← Chapters

အခန်း (၁၂၇၁-၁၂၇၂)

Vol. 111 Ch. 1271-1272

အခန်း (၁၂၇၁-၁၂၇၂)

Vol. 111 Ch. 1271-1272

အခန်း ၁၂၇၁

ရှောင်းယီသည် အချိန်သိပ်မရှိမှန်း သိသဖြင့် တစ်ဖက်လူနှင့် အပိုစကားများ ပြောမနေတော့ဘဲ ဆက်ပြောလိုက်သည်။

“ဒီလောက် ဒုက္ခဆင်းရဲတွေ အများကြီး ကြုံတွေ့ပြီးပြီဆိုတော့... ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ နောက်တစ်ဆင့်ကို တက်မလား၊ မတက်ဘူးလားဆိုတာကို ကိုယ့်ဘာသာကိုယ် ရွေးချယ်ခွင့် ပေးလို့ရမလား။”

“နောက်ထပ်ရော ဘာရှိသေးလဲ။”

တစ်ဖက်မှ ထွက်ပေါ်လာသော အသံမှာ မည်သည့်ခံစားချက်မျှ ပါဝင်ခြင်းမရှိဘဲ အေးစက်လှသည်။ ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိ၏။

“ဒီကိစ္စနှစ်ခုကို အရင် ဆွေးနွေးရအောင်။”

“ဒီတောင်းဆိုချက်နှစ်ခုကို ငါ စည်းကမ်းချက်တချို့နဲ့ သဘောတူပေးနိုင်တယ်။”

တစ်ဖက်လူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဘာစည်းကမ်းချက်လဲ။”

ရှောင်းယီ အနည်းငယ် ရင်ခုန်လှုပ်ရှားစွာဖြင့် မေးလိုက်မိသည်။

“မင်း နောက်တစ်ဆင့်ကို မဖြစ်မနေ ပါဝင်ရမယ်။”

တစ်ဖက်လူက လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပဲလား။”

ရှောင်းယီက အနည်းငယ် ကြောင်အသွားပြီး ပြန်မေးလိုက်သည်။

“ဒါပဲလေ။”

“ကောင်းပြီ။ သဘောတူတယ်။ ခင်ဗျား စည်းမျဉ်းတွေကို သေသေချာချာ ပြင်ဆင်ပေးမယ်လို့ မျှော်လင့်ပါတယ်။”

တစ်ဖက်လူက နှုတ်ကတိသာပေးပြီး စည်းမျဉ်းများကို အမှန်တကယ်မပြင်မှာကို ရှောင်းယီ စိုးရိမ်နေမိသည်။

အဆုံးတွင် တစ်ဖက်လူမှာ အလွန်အမင်း အင်အားကြီးမားလွန်းလှ၏။ သူနှင့်ယှဉ်လျှင် ရှောင်းယီမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ခံစားရပေသည်။

“ဟားဟားဟား...ကောင်လေး... ငါက ဘယ်တုန်းကမှ ကတိမဖျက်ဖူးဘူး။”

တစ်ဖက်လူက ရယ်မောရင်း ပြောလိုက်သည်။

“အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။”

ရှောင်းယီက အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“မင်းမှာ တခြားမေးစရာ မေးခွန်းတွေ ရှိသေးလား။”

“ရှိတာပေါ့။ ခင်ဗျား ဘာဖြစ်လို့ ဒီလိုမျိုး စနစ်တစ်ခုကို ဖန်တီးပုံဖော်ထားတာလဲဆိုတာ သိချင်တယ်။”

ရှောင်းယီက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ဒါက ရိုးရိုးလေးပါ...။ ပါရမီရှင်တွေကို စိစစ်ရွေးချယ်ဖို့အတွက်ပဲပေါ့။ ပါရမီရှင်တွေကို ရွေးချယ်ရတဲ့ ရည်ရွယ်ချက်က... မင်းတို့တွေ အဆုံးအထိ ကြံ့ကြံ့ခံပြီး အသက်ရှင်နိုင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ အလိုလို သိလာလိမ့်မယ်။”

“ဒါက ဘာမှမပြောလိုက်သလိုပဲမဟုတ်ဘူးလား။”

ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ အုတ်မြစ်ကျောက်ဆိုတာကကော ဘာတွေလဲ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ထုတ်လုပ်မှုပုံစံပြသယရှိလျှင် မည်သည့်ပစ္စည်းကိုမဆို ချက်ချင်း ထုတ်လုပ်ပေးနိုင်ပြီး အုတ်မြစ်ကျောက်ကလည်း ကျွန်း၏ ဧရိယာကို တိုးချဲ့ပေးနိုင်သည်။ ထိုပစ္စည်းနှစ်ခုလုံးက ဘယ်လိုပဲကြည့်ကြည့် အလွန်အမင်း ဆန်းကြယ်လွန်းနေ၏။

“ဒီအရာနှစ်ခုရဲ့ အနှစ်သာရကို... အချိန်တန်ရင် မင်း သိလာမှာပါ။ အဟမ်း... ငါတို့ တခြားမေးခွန်းတွေ ပြောင်းမေးလို့ ရမလား။”

တစ်ဖက်လူကလည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပုံရသည်။

သူ တစ်ခုခုကို ပြောလိုက်သလိုရှိသော်လည်း အမှန်တကယ်တော့ ဘာမှ ပြောမပြလိုက်သကဲ့သို့ပင်။

“ခင်ဗျား စကားကို နားထောင်ရတာက...အနှစ်သာရမရှိဘူး။”

ရှောင်းယီက စိတ်မောစွာဖြင့် ပြောလိုက်သည်။

“ဒါဆို မေးခွန်းပြောင်းလိုက်မယ်။ နောက်တစ်ဆင့်ရဲ့ စမ်းသပ်ချက်က ဘာလဲ။”

“အဟမ်း... စာမေးပွဲမေးခွန်းတွေကို ကြိုပြီး ပေါက်ကြားပေးလို့ရမလားကွ။”

တစ်ဖက်လူကလည်း မတတ်နိုင်သည့်အလား ပြန်မေးလိုက်သည်။

“ဒါဆိုလည်း ဘာမှမဟုတ်တော့ပါဘူး။ အဲ့ဒါဆို ကျုပ်တို့ နောက်တစ်ဆင့်ကို တက်သွားပြီးရင်... ဒီနေရာက စမ်းသပ်မှုတွေက ဆက်ပြီး အဆင့်တိုးနေဦးမှာလား။”

ရှောင်းယီမှာ နောက်တစ်လှမ်းဆုတ်ကာ မေးလိုက်ရတော့သည်။

“မရှိတော့ဘူး။ အသက်ရှင်ကျန်ရစ်သူတွေက ဒီကမ္ဘာရဲ့ စမ်းသပ်မှုတွေကို ပြီးဆုံးသွားပြီဆိုရင် ဒီကမ္ဘာရဲ့ စမ်းသပ်မှုတွေက ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီကမ္ဘာမှာ ကျန်ရစ်ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေ တခြားစမ်းသပ်မှုတွေနဲ့ ကြုံတွေ့ရမလားဆိုတာကတော့ ငါတို့ ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်ဘူး။”

“ဒါဆို တော်သေးတာပေါ့။ ဒါပေမဲ့ ခင်ဗျားက ထိန်းချုပ်လို့မရဘူးလို့ ပြောတာ... ဘယ်သူ့ကို လာလိမ်နေတာလဲ။”

ရှောင်းယီက နှာခေါင်းရှုံ့ကာ ခနဲ့လိုက်သည်။

“ဒါဆိုရင် ဒီကမ္ဘာကို စမ်းသပ်ကွင်းအဖြစ် ဆက်ပြီး အသုံးပြုဦးမှာလား။”

“လောလောဆယ်တော့ မလုပ်သေးဘူး။ အာကာသအက်ကွဲကြောင်းကို အောင်အောင်မြင်မြင် မစောင့်ရှောက်နိုင်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ မင်းတို့ရဲ့ အသက်ရှင်ကျန်ရစ်သူတွေ ဒီမှာ ရှိနေသေးတဲ့အပြင် မင်းတို့ချန်ထားခဲ့တဲ့ နည်းပညာတွေနဲ့ဆိုရင်တော့ မစောင့်ရှောက်နိုင်စရာ အကြောင်းမရှိသလောက်ပါပဲ။”

ရှောင်းယီက ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။

“ခင်ဗျား အခုလို စည်းမျဉ်းတွေကို ပြင်ပေးဖို့ သဘောတူတာက အဲ့ဒီလူကြောင့်လား။ ခင်ဗျားတို့က သူငယ်ချင်းကောင်းတွေလား။”

သူက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

“အဲ့ဒီလိုပဲ ပြောရမှာပေါ့။”

တစ်ဖက်လူက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ... အချိန်က ကုန်ခါနီးပြီ။ မင်း နောက်တစ်ဆင့်မှာလည်း ထိပ်ဆုံးကနေ ဆက်ပြီး ရပ်တည်နိုင်ပါမယ် မျှော်လင့်တယ်။”

ပြောပြောဆိုဆိုဖြင့် တစ်ဖက်လူက စကားပြောဆိုမှုကို အဆုံးသတ်လိုက်ပြီး စခရင်ပေါ်မှ တောက်ပနေသော အလင်းဖြူများမှာလည်း လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်။

ရှောင်းယီသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိပြီး သူ၏ ရင်ထဲမှ အလေးတုံးကြီးတစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ပြန်လျှောက်လာကာ အန်းရန်၏ ဘေးတွင် လှဲလျော်လိုက်တော့သည်။

မိမိ၏ ဘေးတွင် အဖော်ဖြစ်သူ ပြန်ရောက်လာသည်ကို သိရှိသွားသည့်အလား... အန်းရန်သည် ရှောင်းယီ၏ ရင်ခွင်ထဲသို့ တိုးဝင်လာပြီး သက်တောင့်သက်သာရှိမည့် နေရာတစ်ခုကို ရှာကာ ရှောင်းယီ၏ ရင်ဘတ်ပေါ်သို့ ခေါင်းမှီလိုက်တော့သည်။

ရှောင်းယီ ပြုံးလိုက်ပြီး အန်းရန်ကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ရာ သူမသည်လည်း တဖြည်းဖြည်းနှင့် ပြန်အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့၌ ရှောင်းယီ စောစောနိုးလာခဲ့သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် နံနက်ခင်း ကျင့်ကြံခြင်းကို မလုပ်ဆောင်တော့ဘဲ မီးဖိုချောင်သို့ တန်းတန်းမတ်မတ် သွားကာ မနက်စာကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်တော့သည်။

ရှောင်းယီသည် မီးဖိုချောင်ထဲမဝင်ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း လက်ရည်မကျသေးပုံပင် သူသည် ဆန်ပြုတ်ပြုတ်၊ ကြက်ဥကြော်၊ နို့နွှေး စသဖြင့် သူလုပ်နိုင်သမျှကို အစုံအလင် လုပ်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် မနက်စာစားမည့်သူက အများသား မဟုတ်ပါလား။

ချက်ပြုတ်နေရင်းဖြင့် သူသည် ခေတ်ဟောင်း သီချင်းအိုကြီးတစ်ပုဒ်ကို တညည်းညည်းနှင့် ဆိုနေမိသည်။

“ငါတို့လို သာမန်လူတန်းစားတွေ... ဒီနေ့ တကယ်ကို ပျော်စရာကောင်းလှပေတယ်...”

ထိုစဉ် ဆုဝမ်တစ်ယောက် အိပ်ရာမှထပြီး အောက်ထပ်သို့ ဆင်းလာရာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ရှောင်းယီကို တွေ့လိုက်ရသည်။ သူမသည် မယုံကြည်နိုင်လွန်းသောကြောင့် မျက်လုံးများကိုပင် ပွတ်ကြည့်လိုက်မိသည်။

မနက်စောစောကတည်းက ရောက်လာကြသည့် အန်းယွဲ့၊ ကျန်းယွင်ထျန်းနှင့် တခြားသူများကလည်း ယနေ့ နေမင်းကြီး အနောက်ဘက်က ထွက်လာသလားဟုပင် ထင်မှတ်သွားကြသည်။

လူစုံပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ရှောင်းယီက နှုတ်ဆက်လိုက်သည်။

“အားလုံးပဲ ခဏလောက် စောင့်ပေးကြပါဦး။ မကြာခင် အဆင်သင့် ဖြစ်တော့မှာပါ။”

သီချင်းကို တညည်းညည်းဆိုရင်း မနက်စာပြင်ဆင်ခြင်းကို အဆုံးသတ်လိုက်ပြီးနောက် သူက တစ်ယောက်စာကို သီးသန့် ဖယ်ထားလိုက်ပြီး ကျန်သည်များကို အပြင်သို့ သယ်ထုတ်လာခဲ့သည်။

“ကိုယ့်ဘာသာပဲ ကြည့်စားလိုက်ကြပါ... ကြိုက်တာသာ ယူစားကြ။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် မနက်စာတစ်ပွဲကို သယ်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။

“ကျွန်းပိုင်ရှင်... ဘာတွေဖြစ်နေတာလဲ။”

ကျန်းယွင်ထျန်းက နားမလည်နိုင်စွာ မေးလိုက်သည်။ ရှောင်းယီက စပ်ဖြဲဖြဲ ပြုံးပြလိုက်၏။

“မကြာခင် ဖခင်လောင်း ဖြစ်တော့မယ့်သူတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်ရတာပေါ့။”

ထိုစကားကို ကြားလိုက်ရသောအခါ ဆုဝမ်မှလွဲ၍ ကျန်လူအားလုံး ဆွံ့အသွားကြသည်။

ဗီလာတစ်ခုလုံးတွင် အန်းရန် ကိုယ်ဝန်ရှိနေသည်ကို ဆုဝမ်တစ်ဦးတည်းသာ သိထားခြင်း ဖြစ်သည်။

လီယန်သည်လည်း သူမသမီး၏ ပုံမှန်မဟုတ်သော အခြေအနေများကို သတိထားမိသော်လည်း အတိအကျ ဘာကြောင့်လဲဆိုသည်ကိုမူ မသိခဲ့ချေ။

“ငါ... အဖိုး ဖြစ်တော့မှာလား။”

အန်းယွဲ့က အံ့အားသင့်နေရာမှ သတိပြန်ဝင်လာကာ မေးလိုက်၏။ လီယန်ကလည်း ဝမ်းသာအားရဖြစ်သွားခဲ့လေသည်။

“ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ အဲ့ဒီ သမီးဆိုးလေးက ငါတို့ကိုတောင် ပြောရမှန်း မသိဘူး။”

“ရန်ရန်က အားလုံးကို စိတ်မပူစေချင်လို့ မပြောခိုင်းတာပါ။”

ဆုဝမ်က ဝင်ပြောလိုက်သည်။

“ဒီကလေးမကတော့... ကလေးလွယ်ထားရတာထက် ပိုအရေးကြီးတာ ဘာရှိလို့လဲ။”

လီယန်သည် ပြောပြောဆိုဆိုဖြင့် အပေါ်ထပ်သို့ တက်သွားပြီး အဆင်ပြေပါ့မလားဟုပင် မေးမနေတော့ချေ။

အန်းရန်၏ အခန်းသို့ ရောက်သောအခါ ကုတင်မှာ သေသေသပ်သပ် ပြင်ဆင်ထားဆဲဖြစ်ရာ အန်းရန်သည် ဤအခန်း၌ အိပ်မပျော်ခဲ့မှန်း ထင်ရှားလှသည်။

လီယန်သည် ချက်ချင်းပင် တတိယထပ်ရှိ ရှောင်းယီ၏ အိပ်ခန်းတံခါးဝသို့ သွားကာ တံခါးခေါက်လိုက်သည်။

“အမေ... ရောက်လာပြီပဲ။ ဝင်ခဲ့ပါ။”

ရှောင်းယီက ဆီးကြိုနှုတ်ဆက်လိုက်၏။

“ကျုပ်က မင်္ဂလာဆောင်ပြီးမှပဲ ခေါ်ဝေါ်ပုံ ပြောင်းမလို့ စဉ်းစားထားတာ။ ဒါပေမဲ့ အခု ရန်ရန်မှာ ကလေးရနေပြီဆိုတော့ ဒီအခွင့်အရေးနဲ့ပဲ တစ်ခါတည်း ပြောင်းခေါ်လိုက်တော့မယ်။”

လီယန်က တုံ့ပြန်လိုက်ပြီး လတ်တလောမှ နိုးလာပုံရသော အန်းရန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘာလို့ ဘာမှမပြောရတာလဲ။ ပထမဆုံး သုံးလအတွင်းမှာ အထူး ဂရုစိုက်ရမယ်လေ။”

တစ်မျိုးအဓိပ္ပာယ်သက်ရောက်နေသော လီယန်၏ စကားများကို ကြားလိုက်ရသဖြင့် အန်းရန်က ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

“အမေ... ဘာတွေ လျှောက်တွေးနေတာလဲ။”

“အမေ စိတ်မပူပါနဲ့။ ကျုပ် အဆင့်ဆင့်ကို သိပါတယ်။”

ရှောင်းယီကလည်း အလောတကြီး ဝင်ရှင်းပြရတော့သည်။

“ကောင်းပြီ... ရှောင်းယီ။ မင်း အောက်ထပ်ဆင်းပြီး မနက်စာ သွားစားချေ။ ရန်ရန်ကိုတော့ ငါပဲ စောင့်ရှောက်လိုက်မယ်။”

လီယန်က ပြုံးကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ရှောင်းယီတစ်ယောက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်ရလေသည်။ တံခါးဝသို့ အရောက်တွင် လီယန်က အသံတိုးတိုးဖြင့် မေးလိုက်သံကို သူ ကြားလိုက်ရလေသည်။

“မနေ့ညက အဲ့ဒါမျိုး မလုပ်မိကြဘူးမလား။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမယ်နော်။ ပထမ သုံးလက တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုတယ်။”

“အမေ... သမီး သိပါတယ်။”

ရှောင်းယီမှာမူ ခြေချော်ပြီး လှေကားပေါ်မှ လိမ့်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ ရုပ်ခန္ဓာကြံ့ခိုင်မှု အားကောင်းပြီး နားပါးလွန်းခြင်းကလည်း အမြဲတမ်းတော့ အဆင်မပြေလှပေ။

ထမင်းစားပွဲသို့ ပြန်ရောက်သောအခါ ရှောင်းယီက အားလုံးကို ကြည့်ပြီး ပြုံးကာ မေးလိုက်သည်။

“ကျုပ်ရဲ့လက်ရာ ဘယ်လိုလဲ။”

“စားလို့တော့ ရပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဟွမ့်... မင်း သဘောပဲ။”

ရှောင်းယီက စိတ်ဆိုးဟန်ဖြင့် ပြန်ပြောလိုက်သည်။

“မင်း ဒီနေ့ ဒီလောက် ပျော်နေတာကြည့်ရင်... အဆင့်မြင့်လက်နက်နောက်တစ်ခု ထပ်ရလာလို့လား။”

ရှောင်းယီ၏ မျက်နှာတစ်ခုလုံး ပြုံးဖြီးနေသည်ကို မြင်သဖြင့် ကျန်းယွင်ထျန်းက မေးလိုက်ခြင်း ဖြစ်သည်။

“မဟုတ်ပါဘူး။ ဖခင်လောင်းအဖြစ် ရာထူးတိုးသွားလို့ ပျော်နေတာလေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သော်လည်း ဘေးတွင်ရှိသော အန်းယွဲ့မှာမူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“အခု သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့... နောက်ထပ် ငါတို့ ဘာဆက်လုပ်ကြမလဲ။”

အခန်း ၁၂၇၂

အန်းယွဲ့၏ စကားကို ကြားလိုက်ရသောအခါ အားလုံး အနည်းငယ် ကြောင်အသွားကြပြီးနောက် မျက်နှာပေါ်ရှိ ဝမ်းသာလုံးဆို့နေသည့် အရိပ်အယောင်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

အန်းယွဲ့ ဘာကို ဆိုလိုသည်ကို အားလုံး နားလည်ကြသည်။ အဆုံးတွင် သူတို့သည် လောလောဆယ်တွင် ယခုကမ္ဘာ၏ အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေပြီး နောက်တစ်ဆင့်၏ စမ်းသပ်မှုများကို စတင်တော့မည့်အချိန်ဖြစ်ရာ ကိုယ်ဝန်ဆောင်ရန်အတွက် အချိန်ကောင်းတစ်ခု မဟုတ်ပေ။

“နောက်တစ်ဆင့်ရဲ့ စမ်းသပ်မှုက အဖွဲ့လိုက်တိုက်ပွဲသာ ဖြစ်ရင် သိပ်ကောင်းမှာပဲ။”

ကျန်းယွင်ထျန်းက ဝင်ပြောလိုက်သည်။ အန်းယွဲ့က ခေါင်းခါလိုက်၏။

“အဖွဲ့လိုက်တိုက်ပွဲ ဖြစ်ခဲ့ရင်တောင်မှ အခုလို အခြေအနေမျိုးမှာ မရှိနေဘူးဆိုရင် အရာရာတိုင်းက ထူးထူးခြားခြားကို ဒုက္ခများသွားလိမ့်မယ်။”

ကျန်းရွှဲ့ မျက်မှောင်ကြုတ်လိုက်သည်။

“အဖွဲ့လိုက်တိုက်ပွဲ ဖြစ်ဖို့က သိပ်ပြီးဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။ ကျွန်မတို့ ယီရန်ပင်းမဟာမိတ်ထဲက လူအများစု အခုလို သက်သောင့်သက်သာ နေနိုင်ကြတာက ကျွန်းပိုင်ရှင်ကြောင့်ပဲ။ ကမ္ဘာ့စည်းမျဉ်းတွေက ကျွန်မတို့ကို ဒီလိုမျိုး ဆက်ပြီး သက်သောင့်သက်သာ သေချာပေါက် နေခွင့်ပေးမှာ မဟုတ်ဘူး။”

“တစ်ကယ်လို့ ရန်ရန်သာ တစ်ယောက်တည်း ကိုယ်ဝန်နဲ့ ကျန်ခဲ့ရင်ကော... ငါတို့ ဘာလုပ်ကြမလဲ။”

အန်းယွဲ့၏ မျက်ခုံးများမှာ တင်းကြပ်စွာ တွန့်ချိုးနေ၏။

အားလုံး၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို ကြည့်ပြီး ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“စိတ်အေးအေးထားကြပါ။ အဲ့ဒီကိစ္စက ပြေလည်သွားပါပြီ။”

သူ ဘာကို ဆိုလိုမှန်း မသိကြသဖြင့် အားလုံးက ပြုံးနေသော ရှောင်းယီကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

“ကျုပ် လက်မည်းကြီးကို အကြံပြုချက်တစ်ခု ပေးခဲ့တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို မပယ်ဖျက်ဖို့ ပြောခဲ့တာ...သူတို့ဘက်က သဘောတူလိုက်ပြီ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဘာကြီး...”

အားလုံး အံ့အားသင့်သွားကြ၏။ ကျန်းယွင်ထျန်းက မယုံနိုင်လောက်အောင် ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင်... မင်းပြောတာက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေက ဒီကမ္ဘာမှာ ဆက်ပြီး အသက်ရှင်နေထိုင်လို့ရမယ်လို့ ပြောလိုက်တာလား။”

ရှောင်းယီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါဆို သိပ်ကောင်းတာပေါ့။”

အန်းယွဲ့တစ်ယောက် ဝမ်းသာအားရဖြစ်သွား၏။

“ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး။”

ယွမ်နွန်ကမူ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါဆို အဲ့ဒီလက်မည်ကြီးက ဘာဖြစ်လို့ မင်းရဲ့အကြံပြုချက်ကို လက်ခံလိုက်တာလဲ။ သူတို့ဘက်က ဘာစည်းကမ်းချက်တွေ တောင်းဆိုလိုက်သေးလဲ။”

လောကတွင် အလကားရသည့် နေ့လယ်စာဟူ၍ မရှိပေ။ တစ်ဖက်လူက ရှောင်းယီ၏ အကြံပြုချက်ကို လက်ခံခဲ့သည်ဆိုလျှင် ရှောင်းယီဘက်ကလည်း အလဲအလှယ်အနေဖြင့် တစ်ခုခု ပြန်ပေးခဲ့ရမည်မှာ သေချာသည်။

“စည်းကမ်းချက်က တစ်ခုတည်းပါပဲ...။ အဲ့ဒါက ကျုပ်အနေနဲ့ နောက်တစ်ဆင့်ကို မဖြစ်မနေ တက်ရမယ်။”

ရှောင်းယီက ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ...။ အဲ့ဒီ လက်မည်းကြီးက ကျွန်းပိုင်ရှင် တစ်ယောက်တည်းကိုပဲ မျက်စိကျနေတာ။”

ယွမ်နွန်က ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

“သူတို့က တခြားသူတွေကိုတော့ ထည့်တွက်ပုံမရဘူး။”

ကျန်းယွင်ထျန်းကလည်း အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

“ကျုပ်သာ အဲ့ဒီ လက်မည်းကြီးဆိုရင်လည်း ကျွန်းပိုင်ရှင်တစ်ယောက်တည်းကိုပဲ ရွေးမှာပဲ။”

ထိုအချိန်တွင် အန်းရန်သည် လီယန်နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့ပြီးဖြစ်ရာ ရှောင်းယီပြောပြနေသော လက်မည်းကြီး၏ စည်းကမ်းချက်များကို သဘာဝအတိုင်း ကြားသွားခဲ့သည်။

အန်းရန်မှာ ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာတော့သည်။ ရှောင်းယီသည် သူမနှင့် ကလေးအတွက်ကြောင့်သာ ယခုကဲ့သို့ စည်းကမ်းချက်များကို သဘောတူခဲ့ရမှန်း သူမ သိနေသည်။

သူမသာ မရှိလျှင် ရှောင်းယီသည် ဤကမ္ဘာတွင် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်နိုင်မည် မဟုတ်ပါလော။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ စိတ်ခံစားချက် အတက်အကျ ပိုမိုမြန်ဆန်ပြီး အတွေးအခေါ် တစ်ဖက်သတ်ဆန်ကာ ဝမ်းနည်းလွယ်တတ်ကြသည်။

သာမန်လူတစ်ယောက်အနေဖြင့် စဉ်းစားကြည့်မည်ဆိုလျှင်မူ အန်းရန် ကိုယ်ဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှောင်းယီသည် နောက်တစ်ဆင့်သို့ တက်ရမည့်ဘေးမှ မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်သည်ကို နားလည်နိုင်ပေသည်။

ရှောင်းယီသည် သူ၏အနောက်ဘက်မှ လှုပ်ရှားမှုကို ကြားလိုက်သောအခါ အလောတကြီး ထရပ်ကာ လျှောက်သွားလိုက်ပြီး တစ်ရှူးဖြင့် အန်းရန်၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း ပြောလိုက်သည်။

“ဘာလို့ ငိုနေတာလဲ။ ဒါက သတင်းကောင်းပဲ။ မင်းကော...ကိုယ်တို့ရဲ့ကလေးကော ဘေးကင်းကင်းနဲ့ ရှင်သန်နိုင်တော့မှာလေ။ မင်းလည်း သဘောတူတယ် မဟုတ်လား။”

အန်းရန်မှာ မျက်ရည်များ စီးကျနေဆဲဖြစ်သော်လည်း ခေါင်းငြိမ့်ပြလိုက်ရှာသည်။

“ကဲ...မင်း ဒီလိုပဲ ဆက်ငိုနေမယ်ဆိုရင် ကလေးလေးက ဘယ်လိုဖြစ်လာမလဲ သိမှာမဟုတ်ဘူးနော်။ နောက်ကျလို့ အငိုသန်လေး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“မင်း ပိုပြီး ပြုံးပြုံးရွှင်ရွှင် နေရမယ်။”

နောက်ဆုံးတွင် အန်းရန်သည် သူမ၏ မျက်ရည်များကို ဖြည်းဖြည်းချင်း ထိန်းလိုက်နိုင်တော့သည်။

သေခြင်းတရား၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် အားလုံး စိတ်အေးသွားကြသည်။

“ကျွန်းပိုင်ရှင်... အခု ကျန်ခဲ့မယ့်သူတွေက ချေမှုန်းမခံရတော့ဘူးဆိုတော့...ငါတို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို ဆက်ပြီး လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့။ ပြီးတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ခွဲဝေမှုကိုရော ပြန်ပြီး စီစဉ်ဖို့ လိုဦးမလား။”

အန်းယွဲ့က ကြက်ဥကြော်ကို စားရင်း မေးလိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ရှာဖို့အတွက်တော့ အဲ့လောက်ကြီး အလောတကြီး ဖြစ်နေစရာ မလိုတော့ပါဘူး။ ပြီးတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ခွဲဝေမှုကိုလည်း သေချာပေါက် အသစ်ပြန်ပြီး သတ်မှတ်ရမယ်။ ဒါပေမဲ့ အခုအချိန်မှာ အားလုံးက ဒီကမ္ဘာကနေ ထွက်မသွားချင်ကြဘူး မဟုတ်လား။”

သူတို့အနေဖြင့် သေရမည့်ဘေးမှ ကင်းဝေးသွားပြီဖြစ်သောကြောင့် အနည်းငယ် ပိုမိုရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့် ယခုကမ္ဘာတွင် နေထိုင်ရသည်မှာ ပိုမိုသက်သောင့်သက်သာရှိမည်မှာ သေချာသည်။

နောက်တစ်ဆင့်က ဘယ်လိုပုံစံမျိုးလဲဆိုသည်ကို သူတို့မသိကြသော်လည်း ယခုကမ္ဘာထက်တော့ ပိုမိုအန္တရာယ်များမည်မှာ အမှန်ပင်။

ထိုစဉ် ဒူခန်းက ရုတ်တရက် စကားတစ်ခွန်း ဝင်ပြောလိုက်သည်။

“ဒါဆိုရင် ကျုပ်တို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်ရင်... ဒီကမ္ဘာကနေ လုံးဝ ထွက်သွားစရာ မလိုတော့ဘူး မဟုတ်လား။”

ကျန်းယွင်ထျန်းက သူ့ကို လက်မထောင်ပြလိုက်သည်။

“မင်းက တော်တော်အကြံကြီးတာပဲကွ။ ဒါပေမဲ့ မင်း အတွေးလွန်နေပြီလို့တော့ ငါ ရဲရဲကြီး အာမခံရဲတယ်။”

“ကျွန်းပိုင်ရှင်... ကျုပ် တစ်ချက်လောက် စမ်းကြည့်ရမလား။”

ဒူခန်းက ဗီလာဧည့်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ညွှန်ပြရင်း မေးလိုက်သည်။

“အင်း... စမ်းကြည့်လေ။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

ဒူခန်းတစ်ယောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနားသို့ လျှောက်သွားပြီး ထိုကျောက်တိုင်ကို အကြမ်းဖက်ဖျက်ဆီးပစ်ရန် ပြင်ဆင်လျက် လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

သို့သော်လည်း ရလဒ်အနေဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ လှုပ်ပင်မလှုပ်ဘဲ အကောင်းပကတိအတိုင်း ရှိနေဆဲပင်။

ယခုအခါ ဒူခန်းသည် SSS အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုမူ အစင်းကြောင်းလေးပင် ထင်အောင် မလုပ်နိုင်ခဲ့ချေ။

“မျှော်လင့်ထားတဲ့အတိုင်းပဲ...။ အုတ်မြစ်ကျောက်ကို ဖျက်ဆီးဖို့ ဒါမှမဟုတ် ပြန်လည်သိမ်းဆည်းဖို့ ရွေးချယ်စရာတောင် မရှိတော့ဘူးပဲ။”

ဒူခန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“တစ်နည်းအားဖြင့် ပြောရရင်... နောက်တစ်ဆင့်ကို မဖြစ်မနေ တက်ရမယ့် လူဦးရေက ရှိနေတဲ့ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင် အရေအတွက်နဲ့ အတူတူပဲပေါ့ ဟုတ်လား။”

ကျန်းယွင်ထျန်းက ဆိုသည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။

“တစ်ဖက်လူက စည်းမျဉ်းတွေကို ပြင်ဆင်ပေးဖို့အတွက် ကျုပ်ရဲ့ မတန်မရာ တောင်းဆိုချက်ကိုတောင် သဘောတူပေးပြီးပြီဆိုတော့...ကျုပ်တို့လည်း ရနိုင်တာထက် အဆမတန် ပိုပြီးမတောင်းဆိုကြရအောင်။”

အားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြသည်။

“ဒါပေမဲ့... တဖြည်းဖြည်းနဲ့ အဆင့်တက်လာနေတဲ့ လက်ရှိ စမ်းသပ်မှုတွေရဲ့ လမ်းကြောင်းအရဆိုရင်တော့ လူအတော်များများကလည်း ဒီမှာ ဆက်ပြီး မနေချင်ကြလောက်ဘူးလို့ ငါထင်တယ်။”

အန်းယွဲ့က ဆိုသည်။ ရှောင်းယီက ပြုံးလိုက်၏။

“ဒါဆို... နောင်ကျရင် ဘာစမ်းသပ်မှုမှ မရှိတော့ဘူးဆိုရင်ကော။”

“ဘာကြီး...”

အားလုံး အံ့အားသင့်သွားကြပြန်၏။

“ဒီအဆင့်က ပြီးဆုံးသွားပြီလေ။ ပြီးတော့ စမ်းသပ်မှုတွေမှာ ဆက်ပြီး ပါဝင်မယ့် အသက်ရှင်ကျန်ရစ်သူတွေကလည်း နောက်တစ်ဆင့်ကို တက်လှမ်းသွားကြပြီဆိုတော့... စမ်းသပ်မှုတွေလည်း သဘာဝအတိုင်း ပျောက်ကွယ်သွားရမှာပေါ့။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“တကယ်လို့ အဲ့ဒီလိုဆိုရင်တော့... လူတိုင်းက ဒီမှာပဲ ဆက်ပြီးနေချင်ကြမှာ သေချာတယ်။ ကျုပ် အပါအဝင်ပဲ။”

ဒူခန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

“လူငယ်ဖြစ်ပြီး... ရည်မှန်းချက်လည်း မရှိဘူး။”

ကျန်းယွင်ထျန်းက ရယ်မောရင်း စနောက်လိုက်သည်။

“ဒါက ရည်မှန်းချက်မရှိတာ မဟုတ်ပါဘူး။ အန္တရာယ်ကို ရှောင်ကွင်းပြီး အခွင့်အလမ်းကို ရှာဖွေတတ်တဲ့ ဇီဝကမ္မဗေဒဆိုင်ရာ ဗီဇသဘာဝလို့ ခေါ်တယ်။”

ဒူခန်းက ခန့်ညားထည်ဝါလှသော ဆင်ခြေတစ်ခုကို ရှာတွေ့သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

အန်းယွဲ့က အနည်းငယ် စဉ်းစားလိုက်သည်။

“ဒီအကြောင်းကို တခြား အသက်ရှင်ကျန်ရစ်သူတွေကို ပြောပြသင့်လား။”

“မလိုသေးပါဘူး။ သူတို့ကို လောလောဆယ် ဆက်ပြီး ရှာခိုင်းထားလိုက်ဦး။”

ရှောင်းယီက လက်ဝှေ့ယမ်းပြကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ထိုအချိန်တွင် နာ့နာထံမှ ရှောင်းယီထံသို့ ဖုန်းဝင်လာခဲ့သည်။

“ကျွန်းပိုင်ရှင်... လီရှင်းရဲ့ အဆင့်က SS အဆင့်ကို တက်သွားပါပြီ။ အရှိန်က ပိုမြန်လာတာမို့လို့ မနက်ဖြန်လောက်ဆိုရင် SSS အဆင့်ကို ရောက်သွားနိုင်ပါတယ်။”

နာ့နာ၏ သတင်းပို့ချက်ကို ကြားရသောအခါ ရှောင်းယီက ပြုံးလိုက်သည်။

“ကြည့်ရတာ လက်မည်းကြီးက ဆက်ပြီး မကစားချင်တော့ဘူးထင်တယ်။ ဒီဂိမ်းအဆင့်ကို အမြန်ဆုံး အဆုံးသတ်ချင်နေပုံပဲ။”

တခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်လိုက်ကြရာ ရှောင်းယီသည် သူ၏လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး အများသုံးဂရုထဲတွင် စာပို့လိုက်သည်။

“နောက်ဆုံး ကျန်နေတဲ့ အသက်ရှင်ကျန်ရစ်သူရဲ့ အဆင့်တက်နှုန်းက ပိုမြန်လာပြီ။ အားလုံးအတွက် ဒီနေ့တစ်ရက်ပဲ အချိန်ကျန်တော့တယ်။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး အမြန်လုပ်ကြပါ။”

“ဘာကြီးလဲ...။ ချီးပဲကွာ...မ္ဘာ့စည်းမျဉ်းတွေက တကယ် ကစားတတ်တာပဲ။”

“ဟုတ်တယ်။ ငါတို့မဟာမိတ်အဖွဲ့က ဒီနေ့ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင် တစ်ခုမှကို ရှာမတွေ့သေးဘူး။”

“မနေ့ကထက်စာရင် အလုပ်တွင်နှုန်းက အများကြီး ကျဆင်းသွားသလိုပဲ။ ကြည့်ရတာ ငါတို့မဟာမိတ်အဖွဲ့ကတော့ တစ်ယောက်ကို ကျောက်အထိမ်းမ်းအမှတ်တိုင်တစ်ခုနှုန်း မရနိုင်တော့ဘူး ထင်တယ်။”

“ဟူး... တစ်ယောက်ယောက်ကသာ ကမ္ဘာ့စည်းမျဉ်းတွေနဲ့ သွားပြီး ညှိနှိုင်းပေးလို့ရရင် သိပ်ကောင်းမှာပဲ။ ကျွန်းအထိမ်းအမှန်ကျောက်တိုင်မရှိတဲ့သူတွေကို မပယ်ဖျက်ပစ်ဖို့ပေါ့။”

“မင်း အတွေးလွန်နေပြီ။ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့လို အသက်ရှင်ကျန်ရစ်သူတွေကို ဘယ်အရေးစိုက်ပါ့မလဲ။”

“ဟုတ်တယ်။ သူတို့မျက်လုံးထဲမှာ ငါတို့တွေက ပုရွက်ဆိတ်လောက်တောင် အရေးမပါဘူး။ ကန္တာရထဲက သဲတစ်ပွင့်စာလောက်ပဲရရှိတယ်။”

“တော်ပြီဗျာ စကားပြောမနေနဲ့တော့။ ဒီနေ့ ရှေးဦးဧရာမ သားရဲကြီးက ပိုတောင် သန်မာလာသေးတယ်။ ကျုပ်တို့တွေ ခုခံမထားနိုင်တော့ဘူး။ အဲ့ဒါကို ဖြေရှင်းဖို့အတွက် သူဌေးရဲ့ အဖွဲ့ကို အကူအညီတောင်းရဦးမယ်။”

“ငါတို့မဟာမိတ်အဖွဲ့ဆိုရင် နိုင်ငံခြားမဟာမိတ်အဖွဲ့တစ်ခုရဲ့ တိုက်ခိုက်ခြင်းကိုတောင် ခံနေရတယ်။ သူတို့က ကာကွယ်ရေးကိုပဲ မြှင့်တင်ထားကြတာ။ ဘာတွေ အဲ့လောက်တောင် အထင်ကြီးနေကြလဲ မသိဘူး။”

All Chapters