← Chapters

အခန်း ၁၂၈၄

Vol. 86 Ch. 1284

အခန်း ၁၂၈၄

Vol. 86 Ch. 1284

အခန်း (၁၂၈၄) ကံဆိုးသူဒါရိုက်တာ

ဇာတ်လမ်းက ရုတ်တရက်ပြောင်းသွားသည်။ ကောင်းကင်ပင်လယ်ဒဏ္ဍာရီ၏ ကွန့်မန့်ဆက်ရှင်များ ပလူပျံနေသည်။ ထိုဇာတ်လမ်း နောက်ထပ်ဘယ်လိုဆက်သွားမည်ကို ပရိတ်သတ်များ လုံးဝခန့်မှန်းမရတော့။

အစောပိုင်းက လေကျယ်နေခဲ့သည့် ဇာတ်လမ်းဝေဖန်သုံးသပ်သူများလည်း အသံတိတ်သွားသည်။

"ဇာတ်လမ်းက ဘာတွေဖြစ်ကုန်တာလဲ။ ဒီဇာတ်ဆောင်သစ်က သူတို့တီဗွီစီးရီးထဲရောက်နေတယ်ဆိုတာကို သိတယ်တဲ့လား"

"ကျွမ်းကျင်တဲ့လူတစ်ယောက်ယောက် လာသုံးသပ်ပေးကြပါဦး။ ဒီကြောင်တောင်တောင်ဇာတ်ဆောင်သစ်က အရင်အခန်းတွေမှာလည်း တစ်ခါမှမပါဖူးဘူးမဟုတ်လား"

"ကောင်းကင်ကြယ်ပင်လယ်ဇာတ်လမ်းတွဲက ကြိုတင်ခန့်မှန်းရလွယ်လို ပျင်းစရာကောင်းတဲ့လို့ ပြောခဲ့တဲ့လူတွေ နောက်ထပ်ဘာဆက်ဖြစ်မလဲ ခန့်မှန်းကြစမ်းပါ။

ကျန်းပိုက အဆင့်တက်ပြီး သားရဲဘုရင်နဲ့ ရင်ဆိုင်မယ်ဆိုတာတွေ ရှီလင်းယွန်က အဆင့်တက်ပြီး သားရဲဘုရင်နဲ့ ရင်ဆိုင်မယ်ဆိုတာတွေ လုပ်ကြစမ်းပါဦး"

ကြည့်ရှုသူများက သူတို့အတွေးကို တင်ပြကြသည်။ စိတ်လှုပ်ရှားစရာကောင်းသည်။ ယနေ့ဇာတ်ကွက်က တကယ်အသစ်အဆန်းဖြစ်နေသည်။

ဒါရိုက်တာနှင့်ရိုက်ကူးရေးအဖွဲ့ဝင်များ ကြက်သီးထလာသည်။

"သူဘယ်လိုလုပ်ပြီး ကင်မရာကိုတွေ့သွားတာလဲ"

နာနိုကင်မရာများကို လူ့မျက်လုံးဖြင့် ခွဲခြားသိနိုင်စရာအကြောင်းမရှိ။

ဒါရိုက်တာက အဓိကလူဖြစ်၍ အရင်ဆုံး ပြန်လည်တည်ငြိမ်လာသည်။

"သူ့ဆီမှာ ကင်မရာအာရုံခံစက်တစ်မျိုး ပါလို့ဖြစ်မယ်။ မလန့်ကြနဲ့၊ သူက ကင်မရာကနေပဲ ငါတို့ကိုပြောနိုင်တာပါ။ ငါတို့ဘယ်မှာရှိတယ်ဆိုတာ သူမသိပါဘူး။

ဥက္ကဌမာကျဲတောင် ကြယ်စုမဟာမိတ်ထဲမှာ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာ ဘယ်နားမှာရှိလဲဆိုတာကိုမသိဘူး။ ဒီတော့ သူတို့ ဥက္ကဌမာကိုဖမ်းလိုက်ရင်တောင် ဘာမှအကျိုးမရှိနိုင်ဘူး"

ထိုစကားကြောင့် ရိုက်ကူးရေးအဖွဲ့ အသိပြန်ဝင်လာကြသည်။

....

"ဥက္ကဌကြီး၊ ခင်ဗျာပြောချင်တာ တစ်ခုခုရှိလား။ ခင်ဗျားနောက်ကွယ်ကလူ ဘယ်သူလဲ၊ သူတို့ဘယ်မှာရှိနိုင်မလဲ ဆိုတာမျိုးပေါ့"

လုယန် လက်ဖက်ရည်ကို အကုန်မော့သော့်ပြီး ခွက်ကိုပြန်ချသည်။ အရသာက ခပ်ညံ့ညံ့သာဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များ မျက်နှာဖြူရော်လာသည်။ ထိပ်တန်းစွမ်းအားရှင်များဖြစ်သည်။ တိုက်ခိုက်စွမ်းအားသာမြင့်သည်မဟုတ်။ ဉာဏ်ရည်လည်း သာမန်ထက်မြင့်ကြသည်။

လုယန်စကားထဲမှ အဓိပ္ပါယ်ကို သူတို့နားလည်သည်။

မူပျက်နေသည့် ဥက္ကဌအမူအရာက သူတို့သံသယကို အတည်ပြုပေးနေသည်။

အားလုံးက တီဗွီဇာတ်လမ်းအတွက်လော။ ဘယ်ဟာအစစ် ဘယ်ဟာအတု မခွဲခြားနိုင်သည်သာရှိသည်။

သူတို့ခုနစ်ယောက်သာ အမှောင်ကျနေသလော...သို့မဟုတ် ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာတစ်ခုလုံး အရူးလုပ်ခံနေရခြင်းလော...

သူတို့တွေ့ကြုံဖြတ်သန်းခဲ့ရသမျှ အရာအားလုံးက ဘာအတွက်လဲမသိတော့...တစ်ခြားလူများကို ဖျော်ဖြေရုံသက်သက်လော...

"ဥက္ကဌမာကျဲ၊ မစ္စတာလုမေးတာတွေကို ဖြေပါ"

မျက်နှာဖြူရော်လျက် အသံတိတ်နေသည့် ဥက္ကဌမာမျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

"မစ္စတာလု၊ မင်းက တကယ်ထင်မှတ်မထားတဲ့ အပြောင်းအလဲတစ်ခုပါပဲ"

ထို့နောက် မျက်နှာတင်းတင်းဖြင့် သူ့ပါးစပ်သူ လက်ညှိုးထိုးပြသည်။

"ငါ့သွားထဲမှာ ရီမုတ်နဲ့ထိန်းချုပ်ထားတဲ့ နယူးကလီးယားဗုံးတစ်လုံးရှိတယ်။ ငါ့ကို လွှတ်ပေးတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ရီမုတ်ထရစ်ဂါကို ငါကိုက်ချလိုက်တာနဲ့ ဒီနေရာ ချက်ချင်းပေါက်ကွဲသွားမယ်။ ပြီးရင် ငါတို့အားလုံး အတူသေကြတာပေါ့"

တီဗွီဆီးရီးလျှို့ဝှက်ချက်များ ပေါ်သွားပြီဖြစ်၍ တစ်ခြားလူလက်ထဲသို့ သူအရောက်မခံလို။ လုယန် သူ့နောက်ကိုမလိုက်လျှင်ပင် ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာတစ်ခုလုံးက သူ့ကို ခွင့်လွှတ်ကြမည်မဟုတ်။

သူသည် အရင်မျိုးဆက်၏ ထိပ်တန်းစွမ်းအားရှင် ဆယ်ယောက်စာရင်းဝင်ဖြစ်သည်။ ထိုအချက်သည် နာမည်ခံရုံမဟုတ်။ ထိုစွမ်းအားမျိုး တကယ်ရှိသည်။ ကျောက်ပိုနှင့် ရှီလင်းယွန်ပင် သူ့ကိုမယှဉ်နိုင်။

သို့သော် သူဘယ်လောက် စွမ်းအားကြီးသည်ဖြစ်စေ လုယန်ကိုမယှဉ်နိုင်မှန်းသိနေသည်။ ယခု လွတ်အောင်ထွက်ပြေးဖို့သာရှိသည်။

သူ့ကိုယ်ပေါ်တွင် အဆင့်မြင့်ဆုံး တန်ပြန်ထောက်လှန်းရေးကိရိယာနှင့် လိုင်းဖျက်ကိရိယာ(ဂျမ်မာ) တစ်ခုရှိသည်။ လုယန်အာရုံခံစက်သုံးလျှင်ပင် သူ့ကိုရှာနိုင်မည်မဟုတ်။

ကယ်ဆယ်ရေးအဖွဲ့သားများ ရင်ထိတ်သွားသည်။ နယူးကလီးယားဗုံးပေါက်ကွဲလျှင် မြို့တော်မှလူအားလုံးသေသွားမည်။ သို့သော် ဥက္ကဌမာကို လွှတ်ပေးဖို့လည်း လက်မခံနိုင်စရာဖြစ်နေသည်။

အားလုံးအတွေးခက်နေစဉ် ဥက္ကဌမာက မီးခိုးဗုံးနှစ်ခု သူ့လက်ကောက်ဝတ်ထဲမှ မီးခိုးဗုံးနှစ်လုံးထုတ်၍ ချလိုက်သည်။ အားလုံး၏မြင်ကွင်း ဝေဝါးသွားသည်။ မီးခိုးများအလယ်မှ ရယ်မောသံပေါ်လာသည်။

မီးခိုးများပျောက်ကွယ်သွားချိန်တွင် လုယန်က ဥက္ကဌမာကို ကြမ်းပြင်ပေါ်ဖိလှဲထားသည်ကို မြင်ကြရသည်။ သွားများက ကြမ်းပြင်ပေါ်ပြန့်ကျဲနေသည်။

လုယန် မျက်ခုံးတစ်ဘက်ပင့်လိုက်သည်။

"ကျုပ်ရှေ့ကနေ ခင်ဗျားထွက်ပြေးသွားတယ်ဆိုရင် ကျုပ်မျက်နှာ ဘယ်နားသွားထားရမှာလဲ"

"မဖြစ်နိုင်ဘူး"

ဥက္ကဌမာ ထိတ်လန့်သွားသည်။ မီးခိုးဗုံးထုတ်လွှတ်ချိန်တွင် အချက်ပြမှုအတုများစွာ သူဖန်တီးခဲ့သည်။ လုယန်သူ့ကို ဘယ်လိုရှာတွေ့သည်မသိ။

"ငါ့နောက်မှာ ဘယ်သူရှိလဲဆိုတာပြောပြမယ်။ ငါက ကြယ်စုမဟာမိတ်ရဲ့ နိုင်ငံသားပဲ။ မဟာမိတ်တီဗွီရုပ်သံဌာနက ငါ့ကိုထောက်ပံ့ထားတာ။ ငါ့ကိုလွှတ်ပေးတာ ပိုကောင်းလိမ့်မယ်။

ကြယ်စုမဟာမိတ်ကယဉ်ပျံတွေရောက်လာရင် မင်းပဲသေရမှာ"

"ကြယ်စုမဟာမိတ်တဲ့လား"

စိတ်ဝင်စားစရာနာမည်တစ်ခု လုယန်ကြားလိုက်ရသည်။ အာကာသအင်အားစုတစ်ခု ဖြစ်ဟန်ရှိသည်။ ယခုလက်ရှိ ကောင်းကင်ပင်လယ်ကြယ်ထက် နည်းပညာပိုင်းတွင် များစွာအဆင့်မြင့်လောက်သည်။

ကြယ်စုမဟာမိတ်၏ နည်းပညာကို ကျင့်ကြံသူလောကသို့ သယ်သွားနိုင်လျှင် သာမန်လူများအတွက် အကျိုးရှိလိမ့်မည်။

သို့သော် ဥက္ကဌမာက ပူးပေါင်းဆောင်ရွက်မှုမရှိသဖြင့် နည်းနည်းအခက်တွေ့နေသည်။ ဝိညာဉ်မှတ်ဉာဏ်ရှာဖွေလိုက်လျှင် ဥက္ကဌမာ ရူးသွားမည်။ သက်ညှာလွန်းရာရောက်သည်။

ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာသားများအတွက် လက်စားချေစရာ ပစ်မှတ်တစ်ခုလျော့သွားလိမ့်မည်။

ဝိညာဉ်မှတ်ဉာဏ်မရှာလျှင်လည်း ကြယ်စုမဟာမိတ်၏ တည်နေရာကို သိနိုင်မည်မဟုတ်။

ရုတ်တရက် ရိုက်ကူးနေဆဲဖြစ်သည့် နာနိုကင်မရာများကို သူသတိထားမိသည်။ ဆစ်ဂနယ်တစ်မျိုး အဆက်မပြတ် ထုတ်လွှတ်နေသည်။ လျှပ်စစ်သံလိုက်လှိုင်းများ သို့မဟုတ် သူမကြားဖူးသည့် ဆက်သွယ်မှုစနစ်တစ်ခု ဖြစ်လိမ့်မည်။

သို့သော် ကိစ္စမရှိ။ ကင်မရာ၏ တစ်ခြားအစွန်းတစ်ဘက်က ကြယ်စုမဟာမိတ်နှင့် ဆက်သွယ်ထားဖို့သာလိုသည်။

ကင်မရာတစ်လုံးကို သူဆွဲယူလိုက်သည်။ တစ်ဘက်မှ ရိုက်ကူးရေးအဖွဲ့ ထိတ်လန့်တုန်လှုပ်သွားသည်။

သို့သော် သိပ်မကြာမီ သူတို့အသိပြန်ဝင်လာသည်။ ဘာမှကြောက်စရာမရှိ။ လုယန်က တစ်ဘက်မှ စကားပြောရုံသာ တတ်နိုင်မည်။ သူတို့ဆီ ခြေရာခံ၍ ရောက်လာစရာ အကြောင်းမရှိ။

"ဇစ်မြစ်ခြေရာခံ"

ဘယ်သူမှ နားမလည်သည့် စကားတစ်ခွန်း လုယန်ပြောလိုက်သည်။ အရိယဖလသန္ဓေစွမ်းအားက နာနိုကင်မရာကို လွှမ်းခြုံသွားသည်။ တစ်ဘက်ကြယ်စုနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခု ရှိနေသည်။

သူသာမြင်နိုင်သည်။ နတ်မယ်ပင် မမြင်ရ။

"တွေ့ပြီ"

ဇစ်မြစ်အရိယဖလသန္ဓေက တဖြေးဖြေးအသုံးတည့်လာသည်။

လုယန် ဥက္ကဌမာကို ကယ်ဆယ်ရေးအဖွဲ့ဆီ ကန်ထုတ်လိုက်သည်။

"ဒီလူက မင်းတို့အပိုင်ပဲ။ ကြယ်စုမဟာမိတ်လို့ခေါ်တဲ့နေရာကို ငါသွားလည်ဦးမယ်"

"မစ္စတာလု..."

လုယန် နှုတ်ဆက်ခွင့်ပင်မပေးဘဲ စိတ်အားတက်ကြွစွာ လှေပျံနက်ကို ဆင့်ခေါ်လိုက်သည်။ ချက်ချင်းခုန်တက်ပြီး ကင်မရာလမ်းကြောင်းအတိုင်း ကြယ်စုမဟာမိတ်ဆီ ပျံထွက်သွားသည်။

ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာပေါ်တွင် ဘာအန္တရာယ်မှမရှိတော့။ လောလောဆယ် စိုးရိမ်စရာမလိုတော့။ ကြယ်စုမဟာမိတ်၏အခြေအနေကို မသိရသေး။ နှောင့်နှေးနေလျှင် ရိုက်ကူးရေးအဖွဲ့ ထွက်ပြေးသွားမည်။

...

"ဘယ်လိုလုပ်ကြမလဲ။ သူက လာနေပြီထင်တယ်"

ရိုက်ကူးရေးအဖွဲ့ ဂယက်ထနေသည်။ ယန်၏'နည်းပညာ'များကို သူတို့လုံးဝနားမလည်။

သူတို့နည်းပညာ ဘယ်လောက်တိုးတက်သည်ဖြစ်စေ မသေမျိုးတစ်ယောက်ို ရင်ဆိုင်နိုင်မည်လော...

ဒါရိုက်တာက နောက်တစ်ကြိမ် ဝင်ပြောသည်။

"မလန့်ပါနဲ့။ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာနဲ့ ကြယ်စုမဟာမိတ်က ဘယ်လောက်ဝေးလဲဆိုတာ မင်းတို့အားလုံးသိတာပဲ။

ကြားထဲမှာလည်း ဂြိုလ်သိမ်ဂြိုလ်မွှားတွေ အများကြီးရှိတယ်။ သူဒီကို ဒီလောက်မြန်မြန် ပျံသန်းမလာနိုင်ပါဘူး။ ရဲကိုအကြောင်းကြားကြမယ်။ ဒါမှမဟုတ် အကြီးအကဲတွေကို စစ်တပ်အင်အားသုံးဖို့ပြောမယ်"

မဟာမိတ်အစိုးရလက်ထဲ အဖမ်းခံရခြင်းက ထူးဆန်း၍ခန့်မှန်းမရသည့် ဂြိုလ်သားတစ်ယောက်လက်ထဲ ရောက်ရခြင်းထက် ပိုကောင်းသည်။

အခြေအနေကြည့်၍ ဖုံးနိုင်ဖိနိုင်လျှင် သေဒဏ်တော့ ကျမည်မဟုတ်။ ထိုဂြိုလ်သားလက်ထဲ ရောက်သွားလျှင် ဘာဖြစ်လာမည်ကို ဘယ်သူမှမသိနိုင်။

"မှန်တယ်။ အပြင်ဂြိုလ်သားတစ်ယောက် တိုက်ခိုက်တာဟာ အကြမ်းဖက်တိုက်ခိုက်တာမျိုးပဲ။...မဟုတ်သေးဘူး။ ဒီကိစ္စဟာ အပြင်ဂြိုလ်သားက ကျူးကျော်လာတာ။

အစိုးရကို ကာကွယ်ပေးဖို့ ပြောရမယ်"

အားလုံး အပြင်အကူအညီခေါ်ရန် ပြင်နေကြစဉ် သူတို့ဦးခေါင်းအထက်မှ ဝုန်းခနဲ အသံတစ်ခုကြားလိုက်ရသည်။ ခေါင်မိုးပွင့်သွားသည်။

ခေါင်မိုးပေါ်တင်ထားသည့်'ကောင်းကင်ပင်လယ်ဒဏ္ဍာရီ' ကြော်ငြာဆိုင်းဘုတ် သူတို့ရှေ့သို့ကျလာသည်။ လရောင်အောက်တွင် လှေငယ်တစ်စီး ဆင်းလာသည်။

ရှေးဟောင်းဝတ်စုံနှင့် အပြင်ကမ္ဘာသားတစ်ယောက် လှေပျံနှင့်အတူ ရောက်လာသည်။

********************************

All Chapters