← Chapters

အခန်း ၁၂၇၉

Vol. 86 Ch. 1279

အခန်း ၁၂၇၉

Vol. 86 Ch. 1279

အခန်း (၁၂၇၉) ကွေ့ယန်၏လက်ဆောင်

"ရှောင်လု၊ မင်းဘာလို့ဒီကိုရောက်လာတာလဲ။ တစ်ခုခုဝယ်ချင်လို့လား"

လုယန် ပြုံး၍ခေါင်းကုတ်သည်။

"ခရီးသွားရင်း အခက်အခဲတစ်ချို့ကြုံလို့ပါ။ ကျုပ်သွားတဲ့နှုန်းက နှေးလွန်းနေလို့ သူခိုးဘုရင်နဲ့ သူခိုးဘိုးဘေးကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးများရှိမလား မေးချင်လို့ပါ"

သခင်ထန်ခွေ့ အံ့အားသင့်သွားသည်။

"ဒီပြဿနာက ဖြေရှင်းဖို့လွယ်ပါတယ်။ တစ်လက်မခြေချုံ့ပညာနဲ့ ခြေတစ်လှမ်းမိုင်ချီပညာကို မင်းသုံးလိုက်ရုံပဲမဟုတ်လား။ ရှေးဟောင်းမှာ ကျင့်ကြံသူတွေက ကြယ်စုတန်းတွေကို ဒီနည်းလမ်းနဲ့ ခရီးသွားခဲ့တာလို့ ငါကြားဖူးတယ်"

လုယန်၏ ထူးဆန်းသည့်အမူအရာကိုကြည့်၍ သခင်ထန်ခွေ့ နားလည်လာသည်။

"ဒီမှော်ပညာနှစ်ခုကို မင်းမတတ်ဘူးလား"

လုယန်"..."

ကျုပ်မတတ်လို့မဟုတ်ဘူး..တတ်ထားတာ စစ်မှန်လွန်းနေလို့ပါ...

"ဒါဆို သွားစို့လေ။ ဟွမ်အန်းနဲ့သွားတွေ့ရအောင်"

မသေမျိုးဂိုဏ်းတည်ခေါင်းဆောင်များက လုယန်ကို အတော်သဘောကျကြသည်။ ထိုမျှထူးချွန်သည့်လူငယ်က သူတို့ဂိုဏ်းဝင်မဟုတ်သည်ကိုသာ ဝမ်းနည်းမိသည်။

"ဟွမ်အန်း..."

"အဲဒါ မင်းပြောတဲ့ သူခိုးဘိုးဘေးပဲလေ"

သူခိုးဘိုးဘေးသည် လွန်ခဲ့သည့်နှစ်ခြောက်သောင်းမှ အဆင့်မြင့်စွမ်းအားရှင်ဖြစ်သည်။ သူ့နာမည်ရင်းကို သိသူနည်းသည်။ သူ့ကို နာမည်တိုက်ရိုက်ခေါ်ရဲသူများ ပို၍ပင်နည်းသေးသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အကြီးအကဲကွေ့ယန်တို့က ထိုလူနည်းစုထဲတွင်ပါသည်။

မသေမျိုးဂိုဏ်းခေါင်းဆောင်လေးယောက် ရွှေစီးပွားဌာနချုပ်၏ ထိပ်ဆုံးထပ်သို့ရောက်လာသည်။ ဥက္ကဌရုံးခန်းထဲသို့ ချက်ချင်းတန်းဝင်ကြသည်။

သူခိုးဘုရင်က အပြင်လောကစူးစမ်းလေ့လာရေးခရီးစဉ်များအတွက် အာမခံပရီမီယံကြေးနှင့် လျော်ကြေးများ တွက်ချက်ရင်း အလုပ်များနေသည်။ ဓားပြပုံစံပေါက်နေသည့် လူလေးယောက်နှင့် အပြစ်ကင်းပုံပေါ်သည့် လုယန်တို့ ဝင်လာသည်ကို သူမြင်ရသည်။

ပြဿနာရှာဖို့ ရောက်လာခြင်းဖြစ်မည်ဟု တွေးလိုက်သည်။

"လုယန်လား"

...မင်းရောက်လာပြန်ပြီလားကွာ...

"ဟွမ်အန်းရှိလား။ ကိစ္စတစ်ခုရှိလို့ပါ"

အကြီးအကဲကွေ့ယန်ကို သိနေသဖြင့် သူခိုးဘုရင် မလေးမစားမလုပ်ရဲဘဲ ထရပ်၍ကြိုဆိုသည်။

"အကြီးအကဲတို့၊ ဘာကိစ္စရှိလို့ သူနဲ့တွေ့ချင်တာလဲ"

"ဒီလောက်အကြီးအကဲတွေအများကြီး နောက်မျိုးဆက်တစ်ယောက်ကိုလာရှာတော့ ကျုပ်အတော်နေမမထိထိုင်မသာဖြစ်ရတယ်"

သူခိုးဘိုးဘေး အခန်းထဲတွင် ရုတ်တရက်ပေါ်လာသည်။ သူ့လှုပ်ရှားမှုက မယုံနိုင်လောက်အောင်မြန်ဆန်သည်။

"သူခိုးဘိုးဘေးအကြီးအကဲ"

လုယန် ဦးညွှတ်နှုတ်ဆက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ့ကိုဒီလိုမခေါ်နဲ့"

လုယန် ထိုသို့ခေါ်သည်ကို သူခိုးဘိုးဘေး မခံယူရဲ။ အချိန်မသေမျိုးကိုယ်တိုင် လုယန်ကို မိတ်ဆွေလေးဟု ခေါ်ခဲ့သည်။ လုယန်ကသာ သူ့အကြီးအကဲဖြစ်သင့်သည်။

"အပြင်လောကမှာ မြန်မြန်ခရီးသွားနိုင်တဲ့နည်းလမ်းမျိုးရှိလားလို့ ကျုပ်လာမေးတာပါ"

"မြန်မြန်ခရီးသွားဖို့လား"

သူခိုးဘိုးဘေးနားလည်သွားပြီး ခပ်ညှင်းညှင်းရယ်သည်။

"ဒီမေးခွန်းမျိုးမေးတာ မင်းပထမဆုံးမဟုတ်ပါဘူး။ မှော်စက်ဝန်းဖွင့်ပြီး သိပ်မကြာခင်မှာပဲ ကျင့်ကြံသူတွေက ဒီကိစ္စ ငါတို့ဆီလာမေးကြတယ်။

ဒီကုန်သည်အသင်းက ဖောက်သည်တွေရဲ့လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ လုပ်ငန်းစနေပါပြီ။ ကျုပ်နောက်က လိုက်ခဲ့ကြပါ"

သူခိုးဘိုးဘေးက အားလုံးကို လက်ယပ်ခေါ်သည်။ နန်းမြို့တော်အပြင်ဘက် သင်္ဘောကျင်းဆီ အားလုံးကို ဦးဆောင်ခေါ်သွားသည်။

သတ္တုထုနှက်ရိုက်ခတ်သံများ အဝေးမှပင် ကြားရသည်။ လှေသင်္ဘောများ တည်ဆောက်နေခြင်းဖြစ်သည်။

လှေပျံသည် ရွှေစီးပွားကုန်သည်အသင်း၏ အဓိကရင်းနှီးထားသည့် လုပ်ငန်းဖြစ်သည်။ လှေပျံအများစုကို ဤနေရာတွင် တည်ဆောက်သည်။

သင်္ဘောကျင်းသို့ဝင်ပြီးနောက် ထူးခြားချက်တစ်ခုကို လုယန်သတိထားမိသည်။ သူမြင်ဖူးသည့် လှေပျံများက ပေထောင်သောင်းချီ ရှည်လျားသည်။ သို့သော် ယခုတည်ဆောက်နေသည်က တံငှာသည်များ ငါးမျှားဖို့သုံးသည့် လှေငယ်နှင့်တူသည်။

"ဒါကဘာလဲ"

"ကျုပ်တို့ကုန်သည်အသင်း အပြင်လောကခရီးစဉ်တွေအတွက် တည်ဆောက်နေတဲ့ လှေပျံငယ်ပါ"

ခရီးသွားကျင့်ကြံသူများက အဖွဲ့ငယ်များအဖြစ်သာသွားလေ့ရှိသည်။ လှေကြီးကြီးတည်ဆောက်ဖို့မလို။

"ဒီလှေပျံတွေ တည်ဆောက်နေတဲ့ ပစ္စည်းသွန်းသခင်တွေက အနည်းဆုံး စုစည်းခြင်းအဆင့်ရှိကြတယ်။ လှေပျံအောက်ခြေမှာ တစ်လက်မမြေချုံ့ မှော်စက်ဝန်းပညာကို သုံးထားတယ်။

ဝိညာဉ်စွမ်းအင်နဲ့ မောင်းနှင်ပြီး လေဟာနယ်ကို ဖြတ်ကူးနိုင်တယ်။ တစ်လအတွင်း အလင်းနှစ်တစ်ခုစာ ပျံသန်းနိုင်တယ်"

လှေပျံတစ်ခုသည် အလင်းနှစ်တစ်ခုစာ အကွာအဝေးကို ခုန်မကူးနိုင်။ မှော်စက်ဝန်းအရွယ်အစားကြောင့် ခုန်ကူးနိုင်သည့်အကွာအဝေး အကန့်အသတ်ရှိသည်။ မှော်စက်ဝန်းအသက်သွင်းတိုင်းလည်း အချိန်တစ်ခုယူရသည်။

သို့သော် လုယန် စိတ်ဝင်စားနေသည်။ ဤလှေပျံသည် သူ့အတွက် တကယ်အဆင်ပြေလောက်သည်။

ကိုယ်တော်ကျန်းတာ့ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။

"ဒီထက်အများကြီး တိုးတက်အောင်လုပ်လို့ရဦးမှာပါ။ ငါတို့စွန်စီးဘုံကျောင်းကို လာခိုးတုန်းက မင်းအရိယဖလသန္ဓေက မင်းအမြန်နှုန်းတင်မကဘဲ ငါ့အမြန်နှုန်းကိုပါ မြှင့်တင်နိုင်တယ်လေ"

သူခိုးဘိုးဘေး ရှက်သွားသည်။

"ကိုယ်တော်ကျန်းတာ့။ ဒီကိစ္စထပ်မပြောတော့ဖို့ ကျုပ်တို့သဘောတူထားတယ်မဟုတ်လား"

ကျန်းတာ့က လက်တစ်ဘက်ဝှေ့ယမ်း၍

"လှေပျံရဲ့အမြန်နှုန်းကို မင်းပြောင်းလဲလို့ရတယ်ဆိုတာ အကြံပေးနေတာပါ"

စကြာဝဠာက အဆုံးမရှိကျယ်ပြန့်ကြောင်း သူကြားသည်။ အလင်းနှစ်တစ်ခုသည် အခြေခံအကျဆုံး အကွာအဝေးအတိုင်းအတာသာဖြစ်သည်။

အလင်းနှစ်သန်းပေါင်းများစွာ ရောက်လိုလျှင် ဤလှေပျံက ဘယ်လောက်ကြာအောင် ပျံသန်းရမည်မသိ။

"မဖြစ်နိုင်ဘူး။ လှေပျံက ကြီးလွန်းတယ်။ သူ့အမြန်နှုန်းကို ကျုပ်အချိန်ကြာကြာ ထိန်းမထားနိုင်ဘူး"

သူခိုးဘိုးဘေးက လက်သီးဆုပ်အရွယ် မသေမျိုးရွှေတစ်တုံးထုတ်သည်။

"ဒီလောက်အရွယ်အစားပစ္စည်းမျိုးကိုပဲ မြန်နှုန်းမြင့်အနေအထားမှာ ကျုပ်ထိန်းထားနိုင်တာ။...ဒီလိုပေါ့"

သူခိုးဘိုးဘေး မြန်နှုန်းအရိယဖလသန္ဓေကို အသက်သွင်း၍ မသေမျိုးရွှေကို သူအတွေးဖြင့် ချိတ်ဆက်လိုက်သည်။ မသေမျိုးရွှေ ဝှစ်ခနဲပျောက်သွားပြီး ပြန်ရောက်လာသည်။

အလင်းအမြန်နှုန်းနှင့် တန်းတူအဆင့်ရှိသည်။ မသေမျိုးရွှေ ဘယ်လိုပျံထွက်သွားသည်ကို သေချာမြင်နိုင်သူ မရှိသလောက်ရှားလိမ့်မည်။

"ပြီးတော့ လှေပျံက မြန်လွန်းနေရင် ကိုယ်ထည်က တစ်စစီဖြစ်သွားမယ်။ မြန်နှုန်းမြှင့်အနေအထားကို ထိန်းထားချင်ရင် ထိပ်တန်းသတ္တုတွေနဲ့ လုပ်မှရမယ်"

လုယန် ခဏခေါင်းငုံ့စဉ်းစားနေပြီးနောက် ပြောသည်။

"ဘိုးဘေးကွေ့ယန်က မသေမျိုးရွှေတုံးကို လှေပျံနဲ့ ပေါင်းစပ်နိုင်တယ်မဟုတ်လား"

"စမ်းကြည့်ကြတာပေါ့"

ကွေ့ယန် လက်ကိုဆန့်ထုတ်၍ ပြောသည်။

"အဲဒီမသေမျိုးရွှေ ငါ့ကိုပေးပါ"

"ရော့"

ထို့နောက် သူ့ဘေးမှ လှေနက်ကို တစ်ချက်ပုတ်သည်။

"ဒီလှေက ပြီးသွားပြီမဟုတ်လား"

"ပြီးပါပြီ"

ကွေ့ယန် လှေကိုလက်တစ်ဘက်ဖြင့်ကိုင်သည်။ နောက်တစ်ဘက်ဖြင့် မသေမျိုးရွှေကို ကိုင်ထားသည်။

"ပေါင်းစပ်မယ်"

လှေပျံနက်မှ ရွှေရောင်အလင်းရောင်များတောက်ပလာသည်။ ထို့နောက် အလင်းပျောက်သွားပြီး မူလအတိုင်း ပြန်ဖြစ်လာသည်။

သူခိုးဘိုးဘေး မျက်လုံးပြူးသွားသည်။ ထိုလှေနက် အကြီးအကျယ်ပြောင်းလဲသွားကြောင်း သူအာရုံခံနိုင်သည်။ လှေနှင့် မသေမျိုးရွှေ တစ်သားတည်းဖြစ်သွားသည်။

မသေမျိုးလှေဟုခေါ်လျှင်ပင် လွန်မည်မထင်။

ထို့ပြင် မသေမျိုးရွှေထဲသို့ ထည့်သွင်းထားသည့် မြန်နှုန်းမြှင့်စွမ်းရည်ကလည်း ပျောက်မသွား။

လှေနက်သည် လေဟာနယ်ခုန်ကူးဖို့ရော အလင်းအမြန်နှုန်းဖြင့် ခရီးသွားဖို့ပါ အဆင်ပြေလာသည်။ ယခု ကျယ်ပြန့်သည့် စကြာဝဠာကို စိတ်ချလက်ချ ခရီးနှင်နိုင်ပြီဖြစ်သည်။

"ရှောင်ယန်၊ မင်းစမ်းကြည့်ပါ"

နောက်ထပ် ဘာမှမပြောတော့ဘဲ ကွေ့ယန်က လုယန်ကို လှေပျံနက်ပေါ်တင်ပေးလိုက်သည်။

လှေပျံ မောင်းနှင်သည့်နည်းလမ်းက ရိုးရှင်းလွယ်ကူသည်။ ပထမဆုံးကြုံဖူးခြင်းဖြစ်သော်လည်း လုယန် ချက်ချင်းသင်ယူတတ်မြောက်သွားသည်။

လေပျံနက်ကို ထိန်းချုပ်၍ ကောင်းကင်သို့ သူတက်သွားသည်။ လောကနယ်စည်းကို ကျော်သည်။ မသေမျိုးရွှေပျောက်သွားစဉ်ကလိုပင် လှေပျံနက်လည်း ပျောက်ကွယ်သွားသည်။

သိပ်မကြာမီ လုယန် ပြန်ရောက်လာသည်။ လူရောလှေပါ အထိအခိုက်မရှိ။ လှေနက်တွင် မြန်နှုန်းမြင့်အာနိသင် ရှိနေဆဲဖြစ်သည်။

သူခိုးဘိုးဘေး အတော်စိတ်လှုပ်ရှားနေသည်။ ထိုလှေပျံမျိုးကို ဈေးကွက်ဖြန့်လျှင် ခရီးထွက်မည့် ကျင့်ကြံသူတိုင်း ဝယ်ကြလိမ့်မည်။

စီးပွားရေးအခွင့်အလမ်း။ တကယ့်ပွပေါက်ကြီးဖြစ်သည်။

"အကြီးအကဲကွေ့ယန်၊ ကျုပ်တို့အတူလက်တွဲလုပ်ကြမလား။ အကျိုးအမြတ်ကို တစ်ဝက်စီခွဲယူမယ်"

ကွေ့ယန်က ဝိညာဉ်ကျောက်ကို စိတ်မဝင်စား။ မျက်ခုံးတစ်ဘက်မြှင့်၍ ပြောသည်။

"ငါတို့သုံးယောက်က အပြင်လောကကို ခရီးထွက်တော့မှာလေ"

"နှစ်ရက်ပဲ။ ကျုပ်ကိုနှစ်ရက်ပဲ အချိန်ပေးပါ။ ပစ္စည်းသွန်းပညာရှင်တွေကို အချိန်ပိုအလုပ်လုပ်ခိုင်းပြီး လှေပျံအစီးနှစ်ဆယ် ပြီးအောင်လုပ်ခိုင်းမယ်။

နောက်နှစ်ရက်နေရင် အကြီးအကဲက ပေါင်းစည်းခြင်းအရိယဖလသန္ဓေကို အသက်သွင်းရုံပါပဲ"

နှစ်ရက်အတွင်း လှေပျံအစီးနှစ်ဆယ်လုပ်၍ ကြော်ငြာသဘောမျိုး ဈေးကွက်ဖြန့်မည်။ ဒုတိယလေပျံအသုတ်တွင် ဈေးမြှင့်ရောင်းမည်။

ပထမဆုံး ခရီးထွက်ခြင်းဖြစ်၍ ကွေ့ယန်သခင်တို့ သိပ်ကြာမည်မဟုတ်။ ကွေယန်သခင်ပြန်လာလျှင် လုပ်ငန်းကို အတူတွဲ၍ ဆက်လုပ်နိုင်သည်။

"အကြီးအကဲလေးယောက် ခရီးသွားမယ်ဆိုရင် မှော်ရတနာတစ်ခုတော့ လိုမှာပဲ။ ဒီလှေပျံကို ကျုပ်လက်ဆောင်ပေးပါတယ်"

ကွေ့ယန်က ခေါင်းလှည့်ကြည့်သည်။

"ရှောင်လု၊ ဒီလှေပျံကို မင်းယူလိုက်"

ထိုအဖြစ်ကိုကြည့်၍ သူခိုးဘိုးဘေးဆက်ပြောသည်။

"အကြီးအကဲတို့လေးယောက်အတွက် နောက်တစ်စီးလက်ဆောင်ပေးပါ့မယ်"

"အဲဒါပိုအဆင်ပြေတာပေါ့"

လုယန် မင်သက်မိနေသည်။ သူက အကြံတစ်ခုပေးလိုက်ရုံသာဖြစ်သည်။ ဤလှေပျံက တန်ဖိုးကြီးသည်။ ပထမဆုံးထုတ်လုပ်သည့်လှေပျံဖြစ်သည်။

"ဘိုးဘေး၊ ဒါက တန်ဖိုးကြီးလွန်းပါတယ်"

လုယန် လှေပံပေါ်မှ ခုန်ဆင်းရန်ပြင်သည်။ သို့သော် ကွေ့ယန်က လှေကို ဖိထိန်းထားသည်။

"စိတ်ရှင်းရှင်းနဲ့သာ လက်ခံလိုက်ပါ။ မင်းကူးဖြတ်ခြင်းအဆင့်ရောက်တဲ့အတွက် ဂုဏ်ပြုတဲ့လက်ဆောင်လို့ သဘောထားပေါ့"

"ဒါဆိုလည်း လက်ခံရမှာပေါ့"

**********************************

All Chapters