ ဓာတ်သဘာဝအပေါ်မှာလည်း မူတည်နေတယ်..."

သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် စစ်သားများသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားကြပြီးမှ သူတို့၏ စွမ်းရည်များကို ပြောပြလိုက်ကြတော့သည်။

စစ်သား ခြောက်ယောက်ထဲတွင် တစ်ယောက်တည်း၌သာ သစ်သားဓာတ်စွမ်းရည် ရှိပြီး ကျန်စစ်သား ငါးယောက်မှာမူ ခွန်အားစနစ် စွမ်းရည်များ ရှိကြလေသည်။

ထူထူက စစ်သား ခြောက်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

'သခင်မလေး... ဒီကမ္ဘာက စွမ်းရည်တွေက လောကဘုံ ၆ ပါးထဲက ဝိညာဉ်အရင်းမြစ်တွေထက် ပိုပြီးတော့ အမျိုးအစား စုံလင်တယ်...”

“သူတို့တွေ မန္တန်တွေကို သင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး... အဆောင်လက်ဖွဲ့တွေကိုတော့ သူတို့ အသုံးပြုနိုင်ကြလိမ့်မယ်... "

“ဒါပေမဲ့ ကောင်းကောင်းမွန်မွန်တော့ ဖန်တီးနိုင်ကြမှာ မဟုတ်ပါဘူး... ကုန်ကုန်ပြောရရင် ပျက်စီးနေတဲ့ အရာတွေ‌လောက်ပဲ ဖန်တီးနိုင်ကြလိမ့်မယ်...'

ယုန်လေး၏ ပြင်းထန်သော သုံးသပ်ချက်ကို ကြားရသောအခါ ကျူးလင်က ပြောလိုက်သည်။

'ငါတို့ သူတို့ကို စမ်းသပ်ကြည့်ဖို့ လိုအပ်နေသေးတယ်... ဘာဖြစ်လို့လဲဆိုတော့ ငါတို့ဆီမှာ သဘာဝလွန်စွမ်းအားရှင်တွေနဲ့ သူတို့ရဲ့ စွမ်းရည်တွေအကြောင်း အသေးစိတ် အချက်အလက်တွေ မရှိသေးလို့ပဲ...'

ထူထူနှင့် စကားပြောပြီးနောက် ကျူးလင်သည် သစ်သားဓာတ်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ သစ်သားဓာတ်စွမ်းရည်ရှိသော စစ်သားထံသို့ ကမ်းပေးလိုက်သည်။

"ဒါက သစ်သားဓာတ်အဆောင်လက်ဖွဲ့ပဲ... ရှင့်မှာ သစ်သားဓာတ်စွမ်းရည် ရှိတဲ့အတွက် ဒါကို အသုံးပြုလို့ရမယ်..."

ပြောပြီးသည်နှင့် သူမသည် ရေဓာတ်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်ကာ ပြောလိုက်သည်။

"သေချာကြည့်ထားပါ..."

သူမက ရေဓာတ်အဆောင်လက်ဖွဲ့ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကိုင်ထားပြီးဖြစ်သည်ကို မြင်သောအခါ ကျီယန်က အလျင်အမြန် ပြောလိုက်သည်။

"ရှောင်လင်... ခဏလောက် စောင့်ပါဦး..."

သူ၏ စကားကို ကြားသောအခါ ကျူးလင်က မေးခွန်းထုတ်လိုသော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်ရာ ကျီယန်က မေးလိုက်သည်။

"မင်း ရေခဲကို ထပ်ပြီး ဆင့်ခေါ်မလို့လား..."

ကျူးလင်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"မဟုတ်ပါဘူး... ကျွန်မဆီမှာ ရေခဲဓာတ်အဆောင်လက်ဖွဲ့တွေ အများကြီး မကျန်တော့ဘူး... ဒါကြောင့် သူတို့ကို ရေဓာတ်အဆောင်လက်ဖွဲ့ကို သုံးပြီး သင်ပေးမလို့ပါ..."

သူမက ရေကို ဆင့်ခေါ်တော့မည်ဖြစ်ကြောင်း ကြားရသောအခါ ကျန့်ရိမု၏ မျက်ဝန်းများမှာ တောက်ပသွားလေသည်။

သူသည် စစ်သားအချို့အား ထောက်ပံ့ရေးဌာနခွဲမှ ပုံးအလွတ်များကို သွားရောက်ယူဆောင်ရန် အချက်ပြလိုက်ပြီးနောက် ကျူးလင်၏ အနားသို့ လျှောက်လှမ်းလာကာ ပြောလိုက်သည်။

"မိန်းကလေးကျူး... တကယ်လို့ ရေကို ဆင့်ခေါ်မယ်ဆိုရင် ကျုပ်တို့ မင်းဆီကနေ ဝယ်ယူလို့ ရမလားခင်ဗျာ..."

ကျူးလင်က ကျီယန်ကို လှည့်ကြည့်လိုက်ရာ သူက ကျန့်ရိမုအား တွေးတောစွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။

စစ်သားများသည် ကျီယန်ထက် ရေကို ပိုမိုလိုအပ်နေသည်ဟု တွေးတောမိကာ ကျူးလင်က ကျန့်ရိမုကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"အင်း..."

သူမ၏ အဖြေကို ရရှိပြီးနောက် ကျန့်ရိမုမှာ အလွန်ဝမ်းသာသွားကာ ပြောလိုက်သည်။

"ခဏလောက် စောင့်ပေးပါဦး... ကျွန်တော်တို့ ရေထည့်ဖို့ ပုံးတွေကို ပြင်ဆင်လိုက်ပါဦးမယ်..."

သူမက ခေါင်းညိတ်ပြပြီးနောက် စစ်သားကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ရှင့်ခန္ဓာကိုယ်ထဲက စွမ်းအင်ကို လည်ပတ်စေနိုင်လား..."

စစ်သားက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"ကျွန်တော် မလုပ်တတ်ဘူး... ဒါပေမဲ့ စမ်းကြည့်ပါ့မယ်..."

ပြောပြီးသည်နှင့် စစ်သားသည် မျက်လုံးများကို မှိတ်လိုက်ကာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စွမ်းအင်ကို တစ်ပတ်လည်ပတ်စေရန် ကြိုးစားလိုက်တော့သည်။

ခဏအကြာတွင် သူ၏ နဖူးပြင်ပေါ်၌ ချွေးစက်အနည်းငယ် ထွက်ပေါ်လာလေသည်။

ကျူးလင်နှင့် ထူထူတို့သည် သူ၏ အထက်ဒန်တျန်မှ ပါးလွှာသော ဝိညာဉ်စွမ်းအင်မျှင်လေး ထွက်ပေါ်လာပြီး စွမ်းအင်စီးကြောင်းများတစ်လျှောက် ဖြည်းညင်းစွာ စီးဆင်းသွားသည်ကို စောင့်ကြည့်နေကြသည်။

သူ၏ စွမ်းအင်စီးကြောင်းများထဲတွင် အညစ်အကြေးများ ပိတ်ဆို့နေသောကြောင့် တစ်ပတ်ပြည့်ရန်အတွက် အချိန်အတော်ကြာအောင် ကြိုးစားလိုက်ရလေသည်။

ပါးလွှာသော ဝိညာဉ်စွမ်းအင်မျှင်လေးသည် သူ၏ အထက်ဒန်တျန်ရှိ ပုံဆောင်ခဲအမြုတေထဲသို့ ပြန်လည်စုပ်ယူခံလိုက်ရသောအခါ စစ်သားသည် မျက်လုံးများကို ဖွင့်လိုက်တော့သည်။

သူ၏ အသက်ရှူသံမှာ အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း ယခင်ကထက် ပိုမိုသန်မာလာပြီး ရေငတ်ပြေသွားသလို ခံစားလိုက်ရ၏။

သူ၏ ပထမဆုံး ကြိုးစားမှုရလဒ်ကို မြင်သောအခါ ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"မဆိုးပါဘူး... အခု အဆောင်လက်ဖွဲ့ကို ကျွန်မပြသလိုမျိုး လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ ညှပ်ကိုင်ထားပြီး အစီအရင်ကို အသက်သွင်းဖို့အတွက် ရှင့်ရဲ့ စွမ်းအင်တွေကို အဆောင်လက်ဖွဲ့ထဲ ထည့်သွင်းကြည့်ပါ..."

စစ်သားမှာ ခဏမျှ မှင်တက်သွားပြီးနောက် တုံ့ဆိုင်းစွာ မေးလိုက်သည်။

"အစီအရင်က အသက်ဝင်သွားပြီလား... မဝင်သေးဘူးလားဆိုတာ ကျွန်တော် ဘယ်လိုသိနိုင်မလဲခင်ဗျာ..."

ကျူးလင်က စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးမှ ပြန်လည်ဖြေကြားလိုက်သည်။

"အစီအရင် အသက်ဝင်သွားတဲ့အခါ အစီအရင်က လင်းထိန်လာပါလိမ့်မယ်..."

သူမ၏ အဖြေကို ကြားပြီးနောက် စစ်သားသည် ခေါင်းညိတ်လိုက်ကာ သူမ၏ ညွှန်ကြားချက်များကို အလေးအနက် လိုက်နာဆောင်ရွက်လိုက်တော့သည်။

သူ့အနေဖြင့် အစီအရင်ကို အောင်မြင်စွာ အသက်သွင်းနိုင်ရန် နှစ်မိနစ်ထက်မနည်း အချိန်ယူလိုက်ရလေသည်။

အဆောင်လက်ဖွဲ့က စတင်လင်းထိန်လာချိန်တွင် ပုံးအလွတ်များ သွားယူသော စစ်သားများလည်း ပြန်လည်ရောက်ရှိလာကြသည်။

စစ်သားတစ်ယောက်က ပုံးအလွတ်များကို မြေပြင်ပေါ်သို့ ချထားရင်း ပြောလိုက်သည်။

"ဗိုလ်ကြီး... ကျွန်တော်တို့ ပုံးအလွတ် လေးပုံး ယူလာခဲ့ပါတယ်..."

ကျန့်ရိမုက သူတို့ကို ခေါင်းညိတ်ပြလိုက်ရာ သူတို့သည် ဘယ်ဘက်ခြမ်းရှိ အခြားစစ်သားများနှင့်အတူ ပြန်လည်ရပ်တန့်လိုက်ကြသည်။

အစီအရင်မှာ အပြည့်အဝ အသက်ဝင်သွားသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်သည်။

"ဒါက သစ်သားဓာတ်အဆောင်လက်ဖွဲ့ဖြစ်တဲ့အတွက် ဒီအဆောင်လက်ဖွဲ့ကနေ သစ်သားဓာတ်နဲ့ သက်ဆိုင်တဲ့ ရှင်ဆင့်ခေါ်ချင်တဲ့အရာကို စိတ်ထဲကနေ ပုံဖော်ကြည့်ပါ...”

“အဲဒီနောက် ရှင့်ရဲ့ စွမ်းအင်တွေကို အထက်ဒန်တျန်ပတ်ပတ်လည်မှာ လည်ပတ်စေပြီး ရှင့်စိတ်ထဲကို ပထမဆုံး ရောက်လာတဲ့ စကားလုံးကို ပြောလိုက်ပါ..."

စစ်သားသည် မျက်လုံးများကို မှိတ်ထားလျက် ခေါင်းညိတ်လိုက်သည်။

ဆယ်စက္ကန့်ခန့် ကြာပြီးနောက် သူသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ကာ အော်ဟစ်လိုက်တော့သည်။

"ဖရဲသီး..."

သူ၏ စကားသံ ဆုံးသွားသည်နှင့် အဆောင်လက်ဖွဲ့၏ ရှေ့တွင် စိမ်းစိုသော အစီအရင်အသေးလေးတစ်ခု ထွက်ပေါ်လာလေသည်။

နောက်တစ်စက္ကန့်တွင် အချင်း ဆယ်စင်တီမီတာခန့်ရှိသော ဖရဲသီးတစ်လုံးသည် စိမ်းစိုသော အစီအရင်အသေးလေးထဲမှ ထွက်ပေါ်လာတော့သည်။

ထို့နောက် ရဲရဲတောက် မီးတောက်များက အဆောင်လက်ဖွဲ့ကို ရုတ်တရက် ဝါးမြိုသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်ရာ အစီအရင်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားချေသည်။

ဗုန်း...

ဖရဲသီးအသေးလေးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲအက်သွားသည်ကို လူတိုင်းက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

နီရဲနေသော ဖရဲသီးအသားကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ မှည့်နေသော ဖရဲသီးတစ်လုံးဖြစ်ကြောင်း လူတိုင်း သိရှိကြသော်လည်း အရွယ်အစားမှာမူ အလွန်တရာ သေးငယ်လွန်းလှပေသည်။

ကျန့်ရိမု - "....."

“ငါ မျှော်လင့်ချက်တွေ သိပ်မထားခဲ့သင့်ဘူး...”

စစ်သားများ - "....."

“အစ်ကိုကြီး... ဒီလို ဖရဲသီးအသေးလေးကို ဆင့်ခေါ်လိုက်ရတာ ရှက်တောင် မရှက်ဘူးလား...”

ကျူးလင် - "....."

“သစ်သားဓာတ်အဆောင်လက်ဖွဲ့ကို ဒီလိုမျိုးလည်း အသုံးပြုလို့ရမှန်း ကျွန်မ တစ်ခါမှ မသိခဲ့ဘူး...”

ရှို့ဝူ၊ ကျီယန်၊ ထန်ဝေ့ - "....."

“ဒါက ငါတို့တစ်သက်မှာ ဖရဲသီးအသေးလေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ...”

All Chapters