← Chapters

အခန်း ၆၉၄

Vol. 67 Ch. 694

အခန်း ၆၉၄

Vol. 67 Ch. 694

အခန်း (၆၉၄)။

“သူတို့က ကြယ်သခင်လီဖူရဲ့ တပည့်တွေမဟုတ်ဘူးပေါ့။ ကောင်းကင်ဝန်ကြီးနဲ့ ငြိမ်းချမ်း ရေးဝန်ကြီးတို့ရဲ့ သားတွေ ဖြစ်နေတာလား။ ကောင်းတယ်... သိပ်ကောင်းတယ်။ ငါ့ကို တောင် လှည့်စားထားနိုင်တာဆိုတော့ တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်။ ရွှန်ကျိ... ဒီကိစ္စကို အသေအချာ စုံစမ်းပြီး ကြီးမားတဲ့ အန္တရာယ်တစ်ခုကို ကြိုတင်ဖယ်ရှားနိုင်ခဲ့တာ မင်းရဲ့ ကျေးဇူးပါပဲ။” ဧကရာဇ် ယန်ဖန်၏ မျက်လုံးများမှာ ပထမတွင် ခက်ထန်မှုများဖြင့် ဝင်းလက်သွားပြီးနောက် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

“အရှင်မင်းကြီး... သူတို့ကို အခုချက်ချင်း မသတ်ပါနဲ့ဦး။ ဒီကိစ္စကို ကျွန်တော်မျိုးတို့ အသုံးချလို့ ရပါသေးတယ်” ဟုန်ရွှန်ကျိက ရွှမ်ပြည်နယ်နှင့် ကျိုးပြည်နယ် ပြည်နယ်တို့ကို ညွှန်ပြလိုက်သည်။ ဤပြည်နယ်နှစ်ခုမှာ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည့် ယွမ်ရှင်းလန် နှင့် လင်ဖန်းယွန်တို့ အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ယူထားသည့် နေရာများ ဖြစ်သည်။

ထိုပြည်နယ်နှစ်ခု၏ မြေပုံမှာ ဘဲဥပုံသဏ္ဌာန်ရှိပြီး ဘေးပတ်ပတ်လည်တွင် ပုံမှန်မဟုတ် သော အက်ကွဲကြောင်းများ ဝန်းရံထားကာ မျက်တောင်များပါသည့် မျက်လုံးတစ်လုံးနှင့် တူနေသည်။

‘ရွှမ်’ ပြည်နယ်မှာမူ လေးထောင့်ပုံစံ တံဆိပ်တုံးတစ်ခုနှင့် တူသည်။ ဤပြည်နယ်နှစ်ခု၏ မြေပုံကို ကြည့်လိုက်လျှင် တစ်စုံတစ်ခုကို သိမြင်နားလည်နိုင်သကဲ့သို့ ခံစားရပေလိမ့်မည်။

တော်ဝင်ချန် မင်းဆက်၏ ပြည်နယ် ၉၉ ခု မြေပုံကို ကြည့်ရှုပြီးနောက် မည်သူမဆို အသိဉာဏ်ပွင့်လင်းသွားနိုင်သော်လည်း၊ သူတို့ အမှန်တကယ် မည်သည့်အရာကို သိမြင် နားလည်လိုက်သည်ကိုမူ အတိအကျ ထုတ်ဖော်မပြောနိုင်ကြပေ။ ၎င်းမှာ နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်နေပြီး တစ်ခုခု လိုအပ်နေသလို ဟာတာတာနှင့် နေရခက်သော ခံစားချက် မျိုးကိုသာ ပေးစွမ်းသည်။

အလယ်ပိုင်းကောင်းကင်နိုင်ငံ၏ မြေပုံကို သူတော်စင်ဧကရာဇ်များက ရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ ရှေးဦးကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ပြည်နယ် ၉၉ခုမှာ ရှေးဦးခေတ် ကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့ကို မည်သူက ရေးဆွဲခဲ့သည်ကိုမူ မည်သူမျှ မသိကြချေ။ ရှေးဟောင်း ကွန်ဖူးရှပ် ပညာရှင်ကြီးများစွာက ဤမေးခွန်းကို သုတေသန ပြုခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး အယူအဆချင်း မတူညီကြဘဲ မည်သူမျှ အပြီးသတ် ကောက်ချက်မချနိုင်ခဲ့ကြပေ။

သို့သော်လည်း ရှေးခေတ်ကတည်းက တူညီသော အချက်တစ်ချက်မှာ - ဤပြည်နယ် ၉၉ ခုကို အုပ်ချုပ်သော မင်းဆက်သည်သာ မဟာကမ္ဘာလောက၏ အရှင်သခင်၊ ကောင်းကင် နှင့် မြေကြီး၏ တရားဝင် အုပ်ချုပ်သူ၊ အမြင့်မြတ်ဆုံးသော ကိုးငါးလမ်းစဉ်၏ အရှင်သခင် ဖြစ်သည်ဟူ၍ပင်။ ရှေးဟောင်း သူတော်စင်ဧကရာဇ်များပင်လျှင် ဤပြည်နယ် ၉၉ ခုကို သာ စောင့်ရှောက်ခဲ့ကြပြီး နယ်မြေများကို ထပ်မံ မချဲ့ထွင်ခဲ့ကြပေ။ ပြည်နယ် ၉၉ခု ၏ အပြင်ဘက်ရှိ နေရာအားလုံးကို ယဉ်ကျေးမှုမရှိသော လူရိုင်းများ နေထိုင်ရာ ဒေသများ အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။

“ဟုတ်သားပဲ... ငါတို့ သူတို့ကို အသုံးချလို့ ရသားပဲ။ ဒီပြည်နယ်နှစ်ခုက အထက်တန်းလွှာ မိသားစုကြီးတွေကို နှိမ်နင်းဖို့အတွက်ဆိုရင်လည်း သူတို့ကို သုံးလို့ရတယ်။ သူတို့ နှစ်ယောက် အုပ်ချုပ်ရေးမှူးတွေ ဖြစ်လာပြီးနောက်မှာ အပြောင်းအလဲများစွာ ဖြစ်စေခဲ့တဲ့ မူဝါဒတွေ အများကြီး အကောင်အထည်ဖော်ခဲ့တယ်လို့ ငါ ကြားထားတယ်။ သူတို့တွေက နိုင်ငံရေး အောင်မြင်မှုတွေကို ရယူဖို့ ကြိုးစားနေတာ။ သူတို့ နိုင်ငံရေး အောင်မြင်မှုတွေ ရလာတာနဲ့အမျှ ငါက သူတို့ကစားကွက်တိုင်း လိုက်ပါကစားပြီး သူတို့ကို ‘စံပြ အုပ်ချုပ်ရေး မှူး’ တွေအဖြစ် ဘွဲ့အပ်နှင်းလိုက်မယ်။ ဒါမှ တစ်လောကလုံးက အုပ်ချုပ်ရေးမှူးတွေလည်း သူတို့ကို အတုယူကြမှာ”

ဧကရာဇ် ယန်ဖန်က သူ၏လက်ဖဝါးထဲမှ ‘ဧကရာဇ်ကောင်းကင်တံဆိပ်’ ကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။ သူ၏ ထံမှ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုမှာ သဘာဝအလျောက် ထွက်ပေါ်လာသည်။ “ငါဟာ အနှေးနဲ့အမြန် ကောင်းကင်အပြင်ပ နယ်မြေကလာတဲ့ လူအားလုံးကို ထိန်းချုပ်နိုင်မှာပါ။ သူတို့သာ အရည်အချင်းရှိပြီး သစ္စာရှိ မယ်ဆိုရင် သူတို့ကို အရာရှိရာထူးတွေ ပေးအပ်လို့ ရပါတယ်။ ငြိမ်းချမ်းရေးဝန်ကြီးနဲ့ ကောင်းကင်ဝန်ကြီးတို့ကိုပါ ငါ့ဆီ ဒူးထောက်လာတဲ့အခါ သူတို့ကိုလည်း အတွင်းဝန်ကြီး ချုပ်တွေအဖြစ် ခန့်အပ်လို့ ရတယ်။”

“အရှင်မင်းကြီးရဲ့ သဘောထားကြီးမြတ်မှုက စကြဝဠာကြီးတစ်ခုလုံးကို ပေါင်းစည်းပေးခဲ့ တဲ့ သူတော်စင် ဧကရာဇ်တစ်ပါးရဲ့ စိတ်နှလုံးမျိုးပါပဲ” ဟုန်ရွှန်ကျိက အထင်ကြီး လေးစား စွာဖြင့် ချီးကျူးလိုက်သည်။ “ကောင်းကင်အပြင်ပနယ်မြေမှာ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီးရှိပေမဲ့ ဗဟိုကမ္ဘာတစ်ခုကပဲ ကျွန်တော်မျိုးတို့အတွက် ခြိမ်းခြောက်မှုရှိတာပါ။ တကယ်လို့ ဗဟိုကမ္ဘာရဲ့ ကျူးကျော်မှုကို အရှင်မင်းကြီးနဲ့ ကျွန်တော်မျိုးက တွန်းလှန်နိုင် ခဲ့ရင်၊ ဒီလောကမှာ ကျွန်တော်မျိုးတို့ကို တားဆီးနိုင်မယ့်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ပါ ဘူး။ ကျွန်တော်မျိုးရဲ့ သားမိုက် ဟုန်ယွိတောင် တားနိုင်မှာ မဟုတ်ဘူး”

“ဟုန်ယွိ ဖန်ဆင်းရှင် တစ်ပါး ဖြစ်လာပြီးကတည်းက ငါ သူနဲ့တိုက်ခိုက်ရတာ နည်းသွား တယ်။ သူရဲ့ကျင့်ကြံမှုက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး။ သူရဲ့ရုပ်ခန္ဓာက ဘယ်နယ်ပယ်ကို ရောက်သွားပြီလဲ။ သူ့ရဲ့ စိတ်ဝိညာဉ်ကိုကော နတ်ဘုရားတစ်ပါး ဖြစ်အောင် သန့်စင်နိုင်ခဲ့ပြီလား။” ဧကရာဇ် ယန်ဖန်က မေးလိုက်သည်။

“ကျွန်တော်မျိုး ကိုယ်လုပ်တော် တစ်ယောက် ယူတုန်းက အဲဒီ သားမိုက်နဲ့ တစ်ကြိမ် တိုက်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ရုပ်ခန္ဓာကိုယ် နယ်ပယ်က ‘နတ်ဘုရား ကျောက်တုံး ဝိညာဉ် သန္ဓေသား’ အကူညီနဲ့ လူသားအင်မော်တယ် အထွတ်အထိပ်ကို ရောက်နေပါပြီ။ ဒါပေမဲ့ သူ့ကျင့်ကြံမှုက ဖန်ဆင်းရှင် အဆင့်မှာပဲ ရှိနေသေးပြီး ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးတာမို့ သူ့စိတ်ဝိညာဉ်က နတ်ဘုရားအဆင့်ကို မရောက်သေးပါဘူး။ ကျွန်တော်မျိုးရဲ့ သိုင်းတာအိုကတော့ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီ။ တကယ်လို့ သူ့နဲ့ နောက်တစ်ကြိမ် တိုက်မယ်ဆိုရင် ‘သွေးတစ်မှပြန်လည်မွေးဖွားခြင်း’ နယ်ပယ်ရဲ့ စွမ်းအား၊ မသေမျိုးအနှိုင်းမဲ့ခန္ဓာကိုယ်နဲ့ဆို သူ့ကို ကျွန်တော်မျိုး နှိမ်နင်းနိုင်မှာပါ။ အဲဒီ သားမိုက်ဆီ မှာ သတိထားရမှာက ‘သူတော်စင်ပေါင်းစုံ ခန်းမ’ ဆိုတဲ့ နတ်ဘုရားလက်နက်ဘုရင် ရှိနေတာပါပဲ။”

ဟုန်ရွှန်ကျိက အသေအချာ စဉ်းစားလိုက်ရင်း သူ၏ မျက်လုံးများတွင် ခိုင်မာသော ယုံကြည် ချက်နှင့် ပြင်းထန်သော စွမ်းအားများ ပေါ်ထွက်လာသည်။

အမှန်စင်စစ် သူ၏ ‘သွေးတစ်မှ ပြန်လည်မွေးဖွားခြင်း’ နယ်ပယ်၏ အစွမ်းဖြင့်ဆိုပါက သူသည် မည်သည့်အဆင့်ရှိ တည်ရှိမှုမျိုးကိုမဆို ကြောက်ရွံ့စရာ မလိုပေ။ သူသည် ကိုးကြိမ်မြောက်မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသည့် ပညာရှင်ကြီးတစ်ဦးကဲ့သို့ပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လျှို့ဝှက်ချက်အားလုံး သူ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။

“အရှင်မင်းကြီး... အရှင့်ရဲ့ နတ်ဘုရားစွမ်းရည် ကျင့်ကြံမှုကရော ဘယ်လို အခြေအနေ ရှိပါ လဲ။ အရှင့်ရဲ့ ‘အင်မော်တယ် မူလဝိညာဉ်’ က စိတ်ဝိညာဉ်နဲ့ အမှန်တကယ် ပေါင်းစပ်သွား နိုင်ပြီလား။ တကယ်လို့ ‘အသက်မဲ့အနာဂတ်ကျမ်း’ ကို အမှန်တကယ် အောင်မြင်သွားပြီ ဆိုရင်၊ သတ္တဝါအားလုံးရဲ့ ယုံကြည်ကိုးကွယ်မှု စွမ်းအင်တွေကို စုပ်ယူပြီး အရှင့်ရဲ့ မှော်စွမ်းအားတွေကို မြှင့်တင်နိုင်မှာ မဟုတ်လား။” ဟုန်ရွှန်ကျိက ရုတ်တရက် မေးလိုက် သည်။

“ငါဟာ အင်မော်တယ် မူလဝိညာဉ်ကို ငါ့ရဲ့စိတ်ဝိညာဉ်ထဲမှာ အောင်မြင်စွာ ပေါင်းစပ်ပြီး ကျင့်ကြံနိုင်ခဲ့ပြီ။ အသက်မဲ့အနာဂတ်ကျမ်းရဲ့ နောက်ဆုံးအဆင့်ကိုလည်း ငါ နားလည်သွား ခဲ့ပြီ။ ငါဟာ အနာဂတ်ပဲ၊ အနာဂတ်ကလည်း ငါပဲ။ ငါဟာ အနာဂတ်ခေတ်ရဲ့ အရှင်သခင်၊ အနာဂတ် ဗုဒ္ဓပဲ” ဧကရာဇ် ယန်ဖန်းက အနာဂတ်ကို ဆုပ်ကိုင်ထားနိုင်သကဲ့သို့ ပြောလိုက် သည်။ “ငါ အင်မော်တယ် မူလစိတ်ဝိညာဉ်ကို အမြင့်မြတ်ဆုံး ကိုယ်ပွား ‘အနာဂတ်သခင်’ အဖြစ် ကျင့်ကြံထားပြီးပြီ။ ငါ့ရဲ့ မှော်စွမ်းအားတွေက အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး၊ အခုဆိုရင် ‘ဖန်ဆင်းခြင်းသင်္ဘော’ ကိုတောင် အပြည့်အဝ ပြုပြင်နိုင်တဲ့ စွမ်းအားမျိုး ငါ့မှာ ရှိနေပြီ။ ‘ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင် တစ်ခုပဲ လိုတော့တယ်။ အဲဒီအစီအရင်ကိုလည်း ယွမ်ရှင်းလန်နဲ့ လင်ဖန်းယွန်တို့ဆီကနေ ရနိုင်ပါတယ်”

အနာဂတ်သခင်….

ဤသည်မှာ ‘အင်မော်တယ် မူလဝိညာဉ်’ မှ ပြောင်းလဲလာသော ကိုယ်ပွားတစ်ခု ဖြစ်သည်။ အသက်မဲ့အနာဂတ်ကျမ်းကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီးသောအခါ၊ မိမိ၏ စိတ်ဝိညာဉ်အတွင်းသို့ ယုံကြည်ကိုးကွယ်မှုစွမ်းအင်များကို ပေါင်းစပ်ထည့်သွင်းနိုင်သည်။

ရှေးဦးခေတ်ကတည်းက ဤအသက်မဲ့အနာဂတ်ကျမ်းကို ဤနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ သူမှာ လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာရေးသူပုဂ္ဂိုလ်မှလွဲ၍ ဧကရာဇ်ယန်ဖန် တစ်ဦး တည်းသာ ရှိခဲ့ဖူးသည်။

“ငါကျင့်ကြံထားတဲ့ အနာဂတ်သခင်ဟာ သီးခြားတည်ရှိမှု တစ်ခုပဲ၊ ငါလည်း ဟုတ်တယ်၊ ငါလည်း မဟုတ်ဘူး။ အဲဒီနောက်ကွယ်က နက်နဲမှုတွေကို စကားလုံး အနည်းငယ်နဲ့ ရှင်းပြ ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ငါကျင့်ကြံထားတဲ့ အနာဂတ်သခင်က အပြည့်အဝ အောင်မြင်တဲ့ အဆင့်မျိုးကိုတော့ မရောက်သေးဘူး။ အဲဒါက အခြေခံ အဆင့်မှာပဲ ရှိသေးပြီး၊ ရှောင်ရှိူက် လို အထွဋ်အထိပ် လူသားအင်မော်တယ် ငါးဦးကို ယဇ်ပူဇော်ဖို့ လိုအပ်တယ်” ဧကရာဇ် ယန်ဖန်းက ဆက်ပြောသည် “‘ကောင်းကင်ဖြိုဧကရာဇ်’ ဖန်ဆင်းရှင် တစ်ပါး ဖြစ်လာတဲ့ အခါ သူ့ကို ယဇ်ပူဇော်ဖို့ သုံးလို့ရတယ်။ ယဇ်ပူဇော်မှု တစ်ခုစီပြီးတိုင်းမှာ အနာဂတ်သခင်ရဲ့ မှော်စွမ်းအားက အဆမတန် တိုးလာမှာဖြစ်သလို၊ သူရဲ့ သက်တမ်းကလည်း ကောင်းကင် ကြီးသဖွယ် ရှည်ကြာလာလိမ့်မယ်။ ဒဏ္ဍာရီတွေအရ ‘ဧကရာဇ်ချန်ရှန်း’ ဟာ အနာဂတ်ကို အပြည့်အဝ သိမြင်နိုင်တဲ့ အနာဂတ်သခင်တစ်ပါးကို သန့်စင်ဖို့နဲ့ ‘နိဗ္ဗာနနယ်ပယ်’ ကို ကျော်လွန်ဖို့အတွက် နတ်ဘုရားဘုရင် ငါးပါးကို ချိတ်ပိတ်ထားခဲ့တယ်လို့ ဆိုကြတယ်။ ငါတို့ လီဖူကြယ်သခင်ကို ရှာတွေ့တဲ့အခါ သူက ငါတို့ရဲ့ မဟာမိတ်အဖြစ် နာခံမူရှိရင် ကောင်းမယ်၊ မနာခံဘူးဆိုရင်တော့ သူ့ကို ယဇ်ပူဇော်ပစ္စည်းအဖြစ် အသုံးပြုဖို့ ငါ ဝန်မလေး ဘူး”

“ဂုဏ်ယူပါတယ် အရှင်မင်းကြီး” ဟုန်ရွှန်ကျိက အလျင်အမြန် ဦးညွှတ်လိုက်ပြီး ပြောသည် “အရှင်မင်းကြီး ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာပြီးကတည်းက အရှင့်ရဲ့ မှော်စွမ်းအားတွေက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပါ”

“မှန်တယ်၊ ဖန်ဆင်းရှင် နယ်ပယ်ဆိုတာ အရေးအကြီးဆုံး တံခါးပေါက်တစ်ခုပဲ။ အဲဒီတံခါး ကို ဖွင့်နိုင်သွားတာနဲ့ အတွင်းခန်းဆောင်ထဲကို ဝင်လိုက်ရသလိုမျိုးပဲ။ မဟုတ်ရင်တော့ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးရဲ့ အထွတ်အထိပ်မှာ ရှိနေရင်တောင် ‘သာမန်လူ’ တစ်ယောက်ပဲ ဖြစ်နေဦးမယ်။ ရှေးဦးခေတ်ကတည်းက မရေမတွက်နိုင်တဲ့ လူတွေဟာ ဖန်ဆင်းရှင် တံခါးဝမှာ တောင်တင်နေခဲ့ကြပြီး မဝင်နိုင်ခဲ့ကြဘူး။ ဒီတံခါးကို ဝင်နိုင်သွား တာနဲ့ သူတော်စင်တွေနဲ့ အင်မော်တယ်တွေ ဖြစ်သွားကြတာပဲ” ဧကရာဇ် ယန်ဖန်း၏ ကျယ်ပြန့်သော လက်ဖဝါးမှာ မြေပုံပေါ်တွင် တင်ထားပြီး၊ မဟာကမ္ဘာလောက တစ်ခုလုံး ကို သူ၏ လက်ဖဝါးထဲသို့ သိမ်းကျုံးသွင်းယူကာ သူ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအဖြစ် ပြုလုပ်လို ပုံရသည်။ “ဒါပေမဲ့ ကံဆိုးတာက ငါ ဖန်ဆင်းရှင် ဖြစ်ဖို့ ကျင့်ကြံနိုင်ခဲ့တာက ပြောင်းလဲခြင်း ကျမ်းကနေရတဲ့ အသိဉာဏ်တွေကြောင့် ဖြစ်နေတာပဲ။”

“အဲဒီသားမိုက် မရှိရင်တောင် ကျွန်တော်မျိုးလည်း ပြောင်းလဲခြင်းကျမ်းစာကို ရေးနိုင်ပါ တယ်။ အဲဒီသားမိုက်က ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာ အနည်းငယ်ကို အခွင့်ကောင်း ယူပြီး အရင်ဆုံး လက်ဦးမှုယူလိုက်လို့ အကျိုးကျေးဇူးတွေ ရသွားတာပါ” ဟုန်ရွှန်ကျိက အေးစက်စွာ ပြောလိုက်သည် “အရှင်မင်းကြီး အဲဒီကိစ္စကို စိတ်ထဲ ထားစရာမလိုပါဘူး။ ဒါ့အပြင် အဲဒီသားမိုက်ဟာ ကောင်းကင်အပြင်ပနယ်မြေကလူတွေ မဟာကမ္ဘာလောကကို ကျူးကျော်တော့မယ်ဆိုတာကို သိထားပုံရတယ်။ သူက သေချာပေါက် ခုခံကာကွယ်ရင်း ရှေ့တန်းကနေ ပါဝင်လိမ့်မယ်။ အရှင်မင်းကြီးအနေနဲ့ သူ့ကို ရှေ့ဆုံးကနေ တိုက်ခိုင်းပြီး သူ့အင်အားတွေ ကုန်ခန်းသွားအောင် လုပ်လို့ရတယ်။ ပြီးမှ သူ့ကို တစ်ချက်တည်းနဲ့ ဖမ်းဆီး သတ်ဖြတ်လိုက်ရုံပါပဲ”

“သူက အဲဒီလောက်အထိတော့ မအလောက်ဘူးနော်” ဧကရာဇ် ယန်ဖန်းက ဆိုသည်။

“သူ့ရဲ့စရိုက်ကို ကျွန်တော်မျိုးလောက် ဘယ်သူမှ မသိပါဘူး။ သူဟာ နန်းတွင်းနဲ့ ပူးပေါင်းဖို့ ဖြစ်နိုင်ခြေ များပါတယ်။ အဲဒီသားမိုက်က လူကြီးလူကောင်း တာအိုကို လိုက်နာသူဆို တော့ အရာရာကို ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ရတာကို ကြိုက်တယ်။ ဒါ့အပြင် သူဟာ ကောင်းကင်အပြင်ပနယ်မြေကို ခုခံကာကွယ်ရာကနေ ကြီးမားတဲ့ ဂုဏ်သိက္ခာကို လည်း ရယူချင်နေတာ။” ဟုန်ရွှန်ကျိက တွက်ချက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ “ဒီကိစ္စက နန်းတွင်းနဲ့ အရှင်မင်းကြီးအတွက် အခွင့် အရေးတစ်ခု ပေးပါလိမ့်မယ်။ ကျွန်တော်မျိုးမှာ အလွန်ကောင်းမွန်တဲ့ အစီအစဉ်တစ်ခု ရှိတယ်။ ကောင်းကင်အပြင်ပနယ်မြေက စစ်တပ်တွေ အမှန်တကယ် ရောက်လာချိန်မှာ၊ အဲဒီသားမိုက်ကို အဆုံးမရှိတဲ့ စစ်ပွဲထဲမှာ ပိတ်မိနေအောင် လုပ်ပြီး သူ့ရဲ့ အင်အားတွေ အကုန် ကုန်ခမ်းသွားအောင် လုပ်လို့ရပါတယ်။”

“ဘယ်လို အစီအစဉ်လဲ” ယန်ဖန်၏ မျက်မှောင်ကြုတ်ထားမှုများ အနည်းငယ် ပြေလျော့ သွားပါသည်။

“ကျွန်တော်မျိုးမှာ အသေးစိတ် ရေးထားတဲ့ အစီရင်ခံစာ တစ်စောင် ရှိပါတယ်။ အရှင် မင်းကြီး ဖတ်ကြည့်တော်မူပါ။ အဲဒီထဲမှာ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့အတွက် ကျွန်တော်မျိုးရဲ့ အနာဂတ် အစီအစဉ်တွေ အားလုံးလည်း ပါဝင်ပါတယ်။ ဒီအစီရင်ခံစာက စာလုံးရေ တစ်သောင်းပါတဲ့ အစီအရင်ခံပါ” ဟုန်ရွှန်ကျိက သူ၏ ဝတ်စုံလက်မောင်းထဲမှ စာလုံးရေ တစ်သောင်းပါသော အစီအရင်ခံကို ထုတ်ယူကာ ဆက်သလိုက်ပါသည်။

ယန်ဖန်က အစီအရင်ခံကို ဖွင့်ဖတ်ပြီး အသေအချာ လေ့လာနေ၏။ သူ၏ မျက်နှာ အမူအရာမှာ အလင်းနှင့် အမှောင်များ ပြောင်းလဲနေသကဲ့သို့ အတွေးနက်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းတစ်ချက်ချကာ “ဒီအကြံက တကယ်ကို ရက်စက်တာပဲ။”

“စိတ်သဘောထား သေးသိမ်တဲ့လူဟာ လူကြီးလူကောင်း မဟုတ်သလို၊ အဆိပ်မရှိတဲ့ လူကလည်း ယောကျ်ားကောင်း မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ ထာဝရ တည်တံ့တဲ့ အုပ်ချုပ်မှုကို တည်ဆောက်ဖို့ဆိုရင် ဘယ်လိုနည်းလမ်းမျိုးကိုပဲ သုံးသုံး ဂရုစိုက်နေဖို့ မလို ပါဘူး” ဟုန်ရွှန်ကျိက ပြောသည် “အနာဂတ် သမိုင်းမှတ်တမ်းတွေက သံမဏိလို ခိုင်မာနေ ရင်တောင် ကျွန်တော်မျိုးကတော့ အရှင်မင်းကြီးအတွက် အဲဒီထာဝရ အမည်းစက်ကြီးကို ခံယူဖို့ အသင့်ပါပဲ”

“ငါကတော့ နာမည်ဆိုး ခံရမှာကို မကြောက်ပါဘူး၊ ဘာလို့လဲဆိုတော့ ငါဟာ ထာဝရ မပျက်စီးနိုင်တဲ့ သက်တမ်းကို ပိုင်ဆိုင်ထားလို့ပဲ” ယန်ဖန်က ဆိုသည် “ဒါပေမဲ့ ဟုန်ယွိကို ကိုင်တွယ်ဖို့ ဒီလိုအစီအစဉ်မျိုး သုံးမယ်ဆိုတော့ မင်းတို့ မင်းတို့ သားအဖနှစ်ယောက်ကြား မှာ ဘာသံယောဇဉ်မှ မရှိတော့ဘူးလို့ ပြနေတာပဲ။ ဒါကို မြင်ရတော့ တကယ်ကို စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ ငါလည်း မင်းနဲ့ အတူတူပါပဲ။ ငါ့သားတွေ အကုန်လုံးက ပလ္လင်ကို မက်မောနေကြတာ။ သူတို့သာ ရတနာပလ္လင်ပေါ် တက်နိုင်မယ်ဆိုရင် ကိုယ့်အဖေကို ပြန်သတ်ဖို့တောင် ဝန်လေးကြမှာ မဟုတ်ဘူး။”

“ကျွန်တော်မျိုးနဲ့ အဲဒီသားမိုက်က လျှောက်လှမ်းတဲ့လမ်းချင်း မတူကြဘူး၊ ဒါကြောင့် အတူတူ အလုပ်လုပ်လို့ မရပါဘူး။ ကျွန်တော်မျိုးရဲ့ နှလုံးသားထဲက ‘တာအို’ အတွက်ဆိုရင် သားအဖ သံယောဇဉ်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်မျိုးရဲ့ နှလုံးသား ထဲမှာ တာအိုသာ မရှိရင်၊ ကျွန်တော်မျိုးဟာ သာမန်လူတစ်ယောက်ပဲ ဖြစ်နေမှာပါ” ဟုန်ရွှန်ကျိက အနည်းငယ် ထပ်မံ ဦးညွှတ်လိုက်သည် “ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါဦး။ အရှင်မင်းကြီးအနေနဲ့ ကျွန်တော်မျိုးရဲ့ အစီအစဉ်တွေကို အသေအချာ စဉ်းစားတော်မူပါ။ တကယ်လို့ သင့်တော်တယ်လို့ ယူဆရင် ကျွန်တော်မျိုးကို ချက်ချင်း အမိန့်ပေးပါ၊ အောင်မြင်မှုကတော့ သေချာပေါက် ရပါလိမ့်မယ်။”

“ကောင်းပြီ”

တော်ဝင်ချန် ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။

ထိုနေ့တွင် ဟုန်ရွှန်ကျိနှင့် ယန်ဖန်းတို့ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်၊ သို့မဟုတ် ဟုန်ရွှန်ကျိ ရှေ့လျှောက်ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို ကိုင်တွယ်ရန် မည်သည့် အစီရင်ခံစာကို ဆက်သခဲ့သည်ကို မည်သူမျှ မသိကြပေ။

သို့သော် ထိုနေ့မှစ၍ အစိုးရအဖွဲ့၏ အခြေအနေမှာ ကြီးမားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်လာတော့မည်မှာ အမှန်ပင်။

...

“မြေပုံပေါ်ကနေ ပြည်နယ် ၉၉ ခုကို ကြည့်ရတာက ကောင်းကင်ပေါ်ကနေ ကြည့်ရတာနဲ့ မတူဘူးပဲ၊ ဒါဟာ လုံးဝ မြင်ကွင်းအသစ်ပါလား။”

ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်း၌ ဟုန်ယွိ၏ ထိုက်ကျီမူလစိတ်ဝိညာဉ်မှာ ရပ်နေပါသည်။ သူ၏ရှေ့တွင် မုနိအလင်းစက်ဝန်းတစ်ခု တောက်ပနေပြီး၊ ၎င်းအတွင်း၌ တော်ဝင်ချန်၏ ပြည်နယ် ၉၉ ခု၏ ပုံရိပ်ယောင်မှာ စုစည်းနေသည်။

ကျယ်ပြောလှသော တော်ဝင်ချန်၏ ပြည်နယ် ၉၉ ခုလုံး ပေါ်ထွက်လာသည်။ ဤသည်မှာ မြေပုံတစ်ခု မဟုတ်ဘဲ ၎င်း၏ စစ်မှန်သော ပုံသဏ္ဌာန်အတိုင်း အဆပေါင်း တစ်သိန်းခန့် ချုံ့ထားသော ပုံစံဖြင့် ပေါ်ထွက်နေခြင်း ဖြစ်ပါသည်။

ပြည်နယ် ၉၉ ခု၏ ပုံသဏ္ဌာန်တစ်ခုချင်းစီမှာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခု ကို ဖော်ပြနေပြီး၊ ၎င်းပုံစံတစ်ခုချင်းစီမှာ ဟုန်ယွိ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်နှင့် အမျှ သူ၏ ကြီးမားသော မူလစိတ်ဝိညာဉ် စွမ်းအားဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ လေ့လာခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းနှင့် အမျိုးမျိုးသော တွက်ချက်မှုများကို ပြုလုပ်နေသည်။

ဟုန်ယွိသည် ပြည်နယ် ၉၉ ခု၏ ပုံသဏ္ဌာန်များနှင့် လူ့ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များ၏ လျှို့ဝှက်ချက်များကို ဆက်စပ်တွက်ချက်ရန် ပြောင်းလဲခြင်းကျမ်းကို စတင် အသုံးပြုလိုက် သည်။

တွက်ချက်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှု အပိုင်းတွင်၊ ဤလောက၌ ပြောင်းလဲခြင်းကျမ်းထက် ပို၍ နက်နဲသော တာအိုကျင့်စဉ်မျိုး မရှိချေ။ ထို့အပြင် နောက်ဆုံး ကျန်ရှိနေသော ကြီးမြတ် သည့် အပ်စိုက်မှတ် ၉၉ ခု၏ လျှို့ဝှက်ချက်များကို ဟုန်ယွိထက် ပိုမိုကောင်းမွန်အောင် တွက်ချက်နိုင်သူလည်း မရှိနိုင်ပေ။

ဟုန်ယွိသည် ကောင်းကင်အပြင်ပနယ်မြေသို့ ခရီးမထွက်မီ၊ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်း၌ နေထိုင်ရင်း ပြည်နယ် ၉၉ ခု၏ ပုံသဏ္ဌာန်များကို နောက်ဆုံးအကြိမ် အဖြစ် လေ့လာပြီး ထိုးထွင်းသိမြင်မှုတစ်ခုခုရယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

တဖြည်းဖြည်းနှင့် သူ၏ အစွမ်းထက်လှသော တွက်ချက်မှုများအောက်တွင် ပြည်နယ် ၉၉ခု ၏ ပုံသဏ္ဌာန်များမှ လျှို့ဝှက်ချက်များကို တစ်ခုပြီးတစ်ခု တွက်ချက်နိုင်ခဲ့ပြီး ၎င်းတို့မှာ အပြန်အလှန် ချိတ်ဆက်သွားကြသည်။ အမျိုးမျိုးသော ထင်မြင်ယူဆချက်များမှာ ကြီးမား သော အတွေးမြစ်ကြီးတစ်စင်းအဖြစ် စီးဆင်းသွားပြီး ထိုက်ကျိ မူလစိတ်ဝိညာဉ်အတွင်း၌ ပြောင်းလဲသွားကြသည်။

ယခင်က ဤကဲ့သို့ တွက်ချက်မှုများသည် နက်နဲလှသော ‘ကိုယ်ကျင့်တရား အစစ်မှန် စွမ်းအင်’ နှင့် ‘ထာဝရအလင်းတန်း’ တို့ကိုပင် တွက်ချက်နိုင်ခဲ့သည်။ သို့သော် ယခုအခါ ဤနောက်ဆုံး အပ်စိုက်မှတ်များ၊ ပြည်နယ် ၉၉ ခုနှင့် လူသားခန္ဓာကိုယ်၏ လျှို့ဝှက်ချက် များကို တွက်ချက်ရာတွင် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိသလို ဖြစ်နေသည်။

ခန့်မှန်းချက်များမှာ ပိုးမျှင်ကြိုးများကဲ့သို့ ရှုပ်ထွေးနေပြီး ‘ဉာဏ်အလင်း’ တစ်ခု ပေါ်ပေါက် လာရန် ခက်ခဲနေသည်။

“ဒီပြည်နယ် ၉၉ ခုရဲ့ လျှို့ဝှက်ချက်တွေက လူ့ခန္ဓာကိုယ်ရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပဲ။ ဒါကို သိမြင်သွားတာနဲ့ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်ကို တကယ် ရောက်နိုင်မှာ။ ဒါကြောင့်လည်း ဒါကို နားလည်ဖို့က မလွယ်တာပဲ။”

အချိန်အတော်ကြာအောင် သိမြင်ရန် ကြိုးစားသော်လည်း ဘာမှ မထူးခြားလာသည့်အခါ ဟုန်ယွိသည် ခေတ္တမျှ လက်လျှော့ရန် ဆုံးဖြတ်လိုက်ပြီး အတွေ့အကြုံများ ပိုမိုစုဆောင်ပြီး မှသာ ပြန်လည်ကြိုးစားရန် စဉ်းစားလိုက်သည်။

ရုတ်တရက်၊ မုနိအလင်းစက်ဝန်း အတွင်းရှိ ပြည်နယ် ၉၉ ခု မြေပုံ၏ အလယ်ဗဟို တည့်တည့်တွင် မှိန်ပျပျ အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။

“ဟင်….. တခြားတစ်ယောက်ယောက်ကလည်း ဒါကို သိမြင်ဖို့ ကြိုးစားနေတာလား။ ဒီအလယ်ဗဟိုက ‘ကျောက်စိမ်းမြို့တော်’ ပဲ။ အဲဒါ ဟုန်ရွှန်ကျိလား၊ ဧကရာဇ် ယန်ဖန်း လား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်လား။” ဤအရာက ဟုန်ယွိ၏ စိတ်ဝင်စားမှု ကို ပြင်းပြင်းထန်ထန် ဆွဲဆောင်လိုက်ပါသည်။

မုနိအလင်းစက်ဝန်းမှာ ရုတ်တရက် ကြည်လင်လာပြီး၊ ကျောက်စိမ်းမြို့တော်၏ ပုံရိပ်မှာ ၎င်းအတွင်း၌ ပေါ်ထွက်လာသည်။

ကျောက်စိမ်းမြို့တော် နန်းတော်၏ အတွင်းပိုင်း၊ မည်သူမျှ မသိနိုင်သော လျှို့ဝှက် ဟင်းလင်းပြင်တစ်ခုထဲတွင် အာရုံခံရုံမျှသာ သိနိုင်သော တည်ရှိမှုတစ်ခု ထိုင်နေသည်။ သူ၏ အသက်ရှူသံမှာ ကမ္ဘာမြေကြီး၏ အဆုတ်များ လှုပ်ရှားနေသကဲ့သို့ပင်။

“ဘယ်သူလဲ။ အရမ်း အစွမ်းထက်တာပဲ။ နန်းတော်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ တည်ရှိမှုမျိုး ရှိနေတာလား။ ဒါက ဧကရာဇ် ယန်ဖန်းရဲ့ အရှိန်အဝါလည်း မဟုတ်ဘူး၊ ဟုန်ရွှန်ကျိရဲ့ အရှိန်အဝါလည်း မဟုတ်ဘူး။ ‘ကောင်းကင်ဖြိုဧကရာဇ်’ ဒါမှမဟုတ် ‘ရှောင်ရှိုူက်’ ရဲ့ အရှိန်အဝါလည်း လုံးဝ မဟုတ်ဘူး”

ဟုန်ယွိသည် နန်းတော်အတွင်းရှိ ထိုလျှို့ဝှက်ဟင်းလင်းပြင်မှ အရှိန်အဝါကို အာရုံခံလိုက် ရင်း မျက်မှောင်ကြုတ်လိုက်မိပါသည်။

တစ်ချိန်တည်းမှာပင် သူသည် ကြီးမြတ်သော မူလစွမ်းအင် ငါးမျိုးကို မုနိအလင်းစက်ဝန်း အတွင်းသို့ ပို့လွှတ်လိုက်ရာ မြင်ကွင်းမှာ ချက်ချင်းဆိုသလို ပြန်လည် ကြည်လင်သွားသည်။

ထိုအစွမ်းထက်သော တည်ရှိမှုမှာ မုနိအလင်းစက်ဝန်းအတွင်း၌ အပြည့်အဝ ပေါ်ထွက်လာ သည်။ ထိုသူမှာ ကြာပွင့်ပလ္လင်ပေါ်တွင် လက်နှစ်ဖက်ကို တံဆိပ်ခတ်နှိပ်ထားသည့် ပုံစံဖြင့် ထိုင်နေသော လူတစ်ဦး ဖြစ်သည်။ ထိုလူသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော် လည်း ပညာရှင်အရာရှိများ ဝတ်ဆင်သည့် ဝတ်စုံမျိုး မဟုတ်ပေ။ ထို့ပြင် သူ၏ ရင်ဘတ်မှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ခြေဖဝါးများမှာ အပေါ်သို့ လှန်ထားသည်။ သူ၏ မျက်ခုံး နှစ်ခုကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံး၊ လက်ဖဝါးတစ်ခုစီတွင် တစ်လုံးစီ၊ ခြေဖဝါး တစ်ခုစီတွင် တစ်လုံးစီ၊ ဦးခေါင်းထိပ်တွင် တစ်လုံးနှင့် ကျောကုန်းအလယ်တည့်တည့်တွင် တစ်လုံး၊ စုစုပေါင်း မျက်လုံးကိုးလုံး ရှိနေသည်။

သူ ကျင့်ကြံနေစဉ် ထိုမျက်လုံးကိုးလုံးမှာ တဖျတ်ဖျတ် ဝင်းလက်နေပြီး တစ်ချိန်တည်းမှာ ပင် ဟုန်ယွိသည် သတင်းအချက်အလက် အမြောက်အမြားကို ခွဲခြမ်းစိတ်ဖြာနေသည်ကို ခံစားလိုက်ရသည်။ အသက်တစ်ချက် ရှူတိုင်းတွင် တွက်ချက်မှုပေါင်း ဘီလီယံနှင့်ချီ၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“အနာဂတ်သခင်၊ အသက်မဲ့အနာဂတ်ကျမ်း’ အောင်မြင်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဒဏ္ဍာရီလာ ကိုယ်ပွားပဲ။”

ဟုန်ယွိသည် ထိုတည်ရှိမှု၏ ကိုယ်ရေးအချက်လက်ကို နားလည်သွားပုံရလေသည်။

All Chapters