← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း။ ၁၈

"ဟူး"

ဂျင်ဆူမောက်တစ်ယောက် နဖူးပေါ်က အရေးအကြောင်းတွေ နက်ရှိုင်းလာတာကိုတောင် မသိလိုက်ဘဲ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"အစ်ကိုကြီး"

"အာ... ကိုယ် အဆင်ပြေပါတယ်"

ယူဆောဟွန်း၏ နူးညံ့သော အထိအတွေ့ကြောင့် ဂျင်ဆူမောက် အားတင်းပြီး ပြုံးကာ ပြောလိုက်သည်။

"ယုံဟူ"

"ဟုတ်ကဲ့ မိသားစုခေါင်းဆောင်"

"ဒီတစ်ခါက ဘယ်နှစ်ယောက်မြောက်လဲ"

"ဒီတစ်ခါကတော့ ၂၅ ယောက်မြောက်ပါခင်ဗျာ"

"ဟူး"

၂၅ ယောက်မြောက်တောင် ရှိနေပြီဖြစ်သည်။ ဂျင်မိသားစုအိမ်တော်တွင် အလုပ်လုပ်ရန် ရောက်လာသည့် အစေခံတစ်ယောက် အလုပ်ထွက်စာတင်ကာ အိမ်တော်မှ ထွက်ပြေးသွားသည့် အရေအတွက် ဖြစ်သည်။

တခြားနေရာတွေထက် ပိုမိုကောင်းမွန်သော လူမှုဖူလုံရေးနှင့် လစာကို ပေးထားသည့် ဂျင်

မိသားစုအိမ်တော်မှ အစေခံများစွာ ထွက်ပြေးသွားကြရသည့် အကြောင်းရင်းမှာ တခြားသူမဟုတ်ဘဲ ဂျင်မိသားစု၏ သားဦး ဂျင်ဆိုဟွန်းပင်။

"ဒီတစ်ခါလည်း တူတူပဲလား"

"ဒ ဒါပေါ့ခင်ဗျာ"

ဂျင်ဆူမောက်၏ ခေါင်းမှာ ကိုက်ခဲလာသည်။

မိသားစုအိမ်တော်မှာ သရဲခြောက်တယ်တဲ့... ဒါက ဖြစ်နိုင်ပါ့မလား။

အလုပ်ထွက်စာတင်ပြီး ထွက်သွားသည့် အစေခံများတွင် အကြောင်းပြချက်တစ်ခုတူသည်။ အိမ်တော်ထဲတွင် သရဲခြောက်နေသည်ဟု ပြောခြင်းပင်။ ထိုတစ္ဆေမှာ ဆံပင်ရှည်ရှည်နှင့် ညနက်သန်းခေါင်အချိန်တွင် တင်ပျဉ်ခွေထိုင်လျက် လေထဲတွင် ပျံဝဲနေတတ်သည်ဟု ပြောကြသည်။

ထိုအရာကို တွေ့လိုက်ရသည့် အစေခံများမှာ ပါးစပ်မှ အမြှုပ်များထွက်ကာ မေ့လဲသွားကြပြီး နောက်တစ်ရက်တွင် အလုပ်ထွက်စာ တင်သွားကြမြဲဖြစ်သည်။

ထိုတစ္ဆေ၏ ပိုင်ရှင်မှာ တခြားသူမဟုတ်ဘဲ ဂျင်ဆိုဟွန်းပင်။

"သူက အသံတောင် မထွက်ဘဲ ပျံဝဲနေတာလား"

"ဟုတ်ကဲ့ အဲ့လိုပဲ ပြောကြပါတယ်"

"ဒါ... တကယ်ပဲ ဖြစ်နိုင်ပါ့မလား"

"ကျွန်တော်လည်း မသိတော့ပါဘူး"

ဂျင်မိသားစုတွင် သိုင်းအစွမ်းအထက်ဆုံးဖြစ်သည့် ကိုယ်ရံတော်ခေါင်းဆောင် မူယုံဟူပင်လျှင် ဂျင်ဆိုဟွန်း၏ ထူးဆန်းသော ကိုယ်ထည်လှုပ်ရှားမှုပညာကို ဘာမှ နားမလည်ပေ။

ဒါ ဆရာကြီးဗီရဲ့ ကိုယ်ထည်လှုပ်ရှားမှုပညာ ဖြစ်ရမယ်... ဒါပေမဲ့ ဒီလောက်တောင် ထူးဆန်းတဲ့ ပညာမျိုး လောကမှာ ရှိလို့လား

ပြဿနာက ဒါတင်မကသေးပေ။ ခြောက်နှစ်ကြာ သိုင်းပညာသင်ကြားပြီး ပြန်ရောက်လာသည့် ဂျင်ဆိုဟွန်းက သူ တော်တော်လေး ပင်ပန်းခဲ့ပြီဖြစ်၍ အခုနောက်ပိုင်းတွင် သူ ကြိုက်သလိုပဲ နေတော့မည်ဟု ကြေညာထားသည်။

နှစ်နှစ်တာကာလလုံးလုံး ဂျင်ဆိုဟွန်းမှာ သူ့အခန်းထဲကနေ ခြေတစ်လှမ်းတောင် မထွက်တော့ပေ။ တစ်ခုခု လိုအပ်လျှင်လည်း အပြင်ထွက်မလာဘဲ တခြားနည်းလမ်းကို သုံးသည်။

ထိုကတော့...

ဝုန်း……ဇွက်……

"တ….တစ်ခါထပ်ဖြစ်ပြန်ပြီလား"

ဂျင်ဆူမောက် တုန်ယင်လျက် ပြောလိုက်သည်။

မူယုံဟူက ခေါင်းညိတ်ကာ အသံလာရာ တိုင်လုံးဆီသို့ ချဉ်းကပ်သွားသည်။ တိုင်လုံးတွင် စာတစ်စောင်ကို ချည်ထားသည့် သစ်သားချောင်းတစ်ချောင်း စိုက်ဝင်နေသည်။

"ဒီတစ်ခါ ဘာရေးထားပြန်ပြီလဲ"

စာကို စစ်ဆေးကြည့်ပြီးနောက် မူယုံဟူက ပြောသည်။

"သူက ဦးလေးယူရဲ့ ဥယျာဉ်က အသီးတွေကို စားချင်တယ်တဲ့။ အခုက ပန်းသီးရာသီဆိုတော့ ပန်းသီးဆိုရင် ကောင်းမှာတဲ့ခင်ဗျာ"

"ဟူး... သူ့ရဲ့ အပျင်းထူလွန်းတဲ့အကျင့် ပျောက်သွားပြီလို့ ထင်ခဲ့တာ..."

သူ့အကျင့်တွေ ပျောက်သွားပြီလို့ ထင်ခဲ့ပေမဲ့ ပျောက်ဖို့နေနေသာသာ ပို၍ပင် ဆိုးရွားလာတော့သည်။

အရင်ကဆို အိမ်တော်ထဲမှာ လမ်းလျှောက်တာမျိုးလေး ရှိသေးပေမဲ့ အခုတော့ အခန်းထဲကနေတောင် မထွက်တော့ပေ။

အိမ်သာသွားဖို့တောင် ပျင်းစရာကောင်းလှသည်ဟု ပြောကာ တစ်နေ့ကို တစ်နပ်ပဲ စားတတ်သည့် သားဖြစ်သူအတွက် ဂျင်ဆူမောက်တစ်ယောက် ရင်တွေ မွန်းကြပ်လာသည်။

"ဒီလိုဆို မဖြစ်တော့ဘူး ယုံဟူ"

"ဟုတ်ကဲ့ အမိန့်ပေးပါ"

"ဆိုဟွန်းကို အခုချက်ချင်း ခေါ်ခဲ့ တကယ်လို့ သူ ငြင်းဆန်ရင် အတင်းအဓမ္မပဲ ဖြစ်ဖြစ် ခေါ်ခဲ့"

"ကျွန်တော် စီစဉ်ပါ့မယ်"

အမိန့်ရသည်နှင့် မူယုံဟူမှာ လေအရှိန်ဖြင့် ဂျင်ဆိုဟွန်း၏ အခန်းဆီသို့ ပြေးသွားသည်။ သူ ရောက်သွားသည့်အခါ စီးယုမှာ အိမ်ဝိုင်းကို ငေးငိုင်စွာ တံမြက်လှည်းနေသည်။

"စီးယု"

"ဦးလေးမူ ဘာကိစ္စ ရှိလို့လဲ"

"သခင်လေး ဘယ်မှာလဲ"

"အထဲမှာပါ အမြဲတမ်း နေနေကျ အတိုင်းပါပဲ"

"ကောင်းပြီ"

"သခင်လေးကို လာခေါ်တာလား"

မူယုံဟူ ခေါင်းညိတ်ပြလိုက်သည့်အခါ စီးယုလည်း ခေါင်းညိတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"သခင်လေးသာ ဦးလေးမူ ရောက်နေမှန်း သိရင် နေမကောင်းဟန်ဆောင်လိမ့်မယ်။ သခင်လေး အခြေအနေကို ကျွန်မ အရင် စစ်ဆေးကြည့်ပေးမယ်"

"မင်းပဲ တာဝန်ယူပေးပါဦး"

စီးယုက ငြိမ်နေစဉ် မူယုံဟူက ငွေဒင်္ဂါးတစ်ပြားကို ထုတ်ပေးလိုက်သည်။

"ဟီးဟီး ကျွန်မတာဝန်သာ ထားလိုက်ပါ"

ငွေဒင်္ဂါး ရလိုက်သည့် စီးယုမှာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

သူမသည် မီးဖိုပေါ်သို့ တက်နေသည့် ကြောင်တစ်ကောင်လို ဂျင်ဆိုဟွန်း၏ အခန်းထဲသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။

"သခင်လေး အထဲမှာလား"

"အင်း"

"ဝင်လာပြီနော်"

စီးယု တံခါးဖွင့်ပြီး ဝင်သွားသည့်အခါ ဂျင်ဆိုဟွန်းတစ်ယောက် သကြားလုံးဝါးရင်း သူ့ခါးကို ကုတ်နေသည်။

"ပန်းသီးတွေကော"

"ဘာပန်းသီးလဲ"

"ထားလိုက်ပါတော့။ အခုထိ မရောက်သေးဘူး ထင်တယ်"

ဂျင်ဆိုဟွန်းက ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ ကြမ်းပြင်ပေါ် လှဲလိုက်သည့်အခါ စီးယုက တံခါးအပြင်ဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။

အခုပဲ

အချက်ပြမှုကို ရလိုက်သည့် မူယုံဟူမှာ အခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်။

"သခင်လေး မိသားစုခေါင်းဆောင်က... "

အခန်းထဲသို့ ပြေးဝင်သွားသည့် မူယုံဟူမှာ ဂျင်ဆိုဟွန်းကို မတွေ့ရသဖြင့် ထိတ်လန့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သို့သော် သူ ဘယ်လောက်ပဲ ရှာရှာ ဂျင်ဆိုဟွန်း၏ အရိပ်အယောင်တောင် မတွေ့ရပေ။

"စီးယု သခင်လေးဂျင် ဒီမှာ ရှိနေတယ်လို့ မပြောဘူးလား"

"ဒ…ဒါပေါ့ ခ…ခဏလေးက ဒီမှာ ရှိနေတာကို"

ထိတ်လန့်နေသူမှာ စီးယုလည်း အပါအဝင်ပင်။

ဂျင်ဆိုဟွန်းမှာ သူမမျက်စိရှေ့တည့်တည့် ရှိနေခဲ့တာကို ခေါင်းလှည့်လိုက်သည်နှင့် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီဖြစ်ကာ တစ္ဆေတောင် ရှုံးမယ့်ကိစ္စပင်။

"ဘယ်လိုလုပ်ပြီး ငါ့ကို လိမ်ရဲရတာလဲ..."

စီးယုက သူ့ကို လိမ်ညာခဲ့သည်ဟု အလိုလို ထင်မှတ်လိုက်သော မူယုံဟူ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာပြီး စီးယုမှာမူ အပြစ်တင်ခံရသလိုမျိုး ကွေးညွတ်သွားသည်။

"ခဏလေးက ဒီမှာ ရှိနေတာပါ"

"ဒါဆို သခင်လေး ဂျင် ဘယ်ရောက်သွားတာလဲ မြေကြီးထဲ စီးဝင်သွားတာလား ဒါမှမဟုတ် ကောင်းကင်ပေါ် ပျံတက်သွားတာလား"

"အဲ့လိုတော့... မဖြစ်နိုင်ပါဘူး..."

"မင်းရဲ့ လိမ်ညာမှုတွေကို ငါ မိသားစုခေါင်းဆောင်ဆီ တိုင်ကြားမယ်။ အဲ့ဒီလို ဖြစ်လာရင် ဒီလအတွက် မင်းရဲ့ ဘောနပ်စ်ကတော့ လက်လွတ်လိုက်တော့"

"မဖြစ်ဘူး"

စီးယုသည် မူယုံဟူ၏ ခြေထောက်ကို ဖက်တွယ်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေသော်လည်း သူ့ကို သစ္စာဖောက်သည်ဟု ယူဆထားသော မူယုံဟူမှာ သနားညှာတာမှု လုံးဝမရှိပေ။

"ဒီကောင်မလေး မင်း အလုပ်ပြုတ်မခံချင်ရင် သခင်လေး ဂျင်ကို အခုချက်ချင်း ရှာပေး"

"ကျွန်မ သေချာပေါက် ရှာပေးပါ့မယ်"

စကားပြောပြီးနောက် မူယုံဟူက ဂျင်ဆိုဟွန်းကို ရှာဖွေရန် အခန်းမှ ထွက်သွားချိန်တွင် စီးယုမှာ နှာခေါင်းရှုံ့ကာ ငိုရှိုက်လိုက်သည်။

"ရွှတ်….."

"စီးယု မင်း ငါ့ကို နောက်တစ်ခါ ရောင်းစားလိုက်ပြန်ပြီလား"

"အမလေး"

သူမ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသော အသံကြောင့် စီးယုသည် တစ္ဆေကို တွေ့လိုက်ရသည့်အလား မျက်နှာပေးဖြင့် ဂျင်ဆိုဟွန်းကို လှည့်ကြည့်လိုက်သည်။

"သ….သခင်လေး"

ဘာမှမဖြစ်ခဲ့သည့်အလား ပေါ်လာသော ဂျင်ဆိုဟွန်းက စီးယုကို မကျေနပ်သည့် မျက်နှာဖြင့် ကြည့်သည်။

"မင်းအပေါ်မှာ ငါ အတော်လေး စိတ်ပျက်မိတယ်"

"သ….သခင်လေး ဘယ်မှာ ရှိနေတာလဲ"

"လျှို့ဝှက်ချက်ပေါ့ ဒီလအတွက် ဘောနပ်စ် ရဖို့ မမျှော်လင့်နဲ့တော့"

"သခင်လေး သစ္စာရှိတဲ့ အစေခံကို ဒီလိုမျိုး စွန့်ပစ်လိုက်တော့မှာလား"

"ငွေဒင်္ဂါး တစ်ပြားတည်းအတွက်နဲ့ ငါ့ကို ရောင်းစားလိုက်တာလေ"

"တစ်ပြားတည်းတဲ့ ငွေဒင်္ဂါး တစ်ပြားက ဘယ်လောက်တန်သလဲဆိုတာ သခင်လေး သိလား။ ကောင်းကင်ကနေ ငွေတွေလို ကြွေကျလာတဲ့ သခင်လေးက ဘယ်သိမလဲ"

စီးယုသည် လက်ကိုင်ပုဝါဖြင့် မျက်ရည်ကို သုတ်ဟန်ဆောင်ကာ အပြစ်မဲ့သလို သရုပ်ဆောင်နေသော်လည်း ဂျင်ဆိုဟွန်းမှာ လုံးဝ ဂရုမစိုက်ပေ။

ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း သူမ၏ ကောက်ကျစ်သော သဘာဝကို အကြိမ်ကြိမ် မြင်ဖူးထားပြီးသား ဖြစ်သည်။

တောင်ပေါ်မှာ ငါ့ကို ပစ်ထားခဲ့တာ မလုံလောက်သေးလို့ အခု ငွေဒင်္ဂါး တစ်ပြားတည်းနဲ့ ကိုယ့်သခင်လေးကို ရောင်းစားတယ်ပေါ့လေ ဟွန်း။

ဂျင်ဆိုဟွန်းက လွယ်လွယ်နှင့် မလျှော့ပေးသဖြင့် စီးယုမှာ မကြာမီ ဂျင်ဆိုဟွန်း၏ ခြေထောက်ကို ဖက်တွယ်လိုက်သည်။

"ဦးလေးမူ သခင်လေး ဒီမှာ"

စီးယု၏ အော်သံကြောင့် အပြင်တွင် ဂျင်ဆိုဟွန်းကို လိုက်ရှာနေသော မူယုံဟူမှာ အမြန် ပြေးဝင်လာသည်။

"သခင်လေးဂျင်"

"ဒီမှာ ကျွန်မ ဖမ်းထားတယ်"

"ဘာကို... ဖမ်းထားတာလဲ"

"ဟုတ်ကဲ့ အဲ... သခင်လေးရဲ့ ခြေထောက်ကို..."

မိမိလက်ထဲတွင် ကိုင်ထားမိသည်မှာ ဂျင်ဆိုဟွန်း၏ အဝတ်စသာ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ စီးယုမှာ တုန်လှုပ်သွားသည်။

"အို ဘာလို့ ဒီလိုဖြစ်..."

"မင်း ငါ့ကို နောက်တစ်ခါ ထပ်ပြီး လူမိုက်လုပ်နေပြန်ပြီလား"

"မ…မဟုတ်ဘူး ကျွန်မ ဒီသွယ်လျတဲ့ လက်နှစ်ဖက်နဲ့ သခင်လေးရဲ့ ခြေထောက်ကို တကယ် ဖမ်းထားတာပါ"

"မင်းရဲ့ လိမ်ညာမှုတွေနဲ့ ပတ်သက်ရင် ငါ အခုဆို ပျင်းလှပြီ။ မင်းရဲ့ မကောင်းမှုတွေကို သခင်မကြီးဆီပါ တိုင်ကြားမယ်"

"မလုပ်ပါနဲ့"

အောက်မှ စီးယု၏ အော်ဟစ်သံကို နားထောင်ရင်း ဂျင်ဆိုဟွန်းမှာ အမိုးပေါ်တွင် လှဲလျောင်းကာ နေ့ခင်းဘက်၏ နွေးထွေးသော နေရောင်ခြည်ကို အေးဆေးစွာ ခံယူနေသည်။

"ဒီလိုနေရတာ ကောင်းလိုက်တာ"

ဗီယွန်းဂဲထံမှ သင်ယူခဲ့သော ပုန်းကွယ်ခြင်းနှင့် တိတ်တဆိတ် လှုပ်ရှားခြင်း သိုင်းပညာများဖြင့် မူယုံဟူကို အလွယ်တကူ ရှောင်လွှဲနိုင်ခဲ့သည့် ဂျင်ဆိုဟွန်းမှာ ဆရာသမားများ၏ သင်ကြားမှုကို အလွန်ပင် သဘောကျနေသည်။

အလကားရတဲ့ ပညာဆိုတာ မရှိဘူးလို့ ပြောကြတာ... ရှေးစကားတွေက ဘယ်တော့မှ မမှားဘူး။

ဗဟိုမြေပြင်၏ နာမည်ကြီး ဆရာကြီးများထံမှ သင်ယူခဲ့သော သိုင်းပညာများကို ဂျင်ဆိုဟွန်းမှာ ပျင်းရိရန်အတွက်သာ အသုံးပြုကာ သူ၏ ပျင်းရိသော ဘဝကို အပြည့်အဝ ခံစားနေသည်။ ပျင်းရိသော သူတောင်းစားတစ်ယောက်၏ ဘဝမှာ လေးမြားမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းအလား လျင်မြန်စွာ ကုန်ဆုံးသွားသည်။

အလင်းရောင် တစ်စက်မျှပင် မဝင်ရောက်နိုင်သော မှောင်မိုက်သည့် အခန်းတစ်ခန်း၌ ဧရာမ ရှစ်ထောင့်ပုံသဏ္ဌာန် အာကာသထဲတွင် လူငယ်တစ်ယောက်မှာ ဓားတစ်လက်ဖြင့် မတ်တတ်ရပ်နေသည်။

လေတောင် ဝင်မရနိုင်သော ထိုနေရာတွင် သူသည် ဘာမျှမမြင်ရသည့် လွတ်နေသော နေရာကို စိုက်ကြည့်နေကာ အသံဟူ၍ ဘာဆိုဘာမှ မရှိပေ။

သို့သော် ထိုလူငယ်မှာ လျင်မြန်စွာ လှုပ်ရှားပြီး ဓားကို ဝှေ့ယမ်းလိုက်သည်။

ချွမ်း…

ဓားသွားများ တိုက်မိသံနှင့်အတူ မီးပွားများ ထွက်ပေါ်လာပြီး လူငယ်၏ ပတ်ဝန်းကျင်ကို ခဏတာ လင်းလက်သွားစေသည်။

အသက်ရှူချိန်မျှပင် မကြာသော ခဏတာအတွင်း လူငယ်၏ ပတ်ပတ်လည်တွင် ဓားသမားတစ်ဆယ်ယောက် ပေါ်လာသည်။ ခေါင်းမှ ခြေဖျားအထိ တင်းကျပ်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် ထိုဓားသမားများမှာ ရှစ်ဖက်ရှစ်နေရာမှ လူငယ်ကို ထိုးစိုက်လိုက်သည်။

"ဟူး"

အသက်ကို တစ်ချက်ထုတ်လိုက်ပြီးနောက် လူငယ်မှာ ရှောင်လွှဲနိုင်သမျှ ရှောင်လွှဲကာ ကာကွယ်နိုင်သမျှ ကာကွယ်လိုက်သည်။

အနက်ရောင် ဝတ်စုံဝတ်ထားသူများက အရေအတွက် ပိုများသော်လည်း လူငယ်ကမူ ပို၍ လျင်မြန်သည်။ ထူထပ်စွာ ထိုးစိုက်လာသော ဓားချက်များသည် လူငယ်ကို သတ်ရန် ကြိုးပမ်းနေသည်။ သို့သော် သူတို့အထဲမှ ဓားတစ်လက်မျှပင် လူငယ်ကို မထိခိုက်နိုင်ခဲ့ပေ။

ဓားငါးလက်ကို တစ်ပြိုင်နက်တည်း ထိုးစိုက်လိုက်သော ထိုလူ၏ဓားက အနက်ရောင်ဝတ်စုံနှင့် လူတို့၏ လည်ပင်းများကို တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်သည်။

ငါးယောက် သေဆုံးသွားကာ သူတို့၏ အပေါင်းအပါများ ချက်ချင်းဆိုသလို အသက်ဆုံးရှုံးသွားသော်လည်း အနက်ရောင်ဝတ်စုံနှင့် လူတို့၏ ဓားချက်များတွင် မည်သို့မျှ တုံ့ဆိုင်းမှု မရှိပေ။

ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် သေဆုံးသွားသော အပေါင်းအပါများ၏ အလောင်းများကို ဒိုင်းအဖြစ် အသုံးပြုကာ ထိုလူကို အတင်းအကျပ် တွန်းတိုက်လာသည်။

ထိုမြင်ကွင်းမှာ လူသားတံတိုင်းကြီးတစ်ခု ချဉ်းကပ်လာသည့်အလားပင်။

ထိုလူသည် ချဉ်းကပ်လာသော လူသားတံတိုင်းဆီသို့ ခုန်တက်လိုက်ပြီး သေဆုံးသွားသူများဖြင့် ပြုလုပ်ထားသော တံတိုင်းပေါ်တွင် ဘယ်လက်ကို ထောက်ကာ ကိုယ်ခန္ဓာကို လည်ပတ်လိုက်

သည်။

တစ်ပြိုင်နက်တည်းတွင် ဓားတစ်လက် တောက်ပသွားပြီး လူနှစ်ယောက်၏ လည်ပင်းများမှာ လွင့်စင်သွားသည်။ ခဏတာအတွင်းမှာပင် ဓားသမားတစ်ဆယ်ယောက်မှာ သုံးယောက်အထိ လျော့နည်းသွားသည်။

"ဟူး"

ဒုတိယအကြိမ် အသက်ရှူပြီးနောက် ထိုလူက အရင်ဆုံး လှုပ်ရှားလိုက်ကာ ဓားတစ်လက်သည် လျင်မြန်စွာ ထိုးဝင်လာပြီး ကျန်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်ကို အစီအရီ လှီးဖြတ်လိုက်သည်။

တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆက်တိုးလာသော ဓားချက် ရပ်တန့်သွားသည့်အခိုက် ရှစ်ထောင့်ပုံသဏ္ဌာန် အခန်းကျဉ်းထဲတွင် ထိုလူမှလွဲ၍ အသက်ရှင်သူ မကျန်တော့ပေ။

ဖူး….

ငြိမ်းသတ်ထားသော မီးခွက်ထဲတွင် မီးလင်းလာပြီး အလင်းရောင် တစ်စက်မျှ မရှိသော နေရာမှာ တောက်ပလာသည်။

"ဟူး... တော်တော်လေး သတ်လိုက်ရတာပဲ"

"သူတို့အားလုံးက ငွေအမှတ်တံဆိပ်ဂိုဏ်းက လုပ်ကြံသတ်ဖြတ်သူတွေပါ။ အနည်းဆုံး ပထမတန်းစားတွေပဲ"

မီးလင်းလာသည်နှင့် ထိုလူနှင့် အသက်အရွယ်တူ အမျိုးသား၊ အမျိုးသမီး ငါးယောက် ပေါ်လာသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုးတိုးလေး ပြောဆိုရင်း ထိုလူဆီ ချဉ်းကပ်လာကြသည်။

သူတို့ထဲမှ အကြည့်အလွန်ထက်မြက်သည့် လူငယ်တစ်ယောက်သည် ထိုလူ၏ရှေ့တွင် အဆိပ်ပြင်းသော မျက်လုံးများဖြင့် ရပ်လိုက်သည်။

"ဒါ တစ်ဆယ့်ရှစ်ကြိမ်မြောက် ဖြစ်နေပြီ မဟုတ်လား။ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့က သိုင်းသမား ဘယ်နှစ်ယောက် မင်းလက်ချက်နဲ့ သေသွားပြီလဲ ဆိုတာ မင်း သိလား"

"တော်လိုက်ကြတော့ ဂူဆော့ဂျောင်။ မင်းလည်း သိတာပဲ မဟုတ်လား ကျွန်တော်တို့ထဲမှာ မာဆောင်းအွန်းကလွဲရင်..."

"ပိတ်လိုက်စမ်း ဒီကောင်စုတ်က မဟာမိတ်အဖွဲ့ခေါင်းဆောင်ရဲ့ အကြိုက်ကို ဘယ်လိုများ ရယူနိုင်ခဲ့တာလဲ မသိဘူး။ ဒါပေမဲ့ ဒီနေ့တော့ ငါ့ရဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ"

ဂူဆော့ဂျောင်က ခါးတွင်ချိတ်ထားသော ဓားမြှောင်ပေါ် လက်တင်လိုက်သည့်အခါ မာဆောင်းအွန်းဟု ခေါ်ဆိုသော ထိုလူက တိုးတိုးလေး ပြောလိုက်သည်။

"မဆွဲထုတ်လိုက်နဲ့"

"ဘာ ဒီကောင်စုတ်က ဘယ်သူများ မှတ်နေတာလဲ။ ငါ့ကို အမိန့်ပေးနေရအောင်"

ဂူဆော့ဂျောင် သည်းမခံနိုင်တော့ဘဲ ဓားမြှောင်ကို တစ်ဝက်တစ်ပျက် ဆွဲထုတ်လိုက်သည့်အချိန်ဖြစ်သည်။

ချွမ်း…

ထိုအချိန်တွင် မာဆောင်းအွန်း၏ ဓားချက်ကလည်း လေထုကို ထက်ပိုင်းဖြတ်သွားသည်။

ဘုန်း…ဘုန်း….

ဂူဆော့ဂျောင်၏ ပြုတ်ကျလာသော ခေါင်းမှာ ကြမ်းပြင်ပေါ် လူးလိမ့်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ လည်ပင်းပြတ်သွားမှန်း မသိသည့်အလား ခဏတာ မတ်တတ်ရပ်နေကာ တဖြည်းဖြည်း လဲကျသွားသည်။

သူတို့၏ အပေါင်းအပါ သေဆုံးသည်ကို မျက်စိရှေ့တွင် မြင်လိုက်ရသော အမျိုးသား၊ အမျိုးသမီး လေးယောက်မှာ မာဆောင်းအွန်းကို တင်းမာသော မျက်နှာပေးဖြင့် စိုက်ကြည့်နေကြသည်။

"မ…မင်း ဘာလုပ်လိုက်တာလဲ မာဆောင်းအွန်း။ မင်းတောင်မှ မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုယ်တိုင် ရွေးချယ်ထားတဲ့ ငါတို့ကို ဒီလောက်လွယ်လွယ် သတ်ပိုင်ခွင့် မရှိဘူးဆိုတာ မင်း မသိဘူးလား"

"ပျိုအွန်း"

"..."

အေးစက်သော ကြောက်ရွံ့မှုက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသောအခါ ပျိုအွန်းမှာ ဘာမျှ မလုပ်နိုင်တော့ပေ။ မာဆောင်းအွန်းသည် လက်ချောင်းလေးတစ်ချောင်းမျှ မလှုပ်နိုင်အောင် တောင့်တင်းနေသော ပျိုအွန်းဆီ ချဉ်းကပ်သွားသည်။

"ငါ မင်းတို့ကို မသတ်တဲ့ အကြောင်းရင်းက... သတ်ဖို့ အကြောင်းပြချက် မရှိလို့ပဲ။ ဒါကြောင့်..."

မာဆောင်းအွန်း၏ မျက်ဝန်းထဲတွင် ဘာမျှ မရှိတော့ပေ။

"ငါ့ကို အကြောင်းပြချက် မပေးပါနဲ့"

"ကျ….ကျွန်တော် နားလည်ပါတယ်..."

ပျိုအွန်း ခေါင်းငုံ့လိုက်သည့်အခါ မာဆောင်းအွန်းက သူတို့ကို ကျော်ဖြတ်ကာ ရှစ်ထောင့်ထောင်ချောက်ခန်းမှ ထွက်သွားခဲ့သည်။ ညရောက်သကဲ့သို့ မှောင်မိုက်နေသော လမ်းကြောင်းအတိုင်း လျှောက်လာသည့် မာဆောင်းအွန်းမှာ ရပ်တန့်လိုက်ပြီး တစ်စုံတစ်ယောက်ကို ခေါင်းငုံ့၍ အရိုအသေပေးလိုက်သည်။

"မင်း ငွေအမှတ်တံဆိပ်ဂိုဏ်းက လုပ်ကြံသူတွေကို ထပ်သတ်ပြန်ပြီပေါ့။ မင်းရဲ့ မိုက်ရူးရဲဆန်တဲ့ လေ့ကျင့်မှုပုံစံကြောင့် တိုင်ကြားစာတွေ တက်နေတာ အခုထိပဲ"

မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့၏ တပ်မှူးကြီး မူယူက မာဆောင်းအွန်းကို လက်ပိုက်လျက် အပေါ်အောက် ငေးကြည့်လိုက်သည်။

"အဲ့ဒါက အရေးမကြီးပါဘူး"

"မင်းအတွက်တော့ အရေးမကြီးချင်နေမယ်။ ငါ့အတွက်ကတော့ အရေးကြီးတယ်။ သိုင်းသမားတွေက ဘာလို့ အဖွဲ့အစည်းနဲ့ နေကြလဲ မင်း သိလား။ အုပ်စုတစ်ခုကို အနိုင်ယူနိုင်တဲ့ တစ်ဦးချင်းစီဆိုတာ မရှိလို့ပဲ"

မူယူ၏ စကားမှာ မမှားပေ။ သို့သော် မာဆောင်းအွန်း သိသည်။

အုပ်စုတစ်ခုကို အနိုင်ယူနိုင်တဲ့ တစ်ဦးချင်းဆိုတာ ရှိတယ်။

တင်းမာနေသော စစ်ပွဲ၏ အခြေအနေမှာ လူတစ်ယောက်၏ စွမ်းဆောင်ချက်ကြောင့် ပြောင်းလဲသွားခဲ့ဖူးသည်။ သူသည် သိုင်းလောကတွင် နာမည်ကြီးသော သိုင်းသမား မဟုတ်ပေ။

တစ်နေ့တွင် ကောင်းကင်မှ ကြယ်တံခွန်တစ်ခုအလား ရုတ်တရက် ပေါ်လာပြီး စစ်ပွဲအလယ်၌ တစ်ကိုယ်တော် သိုင်းစွမ်းအားဖြင့် စစ်ပွဲ၏ ဦးတည်ချက်ကို ပြောင်းလဲပစ်လိုက်သော လူတစ်ယောက်ပင်။

ထိုသူသည် အုပ်စု၏ စွမ်းအားကို လူတစ်ယောက်၏ စွမ်းအားဖြင့် ချိုးဖျက်ခဲ့သည်။

ငါ မင်းကို သတ်လိုက်ရင် ဒီစစ်ပွဲက ပြီးသွားမှာပဲ မဟုတ်လား။ ဒါဆိုရင်တော့ တောင်းပန်ပါတယ် မင်း သေပေးရလိမ့်မယ်။

ယားနာရောဂါတစ်ခုကို ပုတ်ချလိုက်သကဲ့သို့ ထိုလူသည် မာဆောင်းအွန်း ပိုင်ဆိုင်သမျှကို နင်းချေဖျက်ဆီးခဲ့ပြီး နောက်ဆုံးတွင် အသက်ကိုပါ နုတ်ယူသွားခဲ့သည်။

ကမ္ဘာလောကကြီး တစ်ခုလုံးကို ရင်ဆိုင်နိုင်တဲ့ အကြွင်းမဲ့ စွမ်းအားပိုင်ရှင်ဆိုတာ ဒီလောကမှာ တကယ် ရှိနေတယ်။

မေ့ဖျောက်ရန် ကြိုးစားသော်လည်း ဘယ်သောအခါမျှ မေ့မရသော အတိတ်က မှတ်ဉာဏ်သည် ကြာမြင့်စွာကတည်းက စိုက်ဝင်နေသည့် ဓားတစ်လက်အလား မာဆောင်းအွန်းကို ထိုးစိုက်ပြီး ညှဉ်းပန်းနေသည်။

သို့သော် ဆန့်ကျင်ဘက်အနေနှင့် ထိုနာကျင်မှုထဲတွင် မာဆောင်းအွန်း၏ အသိစိတ်မှာ ပို၍ ထက်မြက်လာနိုင်သည်။

"တပ်မှူးကြီးမူ"

မာဆောင်းအွန်း၏ ခေါ်သံကြောင့် မူယူ ခေါင်းမော့လိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

အခုတော့ ထိုအကြွင်းမဲ့ အစွမ်းရှင်ကို သူ ကိုယ်တိုင် ဝါးမြိုပြီး ထိုနေရာသို့ တက်လှမ်းရမည့်

အချိန် ရောက်လာခဲ့သည်။

"ဓားဆယ်လက်ကို အသုံးပြုတဲ့ သိုင်းပညာအကြောင်း ခင်ဗျား သိလား"

All Chapters