← Chapters

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း (၂၇၂) ဝတ်ရုံလုပွဲ - ၁၄

အမှောင်ထုအတွင်း၌ အနီရောင်ပုံရိပ်တစ်ခုကို တင်ဆောင်လာသော အနက်ရောင်ဆိုင်ကယ်တစ်စီးက အရှိန်ဖြင့် ဖြတ်မောင်းသွား၏။

၎င်းမှာ “ကမ္ဘာပေါ်တွင် အတော်ဆုံးစုံထောက်ကြီး ဖြစ်လာရန်” ရည်မှန်းချက်ရှိသော တတိယမြောက် ရော်ဘင် ဖြစ်သည့် တင်မ်ဒရိတ်ပင် ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မူလရော်ဘင် ဖြစ်သော ဒစ်ခ်ဂရေဆန်ထက် အနည်းငယ်နိမ့်ကျသော်လည်း ထောက်လှမ်းနိုင်စွမ်း အရည်အချင်းမှာမူ ပိုမိုသာလွန်သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း လက်တွေ့ဘဝတွင် သူ၏ တိုက်ခိုက်ရေးအရည်အချင်းကိုတော့ ငြင်းပယ်၍မရနိုင်ချေ။ “ဝတ်ရုံလုပွဲ” ဟူသော ရုပ်ပြကာတွန်းဇာတ်လမ်းထဲတွင် ဂျေဆန်တော့ဒ် ကိုယ်တိုင်ကပင် “ဒီကောင်လေးက တိုက်ခိုက်ရေးသမားကောင်းတစ်ယောက်ပဲ၊ သူက ဉာဏ်ပညာနဲ့ ခွန်အားကို မျှတအောင် အသုံးချတဲ့နေရာမှာ အမြဲတမ်း ကျွမ်းကျင်မှုရှိတယ်” ဟု ဝန်ခံခဲ့ရသည်။

စိတ်မကောင်းစရာမှာ သူသည် “ဘရုစ်သင်ကြားပေးခဲ့တဲ့ နည်းလမ်းအတိုင်း” ကျင့်ဝတ်စံနှုန်းများကို ဖက်တွယ်၍ တိုက်ခိုက်ခဲ့သောကြောင့် နောက်ဆုံးတွင် တော့ဒ်ကို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင့်ဝတ်စံနူန်းများမရှိဘဲ နည်းလမ်းမျိုးစုံ အသုံးပြုတတ်သော တော့ဒ်နှင့် ရင်ဆိုင်ရချိန်တွင် တင်မ် ရှုံးနိမ့်ခဲ့ရသည်မှာ သဘာဝကျပေသည်။

ထိုကဲ့သို့သော “နူးညံ့သိမ်မွေ့၊ ကြင်နာ၊ ရိုသေလေးစားမှုရှိပြီး နှိမ့်ချတတ်သော” လူငယ်လေး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ဖုန်းပုကြွယ်သည် စိတ်ထဲတွင် များစွာသက်တောင့်သက်သာ ဖြစ်သွားရသည်။

“ဘုရားသခင်... ဒီမြင်ကွင်းက ကြည့်ရတာ မစ်ဆိုင်းဒုံးကျည်နဲ့ ပစ်ခံထားရသလိုမျိုးပဲ...”

တင်မ်သည် အဆောက်အအုံတစ်ခုထိပ်တွင် မတ်တတ်ရပ်လျက် သူ့ရှေ့က ပျက်စီးယိုယွင်းနေသော စက်ရုံအပျက်အစီးများကို ကြည့်ရှုရင်း အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

မီးသတ်ကားများမှာ အခင်းဖြစ်ပွားရာနေရာ အနီးအနားတွင် ရပ်တန့်ထားကြပြီး မီးသတ်သမားများကလည်း အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များကလည်း သတင်းထောက်များနှင့် အနီးအနားက ပြည်သူများကို တားဆီးရန်အတွက် အလွန်အမင်း ရှည်လျားလှသော အဝါရောင်စည်းများကို တားဆီးထားကြသည်။ ပေါက်ကွဲမှုက ကြီးမားသော်လည်း နောက်ဆက်တွဲမီးလောင်မှုနှင့် ပျက်စီးဆုံးရှုံးမှုများမှာမူ ကြီးကြီးမားမား မရှိခဲ့သောကြောင့် ထိရောက်စွာ ထိန်းချုပ်နိုင်လိုက်ကြသည်။

“အဲဒါက...”

ရုတ်တရက် တင်မ်သည် တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ မီတာနှစ်ရာခန့်သာ ကွာဝေးသော အခြားအဆောက်အအုံတစ်ခု၏ အမိုးပေါ်တွင် ခရမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော လူရိပ်တစ်ခု ရှိနေခြင်းဖြစ်သည်။ ထိုလူ၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံဖြင့် ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်က ဓားစာခံများ ပြောပြခဲ့သော “အနောနီးမတ်” ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။ နှစ်ဆယ့်ငါးစက္ကန့် … ယင်းမှာ တင်မ်အနေဖြင့် ဖုန်းပုကြွယ်၏ နောက်ကျောသို့ ရောက်ရှိအောင် အနီးကပ် ချဉ်းကပ်လိုက်ရသောအချိန် ဖြစ်သည်။

“မိုက်မဲတဲ့ကိစ္စတွေ မလုပ်စမ်းပါနဲ့ တင်မ်”

ဖုန်းပုကြွယ်သည် တင်မ်ကို ကျောခိုင်းထားသည့်တိုင် သူ့နောက်စေ့၌ မျက်လုံးများ ရှိနေသည့်အလား ဆိုလိုက်သည်။ သူသည် တစ်ဖက်လူချဉ်းကပ်လာပြီး တိုက်ခိုက်တော့မည့် အချိန်အခါနှင့် အံဝင်ခွင်ကျဖြစ်အောင် တည်ငြိမ်သောနှုန်းထားဖြင့် စကားပြောလိုက်ခြင်း ဖြစ်သည်။

“မင်းက လမ်းပေါ်ကို ဒေါ်လာတွေ လျှောက်ကြဲခဲ့တဲ့ အရူးမလား”

တင်မ်၏ မျက်လုံးများက ရန်လိုမှုများအဖြစ် ပြောင်းလဲသွား၏။

“ပြီးတော့ ရဲအရာရှိသုံးဦးကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားလည်း ဖြစ်တယ်”

“မင်းရဲ့ စွပ်စွဲချက်တွေက ငါ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေကြောင်း သက်သေပြနိုင်မယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘူးဆိုရင်တော့ အဓိပ္ပာယ်မရှိတဲ့အရာတွေပဲ ဖြစ်လိမ့်မယ်”

ဖုန်းပုကြွယ်က နောက်လှည့်ရင်း တည်ငြိမ်စွာတုံ့ပြန်လိုက်သည်။

“ရဲစခန်းမှာ မတူညီတဲ့ မျက်မြင်သက်သေတွေဆီက ရထားတဲ့ ထွက်ဆိုချက်ပေါင်းနှစ်ဆယ်ကျော် ရှိတယ်၊ မင်းရဲ့ အသွင်အပြင်က သူတို့ပြောပြချက်တွေနဲ့ လုံးဝထပ်တူကျနေတာပဲလေ”

တင်မ်က ဆိုလိုက်သည်။

“လူချင်းတူတာတွေ အများကြီးရှိနိုင်တာပဲ တင်မ်”

ဖုန်းပုကြွယ်က ဆိုသည်။

“ငါ့ရဲ့ အသွင်အပြင်က ‘ပြောပြချက်တွေနဲ့ တူနေရုံ’ နဲ့တင် ငါ့ကို အပြစ်ပေးလို့ မရပါဘူး”

“ငါမင်းကို ဖမ်းပြီး ရဲစခန်းကို ခေါ်သွားလိုက်မယ်ဆိုရင်တော့ အဲဒီမျက်မြင်သက်သေတွေက မင်းကို ဝမ်းမြောက်ဝမ်းသာနဲ့ လာသက်သေပြကြလိမ့်မယ်လို့ ငါထင်တယ်”

တင်မ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

“ဖမ်းမယ်… ရဲစခန်းဆီ ခေါ်သွားမယ် ဟုတ်လား၊ ဟဲ... စိတ်ဝင်စားစရာပဲ၊ မင်းကို ငါ့ကို ဖမ်းဖို့အတွက် ဘယ်သူက လုပ်ပိုင်ခွင့် ပေးထားလို့လဲ”

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

“ငါက လက်ရှိ ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်နေလို့လား၊ ဒါမှမဟုတ် ငါ့ရုပ်က ရဲတပ်ဖွဲ့ရဲ့ အလိုရှိစာရင်းထဲ ပါနေလို့လား”

သူက ဦးခေါင်းကို ခါယမ်းလိုက်သည်။

“တင်မ်... တင်မ်... တကယ့် စုံထောက်ကောင်းတစ်ယောက်ဆိုတာ… ဥပဒေဆိုတာ သက်သေပေါ်မှာပဲ အခြေခံရတယ်ဆိုတာကို နားလည်ထားရမယ်”

“ဟမ့်... မင်းက ကောက်ကျစ်တဲ့ကောင်ဆိုတာ ငါသိတယ်၊ မင်းက ဘဏ်စောင့်ကြည့်ရေးခန်းကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ရင် ဘာသက်သေမှ ကျန်တော့မှာ မဟုတ်ဘူးလို့ ထင်နေတာမလား၊ အချိန်တစ်ခု ရသွားတာနဲ့ ရဲတပ်ဖွဲ့က...”

တင်မ်သည် သူ့စကားကို အဆုံးမသတ်လိုက်ရချေ။

ဖုန်းပုကြွယ်က ကြားဖြတ်လိုက်သည်။

“ဒါဆို သူတို့ စောင့်ကြည့်ရေးဗီဒီယိုတွေကို ပြန်ယူပြီး ငါ့ကို ဖမ်းနိုင်မယ့် တိကျတဲ့ သက်သေအထောက်အထားတွေ ရတဲ့အချိန်အထိပဲ စောင့်လိုက်ကြတာပေါ့”

သူက လက်နှစ်ဖက်ကို ဖြန့်ပြရင်း “လက်ရှိမှာတော့... ငါက ခေါင်မိုးပေါ်မှာ မတ်တတ်ရပ်ပြီး ရှုခင်းတွေကို ခံစားနေတဲ့ ဥပဒေကို လိုက်နာတဲ့ ပြည်သူတစ်ယောက်ပဲ”

“တော်စမ်း၊ ဒီလိုပြောဆိုနေတာက အဓိပ္ပာယ်မရှိဘူး၊ မင်းက ‘အနောနီးမတ်’ ဆိုတာ မင်းရော ငါရော ကောင်းကောင်း သိကြတာပဲ”

တင်မ်က အော်ဟစ်လိုက်သည်။

“တကယ်လို့ ငါဝန်ခံလိုက်ရင်တောင် ဘာဖြစ်လဲ တင်မ်”

ဖုန်းပုကြွယ်က ရိုးသားစွာ ဆိုသည်။

“ငါ မင်းနဲ့အတူ ပြန်လိုက်သွားလို့ ရတယ်၊ ဒါပေမဲ့ နောက်ထပ် ဘာဖြစ်လာမှာလဲ၊ ဓားစာခံတွေရဲ့ သက်သေထွက်ဆိုချက်တွေက ငါဓားပြသုံးယောက်ကို သတ်ခဲ့တယ်ဆိုတာကိုပဲ သက်သေပြနိုင်မှာ”

သူ ပခုံးတွန့်လိုက်သည်။

“ငါ့လုပ်ရပ်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာဖြစ်သလို မင်းနဲ့ နိုက်ဝင်းတို့ လုပ်နေတဲ့ အရာတွေလိုမျိုး သူရဲကောင်းဆန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်နေတာပဲလေ”

သူက လက်ညှိုးတစ်ချောင်းထောင်ပြရင်း ဆရာတစ်ဦးက ကျောင်းသားတစ်ဦးကို သင်ကြားပြသနေသည့်အလား ဝှေ့ယမ်းလိုက်သည်။

“စောင့်ကြည့်ဗီဒီယိုတွေ ဘယ်အခြေအနေထိ ပြန်ရမလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ မင်းတို့တွေ ငါ ရဲအရာရှိသုံးဦးကို သတ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမျိုးတော့ ရှာတွေ့နိုင်မယ်လို့ မထင်ဘူး၊ အမှန်အတိုင်း ပြောရရင် မင်းတို့တွေ အဲဒီဗီဒီယိုတွေကို ပြန်မရခင်မှာတင် ငါက အာမခံနဲ့ လွတ်နေလောက်ပြီ၊ ငါ ဘယ်လောက်အထိ အာမခံရချင်လဲဆိုတာကတော့ ငါဂရုမစိုက်ဘူး”

“ဒါ့အပြင် ရဲတွေရော ဓားစာခံတွေပါ ငါလမ်းပေါ်ကို ဒေါ်လာတွေ လျှောက်ကြဲခဲ့တာကို မမြင်ခဲ့ကြဘူး၊ မင်းတို့တွေ လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ ငွေတွေကို တစ်ရွက်မကျန် လိုက်ကောက်ခဲ့ရင်တောင်မှ ငါ့လက်ဗွေရာတစ်ခုတည်းကို ဘယ်လိုနည်းနဲ့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

ဖုန်းပုကြွယ်က ဝင့်ကြွားသော လေသံဖြင့် ဆိုသည်။

“ဘယ်ရဲအရာရှိမှ ငါ့မျက်နှာကို တိုက်ရိုက်မမြင်ခဲ့ကြဘူး”

ဖုန်းပုကြွယ်သည် အရာအားလုံးကို ဂရုတစိုက် ကြိုတင်တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။ သူဘဏ်အတွင်း လုပ်ဆောင်ခဲ့သမျှ ခြေလှမ်းတိုင်းတွင် အဓိပ္ပာယ်တစ်ခုစီ ရှိပေသည်။

“တကယ်လို့ ဒီအမှုက တရားရုံးအထိ ရောက်သွားခဲ့မယ်ဆိုရင် တင်မ်... ငါ့အတွက် ဓားစာခံတွေ ရဲတွေကို ပေးနိုင်မယ့် မကောင်းတဲ့ တစ်ခုတည်းသော အချက်အလက်က... ငါ ဓားပြသုံးယောက်ကို သတ်ဖြတ်ပြီးတော့ သေနတ်နဲ့ခြိမ်းခြောက်ပြီး သူတို့ခေါင်းတွေပေါ်ကို ပိုက်ဆံအိတ်တွေ စွပ်ခိုင်းခဲ့တာနဲ့ ခြေလက်တွေကို ပလတ်စတစ်ကြိုးတွေနဲ့ ချည်ခိုင်းခဲ့တယ်ဆိုတာပဲ ရှိလိမ့်မယ်”

သူက ခေါင်းကို စောင်းငဲ့ရင်း ပြုံးလိုက်သည်။

“ဒါကို ငါက ဒီလိုရှင်းပြလို့ ရတာပဲ... ‘ငါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ဓားပြသုံးယောက်ကို သတ်ဖြတ်ပြီးတဲ့အခါမှာ အခင်းဖြစ်ရာနေရာမှာ ရှိနေတဲ့လူတွေထဲမှာ ဓားပြတွေရဲ့ ကြံရာပါတွေ ရှိနေမှာစိုးရိမ်ခဲ့တယ်၊ ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ပိုကောင်းကောင်းမွန်မွန် ကူညီပေးနိုင်ဖို့ ငါက အခြေအနေကို ချက်ချင်းထိန်းချုပ်လိုက်ရတာပေါ့၊ ပြီးတော့ ရဲအရာရှိကလပ်တွန်ကိုလည်း ဓားစာခံတွေထဲမှာ ကြံရာပါတွေ ရှိနေနိုင်တယ်လို့ အရိပ်အမြွက်ပြောခဲ့ပြီး သူ့ကို သတိမပြတ်ဖို့ သတိပေးခဲ့တာလို့ပေါ့’”

“ဟမ့်... မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဘယ်သူကယုံကြည်လိမ့်မယ်လို့ ထင်နေတာလဲ”

တင်မ်က လှောင်ပြောင်လိုက်သည်။

“သေချာပေါက် ယုံမယ့်လူ ရှိတာပေါ့ကွ၊ ဒါက လွတ်လပ်တဲ့နိုင်ငံပဲ တင်မ်၊ ဂျူရီလူကြီးတွေက မျှတကြတယ် မဟုတ်လား၊ ဒါ့အပြင်... လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိကြတာပဲ မဟုတ်လား”

ဖုန်းပုကြွယ်က ဆိုးယုတ်စွာ ပြုံးပြလိုက်သည်။

“ငါ့မှာ အကျိုးအကြောင်းသင့်တဲ့ ရှင်းပြချက်တစ်ခု ရှိနေသရွေ့တော့ ငါ့အတွက် နောက်ဆုံး စီရင်ချက်က သက်သေအထောက်အထား မခိုင်လုံမှုကြောင့် ပြန်လွှတ်ပေးရတာပဲ ဖြစ်လိမ့်မယ်”

“ဟား”

တင်မ်ကလည်း ရယ်မောလိုက်သည်။

“မင်း အခု ငါ့ကို ပြောခဲ့တဲ့ စကားတွေအပေါ်ပဲ အခြေခံပြီးတော့ ငါက...”

“ငါ့ကို လာသက်သေပြမလို့လား”

ဖုန်းပုကြွယ်က သူ့စကားကို ထပ်မံ ကြားဖြတ်နှောင့်ယှက်လိုက်ပြန်သည်။

“ဒါဆိုရင်လည်း သွားပြီး သက်သေပြလိုက်ပေါ့၊ ဘာပဲဖြစ်ဖြစ် တရားရုံးထဲမှာတော့ ငါက လုံးဝငြင်းပစ်မှာပဲ၊ အဲဒီအခါကျရင် မင်းရဲ့ သက်သေထွက်ဆိုချက်က ‘ငါ့ကို ထောင်ထဲ ပို့နိုင်ဖို့အတွက် မင်းရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေအပေါ်မှာ အခြေခံပြီး လုပ်ကြံဖန်တီးထားတဲ့ အလိမ်အညာတစ်ခု’ ဖြစ်သွားမှာပဲ”

သူသည် ရုတ်တရက် သူ့လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်။

“အာ... အာ... တင်မ်၊ မင်း ဘာလုပ်နေတာလဲ၊ မင်းက ဘေးကို မသိမသာလှည့်ပြီး မင်းခါးပတ်ကို တိတ်တိတ်လေး လက်လှမ်းနေတာမလား၊ မင်း အသံဖမ်းစက်တစ်ခုခုကို ဖွင့်ဖို့ ကြိုးစားနေတာလား”

တင်မ်သည် ဖုန်းပုကြွယ်၏ လက်ပူးလက်ကျပ်မိခံလိုက်ရသဖြင့် စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။

“ငါ သတိပေးလိုက်မှပဲ မင်းသဘောပေါက်တာကို ကြည့်ရင် မင်းက အခုထိ အရမ်းနုသေးတယ်ဆိုတာကို ပြသနေတာပဲ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“တကယ်လို့ ဒီနေ့ ဒီနေရာမှာ ဘရုစ်သာ ရပ်နေမယ်ဆိုရင် သူက ငါ ‘သက်သေအထောက်အထား’ ဆိုတဲ့ စကားလုံးကို စပြောကတည်းက အသံဖမ်းတာကို လုပ်ပြီးသား ဖြစ်နေလိမ့်မယ်”

“မင်းက တကယ်ကြီး...”

တင်မ်က လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

“မင်း ငါ့နာမည်ကို သိနေရုံတင်မကဘဲ ဘရုစ်အကြောင်းကိုပါ သိနေတာလား...”

“ဟားဟားဟားဟား...”

ဖုန်းပုကြွယ် ရုတ်တရက် အားရပါးရ ရယ်မောလိုက်ရာ ဆယ်စက္ကန့်ကျော်ကြာမှ ရပ်တန့်သွားခဲ့သည်။

“ငါ့အမြင်အရတော့ ဘက်မန်းရဲ့ အထောက်အထားဆိုတာက အမြဲတမ်းဟာသတစ်ခုလိုပဲကွ၊ သူက ဒေါ်လာသန်းချီ တန်ဖိုးရှိတဲ့ စစ်တပ်သုံး အသုံးဆောင်ပစ္စည်းတွေကို ဝတ်ထားတယ်၊ ဒေါ်လာ သန်း ၈၀ ကျော် တန်ဖိုးရှိတဲ့ ယာဉ်ကြီးကို မောင်းတယ်၊ လူဖြူ ဖြစ်တယ်၊ အသက် ၂၅ နှစ်နဲ့ ၄၅ နှစ်ကြား ရှိတယ်၊ ပြီးတော့ အရပ်အမောင်းက ၆ပေ ၂ လက်မ ရှိတယ်၊ ဒီလိုဖော်ပြချက်တွေနဲ့ ကိုက်ညီတဲ့လူ ဘယ်နှစ်ယောက် ရှိမယ်လို့ မင်းထင်လို့လဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တောင်မှ ငါ အဲဒီလူစာရင်းကို အယောက် ၂၀ အောက်အထိ ချုံ့ပစ်လို့ ရတာပဲ၊ ဒီလိုမျိုး ဂေါ့သမ်မြို့သေးသေးလေးထဲမှာဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး”

“မင်းက အတိအကျ ဘယ်သူလဲ”

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်အပေါ် ကြည့်သည့် တင်မ်၏ အကြည့်များက လုံးဝပြောင်းလဲသွားရသည်။ သူ့ရှေ့က ပုဂ္ဂိုလ်မှာ ခွန်အားကို အသုံးပြုတတ်သော စူပါရာဇဝတ်ကောင်မျိုး မဟုတ်ဘဲ ဉာဏ်ပညာကို အသုံးပြုတတ်သော လူစားမျိုးဖြစ်ကြောင်း သူ သဘောပေါက်လိုက်မိသည်။ ဤကဲ့သို့လူမျိုးသည် ရင်ဆိုင်ရ အခက်ခဲဆုံး ဖြစ်သည်။

“မင်း ဘယ်လိုထင်လို့လဲ တင်မ်”

ဖုန်းပုကြွယ်က ထိုမေးခွန်းကို ပြန်ပစ်ပေးလိုက်သည်။

“တကယ်လို့ မင်းက ‘တခြားကမ္ဘာက ရောက်လာတဲ့ ခရီးသွားတစ်ယောက်’ ဖြစ်တယ်ဆိုတဲ့ စကားက အမှန်ဆိုရင်တော့ ငါ့ရဲ့ ပထမဦးဆုံး ကောက်ချက်က...”

တင်မ်က ပြန်ဖြေလိုက်သည်။

“မင်းက အခြားစကြဝဠာက ရောက်လာတဲ့ ဂျိုကာပဲ ဖြစ်ရမယ်”

“ဟဲ... မဆိုးပါဘူး ကောင်လေးရာ၊ ငါသာ မင်းနေရာမှာဆိုရင်လည်း ဒီအတိုင်း တွေးမိမှာပဲ...”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ဒါပေမဲ့ ငါက ဂျိုကာ မဟုတ်ပါဘူး၊ တကယ့် ဂျိုကာကတော့ ဒီရက်ပိုင်း ပေါ်လာမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘက်မန်းမရှိတော့တဲ့ ဂေါ့သမ်မြို့ကြီးက... သူ့အတွက်တော့ အရမ်း ပျင်းစရာကောင်းလွန်းလို့ပဲ”

“မင်းလေသံအရ ကြည့်ရရင် မင်းက အဲဒီအရူးအကြောင်းကို ကောင်းကောင်း သိနေသလိုပဲ”

တင်မ်က ပြန်လည်တုံ့ပြန်လိုက်သည်။ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် တင်မ်သည် သူ့ရှေ့မှ လူထံမှ ဘာသတင်းအချက်မှ တိတိကျကျ ရရှိနိုင်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ သူသည် တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ဖုန်းပုကြွယ်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်လေသည်။

“ငါ မင်းအကြောင်းကိုလည်း ကောင်းကောင်းသိတာပေါ့ တင်မ်ဒရိတ်”

သူ စကားမဆုံးသေးမီမှာပင် ဖုန်းပုကြွယ်သည် သူ့အင်္ကျီအပေါ်က ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ရာ သူ့ကိုယ်ခန္ဓာတွင် ပတ်ထားသော ဗုံးအမြောက်အမြား ပေါ်ထွက်လာတော့သည်...။

တင်မ်သည် ချက်ချင်း ခြေလှမ်းများ ရပ်တန့်သွားရသည်။ သူ ထိတ်လန့်သွားပြီး မေးလိုက်သည်။

“မင်း ဘာလုပ်ချင်တာလဲ... ငါ့ကိုပါ အတူတူဆွဲချသွားတာလား”

ဖုန်းပုကြွယ် ပြုံးလိုက်သည်။ သူသည် အင်္ကျီအိတ်ကပ်ထဲမှ အဝေးထိန်းခလုတ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီး လက်တစ်ဖက်ဖြင့် မြှောက်ပြလိုက်ရင်း ဆို၏။

“ဘယ်သူသိမှာလဲ... ဟဲဟဲဟဲ...”

ထို့နောက် သူသည် ထိုခလုတ်ကို ချက်ချင်း နှိပ်လိုက်တော့သည်။

ဝုန်း။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုအဝေးထိန်းခလုတ်က ဗုံးများကို ပေါက်ကွဲစေခဲ့ပြီဖြစ်ကြောင်း ကြေညာခတ်လိုက်တော့သည်။

သို့သော်လည်း ၎င်းက ဖုန်းပုကြွယ်ခန္ဓာကိုယ်တွင် ပတ်ထားသောဗုံး မဟုတ်ဘဲ အခြားတစ်နေရာက ဖြစ်သည်။

ဖုန်းပုကြွယ်က ခလုတ်နှိပ်လိုက်သည့် အခိုက်အတန့်တွင် တင်မ်သည် အလွန်ထိတ်လန့်သွားသဖြင့် သူ့ဝတ်ရုံကို ဆွဲ၍ နောက်ဘက်သို့ လိမ့်ရှောင်လိုက်လေသည်။ သူ မမျှော်လင့်ထားသည်မှာ ပေါက်ကွဲမှုမှာ သူ့ရှေ့ကမဟုတ်ဘဲ အဝေးတစ်နေရာက ဖြစ်နေခြင်း ဖြစ်သည်။

“ဘာဖြစ်သွားတာလဲ...”

တင်မ်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး သေသေချာချာ လှမ်းကြည့်လိုက်သည်။

ဖုန်းပုကြွယ်၏ နောက်ဘက် မီတာတစ်ရာခန့်အကွာတွင် ရှိနေသော အခြား အထပ်မြင့်အဆောက်အအုံတစ်ခုမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုအပြီး ထိုအဆောက်အအုံ၏ အပြင်ဘက်နံရံတွင် ဧရာမအဝိုင်းပုံသဏ္ဍာန် အပေါက်ကြီးတစ်ခု ကျန်နေခဲ့ပြီး ၎င်းက ပြုံးနေသောမျက်နှာတစ်ခုနှင့် ဆင်တူလှသည်။

တင်မ်၏အမြင်အရ ဤတောက်လောင်နေသော အပြုံးကြီးမှာ ဖုန်းပုကြွယ်နောက်ကျောဘက်ရှိ ကောင်းကင်ပေါ်တွင် လွင့်မျောနေရာ ၎င်းက ထိုအရူးမျက်နှာပေါ်က အပြုံးနှင့် ထပ်တူကျနေခဲ့ခြင်း ဖြစ်သည်။

“အခုထိလည်း တင်မ်... မင်းမှာ ငါ့ကို ထောင်ထဲပို့နိုင်မယ့် သက်သေအထောက်အထား မရှိသေးပါဘူး”

ဖုန်းပုကြွယ်သည် သူကိုင်ဆောင်ထားသော အဝေးထိန်းခလုတ်ကို အဆောက်အအုံအောက်ဘက်သို့ လှမ်းပစ်လိုက်သည်။

“ပေါက်ကွဲမှု ဖြစ်ပွားအချိန်မှာ ငါတစ်ခုခုနှိပ်လိုက်တာကို မင်းမြင်ခဲ့ရပေမယ့် အဲဒါက ဘာကိုမှ သက်သေမပြနိုင်ပါဘူး၊ ဖြစ်နိုင်တာကတော့ မင်းလမ်းပေါ်မှာ ပျက်စီးနေတဲ့ အဝေးထိန်းခလုတ်တစ်ခုကို ရှာတွေ့နိုင်ပေမယ့် အဲ့ဒီအရာမှာ ဘာလက်ဗွေရာမှ ရှိနေမှာ မဟုတ်ဘူး”

သူက ဆိုးယုတ်စွာ ပြုံးလိုက်ရင်း “မင်း မြင်တဲ့အတိုင်းပဲ... အရာရာတိုင်းက သက်သေအထောက်အထား လိုအပ်တဲ့အခါ ရာဇဝတ်ကောင်တွေ လွတ်မြောက်ဖို့က ပိုလွယ်ကူသွားတာပေါ့၊ ဒီနိုင်ငံရဲ့ ဥပဒေတွေက ပြက်လုံးတစ်ခုပဲ တင်မ်၊ မရေမတွက်နိုင်တဲ့ လူဆိုးအစစ်တွေက ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေကြပြီး တကယ့်လူကောင်းတွေကတော့ ဒီစနစ်ကြီးကြောင့် အမှားသေးသေးလေးကြောင့်နဲ့တင် တစ်ဘဝလုံး ပျက်စီးသွားခဲ့ကြရတယ်”

“မင်း အတိအကျ ဘာလိုချင်နေတာလဲကွ”

တင်မ်က ဟိန်းဟောက်လိုက်သော်လည်း ရှေ့မတိုးရဲသေးချေ။ မည်သို့ပင်ဖြစ်စေ ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ပေါ်က ဗုံးမှာ မပေါက်ကွဲသေးသောကြောင့် ဖြစ်သည်။

“ငါ့ရဲ့ ရည်ရွယ်ချက်ကို မင်းတို့တွေ နားလည်ဖို့ ခက်ခဲလိမ့်မယ်”

“ငါ ကြိုးစားကြည့်လို့ ရတာပဲ”

“အပင်ပန်းမခံပါနဲ့၊ ငါ မင်းကို ပြောပြမှာ မဟုတ်ဘူး”

ဖုန်းပုကြွယ်က ပြန်ဖြေရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဗုံးများကို လက်ညှိုးထိုးပြလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းအခု သဘောပေါက်ထားသင့်တာက... ဒီဗုံးတွေက ခြိမ်းခြောက်ဖို့သက်သက် မဟုတ်ဘူးဆိုတာပဲ၊ ငါ့ကို မင်းတို့ ဖမ်းခွင့်မရစေဖို့ ငါဆုံးဖြတ်ထားပြီးသား ဖြစ်တယ်”

သူစကားကို ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

“ငါ့ကို ဥပဒေအကြောင်း လာမပြောပါနဲ့၊ မင်းတို့နောက်ကွယ်မှာ ရှိနေတာက ဥပဒေမဟုတ်ဘူး၊ တရားမျှတမှုပဲ၊ ဘက်မန်းကိုယ်တိုင်တောင်မှ တရားမျှတမှုဆိုတာ စွမ်းအားရဲ့ အထောက်အပံ့ လိုအပ်တယ်ဆိုတာ ငြင်းပယ်လို့မရပါဘူး၊ ပြီးတော့ မင်းက... တင်မ်၊ မင်းမှာ အဲဒီလို အရည်အချင်းမျိုး မရှိပါဘူး”

ဖုန်းပုကြွယ်သည် စကားပြောနေရင်း နောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး အမိုးလက်ရန်းနားတွင် မတ်တတ်ရပ်လိုက်သည်။

“မင်း သိထားသင့်တဲ့ ကိစ္စနှစ်ခု ရှိတယ်”

သူသည် သူ့အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းတစ်လုံးကို ထုတ်၍ တင်မ်ထံသို့ ပစ်ပေးလိုက်သည်။

တင်မ်၏ အမြင်အာရုံစွမ်းရည်မှာ အလွန်ကောင်းမွန်သဖြင့် ၎င်းက အန္တရာယ်ရှိသော လက်နက်တစ်ခု မဟုတ်ကြောင်း မြင်လိုက်ရသည်နှင့် ဖမ်းယူလိုက်လေသည်။

“မှတ်စုစာအုပ်ကို ဖွင့်လိုက်ပါ၊ ပထမဆုံးအချက်မှာ ဗုံးတစ်ခုရဲ့ တည်နေရာကို မှတ်သားထားတဲ့ ဂဏန်းသုံးစုံ ပါတယ်”

ဖုန်းပုကြွယ်က ဆိုသည်။

“အဲဒီဗုံးက ဒီနေရာကနေ တစ်မိုင်လောက်ဝေးတဲ့ တိုက်ခန်းတစ်ခုထဲမှာ ရှိပြီး နောက်ထပ် ဆယ်မိနစ်အတွင်း ပေါက်ကွဲလိမ့်မယ်”

သူသည် စက္ကန့်အနည်းငယ် စဉ်းစားလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

“ဒုတိယအချက်အနေနဲ့ မင်း ဒါမှမဟုတ် ဂေါ့ဒ်နက်က အခြားအဖွဲ့ဝင်တွေအနေနဲ့ တခြားကမ္ဘာက ရောက်လာတဲ့ ခရီးသွားတွေကို ထပ်တွေ့ခဲ့မယ်ဆိုရင် သူတို့ပြောတဲ့စကားတွေကို တစ်ခွန်းမှ မယုံကြနဲ့၊ သူတို့က သူတို့မှာ အန္တရာယ်မရှိကြောင်း ဒါမှမဟုတ် လက်နက်ချကြောင်း ပြောလာခဲ့ရင် သတိမပြတ်ကြနဲ့... ဒါက သူတို့တွေ သတ်ဖြတ်မှုတွေ အကြီးအကျယ်လုပ်တော့မယ့် အရိပ်အယောင်ပဲ”

ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းပုကြွယ်သည် နောက်ပြန်လှည့်လျက် ထိုအထပ်မြင့်အဆောက်အအုံပေါ်မှ တိုက်ရိုက် ခုန်ချလိုက်တော့သည်။

တင်မ်သည် အမိုးလက်ရန်းအနားသို့ အသည်းအသန်ပြေးသွားပြီး လှမ်းကြည့်လိုက်ရာ ဖုန်းပုကြွယ်သည် လေထဲ၌ လေးထောင့်ပုံသဏ္ဍာန် လေထီးတစ်ခုကို ဖြန့်လိုက်ပြီး အဝေးတစ်နေရာဆီသို့ ပျံသန်းထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

“ဆေ့ဂ်ျ ... ကြားရလား၊ တင်မ်ပါ”

“ဟိုင်း တင်မ်၊ ဘာတွေ ဖြစ်နေတာလဲ၊ နင်အဲဒီလူနောက်ကို လိုက်သွားတယ်လို့ ငါကြားမိထားတာ...”

“ကောင်းပြီ ဘာဘရာ၊ အချိန်မရှိတော့ဘူး၊ ငါ့စကားကို အရင်နားထောင်ပါ”

တင်မ်က ကြားဖြတ်ပြောလိုက်သည်။

“ငါ အခု အရူးတစ်ယောက် ထောင်ထားတဲ့ဗုံးကို သွားဖြုတ်ရလိမ့်မယ်၊ ကျေးဇူးပြုပြီး ဂေါ့ဒ်နက်က အဖွဲ့ဝင်အားလုံးကို ဒီအတိုင်း ပြောပေးပါ”

သူ စကားပြောနေရင်း စတင်ပြေးလွှားလိုက်သည်။ တင်မ်သည် ကြိုးနှင့် ချိတ်များကို အသုံးပြုလျက် မူလအဆောက်အအုံဆီသို့ အလွယ်တကူကူးလိုက်ပြီး အောက်သို့ စတင်ဆင်းသက်လိုက်တော့သည်။ သူသည် တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်း မောင်းနှင်နိုင်သော သူ့ဆိုင်ကယ်ပေါ်သို့ ခုန်ဆင်းရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

“ဒစ်ခ်ကို အဲဒီတခြားကမ္ဘာက ရောက်လာတဲ့ ခရီးသွားနှစ်ယောက်ကို သတိထားဖို့ လှမ်းပြောလိုက်ပါ၊ သူတို့ လက်နက်ချတာက လှည့်ကွက်တစ်ခု ဖြစ်နိုင်တယ်၊ သူတို့ကို စူပါရာဇဝတ်ကောင်အဆင့်ရှိတဲ့ အကျဉ်းခန်းတွေထဲမှာ ထည့်ပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထားရလိမ့်မယ်”

...

ငါးမိနစ်ခန့် ကြာပြီးနောက်... နှစ်ဘလောက်ခန့် အကွာအဝေး ဆင်းသက်နိုင်ခဲ့သော ဖုန်းပုကြွယ်သည် လေထီးကို ဖယ်ရှားလိုက်ပြီး လမ်းကြားတစ်ခုထဲသို့ အေးအေးလူလူ လျှောက်ဝင်လာခဲ့သည်။ သူသည် လမ်းဘေးတွင် ရပ်တန့်ထားသော ဇိမ်ခံကားကြီးတစ်စီးဆီသို့ တိုက်ရိုက်လျှောက်သွားရ နောက်ဘက်တံခါးကို ဖွင့်ကာ တက်ထိုင်လိုက်တော့သည်။

နောက်ဘက်ထိုင်ခုံတွင် အရပ်ရှည်ရှည်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေခဲ့သည်။ သူ့မျက်နှာ ညာဘက်ခြမ်းမှာ သာမန်အတိုင်းဖြစ်ပြီး ဆံပင်ပုံစံက ရိုးရိုးရှင်းရှင်း ဖြစ်နေသော်လည်း အခြားဘယ်ဘက်တစ်ဝက်မှာမူ ပျက်စီးနေပြီး ဆံပင်ပုံစံကလည်း အလွန်အမင်း ချဲ့ကားထားသော ပုံစံမျိုး ဖြစ်နေလေသည်။ သူ၏ကုတ်အင်္ကျီမှာလည်း ထူးခြားလှသည်။ ညာဘက်တစ်ဝက်မှာ အနက်ရောင်ဖြစ်ပြီး သပ်ရပ်သော်လည်း ဘယ်ဘက်တစ်ဝက်မှာမူ မာဖီးယားအဖွဲ့က အမှုဆောင်တစ်ဦး၏ အဝတ်အစားကဲ့သို့ ထူးဆန်းသော အစင်းကြားပုံစံ ဖြစ်နေလေသည်။

ဖုန်းပုကြွယ်သည် ထိုမျက်နှာနှစ်ဖက်ရှိသူရှေ့တွင် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ဝင်ထိုင်လိုက်ပြီး ဘားအသေးစားလေးထဲမှ ဝီစကီတစ်ပုလင်းကို ယူကာ ခွက်ထဲသို့ ငှဲ့ရင်း ဆိုလိုက်သည်။

“သူတို့တွေ ထောင်ချောက်ထဲ ဝင်လာကြပြီ၊ မင်းလူတွေကို အဆင်သင့် ပြင်ခိုင်းထားလိုက်တော့”

All Chapters