← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈) - သင့်အား အမွေဆက်ခံခွင့် ပေးအပ်မည် (၂)

ဝှီး...

ရေအောက်တွင် ကြောက်မက်ဖွယ်ရာဖိအားတစ်ခုနှင့်အတူ ရွှေဖြူရောင်ဧရာမအကြေးခွံကြီးများ ရေးရေးမျှဖြတ်သန်းသွားသည်ကို တွေ့လိုက်ရ၏။

လျိုရှောင်ယွီသည် ရင်တထိတ်ထိတ်ဖြစ်သွားကာ ငုံ့ကြည့်လိုက်သော်လည်း ဘာကိုမျှမမြင်ရချေ။

ထို့နောက် ရေပက်သံများ ဆူညံစွာထွက်ပေါ်လာပြီး သူမ ပြန်လည်မော့ကြည့်လိုက်ချိန်တွင်မူ မျက်စိရှေ့၌ လွန်စွာကြီးမားခမ်းနားလှသော ရွှေဖြူရောင်နဂါးခေါင်းကြီးတစ်ခုပေါ်လာသည်ကို မြင်လိုက်ရတော့သည်။

ဧရာမနဂါးကိုယ်လုံးကြီးတစ်ဝက်ခန့်သည် ရေပြင်အထက်သို့ ထွက်ပေါ်လာပြီး ခေါင်းကိုမော့ကာ အောက်သို့ငုံ့ကြည့်နေလေ၏။

ဝုန်း...

အစက လာစဉ်တွင်မကြောက်ခဲ့သော်လည်း ဤနဂါးကိုမြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရေနေသတ္တဝါတစ်ကောင်ဖြစ်သော သူမသည် မွေးရာပါသွေးဆက်ဖိနှိပ်မှုကို ချက်ချင်းခံရကာ အသက်ရှူရပင် ခက်ခဲလာတော့သည်။

စကားဖြင့် ဖော်ပြ၍မရနိုင်သော ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုက နှလုံးသားထဲမှ စိမ့်ထွက်လာသည်။

စီကုန်းအဘိုးအိုက သူမ၏ပခုံးလေးကို ညင်သာစွာဖိကိုင်လိုက်ရာ လတ်ဆတ်သောလေညင်းလေး တစ်ချက်တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုတုန်လှုပ်ကြောက်ရွံ့မှုများမှာ အတော်လေးလျော့ပါးသွားလေတော့၏။

"အရင်တုန်းက အရှင်မြတ်ပြောခဲ့တဲ့ ငွေဓားတောင်ထွတ်ပေါ်ကနေ ခံစားရတဲ့ မဟာကံကြမ္မာဆိုတာ ဒီကောင်မလေးဖြစ်မယ်ထင်တယ်...”

သူက အသံထွက်၍ပြောလိုက်သည်။

"အခု သူမကိုတိုက်ရိုက်ခေါ်လာခဲ့ပြီဆိုတော့ ကံကြမ္မာအခွင့်အရေးတစ်ခုခုရှိရင် သူမကို တိုက်ရိုက်ပေးအပ်နိုင်ပါတယ်...”

နဂါးဖြူကြီးသည် အထက်စီးမှနေ၍ မော်ကြည့်နေကာ ၎င်း၏မျက်လုံးအိမ်အတွင်း၌ ရွှေရောင်မီးတောက်များ တောက်လောင်နေပြီး အေးစက်မှုများပြည့်နှက်နေ၏။

ထိုမျက်လုံးများထဲတွင် အောက်ဘက်မှ အဘိုးအိုနှင့် ကလေးမလေးတို့၏အရိပ်များ ထင်ဟပ်နေလေသည်။

လျိုရှောင်ယွီကို ကြည့်လိုက်သောအခါ ၎င်း၏အကြည့်ထဲတွင် သံသယနှင့် ဒေါသအရိပ်အယောင်လေးများ ဖြတ်ပြေးသွားသော်လည်း ခေတ္တရပ်တန့်သွားပြီးနောက် ထိုခံစားချက်များကလျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။

၎င်း၏အကြည့်သည် ငွေဓားတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်ပြီးနောက် နဂါးခေါင်းကြီးကိုအရှေ့သို့တိုးကာ လျိုရှောင်ယွီအနီးသို့ကပ်လာလေ၏။

လျိုရှောင်ယွီသည် မသိစိတ်ကပင် နောက်သို့တစ်လှမ်းဆုတ်လိုက်မိသည်။

"ဂါး..."

နဂါးဖြူကြီးထံမှ တိုးညင်းသောနဂါးဟိန်းသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင် စီကုန်းအဘိုးအိုနှင့် လျိုရှောင်ယွီတို့၏ စိတ်အာရုံထဲတွင် အာဏာစက်အပြည့်ပါဝင်သော လူစကားသံတစ်ခု ထွက်ပေါ်လာလေသည်။

'ယနေ့၌ ငါ၏ အမွေဆက်ခံခွင့်ကို သင့်အား ပေးအပ်မည်။ နောင်တစ်ချိန် ကပ်ဘေးကြုံလာလျှင် သစ္စာမဖောက်လေနှင့်...’

ထိုစကား၏အဓိပ္ပာယ်ကို နှစ်ယောက်လုံး နားမလည်ကြချေ။ လျိုရှောင်ယွီကမူ အနည်းငယ် ကြောင်တောင်တောင်ဖြင့်သာ ခေါင်းညိတ်ပြလိုက်ပြီး စီကုန်းအဘိုးအိုကတော့ မျက်လုံးများ ကျဉ်းမြောင်းသွားကာ တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးတောနေသည့် အမူအရာမျိုးဖြစ်သွားလေသည်။

ရွှီး...

ထိုသို့ ခေတ္တ တိတ်ဆိတ်သွားစဉ်အတွင်း နဂါးဖြူကြီး၏နဖူးမှ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက်ပစ်လွှတ်လာပြီး လျိုရှောင်ယွီ၏ နဖူးတည့်တည့်သို့ထိမှန်သွား၏။

ကောင်မလေး၏မျက်လုံးထဲတွင် အဖြူရောင်အလင်းတစ်ခုလက်ခနဲ ဖြစ်သွားသည်။

ဝုန်း...

သူမ၏ စိတ်အာရုံထဲတွင် မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများ ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်သွားလေတော့သည်။

...

"ဘာအသံလဲ...”

ထိုအချိန်မှာပင် ငွေဓားတောင်ထွတ်ပေါ်တွင်ရှိနေသော ချူလျန်လည်း ရုတ်တရက်အလန့်တကြား ဖြစ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏စိတ်အာရုံထဲတွင်လည်း ထိုအသံ ထွက်ပေါ်လာသောကြောင့်ပင်။

နတ်ဘုရားတစ်ပါးကဲ့သို့ တိုးညင်း၍ ဩဇာတိက္ကမအပြည့်ပါသော အသံဖြင့်...

'ယနေ့ ငါ၏ အမွေဆက်ခံခွင့်ကို သင့်အား ပေးအပ်မည်။ နောင်တစ်ချိန် ကပ်ဘေးကြုံလာလျှင် သစ္စာမဖောက်လေနှင့်...'

'ဒါ ဘယ်သူ စကားပြောနေတာလဲ...’

ချူလျန်သည် တစ်ကိုယ်လုံး သတိအနေအထားဖြစ်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း စကားပြောသူကို မတွေ့ရချေ။

'စွမ်းအားရှင်ကြီးတစ်ဦးဦးက မိုင်ထောင်ချီအသံလွှင့်တဲ့ တန်ခိုးစွမ်းအင်ကို အသုံးပြုနေတာများလား...’

'လူမှားပြီး ဆက်သွယ်လာတာတော့ မဟုတ်ပါဘူးနော်...’

သူက ခေါင်းခါယမ်းလိုက်သည်။ ဤအရာက ဖုန်းခေါ်နေခြင်းမှ မဟုတ်ဘဲ၊ နံပါတ်မှားခေါ်ရန် အကြောင်းမရှိပေ။

ထိုသို့ ဇဝေဇဝါဖြစ်နေစဉ်မှာပင် လျိုရှောင်ယွီ ပြန်လည်ပျံသန်းဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် လမ်းလျှောက်ရင်း တစ်ခုခုကို စဉ်းစားနေပုံရပြီး မျက်လုံးများထဲတွင် တွေဝေမှုများပြည့်နှက်နေ၏။

"ရှောင်ယွီ…မင်း ပြန်လာပြီလား...”

ချူလျန်သည် စိတ်ထဲမှသံသယများကို ကမန်းကတန်း ဘေးဖယ်ထားလိုက်ပြီး သွားရောက်ကြိုဆိုလိုက်သည်။

"အင်း...”

လျိုရှောင်ယွီက ညင်သာစွာ ခေါင်းညိတ်ပြ၏။

"ဘာဖြစ်လို့လဲ...”

ချူလျန်သည် သူမ၏မူးဝေနေပုံကို မြင်လိုက်ရသဖြင့် လက်လှမ်းကာ တွဲကူပေးလိုက်သည်။

ထိုအခါ လျိုရှောင်ယွီကမျက်လုံးများကို ပင့်ကြည့်လိုက်ရာ သူမ၏မျက်လုံးများထဲတွင် အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရ၏။

ဝုန်း...

ချူလျန်၏စိတ်အာရုံထဲတွင်လည်း မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများ ပေါက်ကွဲထွက်လာလေသည်။

ထိုစာလုံးများထဲတွင် ကောင်းကင်ဘုံ၏တရားလမ်းစဉ်ကို ဖော်ညွှန်းနေသည့် မန္တန်များသဖွယ် လှည့်ပတ်နေသောပုံစံများလည်း ရောယှက်နေ၏။

'ဒါက...'

လျိုရှောင်ယွီတစ်ယောက် ဘာကြောင့် မူးဝေနေရသနည်းဆိုသည်ကို ချူလျန် ချက်ချင်းပင် နားလည်သွားလေသည်။

ဤမျှ ကြီးမားများပြားလှသော သတင်းအချက်အလက်များက ဦးနှောက်ထဲသို့ ရုတ်တရက်ဝင်ရောက်လာပါက မည်သူမဆို အချိန်အတော်ကြာအောင် စီမံဖြေရှင်းရမည်သာ ဖြစ်သည်။

ကောင်မလေး၏ ဦးနှောက်အလုပ်လုပ်နှုန်းက မူလကတည်းက မမြန်ဆန်လှသဖြင့် ချက်ချင်း လောင်ကျွမ်းမသွားသည်မှာပင် တော်သေးသည်ဟုဆိုရမည်။

သူကိုယ်တိုင်ပင်လျှင် ထိုသတင်းအချက်အလက်များကို ချေဖျက်နိုင်ရန် ဝိညာဉ်အာရုံကို အချိန်အတော်ကြာလည်ပတ်စေခဲ့ရသည်။

ထို့နောက် သူ၏မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားလေတော့၏။

'ဒါ နဂါးမျိုးနွယ်စုရဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်နေတာပဲ...’

သူသည် အထီးကျန်တောင်ထွတ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်မိသည်။

အမှန်တကယ်တွင် စောစောက သူ၏စိတ်အာရုံထဲ၌ ကြားလိုက်ရသော စကားမှာ ထိုစစ်မှန်သောနဂါးက သူ့ကိုရည်ရွယ်ပြောဆိုခဲ့ခြင်း ဖြစ်နေသည်ပင်။

'သူ ဘာကို ကြောက်ရွံ့နေတာလဲ...’

လောကရှိ နဂါးအစစ်များအနက် မည်သည့်နဂါးကိုမဆို ဆွဲထုတ်လိုက်ပါက နတ်သားရဲများနှင့် ရင်ပေါင်တန်းနိုင်စွမ်းရှိပေသည်။

သို့သော် နတ်သားရဲမျိုးနွယ်စုအများစုမှာ အရေအတွက်နည်းပါးပြီး မျိုးပွားရန် ခက်ခဲကြရာ နဂါးမျိုးနွယ်စုက နှိုင်းယှဉ်ချက်အရ ကြီးမားသော အရေအတွက် အားသာချက်ကို ပိုင်ဆိုင်ထားလေသည်။

ဤသည်ကပင် သူတို့၏အင်အားကြီးမားလှသော အချက်ပင်။

ဤသည်မှာ နဂါးမျိုးနွယ်စု၏ ဓလေ့စရိုက်နှင့် သက်ဆိုင်နေနိုင်ပေသည်။

လူ့လောကတွင် 'နဂါးတို့၏ သဘာဝသည် ရမ္မက်ကြီး၏' ဆိုသော စကားတစ်ခွန်း အစဉ်အဆက် ပြန့်နှံ့နေခဲ့ရာ ၄င်းမှာ လုံးဝလုပ်ကြံဖန်တီးထားခြင်း မဟုတ်ပေ။

အခြားသော နတ်သားရဲများနှင့် နှိုင်းယှဉ်ပါက သူတို့သည် မျိုးပွားခြင်းကိစ္စအပေါ် ပို၍ စိတ်အားထက်သန်ကြလေသည်။

အလွန်ရိုးရှင်းသော သဘောတရားတစ်ခု ရှိပေသည်။ အကယ်၍ သင်က ကိစ္စတစ်ခုကို တာဝန်တစ်ခုအဖြစ်သတ်မှတ်ထားပါက ထိုကိစ္စကို သေချာလုပ်ဆောင်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် သင်ကထိုကိစ္စကို ဝါသနာတစ်ခုအဖြစ် သတ်မှတ်လိုက်ပါက ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အလွန်လွယ်ကူသွားပေမည်။

မျိုးပွားခြင်းဆိုသည်မှာလည်း ထိုနည်းတူပင်။

ဤကိစ္စမှကြီးမားလှသော ပျော်ရွှင်မှုကိုရရှိနိုင်သော လူသားမျိုးနွယ်၊ နဂါးမျိုးနွယ်စု ကဲ့သို့သော မျိုးနွယ်စုများမှာ လူ့လောက၏ထိပ်ဆုံးတွင် ရပ်တည်နေကြလေသည်။

ဤသည်ကပင် မျိုးပွားခြင်းကို နှစ်သက်မြတ်နိုးခြင်းသည် အဆင့်မြင့်သက်ရှိတို့၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း သက်သေပြရန်လုံလောက်နေပေသည်။

...

All Chapters