← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း (၂၇၆) ဝတ်ရုံလုပွဲ - ၁၈

“ဟီးဟီး... သူ ဘယ်လောက်အထိ တောင့်ခံနိုင်မယ်လို့ မင်းထင်လဲ”

ကပ်ဘေး၏ ဘေးချင်းကပ်လျက် အနောက်ဘက်ဆီမှ ရုတ်တရက် ဝူဒီ၏အသံက ထွက်ပေါ်လာလေသည်။

ကပ်ဘေးက နောက်လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“နင်ပြောတာတာ... Catwoman ကိုလား”

ဝူဒီက ရယ်မောလိုက်သည်။

“အိုး... မင်းက ပုဖန် အနိုင်ရလိမ့်မယ်လို့ တွက်ထားတာလား”

ကပ်ဘေးက ပြန်ဖြေလိုက်သည်။

“DC universe ထဲက စူပါပါဝါမရှိတဲ့ ဟီးရိုးတွေရဲ့ စံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင်တော့ ဆလီနာကိုင်းလ်ရဲ့ စွမ်းရည်တွေက သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး၊ သူ့ရဲ့ အမြန်နှုန်းနဲ့ ခုန်ပျံနိုင်စွမ်းက သာမန်လူထက် လေးဆပဲ ရှိတယ်၊ အမြင့်က ပြုတ်ကျတာနဲ့ ပြင်းထန်တဲ့ ရိုက်နှက်မှုဒဏ်တွေကို ခံနိုင်ရည်က သာမန်လူထက် သုံးဆပဲရှိတယ်၊ ခွန်အားပိုင်းမှာဆိုလည်း သန်မာတဲ့လူကြီးတစ်ယောက်ထက် နည်းနည်းပဲပိုတာ... ဒီလိုခွန်အားက ‘နိုက်ဝင်း’ တို့ ‘နိုက်’ တို့လို အမျိုးသားဟီးရိုးတွေထက် အများကြီး နိမ့်ပါတယ်၊ ပုဖန်က ဘာစကေးမှ ထုတ်မသုံးရင်တောင် သူတို့နှစ်ယောက်က အခြေအနေချင်း အတူတူပဲ ရှိမှာပါ”

ထိုအချိန်တွင် သူမနှင့် ဝူဒီတို့ နှစ်ဦးလုံးသည် လေထဲ၌ ပျံဝဲနေကြပြီး သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားကြသည်။ သူတို့အောက်တွင် တိုက်ခိုက်နေကြသော ပုဖန်နှင့် Catwoman အပါအဝင် ဤဒိုင်မန်းရှင်းထဲက ဘယ်သူကမှ သူတို့၏ တည်ရှိမှုကို သတိမပြုမိနိုင်ကြချေ။

“ဒါပေမဲ့ Catwoman ဆီမှာ ဘယ်တော့မှ မပြတ်လပ်သွားနိုင်တဲ့ အရာနှစ်ခု ရှိတယ်နော်”

ဝူဒီက ဆက်ပြော၏။

“တစ်ခုက သူ့ရဲ့ စူပါတိုက်ခိုက်ရေး အရည်အချင်း ဖြစ်ပြီး... နောက်တစ်ခုကတော့ ဒီစကြဝဠာရဲ့ အဓိက ဇာတ်ကောင်တစ်ယောက် ဖြစ်နေရတဲ့ ‘ကံတရား’ ပဲ”

“‘ကံတရား’ ဟုတ်လား”

ကပ်ဘေးက ထပ်မံရေရွတ်လိုက်သည်။

“ဟွန့်... နင်ပြောချင်တာက သူက ဘယ်တော့မှ မသေနိုင်ဘူး ဆိုတာလား”

“ဟုတ်သလိုလိုနဲ့ မဟုတ်ဘူးပေါ့ကွာ...”

ဝူဒီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ဟီးဟီး... Catwoman လိုမျိုး အဓိကဟီးရိုး ဒါမှမဟုတ် ဗီလိန်တွေ ‘သေ’ တော့မယ်ဆိုရင် အဲဒါက များသောအားဖြင့် ‘သေဟန်ဆောင်တာ’ မျိုးပဲ ဖြစ်တတ်တာ... သူတို့က ခဏတဖြုတ် ပျောက်သွားပြီး ပြန်ပေါ်လာတတ်ကြတယ်၊ ကစားသမားတွေအနေနဲ့ ဒီဇာတ်ကောင်တွေကို တကယ် ‘သတ်’ ချင်တယ်ဆိုရင် မှန်ကန်တဲ့ နည်းလမ်းတွေကို သုံးရလိမ့်မယ်၊ သူတို့ရဲ့ ခေါင်းကို ဖြတ်ပစ်တာမျိုး ဒါမှမဟုတ် အသားစင်းကော လုပ်ပစ်တာမျိုး လုံးဝမလုပ်ရဘူး၊ အဲဒီလို လုပ်မိရင် DC Universe ရဲ့ ‘အမြင့်မြတ်ဆုံးစိတ်ဆန္ဒ’ က ကြားဝင်လာပြီး စူပါမန်းကို ချက်ချင်းလွှတ်ပြီး ကစားသမားတွေကို တားဆီးတာမျိုး ဖြစ်သွားလိမ့်မယ်”

ဝူဒီ့လေသံမှာ အနည်းငယ် သရော်တော်တော် ဖြစ်လာသည်။

“ဒီလို အဓိကဇာတ်ကောင်တွေကို သတ်ဖို့ဆိုရင် ငါအမြင်အရတော့ ဂန္ထဝင်မြောက်တဲ့နည်းလမ်း နည်းနည်းလောက်ပဲ အကြံပြုချင်တယ်... ပထမတစ်ခုက သူတို့ နှလုံးသားနဲ့ မီလီမီတာ အနည်းငယ်ပဲ ဝေးတဲ့နေရာကို ကျည်ဆန်နဲ့ ပစ်တာမျိုး၊ ဒုတိယတစ်ခုက သူတို့ကို ချောက်နက်ကြီးထဲ တွန်းချပစ်တာမျိုး၊ တတိယတစ်ခုကတော့ ပေါက်ကွဲမှုတစ်ခုထဲမှာ ပျောက်ကွယ်သွားစေတာမျိုးပေါ့”

သူက သူ့လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

“ဟီးဟီး... မင်းအနေနဲ့ ‘အမြင့်မြတ်ဆုံးစိတ်ဆန္ဒ’ အတွက် လမ်းစတစ်ခုတော့ ချန်ပေးထားရမယ်လေ၊ ဟုတ်တယ်မလား... ဒါမှ သူက ဒီဇာတ်ကောင်တွေကို ပြန်ရှင်သန်လာစေဖို့ ပိုလွယ်ကူသွားမှာပေါ့”

“ကျစ်... ဒီနေရာက ‘အမြင့်မြတ်ဆုံးစိတ်ဆန္ဒ’ ဆိုတဲ့ကောင်ကလည်း ငါတို့ရဲ့ ဘော့စ်လိုပဲ အလုပ်တွေကို လှည့်ပတ်လုပ်ရတာကို သဘောကျပုံရတယ်”

ကပ်ဘေးက တုံ့ပြန်လိုက်သည်။

“ဟီးဟီး...”

ဝူဒီက ညစ်ညမ်းသော အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။

“တကယ်တော့ Marvel universeu က ‘oaa’ ဆိုတဲ့ကောင်ကလည်း အဲ့ဒီလိုပဲ၊ တကယ်လို့ ပြင်လို့မရတဲ့ အမှားတွေ အရမ်းများလာပြီဆိုရင် သူက အချိန်စီးကြောင်းတွေအားလုံးကို Reboot လုပ်ပစ်လိုက်ပြီး သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်တွေကို ရှင်းလင်းပစ်တာမျိုး လုပ်တတ်တယ်”

“ကောင်းပြီ... အဓိက အကြောင်းအရာဆီ ပြန်သွားရအောင်”

ကပ်ဘေးက ဆိုသည်။

“နင်ရုတ်တရက် ပေါ်လာတာက ငါအလောင်းအစားလုပ်ထားတဲ့လူ ရှုံးတော့မယ်ဆိုတာကို လာပြောချင်လို့သက်သက်ပဲလား”

“ဟီးဟီး... အဲဒါက အကြောင်းရင်းတစ်ခုပေါ့”

ဝူဒီက ညစ်ညမ်းစွာ ရယ်မောလိုက်တယ်။

“ဒါ့အပြင် ငါ့လူတွေက အောင်ပွဲကို လက်ဝါးကြီးအုပ်ထားနိုင်ပြီဆိုတာကို လာကြွားချင်လို့လည်း ပါတာပေါ့”

“တစ်နေ့ကျရင်တော့... ဝူဒီ၊ ငါ နင့်လည်ချောင်းကို ဆွဲဖြတ်ပြီး အဲဒီလိုမရယ်နိုင်အောင် လုပ်ပစ်မယ်”

ကပ်ဘေးက အေးစက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ဒါက ဒီနေ့တော့ မဟုတ်သေးပါဘူး”

ဝူဒီက ပြန်ဖြေ၏။

“အခုလောလောဆယ် ကပ်ရောဂါ လောင်းထားတဲ့ကောင်က ထွက်သွားရပြီ၊ မစ္စတာယိုးရဲ့ လူတွေလည်း အသတ်ခံလိုက်ရပြီ၊ ပြီးတော့ မင်းကောင်မလေးသာ သေသွားမယ်ဆိုရင် နောက်ဆုံး အပြောင်းအလဲက ပျောက်သွားတော့မှာပဲ”

“ဟွန့်... နင်က အောင်ပွဲကို လက်ဝါးကြီးအုပ်ထားနိုင်ပြီလို့ ပြောရဲတယ်ပေါ့လေ”

ကပ်ဘေးက နှာခေါင်းရှုံ့လိုက်သည်။

“နင်တွက်ထားသလို ငါ့လူက ဒီနေရာမှာ တကယ်သေသွားခဲ့ရင်တောင်...”

သူမ ခေါင်းလှည့်ပြီး ပြန်တုံ့ပြန်လိုက်သည်။

“ဆစ်ဒ် လောင်းထားတဲ့ သျှီဝနဲ့ စစ်ပွဲက မျက်နှာသာပေးထားတဲ့ ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့ နှစ်ယောက်လုံး နင့်အမိန့်အောက်က အဲဒီအရူးကောင်ထက် အများကြီး ပိုသန်မာကြတယ်၊ သူတို့တွေ ပြန်လွတ်မြောက်ဖို့ဆိုတာက အချိန်တစ်ခုပဲ”

“ဟီးဟီး... သူတို့ ပြန်လွတ်မြောက်ဖို့ဆိုတာကတော့ အပြောလွယ်သလောက်...”

...

ထိုအချိန်တွင်... ရဲစခန်းမှ ထွက်ခွာလာသော ကားထဲ၌။

“ဟေး... ငါတို့ကို ဘယ်ခေါ်သွားနေတာလဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ကျည်ကာမှန်နှင့် သံတိုင်များနောက်မှ ရဲအရာရှိများကို လှမ်းအော်မေးလိုက်သည်။

သို့သော် သူတို့က သူ့အား လုံးဝလျစ်လျူရှုထားကြလေသည်။

ထိုသယ်ယူပို့ဆောင်ရေးယာဉ်တွင် အထူးဒီဇိုင်းတစ်ခု ရှိပေသည်။ ယာဉ်မောင်းထိုင်ခုံနှင့် အနောက်ဘက် အကန့်ကြားထဲတွင် ကျည်ကာမှန်တပ်ဆင်ထားသည် ပြတင်းပေါက် အသေးလေးတစ်ခုသာ ရှိပြီး နှစ်ဖက်စလုံးကို သံဇကာများဖြင့် လုံလုံခြုံခြုံ ကာရံထားခြင်းဖြစ်သည်။ အနောက်ဘက် အကန့်တစ်ခုလုံးကိုလည်း သံချပ်ကာပြားများ၊ သတ္တုပြားများနှင့် ကာရံထား၏။ တံခါးမှာ အထဲကနေ ဖွင့်မရဘဲ အပြင်ဘက်မှသာ စိတ်ချရသော သံမဏိတုံးများစွာကို တပ်ဆင်ထားခြင်း ဖြစ်သည်။

အတိတ်တုန်းက စူပါဗီလိန်များကို ပို့ဆောင်ရာတွင် ကြုံတွေ့ခဲ့ရသော နာကျင်စရာသင်ခန်းစာ အမြောက်အမြားအပေါ် အခြေခံ၍ ဂေါ့သမ်ရဲတပ်ဖွဲ့က ထိုသယ်ယူပို့ဆောင်ရေးယာဉ်ကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ အကျဉ်းသားများကို စောင့်ကြပ်ရန် တာဝန်ယူထားရသော ရဲအရာရှိများမှာ ဓားစာခံအဖြစ်ဖမ်းဆီးခံရမည်စိုးသောကြောင့် အနောက်ဘက်အကန့်ထဲတွင် အတူတူလိုက်ပါခြင်း မရှိကြချေ...။ ရှေ့ဘက်ရှိယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကလွဲ၍ ကျန်ရဲအရာရှိများနှင့် အနောက်ခန်း၏ သော့အားလုံးသည် အခြားကားတစ်စီးပေါ်တွင် ရှိနေကြခြင်း ဖြစ်သည်။ သူတို့ သွားရမည့်နေရာသို့ ရောက်မှသာ ထိုကားပေါ်က လူများဆင်းလာကြပြီး သယ်ယူပို့ဆောင်ရေးယာဉ်ကို ဝိုင်းရံ၍ တံခါးဖွင့်ပေးကြမည် ဖြစ်သည်။

“အပင်ပန်းခံမနေနဲ့တော့၊ သူတို့ မင်းအသံကို မကြားနိုင်ဘူး”

သျှီဝက တည်ငြိမ်စွာ ဆို၏။

“မင်းက တကယ်ကြီး အေးအေးဆေးဆေးပါလား...”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ပြောလိုက်သည်။

“ငါ မင်းကို ထသတ်လိုက်မှာ မကြောက်ဘူးလား”

ဤအချိန်တွင် သူတို့နှစ်ဦးသည် တစ်မီတာမျှသာ ဝေးသောနေရာ၌ မျက်နှာချင်းဆိုင် ထိုင်နေကြခြင်းဖြစ်သည်။ ယင်းမှာ တိုက်ခိုက်ရေးအထူးပြုဖြစ်သော ခုနှစ်ထွေသတ်ဖြတ်ခြင်းအတွက် သေချာပေါက် အသာစီးရစေမည့် အခြေအနေမျိုးပင်။

“ငါတို့တွေ လွတ်မြောက်ချင်တယ်ဆိုရင် ပူးပေါင်းဆောင်ရွက်တာက အခွင့်အရေး ပိုများတယ်ဆိုတာ ငါတို့နှစ်ယောက်လုံး နားလည်ထားကြတာပဲလေ”

သျှီဝက ဆိုသည်။

“တကယ်လို့ တိုက်ခိုက်ကြမယ်ဆိုလည်း ဒီရဲတွေနဲ့ စူပါဟီးရိုးတွေကို အရင်ဆုံးရှင်းပြီးမှပဲ လုပ်ရလိမ့်မယ်”

“ဒါဆို မင်းဘာကို စောင့်နေတာလဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ပြောရင်းနှင့် သူ့လက်နှစ်ဖက်ကို ဘေးသို့ဆွဲဖြန့်၍ လက်ထိပ်အလယ်ရှိ သံကွင်းကို ဖြတ်ပစ်လိုက်လေသည်။ ထို့နောက် သူ့ခြေထောက်က သံခြေချင်းများကိုလည်း ထိုနည်းအတိုင်း လုပ်ဆောင်လိုက်၏။

“ကားက မြို့လယ်ခေါင်နဲ့ အလုံအလောက်ဝေးသွားမယ့် အချိန်ကို စောင့်နေတာ”

သျှီဝက ပြန်ဖြေလိုက်သည်။

“ဒါမှ ငါတို့ ထွက်ပြေးတဲ့အချိန်မှာ ဘယ်စူပါဟီးရိုးမှ ချက်ချင်းရောက်လာပြီး ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး”

ယင်းကို ကြားသောအခါ ခုနှစ်ထွေသတ်ဖြတ်ခြင်းက ထရပ်လိုက်ပြီး ကားရှေ့မှန်မှတဆင့် အပြင်ဘက် မြင်ကွင်းကို လှမ်းကြည့်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာဖြင့် မှန်နှစ်ချပ်ကာထားသည့်အပြင် အပြင်ဘက်တွင်လည်း မှောင်မည်းနေသောကြောင့် သူဘာမှ သဲသဲကွဲကွဲ မမြင်ရချေ။

“အပင်ပန်းခံပြီး ကြည့်မနေနဲ့တော့၊ ငါ့ရဲ့ ကင်းထောက်စွမ်းရည်က အတော်လေးကောင်းတာမို့ အပြင်ဘက်အခြေအနေကို အကြမ်းဖျင်းတော့ သိပါတယ်”

သျှီဝက ပြောလိုက်သည်။

“ငါတို့က အခု မြို့စွန်နားကို ရောက်နေပြီမို့ အချိန်မရွေး လှုပ်ရှားလို့ ရပြီ၊ ဒါပေမဲ့... ငါ တစ်ခုခုကို တွေးနေတာ”

“ဘာကိုလဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက မေးမြန်းလိုက်သည်။

“မင်း ထူးဆန်းတယ်လို့ မခံစားရဘူးလား၊ ငါတို့က သူတို့နောက်လိုက်ပြီး လက်နက်ချခဲ့ကြတာပဲလေ၊ သူတို့က ဘာလို့ စစ်ဆေးတာကို တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ပြီး ငါတို့ကို တခြားနေရာကို အမြန်ပို့ဖို့ ကြိုးစားနေရတာလဲ”

“သေချာတာပေါ့... သူတို့တွေ ငါ့တို့ရဲ့ စွမ်းအားကို ကြောက်သွားကြလို့ပေါ့”

“အဲဒါကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်တာပဲ”

သျှီဝက ဆက်ပြော၏။

“ဒါပေမဲ့ ငါထင်တာတော့... တခြားအကြောင်းရင်းတစ်ခု ရှိသေးတယ်၊ ငါတို့က အတော်လေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသလို ဂေါ့သမ်မြို့က သာမန်ပြည်သူတွေကိုလည်း တိုက်ရိုက်ထိခိုက်အောင် ဘာမှမလုပ်ခဲ့ကြဘူးလေ၊ ဒါဆို ဘာဖြစ်လို့... ဒီကရဲတွေက ငါတို့အပေါ် ရုတ်တရက် ယုံကြည်မှုပျောက်ဆုံးသွားပြီး တခြားနေရာကို အတင်းအကျပ်ပို့ဖို့ ဖြစ်လာရတာလဲ”

“တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်လို့ ဒါမှမဟုတ် တစ်ခုခုလုပ်လိုက်လို့ သူတို့စိတ်တွေ ပြောင်းသွားတာများလား...”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက စက္ကန့်အနည်းငယ်မျှ တွေးတောပြီး ပြန်ဖြေလိုက်သည်။

“အခု ပြန်တွေးကြည့်ရင်... ကျောက်ရင်းဝမ် သေသွားတဲ့ကိစ္စက တကယ့်ကို သံသယဖြစ်စရာ ကောင်းတယ်”

သျှီဝသည် အလေးအနက် တွေးတောရင်း ပြောလိုက်သည်။

“သေချာတာကတော့ အဲဒီဖုန်းဆိုတဲ့ကောင်ရဲ့ နောက်ကွယ်မှာ မြင်နိုင်တာထက် ပိုတဲ့အရာတစ်ခုခု ရှိနေတာပဲ”

“သူ့ဆီမှာ ဇာတ်လမ်းထဲက NPC တွေကို ထိန်းချုပ်နိုင်တဲ့ စကေးမျိုး ရှိနေတာလား”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက မေးမြန်းလိုက်သည်။

“တကယ်လို့ သူ့ဆီမှာ အဲဒီလိုစကေးမျိုးသာ တကယ်ရှိနေရင် ငါတို့ သေသွားတာ ကြာလှပြီပေါ့၊ ငါတို့ တစ်ယောက်တည်း ရှိနေတဲ့အချိန်မျိုးမှာ စူပါဟီးရိုးတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် လွှတ်ပြီး လုပ်ကြံခိုင်းလိုက်ရုံနဲ့ ပြဿနာက ပြီးသွားပြီလေ၊ ငါ့ရဲ့ သုံးသပ်ချက်အရဆိုရင်တော့... ဒီကောင်က နေရာအနှံ့ ပြဿနာလိုက်ရှာပြီး ငါတို့ကိုပါ သူ့အစီအစဉ်တွေထဲ ဆွဲသွင်းလိုက်တာပဲ၊ အဲဒီလိုနဲ့ပဲ ဇာတ်လမ်းထဲက NPC အင်အားစုတွေက ငါတို့အပေါ်မှာပါ ရန်လိုလာအောင် လုပ်လိုက်တာပေါ့”

ယင်းကို ကြားလိုက်ချိန်တွင် ခုနှစ်ထွေသတ်ဖြတ်ခြင်းသည်လည်း ၎င်းက အမှန်တကယ် ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရသည်။

“အိုး... ဒါဆို ငါတို့အခု ခုခံပြီးထွက်ပြေးလိုက်ရင် သူ့ထောင်ချောက်ထဲ တိုက်ရိုက်တိုးဝင်သွားသလို ဖြစ်မှာပေါ့၊ ပြီးတော့ ငါတို့ကိုယ်ငါတို့ ရှင်းပြဖို့လည်း မဖြစ်နိုင်တော့ဘူး”

“မှန်တယ်၊ ဒါပေမဲ့ လက်ရှိအချိန်မှာ ဒါက ငါတို့ရဲ့ တစ်ခုတည်းသောရွေးချယ်စရာ ဖြစ်နေပုံရတယ်”

သျှီဝက ဆိုသည်။

“ထွက်ပြေးတာက ငါတို့ကို ဇာတ်လမ်းထဲက ဖြောင့်မတ်တဲ့အင်အားစုတွေနဲ့ လုံးဝ ရန်သူ ဖြစ်သွားစေလိမ့်မယ်... ဒါက အရမ်း ဘေးကျပ်နံကျပ် ဖြစ်သလို အန္တရာယ်လည်း အရမ်းများတယ်၊ ဒါပေမဲ့ ငါတို့ထွက်မပြေးဘူးဆိုရင်တော့... ‘ဘလက်ဂိတ်အကျဉ်းထောင်’ လို နေရာမျိုးကို ပို့ခံရပြီး တင်းတင်းကျပ်ကျပ်စောင့်ကြည့်ခံရဖို့ ရာခိုင်နှုန်း အများကြီးရှိတယ်၊ အဲဒီလိုသာဆိုရင် ဒါက ‘ဂိမ်းကစားချိန်’ အပေါ် ပြိုင်ဆိုင်ရတဲ့ကိစ္စ ဖြစ်သွားပြီ၊ တကယ်လို့ တစ်ဖက်လူက ဒီနေ့ ‘သည်းထိတ်ရင်ဖိုသုခဘုံ’ ထဲကို လော့ဂ်အင်ဝင်ထားတဲ့အချိန် သိပ်မကြာသေးဘူးဆိုရင် နောက်ဆုံးကျရင် ငါတို့ နှစ်ယောက်ကပဲ သူ့ထက်အရင် ဂိမ်းထဲက ထွက်သွားရလိမ့်မယ်”

“တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ထဲက ထိပ်တန်း ကစားသမားနှစ်ယောက်ကို သွေးတစ်စက်မှ မကျစေဘဲ အနိုင်ယူဖို့ပေါ့...”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆက်ပြောလိုက်ပြီး ရုတ်တရက် ရယ်မောလိုက်လေသည်။

“ဖုန်းပုကြွယ်... ဘယ်လောက်ကောင်းမွန်တဲ့ အစီအစဉ်လဲ”

“ငါ နားမလည်တာက... စူပါဟီးရိုးတွေ ငါတို့ကို ရှာတွေ့နိုင်ရင် သူ့ကိုလည်း သေချာပေါက် ရှာတွေ့နိုင်မှာပဲ၊ သူက ငါတို့ထက် သန်မာတာမဟုတ်ဘဲနဲ့ ဘယ်လိုလုပ် အဖမ်းမခံရအောင် ဒါမှမဟုတ် အသတ်မခံရအောင် ရှောင်လွှဲနိုင်တာလဲ”

သျှီဝက ထပ်မေးလိုက်သည်။

“ဖြစ်နိုင်တာကတော့ သူလည်း အဖမ်းခံလိုက်ရပြီပေါ့၊ ငါတို့နဲ့ အတူတူ အကျဉ်းချမခံရရုံပဲ ရှိမယ်၊ သူ့အတွက်ကတော့ အသက်ရှင်နေပြီး တခြားကစားသမားတွေနဲ့ ဝေးဝေးမှာ ရှိနေရင် လုံလောက်ပြီလေ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ပြန်ဖြေသည်။

“ဒီအပြန်အလှန် သတ်ဖြတ်ခြင်းစနစ်ရဲ့ ရည်မှန်းချက်က ဇာတ်လမ်းထဲမှာ နောက်ဆုံးကျန်ရစ်တဲ့ ကစားသမား ဖြစ်ဖို့ပဲ၊ သူက ငါတို့နဲ့ ထိပ်တိုက်မတွေ့ဘဲ အနိုင်ရဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်”

“သူက စည်းမျဉ်းတွေကို ပါးပါးနပ်နပ် အသုံးချသွားတာပဲ၊ ဇာတ်လမ်းထဲက အရင်းအမြစ်တွေကို သုံးပြီး ငါတို့ကို လှည့်ပတ်ကစားသွားခဲ့တာ”

သျှီဝက ပြောရင်း သူ့အချုပ်အနှောင်များမှ ရုန်းထွက်လိုက်သည်။

“အခြေအနေကို ပြောင်းလဲဖို့က အခုဆို နောက်ကျသွားပြီ၊ ဘာပဲဖြစ်ဖြစ်... လူကောင်းတစ်ယောက် ဖြစ်ကြောင်း သက်သေပြဖို့က အချိန်ယူရပေမယ့် လူဆိုးတစ်ယောက် ဖြစ်ဖို့ကတော့ ဘယ်အချိန်မဆို ဖြစ်နိုင်တာပဲလေ”

သူက မတ်တတ်ရပ်လိုက်ပြီး “နည်းဗျူဟာနဲ့ ခွန်အား နှစ်ခုလုံးက အနိုင်ရဖို့ လမ်းစတွေပဲ၊ ဒီနေ့တော့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ထဲမှာတောင် မရှိတဲ့ အဲဒီဖုန်းက ငါတို့ကို သင်ခန်းစာတစ်ခု ပေးသွားခဲ့တာပေါ့”

ခုနှစ်ထွေသတ်ဖြတ်ခြင်းကလည်း ထရပ်လိုက်သည်။

“သူနိုင်သွားတဲ့လေသံမျိုးနဲ့ မပြောစမ်းပါနဲ့၊ ငါတော့ အရှုံးမပေးသေးဘူး”

သျှီဝက ဆက်ပြော၏။

“ငါ့မှာ အကြံပေးစရာတစ်ခု ရှိတယ်”

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် သူဘာပြောမည်ကို ကြိုသိနေသည့်အလား ပြုံးလိုက်သည်။

“လွတ်မြောက်သွားပြီးရင် ငါတို့ချင်း အရင်မတိုက်ကြေး... ဟုတ်တယ်မလား”

သျှီဝက ပြန်ဖြေလိုက်သည်။

“မှန်တယ်၊ ဒါပေမဲ့ ငါတို့ကြားမှာ ယုံကြည်မှုမရှိတာမို့ အတူတူလှုပ်ရှားဖို့ကတော့ ထားလိုက်ပါတော့”

“ငါတို့တွေ လူခွဲပြီး ရှာကြမယ်၊ ငါတို့ထဲက တစ်ယောက်ယောက်က သူ့ကို အရင်ရှာတွေ့ပြီး ရှင်းပစ်လိုက်ပြီဆိုမှ...”

“...ငါတို့ကိစ္စကို နောက်မှပဲ ဆုံးဖြတ်ကြတာပေါ့”

သူတို့နှစ်ဦးလုံးသည် ထိပ်သီး အစွမ်းထက်ကစားသမားများ ဖြစ်ကြသောကြောင့် ဖုန်းပုကြွယ်ကဲ့သို့ တိုက်ခိုက်ရေးအဆင့်မရှိသည့် ကစားသမားတစ်ဦး၏ လှည့်စားမှုကို မည်သို့ သည်းခံနိုင်ကြမည်နည်း။ ထိုအချိန်တွင် မည်သူမဆို ဤသတ်ဖြတ်ခြင်းဂိမ်းတွင် အနိုင်ရသွား၍ရသော်လည်း အဆင့် ၂၈ သာ ရှိသေးသော ထိုအကောင်ကိုတော့ လွယ်လွယ်ဖြင့် လုံးဝအနိုင်မရစေရဟု ဆုံးဖြတ်လိုက်ကြလေသည်။

ထိုသို့ဖြင့် ထိပ်သီးကျွမ်းကျင်သူ နှစ်ဦးသည် စကားလုံးအနည်းငယ်ဖြင့် သဘောတူညီချက်တစ်ခုကို ရရှိသွားကြတော့သည်။

နောက်တစ်စက္ကန့်၌... ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး သူတို့ကို တင်ဆောင်လာသည့် သယ်ယူပို့ဆောင်ရေးယာဉ်သည် အတွင်းပိုင်းမှ ပြင်းထန်သောအားတစ်ခုကြောင့် အပေါ်သို့ မြောက်တက်သွားပြီး လေထဲတွင် နှစ်ပတ်လောက် ဂျွမ်းပြန်သွားရသည်။ ထို့နောက် ကားအောက်ခြေမှ မီးတောက်များ ထွက်ပေါ်လာပြီး လူရိပ်နှစ်ခုမှာ လျင်မြန်စွာ ခုန်ထွက်လာကြလေသည်...။

All Chapters