← Chapters

နတ်ဆိုးစိတ်

Vol. 012 Ch. 590

နတ်ဆိုးစိတ်

Vol. 012 Ch. 590

သည်အခိုက်၌ ဝမ်လင်းက ပြိုကျခြင်းတိုက်ပွဲဆန္ဒဆယ်ခုမှ ယုံကြည်မှုကို ခံစားမိလိုက်သည်။ သည်ယုံကြည်မှုက သွေးများနှင့် ပြည့်နေသောတိုက်ပွဲ၌ အမြဲအနိုင်ရရမည်ဆိုသည့် ယုံကြည်မှုမှ လာသည့် ယုံကြည်မှု မည်သည်။ သည်ယုံကြည်မှုက သည်နည်းစနစ်ကြောင့် လူတိုင်းက သေဆုံးရမည် သို့မဟုတ် အနိုင်ခံရမည် ဆိုသည့် စိတ်ဆန္ဒမှ ဖြစ်တည်လာခြင်းပင်။

သည်ယုံကြည်မှုက ဝမ်လင်း စိတ်ကူးထားနိုင်သည်ထက် များစွာပိုလေသည်။ ဝမ်လင်းခန္ဓာကိုယ်က လေးခုမြောက်ပြိုကျမှုစွမ်းအားကို တောင့်ခံနိုင်စဉ်အတွင်း သူ့စိတ်ဝိညာဉ်က လေးခုမြောက်ပြိုကျမှုအားအတွင်း ရှိသည့် ယုံကြည်မှုသက်ရောက်မှုကို ခံစားနေရ၏။

“ဆယ်ခုပြိုကျမှုက ပုံမှန်အားဖြင့် ဆယ်ကြိမ်က အကန့်အသတ်ဖြစ်တယ်။ ဒါပေမဲ့ ဒီနည်းစနစ်က ဆယ့်တစ်ယောက်ကြိမ်မြောက် ပြိုကျမှုအား ရှိသေးတယ်။ငါ့အပေါ် ဘယ်တောင်ပံဗိုလ်ချုပ် အသုံးပြုတဲ့ နည်းစနစ်က ငါ့ကို ဖိနှိပ်နိုင်ဖို့၊ ငါ့ယုံကြည်ချက်ကို စုပ်ယူနိုင်ဖို့၊ ဒါ့ကြောင့် ဒီနည်းစနစ်ရဲ့ စွမ်းအားက တိုးလာရတာပဲ…”

“ဆယ်ခုပြိုကျမှုတိုက်ပွဲဆန္ဒက အရမ်းအားကောင်းနေတဲ့ ဒီနည်းစနစ်ထဲမှာပါတဲ့ ယုံကြည်မှုကြောင့်ပဲ။ သူက ဒီနည်းစနစ်နဲ့ လူတွေကို ပိုသတ်၊ပို အနိုင်ယူနိုင်ရင် ဒီယုံကြည်မှုကလည်း ပိုအားကောင်းလာလိမ့်မယ်…”

ဝမ်လင်းစိတ်ထဲ၌ မခံချင်ဖြစ်မှုက အလိုလို ပေါ်လာခဲ့သည်။ သို့ရာတွင် သည်ခံစားချက်က စတင် ထွက်ပေါ်လာသည်နှင့် ဝမ်လင်း၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်က ပြင်းထန်သောအားကြောင့် နောက်သွင့်လွင့်ထွက်သွားကာ မြေပြင်ထက် ပေတစ်ထောင်အကွာထိပါ ရောက်ရှိသွားသည်။ သူက မြေပေါ်သို့ ပြုတ်ကျကျခြင်း မြေကြီးကို လက်သည်းဖြင့် ကုတ်ခြစ်ကာ အရှိန်သပ်ရသည်။ သူက ပေတစ်ရာလောက်နောက်သို့ ထပ်ဆုတ်သွားပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်နိုင်လိုက်၏။

သည်အခိုက်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နှဖူးပေါ်မှ ဖြစ်ပေါ်သည့် သင်္ကေတနှင့်ဖုံးလွှမ်းထားသည်။ သည်သင်္ကေတက ချက်ခြင်း ပြိုကျကာ လေးခုမြောက်အားကို တောင်ခံပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ခုချိန်၌ သူ့နှဖူးထက်၌ သင်္တေတတစ်ဝက်သာ ကျန်နော့သည်။ ၎င်းသင်္ကေတထံမှ ဖျော့တော့သော မီးခိုးရောင်အလင်းကို ထုတ်လွှတ်နေသည်။

ခုချိန်၌ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်မှ ဖြစ်ပေါ်သည့် အသက်ဓာတ်အားချိပ်တံဆိပ်က တစ်ဝက်သာကျန်ရစ်တော့သည်။

ဘယ်တောင်ပံဗိုလ်ချုပ်၏ မျက်လုံးထဲရှိ ရွှေရောင်အလင်းက ပျောက်ကွယ်သွားကာ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းလို စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တစ်ယောက်အတွက် လေးခုမြောက်ပြိုကျမှုအားက ရင်ဆိုဖို့ အရမ်းခက်ခဲတယ်။ မင်းက လက်လျော့သင့်တယ်။ တပ်မှူးခေါင်းဆောင်အဖြစ်ရဖို့ မင်းအတွက် မဖြစ်နိုင်ဘူး။ မင်းက ဒီရာထူးကို မရနိုင်ဘူး။ မင်းအတွက် အကြီးအကဲ ရာထူးပဲ သင့်တယ်…”

ဝမ်လင်းမျက်လုံးက တဖျပ်ဖျပ်တောက်ပနေသည်။ ဆယ်ခုပြိုကျမှုထဲ၌ ပါဝင်သည့် လက်သီးဆန္ဒက ဗိုလ်ချုပ်တစ်ယောက် စိတ်ဝိညာဉ်၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။ ကျင့်ကြံသူတစ်ယောက်အတွက်တော့ သည်အရာက လူတစ်ယောက်၏ တာအိုနှလုံးသားကို မွန်းမံခြင်း ဖြစ်သည်။ တာအိုနှလုံးသားက မူလစိတ်ဝိညာည်နှင့် ပေါင်းစပ်ထား၏။ထို့အတွက် မူလစိတ်ဝိညာဉ်က အဆင့်ဆင့်တိုးတက်နိုင်သည်။ သည့်နောက် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ ယုံကြည်မှုတစ်ခု ရှိလာမည်။ သည်ယုံကြည်မှုက သန်မာလွန်းကာ ကောင်းကင်နှင့်မြေကြီးကိုပင် ပြောင်းလဲနိုင်မည် ဖြစ်သည်။

သည်အရာကပင် ယုံကြည်မှုမန္တန် မည်သည်။

“ယုံကြည်မှုမန္တန်…”ဝမ်လင်းက ဖြည်းဖြည်းချင်း ခေါင်းမော့ကာ ဘယ်တောင်ပံဗိုလ်ချုပ်ကို ကြည့်သည်။ သူအကြည့်က ဉာဏ်ပညာနှင့်ဉာဏ်အလင်းတို့ ပါဝင်နေသည့် အကြည့်မျိုး ဖြစ်သည်။

ဝမ်လင်းအကြည့်က တဖြည်းဖြည်းချင်း ပိုပိုတောက်ပလာ၏။ သူက လက်ကိုနောက်တစ်ကြိမ်မြှောက်ကာ နတ်ဆိုးလက်ချောင်းကို ထပ်မံအသုံးပြုသည်။ သည်လက်ချောင်းနည်းစနစ်က နဂိုအသုံးပြုသည့် နည်းစနစ်နှင့် တူညီသောလှုပ်ရှားမှု တူညီသောမန္တန်ပင်။သို့သော် ဝမ်လင်း ခုတစ်ကြိမ်ထပ်မံအသုံးပြုလိုက်သည့်အခါ ၎င်းမန္တန်က လုံးဝမတူညီတော့ချေ။

ဗိုလ်ချုပ်၏ အမြင်တွင်တော့ ဝမ်လင်း၏လှုပ်ရှားမှုက ကွဲပြားသွားခဲ့လေပြီ။ သူ့မျက်လုံးထဲ၌ ရှိအလင်းကလည်း အရင်ထက်ပင် ပိုတောက်ပလာခဲ့သည်။

“ဒါက…” ဘယ်တောင်ပံဗိုက်ချုပ်က ကွာခြားမှုကို ချက်ခြင်းသတိပြုမိသွားပြီး သူက သေချာအာရုံမစိုက်ဘဲ မနေနိုင် ဖြစ်သွား၏။

အကွာအဝေးတစ်ခုတွင် ရပ်နေသော ယောင်ရှင်းရွယ်ကလည်း ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူမ စိတ်ထဲ၌ မုန်တိုင်းထန်နေသည်။သူမက သူမအဖေစကားကို ပြန်အမှတ်ရလိုက်သည်။

သူမအဖေ၊ သွေးဘိုးဘေးက ဝမ်လင်းအပေါ် အတော်လေး စိတ်ဝင်စားမှု ရှိသူ ဖြစ်သည်။

ဝမ်လင်းခန္ဓာကိုယ်မှ နတ်ဆိုးအော်ရာတစ်ခု ထွက်ပေါ်လာပြီးနောက် ဖျော့တော့သော သုံးပေခန့်ရှိသည့် အနက်ရောင်မြူတစ်ခုက သူ့ပတ်လည်၌ ဖြစ်ပေါ်လာ၏။ သည်အနက်ရောင်မြူထဲ၌ ဝမ်လင်းမျက်လုံးက တဖြည်းဖြည်းချင်း သုန်မှုန်လာခဲ့သည်။

သည်သုန်မှုန်မှုထြ၌ အေးစက်မှုတို့ ပြည့်နေကာ နတ်ဆိုးသဘာဝဆန်လွန်းနေတော့၏။

“ယုံကြည်မှု မန္တန်…ငါ အသုံးပြုခဲတဲ့ မန္တန်တွေက အပေါ်ယံအကာပဲ။ဘာကြောင့်လဲဆိုတော့ ယုံကြည်မှု မရှိလို့။ ဒါ့ကြောင့် ငါက ဒီမန္တန်တွေရဲ့ စွမ်းအားအမှန်ကို အသုံးမပြုနိုင်ခဲ့ဘူး…” ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ထိုသို့ ရေရွတ်ကာ သူ့ညာဘက်လက်ညှိုးကို ကြည့်သည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ ရုတ်တရက် လက်ညွှန်လိုက်သည်။

လက်ညှိုးတစ်ချောင်းက ကေင်းကင်ဘုံကို မေးခွန်းထုတ်ခြင်းလော။

သည်အခိုက်၌ နန်းတော်ထက်ရှိ ဝဲကတော့က ရုတ်တရက် ပျောက်ကွယ်ကာသွား၏။ ကောင်းကင်တစ်ခုလုံးက အနက်ရောင်တိမ်ထုတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။သည်တိမ်ထုက မြန်ဆန်စွာ ပိုပိုနက်မှောင်လာကာ ၎င်းတိမ်ထုအတွင်း၌ တစ္ဆေများပျော်မြူးနေသလားပင် ထင်မှတ်လာရသည်။

တစ်ခုတည်းသော နတ်ဆိုးလက်ချောင်း။

နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သည်ဧရိယာတွင် ပြည့်လာသည်။ သူ့ကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက တိတ်တဆိတ် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲကာသွားသည်။

သည်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ကောင်းကင်ဘုံစွမ်းအင်ကို ရုန်းကြွစေပြီး လှည့်ပတ်သည့် အခါမှ ဖြစ်တည်လာသည့် စွမ်းအင်နှင့် လုံးဝခြားနားကာ နေ၏။

သူ့တစ်ကိုယ်လုံးတွင်လည်း နူးညံမှုဟူ၍ မရှိတော့။ ပြင်းထန်သောအော်ရာသာ ရှိတော့၏။ သူ့နှဖူးထက်၌ နတ်ဆိုးအမှတ်အသားခြောက်ခု ပေါ်လာခဲ့သည်။

သူ့ကို ဝန်းပတ်ထားသည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းလာကာ သုံးပေမှသည် ပေတစ်ရာသို့ ပျံ့နှံ့သွား၏။ ဝမ်လင်းပတ်လည် ပေတစ်ရာအတွင်းရှိ အရာအားလုံးက ခုချိန်၌ ကြမ်းတမ်းသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့်သာ ပြည့်နှက်နေတော့သည်။

သည်နတ်ဆိုးစွမ်းအင်က သိပ်သည်းသထက် သိပ်သည်းလာပြီးနောက် အစိမ်းရောင်မီးတောက် အစက်အပြောက်များအဖြစ် မြေပေါ်သို့ လှည့်ပတ်ပြန့်ကျဲလာပြန်၏။

ဝမ်လင်း ခန္ဓာကိုယ် အတွင်းအပြင်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ဖြင် လုံးဝ ပိုင်ဆိုးထားတော့သည်။ သည်အခိုက်၌ ဝမ်လင်းက ရုတ်တရက်ခေါင်းမော့ကာ ရယ်မောသည်။ သည်ရယ်သံက နိုင်လိုမင်းထက်ဆန်လှကာ ရူးသွပ်ဖွယ် သတ်ဖြတ်ခြင်း အော်ရာနှင့် ပြည့်၏။

သည်အခိုက်၌ နတ်ဆိုးအမှတ်အသားခြောက်ခု နောက်ရှိ အသက်ဓာတ်အားတစ်ဝက်က ဝမ်လင်း နှင့် ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရာကာ ၎င်းက မြန်ဆန်စွာ စတင်တောက်ပလာ၏။ ချက်ခြင်းပင် ၎င်းက အသက်ဓာတ်အားချပ်တံဆိပ် တစ်ဝက်မှသည် အပြည့်အစုံတစ်ခုဖြစ်သည့် ချိပ်တံဆိပ်သို့ ပြောင်းသွား၏။

သည်ချိပ်တံဆိပ်က လုံးဝ ပြည့်စုံသွားသည့်အခိုက် ၎င်းက လျင်မြန်စွာ ပျံ့နှံ့ကာ ဝမ်လင်းခန္ဓာကိုယ်တစ်ခုလုံးအား ဝန်းရံသွားလေသည်။

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းသည်။ သူ့လှုပ်ရှားမှုက မမြန်ဆန်ချေ။သို့သော် သူက တစ်လှမ်းချင်းလှမ်းကာ ကောင်းကင်ထက်ရှိ ဗိုလ်ချုပ်ထံသို့ လှမ်းလျှောက်သွား၏။

ဗိုလ်ချုပ်မျက်လုံးထဲရှိ ရွှေရောင်အလင်းက သိပ်သည်းလာကာ သူက အော်ပြောလိုက်၏။ “စိတ်ဝင်စားစရာပဲ။ မင်းက ငါ့ ဆယ်ခုပြိုကျခြင်းတိုက်ပွဲဆန္ဒအောက်မှာ ချိုးဖျက်ဖို့ တာဆူလာတဲ့ ပထမဆုံးတစ်ယောက်ပဲ။ မင်းက ငါးခုမြောက်ပြိုကျခြင်းကို ခံနိုင်ဦးမလား ကြည့်ရတာပေါ့…”

ဗိုလ်ချုပ်စကားဆုံးသည်နှင့် ငါးခုမြောက်ပြိုကျခြင်းအားက ရုတ်တရက် ရောက်ရှိလာသည်။ သည်ငါးခုမြောက်ပြိုကျခြင်းအားက လေးခုမြောက်အားထက် ဆယ်ဆ အားကောင်း၏။ ၎င်းက ပေါ်လာသည်နှင့် မိုးခြိမ်းသံများက ပေတစ်သောင်းဧရိယာအတွင်း ပဲ့တင်ထပ်သွားသည်။ သည်မိုးခြိမ်းသံက ရှေးဟောင်းနတ်ဆိုးမြို့ တစ်ခုလုံးပင် ကြားရလောက်အောင် ကျယ်လောင်၏။

ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက ငါးခုမြောက်ပြိုကျခြင်းအားကို နတ်ဆိုးလက်ချောင်းဖြင့် ရင်ဆိုင်၏။ သူ့ညာလက်ညှိုးက ရုတ်တရက် ရှေ့သို့ ဖိချလာကာ နတ်ဆိုးစိတ်ဝိညာဉ်အားလုံးက သူ့လက်ညှိုးထိပ်၌ စုဝေးလာ၏။ရုတ်တရက် နတ်ဆိုးမီးတောက် တစ်ခု ဖြစ်တည်သည်။

ပထမဆုံးအကြိမ် အဖြစ် ဝမ်လင်းက နတ်ဆိုးလက်ချောင်း၏ စစ်မှန်သောစွမ်းအားကို အသုံးပြုခြင်းပင်။ သူ့လက်ညှိုးပတ်လည်ရှိ နတ်ဆိုးမီးတောက်က အဆုံးမဲ့သည့်အလား ကျယ်ပြန့်လာကာ သူ့ပတ်လည်၌ နတ်ဆိုးမီးတောက်ပင်လယ်ကြီးတစ်ခု ဖြစ်တည်သည်။

ထို့နောက် ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ လေထဲသို့ ပျံတက်၏။ သူ့ညာလက်ညှိုးကိုလည်း နတ်ဆိုးဗိုလ်ချုပ်ထံသို့ တိုက်ရိုက်ဦးတည်လိုက်သည်။

ငါးခုမြောက်ပြိုကျခြင်း လက်ညှိုးပေါ်လာသည့် တစ်ပြိုင်နက်တည်းမှာပင် ၎င်းက နတ်ဆိုးမီးတောက်၏ တားဆီးခြင်းကို ခံလိုက်ရ၏။ ၎င်းက ရပ်တန့်သွားစဉ် ဝမ်လင်းက နတ်ဆိုးလက်ညှိုးနှင့်အတူ ရှေ့သို့ ဖြတ်သန်းသွားသည်။ တုန်ခါသံမျာ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ သူက ချိုးဖျက်သွားတော့သည်။ ခုချိန်၌ ဝမ်လင်းက နတ်ဆိုးဗိုလ်ချုပ်နှင့် ပေတစ်ရာသာ ကွာတော့၏။

သိပ်မကြာခင်တွင် ခြောက်ခုမြောက်ပြိုကျမှုအားက ထွက်ပေါ်လာသည်။

သည်ခြောက်ခုမြောက်ပြိုကျမှုအား၏ စွမ်းအားက စကားလုံးဖြင့်ပင် မခန့်မှန်းနိုင်ပေ။၎င်းက ပေါ်ထွက်လာသည်နှင့် ဝမ်လင်းနှင့် ပေတစ်ရာကြားရှိ လေထုသည် ချက်ခြင်း ပြိုကျသွား၏။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက လေထုပေါ်၌ ပေါ်လာခဲ့သည်။

ခြောက်ခုမြောက်ပြိုကျမှုအားက ရုတ်တရက် ဆင်းသက်လာတော့သည်။

ဝမ်လင်းအသွင်က သုန်မှုန်နေဆဲပင်။ သူ့မျက်လုံးများကလည်း သတ်ဖြတ်ခြင်းဆန္ဒများနှင့် ပြည့်နေသည်။ သူက သူ့လက်ညှိးကို ပြန်ရုတ်သိမ်းခြင်း မရှိသည့်အပြင် ရှေ့သို့ ဆက်တိုးသွားသည်။ လေဟာနယ်ထဲမှ ခြောက်ခုမြောက်ပြိုကျခြင်းအားက အလင်းအဝန်းစက်ဝန်း ဖြစ်ပေါ်၍ ဝမ်လင်းနှင့် နီးကပ်လာသည်။

သို့ရာတွင် ၎င်းက ဝမ်လင်းလက်ညှိုးနှင့် ထိမိသည့်အခိုက် သူက ညင်သာစွာ ပြောလိုက်၏။ “နတ်ဆိုး အသွင်ပြောင်းခြင်း…”

သည်စကားလုံးထွက်ပေါ်လာသည်နှင့် သူ့ညာလက်ညှိုးက အနက်ရောင်အလင်းကို ထုတ်လွှတ်လာသည်။ သည်အနက်ရောင်အလင်းက သူ့လက်ညှိုးမှသည် ချဲ့ထွက်ကာ သူ့လက်မောင်းတစ်ဖက်လုံး၌ ဖုံးသွား၏။

သည်အနက်ရောင်အလင်းက သိပ်မကြာခင်မှာပင် သူ့တစ်ကိုယ်လုံးကို ဖုံးသွားတော့သည်။ သည်အလင်းစက်ဝန်းက နီးကပ်လာသည်နှင့် ဝမ်လင်းခန္ဓာကိုယ်တစ်ခုလုံးကလည်း အနက်ရောင်အလင်းနှင် ဖုံးသွားတော့သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရိပ်တစ်ခုလို ဖြစ်နေကာ သူက အလင်းစက်ဝန်းကို ထွင်းဖောက်လိုက်၏။ သူက ထိုသို့ ထွင်းဖောက် ဖြတ်ကျော်လိုက်သည့်အခိုက်တွင် ခြောက်ခုမြောက် အလင်းစက်ဝန်းကလည်း ပြန့်ကျဲသွားတော့သည်။

ဘယ်တောင်ပံ ဗိုလ်ချုပ်၏ မျက်လုံးထဲရှိ ရွှေရောင်အလင်းက ပိုတောက်ပသွားကာ သူက အော်ပြောလိုက်သည်။ “ပြင်ပကျင့်ကြံသူ…ဒီဗိုလ်ချုပ်က မင်းကို လျော့တွက်ခဲ့တာပဲ။ ငါက မင်းကို ဒီမှာ စောင့်နေတဘ်။ မင်းနဲ့ငါကြားမှာ ပြိုကျမှု လေးခုကျန်နေသေးတယ်…”

“သင့်မန္တန်အပေါ် သင့်ယုံကြည်မှုကြောင့် သင်က သတ္တိများ ရလာနိုင်တယ်။ ဒီအရာက လူတိုင်း သင့်နည်းစနစ်ကို ရှုံးနိမ့်ရမယ်ဆိုတဲ့ ဆန္ဒကနေ ဖြစ်တည်လာတာ။ ငါ့မှာ သင့်မန္တန်ကို ဖျက်စီးနိုင်တဲ့ ကျင့်ကြံမှုအဆင့် မရှိဘူး။ ဒါပေမဲ့ သင့်နည်းစနစ်က ကျင့်ကြံမှုမဟုတ်ဘဲ ယုံကြည်မှု ဆိုတာ ငါသိတယ်…”

“သင့် ယုံကြည်မှုကို ချိုးဖျက်ိုင်ဖို့ ငါက ဒီလက်ညှိုးနဲ့အတူ နတ်ဆိုးအဖြစ် ပြောင်းပြီး ငါ့လက်ညှိုးပေါ်မှာ ယုံကြည်မှု ပေါင်းစပ်ထားတယ်။ ဒါ့ကြောင့် ငါ့ နတ်ဆိုးလက်ချောင်းက ငါ့ ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိနေသလိုပဲ။ ဒခ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့် ပြိုင်ဆိုင်ခြင်း မဟုတ်တော့ဘူး။ဒါပေမဲ့ ငါတို့ရဲ့ ယုံကြည်မှုချင်း တိုက်ခိုက်မှု ဖြစ်တယ်…”

ဝမ်လင်းက ထိုသို့ တည်ငြိမ်စွာ ပြော၍ သူက နောက်ထပ် ခြေတစ်လှမ်း ရှေ့သို့ တိုးသည်။

ခုနစ်ခုမြောက်ပြိုကျမှုအားက ရောက်ရှိလာ၏။

ခုနစ်ခုမြောက်အား ပေါ်လာသည်နှင့် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အော်ပြောလိုက်သည်။ “လမ်းဖယ်စမ်း…”

သည်စကားနှင့်အတူ ခုနစ်ခုမြောက်ပြိုကျမှုက ပေါ်လာသည်နှင့် ရုတ်တရက် ချက်ခြင်း ပျက်စီးသွားသည်။ဝမ်လင်းမျက်လုံးထဲ၌ စိတ်ခိုင်မာမှုတို့ ပြည့်နေကာ ယုံကြည်မှုမီးတောက်တို့ တောက်လောင်နေလေသည်။

သည်ယုံကြည်မှုက သတ်ဖြတ်ခြင်း သို့မဟုတ် အောင်နိုင်ခြင်း မဟုတ်ချေ။ ၎င်းက နတ်ဆိုး စိတ်ဓာတ်၏ ယုံကြည်မှု မည်သည်။

နတ်ဆိုးစိတ်ဓာတ်က ကောင်းကင်ကိုပင် ဆန့်ကျင်သည်။အရာအားလုံးကို ဆန့်ကျင်သည်။ လူတစ်ယောက်၏ တာအိုကို ဖျက်စီးသည်။ ဆန္ဒရှိသလို နတ်ဆိုးတစ်ပါး၏ လမ်းကြောင်းကို လျှောက်လှမ်းမည် ဖြစ်၏။

နောက်ဆုံးတွင် ဘယ်တောင်ပံဗိုလ်ချုပ်၏အသွင်က ပြောင်းလဲသွား၏။ သူက ဝမ်လင်းကို ပထမဆုံးမြင်တွေ့တုန်းက သူနှင့်ပတ်သတ်၍ ဘာမှ ထွေးထွေးထူထူ မယူဆထားခဲ့ချေ။ ဝမ်လင်းက ပြိုကျမှုအားသုံးခုကို ချိုးဖျက်နိုင်ချိန်တုန်းကလည်း သူက ကြည့်ရုံသာ ကြည့်ခဲ့၏။

လေးခုမြောက်ပြိုကျမှုအားကို ဖျက်စီးနိုင်ခြင်းကလည်း သူ့မျှော်လင့်ထားသည့် ဘောင်အတွင်း၌သာ ရှိ၏။ ဝမ်လင်းက နတ်ဆိုးအင်ပါယာ ရှိနေသည့်သူ မဖြစ်နိုင်သေးချေ။

သို့သော် သူ့ရှေ့ကလူသည် လေးခုမြောက်ပြိုကျမှုအား ပြီးသည့်နောက် ဉာဏ်အလင်းရရှိသွားမည်ဟု လုံးဝမထင်ထားမိချေ။ သည်လူ၏ ဉာဏ်လင်းက နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်နေသည်။

မည်သို့ပင် ဖြစ်စေကာမူ သည်အချိန်ထိ သူက ဝမ်လင်းနှင့်ပတ်သတ်၍ အနည်းငယ်သာ အာရုံစိုက်မိသေး၏။ သူ့စိတ်ထဲ၌ သည်လိုဉာဏ်အလင်းက ရှားပါးလှသော်လည်း ခုနစ်ခုမြောက်ပြိုကျမှုအားအောက်တွင် ရပ်တန့်မည်ဟုသာ ထင်ထား၏။

သို့ရာတွင် ဝမ်လင်းက ခုနစ်ခုမြောက် ပြိုကျမှုအားကို “လမ်း ဖယ်ပေး” ဆိုသည့် စကားနှစ်ခွန်းဖြင့် ပြန့်ကျဲသွားစေခဲ့သည်။ သည်အရာက သူ့ကို လုံးဝ အာရုံစိုက်မိစေပြီး သူ့အမူအရာပင် ပြောင်းလဲသွားရ၏။ သူက အစကတည်းက အမှားကြီးတစ်ခု ပြုလုပ်မိသည်ကို နားလည်သွား၏။ သူက သည်လူ့ကို အထင်သေးလျှော့တွက်နေခဲ့ခြင်းသာ။

သူ့အဆင့်အတန်းဖြင့် နှစ်ပေါင်းထောင်ချီအတွင်း သူ့ထံမှ အာရုံအပြည့်အဝစိုက်မှုကို ထိုက်တန်သည့်သူ မရှိခဲ့သေးပေ။ သည်အရာက နှစ်ပေါင်းထောင်ချီအတွင်း တစ်စုံတစ်ယောက်က သူ့စိတ်ဝင်စားမှုအာရုံအားလုံးကို ဖမ်းဆုပ်လိုက်နိုင်ခြင်း ဖြစ်၏။

All Chapters