← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း။ ၁၅

ဖမ်းတမ်းကစားနည်းမှာ ဗီယွန်းဂဲ၏ ထူးခြားသော လေ့ကျင့်နည်းဖြစ်ပြီး ခြေလှမ်းအကွက်အကွင်းများ၊ ခိုးကြောင်ခိုးဝှက်လုပ်ဆောင်မှုနှင့် ပုန်းကွယ်ခြင်းပညာတို့ကို တစ်ပြိုင်နက်တည်း လေ့ကျင့်ပေးသော နည်းလမ်းဖြစ်သည်။

ပထမဦးစွာ ပြိုင်ဘက်နှစ်ဦးသည် သူတို့၏ ခါးနှင့် တင်ပါးဆုံရိုးနေရာတွင် ထင်ရှားသော အရောင်ရှိသည့် အဝတ်စရှည်တစ်စကို ချည်နှောင်ထားရသည်။

ထို့နောက် တစ်ဖက်လူ၏ အဝတ်စကို အရင်ဆုံး လုယူနိုင်သူက အနိုင်ရရှိသည့် ရိုးရှင်းသော ကစားနည်းဖြစ်သည်။

"ခွတ်"

ဂျင်ဆိုဟွန်းသည် အဝတ်စကို ချည်နှောင်ရင်း ညည်းတွားလိုက်သည်။

"ဒါက မတရားလွန်လွန်းအားကြီးတယ်"

သူ့တွင် အကြောင်းပြချက်ရှိကာ ဗီယွန်းဂဲနှင့် ကစားတိုင်း သူ တစ်ကြိမ်တစ်ခါမျှ မနိုင်ခဲ့ဖူးသောကြောင့်ပင်။

ကစားနည်းက ရိုးရှင်းသော်လည်း ရိုးရှင်းလေလေ ပို၍ခက်ခဲလေလေ ဖြစ်သည်။

လူတစ်ယောက်၏ အမြင်အာရုံမှာ အရှေ့ဘက်ကိုသာ အဓိက ဦးတည်နေသည်။

သို့သော် ကာကွယ်ရမည့် အဝတ်စမှာ ကျောဘက်တွင် ရှိနေသဖြင့် အနိုင်ရရန်အတွက် တစ်ဖက်လူကို မျက်စိဖြင့် ရှာဖွေရင်း တစ်ဖက်တွင်လည်း ကျောဘက်ကို အခြားအာရုံများဖြင့် သတိထားနေရမည်ပင်။

အရေးကြီးတာက တောင်ထိပ်ကို အောင်မြင်စွာ တက်ဖို့ပဲ မဟုတ်လား။

ဂျင်ဆိုဟွန်း၏ အကြည့်တို့သည် တောင်ထိပ်ဆီသို့ သဘာဝအတိုင်း ရောက်သွားသည်။ တောင်အောက်သို့ ဆင်းနိုင်ရန်မှာ ဆရာကြီးများ ဝှက်ထားသော လက်ဆောင်များကို အကုန်ရယူမှသာ ဖြစ်သည်။ ဗီယွန်းဂဲ၏ အမြီးကို ဖမ်းမိမဖမ်းမိက အဓိက မဟုတ်ပေ။

ဒါဆိုရင်တော့...

ဂျင်ဆိုဟွန်းသည် ခြေဖျားတွင် အားစိုက်ကာ ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်သည်။

ထွမ်

လေးမြားတစ်စင်းအလား ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ တောင်ထိပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားသည်။

တောင်ထိပ်၏ တစ်ဝက်ခန့်သို့ ရောက်သောအခါတွင်မူ...

"အောင်မြင်ပြီ"

ဂျင်ဆိုဟွန်း အောင်ပွဲခံ၍ ပြုံးလိုက်စဉ်မှာပင်...

"အောင်မြင်တာ မြေကြီးက မင်း ရှုံးသွားပြီ"

"...ဘာ"

ခြေလှမ်းများ ရပ်တန့်လိုက်သည့်အခါ သူ့ရှေ့တွင် ပေါ်လာသော ဗီယွန်းဂဲ၏ လက်ထဲတွင် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

ဂျင်ဆိုဟွန်း၏ ကျောတွင် ချည်ထားသော အနီရောင်အဝတ်စပင်။

"အို ဘယ်အချိန်က လုယူသွားတာလဲ"

နောက်သို့ လက်လှမ်းကြည့်သော်လည်း ဘာမျှ မရှိတော့ပေ။

"တစ္ဆေတောင် ငိုလောက်တဲ့ လက်မြန်ချက်ပဲ"

"မင်းကောင်စုတ် ဆရာက သင်ခန်းစာပေးနေတဲ့အချိန်မှာ အာရုံမစိုက်ဘဲ တခြားအရာတွေ တွေးနေတာလား"

ဗီယွန်းဂဲက အော်ဟစ်လိုက်ပြီး ခါးပတ်မှ အိတ်ငယ်တစ်ခုကို ထုတ်ကာ ဂျင်ဆိုဟွန်း၏ ရှေ့တွင် ချိတ်ပေးလိုက်သည်။

"ဒါ ငါ့ရဲ့ လက်ဆောင်ပဲ"

"ဒါက ဘာလဲ"

"ကိုယ်တိုင် ကြည့်လိုက်ပေါ့"

ဗီယွန်းဂဲက အနီရောင်အဝတ်စကို ပြန်ပေးလိုက်သည့်အခါ ဂျင်ဆိုဟွန်းသည် စူပုတ်ပုတ်နှင့် ချည်နှောင်လိုက်သည်။

"အောက်ကို ဆင်းပြီး ပြန်စစမ်း"

"ဟုတ်ကဲ့"

ဂျင်ဆိုဟွန်း ပြန်စသည်။

သို့သော် အကြိမ်ကြိမ် ကြိုးစားသော်လည်း ဗီယွန်းဂဲ၏ အိတ်ကို မယူနိုင်မီမှာပင် အဝတ်စကို အလုခံလိုက်ရသည်။ ဆယ်ကြိမ်ခန့် ကြိုးစားပြီးနောက်တွင် ဂျင်ဆိုဟွန်းမှာ ပျော့ခွေသွားတော့သည်။

"ဟူး ဟူး ဟူး"

သူ၏ ခွန်အားနှင့် အတွင်းအားတို့မှာ ကုန်ခမ်းနေပြီဖြစ်သည်။

ဒီလောက်ဆိုရင်တော့ သူ နည်းနည်း လျှော့ပေးသင့်တာပေါ့... သူက ရက်စက်လိုက်တာ။

ဂျင်ဆိုဟွန်းသည် တောင်ထိပ်ကို ငေးကြည့်နေမိသည်။

ဆရာ ငါ့ဆီ မရောက်ခင် တောင်ထိပ်ကို ငါ ဘယ်လို ရောက်အောင်သွားရမလဲ...

သူသည် ကွေ့ကောက်သွားကြည့်ကာ ခိုးကြောင်ခိုးဝှက်လည်း သွားကြည့်သည်။

သို့သော် မရပေ။

ဆရာ့အမြီးကို အရင်သွားလုရင်ကောဟု တွေးသော်လည်း အားကုန်သုံးကာ ပုန်းကွယ်နေသော ဗီယွန်းဂဲကို ရှာတွေ့ရန် နည်းလမ်းမရှိပေ။

ထူထဲသော တောအုပ်၊ ငှက်သံနှင့် ပိုးမွှားသံများ၊ လေတိုးသံများ မည်သည့်အရာကမျှ ဂျင်ဆိုဟွန်းကို မကူညီနိုင်ပေ။

"အိုင်းယား မသိတော့ဘူး"

ဂျင်ဆိုဟွန်း လှဲအိပ်လိုက်သည်။ သို့သော် ကောင်းကင်ကို ကြည့်ရင်း ရုတ်တရက် ထထိုင်လိုက်သည်။

ပုန်းကွယ်ခြင်းပညာက အမြင့်ဆုံးအဆင့်ရောက်ရင် မျက်စိနဲ့ ရှာလို့မရတော့ဘူး။

အာရုံစူးရှတဲ့ ဆရာကြီးတွေတောင် ရှာဖို့ ခက်တယ်။

ဒါဆို ပုန်းကွယ်နေတဲ့သူကို ဘယ်လိုရှာရမလဲဆိုရင် သူ့ကို အရင် လှုပ်ရှားအောင် လုပ်ရမှာပေါ့။

ပုန်းကွယ်ခြင်းပညာ၏ အခြေခံမှာ ကိုယ့်ကိုယ်ကိုယ် ဖျောက်ဖျက်ခြင်းပင်။

အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူများသည် အသက်ရှူနှုန်းကို ထိန်းချုပ်ပြီး နှလုံးခုန်သံကိုပင် ထိန်းချုပ်ကြသည်။

ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းအင်စီးဆင်းမှုက သဘာဝတရား၏ စွမ်းအင်စီးဆင်းမှုနှင့် တစ်သားတည်းကျသွားလျှင် သူသည် သဘာဝတရား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားသည်။ ထိုအခါ ကမ္ဘာ့အတော်ဆုံးဆရာကြီးပင်လျှင် သူ့ကို ရှာမတွေ့နိုင်တော့ပေ။

"ဒါကြောင့်ပဲ သိုင်းလောကကလူတွေက ပေါ်တင်တိုက်ခိုက်တဲ့သူတွေထက် လုပ်ကြံသတ်ဖြတ်သူတွေကို ပိုပြီး ကြောက်ကြတာပေါ့။

ဟိန်းထွက်လာတဲ့ ကြီးမားတဲ့ ဓားချက်ထက် ငြိမ်သက်နေတဲ့ ရေကန်အောက်မှာ ဝှက်ထားတဲ့ ဝါးဓားသွားက ပိုပြီးတော့ ကြောက်စရာကောင်းတယ်။

သေချာမှတ်ထားပါ။ ပုန်းကွယ်ခြင်းပညာ အထွတ်အထိပ်ကို ရောက်နေတဲ့သူတစ်ယောက်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့... သူ့ကို အရင်ဆုံး လှုပ်ရှားလာအောင် ဆွဲဆောင်ဖို့ပဲ။

ဘာဖြစ်လို့လဲဆိုတော့... လုပ်ကြံသတ်ဖြတ်သူတွေကြားထဲမှာ အရေးကြီးဆုံးအရာက စိတ်ရှည်မှုပဲလေ။ ဘယ်သူပဲဖြစ်ဖြစ် အရင်ဆုံး စိတ်မထိန်းနိုင်ဘဲ လှုပ်ရှားမိတဲ့သူက... အလိုလိုနေရင်း ရှုံးနိမ့်ခြင်းဆီကို ခြေလှမ်းလှမ်းမိသွားတာပဲ..."

ဖမ်းတမ်းကစားနည်းသည် သည်းခံခြင်း၏ စစ်ပွဲပင်။

သို့သော် ဂျင်ဆိုဟွန်းမှာ ထိုသို့ပြုလုပ်ရန် အစီအစဉ်မရှိပေ။

ဖမ်းတမ်းကစားနည်းသည် မျှားခေါ်ခြင်းဖြစ်ရာ အမှန်တကယ် ပန်းတိုင်မှာ တောင်ထိပ်ပေါ်ရှိ ဗီယွန်းဂဲ၏ လက်ဆောင်ပင်။

"ဆရာ့လက်ထဲ မရောက်ခင် တောင်ထိပ်ကို အရင်ရောက်သွားရင် ပြီးတာပဲ မဟုတ်လား"

ဂျင်ဆိုဟွန်းသည် ဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီး အဝေးရှိ တောင်ထိပ်ကို စိုက်ကြည့်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

"ဟူး"

ထို့နောက် လက်ဖျားနှစ်ဖက်ကို ဆုံရပ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။

ငါ လုပ်နိုင်မလား။

ဒုတ် ဒုတ်….

ဂျင်ဆိုဟွန်း၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာသည်။ ဗီယွန်းဂဲ၏ အသံကို သူ ပြန်သတိရလိုက်သည်။

[ဆိုဟွန်း၊ ကျောက်တုံးကို တစ်ချက်တည်းနဲ့ အပိုင်းပိုင်းဖြစ်အောင် ခွဲနိုင်တဲ့ ဟယ်မိသားစုရဲ့ ခွန်အားနဲ့ ဘယ်အရာကိုမဆို လမ်းကြောင်းလွဲစေနိုင်တဲ့ ဝူဒန်းဓားချက်တွေတောင် မမှီနိုင်တဲ့အရာက ဘာလဲဆိုတာ မင်း သိလား]

[မသိဘူး။ အဲ့လိုမျိုး ရှိလို့လား]

[အဲ့ဒါက ဘာနဲ့မှ မမှီနိုင်တဲ့ အရှိန်ပဲ]

[အရှိန်...]

[ငါ သိုင်းလောကရဲ့ နံပါတ်တစ်ကိုတော့ မနိုင်ဘူး။ ဒါပေမဲ့ ငါလည်း ရှုံးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီသိုင်းလောကမှာ မင်းရဲ့ ဆရာကို လိုက်ဖမ်းနိုင်တဲ့သူ တစ်ယောက်မှ မရှိလို့ပဲ ဟားဟား]

ထိုအချိန်က ဂျင်ဆိုဟွန်းသည် ထွက်ပြေးတာ တော်ရုံလောက်နဲ့တော့ဟု တွေးခဲ့သော်လည်း ယခုတော့ ဗီယွန်းဂဲ၏ အရှိန်ကို အံ့ဩရတော့မည်။

အိုယိုရန်နှင့် တိုက်ခိုက်သည့်အခါတွင်ပင် သူမ ပုလွေကို မကိုင်မီ သူက နေရာမှ ပျောက်ကွယ်သွားတတ်သည်။

မျက်တောင်တစ်ချက်ခတ်လိုက်ချိန်တွင် ဗီယွန်းဂဲမှာ အခြားတောင်တစ်ခုပေါ် ရောက်နေတတ်သည်။

ဆရာက အသံတောင် လိုက်မမီတဲ့သူလို့ ဆရာကြီးအို ပြောဖူးတယ်။

ဖြစ်နိုင်သည်မှာ ဗီယွန်းဂဲ၏ အရိပ်မဲ့ ကိုယ်ထည်ကြောင့်ပင်။

အရိပ်မရှိသူဆိုသည် အရိပ်တောင် မကျန်ရစ်လောက်အောင် မြန်ဆန်မှသာ ဖြစ်နိုင်ခြင်းပင်။

ရှူး…

ဂျင်ဆိုဟွန်း၏ ဆံပင်များ လှိုင်းထလာပြီး လေမရှိသော်လည်း အဝတ်အစားများ လွင့်ခါလာသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်စီးဆင်းမှုမှာ ပုံမှန်ထက် အဆပေါင်းများစွာ မြန်ဆန်

နေသည်။

နှလုံးခုန်နှုန်းမှာလည်း ငါးဆ ပိုမြန်လာပြီး သွေးလည်ပတ်မှု မြန်ဆန်လာသဖြင့် ခန္ဓာကိုယ်မှာ နီရဲလာသည်။ ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များ အထွတ်အထိပ်သို့ ရောက်သည့်အခါ ဂျင်ဆိုဟွန်း မျက်လုံးကို ဖွင့်လိုက်သည်။

သူ၏ မျက်ဝန်းတို့မှာ တောက်ပနေသည်။ ထို့နောက် ခြေနှစ်ဖက်ကို ကွေးလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။

"သေစမ်း... မဟုတ်ပါဘူး"

တိတ်ဆိတ်စွာ ကြည့်နေသော ဗီယွန်းဂဲတစ်ယောက် ကောင်းကင်တွင် ပျောက်ကွယ်သွားသည့် တပည့်ဖြစ်သူနောက်သို့ ဖြူဖျော့သော မျက်နှာဖြင့် လိုက်ပါသွားသည်။

"အရိပ်မဲ့ ကိုယ်ထည်ပါလား"

ဗီယွန်းဂဲသည် အံကြိတ်ကာ တစ်ကိုယ်လုံးဖြင့် အားကုန်သုံးလိုက်သည်။ သူသည် ချွန်ယူဆင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရစဉ်ကပင် ဤမျှ မအံ့ဩခဲ့ပေ။

"ဝါး"

ကောင်းကင်သို့ ပျံတက်သွားသော ဂျင်ဆိုဟွန်းသည် ငှက်တစ်ကောင် ဖြစ်သွားသကဲ့သို့ ခံစားရသည်။ တောင်ထိပ်ရှေ့သို့ ချက်ချင်းရောက်သွားသည့်အခါ သူ တစ်ခု မှားသွားမှန်း သိလိုက်သည်။

"အာ ဟုတ်သားပဲ"

ဗီယွန်းဂဲထံမှ လွတ်အောင် ပျံတက်ခဲ့သော်လည်း သူထင်ထားသည်ထက် ပိုမြင့်နေသည်။ ငှက်တွင် အတောင်ပံရှိသော်လည်း သူတွင် မရှိပေ။ မြေပြင်သို့ အရှိန်ပြင်းစွာ ပြုတ်ကျတော့မည့်အချိန်တွင် သူ နှုတ်ခမ်းကို ကိုက်လိုက်သည်။

မသေမျိုးတိမ်တိုက်ခြေလှမ်းနဲ့ဆိုရင်တော့ ဖြစ်နိုင်တယ်….

တိမ်တိုက်ပေါ်တွင် လမ်းလျှောက်သကဲ့သို့ ဖြစ်စေသော ခြေလှမ်းပညာကို သုံးကာ လေထဲတွင် ခြေဖြင့် နင်း၍ ချောမွေ့စွာ ဆင်းသက်လိုက်သည်။

သစ်ပင်ကို နင်း၍ တောင်ထိပ်၏ တစ်ဝက်သို့ ရောက်သည့်အခါ အကိုင်းတွင် ချိတ်ထားသော အိတ်ကို ဆွဲယူလိုက်သည်။

"ဟူး ဟူး အောင်မြင်ပြီ"

"ဂျင်ဆိုဟွန်း"

ထိုစဉ် ဗီယွန်းဂဲ ပေါ်လာပြီး မျက်လုံးပြူးကာ ကြည့်လိုက်သည်။

"ကျွန်တော် နိုင်ပြီ..."

မြေပြင် နီးကပ်လာသည်ကို ခံစားလိုကိရသည်။

မယ် မဟုတ်ဘူးငါ လဲကျတော့မယ်...

ဒုတ်…

ဂျင်ဆိုဟွန်း ပြုတ်ကျသွားသည့်အခါ ဗီယွန်းဂဲ လန့်သွားပြီး အခြေအနေကို စစ်ဆေးလိုက်သည်။ သို့သော် ဂျင်ဆိုဟွန်း အသက်မရှူတော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ အလွန်အကျွံသုံးလိုက်သဖြင့် လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။

"သေစမ်း"

ဗီယွန်းဂဲသည် အဝတ်အစားကို ချွတ်လိုက်ပြီး အတွင်းအားကို သုံးကာ အရေးကြီးသည့် အချက်အချာနေရာများကို ဖိနှိပ်ပေးလိုက်သည်။

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး... လုပ်ပါဦး"

သူသည် ဂျင်ဆိုဟွန်း၏ တစ်ကိုယ်လုံးကို နှိပ်နယ်ကာ အတွင်းအားများ ပေးပို့လိုက်သည့်အခါ ရပ်တန့်သွားသော နှလုံးမှာ ပြန်လည် ခုန်ပေါက်လာသည်။ ဂျင်ဆိုဟွန်း မျက်လုံးဖွင့်လာသည်။

"အစ် အစ်"

"မင်း အဆင်ပြေလား အဆင်ပြေရဲ့လား"

"ကျွန်တော်... အသက်ရှင်နေတာလား"

"ဟုတ်တယ်လေ မင်း အရိပ်မဲ့ ကိုယ်ထည်ကို သုံးဖို့ ဘာလို့ ဒီလောက်တောင် စောနေတာလဲ"

"ဟဲ... ဟဲ..."

"ဟူး... မင်းကြောင့် ငါ့အသက်တောင် ဆယ်နှစ်လောက် တိုသွားပြီ"

နေရာတွင်ပင် ထိုင်ချလိုက်သော ဗီယွန်းဂဲသည် တပည့်ဖြစ်သူကို ရှုပ်ထွေးသော အကြည့်တို့ဖြင့် ငေးကြည့်နေမိသည်။

ဒီအခြေအနေမျိုးကို စိုးရိမ်လို့သာ သင်ပေးခဲ့တာ။ တကယ်တမ်း လုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...

တကယ်တော့ ဂျင်ဆိုဟွန်းသာ မေ့မလဲသွားခဲ့လျှင် ဗီယွန်းဂဲသည် သူ့ကို ဖက်၍ပင် ပျော်ရွှင်နေမိပေလိမ့်မည်။

အရိပ်မဲ့ ကိုယ်ထည်၏ အဆင့်မှာ လူစွမ်းကောင်းတို့၏ အဆင့်အတန်း ဖြစ်သောကြောင့်ပင်။ ၎င်းသည် ခန္ဓာကိုယ်ကို အတင်းအကျပ် အကန့်အသတ်အထိ တွန်းပို့ကာ လူသားတစ်ယောက် ဖန်တီးနိုင်သည့် အရှိန်ကို ကျော်လွန်သွားခြင်းပင်။

သာမန်လူများသာ ဤသို့ ကြိုးစားပါက သွေးကြောများ ပေါက်ထွက်ကာ အပိုင်းပိုင်း ဖြစ်သွားပေလိမ့်မည်။

သို့သော် ဂျင်ဆိုဟွန်းတွင်မူ အညစ်အကြေး တစ်စက်မျှ မရှိသော ကျယ်ပြန့်သည့် သွေးကြောများ ရှိနေသဖြင့် ဤအရာကို ဖြစ်မြောက်စေခဲ့သည်။ ၎င်းမှာ အပြည့်အဝ အရိပ်မဲ့ ကိုယ်ထည် မဟုတ်သေးဘဲ အတုအယောင်မျှသာ ဖြစ်သော်လည်း ဤမျှပင် အံ့ဖွယ်ကောင်းသော ပါရမီဖြစ်သည်။

ပါရမီရှင်ပဲ...

ဗီယွန်းဂဲသည် ဂျင်ဆိုဟွန်း၏ ခေါင်းကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။

"ပါရမီဆိုတဲ့ နေရာမှာဆိုရင် အဖြူရောင်လမင်း ဘုရင်တောင် မင်းကို ရှုံးပေးရလိမ့်မယ်"

"အဖြူရောင်လမင်း ဘုရင်ဆိုတာ ဘယ်သူလဲဗျ"

"ရှိတာပေါ့။ မင်းလည်း တစ်နေ့ကျရင် သူနဲ့ တွေ့ရမှာပါ"

သူ အသေအချာပင် တွေ့ဆုံရမည် ဖြစ်ကာ အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် သိုင်းလောက၏ နံပါတ်တစ် နေရာအတွက် သူနှင့် ပြိုင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။

သူတပည့်က ထိုသူ၏ ပါရမီကိုပင် ကျော်လွန်နေသည်ကို တွေးမိရင်း ဗီယွန်းဂဲတစ်ယောက် ထူးဆန်းသော ခံစားချက်ကို ရသွားသည်။

ငါ့ဆန္ဒသာဆိုရင်တော့ ရင်ထဲက ပျော်ရွှင်မှုကို အပြည့်အဝ ထုတ်ပြချင်မိတယ်။

"ခလူး…ခလော..."

အိပ်ပျော်နေသည့် ဂျင်ဆိုဟွန်း၏ ရိုးရှင်းသော မျက်နှာကို ကြည့်ရင်း ဗီယွန်းဂဲ စိတ်ထဲ၌ အတွေးတစ်ခု ဝင်လာသည်။

"ဒီကလေးအတွက် ဒီပါရမီတွေက များလွန်းနေတာ မဟုတ်ဘူးလား"

ပင်လယ်တစ်ခု ဖြစ်လာတော့မည့် ဂျင်ဆိုဟွန်း၏ ပါရမီများမှာ ကလေးအတွက် ကျိန်စာတစ်ခု ဖြစ်နေမည်ကို ဗီယွန်းဂဲ စိုးရိမ်ပူပန်နေမိသည်။

"ဘာဖြစ်တာလဲ"

နောက်မှ ရောက်လာသော အိုယိုရန်၏ အမေးကို ဗီယွန်းဂဲ ပြုံးပြလိုက်သည်။

"သူ အောင်မြင်သွားပြီ"

အိုယိုရန်သည် အိပ်ပျော်နေသည့် တပည့်ဖြစ်သူကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ကျန်နေတာက... ဆရာကန်ရဲ့ စမ်းသပ်ချက်ပဲလား"

"ဟုတ်တယ်"

"အဆင်ပြေမှာ မဟုတ်ဘူးလား ကန်က ငါတို့အားလုံးထဲမှာ ဆိုဟွန်းကို အကြာဆုံး သင်ပေးခဲ့တဲ့ ဆရာပဲလေ"

"အဲ့ဒါကြောင့်ပဲ စိုးရိမ်နေတာ"

"ဘာလို့လဲ"

ဗီယွန်းဂဲသည် ဂျင်ဆိုဟွန်း၏ ခေါင်းကို ပွတ်သပ်ရင်း နောက်ဆုံးတောင်ထိပ်ကို စိုက်ကြည့်လိုက်သည်။

ဒီတစ်ခါတော့ သူ့ကို သက်ညှာပေးပါဦး။

သူသည် ကန်ချွန်းကို မည်သူ့ထက်မဆို ပိုသိသည်။

ယခုတော့ ဂျင်ဆိုဟွန်းကို နူးညံ့စွာ သင်ကြားပေးနေသော်လည်း ငယ်စဉ်က ကန်ချွန်း၏ ဘွဲ့နာမမှာ ပျံသန်းသော ဓားသမားမဟုတ်ခဲ့ပေ။

လက်ဆယ်ချောင်း သွေးတစ္ဆေ…..

လက်ဆယ်ချောင်းနှင့် သွေးဆာသော တစ္ဆေမှာ ကန်ချွန်း၏ ဘွဲ့နာမည်ပင်။

စစ်မြေပြင်တွင် ရန်သူတို့၏ သွေးများဖြင့် ရွှဲနစ်နေသော ကန်ချွန်း၏ မြင်ကွင်းကို ပြန်တွေးမိရင်း ဗီယွန်းဂဲ ခေါင်းကို ခါလိုက်သည်။

"ဆိုဟွန်း တစ်ယောက် ပြင်ဆင်ထားနိုင်ဖို့ မျှော်လင့်ရတော့မှာပဲ"

All Chapters