← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) - ပိုးအိမ်ငယ် (၂)

ရတနာစေတီတောင်ထွတ်မှ ပြန်ရောက်လာပြီးနောက် ချူလျန်သည် ပထမဆုံးအဖြစ် ဆေးပင်စိုက်ပျိုးရေးခြံ၏တိုးတက်မှုကို သွားရောက်ကြည့်ရှုလိုက်၏။

ထို့နောက် အခန်းထဲသို့ပြန်လာကာ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

သူသည် လက်ဝါးခန့်ကြီးမားနေပြီဖြစ်သော ပိုးလောက်ကောင်လေးကို ထုတ်ယူလိုက်ပြီး စားစရာသိပ်မကျန်တော့သော ဖုန်းရှန်းကြေးအိုး အပိုင်းအစကိုပါ စားပွဲပေါ်တွင် တင်ပေးလိုက်ကာ ၎င်းကိုစားသောက်ခိုင်းလိုက်၏။

ကျင့်ကြံနေစဉ်အတွင်း အစာကျွေးရန် ပြင်ဆင်ထားခြင်းပင်။

ထို့နောက် သူသည် မျက်လုံးများကိုမှိတ်လိုက်ပြီး စေတီတော်ဖြူ၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ကာ နေ့ညမပြတ်ကျင့်ကြံနေသော ခေါင်းကြီးကလေးရုပ်နှစ်ရုပ်နှင့်အတူ ပတ်လမ်းကြောင်းလှည့်ပတ်၍ ကျင့်ကြံလေတော့သည်။

ကျင့်ကြံနေစဉ်အတွင်း အချိန်ကုန်လွန်သွားသည်ကိုသတိမပြုမိဘဲ 'ဟဲ့ဟဲ့' ဟူသော ငှက်အော်သံကြောင့် သတိပြန်ဝင်လာချိန်တွင် ညနေစောင်းသို့ပင် ရောက်ရှိနေပြီဖြစ်၏။

စာလာပို့သော ကြိုးကြာဖြူသည် စာအုပ်ငယ်တစ်အုပ်ကို အပြင်ဘက်စားပွဲပေါ်သို့ ပစ်ချပေးလိုက်ပြီး နှုတ်ဆက်ကာ ပျံသန်းထွက်ခွာသွားလေသည်။

၎င်းမှာ လဆန်းပိုင်းအတွက် အသစ်ထွက်ရှိလာသော 'ကြယ်ခုနစ်စင်းသတင်းစာ' ပင် ဖြစ်၏။

သူသည် စာအုပ်ကို ယူရန်ထလိုက်စဉ်တွင် စားပွဲပေါ်မှ ပိုးလောက်ကောင်လေးသည် ဖုန်းရှန်းကြေးအိုးတစ်ခုလုံးကို ပြောင်စင်အောင် စားသောက်ပြီးသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ထိုမျှမကသေးဘဲ ၎င်းသည် ခိုင်ခံ့သောရွှေရောင်ချည်မျှင်များကို ထုတ်လွှတ်ကာ မိမိကိုယ်ကိုယ် ရွှေရောင်ချည်မျှင်များဖြင့် ပတ်ပတ်လည် ရစ်ပတ်ထားလေသည်။

'နေဦး... ဒါ ပိုးအိမ်တစ်ခုနဲ့ တူနေပါလား...'

သူ၏ခန့်မှန်းချက်မှာ မှန်ကန်နေပုံရ၏။

ပိုးလောက်ကောင်လေးသည် လုံလောက်သော ဝိညာဉ်ဓာတ်ကြွယ်ဝသည့် ပစ္စည်းများကို စားသောက်ပြီးနောက် တိုးတက်ပြောင်းလဲမှုအသစ်ကို စတင်နေခြင်း ဖြစ်သည်။

ဤတစ်ကြိမ် ပိုးအိမ်ထဲမှထွက်လာလျှင် မည်သို့သောပုံသဏ္ဌာန် ဖြစ်လာမည်ကိုမူ မသိရသေးချေ။

အကဲခတ်ကြည့်ပြီးနောက် ချူလျန်သည် ဤရွှေရောင်ပိုးအိမ်ကို စေတီတော်ဖြူ၏ ဟင်းလင်းပြင်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်၏။

၎င်းသည် သူကိုယ်တိုင် ဥမှဖောက်ခဲ့သောပိုးကောင်လေး ဖြစ်သော်လည်း သူကဲ့သို့သော ဖခင်တစ်ဦးအနေဖြင့် ပိုးကောင်ငယ်လေး၏ ကမ္ဘာကို ကောင်းစွာ နားမလည်နိုင်ချေ။

လုံလောက်သော စားစရာများကို ပေးစွမ်းနိုင်ရုံမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မကူညီနိုင်သဖြင့် ၎င်း၏အင်အားဖြင့်သာ သန်မာထွားကျိုင်းလာရန်သာ မျှော်လင့်ရုံရှိတော့သည်။

ရွှေရောင်ပိုးအိမ်ကို သိမ်းဆည်းပြီးနောက် သူသည် ဤလအတွက် ကြယ်ခုနစ်စင်းသတင်းစာကို ယူဆောင်လာခဲ့၏။

စာမျက်နှာကိုလှန်လိုက်သည်နှင့် သိသာထင်ရှားလှသော စာလုံးကြီးအချို့ကို မြင်တွေ့လိုက်ရသည်။

"ပြည်နယ်ကိုးခုတွင် မိစ္ဆာဆိုးများ လှုပ်ရှားလာပြီ... လောကီတရားမျှတမှုအတွက် အသင့်ပြင်ဆင်ကြလော့..."

ယခုအချိန်သည် အခက်အခဲများနှင့် ပြည့်နှက်နေသော အချိန်အခါဖြစ်သဖြင့် ကြယ်ခုနစ်စင်းသတင်းစာ၏ လေယူလေသိမ်းသည်ပင် ပိုမိုတင်းမာလာခဲ့ပြီဖြစ်သည်။

ထုံးစံအတိုင်း ပထမဆုံးအဖြစ် 'လူ့လောက၏ ရတနာတစ်သောင်းစာရင်း' ကို ကြည့်လိုက်သည်။

ယခုတစ်ကြိမ် ရတနာစာရင်းတွင် ကြီးမားသော ပြောင်းလဲမှုမရှိသော်လည်း အရေးကြီးသောအချက်တစ်ချက်ကို အလေးအနက် ကြေညာထားလေသည်။

ဝမ်ဆန်းမြို့မှ ဓားသွန်းပညာရှင်အသစ်တစ်ဦးသည် မိမိသွန်းလုပ်ခဲ့သော ဓားသည် ရတနာစာရင်း၏ ထိပ်တန်းတစ်ရာအတွင်း ဝင်နိုင်သော နတ်ဓားတစ်စင်းဖြစ်ပြီး ထွက်လာသည်နှင့် လောကီမိစ္ဆာကြီးတစ်ကောင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ကြွေးကြော်ခဲ့၏။

သို့သော် ကောင်းကင်မဏ္ဍိုင်မျော်စင်၏ တပည့်များက သွားရောက်စစ်ဆေးသောအခါ ဤဓားတွင် ထိုမျှလောက် အားကောင်းသော စွမ်းအားမရှိသည်ကို တွေ့ရှိခဲ့ရပြီး မိစ္ဆာကြီးကို သုတ်သင်ခဲ့သည်ဟူသော သတင်းမှာလည်း လုပ်ကြံဖန်တီးထားခြင်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ကောင်းကင်မဏ္ဍိုင်မျော်စင်က ဤဓားသွန်းပညာရှင်၏ မည်သည့်လက်ရာကိုမဆို ရတနာစာရင်းတွင် ထည့်သွင်းမည်မဟုတ်ကြောင်း အပြီးတိုင် ကြေညာလိုက်လေသည်။

မူလက လူ့လောက၏ ရတနာတစ်သောင်းစာရင်းသည် လောကရှိရတနာပစ္စည်းများကိုသာ စာရင်းသွင်းခြင်းဖြစ်ပြီး စစ်ဆေးရန်မလိုဘဲ စွမ်းဆောင်ချက်သတင်းများအပေါ် အခြေခံ၍ စီစဉ်ခြင်းဖြစ်၏။

သို့သော် ရတနာစာရင်း၏ဩဇာလွှမ်းမိုးမှု ပိုမိုကြီးမားလာသောအခါ ယုတ်မာသောလူအချို့က ဤစာရင်းကိုအသုံးချ၍ ကိုယ်ကျိုးရှာလာကြသည်။

ဥပမာအားဖြင့် သာမန်ရတနာပစ္စည်းတစ်ခုကို အသုံးပြု၍ ရတနာစာရင်းဝင် ကျော်ကြားသော ရတနာပစ္စည်းတစ်ခုကို အနိုင်ယူနိုင်ခဲ့သည်ဟု လိမ်လည်ကြော်ငြာခြင်းမျိုးပင် ဖြစ်၏။

ဤသို့ဖြင့် ထိုသာမန်ပစ္စည်းသည် ရတနာစာရင်း၏ထိပ်ပိုင်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်းကို ပြန်လည်ရောင်းချကာ အမြတ်ထုတ်ကြလေသည်။

ရတနာပစ္စည်းများကို ဝယ်ယူသူတိုင်းသည် အတုနှင့်အစစ်ကို ခွဲခြားနိုင်စွမ်း မရှိကြချေ။

ဝယ်ယူသူများ လိမ်လည်ခံရသည်ကို သိရှိသွားချိန်တွင် ၎င်းတို့သည် ရတနာစာရင်း၌လည်း တာဝန်ရှိကြောင်း ယူဆကြပေလိမ့်မည်။

ထို့ကြောင့်ပင် အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်မဏ္ဍိုင်မျော်စင်သည် စာရင်းဝင်ပစ္စည်းတိုင်းကို စစ်ဆေးအတည်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ တစ်စုံတစ်ဦးက လိမ်လည်ကြော်ငြာပြီး စာရင်းသွင်းရန် ကြိုးပမ်းပါက အပြီးတိုင် ပိတ်ပင်ခံရမည်ဖြစ်သည်။

ချူလျန်သည် ဤသတင်းကို အထူးသတိပြုမိရခြင်းမှာ ၎င်းဖော်ပြချက်သည် 'ကြက်သွေးရောင်ကွပ်မျက်သူကြီး' ကို သတိရစေသောကြောင့် ဖြစ်၏။

တတိယအဆင့်သာရှိသေးသော မိမိအား ဆဋ္ဌမအဆင့်ကျင့်ကြံသူကို သုတ်သင်နိုင်စေခဲ့သဖြင့် ကြက်သွေးရောင်ကွပ်မျက်သူကြီးသည် နတ်ဓားတစ်စင်းအဖြစ် သတ်မှတ်ရန် အမှန်ပင် ထိုက်တန်လှပေသည်။

သို့သော် တစ်စုံတစ်ဦးက ဤဓားကို လာရောက်စစ်ဆေးပါက သူသည်လည်း ပိတ်ပင်ခြင်း ခံရနိုင်ပေသည်။

ရတနာစာရင်းကို လှန်လိုက်ပြီးနောက် 'ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများ' သို့ ရောက်ရှိလာ၏။

လွန်ခဲ့သောလက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များစွာရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ကောင်းမွန်သော သတင်းများ မဟုတ်ကြချေ။

ပထမဆုံး တွေ့လိုက်ရသည်မှာ 'ထောင်ဝူ' မိစ္ဆာသားရဲကြီး ထွက်ပေါ်လာခြင်းပင် ဖြစ်၏။

လောကတွင် ပိုင်ဇယ်လေးကဲ့သို့သော နတ်သားရဲများရှိသကဲ့သို့ ထောင်ဝူကဲ့သို့သော မိစ္ဆာသားရဲများလည်း ရှိကြသည်။

၎င်းတို့သည် ကောင်းကင်နှင့်မြေပြင်၏ မိစ္ဆာအငွေ့အသက်များမှ မွေးဖွားလာကြပြီး အစဉ်သဖြင့် ကြောက်မက်ဖွယ်ကောင်းကာ သွေးဆာတတ်ကြလေသည်။

နှစ်ပေါင်းများစွာအတွင်း ထောင်ဝူသည် မိစ္ဆာသားရဲများ စုဝေးရာ 'မကောင်းဆိုးဝါးတောင်တန်း' ၌သာ နေထိုင်ခဲ့ပြီး လောကထဲသို့ ထွက်မလာခဲ့သည်မှာ ကြာပြီဖြစ်၏။

ယခုတစ်ကြိမ်တွင်မူ မည်သည့်အကြောင်းကြောင့် မသိရဘဲ မကောင်းဆိုးဝါးတောင်တန်းမှ ထွက်ခွာသွားခဲ့သဖြင့် တောင်တန်းရှိ မိစ္ဆာသားရဲများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်ကာ ဘေးပတ်ဝန်းကျင်ဒေသများတွင်လည်း အကြီးအကျယ် ဒုက္ခရောက်နေကြရသည်။

ထောင်ဝူ၏နောက်တွင် ကပ်လျက်ရှိနေသည်မှာ ကပ်ဘေးမိစ္ဆာကြီးပင် ဖြစ်လေတော့သည်။

ထိုနေ့က ကောင်းကင်မဏ္ဍိုင်မျှော်စင်သခင်သည် လူ့လောကအတွက် ဟောကိန်းထုတ်ရာတွင် ကပ်ဘေးပါမိစ္ဆာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း တွက်ချက်ရရှိခဲ့သည်။

ထို့ကြောင့် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းမှ စွမ်းအားရှင်များ အင်မော်တယ်စိမ့်မြေသို့ စုရုံးရောက်ရှိလာခဲ့ကြသော်လည်း ထိုကပ်ဘေးပါမိစ္ဆာကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် တောင်ပိုင်းပင်လယ် ရေလမ်းကြောင်းမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားသောကြောင့် ဖြစ်လေသည်။

ယခင်က ကပ်ဘေးပါမိစ္ဆာများ ပေါ်ထွက်လာတိုင်း အဆင့်တက်ရန်အတွက် သတ်ဖြတ်မှုများကို အလျင်စလိုရှာဖွေတတ်ကြသော်လည်း ယခုလို ထွက်ပြေးသွားခြင်းမျိုးမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုအချက်က မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းအား ချွေးအေးများ ပြန်သွားစေခဲ့၏။

ကပ်ဘေးပါမိစ္ဆာ ဖြတ်သန်းသွားရာနေရာတိုင်းတွင် ဘေးအန္တရာယ်များ ကပ်ပါလာမည်မှာ အသေအချာဖြစ်ရာ သက်ရှိသတ္တဝါများ ဒုက္ခရောက်ကြရဦးမည်မှာ မလွဲဧကန်ပင် ဖြစ်ချေသည်။

သို့သော် လက်တွေ့တွင် ထိုသို့ဖြစ်မလာခဲ့ပေ။

ထိုကပ်ဘေးပါမိစ္ဆာကို ဝေလငါးစီးအင်မော်တယ်ဟု အမည်ရသည့် အမှီအခိုကင်း ကျင့်ကြံသူတစ်ဦးက ခေါ်ဆောင်သွားခဲ့ပြီး ယနေ့တိုင်အစအန ပျောက်ဆုံးနေခဲ့သည်။

မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့က ထိုဝေလငါးစီးအင်မော်တယ်အား ကပ်ဘေးပါမိစ္ဆာ၏စွမ်းအားကို အသုံးချ၍ လူ့လောကကိုဒုက္ခပေးရန် မကြိုးစားသင့်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားလေ၏။

ချူလျန်က ဖတ်ရှုနေရင်း ဖြည်းညင်းစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ဤသတင်းအချက်အလက်များထဲမှ အချို့မှာ သူ့ထံမှတစ်ဆင့် ထွက်ပေါ်သွားခြင်းဖြစ်သောကြောင့်ပင်။

ထိုမိန်းကလေးငယ်နှင့် ဝေလငါးစီးအင်မော်တယ်တို့၏ အကြောင်းကို သူက ရှုတောင်ဂိုဏ်း၏ အထက်လူကြီးများထံ တင်ပြခဲ့ပြီးဖြစ်ရာ ရှုတောင်ဂိုဏ်းသည်လည်း ကောင်းကင်မဏ္ဍိုင်မျှော်စင်နှင့် သတင်းဖလှယ်ထားပြီးဖြစ်လောက်ပေသည်။

ထိုအချိန်က ဤမိန်းကလေးငယ်၏ သရုပ်မှန်ကို သေချာပေါက် မသိရသေးသော်လည်း ယခုအခါတွင်မူ မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့က သူမသည် ကပ်ဘေးပါမိစ္ဆာဖြစ်ကြောင်း အတည်ပြုလိုက်ပြီလော။

ဆက်တိုက်ဆိုသလို နောက်ထပ်သတင်းတစ်ပုဒ်ကို ထပ်မံဖတ်ရှုလိုက်ရချိန်တွင် သူတို့မှာ အဘယ်ကြောင့် ဤမျှ ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်ရသည်ကို ချူလျန် နားလည်သွားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် ယင်းနောက်တွင် ထိုက်ယင်ဂိုဏ်းမှ ထုတ်ပြန်လိုက်သော လူ့လောက လိုက်လံသတ်ဖြတ်ရေးအမိန့်စာ ပါလာခြင်းကြောင့်ပင်။

၎င်းတို့သည် ဝေလငါးစီးအင်မော်တယ်၏အသက်အတွက် တန်ဖိုးကြီးမားသော ရတနာများဖြင့် ဆုငွေထုတ်ထားပြီး သဲလွန်စပေးနိုင်သူကိုလည်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားလေသည်။

၎င်းမှာ အလွန်သိသာထင်ရှားသော ထိုက်ယင်ဂိုဏ်း၏ဟန်ပန်ပင် ဖြစ်ချေတော့သည်။

All Chapters