← Chapters

နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် သလင်းကျောက်

Vol. 012 Ch. 579

နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် သလင်းကျောက်

Vol. 012 Ch. 579

ကျောက်စိမ်းပြားများကို ပြုလုပ်ပြီးနောက် ဝမ်လင်းသည် နတ်ဘုရားအာရုံကို တောင်ကြားတစ်ခုလုံးသို့ ဖြန့်ကြက်ဖုံးလွှမ်းလိုက်သည်။ တောင်ကြားထဲရှိ ရွာသားတိုင်းကတော့ သူရှာဖွေသည်ကို မသိရှိကြချေ။ ဝမ်လင်းက သည်လူများအားလုံးနီးကပါးက အရည်အချင်းရှိကြောင်း တွေ့လိုက်ရ၏။ ထိုလူများက သူစတင်ကျင့်ကြုံတုန်းက အခြေအနေထက်ပင် သန်မာသည့် ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြသည်။

သည့်အတွက်ကြောင့် ဝမ်လင်းက ပျော်ရွှင်သွားမိသည်။ သည်နေရာတွင် မည်သည့် စိတ်ဝိညာည်စွမ်းအင်မှ ရှိမနေပေမဲ့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တော့ ရှိနေသည်။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ စိတ်ဝိညာဉ်အလံပြုလုပ်ခြင်းကို ကျင့်ကြံခြင်းက အကျိုးကျေးဇူးအချို့ပင် ရကောင်းရနိုင်သေးသည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ချူယောင်ဟွာကို အခြားရွာသားများသည် တိုက်ခိုက်ရမည် ဖြစ်ပြီး သူတို့နေထိုင်ဖို့အတွက် ခိုင်မာသည့်နေရာကို ရှာဖွေရမည့်အကြောင်းအား သတင်းပို့လွှတ်လိုက်သည်။

သူက ချူယောင်ဟွာကို ထိုသို့ သတင်းပို့ပြီးနောက် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။

သိပ်မကြာခင်တွင် ချူယောင်ဟွာက ဝမ်လင်းထံသို့ အပြေးရောက်လာ၏။ သူက စောနတုန်းက ဝမ်လင်းအသံကို ကြားခဲ့ရပြီး ဖြစ်သည်။ သည့်အတွက် သူက ခဏတာ မှင်တက်သွားပြီးမှ ခုလို အလောတကြီး ရောက်လာခဲ့ခြင်းပင်။

ဝမ်လင်းက ချူယောင်ဟွာထံသို့ ကျောက်စိမ်းပြားနှစ်ခုအား ပစ်ပေးလိုက်သည်။

ချူယောင်ဟွာက ကြောင်ငေးသွားသည်။ သူက ကျောက်စိမ်းပြားကို သေချာကြည့်ရှုလိုက်ပြီးနောက် စိတ်လှုပ်ရှားဟန်ဖြင့် မေးလိုက်သည်။ “ကောင်းကင်ဘုံသား…ဒါက နတ်ဆိုး ကျောက်စိမ်းပြားတွေများလား…”

“နတ်ဆိုးကျောက်စိမ်းပြား…နာမည်လှသားပဲ…” ဝမ်လင်းက လျိုယွမ်၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်ခဲ့သည့်အခါ လျိုယွမ်၏ဘိုးဘေးက နတ်ဆိုးကျောက်စိမ်းပြား ဟူသည့် စကားတစ်ခွန်းကို မှတ်တမ်းတင်ထားခဲ့သည်အား တွေ့ရှိခဲ့၏။

ချူယောင်ဟွာက ကျောက်စိမ်းပြားကို ကိုင်ကာ အသက်ဝဝရှုသွင်းလိုက်သည်။ အချိန်အတန်ကြာ ကြည့်ရှုပြီးနောက် သူ့မျက်နှာက နီမြန်းသွား၏။ သည့်နောက် သူက ရှက်ရွှံ့သည့်ဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ကောင်းကင်ဘုံသား..ငါက ဒီထဲမှာ မှတ်တမ်းတင်ထားတဲ့ဟာတွေ ရှိတာသိပေမဲ့ ဒါတွေကို ငါမဖတ်တက်ဘူး…”

“ကျောက်စိမ်းပြား တစ်ခုကို မင်းရဲ့ နှဖူးထက်ကို ဖိလိုက်ပါ။ ပြီးရင် အဲ့ကျောက်စိမ်းပြားထဲက အရာတွေကို မင်းကိုယ်တိုင် စိတ်ကူးကြည့်လိုက်။ မင်း စိတ်က ခိုင်မာ မယ်ဆိုရင် မင်းက ဒါကို မြင်နိုင်လိမ့်မယ်…။ မဟုတ်ရင်တော့ နောက်ထပ် နည်းနည်းထပ် ကြိုးစားကြည့်…”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက မျက်လုံး မှိတ်ထားလိုက်တော့၏။

ချူယောင်ဟွာက အသက်ဝဝရှုသွင်းကာ ကြာပွင့်သဏ္ဌာန်ထိုင်ချ၍ ကျောက်စိမ်းပြားကို သူ့နှဖူးထက်သို့ ဖိချလိုက်ကာ ကျောက်စိမ်းပြားထဲမှ မြင်ကွင်းကို မြင်ယောင်ရန် ကြိုးစားလိုက်၏။ ခဏအကြာတွင် သူက ခါသီးစွာ ပြုံးလာခဲ့သည်။ သူက မည်မျှကြိုးစားသည်ဖြစ်စေ အထဲကအရာကို မမြင်နိုင် ဖြစ်နေ၏။

ဝမ်လင်းက မျက်လုံးမှိတ်ထားဆဲ ဖြစ်သော်လည်း သူက ချူယောင်ဟွာကို စောင့်ကြည့်လို့နေဆဲပင်။

သည်လူက သည်တောင်ကြား၏အကြီးအကဲ ဖြစ်နေရခြင်းက သူသည် ရှေးဟောင်းနတ်ဆိုးမြို့သို့ သွား၍ လေ့လာခဲ့ပြီး နတ်ဆိုးစွမ်းအင် အဆင့်တစ်ကို ရရှိနိုင်ခဲ့၏။ ၎င်းက မြို့ထဲ၌ နေရန် မလုံလောက်သော်လည်း သည်ရွာတွင်မူ သူ့အဆင့်အတန်းက များစွာ မြင့်တက်ခဲ့သည်။

ဝမ်လင်းက ချူယောင်ဟွာ၏ ဒန်တျန်ပတ်လည်၌ ပါးလွှာ နူးညံ့သည့်အော်ရာတစ်ခုက ရွေ့လျားနေသည်ကို ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်။သို့ရာတွင် သည်လူ၏ သွေးကြောများကတော့ ပိတ်ဆို့ကာ နေ၏။ ထို့ကြောင့် သည်အော်ရာအမျှင်တန်းက လှည့်ပတ်မှုက နှေးကွေးသွား သည်သာမက ၎င်း၏ လှုပ်ရှားနိုင်မှု အဝန်းအဝိုင်းကလည်း အကန့်အသတ် ဖြစ်နေခဲ့သည်။

မည်သို့ဖြစ်စေကာမူ သည်လောက်အော်ရာနှင့်ပင် သူက တောင်ကြားပတ်လည်ရှိ အစီအရင်ကို ထိန်းချုပ်နိုင်ကာ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ဖန်တီးနိုင်နေသေး၏။

တစ်နာရီခန့်ကြာပြီးနောက် ချူယောင်ဟွာက လက်လျော့လိုက်ရသည်။ သူ့မျက်နှာပေါ်၌ ခါးသီးမှုတို့ ရှိနေကာ သူက ခေါင်းခါယမ်းလိုက်မိသည်။

ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့၏။ သည့်နောက် သူက လက်ဝှေ့ယမ်းလိုက်သည်။ ချူယောင်ဟွာက ဝမ်လင်းထံသို့ ပျံဝဲလာတော့၏။ ဝမ်လင်းက သူ့လက်ချောင်းနှစ်ခုဖြင့် ချူယောင်ဟွာ၏ ဒန်တျန်သို့ လက်ညွှန်လိုက်၏။

ချူယောင်ဟွာက တစ်ချက်ငြီးငြူလိုက်ရသည်။ သူ့ဒန်တျန်ထဲကနေ စူးရှရှနာကျင်မှုကို ခံစားလိုက်ရ၏။ ချွေးသီးချွေးပေါက်များပင် သူ့နှဖူးထက်မှ ကျဆင်းလာ၏။

သည်အရာက နာကျင်သော်လည်း သူက အံ့ကြိတ်ကာ တင်းခံ၏။ သူက ဝမ်လင်းသာ သူ့ကို သတ်လိုလျှင် ခုလိုလုပ်စရာမလိုကြောင်း သိပြီးသား ဖြစ်၏။ ဝမ်လင်းက ခုလိုလုပ်ရခြင်းက သူ့ကို ကူညီပေးရန်အတွက် ဖြစ်ပေလိမ့်မည်။

လူတစ်ယောက်၏ သက်တမ်းက နတ်ဆိုးစွမ်းအင် အဆင့်(၁)၌သာ ထာဝရ တစ်နေပါက နောက်တစ်ဆင့်တက်ရန် မဖြစ်နိုင်သလောက်ပင်။ သို့ရာတွင် သူက ခုအခွင့်ရေးကို ဖမ်းဆုပ်နိုင်ပါက အဆင့်ချိုးဖျက်နိုင်ရန် အိပ်မက်တစ်ခု အဖြစ် ရှိတော့မည် မဟုတ်ပေ။

ဝမ်လင်းက ချူယောင်ဟွာ၏ ဒန်တျန်ကို ညွှန်နေသည့်လက်ကို ဖြည်းဖြည်းချင်း လှုပ်ရှား၏။ သူက လက်မဝက်ခန့်လှုပ်ရှားတိုင်း ချူယောင်ဟွာ၏ နာကျင်မှုကလည်းများစွာ တိုးလာခဲ့၏။ သူ့နှဖူးထက်ကနေလည်း ချွေးသီးချွေးပေါက်များစွာ ပိုမိုကျဆင်းလာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပြင်းထန်စွာ တုန်ယင်နေကာ သူ့မျက်နှာက ဖြူရောလို့နေ၏။

ဝမ်လင်းအသွင်က ပုံမှန်ပင်။ သူ့လက်ချောင်းက သုံးလက်မခန့် မြှင့်တက်လာပြီးနောက် သူက ချူယောင်ဟွာကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ “တောင့်ခံထား…”

ထိုသို့ပြောပြီးနောက် သူ့ဘယ်ဘက်လက်က သုံးလက်မ မြင့်တက်နေရာကနေ ရုတ်တရပ် ထပ်မြင့်ကာ ချူယောင်ဟွာ၏ နှဖူးထက်သို့ ဦးတည်လိုက်လေ၏။

ချူယောင်ဟွာက အလွန်နာကျင်စွာ ငြီးငြူလိုက်ရကာ သူ့အသံက တောင်ကြားထဲ၌ ပဲ့တင့်ထပ်ကာ သွား၏။

ချူယောင်ဟွာက မျက်ဖြူပင်လန်ကာ သူက မြေပြင်ပေါ်သို့ ပြိုလဲကျ၍ လှုပ်ရှားခြင်း မပြုတော့၏။

ဝမ်လင်းက သူ့ကို ကြည့်ပင် မကြည့်ဘဲ ထိုနေရာတွင်သာ ဆက်၍ ထိုင်နေ၏။ ရွာသားများအားလုံးက ချူယောင်ဟွာ၏ အော်သံကို ကြားလိုက်ရသော်လည်း မည်သူမျှ လာရောက်စစ်ဆေးဝံ့ခြင်း မရှိချေ။

နာရီများစွာ ကြာပြီးနောက် ချူယောင်ဟွာက တဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ မျက်လုံးဖွင့်လာသည့်အခိုက်၌ သူက ကြောင်ရီရီ ဖြစ်လို့နေသည်။ သူမြင်ရသည့် ကမ္ဘာတစ်ခုလုံးက ခြားနားသွားသည့်အလား ထင်မှတ်နေ၏။ ပန်းပွင့်များက ပန်းပွင့်၊မြက်ပင်များက မြင်ပင် အဖြစ်သာ ရှိနေသော်လည်း သူ့အမြင်တွင်မူ အရာအားလုံးက ခြားနားလို့နေ၏။

သူက ပြန်လည်မွေးဖွားလာသလား ခံစားနေရ၏။ သူက မျက်ရည်စီးကြောင်းနှစ်ခုပင် ကျဆင်း လာသည်။ သူက အဆင့်နှစ်သို့ ရောက်ရှိသွားသလားကိုပင် မစစ်ဆေးနိုင်သေးဘဲ ဝမ်လင်း ရှေ့၌ ဒူးထောက်ချ၍ သုံးကြိမ်သုံးခါ ဦးညွတ်လိုက်၏။

“ကျေးဇူးတင်ပါတယ်…ကောင်းကင်ဘုံသား…”

သူက စကားအများကြီး ပြောလိုက်ခြင်း မရှိသေးသော်လည်း သူ့စကားများ၌ စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်မှုတို့ ပါဝင်နေ၏။ ထိုအရာက စကားဖြင့်ပင် ဖော်ပြ၍ မစွမ်းသာပေ။

ဝမ်လင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “နတ်ဆိုးကျောက်စိမ်းပြားထဲမှာ ဘာရှိလဲ မင်း ထပ်ပြီး စစ်ဆေးကြည့်လိုက်ဦး…”

ချူယောင်ဟွာက ကျောက်စိမ်းပြားကို မြန်ဆန်စွာ ကောက်ယူ၍ သူ့နှဖူးထက်သို့ ဖိလိုက်သည်။ သည့်နောက် သူက စတင်၍ စိတ်ကူးပုံဖော်တော့သည်။ ကျောက်စိမ်းပြားထဲရှိ မှတ်တမ်းတင်ထားသည့် မန္တန်က သူ့မှတ်ဉာဏ်ထဲ၌ ပုံနှိပ်ထားသလို ဖြစ်သွားတော့သည်။

ချူယောင်ဟွာ၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ အသက်ဝဝရှုသွင်းလိုက်မိသည်။ သူ့စိတ်ထဲ၌လည်း အလွန်လှုပ်ရှားနေ၏။ သူက ပြောလိုက်သည်။ “ဂျူနီယာက ဒါကို တွေ့မြင်ပါပြီ…”

သူက အလိုလိုပင် သူ့ကိုယ်သူ သုံးသည်နာမ်စားပါ ပြောင်းလဲသွားတော့၏။

ဝမ်လင်းက ခေါင်းညိတ်ပြသည်။ အစောပိုင်းတုန်းက ချူယောင်ဟွာ၏ သွေးကြောများကို အားဖြင့် အတင်း ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်၏။ သည်နည်းလမ်းက ကြမ်းတမ်းကာ အနာဂတ်တွင် အကျိုးသက်ရောက်မှု များစွာ ရှိနေသည်။ သို့သော် လူတစ်ယောက်၏ ကျင့်ကြံမှုကို တိုးတက်ရန်တော့ အမြန်ဆုံးနည်းပင်။

ဝမ်လင်းက ချူယောင်ဟွာကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒီမန္တန်ကို စိတ်ဝိညာဉ်မွန်းမံသန့်စင်ခြင်း လို့ခေါ်တယ်။ သေချာနားထောင်ပါ။ ငါမင်းကို တစ်ကြိမ်သေချာ ရှင်းပြမယ်…။ မင်းက ဒါကို သင်ယူပြီးရင် ရွာသားတွေကို ပြန်သင်ပြပေးပါ…”

ယနေ့ ချူယောင်ဟွာက စိတ်လှုပ်ရှားပြီးရင်း လှုပ်ရှားနေတော့သည်။

သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာမှုကြောင့် စိတ်လှုပ်ရှားသွားခဲ့ရ၏။ သည့်နောက် ကျောက်စိမ်းပြားကို မြင်၍ စိတ်လှုပ်ရှားရပြန်သည်။ တကယ်တော့ မန္တန်များက သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ရှားပါးလွန်းလှသည် မဟုတ်လား။ ထို့ကြောင့် သာမန်လူများက သည်မန္တန်များကို ရနိုင်ရန် နည်းမရှိချေ။

ချူယောင်ဟွာက အသက်ဝဝရှုကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ “ကောင်းကင်ဘုံသား…သင်က ငါ့ကို ဒီမန္တန်သင်ပေးမယ်လို့ ဆိုလိုနေတာလား…”

ဝမ်လင်းအသွင်က မပြောင်းမလဲ ရှိနေကာ ခေါင်းညိတ်ပြ၍ ပြောလိုက်၏။ “မင်းတင် မဟုတ်ဘူး။ တစ်ရွာလုံးက ရွာသားအားလုံးကိုလည်း ငါ သင်ပေးမှာ…”

ချူယောင်ဟွာ၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ လေးစားစွာ ဦးညွတ်၍ ပြောလိုက်သည်။ “ငါ…ချူယောင်ဟွာက ကောင်းကင်ဘုံသားရဲ့ လုပ်ဆောင်မှုကို ဘယ်တော့မှ မမေ့တော့ပါဘူး…”

သည်စကားလုံးများက သူ့နှလုံးသားကနေ ထွက်ပေါ်လာခြင်းပင်။

သည်နေရာ၌ မန္တန်များကို ထိန်းချုပ်နိုင်သည့်လူများက နည်းပါးစွာသာ ရှိသည်ဟု ပြော၍ရ၏။ ချူယောင်ဟွာ၏ အရည်အချင်းနှင့်ဆိုလျှင် သည်လိုမန္တန်တစ်ခုကို ဘယ်တော့မှ သင်ယူနိုင်ခွင့်ရှိမည် မဟုတ်ချေ။ ရွာသားများဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ဝမ်လင်းက သည်မန္တန်ကို ကျင့်ကြံခြင်း သော့ချက်များကို ညွှန်ပြနေ၏။ ချူယောင်ဟွာက ကျောင်းသားကောင်းတစ်ယောက်ကဲ့သို့ သေချာနားထောင်နေကာ ဝမ်လင်းအပေါ် သူ့လေးစားမှုက ပိုတိုးလာခဲ့၏။

ဝမ်လင်းက စကားပြောဆိုပြီးနောက် ချူယောင်ဟွာက တပည့်တစ်ယောက်လိုအသွင်ဟန်ပန်ဖြင့် ပြန်ထွက်ခွာသွားတော့၏။

ချူယောင်ဟွာ၏ လုပ်ဆောင်ချက်များက ဝမ်လင်းက အနည်းငယ် တုန်လှုပ်မှုအား ခံစားစေ၏။ သို့ရတွင် သူက ချူယောင်ဟွာကို ကျင့်ကြံခြင်းနည်းလမ်း သင်ပြပေးခြင်း ဖြစ်သဖြင့် သူက ထိုသို့ တပည့်တစ်ယောက်လို ပြုမူသည်မှာလည်း မမှားလှပေ။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း သုံးလ ကုန်ဆုံးသွားခဲ့သည်။

ချူယောင်ဟွာက အလွန်ဝီရိယရှိစွာ ကြိုးစား၏။ သူက တစ်ချိန်လုံး ကျင့်ကြံခြင်း၌ ကုန်ဆုံးစေကာ စိတ်ဝိညာဉ်မွန်းမံခြင်း မန္တန်ကို လေ့လာနေ၏။

သူ့အရည်အသွေးက ကောင်းမွန်ပြီးသား ဖြစ်၏။ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ နည်းစနစ်က သင်ယူရန် လွယ်ကူပြီး ကျွမ်းကျင်ရန် ခက်ခဲလှသည်။ သုံးလကြာပြီးနောက် သူက အချို့လုပ်ဆောင်မှုများကို လုပ်ဆောင်လာနိုင်၏။

သူတင်မကဘဲ ရွာထဲရှိ အခြားယောက်ျားသားသည်လည်း သူ့လမ်းညွှန်မှုအောက်၌ ကျင့်ကြံကြလေသည်။ သူတို့တစ်ယောက်ချင်းစီက မတူညီသော ရလဒ်များကို အောင်မြင်ကြ၏။

ဝမ်လင်းက သည်သုံးလလုံးလုံး နတ်ဆိုးသလင်းကျောက်များကို လေ့လာရာ၌ အသုံးပြုနေ၏။ သည်သုံးလအတွင်း သူက သလင်းကျောက်နှစ်ခုကို တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်နိုင်ခဲ့၏။

သည်နတ်ဆိုးသလင်းကျောက်က အားကောင်းသော နတ်ဆိုးစိတ်ဝိညာဉ်များ ပါဝင်နေသည်။ ၎င်း၏ ပတ်လည်တွင်လည်း လက်တံလိုအရာများစွာ ရှိနေပြီး ထူးဆန်းသောနည်းနှင့် လှုပ်ရှားနေကြသည်။

“အဆင့်သုံး နတ်ဆိုး သလင်းကျောက်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပါးစပ်ဟ၍ သည်သလင်းကျောက်ကို ဝါးမြိုလိုက်သည်။ သလင်းကျောက်က သူ့ဒန်တျန်ထဲသို့ ရောက်သွားသည့်အခါ နတ်ဆိုးစွမ်းအင်လှိုင်းများက သလင်းကျောက်ကနေ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သည်။

နတ်ဆိုးစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ၌ တစ်ပတ်တိတိ လှည့်ပတ်ပြီးနောက် သူ့အော်ရာကလည်း စတင်ပြောင်းလဲလာသည်။ ခုလက်ရှိတွင် သူက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖုံးလျွမ်းနေကာ အလွန်ထူးဆန်းသည့် အသွင် ရှိနေ၏။ သူ့မျက်နှာကပင် နတ်ဆိုးဆန်နေကာ သူ့မျက်လုံးများကလည်း ကြည့်မိသည့်လူတိုင်း၏ နှလုံးကို တုန်ယင်မှု ဖြစ်စေပေမည်။

သည်အရာက နတ်ဆိုးဆန်သည့် မျက်လုံးတစ်စုံပင်။

ဝမ်လင်းက သူ့ညာလက်ကို မြှောက်က မျက်လုံးများကို ညင်သာစွာ ပြန်မှိတ်လိုက်သည်။ သည့်နောက် သူက မျက်မှောင်ကြုတ်သွားသည်။

“ငါ့ ခန္ဓာကိုယ်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နေပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒါက မလုံလောက်သေးဘူး။ ဒီစွမ်းအင်ကို အသုံးပြုမယ်ဆိုရင် ငါက အခြေခံတည်ဆောက်ခြင်း အဆင့်သာသာလောက်ပဲ အသုံးပြုနိုင်ဦးမယ်…”

အတွေးတစ်ချက်ဖြင့်ပင် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်များက ဒန်တျန်ထဲသို့ ပြန်သိမ်းဆည်းသွား၏။

နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ပြန်ရုတ်သိမ်းပြီးနောက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်လျှောက် မြန်ဆန်စွာ ပြန်လှုပ်ရှားလာသည်။

“ဒီ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က တကယ် စိတ်ဝင်စားစရာပဲ…”

ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေသည်။

သည်သုံးလတွင် သူက တောင်ကြားအနက်ပိုင်းထဲကနေ သုံးကြိမ်သာ လှမ်းထွက်ကာ ရွာသားများအား စိတ်ဝိညာဉ်သန့်စင်မွန်းမံခြင်း မန္တန်ကို ကျင့်ကြံနေသူများအား သုံးကြိမ်သင်ပေးခဲ့သည်။

တောင်ကြားထဲက လူများက သည်မန္တန်သည် ဝမ်လင်းထံကနေ ရကြောင်း သိရှိကြ၏။ ဝမ်လင်းက သူတို့ကို မန္တန်သင်ကြားရန် အခွင့်ကို ပေးခဲ့ခြင်းပင်။ ဝမ်လင်းနှင့်ပတ်သတ်၍ အထင်လွဲမှုနှင့် ကြောက်ရွှံ့မှုတိုက လုံးဝ ပျောက်ကွယ်သွားကာ သူတို့စိတ်ထဲ၌ လေးစားမှုနှင့် ကျေးဇူးတင်မှုတို့က အစားထိုး ဝင်လာခဲ့၏။

ဝမ်လင်း ထွက်လာသည့် သုံးကြိမ်လုံးတွင်လည်း သူတို့က ဝမ်လင်းကို မြင်သည်နှင့် လုပ်လက်စများကို ရပ်တန့်ကာ သူ့ကို နှုတ်ဆက်ကြသည်။

စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို လေ့ကျင့်သူများကြား၌ ချူယောင်ဟွာ အပြင် အလွန်မြန်ဆန်စွာ တိုးတက်အောင်ကျင့်ကြံနိုင်သည့် နောက်ထပ် လူတစ်ယောက်က ဝမ်လင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ဝမ်လင်းက သည်လူငယ်နောက်ကနေ လိုက်ပါ၍ သည်တောင်ကြားကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

သည်လူငယ်က စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို ကျင့်ကြံရာ၌ အလွန်ပါရမီ ရှိနေသည်။ သူက တိုတောင်းသောသုံးလအတွင်းမှာပင် ကိုယ်ပိုင် စိတ်ဝိညာဉ်အလံကို ပြုလုပ်နိုင်သည့် အဆင့်ဖြစ်သည့် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

All Chapters