← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း။ ၂၉

ကမ္ဘာလောကကြီးက ဘာလို့များ ငါ့ကို အေးအေးဆေးဆေး မနေခိုင်းရတာလဲ။

အစက နမ်ဂန်းမူယော့က အမိန့်ပေးချင်နေပြီး အခုတော့ သူ့သမီး နမ်ဂန်းဆွန်းလုက လူခြေတိတ်တဲ့ လေ့ကျင့်ရေးကွင်းကို ခေါ်ထုတ်လာပြန်ပြီ။

"မိသားစုခေါင်းဆောင်နဲ့ ရှင် ဘာတွေ သီးသန့် ပြောခဲ့တာလဲ"

ဂျင်ဆိုဟွန်းမှာ ပါးစပ်ပင်ယားလာသည်။

ငါခံစားနေရတဲ့ မတရားမှုတွေကို ပြောပြချင်လိုက်တာ။

သာမန်အရောင်းအဝယ်သာ မဟုတ်ရင်...

ဒါကိုသာ ကျော်ဖြတ်နိုင်ရင်... ငါ အရင်ကလို စည်းစိမ်ခံပြီး အေးအေးဆေးဆေး ပျင်းရိနေတဲ့ ဘဝကို ပြန်ရနိုင်လိမ့်မယ်။ အမှန်တကယ် ပြည့်ဝတဲ့ လွတ်လပ်မှုပေါ့...

ဒါကြောင့်လည်း ဂျင်ဆိုဟွန်းက နမ်ဂန်းမူယော့နဲ့ ချုပ်ဆိုထားတဲ့ အရောင်းအဝယ်ကို သစ္စာရှိရှိ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာ ဖြစ်တယ်။ အဲဒီအရောင်းအဝယ်ရဲ့ ပထမဆုံး စည်းကမ်းချက်ကတော့... ပါးစပ်ကို လုံအောင် ပိတ်ထားဖို့ပဲ။

"သိပ်ပြီးတော့လည်း ဘာမှ မပြောဖြစ်ပါဘူးဗျာ..."

ဂျင်ဆိုဟွန်းက ဘာမှမသိသလို ပေါ့ပေါ့ပါးပါး လေသံနှင့်ငြင်းလိုက်ပေမဲ့ တစ်ဖက်လူကတော့ မျက်မှောင်ကုတ်ပြီး ပြန်ပြောလာသည်။

"ကျွန်မတော့ မထင်ဘူး။ မိသားစုခေါင်းဆောင်က အဓိပ္ပာယ်မရှိတဲ့ အရာတွေကို လျှောက်လုပ်တတ်တဲ့သူမျိုး မဟုတ်ဘူး"

နမ်ဂန်းမူယော့၏ အရိပ်အောက်တွင် နှစ်ကာလရှည်ကြာ အတူနေထိုင်ခဲ့သည့် နမ်ဂန်းဆွန်းလုသည် သူ၏ စရိုက်ကို အသေအချာ ခတ်မိထားပြီးသားပင်။

၎င်းမှာ နမ်ဂန်းမူယော့ဟူသည် အနှစ်သာရမရှိသော စကားများနှင့် အကျိုးမဲ့သော လုပ်ရပ်များအတွက် စိုးစဉ်းမျှ အချိန်ဖြုန်းမည့်သူ မဟုတ်ဘူးဆိုသည့် အချက်ပင်။

ဒါကြောင့် ဂျင်ဆိုဟွန်းနဲ့ တွေ့ဆုံမှုက နမ်ဂန်းမူယော့အတွက် တော်တော်လေး အရေးကြီးတဲ့ ကိစ္စ ဖြစ်ရမယ်။

သူမသည် ကုန်သွယ်ရေးနှင့်ပတ်သက်သော စီးပွားရေးအခွင့်အလမ်းသစ်များအကြောင်း ဆွေးနွေးဖြစ်လိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားခြင်းပင်။

ဒါပေမဲ့ အဲဒီလို ကိစ္စမျိုး ပြောဖို့ဆိုရင် ဂျင်ဆိုဟွန်းမဟုတ်ဘဲ ဂျင်ဂါဟွန်းကို ရွေးချယ်သင့်တာပါ။

အဖေက ဘာလို့များ... ဒီလို လူမျိုးနဲ့...

ပျင်းရိပြီး အပျင်းတစ်နေတဲ့ လူက ငါ အမုန်းဆုံး လူစားမျိုးပဲ။

စိတ်ထဲက တက်လာသည့် ရွံရှာမှုကို ဖိနှိပ်ထားပြီး နမ်ဂန်းဆွန်းလုက ပြောလိုက်သည်။

"ကျွန်မ ခုနက ပြောသလိုပဲ။ သခင်လေးဂျင်ကို ဒီနေရာကို ခေါ်လာတာ ပျော်စရာစကားတွေ ပြောဖို့ မဟုတ်ဘူး"

ဝှစ်….

နမ်ဂန်းဆွန်းလုက သူမ၏အတွင်းအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်လေထုတစ်ခုလုံး ရုတ်ချည်းဆိုသလို လေးလံလာခဲ့သည်။

ဂျင်ဆိုဟွန်းသည် ပုခုံးနှစ်ဖက်ထက်သို့ ဖိစီးလာသော အရှိန်အဝါကြောင့် ပုခုံးကို အသာအယာ လှုပ်ရှားလိုက်စဉ်မှာပင် နမ်ဂန်းဆွန်းလုသည် သူ၏မျက်မှောက်တည့်တည့်သို့ လေပြေတစ်ခုအလား ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

နောက်တစ်ခဏ၌မူ နမ်ဂန်းဆွန်းလု၏ လက်ချောင်းထိပ်သည် ဂျင်ဆိုဟွန်း၏ လည်ချောင်းဝအကွာအဝေး၌ ဝုန်းကနဲ ရပ်တန့်သွားသည်။

လျှပ်စီးကြောင်းတစ်ခုအလား အလွန်တရာ မြန်ဆန်လှသော သိုင်းကွက်တစ်ခုပင်။

တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘူး...

နမ်ဂန်းဆွန်းလုကမူ ဂျင်ဆိုဟွန်းတစ်ယောက် သူမ၏အရှိန်အဝါကို မမီလိုက်သဖြင့် ခုခံရန် အချိန်မရလိုက်ခြင်းဟုသာ သွေးနားထင်ရောက်လျက် ထင်မှတ်နေခဲ့သည်။

သူမက မျက်နှာကို ခပ်တည်တည်ထားကာ အေးစက်စွာ ဆိုလိုက်၏။

“ရှင် သိုင်းပညာ သင်ထားတယ်လို့ ကြားတယ်။ ဒါပေမဲ့ ဒီအဆင့်နဲ့ဆိုရင်တော့ ကျွန်မတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံပဲ ရှိလိမ့်မယ်။ မိသားစုခေါင်းဆောင်က ရှင့်ဆီက ဘာတွေ တောင်းဆိုခဲ့လဲ မသိပေမဲ့... ရှင် ဒီအတိုင်း အသံမထွက်ဘဲ ငြိမ်ငြိမ်လေး နေနေပါ။ ခွေးလို သေချင်တာ မဟုတ်ရင်ပေါ့”

တစ်ဖက်သတ် ကြိမ်းမောင်းပြောဆိုပြီးနောက် နမ်ဂန်းဆွန်းလုသည် ဝတ်ရုံစကို ခါလျက် လှည့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

“ဟူး...”

ဂျင်ဆိုဟွန်းသည် အောင့်ထားသော အသက်ကို ဖြည်းညှင်းစွာ ပြန်ရှူထုတ်လိုက်ရင်း ခေါင်းနောက်ပိုင်းကို ကုတ်လိုက်မိ၏။

“ထူးဆန်းတဲ့ မိန်းမပဲ...”

နမ်ဂန်းဆွန်းလု၏ လှုပ်ရှားမှုက လျင်မြန်သည်မှာ မှန်သော်လည်း သူ တုံ့ပြန်၍ မရနိုင်လောက်သည့်အထိတော့ မဟုတ်ချေ။ တကယ်တော့ တန်ပြန်တိုက်ခိုက်ရန်ပင် အချိန်အလုံအလောက် ရှိသေးသည်။

သို့သော် နမ်ဂန်းဆွန်းလု၏ နည်းစနစ်အတွင်း၌ တစ်ဖက်လူကို အသက်ယူလိုသည့် သတ်ဖြတ်လိုသော စိတ်ဆန္ဒစိုးစဉ်းမျှ ပါဝင်မနေခဲ့ချေ။

သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိသည့် တိုက်ခိုက်မှုမျိုးကို ရှောင်တိမ်းရန် သို့မဟုတ် ကာကွယ်ရန် မလိုအပ်သဖြင့် ဂျင်ဆိုဟွန်းက ငြိမ်သက်စွာဖြင့် မလှုပ်ရှားခဲ့ခြင်းသာ ဖြစ်သည်။

“ဒီအတိုင်း နေရတာ ပိုကောင်းတာပေါ့”

ဘာမှမလုပ်ဘဲ နေနေရန် ပြောခြင်းမှာ ဂျင်ဆိုဟွန်းအတွက်မူ အကောင်းဆုံးသော အဆိုပြုချက်တစ်ခုပင်။

“အသက်အန္တရာယ် ခြိမ်းခြောက်ခံရလို့ ဘာမှမလုပ်ရတာလို့ ဆင်ခြေပေးလိုက်ရင်လည်း အဲဒီလူကြီးက ဘာမှ ပြန်ပြောနိုင်တော့မှာ မဟုတ်ဘူး”

တစ်ချိန်ချိန်တွင်မူ နမ်ဂန်းမိသားစုခေါင်းဆောင်နှင့် ရွှေနဂါး နတ်ဘုရားဓားပိုင်ရှင် နမ်ဂန်းမူယော့သည် ဂျင်ဆိုဟွန်းအတွက် ရင်းနှီးသော လူကြီးတစ်ယောက် ဖြစ်လာတော့မည်ပင်။

“သခင်လေး... ဘာမှ မဖြစ်ဘူးမလားခင်ဗျာ”

“အင်း... ဘာလို့လဲ”

“နမ်ဂန်းသခင်မလေး ခေါ်သွားကတည်းက ကောလာဟလတွေက အမျိုးမျိုး ထွက်နေတာမို့ ဒီသစ္စာရှိ စီးယုမှာ သခင်လေး ပြန်ရောက်လာမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာပါ”

ဂျင်ဆိုဟွန်းက စီးယု၏ ပါးစပ်နားတွင် ပေကျံနေသော မုန့်အမှုန့်များကို ခပ်ဖွဖွလေး ခါပေးလိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။

“တကယ်လား... ဒါပေမဲ့ မုန့်တွေကိုတော့ မစားဘဲ မနေနိုင်ခဲ့ပုံပဲနော်”

“ဟဲဟဲ... ဂုဏ်သရေရှိ မိသားစုဆိုတော့ မုန့်တွေကလည်း အရသာရှိလွန်းလို့ပါ...”

ရှက်ရွံ့သွားသော စီးယုက ပါးစပ်နားမှ မုန့်အမှုန့်များကို ကပျာကယာ သုတ်လိုက်ရှာသည်။

“ဒါနဲ့ သခင်မလေးကတော့ အတော်လေး အလုပ်ရှုပ်နေပုံပဲ”

ဂျင်ဆိုဟွန်းကို နမ်ဂန်းဆွန်းလု ခေါ်ဆောင်သွားစဉ်မှာပင် ဂျင်ဂါဟွန်းသည် မိသားစုကြီးငါးခုမှ မျိုးဆက်သစ်လူငယ်များ၏ ဝိုင်းရံခြင်းကို ခံထားရပြီး စကားလက်ဆုံ ကျနေခဲ့သည်။

ဇူဂယ်မင်က ကြားထဲမှ ပေါင်းကူးပေးလိုက်ပုံရ၏။ ယဉ်ကျေးသိမ်မွေ့ပြီး လှပလွန်းလှသော ဂျင်ဂါဟွန်းကို ဂုဏ်သရေရှိမိသားစုမှ လူငယ်များက ချက်ချင်းဆိုသလို စိတ်ဝင်စားသွားကြသည်။

“တကယ်လားဟင်...”

ဂျင်ဂါဟွန်းက စကားကို ခပ်ဆိတ်ဆိတ်သာ ပြောပြီး သူတို့ပြောသမျှ စကားများကိုမူ ဂရုတစိုက် နားထောင်ပေးနေသည်။

“အဲဒါကြောင့် ပန်မိသားစုကို ဟီဘေရဲ့ ကျားလို့ ခေါ်တာကိုး...”

နူးညံ့စွာ ပြုံးလျက် မျက်န်းအစုံ တောက်ပနေသော ဂျင်ဂါဟွန်းကို ကြည့်ကာ ပန်ဆိုဖုန်းက သူ၏ တောင့်တင်းလှသော ကြွက်သားများကို ပိုမိုဖောင်းကားအောင် ထုတ်ပြလိုက်၏။

“ဟားဟား... ဟုတ်တာပေါ့။ အဲဒီတုန်းက ရခဲ့တဲ့ ဒဏ်ရာက ဒီနေရာမှာလေ”

ပန်ဆိုဖုန်းက လက်မောင်းကို လှန်ပြလိုက်သည့်အခါ မူရုံဆူဆူက နောက်တစ်ခါ ထပ်ပြီး ကြွားပြန်ပြီဆိုသည့် အကြည့်မျိုးဖြင့် ခေါင်းကို အသာအယာ ခါလိုက်ပြီး နမ်ဂန်းဆောင်းကမူ အားရပါးရ ဟားတိုက်ရယ်မောလိုက်သည်။

“ဓားပြအယောက်သုံးဆယ် လာတိုက်တာကို ဒီပန်ရဲ့ ဓားက တစ်ခါမှ မကျိုးခဲ့ဘူးဗျာ”

“အံ့ဩဖို့ ကောင်းလိုက်တာရှင်”

“ဟားဟား...”

“သခင်မလေးဂျင်ရေ... ဒီကြွက်သားဦးနှောက်နဲ့ လူမိုက်စကားတွေကို နားမထောင်ပါနဲ့တော့။ ဒီအတိုင်းသာ ဆက်နားထောင်နေရင် ကျွန်မတော့ ရူးတော့မှာပဲ”

ဘေးမှ နားထောင်နေရသည်ကို ငြီးငွေ့လာသော မူရုံဆူဆူက ဂျင်ဂါဟွန်း၏ လက်ကို ဆွဲကာ လူအုပ်ကြားမှ ခေါ်ထုတ်သွားလိုက်တော့သည်။

ထိုအချိန်တွင် ဇူဂယ်မင်က လူအုပ်ထဲမှ ပြန်လည်ရောက်ရှိလာပြီး ဂျင်ဆိုဟွန်း၏ ဘေးနားတွင် ဝင်ထိုင်လိုက်၏။

“နမ်ဂန်းသခင်မလေးနဲ့ ဘာတွေ ပြောဖြစ်ခဲ့လဲဗျ”

“ဘာမှ အများကြီး မဟုတ်ပါဘူး”

“အင်းပါ... ကျွန်တော် နားလည်ပါတယ်”

ဇူဂယ်မင်က ပဟေဠိဆန်စွာ ပြုံးလျက် ထပ်မံ၍ စူးစမ်းခြင်း မပြုတော့ပေ။

ဂျင်ဂါဟွန်း ပြောဖူးသကဲ့သို့ပင် ကမ္ဘာပေါ်တွင် ရရှိရန် အခက်ခဲဆုံးဖြစ်သော လူတစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်လိုလျှင် တစ်ခါတရံ၌ မိမိ၏ လောဘတကြီး စူးစမ်းချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရခြင်းပင်။

"သခင်လေးဂျင်က အရက် သောက်တတ်လား"

"မသောက်ဘူး။ အရက်က အရသာ မရှိဘူး..."

"ကျွန်တော်နဲ့ တူတာပဲ။ အရက်က လူရဲ့ ဆုံးဖြတ်ချက်ကို ဝေဝါးစေပြီး ခံစားချက်တွေကို ပိုဆိုးသွားစေတယ်။ နောက်ပြီး မှတ်ဉာဏ်ကိုလည်း ထိခိုက်စေတယ်လို့ ကြားဖူးတယ်"

သုနှင့် ထပ်တူကျသော စရိုက်လက္ခဏာတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ဇူဂယ်မင်၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုလှိုင်းများ ဖြတ်သန်းသွားခဲ့သည်။ ဤမျှဆိုလျှင် သူသည် ဂျင်ဆိုဟွန်းနှင့် တစ်ဆင့်ပို၍ ရင်းနှီးကျွမ်းဝင်သွားပြီဟု ကိုယ့်ကိုကိုယ် ခံစားလိုက်ရခြင်းပင်။

သို့သော် ဂျင်ဆိုဟွန်း၏ အတွေးကမူ မိုးနှင့်မြေအလား ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ဇူဂယ်မိသားစုက လူတွေကတော့ စကားအရမ်းများတာပဲ... ဒီကောင်နဲ့ အဝေးဆုံးမှာ နေတာကမှ စိတ်အေးရမယ်။

သူ့အတွက်မူ ဇူဂယ်မင်ဟူသည် စကားအလွန်များပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် လူတစ်ယောက်မျှသာ ဖြစ်ပေတော့သည်။

တစ်ချိန်တည်းမှာပင် အမှောင်ထုလွှမ်းမိုးထားသော အခြားတစ်နေရာ၌။

“ဒီတစ်ခါ အဖူးအညွန့် ခြေမှုန်းရေးစစ်ဆင်ရေးကို မင်းကိုပဲ လုံးဝတာဝန်လွှဲပေးလိုက်မယ်”

ဂိုဏ်းချုပ် မူယုံ၏ လေးနက်လှသော စကားကြောင့် မာဆောင်ဝန်သည် မည်သည့်ခံစားချက်မျှ အရိပ်အယောင်မပြသော အမူအရာမဲ့ မျက်နှာသေဖြင့် စိုက်ကြည့်လိုက်မိ၏။

ဒီကောင် ဘာတွေ ကြံစည်တွေးတောနေလဲဆိုတာ ငါ လုံးဝ အကဲခတ်လို့မရဘူး...

ငယ်စဉ်ကလေးဘဝကတည်းက အနားမှာ အမြဲရှိနေခဲ့သည့် မာဆောင်ဝန်ကို မူယုံသည် ယနေ့တိုင်အောင် အနက်အဓိပ္ပာယ် ဖော်ရခက်နေဆဲပင်။ မာဆောင်ဝန်ဟူသည် လောကီရေးရာ အရာအားလုံးထက် ကျော်လွန်နေသော အေးစက်သည့် သဘောထားရှိပြီး၊ သိုင်းပညာထူးချွန်ရေးတစ်ခုတည်းအပေါ်၌သာ အစွဲအလမ်းကြီးလွန်းသည့် လူစားမျိုး ဖြစ်သည်။ ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး တန်ခိုးရှင်ဖြစ်လာရန်အတွက်သာ သီးသန့်မွေးဖွားလာသည့် လူသားတစ်ဦးအလား...။ တကယ်တမ်းလည်း သူသည် ထိုကဲ့သို့သော ထူးခြားသည့် ပါရမီရှင်မျိုး ဖြစ်သည်။

မူယုံက မာဆောင်ဝန်၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ပြီး သွေးတိုးစမ်းသလို မေးလိုက်၏။

“ဘာလဲ... မင်း ဒီအလုပ်ကို မလုပ်ချင်ဘူးလား”

“မဟုတ်ပါဘူး...”

မာဆောင်ဝန် တိတ်ဆိတ်ငြိမ်သက်နေခြင်းမှာ ငြင်းဆန်လို၍ မဟုတ်ဘဲ တခြားသော အကြောင်းရင်းကြောင့်သာ ဖြစ်သည်။

သူ... ဒီလို သွေးစွန်းမယ့် အလုပ်မျိုးကို ငါ့ကို တာဝန်ပေးတာ ဒါ ပထမဆုံးအကြိမ်ပဲ...

အကယ်၍ အတိတ်ဘဝတုန်းကဆိုလျှင် မာရ်နတ်ဂိုဏ်းချုပ်သည် မာဆောင်ဝန်ကို ဤကဲ့သို့သော အခြေခံလူသတ်အလုပ်မျိုး ဘယ်သောအခါမျှ ပေးအပ်ခဲ့ခြင်း မရှိချေ။

ဂိုဏ်းအတွင်း၌ အသုံးပြုရန် သွေးအေးလူသတ်သမားများစွာ လုံလောက်စွာ ရှိနေသည့်အပြင် မာဆောင်ဝန်သည် တစ်ဂိုဏ်းလုံးအတွက် အဖိုးတန်ဆုံးသော လျှို့ဝှက်ရတနာ ဖြစ်နေသောကြောင့်ပင်။

အတိတ်ဘဝက မူယုံသည် သူ့ကို သိုင်းပညာတိုးတက်ရေးတစ်ခုတည်း၌သာ အာရုံစိုက်ခိုင်းခဲ့သော်လည်း ယခုဘဝတွင်မူ ဤအလုပ်ကို တာဝန်ပေးအပ်လာခဲ့သည်။

ငါ ပြန်လည်မွေးဖွားလာတဲ့အတွက်... အနာဂတ်ရဲ့ ဖြစ်တည်မှုတွေကပါ လိုက်ပြီး ပြောင်းလဲသွားတာလား...

တစ်ခါတရံ၌ လိပ်ပြာတစ်ကောင်၏ အတောင်ပံခတ်မှုငယ်လေးတစ်ခုကပင် ဟာလာဟင်းလင်းပြင်၌ ကြောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခုကို ဖန်တီးပစ်နိုင်စွမ်း ရှိသည်။

မာဆောင်ဝန်ကိုယ်တိုင် ပြောင်းလဲသွားသည့်အတွက် ဂိုဏ်း၏ လှုပ်ရှားမှုဗျူဟာများပါ လိုက်လံပြောင်းလဲသွားခြင်းမှာ သဘာဝကျသည်။

“ဘယ်တော့ စတင်လှုပ်ရှားရမလဲ...”

“အခုချက်ချင်းပဲ... အန်းဟွီပြည်နယ်ကို သွားချေ”

“အန်းဟွီ ဟုတ်လား... ဒါဆို အဖူးအညွန့် ခြေမှုန်းရေးရဲ့ အဓိကပစ်မှတ်က... နမ်ဂန်းမိသားစုလား”

“အခု လောလောဆယ် မိသားစုကြီးငါးခုရဲ့ ထိပ်သီးမျိုးဆက်သစ် လူငယ်တွေအားလုံး နမ်ဂန်းအိမ်တော်မှာ စုဝေးနေကြတယ်။ ဒါက ငါတို့အတွက် ကောင်းကင်က ပေးတဲ့ အခွင့်အရေးကောင်းပဲ။ မင်းအတွက်လည်း သိုင်းပညာစမ်းသပ်ဖို့ အခွင့်အရေးကောင်း ဖြစ်လိမ့်မယ်”

မာဆောင်ဝန်က ဘာကို ဆိုလိုတာလဲဟူသော သံသယအကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ မူယုံက အနားသို့ တိုး၍ တိုးညင်းစွာ ဖွင့်ဟလိုက်တော့သည်။

“ဂွန်ဆွန်းချုံကို လုပ်ကြံဖို့ ကြိုးစားတဲ့ စစ်ဆင်ရေး ကျရှုံးသွားခဲ့တယ်။ အကြောင်းရင်းက... ငါတို့ တွက်ချက်မှုအပြင်ဘက်က တတိယပုဂ္ဂိုလ်တစ်ယောက် ကြားဖြတ်ဝင်ရောက်လာခဲ့လို့ပဲ”

မာဆောင်ဝန်၏ အကြည့်များ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့ရသည်။ ဂိုဏ်းချုပ် မူယုံဟူသည် အပိုစကားများ ပြောတတ်သူ မဟုတ်ချေ။

“ဒါဆိုရင်....”

“ဟုတ်တယ်... ဂွန်ဆွန်းချုံကို အသက်ယူဖို့ အနားကပ်သွားတဲ့ ငါတို့ရဲ့ သွေးအေးလူသတ်သမားက လက်မောင်းတစ်ခုလုံး ဖြတ်တောက်ခြင်း ခံလိုက်ရတယ်။ အဲဒါက မိုးကြိုးလျှပ်စီးလို မြန်ဆန်လွန်းတဲ့ ဒဏ္ဍာရီလာ ဓားချက်တစ်ခုကြောင့်ပဲ။ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ဓားရိပ်လိုမျိုးပေါ့...”

ပျံသန်းနေသော ဓားချက်ဟူသည့် စကားလုံးကို ကြားလိုက်ရသည့်ခဏ၌မူ မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိဘဲ ကျောက်စိမ်းကဲ့သို့ တည်ငြိမ်လှသော မာဆောင်ဝန်၏ မျက်ဝန်းအစုံမှာ ရုတ်ချည်းပင် အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

"ပြီးတော့ ဂျင်မိသားစုက ကလေးနှစ်ယောက်လည်း အဲဒီမှာ ရှိနေတယ်။ အဲဒီ ဓားပိုင်ရှင်က ကန်းချွန် ဖြစ်မယ်လို့ ငါထင်တယ်။ သူက ဂျင်မိသားစုရဲ့ ကုန်သည်အဖွဲ့ကို လျှို့ဝှက် ကာကွယ်ပေးနေတာ"

ကန်းချွန် မဟုတ်ဘူး။

ထိုဓားချက်ကို ပစ်လွှတ်လိုက်သူက ကန်းချွန် မဟုတ်ဘူးဆိုတာ မာဆောင်ဝန် ရိပ်မိလိုက်သည်။

တကယ်လို့ ကန်းချွန်သာ ဖြစ်မယ်ဆိုရင် လူသတ်သမား အသက်ရှင်မှာ မဟုတ်ဘူး။

ဂျင်ဆိုဟွန်း...

မာဆောင်ဝန်၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်လာသည်။ နှစ်ပေါင်းများစွာကြာမှ ပြန်တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့သော ဂျင်ဆိုဟွန်းသည် သူ့ရှေ့တည့်တည့်သို့ ရောက်လာပြီဟု ခံစားလိုက်ရသည်။

သူက ကန်းချွန်ကို တကယ်ပဲ စိတ်ဝင်စားနေတာလား။

သို့သော် ဂျင်ဆိုဟွန်း၏ အစစ်အမှန်ကို မသိရှာသော မူယုံကမူ မာဆောင်ဝန်သည် ကန်းချွန်ကို စိတ်ဝင်စားနေသည်ဟု မှားယွင်းစွာ ယူဆလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီ အဖူးအညွန့် ခြေမှုန်းရေးက ကျရှုံးလို့ မရဘူး။ ငါတို့ သတ်မှတ်ထားတဲ့ မျိုးဆက်သစ် လူငယ်က ခြောက်ယောက်ရှိတယ်။ သူတို့အားလုံးက ပစ်မှတ်တွေပဲ"

မူယုံ ဖန်တီးထားသော စာရင်းထဲတွင် ဂျင်ဆိုဟွန်း၏ နာမည် မပါဝင်သည်မှာတော့ အမှန်ပင်။ သို့သော် ထိုအချက်က အရေးမကြီးပေ။ ဂျင်ဆိုဟွန်းက ထိုနေရာမှာ ရှိနေကာ မာဆောင်ဝန်၏ မျက်ဝန်းထဲတွင် မီးတောက်တစ်ခု စတင် လောင်ကျွမ်းလာသည်။

"ကျွန်တော် လုပ်ပါ့မယ်"

နမ်ဂန်းမိသားစုအိမ်တော်သို့ ရောက်ရှိနေသည်မှာ တစ်ပတ် ရှိသွားပြီ ဖြစ်သည်။ မနက်စောစောကတည်းက နိုးထလေ့ရှိသော ဂျင်ဂါဟွန်း၏ တစ်နေ့တာမှာ အလွန် အလုပ်ရှုပ်နေသည်။

အန်းဟွီပြည်နယ်၏ ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားသော နမ်ဂန်းမိသားစုနှင့် ကုန်သွယ်မှုသစ်တစ်ခု စတင်ရန်အတွက် သူမမှာ စကားပြောဆိုမှုများစွာ ပြုလုပ်နေရသောကြောင့်ပင်။

"ဒီမှာပါ"

"ကျေးဇူးပါ။ စီးယုသာ မရှိရင် ကျွန်မ တစ်ယောက်တည်းနဲ့ အတော်လေး ပင်ပန်းမှာပါ"

"ဒီစီးယုကိုသာ အားကိုးလိုက်ပါ"

စီးယုသည် ယခုအခါ ဂျင်ဆိုဟွန်းထံတွင် မဟုတ်ဘဲ ဂျင်ဂါဟွန်းထံတွင် အလုပ်အကျွေးပြုနေသည်။

နမ်ဂန်းမိသားစု ပြင်ဆင်ပေးထားသော အခန်းထဲမှ ဂျင်ဆိုဟွန်းမှာ တစ်လက်မမျှပင် မလှုပ်ရှားသည့်အတွက် စီးယု၏ တည်ရှိမှုမှာ အရေးမပါတော့ပေ။

"ဒီနေ့တော့ တွေ့ဆုံရမယ့်သူတွေ များတာမို့ နည်းနည်း အလုပ်ရှုပ်နိုင်တယ်"

"စိတ်မပူပါနဲ့ စီးယုက သခင်မလေးနဲ့အတူ ရှိနေမှာပါ"

"အင်း"

ဒီနည်းနဲ့ဆိုရင် သခင်မလေးအပေါ်မှာ ငါ့ဩဇာကို တိုးချဲ့နိုင်ပြီ ပြီးရင် အဲဒီ သခင်လေးဆီကနေ လွတ်မြောက်နိုင်တော့မယ်။

စီးယုမှာ ရည်မှန်းချက်ကြီးသူ ဖြစ်သည်။ သူမ၏ နောက်ဆုံးပန်းတိုင် ဖြစ်သော အကြီးအကဲ အစေခံရာထူးကို ရရှိရန်အတွက် ဂျင်မိသားစု၏ အနာဂတ်အာဏာရှင် ဖြစ်လာမည့် ဂျင်ဂါဟွန်းကိုသာ ကပ်ထားရမည်ပင်။

အကြီးအကဲ အစေခံ ဖြစ်လာရင်... ငါ့ဘဝက ပွင့်လန်းလာမှာပဲ။

အခြားမိသားစုများနှင့် ယှဉ်လျှင် အလုပ်သမားများအတွက် အကျိုးခံစားခွင့် အလွန်ကောင်းမွန်သော ဂျင်မိသားစုတွင် အကြီးအကဲ အစေခံဖြစ်လာပါက လစာနှင့် အားလပ်ရက် အမြောက်အမြား ရရှိနိုင်သည်။

သို့သော် စီးယုအတွက် ပိုအရေးကြီးသည့်အရာ ရှိသေးသည်။

အာဏာ အာဏာက အကောင်းဆုံးပဲ။

ငွေကြေးထက် အာဏာက ပိုအရေးကြီးသည်။ ဂျင်မိသားစုကြီးထဲတွင် မမြင်နိုင်သော အာဏာလုပွဲများ ရှိပြီး ထိုအရာက အကြီးအကဲ အစေခံရာထူးအတွက် အစေခံများကြားက အာရုံကြောစစ်ပွဲပင်။

ထို့ကြောင့် စီးယုသည် ဤကုန်သွယ်ရေး ခရီးစဉ်တွင် ဂျင်ဂါဟွန်း၏ အမြင်တွင် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည်။

"သခင်မလေး"

"ဟုတ်ကဲ့"

"ဒီစီးယု သခင်မလေးအတွက်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကို စတေးပြီး အလုပ်အကျွေးပြုမှာပါ"

"ကောင်းပါပြီ။ အားရစရာပဲ"

ရည်မှန်းချက်များ ပြည့်နှက်နေသည့် စီးယု၏ ခေါင်းကို ဂျင်ဂါဟွန်းက အသာအယာ ပွတ်သပ်ပေးလိုက်သည်။ သူတို့နှစ်ဦး အလုပ်ရှုပ်နေချိန်တွင် အခန်းထဲတွင်သာ လှဲလျောင်းနေသော ဂျင်ဆိုဟွန်းကမူ ကောင်းကင်မှ တိမ်တိုက်များကို ရေတွက်နေသည်။

ထိုစဉ်မှာပင် သူ့အမြင်အာရုံက မှောင်မည်းသွားသည်။

"သခင်လေးဂျင် ဒီမှာ ရှိနေတာကိုး"

"သခင်လေးဇူဂယ်"

ဇူဂယ်မင် ရောက်လာခြင်းပင်။

ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရောက်လာသည့် ဇူဂယ်မင်ကို ကြည့်ပြီး ဂျင်ဆိုဟွန်း စဉ်းစားခန်း ဝင်လိုက်သည်။

ထရမလား။

ဧည့်သည်လာလျှင် ထရသည်မှာ ယဉ်ကျေးမှု ဖြစ်သော်လည်း ဤအနေအထားက အလွန် သက်သောင့်သက်သာ ဖြစ်နေသည်။ ဂျင်ဆိုဟွန်း စဉ်းစားနေစဉ်မှာပင် ဇူဂယ်မင်က သူ့ဘေးတွင် ထိုင်လိုက်ပြီး ပြောသည်။

"မထပါနဲ့။ ဟားဟား"

"ကျေးဇူးပါ"

"ကျွန်တော် လာတာက တခြားမဟုတ်ပါဘူး... မနက်ဖြန် သွားရမယ့် လှေခရီးစဉ်အတွက်ပါ"

"လှေခရီးစဉ်"

ဂျင်ဆိုဟွန်းက မျက်နှာချိုသွေးကာ မေးလိုက်ရာ ဇူဂယ်မင်က တောက်ပစွာ ပြုံးသည်။

"သာမန် လှေခရီးစဉ် မဟုတ်ပါဘူး"

နမ်ဂန်းမူယော့ ပြောခဲ့သည့် မျိုးဆက်သစ် လူငယ်များကို အသုံးပြုသည့် တာဝန်တစ်ခု ဖြစ်ကြောင်း ဂျင်ဆိုဟွန်း ရိပ်မိလိုက်သည်။

"အော်..."

ဂျင်ဆိုဟွန်း အခက်အခဲနှင့် ထလိုက်သည်။

"မနက်ဖြန်လား"

"အတိအကျ ပြောရရင်တော့ အန်းဟွီပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ကျောက်အိုင်မှာ ည ၉ နာရီ မှာ စပါမယ်။ အသေးစိတ်ကိုတော့ အဲဒီရောက်ရင် သိရပါလိမ့်မယ်"

"အွန်း ကောင်းပါပြီ"

"ဒါဆို မနက်ဖြန် တွေ့ကြမယ် သခင်လေးဂျင်"

ဇူဂယ်မင် ထွက်သွားပြီးနောက် ဂျင်ဆိုဟွန်းမှာ နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပြန်လှဲချလိုက်သည်။

"မနက်ဖြန် အလုပ်ရှုပ်ရတော့မှာ... ဒီနေ့တော့ စိတ်ကြိုက် ပျင်းနေလိုက်တော့မယ်"

တစ်ပတ်လုံး ပျင်းနေခဲ့သော်လည်း ဂျင်မိသားစု၏ အပျင်းထူလွန်းတဲ့သခင်လေးမှာမူ ကျေနပ်ခြင်း မရှိသေးပေ။

"သခင်လေးဂျင်အတွက် ပစ္စည်းတစ်ခု ရောက်လာပါတယ်"

နောက်တစ်နေ့ မနက် ဂျင်ဆိုဟွန်းသည် ရောက်ရှိလာသော ပစ္စည်းကို ချက်ချင်း လက်ခံရယူကာ သေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် ဝတ်ရုံရှည်တစ်ထည်၊ ပျံသန်းသောဓားဆယ်ချောင်းနှင့် ၎င်းတို့ကို သိမ်းဆည်းရန် အိတ်တစ်လုံး ပါဝင်သည်။

"သုံးဖြစ်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ရှိထားတာ ပိုကောင်းတာပေါ့ ဟုတ်တယ်မလား"

ဂျင်ဆိုဟွန်းက အိတ်ကို ပခုံးတွင် လွယ်လိုက်ပြီး ဓားငါးချောင်းကို ထည့်ကာ ကျန်ငါးချောင်းကို သေတ္တာထဲ ပြန်ထည့်လိုက်သည်။ ဆယ်ချောင်းလုံး သယ်ရမှာ အလုပ်ရှုပ်သောကြောင့်ပင်။

"ည ၉ နာရီမှာ ကျောက်အိုင်လို့ ပြောလိုက်တာလား"

ဇူဂယ်မင်၏ စကားကို ပြန်အမှတ်ရပြီး ဂျင်ဆိုဟွန်း အခန်းထဲမှ ထွက်လာသည်။

"အော် သခင်လေး အိမ်သာသွားမလို့လား"

နိုးထလာပြီး မျက်လုံးပွတ်ရင်း လာသော စီးယုကို ဂျင်ဆိုဟွန်းက ပြောလိုက်သည်။

"လမ်းနည်းနည်း လျှောက်မလို့။ နည်းနည်း နောက်ကျနိုင်တယ်။ ဂါဟွန်းနဲ့ပဲ နေလိုက်တော့"

"သ သခင်လေးက လမ်းလျှောက်မလို့တဲ့လား"

"အင်း"

ဂျင်ဆိုဟွန်းသည် စောင့်နေသည့်အတိုင်း ရောက်ရှိနေသော လှည်းကို တက်ကာ နမ်ဂန်းအိမ်တော်မှ ထွက်ခွာသွားသည်။

ထိုမြင်ကွင်းကို ကြည့်နေသော စီးယုမှာ ရှုပ်ထွေးသော မျက်နှာပေးဖြင့် မေးစေ့ကို ပွတ်လိုက်သည်။

"သခင်လေးက လမ်းလျှောက်မယ်... ပြီးတော့ ကြာမယ်တဲ့... တစ်ခုခုတော့ မသင်္ကာစရာပဲ"

စီးယုက သံသယဖြစ်နေစဉ်မှာပင် နမ်ဂန်းအိမ်တော်မှ ထွက်လာသော လှည်းတစ်စင်းမှာ အန်းဟွီပြည်နယ် အလယ်ပိုင်းသို့ အရှိန်ပြင်းစွာဖြင့် မောင်းနှင်သွားနေသည်။

လေတိုက်ခတ်မှုကြောင့် မျက်တောင်ခတ်နေသော ဂျင်ဆိုဟွန်းသည် ပါးစပ်ဟ၍ သမ်းဝေလိုက်သည်။

"ဟာ... အလုပ်ရှုပ်လိုက်တာ"

All Chapters