အခန်း ၆၉၇
Vol. 67 Ch. 697
အခန်း (၆၉၇)။
“လီဖူကြယ်သခင်က သူမအပ်စိုက်မှတ်တွေကို အသုံးပြုပြီး တစ်ဖက်လူရဲ့ သွေးသား စွမ်းအင် အသက်စွမ်းအင်နဲ့ မူလစွမ်းအင်တွေကို စုပ်ယူပြီး သူမခန္ဓာကိုယ်ကို သန်မာအောင် လုပ်နိုင်တာပဲ။ ဒါဟာ အလွန်ကို နက်နဲတဲ့ သိုင်းပညာ နည်းစနစ်တစ်ခုပဲ၊ ကျွန်တော် တကယ်ကို အထင်ကြီးမိပါတယ်။ ဒီသွေးကြေနတ်ဘုရား လက်သီးဆိုတာ ရှေးဦး နတ်ဘုရားဘုရင်တစ်ပါးရဲ့ အမြင့်ဆုံး နတ်ဘုရားစွမ်းရည်ပဲ။ သူမ ဒါကို ဘယ်ကနေ သင်ယူ ခဲ့တာလဲ။ ယင်နဲ့ယန်ကို ထိန်းချုပ်ထားတဲ့ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိဆီကပဲလား။”
ဥမင်လမ်းကြောင်းအတွင်း၌ လီဖူကြယ်သခင် မတုံ့ပြန်ခင်မှာပင် ဟုန်ယွိက တည်ငြိမ် သော အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ယခုလေးတင် လီဖူကြယ်သခင်သည် ‘၃၃ ဘုံ ကောင်းကင်နန်းတော်’ ကို အသုံးပြု၍ ကောင်းကင်သခင်မုန်တိုင်းနှင့် သူ၏ လက်အောက်ငယ်သား အားလုံးကို သတ်ဖြတ်ကာ၊ သူတို့၏ အသက်စွမ်းအင်များကို သူမ၏ ‘သွေးအပ်စိုက်မှတ်’ အတွင်းသို့ စုပ်ယူခဲ့သည်။ ၎င်းမှာ အလွန်ပင် ထူးခြားဆန်းကြယ်သော နည်းလမ်းတစ်ခု ဖြစ်သည်။
‘သွေးအပ်စိုက်မှတ်’ ဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ အရိုးခြင်ဆီ အနက်ရှိုင်းဆုံးရှိ လျှို့ဝှက် ဟင်းလင်းပြင် အချက်အချာတွင် တည်ရှိသည်။ မိစ္ဆာလမ်းစဉ် သိုင်းပညာ အများစုသည် ဤအပ်စိုက်မှတ်ကို အဓိကထား ကျင့်ကြံကြသည်။ အဆင့်မြင့်လာပါက ဤအပ်စိုက်မှတ် ကို လှုံ့ဆော်ပြီး လက်ဝါးဖြင့် ရိုက်လိုက်ရုံဖြင့် ပြိုင်ဘက်၏ သက်စွမ်းအင်နှင့် သွေးစွမ်းအင် အားလုံးကို ဆွဲထုတ်ကာ သွေးအပ်စိုက်မှတ်အတွင်းသို့ စုပ်ယူ၍ မိမိ၏ ခန္ဓာကိုယ်အတွက် သန့်စင်အသုံးချနိုင်သည်။
ဥပမာအားဖြင့် မိစ္ဆာဂိုဏ်းများ၏ ‘သွေးဝိညာဉ်လက်သည်း’ ‘သွေးစုပ်လက်ချောင်း’ အစသော ပညာရပ်များ ဖြစ်သည်။ သို့သော် ထိုပညာရပ်များတွင် ဘေးထွက်ဆိုးကျိုးများ ရှိပြီး၊ စုပ်ယူထားသော စွမ်းအင်များတွင် ပါဝင်နေသည့် အညစ်အကြေးများကို ဖယ်ရှားရန် ခက်ခဲလှသည်။ အညစ်အကြေးကင်းစင်သော အထွက်အထိပ် လူသားအင်မော်တယ် အဆင့်ရှိသူများမှလွဲ၍ ကျန်သူများအတွက်မူ အန္တရာယ်များလှသည်။
သို့သော် ဟုန်ယွိကမူ လီဖူကြယ်သခင် အသုံးပြုသွားသည့် ၃၃ ဘုံ ကောင်းကင်နန်းတော် တိုက်ကွက်အတွင်း၌ ရှေးဦး နတ်ဘုရားဘုရင်တစ်ပါး၏ သွေးကြေနတ်ဘုရားလက်သီး စွမ်းရည် ပါဝင်နေသည်ကို ရိပ်စားမိသည်။ ဤနည်းစနစ်မှာ မည်သည့် သက်ရှိ၏ သွေးစွမ်းအင် အသက်စွမ်းအင်ကိုမဆို စုပ်ယူနိုင်ပြီး၊ သိုင်းဆန္ဒကို အသုံးပြုကာ ‘သွေးကြေ မီးလျှံ’ အဖြစ် ပြောင်းလဲလောင်ကျွမ်းစေခြင်းဖြင့် မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိဘဲ စွမ်းအင်များကို စုပ်ယူနိုင်သည်။
ဒဏ္ဍာရီများအရ ရှေးဦးနတ်ဘုရားဘုရင်များသည် သားရဲများကို သတ်ဖြတ်ကာ ရရှိလာ သော သွေးများကို သာမန်လူများ၏ ‘သွေးအပ်စိုက်မှတ်’ အတွင်းသို့ ထည့်သွင်းပေးခြင်းဖြင့် သာမန်လူသားများကို သားရဲများကဲ့သို့ ခွန်အားကြီးမားလာအောင် ပြုလုပ်ပေးလေ့ရှိသည်။
ဤသည်မှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သော ယဇ်ပူဇော်မှု နည်းလမ်းတစ်ခု ဖြစ်သည်။ အကယ်၍ တော်ဝင်ချန်မင်းဆက်၏ စစ်တပ်ကသာ ဤနည်းလမ်းကို အသုံးပြုခဲ့လျှင် သူတို့၏ အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်သော်လည်း မိစ္ဆာလမ်းစဉ်သို့ ကျရောက်သွားနိုင်ခြေ ရှိသည်။
လီဖူကြယ်သခင်တွင် ‘ကောင်းကင်ဘုံသေမင်းဘီး’၊ သွေးကြေနတ်ဘုရားလက်သီး ပညာရပ်တို့ ရှိနေပြီး ဟုန်ရွှန်ကျိနှင့်လည်း နီးစပ်သော ဆက်ဆံရေး ရှိနေသောကြောင့် ဟုန်ယွိအနေဖြင့် သတိမထားဘဲ မနေနိုင်တော့ပေ။
“သူမရဲ့ ၃၃ ဘုံ ကောင်းကင်နန်းတော် သိုင်းဆန္ဒကို ကြည့်ရတာ…. ဒါက တကယ်ပဲ ဟုန်ရွှန်ကျိရဲ့ သိုင်းလမ်းစဉ် ဖြစ်နေရင်၊ သူ့ရဲ့သိုင်းပညာ ကျင့်ကြံမှုဟာ နောက်ထပ် အဆင့် တစ်ခုဖြစ်တဲ့ သွေးတစ်စက်မှပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ရှိသွားပြီလို့ ယူဆရ မယ်။”
သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိသွားပါက သူသည် မသေမျိုး စစ်စစ် ဖြစ်သွားပြီး၊ ဖျက်ဆီး၍ မရနိုင်တော့ခြင်းပင် ဖြစ်သည်။
၎င်းမှာ အပ်စိုက်မှတ်များကို ချိတ်ဆက်ခြင်း သို့မဟုတ် သိုင်းဆန္ဒကို အထည်ကိုယ်ဒြဗ် အသွင်ပြောင်းလဲခြင်းနှင့် လုံးဝ မတူညီတော့ပေ။ အထွက်အထိပ် လူသားအင်မော်တယ် အဆင့်၏ ပထမအဆင့် နှစ်ဆင့်တွင် ခန္ဓာကိုယ်ကို ဖျက်ဆီး၍ ရနိုင်သေးသော်လည်း၊ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိသွားပါက ခန္ဓာကိုယ်ကို ဖျက်ဆီး ရန်မှာ အလွန် ခက်ခဲသွားပြီ ဖြစ်သည်။ ဟုန်ယွိ၏ တန်ခိုးစွမ်းအားမှာ ဟုန်ရွှန်ကျိထက် နှစ်ဆပိုများနေလျှင်ပင်၊ သူ့ကို အပြီးတိုင် သတ်ဖြတ်နိုင်ရန်မှာ မသေချာတော့ပေ။
သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်နောက် အသွင်မျိုးစုံ ပြောင်းလဲခြင်း အဆင့်မှာ မူ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ရွှီဝူယီသည် ထိုစွမ်းရည်ဖြင့် ဟုန်ယွိကို ‘သူတော်စင်ပေါင်းစုံခန်းမ’ ကိုပင် အသုံးမပြုနိုင်အောင် ဖိအားပေးနိုင်ခဲ့သည်။ ထိုအဆင့်သို့ ရောက်သွားပါက ဟုန်ယွိအနေဖြင့် သူ့ကို သတ်ရန်လည်း မဖြစ်နိုင်သလို အနိုင်ယူရန်လည်း လွယ်ကူမည် မဟုတ်ပေ။
အကယ်၍ ဟုန်ရွှန်ကျိသာ အမှန်တကယ် သွေးတစ်စက်မှပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်သွားပါက၊ သူသည် ယခင်ကထက် ဆယ်ဆမျှ ပို၍ အန္တရာယ်များလာလိမ့်မည်။
“ကိုယ့်သိုင်းဆန္ဒကို အထည်ကိုယ်ဒြဗ် အသွင်ပြောင်းလဲခြင်းအဆင့်ကနေ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်အထိ တက်လှမ်းဖို့ဆိုတာ ခြောက်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကနေ ‘ဖန်ဆင်းရှင်’ ဖြစ်လာတာထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်။ ငါ့မှာ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ မရှိခဲ့ရင် ငါလည်း အောင်မြင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဟုန်ရွှန်ကျိမှာ ဘာမှမရှိဘဲနဲ့ ဘယ်လိုလုပ် အောင်မြင်သွားတာလဲ၊ တကယ်လို့ သူသာ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်အထိ ကျင့်ကြံအောင်မြင်သွားပြီး၊ ဧကရာဇ်ယန်ဖန်ရဲ့ ‘အနာဂတ်သခင်’ တွက်ချက်မှုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သူဟာ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်ထိတောင် ရောက်သွားနိုင်တယ်။ အဲဒီအချိန်ကျရင် နောက်ထပ် ရွှီဝူယီ တစ်ယောက် ပေါ်လာသလို ဖြစ်ပြီး အတော်လေး ဒုက္ခများသွားလိမ့် မယ်။”
တိုက်ကွက်နှစ်ကွက်ကို စောင့်ကြည့်ရုံဖြင့် ဟုန်ယွိ၏ စိတ်ထဲတွင် သတင်းအချက် အလက် များနှင့် ခန့်မှန်းချက်များစွာ စုစည်းလာခဲ့သည်။ သူ၏ အစွမ်းထက်သော မှော်စွမ်းအားဖြင့် သဲလွန်စများကို ပေါင်းစပ်ကာ မှန်ကန်သော ကောက်ချက်ကို ထုတ်ယူလိုက်သည်။
...
“ရှင်က ဘယ်သူလဲ”
ဟုန်ယွိ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ လီဖူကြယ်သခင်မှာ မျက်မှောင်ကြုတ် သွားသည်။ သူမ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များ အားလုံးမှာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။
“ကျွန်တော်က ဟုန်ယွိပါ။ ဟုန်ရွှန်ကျိက ခင်ဗျားကို မပြောပြဘူးလား” ဟုန်ယွိသည် သိသာသော လှုပ်ရှားမှု မပြုသော်လည်း၊ သူ၏ အရှိန်အဝါမှာ ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူ၏ ဟန်ပန်တိုင်းမှာ နက်နဲသော ကောင်းကင်ဘုံ၏ စွမ်းအားကို ဖော်ပြနေပြီး တခြားသူများကို မတိုက်ခိုက်ဘဲနှင့်ပင် အလိုအလျောက် အညံ့ခံချင်လာ အောင် ပြုလုပ်နိုင်သည်။
“ဪ... ဒါဆို မဟာကမ္ဘာလောကရဲ့ နာမည်ကျော် ‘သူတော်စင်’ ပေါ့။” ဟုန်ယွိဆိုသည့် နာမည်ကို ကြားသောအခါ လီဖူကြယ်သခင်မှာ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းငြိမ့် ပြလိုက်သည်။ သို့သော် သူမ၏ အမူအရာမှာ ပို၍ သတိကြီးစွာ ထားလာသည်။
“ခင်ဗျား ကျွန်တော့်ကို သိရင်တော့ ဟုန်ရွှန်ကျိနဲ့ မပူးပေါင်းဖို့ ကျွန်တော် အကြံပေးချင်ပါ တယ်။ ဟုန်ရွှန်ကျိဆိုတာ အသည်းနှလုံး မရှိတဲ့လူမျိုးပဲ၊ သူ့နည်းလမ်းတွေက ယုတ်မာ ကောက်ကျစ်လွန်းတယ်။ ခင်ဗျားသာ သူနဲ့ပတ်သက်မိရင် သူ့ထောင်ချောက်ထဲ ကျဆင်း သွားပြီး နောက်ဆုံး ခင်ဗျားအသက်က သူ့လက်ထဲ ရောက်သွားလိမ့်မယ်။” ဟုန်ယွိသည် လီဖူကြယ်သခင်ကို ကြည့်ရင်း သူ၏ လက်ချောင်းကို ခါလိုက်သည် “ခင်ဗျားရဲ့ လီဖူကြယ် ဟာ ဗဟိုကမ္ဘာရဲ့ ဖျက်ဆီးတာကို ခံခဲ့ရပြီးပြီ။ အခု မဟာကမ္ဘာလောကကို ရောက်လာချိန် မှာ ခင်ဗျားအတွက် နေစရာနေရာတစ်ခု လိုလိမ့်မယ်။ ကျွန်တော် အဲဒါကို စီစဉ်ပေးနိုင်ပါ တယ်။ ခင်ဗျား ဟုန်ရွှန်ကျိကို သွားရှာနေစရာ မလိုပါဘူး။”
“ဪ...” လီဖူကြယ်သခင်က လူတစ်ရပ်ကျော် မြင့်သော မိုးတိမ်ဖွင့်မှန်ကို ဝှေ့ယမ်းလိုက် ရာ၊ မှန်ချပ်မှာ သေးငယ်သွားပြီး သူမလက်ထဲသို့ ရောက်ရှိလာသည်။ “ဒီတော့ ရှင်က ကျွန်မကို သိမ်းသွင်းချင်တာပေါ့။ အခု ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာက ကြယ်စု တန်းတွေကို တိုက်ခိုက်နေတော့ ကျင့်ကြံသူတွေဟာ မဟာကမ္ဘာလောကဆီကို ပြောင်းရွှေ့ လာကြတယ်။ ကြယ်သခင်တွေနဲ့ အင်အားစုတွေကလည်း ပညာရှင်တွေကို စုဆောင်းနေ ကြတာပဲ။ ဟုန်ယွိ... ရှင် ကျွန်မကို လမ်းမှာ တားဆီးနေတာက ကျွန်မကို စည်းရုံးချင်လို့ မဟုတ်လား။ ဘာလို့ အဲဒီလောက် စကားလုံး လှလှတွေ သုံးနေရတာလဲ။”
“ကျွန်တော်က အမှန်တရားကို ပြောပြနေတာပါ။” ဟုန်ယွိက ပြုံးလိုက်သည်။ “ခင်ဗျားရဲ့ အဖြေကို ကျွန်တော် စောင့်နေမယ် လီဖူကြယ်သခင်။”
“ရှောင်ရှိူက်ရဲ့ ‘လုံကြယ်’ သိမ်းပိုက်ခံရပြီးနောက်မှာ သူဟာ မဟာကမ္ဘာလောကဆီကို ရောက်လာခဲ့ပြီး အင်မော်တယ်လောကရဲ့ အရှင်သခင်ဆီမှာ ခိုလှုံခဲ့တယ်။ အခုဆိုရင် သူဟာ မြေနေရာတစ်ခုတောင် ရနေပြီပဲ။ ဒီအင်မော်တယ်လောကဟာ အရှင်သခင် ပိုင်တာ ပဲလေ။ ကျွန်မ ဒီကို ရောက်လာမှတော့ အစစ်မှန် အရှင်သခင်ရဲ့ ဧည့်သည်ကောင်း အဖြစ် အခြေချဖို့ နေရာရှာရမှာပေါ့။” လီဖူကြယ်သခင်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
သူမ ပြောဆိုနေသည့် ‘အင်မော်တယ်လောက၏ အရှင်သခင်’ ဆိုသူမှာ အခြားသူမဟုတ်၊ တော်ဝင်ချန်ဧကရာဇ် ယန်ဖန်ပင် ဖြစ်သည်။
မဟာကမ္ဘာလောကသည် တာအိုပညာများ စတင်ရာ အရင်းအမြစ် ဖြစ်ပြီး၊ ကောင်းကင် အပြင်ပနယ်မြေတွင် ဒဏ္ဍာရီလာ အင်မော်တယ်လောကအဖြစ် အများက လက်ခံထားကြ သည့် အမှန်တရားတစ်ခုလည်း ဖြစ်ပေသည်။
...
“ကြည့်ရတာ ကြယ်သခင်ကတော့ ခင်ဗျားရဲ့ လမ်းဟောင်းအတိုင်းပဲ တရားသေ ဆုပ်ကိုင် ထားတော့မယ်တူတယ်။” ဟုန်ယွိက ပြုံးစစဖြင့် မေးလိုက်သည်။
“ဘာလဲ၊ ကျွန်မ ငြင်းဆန်ရင် ရှင်က ကျွန်မကို သတ်မှာလား” လီဖူကြယ်သခင်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ အရှိန်အဝါများမှာ ပြင်းထန်လာပြီး တိုက်ခိုက် ရန် အသင့်ဖြစ်နေသည့် ပုံစံမျိုး ဖြစ်နေသည်။
လူသားအင်မော်တယ် အထွတ်အထိပ် တစ်ဦးကို စကားလုံးသက်သက်ဖြင့် ခြိမ်းခြောက်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။ အထူးသဖြင့် ကြယ်တစ်စင်းလုံးကို အုပ်စိုးခဲ့ဖူးသူ ပုဂ္ဂိုလ် တစ်ဦးအတွက်မူ ပို၍ပင် မဖြစ်နိုင်ပေ။
“ကျွန်တော် ခင်ဗျားကို သတ်မယ်လို့ မပြောပါဘူး... ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူးလေ။” ဟုန်ယွိက မျက်လုံးများကို မှေးလိုက်သည်။ “ဒါပေမဲ့ လီဖူကြယ်သခင်ရဲ့ သိုင်းပညာက အဟန့်အတားတစ်ခုနဲ့ တိုးနေပုံရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဟုန်ရွှန်ကျိက ခင်ဗျားကို အဲဒီအဟန့်အတား ကျော်ဖြတ်ဖို့ ကူညီနိုင်မယ်လို့ ထင်နေပုံပဲ။ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာက အမြင့်ဆုံးအဆင့် မဟုတ်သေးဘူး။ ကျွန်တော် ခင်ဗျားကို သိုင်းပညာရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်ရဲ့ ဆန်းကြယ်မှုကို မြည်းစမ်း ကြည့်ခိုင်းမယ်။ အဲဒါကို မြင်ပြီးရင်တော့ ခင်ဗျား ဘယ်သူ့ဆီမှာ ခိုလှုံရမလဲဆိုတာ ဆုံးဖြတ် နိုင်မှာပါလေ။”
ထိုသို့ ပြောဆိုပြီးသည်နှင့် ဟုန်ယွိ လှုပ်ရှားလိုက်သည်။
ဘုန်း…
သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မှောင်မိုက်နေသော ဥမင်လမ်းကြောင်း တစ်ခုလုံးမှာ ပြင်းထန်စွာ ကျယ်ပြန့်သွားပြီး လမ်းကြောင်း၏ အဆုံးအထိ ဆန့်ထွက်သွားသည်။ လမ်းကြောင်း၏ အဆုံးတွင် ကြီးမားသော ကြယ်တစ်စင်း၏ အရိပ်ကို ဖျော့တော့စွာ မြင်နေရသည်။ ၎င်းမှာ ကောင်းကင်အပြင်ပနယ်မြေရှိ လီဖူကြယ်ပင် ဖြစ်သည်။
ဤခြေလှမ်းတစ်လှမ်းတည်းဖြင့် ဟုန်ယွိသည် သူ၏ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ဥမင်လမ်းကြောင်းအတွင်းရှိ အကွာအဝေးကို ကျုံ့သွားစေသည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ပြင်းထန်လှသော စိတ်ဝိညာဉ် အတွေးစမှာ ဥမင် လမ်းကြောင်းအဆုံးသို့ ရောက်ရှိသွားပြီး လီဖူကြယ်ပေါ်တွင် ဖြစ်ပျက်နေသမျှကို ရှင်းလင်း စွာ မြင်နိုင်စွမ်း ရှိသွားသည်။
“အား… ဘယ်လို စွမ်းအားမျိုးလဲ”
လီဖူကြယ်သခင်မှာလည်း ဟုန်ယွိ၏ စွမ်းအားကို အမှန်တကယ် ခံစားလိုက်ရ၏။ သူမ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို စုစည်း ကာ လက်သီးဖြင့် ထိုးလိုက်သည်။ ထိုလက်သီးချက်တွင် ထောင်ပေါင်းများစွာသော သိုင်းဆန္ဒများ ပါဝင်နေပြီး နောက်ဆုံး၌ ‘၃၃ ဘုံ ကောင်းကင်နန်းတော်’ အဖြစ် ပေါင်းစပ် သွားသည်။
‘၃၃ ဘုံ ကောင်းကင်နန်းတော်’ တိုက်ကွက်မှာ ဟုန်ယွိထံသို့ တိုးဝင်လာချိန်တွင် လီဖူ ကြယ်သခင်၏ လက်ထဲရှိ မိုးတိမ်ဖွင့်မှန်မှလည်း တောက်ပသော အလင်းတန်းပေါင်း မြောက်မြားစွာ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများမှာ ‘အမှန်တရားတာအိုဂိုဏ်း’ တာမင်ရတနာမှန်၏ နတ်ဘုရားအလင်းတန်းများထက် အဆပေါင်းတစ်ရာမက ပို၍ ပြင်းထန်ပြီး၊ ထိုအလင်းတန်းများ၏ အရှိန်ဟုန်ကြောင့် ဟုန်ယွိပင်လျှင် သူ၏ အသားနှင့် အရိုးများ အရည်ပျော်သွားတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။
“၃၃ ဘုံ ကောင်းကင်နန်းတော်။ နတ်ဘုရားတွေ နေထိုင်တဲ့ နေရာပေါ့။ ဒီလောကမှာ လူတိုင်း နတ်ဘုရားဖြစ်နေရင်၊ လူတိုင်း အင်မော်တယ် ဖြစ်နေရင်၊ နေရာတိုင်းမှာ ကောင်းကင်နန်းတော်တွေ ရှိနေရင်... ကောင်းကင်နန်းတော် ဆိုတာ သီးသန့် လိုအပ်ပါဦး မလား။ ပျက်စီးစမ်း။”
ပြင်းထန်လှသော ‘၃၃ ဘုံ ကောင်းကင်နန်းတော်’ တိုက်ကွက်ကို ရင်ဆိုင်ရန် ဟုန်ယွိ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်မှာ လှုပ်ရှားလိုက်သည်။ သူ၏ လက်ချောင်းငါးချောင်းမှ စွမ်းအင် တန်းငါးခု ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်၊ ထာဝရ၊ သူတော်စင်ပေါင်းစုံ၊ ကိုယ်ကျင့် တရားနှင့် လွတ်လပ်ခြင်းဟူသော စွမ်းအင်ငါးမျိုးမှာ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်ကြီး ငါးပါးနှင့် ပေါင်းစပ်သွားသည်။ သူ၏ လက်သည်းများမှာ တုန်ခါသွားပြီး ဓာတ်ကြီးငါးပါးကို ပြောင်းပြန်လှန်ပစ်လိုက်ကာ ‘၃၃ ဘုံ ကောင်းကင်နန်းတော်’ သိုင်းဆန္ဒ ကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းကာ လက်ဝါးဖြင့် တစ်ချက် ရိုက်ထုတ်လိုက်ရာ လေထုမှာ ချက်ချင်း ကြည်လင်သွားသည်။ မိုးတိမ်များ လွင့်စင်သွားပြီး သစ်ပင်ပန်းမန်များမှာ ညှိုးနွမ်းသွားသကဲ့သို့၊ ငှက်များနှင့် သားရဲများမှာ ထိတ်လန့်တုန်လှုပ် သွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းသည်။ ကြောက်မက်ဖွယ် ကောင်းလှသော သိုင်းဆန္ဒ ကြောင့် ‘မိုးတိမ်ဖွင့်ရတနာမှန်’ မှ ထွက်ပေါ်လာသော အလင်းတန်းများမှာ လုံးဝ ကြေမွ သွားတော့သည်။
ရိုးရှင်းသော လက်သီးချက် နှစ်ချက်တည်းနှင့် ဟုန်ယွိသည် ‘၃၃ ဘုံ ကောင်းကင်နန်းတော်’ တိုက်ကွက်ကို ဖြိုခွင်းပစ်လိုက်ပြီး မိုးတိမ်ဖွင့်မှန်၏ အလင်းကိုလည်း ငြှိမ်းသတ်လိုက်သည်။
ဟုန်ယွိ၏ စွမ်းအားကို သိရှိသွားသောအခါ လီဖူကြယ်သခင်၏ အမူအရာမှာ ပို၍ ဆိုးရွား သွားသည်။ သို့သော် ဤတိုက်ကွက်နှစ်ကွက်အတွင်းမှာပင် သူမမှာ အခွင့်အရေးတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။
“လီဖူဂိုဏ်း၊ စကြဝဠာပျံသန်းခြင်း ဝိညာဉ်အသွင်ပြောင်းလဲခြင်း။ အညစ်ကြေးကင်းအောင် သန့်စင်ခြင်း၊ ကျွမ်းကျင်မူနဲ့ အားထုတ်မူကင်းမဲ့ခြင်း”
သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ပင် သူမ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များမှာ စိမ်းဖန့်ဖန့် မီးတောက်များဖြင့် လောင်ကျွမ်း လာသည်။ ဤမီးတောက်မှာ လောကတွင် ရှိသည့် မီးမျိုးမဟုတ်ဘဲ၊ သူမ၏ ခန္ဓာကိုယ်ကို ဖိုတစ်ခုကဲ့သို့ အသုံးချ၍ ထွက်ပေါ်လာသော ‘သိုင်းလမ်းစဉ် မီးတောက်’ ပင် ဖြစ်သည်။
ဟုန်ယွိသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရာပေါင်းများစွာသော အပ်စိုက်မှတ်များမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး ဖိုတစ်ခု၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုစိမ်းဖန့်ဖန့် မီးတောက်များ လောင်ကျွမ်းလာသည်နှင့်အမျှ သူမ၏ ခွန်အားမှာ နှစ်ဆ တိုးတက်လာပြီး ခန္ဓာကိုယ်မှာ အလွန် ထက်မြက်လှသော ဓားသွား တစ်ခုကဲ့သို့ ဖြစ်လာသည်။ ၎င်းမှာ ဆင်အရေခွံကိုပင် ထိုးဖောက်နိုင်စွမ်း ရှိပေသည်။
၎င်းတို့မှာ လီဖူသိုင်းဂိုဏ်း၏ အစွမ်းထက်ဆုံး သိုင်းကွက်များပင် ဖြစ်သည်။
ဖူး…
သူမ၏ ခန္ဓာကိုယ်မှ စိမ်းဖန့်ဖန့် မီးတောက်များမှာ ပေါက်ကွဲထွက်ပေါ်လာပြီး၊ သူမသည် ကခုန်နေသော ဓားသွားတစ်ခုကဲ့သို့ ဟုန်ယွိ ဖန်တီးထားသော စွမ်းအင်ပိုက်ကွန်ကို ချက်ချင်း ဖြတ်တောက်လိုက်သည်။ မိုးတိမ်ဖွင့်မှန် လှုပ်ရှားသွားပြီး တောက်ပသောအလင်း များက ‘လီဖူသူတော်စင် ၂၄ ဖော်’ ကို သိမ်းကျုံးယူဆောင်ကာ လေထဲသို့ ပျံသန်း ထွက်ခွာသွားတော့သည်။
“ဟုန်ယွိ... ရှင့်စွမ်းအားက ကြီးမားပေမယ့်၊ အသုံးချတဲ့ နေရာမှာတော့ နည်းနည်း လိုအပ် နေသေးတယ်။ ဒါဟာ အပေါ်ယံ စွမ်းအားသက်သက်ပဲ။ အပ်တစ်ချောင်းက သေးငယ်ပေမဲ့ ဆင်တစ်ကောင်ရဲ့ အရေခွံကို ထွင်းဖောက်နိုင်တယ်ဆိုတာ ရှင် သိမှာပါ။ ရှင်က ဆင်တစ်ကောင်ဆိုရင် ကျွန်မက သေးငယ်တဲ့ ပန်းထိုးအပ်ကလေးပဲ။”
လီဖူကြယ်သခင်၏ အသံမှာ အဝေးသို့ ရောက်ရှိသွားသကဲ့သို့ ပဲ့တင်ထပ်သွားသည်။
...
“တကယ်ကို ပြောင်မြောက်လှတာပဲ။ ဟုန်ရွှန်ကျိ ခင်ဗျားကို သိမ်းသွင်းချင်နေတာ အံ့ဩစရာ မရှိတော့ဘူး။ အထွက်အထိပ် လူသားအင်မော်တယ် ပညာရှင်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။ ခင်ဗျား ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော် လည်း ကျွန်တော့်စွမ်းအား အစစ်အမှန်ကို မသုံးရသေးပါဘူး။ မသေမျိုးစစ်အလံ။
ဝုန်း
လီဖူကြယ်သခင်၏ အသံ ပျောက်ကွယ်သွားသည့် နေရာတွင် ‘မသေမျိုးစစ်အလံ’ တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုအလံတော်သည် စကြဝဠာကို လွှမ်းခြုံသွားပြီး ကောင်းကင်ယံတစ်ခုလုံးကို အဆုံးမရှိသော စစ်ပွဲအရှိန်အဝါများဖြင့် ပြည့်နှက်သွားစေ သည်။
“အား… ‘မသေမျိုးစစ်အလံ’ပဲ။ ရှင်က ဟုန်ယွိ မဟုတ်ဘူး၊ ရှင်က စစ်ဘက်ရေးရာဝန်ကြီးပဲ။ ရှင်...” လီဖူကြယ်သခင်သည် ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။ သူမ သည် ယခုအခါတွင် အသက်ကို ရင်း၍ တိုက်ခိုက်ရတော့မည်။
“အလင်းနှင့်အမှောင် မန္တလာ၊ ချိတ်ပိတ်စမ်း”
သို့သော် ဟုန်ယွိက သူမအား မည်သည့် အခွင့်အရေးမျှ မပေးခဲ့ပေ။ သူ၏ ထိုက်ကျိ မူလ စိတ်ဝိညာဉ် လှုပ်ရှားလိုက်သည်နှင့် အလင်းနှင့်အမှောင်၏ စွမ်းအားများမှာ ဖိနှိပ်ကျဆင်း လာပြီး ကြယ်သခင်မကို အတွင်း၌ ခေတ္တခဏအတွင်း ချိတ်ပိတ်လိုက်ပါတော့သည်။
“စစ်ဘက်ရေးရာဝန်ကြီးက မဟာကမ္ဘာလောကကို ရောက်လာခဲ့တယ်၊ ပြီးတော့ ကျွန်တော်က သူ့ကိုသတ်ပြီး သူ့စွမ်းအင်တွေကို စုပ်ယူလိုက်တာ။ လီဖူကြယ်သခင်။ ပြောစမ်းပါဦး... ခင်ဗျားကို ကျွန်တော့်လက်အောက်မှာ ခိုလှုံခိုင်းဖို့ ကျွန်တော်မှာ အရည်အချင်းရှိတယ်လို့ မထင်ဘူးလား။ စစ်ဘက်ရေးရာဝန်ကြီးဆိုတာ စစ်ပွဲတွေကို အဓိက တာဝန်ယူရသူပဲ။ ခင်ဗျားရဲ့လီဖူကြယ်ကို ဖျက်ဆီးခဲ့တဲ့ အမြင့်ဆုံး စစ်သေနာပတိ ကသူပဲလေ။ ကျွန်တော်က သူ့ကို သတ်လိုက်တာဟာ ခင်ဗျားအတွက် ကလဲ့စား ချေပေးလိုက်တာနဲ့ အတူတူပဲ။ ဒီလို ကြီးမားတဲ့ ကျေးဇူးတရားရှိနေတာတောင် ခင်ဗျားမှာ ကျေးဇူးတင်စကားပြောဖို့ တစ်ခွန်းတစ်လေတောင်မှ မရှိဘူးလား”
ဟုန်ယွိ၏ အသံက လီဖူကြယ်သခင်၏ နားထဲသို့ ပဲ့တင်ထပ်၍ ရောက်ရှိသွားသည်။
ဤအမျိုးသမီးသည် အစကမူ အလင်းနှင့်အမှောင် မန္တလာအတွင်း၌ သူမ၏ သန့်စင်သော သိုင်းလမ်းစဉ် မီးတောက်ကို ထုတ်ဖော်ရန် ပြင်ဆင်နေခဲ့သော်လည်း၊ ဤစကားကို ကြားလိုက်ရသည့်အခါတွင်မူ ချက်ချင်းပင် ရပ်တန့်သွားခဲ့တော့သည်။
“ရှင် တကယ် ပြောနေတာလား။”