← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း။ ၃၀

ကျောက်အိုင်သို့ ရောက်ရှိချိန်တွင် ဤနေရာက အန်းဟွီပြည်နယ်တွင် လှေစီးခြင်းအတွက် အကျော်ကြားဆုံး နေရာဖြစ်ရသည့် အကြောင်းရင်းကို ဂျင်ဆိုဟွန်း နားလည်သွားသည်။

"လူတွေကလည်း အများကြီးပဲ"

ကျယ်ပြောလှသော အိုင်ကြီးပေါ်တွင် လေပြေအေးများ တိုက်ခတ်နေပြီး အိုင်ပတ်လည်တွင် စိုက်ပျိုးထားသည့် ပန်းပင်များကလည်း အရောင်အသွေးမျိုးစုံဖြင့် ပတ်ဝန်းကျင်ကို လှပစေသည်။

လေနှင့်အတူ အကိုင်းအခက်များဆီမှ ကြွေကျလာသော ပန်းပွင့်ဖတ်များက အိုင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသဖြင့် ရေလှိုင်းလေးများပင် လှပနေသည်။

ဤကဲ့သို့ လှပသော ရှုခင်းကြောင့် အချစ်နှင့် ရိုမန်းတစ်ကို ရှာဖွေနေကြသည့် လူငယ်စုံတွဲများစွာမှာ လှေများကို အပြိုင်အဆိုင် စီးနင်းလျက် ရှိကြသည်။

ထိုမျှသာမကဘဲ အသက်အရွယ်မရွေး ကျားမမရွေး လူပေါင်းစုံတို့က ကျောက်အိုင်တွင် လှေစီးပျော်ပါးနေကြသဖြင့် ကျွန်ုပ်တို့၏ အပျင်းထူလွန်းတဲ့သခင်လေးမှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေသည်။

"ဆူညံတာကို ငါ အမုန်းဆုံးပဲ"

အချင်းချင်း ရယ်မောကာ ပန်းပွင့်လေးများကို နားတွင် ပန်ပေးနေကြသော လူငယ်စုံတွဲများကို အားကျ၍ မဟုတ်ပေ။

ဆူညံခြင်းကို သဘောမကျသော ဂျင်ဆိုဟွန်းသည် လှေစီးရန် ချည်နှောင်ထားသည့် လှေတန်းကြီးများကြားတွင် လမ်းလျှောက်သွားသည်။

"ကြိုဆိုပါတယ်ခင်ဗျာ ကျောက်အိုင်မှာ လှေအများဆုံး ပိုင်ဆိုင်ထားတဲ့ ယန်စီမြစ်ရေကြောင်းပို့ဆောင်ရေးပါခင်ဗျာ"

အိုင်ထဲမှာ ဘာလို့များ ယန်စီမြစ် ဖြစ်နေရတာလဲဟု တွေးမိသော်လည်း ဂျင်ဆိုဟွန်းမှာ ထိုအရာများကို မေးခွန်းထုတ်ရန်ပင် ပျင်းရိနေသည်။ သူသည် ချည်နှောင်ထားသည့် လှေတန်းကြီးများကို ကြည့်ကာ မေးလိုက်သည်။

"သေးပြီး ငြိမ်သက်တဲ့ လှေ ရှိလား"

"သေးပြီး... ငြိမ်သက်တဲ့ လှေ ဟုတ်လားခင်ဗျ"

"ဟုတ်တယ်"

"ဘယ်နှစ်ယောက် စီးမှာလဲခင်ဗျ"

"တစ်ယောက်တည်း"

"အင်း..."

အသက် ၄၀ ကျော်အရွယ် ယန်စီမြစ်ရေကြောင်းပို့ဆောင်ရေးပိုင်ရှင် အမျိုးသားသည် ဂျင်ဆိုဟွန်းကို ဦးခေါင်းမှ ခြေဖျားအထိ အကဲခတ်လိုက်သည်။

"လက်ခြေ အကောင်းသားပဲ... ပြီးတော့ ချောလိုက်တာ..."

ဝတ်ရုံကြောင့် ကိုယ်ခန္ဓာအတွင်းပိုင်းကို မမြင်ရသော်လည်း ဂျင်ဆိုဟွန်း၏ အသွင်အပြင်မှာ ရိုးရိုးချောမောရုံတင်မကဘဲ တောက်ပနေသည်။

နမ်ဂန်းအိမ်တော်တွင် ဂျင်ဂါဟွန်းကြောင့် အရိပ်မထွက်ခဲ့ရသော်လည်း ဂျင်ဆိုဟွန်းမှာ သူ၏မိခင် ယူဆောဟွန်းထံမှ ဆင်းသက်လာသည့် ခန့်ညားသော နှာတံ၊ ထူထဲသပ်ရပ်သည့် မျက်ခုံး၊ မျက်လုံးကြီးများနှင့် ခန့်ညားသော မေးရိုးပုံစံကို အမွေရထားသူဖြစ်သည်။

တကယ်တမ်းလည်း လှေစီးရန် လာရောက်သည့် လူငယ်များမှာ လှေငှားနေရင်းပင် ဂျင်ဆိုဟွန်းကို ခိုးကြည့်နေကြသည်။

မိန်းကလေးများမှာ ရှက်ရွံ့စွာဖြင့် တုန်ယင်နေသော မျက်ဝန်းများဖြင့် ကြည့်ကြပြီး ယောကျာ်းလေးများမှာမူ မနာလို၊ ဝန်တို၊ ကြောက်ရွံ့သည့် အကြည့်များဖြင့် ခိုးကြည့်နေကြသည်။

ထိုအရာများကို လုံးဝ ဂရုမစိုက်သော ဂျင်ဆိုဟွန်းက လှေခအတွက် သူ့ရင်ဘတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။

အပြင်မထွက်ခင် စီးယုရဲ့ ပိုက်ဆံအိတ်ကို ယူလာမိတာ ကံကောင်းတယ်။

ရှန်ရှီးပြည်နယ်၏ နံပါတ်တစ် ကုန်သည်မိသားစုမှ ချမ်းသာသော သခင်လေးဖြစ်သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် သူ၏ အိတ်ကပ်ထဲတွင် တစ်ပြားမျှပင် မရှိသည့် သူတောင်းစားတစ်ယောက် ဖြစ်နေသည်။

ဤတစ်ခါလည်း စီးယုက ခိုးထည့်ပေးထားသည့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကိုထုတ်ကာ လှေခပေးပြီးနောက် သေးငယ်ပြီး ပျက်စီးလုနီးပါး ဖြစ်နေသော လှေပေါ်သို့ လှဲချလိုက်သည်။

"အာ ဒါမျိုးမှ စိတ်ချမ်းသာတာ"

လှေကို လှော်ရန်ပင် ပျင်းရိနေသဖြင့် ယန်စီမြစ်ရေကြောင်းပို့ဆောင်ရေးဌာနနှင့် မဝေးသော နေရာတွင် လှေကို ချည်နှောင်ပြီး ဂျင်ဆိုဟွန်းမှာ လှဲလျောင်းလိုက်သည်။ ပူနွေးသော နေရောင်ခြည်က မျက်လုံးကို ထိုးဖောက်လာသဖြင့် ဝတ်ရုံဖြင့် မျက်နှာကို အုပ်လိုက်သည်။

"လှေစီးရမှာက ညမှလေ... ဒါကြောင့် နည်းနည်းလောက် အိပ်ဦးမှ"

ဂျင်ဆိုဟွန်းသည် လှေပေါ်တွင် လှဲလျောင်းရင်း အိပ်ပျော်သွားရန် ကြိုးစားသည်။ ဘေးမှ ဖြတ်သွားသည့် လှေများပေါ်မှ လူများက သူ့ကိုကြည့်ပြီး ရယ်မောနေကြသော်လည်း ဂျင်ဆိုဟွန်းမှာမူ ထိုရယ်မောသံများကို လုံးဝ အရေးမစိုက်ပေ။

"ခလော...ခလော..."

လှေပေါ် လှဲလိုက်သည်မှာ မိနစ် ၂၀ တောင် မကြာသေးခင်မှာပင် ဂျင်မိသားစု၏ အပျင်းထူလွန်းတဲ့သခင်လေးမှာ အိပ်မောကျသွားတော့သည်။

ည ၉ နာရီ ရောက်သောအခါ သတ်မှတ်ထားသည့်အတိုင်း စုရုံးရောက်ရှိလာကြသော မိသားစုကြီးငါးခုမှ မျိုးဆက်သစ် လူငယ်များက ကြိုတင်ငှားရမ်းထားသည့် လှေကြီးပေါ်သို့ တက်ရောက်ကြသည်။

"တော်တော်လေးကြာမှ အတူတူ လှေစီးပြီး ပျော်ပါးရတော့မယ်ဆိုတော့ ဝမ်းသာလိုက်တာ"

ညဉ့်နက်သော်လည်း တက်ကြွနေသော နမ်ဂန်းဆောင်းသည် ခမ်းနားလှပသော လှေကြီး၏ လက်ရန်းကို မှီကာ ပြောသည်။

သူ၏နောက်တွင် နမ်ဂန်းဆွန်းလု၊ ပန်ဆိုဖုန်း၊ ဇူဂယ်မင်၊ တန်ဟတ်ဂီနှင့် မူရုံဆူဆူတို့သည် ကုန်းပတ်ပေါ်တွင် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုကြသည်။

မီးအိမ်များဖြင့် ထွန်းညှိထားသော ကျောက်အိုင်၏ ရှုခင်းမှာ နေ့ခင်းဘက်နှင့် လုံးဝမတူဘဲ အလွန်လှပသည်။

မီးအိမ်များသည် ညင်သာစွာ စီးဆင်းနေသော ရေပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေပြီး ရေလှိုင်းလေးများကြားတွင် ပန်းပွင့်ဖတ်များမှာ ပျံ့လွင့်နေသည်။

"အရမ်း လှတာပဲ... ဟုတ်တယ်မလား"

မူရုံဆူဆူက အံ့ဩစွာ ပြောလိုက်ရာ နမ်ဂန်းဆွန်းလုက စိတ်မဝင်စားသည့်ဟန်ဖြင့် ခေါင်းညိတ်သည်။

"အင်း"

"ဟားဟား နမ်ဂန်းသခင်မလေးကတော့ လှပတဲ့အရာတွေကို စိတ်မဝင်စားဘူး"

ပန်ဆိုဖုန်းက လက်သီးကို တင်းတင်းဆုပ်ကာ နှာမှုတ်လိုက်သည်။

"ဟွန်း ငါ့လိုမျိုး သိုင်းပညာကိုပဲ တန်ဖိုးထားတဲ့ ပုံစံမျိုးပေါ့"

နမ်ဂန်းဆွန်းလုကမူ ကြွက်သားများကို ကြွားဝါနေသည့် ပန်ဆိုဖုန်းကို အကြည့်ပင် မပေးပေ။ သူမ၏ အာရုံမှာ တစ်နေရာရာမှ တိုက်ခိုက်လာမည့် အမည်မဲ့ရဲတိုက်သို့မဟုတ် မာရ်နတ်

ဂိုဏ်းချုပ်မှ လုပ်ကြံသူများဆီသို့သာ ရောက်နေသည်။

"အားလုံး တက်ပြီးပြီလား"

လှေလှော်သူက မေးလိုက်ရာ ဇူဂယ်မင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည်။

"တွေးကြည့်လိုက်တော့ သခင်လေးဂျင်က ရောက်မလာသေးဘူး"

"သူ့အတွက် ဂရုစိုက်စရာ မလိုဘူး ထွက်တော့"

"ဗျာ ဒါပေမဲ့ မိသားစုခေါင်းဆောင်က..."

"ထွက်တော့"

နမ်ဂန်းဆွန်းလု၏ ခိုင်မာသော အမိန့်ကြောင့် လှေလှော်သူက လှေတက်ကို ကိုင်ကာ ကျောက်အိုင်၏ ဗဟိုချက်ဆီသို့ ဦးတည်လိုက်သည်။

"ဆွန်းလု သခင်လေးဂျင် မပါတာ တကယ်ပဲ အဆင်ပြေပါ့မလား"

နမ်ဂန်းဆောင်းက စိုးရိမ်တကြီး မေးလိုက်ရာ နမ်ဂန်းဆွန်းလုက ခေါင်းညိတ်ပြီး စိတ်ချင်းဆက်သွယ်မှုဖြင့် ပြောလိုက်သည်။

အဲဒီလူက ငါတို့တာဝန်အတွက် မသင့်တော်ဘူး။

ဒါပေမဲ့ မိသားစုခေါင်းဆောင်က သခင်လေးဂျင်နဲ့ အတူတူ ရှိစေချင်တာလေ။

သူ ဘာလို့လဲဆိုတာ ပြောမပြခဲ့ဘူး။ ပြီးတော့ အိုင်ကို လာဖို့ ငြင်းဆန်ခဲ့တာက သခင်လေးဂျင်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။

ကောင်းပါပြီ... ဆွန်းလု ပြောတဲ့အတိုင်းပေါ့။

နမ်ဂန်းဆောင်း နောက်ဆုတ်လိုက်သည်။ နမ်ဂန်းဆွန်းလုက ဝေးကွာသွားသည့် ကုန်းမြေကို ငေးကြည့်ရင်း တွေးလိုက်သည်။

သူ တကယ်ပဲ မလာဘူးပဲ။

ဂုဏ်ပြုပွဲတုန်းက သတိပေးချက်ကို သူ မေ့သွားတာလား။

မိသားစု၏ အလိုလိုက်ခြင်း ခံထားရသည့် သခင်လေးတစ်ယောက်သည် အရေးကြီးသော တာဝန်တစ်ခု လုပ်ဆောင်နေသည့် ကျောက်အိုင်သို့ မလာရောက်ခဲ့ပေ။

သူမ ထင်ထားသည့်အတိုင်းပင် ဖြစ်သောကြောင့် နမ်ဂန်းဆွန်းလုမှာ ဘာခံစားချက်မှ မရှိပေ။ မျှော်လင့်ချက် မရှိလျှင် စိတ်ပျက်စရာလည်း မရှိပေ။

ငါတို့ ငါးစာ ချထားပြီးပြီ။ ဒါပေမဲ့ မာရ်နတ်ဂိုဏ်းချုပ်က ဒီလောက်နဲ့တော့ အလွယ်တကူ ကိုက်လာမှာ မဟုတ်ဘူး။

အဖူးအညွန့် ခြေမှုန်းရေးကို လုပ်ဆောင်နေသော မာရ်နတ်ဂိုဏ်းချုပ်သည် ထွက်ပြေးစရာနေရာ မရှိသည့် ဤရေပြင်တွင် စုဝေးနေသော မျိုးဆက်သစ် လူငယ်များကို အလွယ်တကူ လက်လွှတ်ပေးမည် မဟုတ်ပေ။ ပြီးခဲ့သည့် တစ်ပတ်လုံးလည်း သူတို့က သတင်းအမှားများကို လျှို့ဝှက်ကာ ပျံ့နှံ့စေခဲ့သည်။

ပြီးတော့...

နမ်ဂန်းဆွန်းလု၏ အကြည့်မှာ အရှေ့၊ တောင်နှင့် အနောက်ဘက်သို့ ရောက်သွားသည်။ နမ်ဂန်းမိသားစု၏ ကောင်းကင်ပြာတပ်ဖွဲ့သည် မနေ့ညကတည်းက ကျောက်အိုင်ကို ဝန်းရံကာ ပုန်းအောင်း၍ စောင့်ဆိုင်းနေသည်။

အဖေ။

ရွှေနဂါး နတ်ဘုရားဓားနမ်ဂန်းမူယော့ကလည်း မြောက်ဘက်တွင် စောင့်ဆိုင်းနေသည်။ ယခုကျန်နေသည်မှာ ငါးစာကို ကိုက်မိသည့် မာရ်နတ်ဂိုဏ်းချုပ်မှ လုပ်ကြံသူများ လာရောက်ရန်သာ ဖြစ်သည်။

လာခဲ့... လာပြီးတော့ ကိုက်ပါတော့။

နမ်ဂန်းဆွန်းလုက သူမ၏ ခါးကို လက်ဖြင့် အသာအယာ စမ်းကြည့်လိုက်သည်။ ငါးစာအစစ် ဖြစ်လာစေရန် သူမသည် တစ်သက်လုံး ခါးတွင် ချိတ်ထားခဲ့သော ဓားကိုပင် ချွတ်ထားလိုက်သည်။ သူမသည် အမှောင်ထုကို ထိုးဖောက်မည့်အလား တောက်ပသော မျက်ဝန်းတို့ဖြင့် အရိပ်များကို စောင့်ကြည့်နေသည်။

"ငါတို့ အသင့်ပဲ"

အရိပ်များကြားမှ အနက်ရောင်ဝတ်စုံနှင့် လူတို့ ပေါ်လာသည်။ အရေအတွက်မှာ ငါးဆယ်တိတိ ဖြစ်သည်။

"ကောင်းပြီ"

သူတို့ကို ဦးဆောင်သူမှာ လူငယ်တစ်ဦးဖြစ်သည်။ ခါးတွင် ဓားတစ်လက် ချိတ်ထားပြီး ကျောက်အိုင်တွင် ပေါလောပေါ်နေသည့် လှေတစ်စင်းကို စိုက်ကြည့်နေသည်။ လှေပေါ်တွင် မျိုးဆက်သစ် လူငယ် ခြောက်ယောက် လှေစီးပျော်ပါးနေကြသည်။

အဓိက ပစ်မှတ်က နမ်ဂန်းမိသားစုရဲ့ မျိုးဆက်သစ် နမ်ဂန်းဆောင်းနဲ့ နမ်ဂန်းဆွန်းလုပဲ။ အဲဒီထဲက နမ်ဂန်းဆွန်းလုဆိုတဲ့ မိန်းကလေးက အသက် ၁၅ နှစ်အရွယ်မှာတင် ဓားချီအသက်ဝင်ခြင်းအဆင့်ကို ရောက်တဲ့ ပါရမီရှင်ပဲ။ ကျန်တဲ့သူတွေက အရေးမကြီးပေမဲ့ နမ်ဂန်းဆွန်းလုကိုတော့ မဖြစ်မနေ သတ်ရမယ်။

မူယုံ၏ အကြံပေးချက်များကို စကားလုံးတစ်လုံးမျှ မကျန် မှတ်ထားသော်လည်း ထိုလူငယ်၏ ရည်ရွယ်ချက်မှာ နမ်ဂန်းဆွန်းလု မဟုတ်ပေ။

ဂျင်ဆိုဟွန်း။

ဂျင်ဆိုဟွန်း အဲဒီနေရာမှာ ရှိနေဖို့ အလားအလာ အများဆုံးပဲ။

ဒုတ်…ဒုတ်….

မြန်ဆန်လွန်းလှသော သူ့နှလုံးခုန်သံများမှာ အလျင်အမြန် ခုန်ပေါက်နေသည်။

ဒါက စိတ်လှုပ်ရှားမှုလား ကြောက်ရွံ့မှုလား။

မာဆောင်ဝန်သည် ဓားရိုးကို ကိုင်ကာ အသက်ကို ပြင်းပြင်း ရှူလိုက်သည်။

"ပစ်မှတ်ဆီ သွားကြ။ ဘယ်သူမှ ကျောက်အိုင်နား မကပ်နိုင်အောင် လုပ်ထား"

"အမိန့်အတိုင်းပါ"

အနက်ရောင် ဝတ်စုံနှင့် လူတို့သည် သုံးစု ကွဲသွားပြီး အရှေ့၊ အနောက်နှင့် တောင်ဘက်သို့ ရွေ့လျားသွားသည်။ မာဆောင်ဝန်၏ အကြည့်မှာ မြောက်ဘက်သို့ ရောက်သွားသည်။ မြောက်ဘက်လမ်းမှာ အရှည်ဆုံးနှင့် အရှုပ်ထွေးဆုံး ဖြစ်သော်လည်း တိုက်ပွဲတစ်ခုလုံးကို တစ်ချက်တည်းနှင့် မြင်နိုင်သည့် မြင့်မားသော နေရာဖြစ်သည်။

"မင်း မြောက်ဘက်ကို သွား"

"အမိန့်အတိုင်းပါ"

အခြားလူများနှင့် မတူဘဲ အသားအရောင် ပြာနှမ်းနေသော လူဆယ်ယောက်သည် အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။ ပြင်ဆင်မှုများ အားလုံး ပြီးဆုံးသွားသည့်အခါ မာဆောင်ဝန်သည် အနက်ရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

တိမ်စိုင်တစ်စမျှ မရှိသော ညကောင်းကင်ယံတွင် ကြယ်ရောင်များ လင်းလက်နေပြီး ဗဟိုတွင်တော့ တစ်ခြမ်းကွဲနေသကဲ့သို့ လမင်းကြီးက ထွန်းလင်းနေသည်။

တစ်ခြမ်းကွဲနေသော လမင်းကြီးကို မီးအိမ်သဖွယ် အားပြုကာ မာဆောင်ဝန်သည် ကျောက်အိုင်ဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။ ကြိုတင် စောင့်ဆိုင်းနေသော လှေငယ်တစ်

စင်းကို တက်လိုက်ပြီး လှေလှော်သူက လှေကို လှော်ခတ်လိုက်သည်။

လှေဦးတည်ရာ လမ်းကြောင်းတွင် မိသားစုကြီးငါးခုမှ မျိုးဆက်သစ် လူငယ်များ စီးနင်းထားသော လှေကြီးကို တွေ့လိုက်ရသည်။

"ဟားဟား အဲဒါကြောင့်လေ အစ်ကိုကြီးဇူဂယ်လည်း အဲဒီလို မထင်ဘူးလား"

"ကျွန်တော် အစ်ကိုကြီးပန်အတွက် ရိုးရိုးသားသားပဲ ပြောပြပါ့မယ်"

"အို ပြောပါ"

"သခင်မလေးဂျင်က အစ်ကိုကြီးပန်ကို တိတ်တဆိတ် ချစ်နေတယ်ဆိုတဲ့ ဖြစ်နိုင်ခြေက တစ်ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး"

"ဘာ"

ပန်ဆိုဖုန်းက ကိုင်ထားတဲ့ ခွက်ကို ဒိုင်းခနဲ မြည်အောင် စားပွဲပေါ် ပစ်ချလိုက်ချိန်မှာပဲ ကြည့်နေသည့် နမ်ဂန်းဆောင်းက အားရပါးရ ရယ်မောလိုက်သည်။

"ဇူဂယ်မိသားစုရဲ့ မျိုးဆက်သစ် ပါရမီရှင်ဆိုတော့လည်း ခင်ဗျားရဲ့ အကဲဖြတ်ချက်က တကယ်ကို တိကျတာပဲ"

"ဘာကြောင့် အဲဒီလို ထင်ရတာလဲ ခင်ဗျား မြင်လိုက်လို့လား ကျွန်တော့်ရဲ့ ဖောင်းကားနေတဲ့ ကြွက်သားတွေကို ကြည့်ပြီး ကျွန်တော့်ရဲ့ သူရဲကောင်းပုံပြင်တွေကို နားထောင်နေတဲ့ သခင်မလေးဂျင်ရဲ့ အကြည့်ကိုလေ... အဲဒါက..."

"အဲဒါက ခင်ဗျား ပါးစပ်ကို ပိတ်ထားပေးရင် ကောင်းမယ်လို့ ဆုတောင်းနေတဲ့ အကြည့်မျိုးပဲ"

"ဘာ"

မူရုံဆူဆူက ခေါင်းကို ဟိုဘက်ဒီဘက် ခါလိုက်ပြီး လက်ဖက်ရည်ခွက်ကို အကုန်မော့သောက်လိုက်သည်။

မူရုံဆူဆူ၏ အမူအရာကို မနှစ်မြို့သည့် ပုံစံဖြင့် ပန်ဆိုဖုန်းက နှာမှုတ်နေဆဲဖြစ်ပြီး နမ်ဂန်းဆောင်းနှင့် ဇူဂယ်မင်တို့ကတော့ အားရပါးရ ရယ်မောနေကြသည်။

ထိုအချိန်တွင် တန်ဟတ်ဂီက လှေတက်ကို မှီလျက် ပတ်ဝန်းကျင်ကို ခိုးကြည့်နေသည်။

သေစမ်း….သူမက တကယ် လှတာပဲ

သိုင်းပညာ တိုးတက်ရေးမှလွဲပြီး အလှအပပြင်ဆင်ခြင်းကို စိတ်မဝင်စားသည့် သံမဏိနှလုံးသားပိုင်ရှင် နမ်ဂန်းဆွန်းလုသည် သဘာဝအလျောက် ပိုင်ဆိုင်ထားသော စိတ်ထားနှင့် ဆန့်ကျင်ဘက် လှပလွန်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။

အထူးသဖြင့် နေဝင်ရီတရော ညဉ့်ယံအချိန်တွင် မီးအိမ်ရောင်ဖြင့် သူမ၏ အလှမှာ ပိုမို ထွန်းလင်းတောက်ပနေသည်။

ဂလု….

တန်ဟတ်ဂီမှာ မသိလိုက်ဘဲ တံတွေးကို မျိုချမိလိုက်ပြီး အောက်က ရေပြင်ကို ငေးကြည့်လိုက်သည်။

ငါလို လူနဲ့ မတန်တဲ့ မိန်းမသားပဲ။

တန်ဟတ်ဂီက ကိုယ့်ကိုကိုယ် သရော်ပြုံး ပြုံးကာ အရက်ခွက်ကို မော့သောက်လိုက်သည်။ ထိုအချိန်တွင် သူ့ဘေးတွင် လူတစ်ယောက် ရောက်လာသည်ကို ခံစားမိလိုက်သည်။

ဘာလဲဟ….

ဘာမှ မတွေးဘဲ လှည့်ကြည့်လိုက်သည့် တန်ဟတ်ဂီမှာ ကိုင်ထားသော အရက်ခွက်ကိုပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။

န….နမ်ဂန်းဆွန်းလု…

သူ ခိုးကြည့်ရုံသာ ကြည့်နိုင်ခဲ့သည့် နမ်ဂန်းဆွန်းလု၏ မျက်နှာက သူ့အနားသို့ အလွန် နီးကပ်စွာ ရောက်လာသောကြောင့်ပင်။

ဘာလို့... ဘာလို့လဲ...ငါ့ကိုများ...

ဒီလောကကြီးမှာ မဖြစ်နိုင်တာတွေ ဖြစ်တတ်တာ မဟုတ်ဘူးလား။ ဥပမာ ကမ္ဘာ့အလှဆုံး အမျိုးသမီး စာရင်းဝင်တစ်ယောက်က အလတ်စား သိုင်းပညာရှင်တစ်ယောက်ကို ချစ်မိသွားတာမျိုးပေါ့။

တန်ဟတ်ဂီမှာ ရင်ခုန်သံကို အနိုင်နိုင် ဖိနှိပ်ထားပြီး နှုတ်ခမ်းကို စေ့ကာ မေးလိုက်သည်။

"ဘာ….ဘာကိစ္စလဲ နမ်ဂန်း..."

"ဖယ်…."

သူမ၏ အေးစက်သော စကားသံကြောင့် တန်ဟတ်ဂီမှာ ပါးစပ်ကို ပိတ်ကာ လမ်းဖယ်ပေးလိုက်သည်။ ထိုအခါ ကုန်းပတ်အနားသို့ ရောက်လာသော နမ်ဂန်းဆွန်းလုသည် သူတို့လှေဆီသို့ ဖြည်းညင်းစွာ ရောက်လာသော လှေငယ်တစ်စင်းကို တွေ့လိုက်ရသည်။

သေးငယ်သော လှေငယ်ပေါ်တွင် ဝတ်ရုံရှည်ဝတ်ထားသည့် လူတစ်ယောက်နှင့် လှေလှော်သူသာ ပါသည်။

ဘယ်သူလဲ။

နမ်ဂန်းဆွန်းလုသည် အလိုအလျောက် ခါးကို စမ်းလိုက်မိပြီးမှ နှုတ်ခမ်းကို တင်းတင်း ကိုက်လိုက်သည်။ ခါးတွင် ရှိနေရမည့် ဓားမှာ မရှိတော့ပေ။

ထိုအချိန်တွင် လှေငယ်မှာ ပိုမို နီးကပ်လာသည်။ တိုက်မိတော့မည့် အခြေအနေမျိုးတွင်ပင် လှေငယ်မှာ လမ်းကြောင်းမပြောင်းသည့်အတွက် နမ်ဂန်းဆွန်းလုက နောက်သို့ လှည့်ကာ အော်လိုက်သည်။

"အသင့်ပြင်ထား"

သူမ၏ အော်သံကြောင့် အရက်ခွက်ကို ကိုင်ကာ ပျော်ပါးနေကြသည့် မိသားစုကြီးငါးခုမှ လူငယ်များ၏ မျက်ဝန်းများ ပြောင်းလဲသွားသည်။

အပြင်ပန်းတွင် ပျော်ပါးနေသော်လည်း စိတ်ထဲတွင် တိုက်ခိုက်ရန် အမြဲအဆင်သင့် ရှိနေသည့်အတွက် သူတို့၏ လှုပ်ရှားမှုများမှာ စနစ်တကျ ရှိလှသည်။

သူတို့သည် ကုန်းပတ်ကို ဖောက်ခွဲလိုက်ပြီး အောက်တွင် ဝှက်ထားသည့် လက်နက်များကို ထုတ်ယူလိုက်သည်။

ထိုအချိန်တွင် နမ်ဂန်းဆွန်းလု၏ ဓားနှင့်အတူ သူ၏ ဓားကိုပါ ထုတ်ယူထားသော နမ်ဂန်းဆောင်းက ခေါင်းမော့လိုက်သည်။

"ဆွန်းလု ဒီမှာ ဓား..."

နမ်ဂန်းဆောင်း၏ မျက်နှာမှာ တောင့်တင်းသွားသည်။

"ဘာလုပ်နေတာလဲ မြန်မြန် ဓားပေးစမ်း"

နမ်ဂန်းဆွန်းလုက လက်ကို ဆန့်ထုတ်လိုက်သည့်အချိန်တွင် အေးစက်သော ဓားသွားတစ်ခုက သူမ၏ လည်ပင်းကို ထိကပ်သွားသည်။

All Chapters