အခန်း ၃၈
Vol. 4 Ch. 38
အခနိး။ ၃၈
လင်းယုန်တစ်ကောင်သည် သူ၏ ကျယ်ပြန့်သော တောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ကို ဖြတ်သန်းသွားသည်။
သုံးရက်သုံးည နားမနေဘဲ ပျံသန်းလာခဲ့သော လင်းယုန်ငှက် ရောက်ရှိလာသည့် နေရာမှာ ရဲတိုက်ကြီးတစ်ခုကဲ့သို့ ခန့်ညားလှပသော အိမ်တော်ကြီးဖြစ်သည်။
လင်းယုန်မှာ မြင့်မားသော တံတိုင်းများကို ကျော်ဖြတ်ကာ အကျွမ်းတဝင်ရှိသော အမှတ်အသားပါသည့် မျှော်စင်သို့ ရောက်ရှိသွားပြီး ငှက်များသာ ဝင်နိုင်သည့် နမ်ဂုန်းဟူသော စာတန်းပါ အပေါက်ငယ်များထဲမှ တစ်ခုသို့ လျင်မြန်စွာ ဝင်သွားလိုက်သည်။
"နမ်ဂုန်းမိသားစုရဲ့ သတင်းပို့ လင်းယုန် ရောက်လာပြီ"
ထိုအချိန်တွင် နမ်ဂုန်းမိသားစု၏ သတင်းကို စောင့်မျှော်နေသော နဂါးသတင်းပေးဌာနမှ လူများမှာ အလုပ်ရှုပ်သွားကြသည်။ လင်းယုန်ငှက်၏ ညာဘက်ခြေထောက်တွင် ချည်ထားသော ဝါးလုံးအတွင်းမှ စာကို ထုတ်ယူလိုက်ပြီး အတွင်း၌ ထုလုပ်ထားသော နမ်ဂုန်းမိသားစု၏ တံဆိပ်ကို စစ်ဆေးလိုက်သည်။
"အမြန်ဆုံး မဟာမိတ်အဖွဲ့ ခေါင်းဆောင်ဆီ ပို့ပေးလိုက်"
"ဟုတ်ကဲ့"
စာကို အတည်ပြုပြီးနောက် နဂါးသတင်းပေးဌာနမှ လူငယ် သိုင်းသမားတစ်ဦးသည် အရှိန်အဟုန်ဖြင့် လမ်းမကြီးကို ဖြတ်ကျော်သွားသည်။ သူ ရောက်ရှိသွားသည့် နေရာမှာ အကြီးဆုံးနှင့် အမြင့်ဆုံး အဆောက်အဦး တည်ရှိရာ ဖြစ်သည်။
ထိုနေရာမှာ သိုင်းလောက မဟာမိတ်အဖွဲ့၏ အဓိက ခန်းမဖြစ်သော နဂါးပလ္လင်ခန်းမဖြစ်သည်။ ဌာန၏ အဖွဲ့ဝင်ဖြစ်ကြောင်း အမှတ်အသား ပြသကာ ဝင်ရောက်သွားသော လူငယ်သိုင်းသမားမှာ ပလ္လင်ပေါ်တွင် ထိုင်နေသူ၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ စာကို နှစ်လက်ဖြင့် ကမ်းပေးလိုက်သည်။
"နမ်ဂုန်းမိသားစုက ပေးလိုက်တဲ့ စာပါ"
စာကို လက်ခံရရှိသော သတ်လတ်ပိုင်းအရွယ်ရှိ လူကြီးမှာ မီးခိုးရောင်ညိုသော မျက်လုံးများဖြင့် စာကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။
"သူတို့ နောက်ဆုံးတော့ အဆိပ်သင့် အစာကို စားလိုက်ကြပြီပဲ"
နဂါးငါးကောင် ထုလုပ်ထားသည့် သစ်သား ကုလားထိုင်မှ ထလိုက်သော ထိုလူကြီးက ပြောသည်။
"ပြင်ဆင်ထားကြ။ နဂါးနက်ကို ဖမ်းဖို့ အချိန်တန်ပြီ"
ဝူး ဝူး
အရာဝတ္ထုမျိုးစုံတို့သည် တောင်ပံပါသကဲ့သို့ လွင့်ပျံနေကြသည်။ ဤထူးဆန်းသော ဖြစ်ရပ်မှာ ဂျင်ဆိုဟွန်း နမ်ဂုန်းမိသားစုမှ ပြန်ရောက်လာပြီးနောက် စတင် ဖြစ်ပေါ်လာခြင်းပင်။
သခင်လေးက နေ့တိုင်း ထူးဆန်းလာလိုက်တာ။
ဂျင်ဆိုဟွန်း၏ ထူးဆန်းသည့် လုပ်ရပ်များကို မအံ့ဩတော့သော စီးယုမှာ အပြင်ဘက်ကို ငေးကြည့်ရင်း ထိုင်နေသည်။ ဂျင်ဆိုဟွန်း၏ ပျင်းရိမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီး ယခုဆိုလျှင် အိမ်တော်ရှိ သစ်သားကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း လက်တစ်ချောင်းတောင် မလှုပ်တော့ပေ။
ယခုဆိုလျှင် တစ်ခုခု လိုအပ်ပါက လက်ညှိုးကို တစ်ချက် ခတ်လိုက်ရုံဖြင့် အရာဝတ္ထုများမှာ မမြင်ရသော ကြိုးများဖြင့် ဆွဲထားသကဲ့သို့ ပျံသန်းလာပြီး ဂျင်ဆိုဟွန်း၏ လက်ထဲသို့ ရောက်လာတတ်သည်။
"ကောင်းလိုက်တာ"
ဂျင်ဆိုဟွန်းမှာ ကျေနပ်သည့် မျက်နှာဖြင့် ရယ်မောရင်း အရာဝတ္ထုမဲ့ ထိန်းချုပ်မှုဖြင့် ယူထားသော စောင်ကို ခြုံလိုက်သည်။
"စီးယု"
"ရှင်"
"ဦးလေးယူရဲ့ အသီးလေး နည်းနည်းလောက် ယူပေးပါလား"
"တောင်းပန်ပါတယ် ဦးလေးယူရဲ့ အသီးတွေ ကုန်သွားပါပြီ။ မနေ့က စားလိုက်တဲ့ ပန်းသီးက နောက်ဆုံးတစ်ခုပါ"
"ဘာ"
အံ့ဩသွားသော ဂျင်ဆိုဟွန်းမှာ ခေါင်းလှည့်ကာ စီးယုကို ကြည့်လိုက်သည်။
"ဘာလို့လဲ"
"ဦးလေးယူရဲ့ မိသားစုက ပုံမှန် ပို့ပေးနေကျ အသီးတွေကို ဓားပြတွေက လုယူသွားလို့တဲ့။ ဒီရက်ပိုင်း ရှန်စီပြည်နယ်မှာ ဓားပြတွေ အရမ်းများနေလို့ပါ"
"ဓားပြတွေ ရှိနေရင် နှိမ်နင်းလိုက်ရမှာပေါ့"
"အဲဒါမှာ ပြဿနာ နည်းနည်း ရှိနေလို့ပါ"
စီးယုမှာ ရှန်စီပြည်နယ်တွင် ပျံ့နှံ့နေသော ဓားပြများအကြောင်းကို အကျဉ်းချုံး ရှင်းပြသည်။
"အဲဒီ ဓားပြဆိုးတွေ"
ရှင်းပြချက် အစအဆုံး ကြားလိုက်ရသော ဂျင်ဆိုဟွန်းမှာ ဓားပြများကို ဒေါသထွက်မိသော်လည်း ကိုယ်တိုင်တော့ လှုပ်ရှားဖို့ စိတ်မကူးပေ။ အမြဲလုပ်နေကျအတိုင်း ဂျင်ဆူမောက်က သိုင်းသမားများကို ငှားရမ်းကာ ရှင်းပေးလိမ့်မည်ဟုသာ တွေးထားသည်။
"ခဏလောက်တော့ ဦးလေးယူရဲ့ ပန်းသီးတွေကို မစားရတော့ဘူးပေါ့"
"အဲဒီလို ဖြစ်မယ် ထင်ပါတယ်"
စကားပြောပြီးနောက် ကြမ်းပြင်ပေါ်တွင် ဆန့်ငင်ဆန့်ငင် လုပ်နေသည့် ဂျင်ဆိုဟွန်းထံသို့ မူယုံံဟူ ရောက်လာသည်။
"ဦးလေးမူ"
ဂျင်ဆိုဟွန်းက ခေါင်းလှည့်ကြည့်လိုက်သောအခါ မူယုံံဟူက အနည်းငယ် ပြုံးပြသည်။
"ငါလာတာ သိနေတာလား"
"ခြေသံက ဦးလေးမူရဲ့ ခြေသံအတိုင်းပဲလေ"
ငါ့ရဲ့ ခြေလှမ်းကို ဖတ်လိုက်တာလား။
မူယုံံဟူမှာ အံ့အားသင့်သွားသည်။
ဆရာကန်ဆီကနေ ခြေလှမ်းပညာ သင်ထားလို့လား တခြားအရာတွေတော့ မသိဘူး ဒါပေမဲ့ သူ့ရဲ့ ရွေ့လျားမှု ပညာကတော့ တကယ့်ကို ထူးချွန်တာပဲ။
မူယုံံဟူမှာ ဂျင်ဆိုဟွန်း၏ သူကိုယ်တိုင်ပင် အံ့အားသင့်ရလောက်အောင် လှည့်စားနိုင်သည့် ရွေ့လျားမှု ပညာကြောင့် အကြိမ်ကြိမ် အံ့ဩခဲ့ရသည်။
ဂျင်ဆိုဟွန်း ကိုယ်တိုင် ထုတ်မပြသရွေ့ သူ့ကို ရှာမတွေ့နိုင်အောင် ဆိုးရွားလှသည့် အခြေအနေမျိုးပင်။
"မိသားစုခေါင်းဆောင်က သခင်လေးကို တွေ့ချင်နေတယ်"
"ကျွန်တော့်ကိုလား"
ဂျင်ဆိုဟွန်းမှာ မျက်တောင် ခတ်လိုက်သောအခါ မူယုံံဟူက ခေါင်းညိတ်သည်။
"ဟုတ်တယ်။ အတူသွားရအောင်"
"ထူးဆန်းလိုက်တာ... အဖေက ကျွန်တော့်ကို ရှာစရာ အကြောင်းမှ မရှိတာ"
စိုးရိမ်သော်လည်း ဂျင်ဆိုဟွန်းတွင် ယုံကြည်ရာ တစ်ခု ရှိသည်။ ဂျင်ဆိုဟွန်းမှာ အသင့်ပြင်ကာ မူယုံံဟူနှင့်အတူ ဂျင်ဆူမောက်ထံ သွားရောက်ခဲ့သည်။
"ကျွန်တော့်ကို ခေါ်လိုက်တာလား"
"လာခဲ့ပြီပေါ့"
ဂျင်ဆူမောက်၏ ရုံးခန်းသို့ ရောက်လာသည့် ဂျင်ဆိုဟွန်းက အလွတ်ထိုင်ခုံတွင် ထိုင်ကာ မေးလိုက်သည်။
"ဘာကိစ္စများ ရှိလို့လဲ..."
"ရှန်စီပြည်နယ်မှာ ဓားပြတွေ ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်း ကြားမိလား"
"စီးယုဆီက အခုပဲ ကြားတယ်။ ဦးလေးယူရဲ့ မိသားစုက ပို့တဲ့ အသီးတွေကို လုသွားတယ်တဲ့"
"ဟုတ်တယ်။ မင်း သိတယ်ဆိုရင်တော့ ပြောရတာ မြန်သွားတာပေါ့"
"ဟုတ်..."
ဂျင်ဆိုဟွန်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။
"ဘ…ဘာကိစ္စလဲ"
"ငါတို့ စုံစမ်းချက်အရ ပေါ်လာတဲ့ ဓားပြတွေရဲ့ အရွယ်အစားက အရမ်း သေးငယ်တယ်။ ဒါပေမဲ့ ရှန်စီပြည်နယ် တစ်ခုလုံးမှာ လှုပ်ရှားနေတာကို ကြည့်ရင် တစ်ခုလုံးရဲ့ ပမာဏက အတော်လေး ကြီးမားတယ်။ သူတို့ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ မသိသရွေ့ ရှန်စီရဲ့ ကုန်သွယ်ရေးအခွင့်အရေးတွေက ခြိမ်းခြောက်ခံနေရဦးမှာပဲ။ အဲဒီလို ဖြစ်လာရင်... ငါတို့ ဒေဝါလီခံရလိမ့်မယ်"
"မိသားစုက ဒေဝါလီခံရမယ်"
ထိုအရာက ဂျင်ဆိုဟွန်း၏ အနာဂတ် အစီအစဉ်တွင် မပါဝင်ပေ။ တစ်သက်လုံး ပျင်းရိစွာ စားအိပ်နေရန် ဂျင်မိသားစု၏ ချမ်းသာကြွယ်ဝသော အိမ်တော် လိုအပ်သဖြင့် ဂျင်ဆိုဟွန်းမှာ ယခင်ကထက် ပိုမို တည်ကြည်သွားသည်။
"ဒါဆိုရင် သိုင်းသမားတွေကို အခုပဲ ငှားပြီး ဓားပြတွေကို နှိမ်နင်းကြရအောင်"
"ငါလည်း အဲဒီလို လုပ်ချင်တာပေါ့။ ဒါပေမဲ့ ပြဿနာက သူတို့က အုပ်စုငယ်လေးတွေနဲ့ လှုပ်ရှားနေတာ။ နည်းနည်းလေးတောင် အသာစီးမရရင် ချက်ချင်း လက်နက်ချပြီး အာဏာပိုင်တွေဆီ အဖမ်းခံကြတယ်။ လူမသတ်ကြသလို ကုန်သည်အဖွဲ့ငယ်လေးတွေရဲ့ ပစ္စည်းတွေကိုပဲ ခိုးယူကြတော့ သူခိုးအသေးစားအဖြစ်ပဲ အရေးယူနိုင်တာလေ"
သူခိုးအသေးစားများကို အရေးယူသည့် ပြစ်ဒဏ်မှာ မျှော်လင့်ထားသည်ထက် ပိုမိုပေါ့လျော့နေသဖြင့် ထိုဓားပြများမှာ အာဏာပိုင်များကို မကြောက်ကြပေ။
"ဒါကြောင့် မင်း နားလည်လား အဲဒီကောင်တွေကို ရပ်တန့်ဖို့ဆိုရင် သူတို့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို ငါတို့ ရှာဖွေရမယ်"
"အာ... နားလည်ပါပြီ"
"ဒါပေမဲ့ ဒီကိစ္စအတွက် သူတို့မမြင်ဖူးတဲ့သူ တစ်ချိန်တည်းမှာပဲ ဘယ်လိုအန္တရာယ်ကနေမဆို လွတ်မြောက်နိုင်တဲ့သူ လိုအပ်တယ်"
ဂျင်ဆူမောက်က သူ့ကို စိုက်ကြည့်နေသောအခါ ဂျင်ဆိုဟွန်းမှာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ငါ အလိမ်ခံလိုက်ရပြီ အဲဒီလိမ်ညာတဲ့သူ…
နမ်ဂုန်းမူယော့၏ လှည့်စားခြင်းကို ခံလိုက်ရမှန်း ဂျင်ဆိုဟွန်းမှာ ယခုမှပင် သဘောပေါက်သွားသည်။ မဟုတ်လျှင် ဂျင်ဆူမောက်က သူ့ကို လူသိရှင်ကြား အသုံးချရန် ကြိုးစားစရာ အကြောင်းမရှိပေ။
"အဖေက ကျွန်တော့်ကို ကုန်သည်တစ်ယောက်အဖြစ် အသွင်ယူပြီး ဓားပြတွေနောက်ကွယ်က သူတွေကို ရှာခိုင်းတာလား"
"ဟုတ်တယ်။ မှန်တယ်။ ဂျင်မိသားစုရဲ့ သားဦးတစ်ယောက်အနေနဲ့ မိသားစု ဒေဝါလီခံရမယ့်အရေးကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူးမလား"
"...ဟူး"
တကယ်တမ်းတွင် အလွန်မုန်းတီးပြီး အလုပ်ရှုပ်သည့်ကိစ္စဖြစ်သော်လည်း ဂျင်ဆိုဟွန်းတွင် မည်သို့မျှ ငြင်းဆန်နိုင်စွမ်း မရှိဘဲ မလိုလားစွာပင် ခေါင်းညိတ်လိုက်ရသည်။
"ဒါပေမဲ့ ဒီကိစ္စကို ကောင်းကောင်း ဖြေရှင်းပေးရင် ကျွန်တော့်ကို ခဏလောက် လွတ်လပ်ခွင့်ပေးမယ်လို့ ကတိပေးပါ"
"သေချာတာပေါ့ အဖေ ကတိပေးတယ်"
"ဟူး... ဘာဆက်လုပ်ရမလဲ"
"လှည့်လည်ရောင်းချသူအဖြစ် အသွင်ယူပြီး ဓားပြတွေနဲ့ ထိပ်တိုက်တွေ့အောင် လုပ်ပါ။ ကျန်တာကိုတော့ ယုံဟူက တာဝန်ယူလိမ့်မယ်"
"နားလည်ပါပြီ"
ဂျင်မိသားစု၏ အစောင့်တပ်ဖွဲ့ခေါင်းဆောင် မူယုံံဟူက သူနှင့်အတူ လိုက်ပါမည် ဖြစ်သဖြင့် ဂျင်ဆိုဟွန်းမှာ တာဝန်ကို ဝမ်းမြောက်စွာ လက်ခံကာ ရုံးခန်းမှ ထွက်သွားခဲ့သည်။
ယူဆောဟွန်းမှာ စိတ်မပျော့သွားစေရန် နောက်မှ ခိုးကြည့်နေရင်း စိုးရိမ်သော မျက်နှာဖြင့် ချဉ်းကပ်လာသည်။
"ယောကျာ်းရေ။ ဆိုဟွန်း အန္တရာယ် မဖြစ်နိုင်ဘူးလား"
"စိတ်မပူပါနဲ့။ ဒါက ဆိုဟွန်းကို လေကောင်းလေသန့် ရှူစေချင်ရုံသက်သက်ပါ။ ယုံဟူလည်း ပါသွားတာဆိုတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး"
"ဟုတ်ကဲ့"
တကယ်တော့ ဂျင်ဆိုဟွန်းကို ပေးအပ်လိုက်သော ဤမစ်ရှင်မှာ အတုအယောင်သာ ဖြစ်သည်။ နမ်ဂုန်းမူယော့၏ အကြံဉာဏ်အတိုင်း ဂျင်ဆိုဟွန်းကို အပြင်လေ ရှူစေရန်အတွက် သူအပြင်ထွက်ဖို့ အကြောင်းပြချက်တစ်ခု ဖန်တီးပေးရခြင်းပင်။ ဂျင်ဆူမောက်မှာ ဓားပြများကို အသုံးချကာ ဂျင်ဆိုဟွန်းကို အပြင်သို့ ထွက်သွားစေရန် စီစဉ်ခဲ့သည်။
ဓားပြများနှင့် ထိပ်တိုက်တွေ့နိုင်သဖြင့် အန္တရာယ် ရှိနိုင်သော်လည်း ဓားပြအဖွဲ့မှာ သေးငယ်ပြီး မူယုံံဟူ လိုက်ပါသွားမည် ဖြစ်သဖြင့် ဘေးအန္တရာယ် မရှိနိုင်ပေ။
"ဒါက လမ်းလျှောက်တာလောက်ပါပဲ။ လမ်းလျှောက်တာ"
ချေမှုန်းခြင်းစီမံချက်ကို အကောင်အထည်ဖော်ပြီးနောက် ဓားပြများအား ဆွဲဆောင်သည့် စီမံချက်တွင် တာဝန်ပေးခံရသော ဂျင်ဆိုဟွန်းမှာ ကုန်သည်အဖြစ် အသွင်ယူထားသည့် စီးယုကို ကြည့်လိုက်သည်။
စီးယုမှာ မကျေမနပ် မျက်နှာထားဖြင့် ဂျင်ဆိုဟွန်းကို ကြည့်နေသည်။
"ကျွန်မလို အစေခံမလေးက ဘာများ လုပ်နိုင်မှာမို့လို့လဲ..."
"သစ္စာရှိတဲ့ အစေခံတစ်ယောက်ဆိုရင် သခင်လေး ဘယ်သွားသွား လိုက်ပါရမှာပေါ့"
"ဟွန့်"
ဝမ်းနည်းသော မျက်နှာဖြင့် စီးယုမှာ သူမ၏ အဝတ်အစားကို ကိုင်တွယ်ရင်း မေးလိုက်သည်။
"ဒါဆိုရင် ကျွန်မက သခင်လေးရဲ့ ညီမအဖြစ် သတ်မှတ်ထားတာလား"
"ဟုတ်တယ်"
"ဒါဆို ကျွန်မက သခင်လေးကို အစ်ကိုလို့ ခေါ်ရမှာလား"
"ဟုတ်တယ်"
သူမ ပြုစုစောင့်ရှောက်ခဲ့ရသည့် သခင်လေးကို အစ်ကိုဟု ခေါ်ရမည်မှာ စီးယုအတွက် အကြောင်းရင်းမရှိဘဲ ရှက်ရွံ့စရာ ဖြစ်နေကာ ပါးစပ်မှ ထွက်လာရန်ပင် ခက်ခဲနေသည်။
"အအစ်..."
"အဆင်သင့် ဖြစ်ပြီလား"
စီးယု စကားမဆုံးခင်မှာပင် မူယုံံဟူ ပေါ်လာသည်။ ကုန်သည်များအဖြစ် အသွင်ယူထားသော ဂျင်ဆိုဟွန်းနှင့် စီးယုအပြင် သူတို့နှင့်အတူ လိုက်ပါမည့် ကုန်သည်တစ်ယောက်ကို ကြည့်လိုက်သည်။ အသက် ၄၀ ကျော်အရွယ် ထိုလူကြီးမှာ ဂျင်ဆိုဟွန်းနှင့် စီးယုတို့၏ အဖေအဖြစ် သတ်မှတ်ကာ လိုက်ပါရန် စီစဉ်ထားခြင်းပင်။
မမေ့ပါနဲ့။ ဒါက သခင်လေးကို လေကောင်းလေသန့် ရှူစေဖို့အတွက်ပဲ ဖြစ်တာမို့ ဘေးအန္တရာယ် မရှိပါဘူး။
မူယုံံဟူ၏ စိတ်ချင်းဆက်သွယ်စကားကြောင့် ထိုကုန်သည်မှာ ကြောက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် သခင်လေးကို အနီးကပ် စောင့်ရှောက်ပေးပါ့မယ်။ စိတ်မပူပါနဲ့"
"အဝေးကြီး မသွားရဘူးနော်"
စီးယုက မူယုံံဟူ၏ လက်စွပ်ကို ဆွဲကိုင်ကာ တောင်းဆို လိုက်သည်။
"စိတ်မပူပါနဲ့။ သခင်လေး ဘေးအန္တရာယ် မဖြစ်စေရဘူး"
"ဒါဆိုရင် ကျွန်မကော"
"မင်းက သခင်လေးနဲ့ တစ်သားတည်းပါ။ သခင်လေးဘေးက မခွာသရွေ့ ဘေးအန္တရာယ် မရှိပါဘူး"
"အာ ဟုတ်ကဲ့"
"ဒါဆိုရင် ထွက်ကြစို့"
ကုန်သည်များအဖြစ် အသွင်ယူထားသော ဂျင်ဆိုဟွန်း၊ စီးယုနှင့် အသက်လတ်ပိုင်း လူကြီးတို့မှာ ပစ္စည်းများ တင်ထားသည့် လှည်းပေါ်သို့ တက်လိုက်ကြသည်။
သူတို့မှာ အိမ်တော်မှ ထွက်ခွာကာ ရှန်စီပြည်နယ်၏ တောင်ဘက်ပိုင်း၊ လမ်းမကြီးတစ်လျှောက် လှည့်လည်ရန် စီစဉ်ထားသည်။ ထိုအချိန်တွင် မူယုံံဟူမှာ လှည်းနှင့် ပေ ၃၀ ခန့် အကွာမှနေ၍ ကိုယ့်ကိုကိုယ် ဖုံးကွယ်ကာ လိုက်ပါသွားသည်။
"ဝါး ဒီနေ့ ရာသီဥတု အရမ်းသာယာတာပဲ အစ်... အစ်ကို"
"အေးပေါ့"
စီးယုမှာ ရှက်ရွံ့စွာဖြင့် ပါးပြင်များ နီရဲနေချိန်တွင် ဂျင်ဆိုဟွန်းမှာ လှည်းစွန်းတွင် ထိုင်ရင်း သမ်းဝေလိုက်သည်။ အမှန်ဆိုလျှင် ကုတင်ပေါ်တွင် လဲလျောင်းကာ ပျင်းရိနေရမည့် အချိန်ဖြစ်သည်။
"စီးယု"
"ရှင်"
"ငါ ခဏလောက် အိပ်လိုက်ဦးမယ်။ တစ်ခုခု ဖြစ်လာရင် နှိုးလိုက်နော်"
"ဟုတ်ကဲ့။ အစ်... အစ်ကို"
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည့် စီးယုကို နောက်မှာထားခဲ့ကာ ဂျင်ဆိုဟွန်းမှာ လှည်းပေါ်တွင် လဲလျောင်းရင်း အိပ်ပျော်ရန် ကြိုးစားလိုက်သည်။
တိုက်ခတ်နေသည့် လေပြေမှာ လန်းဆန်းစေပြီး နေရောင်ခြည်မှာ နွေးထွေးနေသဖြင့် အိပ်ငိုက်ခြင်းက တဖြည်းဖြည်း ရောက်ရှိလာသည်။
သို့သော် ဂျင်ဆိုဟွန်း၏ ချိုမြိန်သော တစ်ရေးတစ်မော အိပ်စက်ခြင်းမှာ ကြာရှည်မခံပေ။
"အစ်... အစ်ကို အစ်ကို ထပါဦး"
စီးယု၏ အရေးပေါ် ခေါ်သံကြောင့် နိုးလာသော ဂျင်ဆိုဟွန်းမှာ လှည်းပေါ်မှ ခေါင်းထုတ်ကြည့်လိုက်သည်။
"ဟင်"
သူ့ကို ဝိုင်းရံထားသော ဓားပြအုပ်စုကို ကြည့်ပြီး ဂျင်ဆိုဟွန်းမှာ အံ့ဩတုန်လှုပ်သွားသည်။ တစ်ချက်ကြည့်ရုံဖြင့် ဓားပြပေါင်း ၂၀ ကျော် ရှိမည်ဖြစ်ပြီး သူတို့အားလုံးမှာ ကြမ်းတမ်းသော မျက်နှာထားများနှင့် လက်ထဲတွင် ဓားကြီးများ သို့မဟုတ် ကောက်နေသော ဓားများကို ကိုင်ဆောင်ထားကြသည်။
"ဘာ... ဘာလုပ်ကြမလဲ"
"လူတွေ အများကြီးပဲ"
ဂျင်ဆိုဟွန်းက ခေါင်းကုတ်ကာ လှည်းပေါ်မှ ဆင်းလိုက်သောအခါ ဓားပြခေါင်းဆောင်ဟု ထင်ရသူက သူ့၏ အဝါရောင် သွားများကို ဖြဲ၍ ပြုံးလိုက်သည်။
"ဟေ့ကောင်"
"အ….အလိုရှိတာ ရှိရင် ကျွန်တော်တို့ အကုန်ပေးပါ့မယ်"
ကုန်သည်က ကိုယ်ကိုကိုင်းညွတ်၍ လှည်းပေါ်ရှိ ပစ္စည်းအားလုံးကို ပေးမည်ဟု ပြောသောအခါ ခေါင်းဆောင်က တခစ်ခစ် ရယ်မောသည်။
"အဲဒါကတော့ ပေးရမှာပေါ့။ မင်း... မင်းကတော့ အသုံးဝင်မယ့်ပုံပဲ"
ခေါင်းဆောင်က ဂျင်ဆိုဟွန်းထံ ချဉ်းကပ်လာပြီး သူ့ကို အပေါ်အောက် ကြည့်လိုက်သည်။
"ရှန်စီမှာ ဒီလောက် ချောမောတဲ့သူမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။ မင်း တကယ် ကုန်သည်လား"
"ဟုတ်တယ်။ ကျွန်တော် ကုန်သည်ပါ"
ဂျင်ဆိုဟွန်းက အလွန်အမင်း ယုံကြည်မှုရှိစွာ ဖြေသည်။
"ခီခီ ငါ့နောက်ကို လိုက်ခဲ့။ ဒီနေရာမှာ မသေချင်ရင်ပေါ့"
"မ…မင်းတို့ ငါ့သားကို ဘာလုပ်မလို့လဲ"
သက်လတ်ပိုင်း လူကြီးက ခေါင်းဆောင်ကို တားဆီးရန် ကြိုးစားသောအခါ ခေါင်းဆောင်က သူကိုင်ထားသော ဓားကြီးကို မြှောက်လိုက်သည်။
"အဖေ ရပ်လိုက်ပါ"
အသက်လတ်ပိုင်း လူကြီးကို တားလိုက်သော ဂျင်ဆိုဟွန်းက ခေါင်းဆောင်ကို ပြောသည်။
"ကျွန်တော် လိုက်ခဲ့ပါ့မယ်။ ဒါကြောင့် ကျွန်တော့် မိသားစုကိုတော့ ချမ်းသာပေးလိုက်ပါ"
"ကောင်းပြီ။ မင်းလည်း လိုက်ခဲ့"
"ကျွန်မရောလား"
"ညီမလေးကိုတော့ ဘာမှ မလုပ်နဲ့"
ဂျင်ဆိုဟွန်း ရှေ့တိုးရန် ပြင်သောအခါ ခေါင်းဆောင်က သူ့လည်ပင်းကို ဓားဖြင့် ထောက်လိုက်သည်။
"ငါ့ကို နှစ်ခါ ပြောခိုင်းမနေနဲ့"
စီးယုမှာ တုန်လှုပ်စွာဖြင့် ဂျင်ဆိုဟွန်း၏ ဘေးနားသို့ ကပ်လိုက်သည်။
"ကျွန်….ကျွန်မ လိုက်ပါ့မယ်။ လိုက်ခဲ့ပါ့မယ်။ ဒါကြောင့် ကျွန်မ အစ်ကို့ကို မသတ်ပါနဲ့"
"ခီခီ ချစ်ဖို့ကောင်းတဲ့ မောင်နှမတွေပဲ။ ငါ့နောက်ကို လိုက်ခဲ့။ ဒါဆို မင်းတို့ မသေရဘူး"
ဓားပြများက လှည်းကို ရွှေ့နေချိန်တွင် ခေါင်းဆောင်က သက်လတ်ပိုင်း လူကြီး၏ လည်ပင်းကို ဓားဖြင့် ထောက်ကာ ပြောသည်။
"ဒီကိစ္စကို အာဏာပိုင်တွေကို သွားတိုင်မယ်ဆိုရင် မင်းရဲ့ ကလေးတွေရဲ့ အလောင်းကိုပဲ မြင်ရလိမ့်မယ်။ ငါပြောတာကို သေချာ မှတ်ထားတာ ကောင်းမယ်"
"ဒါပေမဲ့..."
"ငါ့ကို နှစ်ခါ ပြောခိုင်းမနေနဲ့"
"..."
ဓားပြများက ဂျင်ဆိုဟွန်း၊ စီးယုနှင့် လှည်းကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ တက်သွားကြသောအခါ တစ်ယောက်တည်း ကျန်ခဲ့သော သက်လတ်ပိုင်း လူကြီးမှာ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်သည်။
မူယုံံဟူမှာ ထိုနေရာတွင် ရပ်နေသည်။
"ဘာလုပ်ကြမလဲ သခင်လေးနဲ့ အစေခံမလေး အဖမ်းခံလိုက်ရပြီ"
"ငါ သိတယ်"
မူယုံံဟူမှာ ဓားပြများ ပျောက်ကွယ်သွားသည့် တောင်တန်းဘက်ကို ရှုပ်ထွေးသော မျက်နှာဖြင့် ငေးကြည့်နေသည်။
သခင်လေး ဂျင်။
ဓားပြများ ပေါ်လာချိန်တွင် မူယုံံဟူမှာ ဂျင်ဆိုဟွန်းကို ကာကွယ်ရန် အမြန်ဆုံး သွားရန် ပြင်ဆင်ထားသည်။ သို့သော် ဓားပြအင်အားမှာ အတော်လေး များပြားနေပြီး အရေးအကြီးဆုံးမှာ သူ့ကို ကြည့်လိုက်သည့် ဂျင်ဆိုဟွန်းက ခေါင်းခါပြကာ မူယုံံဟူကို မလှုပ်ရှားရန် တားဆီးခဲ့သည်။
သခင်လေး ဂျင် ဘာတွေ တွေးနေတာလဲ...
သူသည် ဂျင်ဆိုဟွန်း၏ ရည်ရွယ်ချက်ကို မသိနိုင်သော်လည်း လက်ရှိတွင်တော့ တောင်ပေါ်သို့ တက်သွားသော ဓားပြများကို လိုက်ရုံမှတစ်ပါး အခြားမရှိပေ။
"မိသားစုအိမ်တော်ကို ပြန်သွားပြီး အခြေအနေကို ရှင်းပြပြီးတော့ အကူအညီ တောင်းပါ"
"ဟ…ဟုတ်ကဲ့ နားလည်ပါပြီ"
သက်လတ်ပိုင်း လူကြီးမှာ ဂျင်မိသားစုထံသို့ ပြေးသွားသောအခါ မူယုံံဟူက သူ့ခြေဖျားတွင် အားသွင်းလိုက်သည်။
သခင်လေး ဂျင်က မစဉ်းစားဘဲ ဒီလို လုပ်မယ့်သူ မဟုတ်ဘူး။ အခုလောလောဆယ်တော့ သူတို့နောက်ကို တိတ်တိတ်ကလေး လိုက်သွားရုံပဲ ရှိတော့တယ်။
မူယုံံဟူ၏ ပုံရိပ်မှာ တောင်ပေါ်သို့ လျှို့ဝှက်စွာ စုပ်ယူသွားသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။