← Chapters

အခန်း ၇၀၆

Vol. 68 Ch. 706

အခန်း ၇၀၆

Vol. 68 Ch. 706

အခန်း (၇၀၆)။

ကျောက်နန်းတော်များအတွင်းရှိ ပျက်သုဉ်းခြင်းနတ်ဘုရားများမှာ သူတို့၏ ပျက်စီးခြင်းနေ့ ရောက်ရှိလာပြီဖြစ်ကြောင်း အဆုံးတွင် သိရှိသွားကြတော့သည်။ သူတို့အားလုံး ငြိမ်သက် သွားကြသည်။ ထို့နောက် သူတို့၏ မူလစွမ်းအင်များကို ထပ်မံ ပေါက်ကွဲထုတ်ဖော်လိုက်ရာ ကျောက်နန်းတော်များမှာ ပေါက်ကွဲပျက်စီးသွားပြီး သူတို့လည်း အပြင်သို့ ပြေးထွက်လာ ကာ ဟုန်ယွိကို အသည်းအသန် တိုက်ခိုက်ကြတော့သည်။

ဤအခြေအနေကို မြင်သောအခါ ဟုန်ယွိ၏ ပတ်လည်ရှိ အထွက်အထိပ် လူသားအင်မော် တယ် လေးဦးစလုံးမှာ လှုပ်ရှားလိုက်ကြပြီး ပျက်သုဉ်းခြင်း နတ်ဘုရား လေးပါးကို တားဆီး လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ကို ထပ်မံ လှုပ်ရှား လိုက်ပြီး ‘ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်’ ကို အသက်သွင်းကာ အခြားသော ပျက်သုဉ်းခြင်း နတ်ဘုရားလေးပါးကို ချုပ်နှောင်လိုက်သည်။ တဆက်တည်းဆိုသလိုပင် သူသည် ‘တည်နေရာရွှေ့ပြောင်းခြင်း’ နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ၎င်းတို့ကို ထိုက်ကျိမိုးကြိုး ရေကန်၏ အောက်ခြေသို့ ဖိနှိပ်ပြီး ချိပ်ပိတ်လိုက်တော့သည်။

နောက်ဆုံးတွင် အထွက်အထိပ် လူသားအင်မော်တယ် ပညာရှင် လေးဦးနှင့် တိုက်ခိုက်နေ သော ပျက်သုဉ်းခြင်းနတ်ဘုရား လေးပါးသာ ကျန်ရှိတော့သည်။ လက်သီးချက်များနှင့် ခြေကန်ချက်များမှာ အပြန်အလှန် ကျရောက်နေပြီး ပြင်းထန်သော လေလှိုင်းများ ထွက်ပေါ်နေသည်။ သို့သော် ဟုန်ယွိ သတိပြန်ဝင်လာပြီး မူလစွမ်းအင် လှိုင်းလေးခုကို ထပ်မံ ထုတ်လွှတ်ကာ ကျန်ရှိသော ပျက်သုဉ်းခြင်းနတ်ဘုရား လေးပါးကိုပါ ထိုက်ကျိ မိုးကြိုးရေကန်အတွင်းသို့ ဆွဲသွင်းလိုက်ပြန်သည်။

ယခုအချိန်တွင် ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးလုံး ဖိနှိပ်ခံလိုက်ရလေပြီ။

ပျက်သုဉ်းခြင်း နတ်ဘုရား ဆယ့်နှစ်ပါးလုံးကို နှိမ်နှင်းပြီးမှသာ ဟုန်ယွိသည် စိတ်အေး လက်အေး အသက်ရှူနိုင်တော့သည်။

ရှေးဦး ပျက်သုဉ်းခြင်း နတ်ဘုရားများ ဖိနှိပ်ခံလိုက်ရသည်နှင့် ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ ၏ စွမ်းအားမှာ များစွာ အားနည်းသွားတော့သည်။ အကျဉ်း ခန်း၏ အနက်ရှိုင်းဆုံးနေရာများတွင် ပိတ်လှောင်ခံထားရသော အစွမ်းထက်လှသည့် အမည်မသိ ကျွမ်းကျင်ပညာရှင်များစွာမှာ သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြ ပြီး အစီအရင်၏ ထိန်းချုပ်မှုကို ဖောက်ထွက်ရန် ကြိုးစားကြတော့သည်။

“ဘယ်သူလဲ၊ ငါ့ကို အပြင်ထုတ်ပေးပါ။ မင်းကို တစ်သက်လုံး ချမ်းသာစေရမယ်၊ ပြီးတော့ အထွက်အထိပ် ပညာရပ်တွေကိုလည်း သင်ပေးမယ်လို့ ငါ ကတိပေးတယ်။”

“အကျဉ်းထောင်အိမ်ကို ရိုက်ခွဲပြီး ငါ့ကို အပြင်ထုတ်ပေး။ မင်းကို ထာဝရအသက် ပေးမယ်”

“ဘယ်သူလဲ…. ဘယ်သူလဲ….”

အစွမ်းထက်သော စိတ်ဆန္ဒများစွာမှာ ကွန်ရက်တစ်ခုအလား ရောယှက်နေကြသည်။ ထိုစိတ်ဆန္ဒများသည် ဟုန်ယွိဆီသို့ တိုက်ရိုက် ဦးတည်လာကြသည်။ ဟုန်ယွိအနေဖြင့် မည်သည့်အရာက အစစ်၊ မည်သည့်အရာက အတုဖြစ်ကြောင်း ခွဲခြားရန်ပင် ခက်ခဲနေ သည်။ အကယ်၍ သူသာ ဤလူအားလုံးကို မဆင်မခြင် လွှတ်ပေးလိုက်မည်ဆိုပါက ကောင်းသော အရာဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

ယနေ့ ရရှိခဲ့သော အောင်မြင်မှုမှာပင် အလွန်ကြီးမားလှပြီ ဖြစ်ရာ သူသည် ကျေနပ်နေပြီ ဖြစ်သလို လောဘလည်း မကြီးဝံ့တော့ပေ။

ဒေါင်…. ဒေါင်…. ဒေါင်…. ဒေါင်….

ထိုက်ကျိမိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာမှ ဆူညံသံများစွာ ထွက်ပေါ်လာသည်။ သူတော်စင်ပေါင်းစုံခန်းမ ပြင်းထန်စွာ တုန်ခါနေသည်ကိုပင် ဟုန်ယွိ ခံစားလိုက်ရ၏။ ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးလုံးမှာ အလွန်ပင် စွမ်းအားကြီးမားလှသဖြင့် ဖိနှိပ်ခံထားရသော်လည်း ဆူပူသောင်းကျန်းနေကြကြောင်း သူ သိလိုက်ရသည်။

“သွားကြစို့၊ ဗဟိုကမ္ဘာက လူတွေ ရောက်လာပြီ။ အခု မထွက်ရင် နောက်ကျသွားလိမ့် မယ်။”

ထိုအချိန်မှာပင် ရုတ်တရက် အစွမ်းထက်လှသော စွမ်းအား ခုနစ်ခုမှာ သေမင်းတိတ်ဆိတ် ခြင်းကြယ်ပေါ်သို့ ကျဆင်းလာကြသည်။ ထိုအစွမ်းထက် စွမ်းအား ခုနစ်ခုကို ခံစားမိသည် နှင့် နေမီးလျှံကြယ်သခင်၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွားတော့သည်။

“သွားကြစို့”

ဟုန်ယွိမှာ တွန့်ဆိုင်းမနေဝံ့တော့ပေ။ “ခင်ဗျားတို့အားလုံး ကျွန်တော့် ရတနာထဲကို ဝင်ကြ ပါ၊ ဒီလူတွေကို ကျွန်တော် ကိုင်တွယ်လိုက်မယ်။”

သူ ပြောနေစဉ်မှာပင် ပညာရှင် လေးဦးလုံးမှ သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ဝင်ရောက်သွားကြပြီး၊ လိုအပ်ပါက အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြ သည်။

ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ မလှုပ်မယှက် ရှိနေသော်လည်း မြူခိုးမြူငွေ့များအလား အသွင်ပြောင်းသွားကာ၊ သူသည် ‘လွတ်မြောက်ခြင်း ဟေက်စ်ဇာဂရမ်’ ကို ထုတ်ဖော်လိုက် သည်။ သူသည် အထက်သို့ ပျံတက်သွားပြီး သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင် အကျဉ်း ထောင်မှ ချက်ချင်း လွတ်မြောက်သွားခဲ့သည်။

သေမင်းတိတ်ဆိတ်ခြင်းကြယ်ပေါ်ရှိ ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ မှာ ဟုန်ယွိ၏ အသွင်ပြောင်းမူများကို မတားဆီးနိုင်ခဲ့ပေ။

သို့သော်လည်း ဟုန်ယွိ အထက်သို့ တက်လိုက်သည်နှင့် ဟင်းလင်းပြင်တစ်ခုလုံးမှာ ချိပ်ပိတ်ခံလိုက်ရသည်။ စွမ်းအားခုနစ်မျိုးမှာ နတ်ဘုရားစွမ်းရည် ခုနစ်မျိုးအဖြစ် ရောယှက် သွားပြီး လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ပါတော့သည်။ ဟုန်ယွိ၏ ‘ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်’ ပင်လျှင် သူ့ကို ဖုံးကွယ်မထားနိုင်တော့ဘဲ သူ၏ ပုံရိပ်မှာ ထင်ရှား လာခဲ့ရသည်။

သူ၏ပုံရိပ် ထင်ရှားလာသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်၌ ပုံရိပ်ခုနစ်ခု ပေါ်ထွက်လာ သည်ကို ဟုန်ယွိ မြင်လိုက်ရ၏။ သူတို့သည် သူတို့၏ သက်ဆိုင်ရာ နေရာများတွင် ရပ်နေ ကြပြီး တစ်ဦးချင်းစီမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အတိုင်းအဆမဲ့ အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

ထိုအထဲမှ ပုံရိပ်အချို့မှာ စစ်ဘက်ရေးရာဝန်ကြီးထက်ပင် အားမနည်းကြပေ။

ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာမှ ဝန်ကြီးခုနစ်ပါးစလုံးသည် သေမင်းတိတ်ဆိတ် ခြင်းကြယ်ပေါ်သို့ ရောက်ရှိလာကြပြီး ဟုန်ယွိကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

“နှမြောစရာပဲ၊ တကယ်လို့ ငါသာ ဒီပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးကို ချိပ်ပိတ် ပြီး ငါ့စွမ်းအားတွေ ယိုစိမ့်ထွက်မနေဘူးဆိုရင်၊ ဒီဝန်ကြီးတွေ ငါ့ရဲ့ ‘ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်’ ကို မြင်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိက ရပ်တန့်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်ပါသည်။

သူ၏ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်မှာ အလွန်ပင် ထူးခြားလှပေသည်။ ရွှီဝူယွိပင်လျှင် ၎င်းကို ထိုးဖောက်မြင်နိုင်သော်လည်း သူ၏တည်နေရာ အတိအကျကို ရှာဖွေရန် ခက်ခဲပေ သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ပေါင်းစုံခန်းမထဲ၌ ပျက်သုဉ်း ခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးကို ချိပ်ပိတ်ထားရသဖြင့်၊ သူ၏ စွမ်းအားများမှာ ယိုစိမ့်နေ ပြီး၊ သူသည် ထပ်မံ ပုန်းကွယ်နေ၍ မရတော့ပေ။ ထို့ပြင် ထိုသို့ပုန်းကွယ်နေခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ဖြစ်လာပေသည်။

င်းလင်းပြင်ရှိ ဝန်ကြီးခုနစ်ဦး၏ ပုံရိပ်များမှာ ဝေဝါးနေပြီး နတ်ဘုရားများ သို့မဟုတ် တစ္ဆေများအလား ရှိနေသည်။ သူတို့မှာ ကိုယ်ပွားများလား၊ စစ်မှန်သော ခန္ဓာကိုယ်များ လား ဆိုသည်ကို မသိနိုင်သော်လည်း ဟုန်ယွိအနေဖြင့် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။

ဤဝန်ကြီးခုနစ်ဦးမှာ ဗဟိုကမ္ဘာရှိ အစွမ်းထက်ဆုံးသော အင်အားစုများ ဖြစ်ကြပြီး၊ သူတို့သည် အမြင့်ဆုံးသော အုပ်ချုပ်ရေးအာဏာကို ကိုယ်စားပြုကြသည်။ သူတို့သည် ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးထက် နှစ်ဆမက ပိုမို အစွမ်းထက်ကြပေသည်။ ယခုအချိန်၌ ဟုန်ယွိအနေဖြင့် သူတို့ထဲမှ တစ်ဦးချင်းစီကို အနိုင်ယူနိုင်စွမ်း သို့မဟုတ် သတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း ခုနစ်ဦးလုံး ပူးပေါင်းလိုက်လျှင်မူ အလွန်ပင် အန္တရာယ်ကြီး လှသည်။ ထို့အပြင် တည်နေရာမသိရသေးသော ခေါင်းဆောင်ကြီးနှင့် မည်သည့်အချိန်မဆို ပြန်ရောက်လာနိုင်သော ရွှီဝူယွိတို့ရှိနေသဖြင့် ဟုန်ယွိမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေ ရပြီ ဖြစ်သည်။

၎င်းမှာ ရှင်ခြင်းနှင့် သေခြင်းကြား အခြေအနေပင် ဖြစ်သည်။

“အဟမ်း...” ဝန်ကြီးခုနစ်ပါး၏ ပိတ်ဆို့မှုကို ရင်ဆိုင်ရင်း၊ ဟုန်ယွိက လေထဲတွင် မလှုပ်မယှက် ရပ်နေ၏။ အတော်ကြာမှ သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး “ငြိမ်းချမ်း ရေး ဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ကောင်းကင်ဝန်ကြီး၊ သမုဒ္ဒရာဝန်ကြီး၊ မြေကမ္ဘာဝန်ကြီး၊ ဖန်ဆင်းခြင်းဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး... ဝန်ကြီးခုနစ်ဦးလုံး ဘယ်လိုလဲ၊ ဗဟိုကမ္ဘာမှာ စစ်ဘက်ရေးရာဝန်ကြီး အသစ်တစ်ယောက် ရွေးချယ်ပြီးပြီလား ကျွန်တော် သိချင်မိတယ်” မေးလိုက်သည်။

ဝန်ကြီးခုနစ်ပါး၏ ဝိုင်းရံမှုကို ခံထားရသည့်တိုင်၊ ဟုန်ယွိမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ ခြင်း မရှိပေ။ သူက ပျော်ပျော်ပါးပါးနှင့် ဟာသနှော၍ စကားပြောနေပြီး အလွန်ပင် လွတ်လပ်ပေါ့ပါးနေပုံရသည်။

ဝန်ကြီးခုနစ်ပါးမှာ ဗဟိုကမ္ဘာတွင် အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာကို ကိုယ်စားပြုပြီး၊ တစ်ချိန်တည်းမှာပင် သူတို့သည် အမြင့်ဆုံး စွမ်းအားရှင်များလည်း ဖြစ်ကြသည်။ သူတို့ထဲ တွင် မည်သူမျှ သူတို့ မျက်နှာအစစ်အမှန်ကို ဖော်မပြကြဘဲ မြူနှင်းများအတွင်း၌ ပုန်းကွယ်နေကြသည်။ တစ်ဦးချင်းစီတွင် အစွမ်းထက်သော ရတနာများ ရှိနေပုံရသည်။

“သူတို့တွေက ဗဟိုကမ္ဘာမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေပဲ။ တကယ်လို့ ငါသာ ဒီဝန်ကြီး ခုနစ်ပါးနဲ့ ပျက်သုဉ်ခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးကိုသာ ဖိနှိပ်သတ်ဖြတ်နိုင်မယ်ဆိုရင် ဗဟိုကမ္ဘာဟာ လုံးဝ အင်အားမဲ့သွားလိမ့်မယ်။ ဒါပေမဲ့ ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှု သက်သက် ပဲ။”

ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသော်လည်း ၎င်းမှာ မဖြစ်နိုင်မှန်း သူ သိသည်။

အကယ်၍ သူ၊ မုန့်ရှန်းကျီ၊ ဧကရာဇ်ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ ပူးပေါင်းလျှင်ပင် ဖြစ်နိုင်ရန် ခက်ခဲလှသည်။ အကြောင်းရင်းမှာ ရွှီယွိနှင့် ရွှီဝူယွိကဲ့သို့ ကြောက်မက်ဖွယ် ပညာရှင်ကြီး များ ရှိနေသေးသောကြောင့် ဖြစ်သည်။

“မင်းက ဟုန်ယွိပေါ့... မင်းက စစ်ဘက်ရေးရာဝန်ကြီးကို သတ်ပြီး၊ ကောင်းကင်အပြင်ပ နယ်မြေက သေမင်းတိတ်ဆိတ်ခြင်းကြယ်ဆီကိုတောင် ရောက်လာတယ်ဆိုတော့ ဒါက မင်းကိုယ်မင်း သေတွင်းထဲ လာတိုးတာပဲ”

ဝန်ကြီးတစ်ဦးက စကားပြောလိုက်သည်၊ သူသည် အမှန်တကယ်ပင် တော်ဝင်ချန်၏ ဒေသစကားဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗဟိုကမ္ဘာ၏ ဘာသာစကားမှာ မဟာကမ္ဘာ လောကရှိ ယဉ်ကျေးမှု၊ ဘာသာစကားတို့နှင့် အတူတူပင် ဖြစ်ပြီး၊ ရှေးဟောင်း ဧကရာဇ် ဖန်ထံမှ ဆင်းသက်လာခြင်းကြောင့်ပင်။

“ဒီဝန်ကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ “ကောက်ပဲသီးနှံ” (ကျိ) ဆိုတဲ့ စကားလုံးရဲ့ နက်ရှိုင်းတဲ့ သဘောတရားတွေ ပါဝင်နေတာကို ကြည့်ရင် သူက ကောက်ပဲသီးနှံတွေ စိုက်ပျိုးမှုနဲ့ ရိတ်သိမ်းမှုတွေကို တာဝန်ယူရတဲ့ စိုက်ပျိုးရေးဝန်ကြီး ဖြစ်ရမယ်။”

ဟုန်ယွိက စကားပြောလိုက်သော ဝန်ကြီးကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ‘ကျိ’ ဟူသော စကားလုံး၏ စစ်မှန်သော သဘောတရားများ ပါဝင်နေသည်။ ထို့ကြောင့် သူသည် စိုက်ပျိုးရေးဝန်ကြီး ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်ရသည်။

“မင်းရဲ့အမြင်က တကယ်ကို စူးရှတာပဲ။ မင်း စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေကို စုပ်ယူထားပုံရတယ်၊ ဒါကြောင့် အရေးအကြီးဆုံးဖြစ်တဲ့ သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင် အကျဉ်းထောင်အကြောင်းကို မင်း သိနေတာပေါ့။ အခု ရွှီဝူယွိ ဒီမှာ မရှိတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး မင်းက ခိုးဝင်လာတာပေါ့” စိုက်ပျိုးရေးဝန်ကြီးက ဆိုသည်၊ “ဒါပေမဲ့ မင်းက ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးကို အတင်းအဓမ္မ ဖမ်းဆီးပြီး မင်းရဲ့ ရတနာဖြစ်တဲ့ သူတော်စင်ပေါင်းစုံခန်းမထဲမှာ ဖိနှိပ်ထားတာဆိုတော့ မင်းကိုယ်မင်း သေတွင်းတူးလိုက်တာပဲ။ မင်း အခု အဲဒီရတနာကို ထုတ်သုံးလို့ မရတော့ဘူး မဟုတ်လား”

“ဟုတ်တယ်၊ မင်း အခု အဲဒီရတနာကို သုံးလို့မရတော့ဘူး။ မင်း အတင်းကြပ် သုံးမယ်ဆို ရင်တောင် ရှေးဦး ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးဟာ ချိပ်ပိတ်မှုကို ဖောက်ဖျက်ပြီး အပြင်ကို ပြန်ထွက်လာကြလိမ့်မယ်။ ငါတို့အားလုံးရဲ့ ပူးပေါင်းတိုက်ခိုက်မှု အောက်မှာ မင်းအတွက် လမ်းတစ်လမ်းပဲ ရှိတယ်... အဲဒါကတော့ သေခြင်းတရားပဲ”

အခြားဝန်ကြီးတစ်ဦးက ဖြည်းညင်းစွာ ပြောလိုက်ပြန်သည်၊ အသက်ရှင်ဖို့ လမ်းတစ်ခု ပေးနိုင်ပါတယ်။ အဲဒါကတော့ မင်း ငါတို့ ဗဟိုကမ္ဘာကို ဝင်လာဖို့ပဲ။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် မင်းကို စစ်ဘက်ရေးရာဝန်ကြီး ရာထူးပေးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး။”

“ခင်ဗျားက ငြိမ်းချမ်းရေးဝန်ကြီး ဖြစ်ရမယ်၊ တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ။ စကားတစ်ခွန်းတည်းနဲ့ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲပစ်ချင်နေတာပဲ။ ဒါပေမဲ့ ဗဟိုကမ္ဘာရဲ့ ဝန်ကြီးတွေကို လူထုဆန္ဒနဲ့ ရွေးချယ်ကြတာ မဟုတ်လား၊ ခင်ဗျားတို့က ကျွန်တော့်ကို အဲဒီလို ခန့်လို့ရပါ့မလား” ဟုန်ယွိက အကျယ်ကြီး ရယ်မောလိုက်သော် လည်း စိတ်ထဲတွင်တော့ သတိကြီးစွာ ထားနေသည်။

“ဒါက ကိစ္စမရှိပါဘူး။ မင်း အရင်ဆုံး ငါတို့အတွက် အကျိုးနိုင်ပြုမယ့် အလုပ်တွေကို လုပ်ပေးပြီး ‘မဟာကမ္ဘာလောကကြီး’ ကို သိမ်းပိုက်နိုင်အောင် ကူညီပေးရုံပါပဲ။ ငါတို့ မင်းကို ရာထူးတိုးပေးမှာ ဖြစ်သလို လူထုထောက်ခံမှု ရအောင်လည်း လုပ်ပေးမှာပါ” အခြား ဝန်ကြီးတစ်ဦးက ဆိုသည်။

ဤဝန်ကြီးမှာ ယဉ်ကျေးမှုဝန်ကြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ ပညာရှင်တစ်ဦး အရှိန် အဝါများမှာ မည်သည့် ပညာရှင်ကြီးများထက်မဆို ပိုမို ထူထဲသည်။ အကယ်၍ သူသာ နန်းတွင်းစာမေးပွဲ ဖြေဆိုမည်ဆိုပါက ပညာရှင် သူတော်စင် တစ်ရာပင်လျှင် သူ့အတွက် ထပ်မံ၍ တညီတညွတ်တည်း ကောင်းချီးပေးကြပေလိမ့်မည်ဟု ဟုန်ယွိ သံသယဝင်မိ သည်။

“ကျွန်တော် သဘောတူမယ်လို့ ခင်ဗျားတို့ ထင်နေတာလား” ဟုန်ယွိက ထပ်မံ ရယ်မော လိုက်ပြီး ဝန်ကြီးခုနစ်ဦးကို ကြည့်ကာ ပြုံးလျက် ဆိုသည် “ခင်ဗျားတို့ သိထားရမှာက၊ ကျွန်တော် စစ်ဘက်ရေးရာဝန်ကြီးကို သတ်ပြီးတဲ့နောက် ကျွန်တော့် နတ်ဘုရားစွမ်းအား တွေ ထပ်ပြီး တိုးမြင့်လာခဲ့တယ်။ သိုင်းပညာကလည်း ခန့်မှန်းလို့ မရနိုင်တော့ဘူး။ တကယ်လို့ ခင်ဗျားတို့ ဒီနေ့ ကျွန်တော့်ကို ဒီမှာ ထိန်းထားချင်တယ်ဆိုရင် ခင်ဗျားတို့ ဘက်ကလည်း တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်။ ဝန်ကြီးအချို့တော့ ကျဆုံးသွားနိုင်တာ ပေါ့၊ ဟုတ်လား။”

“ငါတို့ကတော့ သေမှာကို ဂရုမစိုက်ဘူး။ ဒါ့အပြင် မင်းက တိုက်ပွဲအတွင်းမှာ ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူး။ သူတို့တွေ အပြင်ထွက်လာရင် မင်း ဘယ်လို ကိုင်တွယ်မလဲ။”

ဖန်ဆင်းခြင်းဝန်ကြီးက ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ပြောလိုက်သည်။

သူ ပြောသည်မှာ အမှန်တရားပင်။ ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ အလွန် အစွမ်းထက်ကြပြီး ဟုန်ယွိသည် သူတို့ကို မနည်း ချိပ်ပိတ်ထားရခြင်း ဖြစ်သည်။ သူသည် သူတို့ကို သန့်စင်ရန် သို့မဟုတ် စိတ်ဝိညာဉ် အမှတ်အသားများကို ဖျက်ဆီးနိုင်ရန်မှာ အဝေးကြီး လိုနေသေးသည်။ အကယ်၍ တိုက်ပွဲအတွင်း သူတို့သာ အပြင်ထွက်လာပြီး၊ ဝန်ကြီးခုနစ်ဦးနှင့် ပူးပေါင်းသွားပါက ဟုန်ယွိအနေဖြင့် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

“အဲဒီလိုဆိုရင်တော့ ကျွန်တော် စကားတွေ အများကြီး ပြောမနေတော့ပါဘူး။ ကျွန်တော် သွားတော့မယ်။ ဘယ်သူက ကျွန်တော့်ကို တားနိုင်မလဲ ကြည့်ကြတာပေါ့”

ဟုန်ယွိက ဂုဏ်ယူစွာ ပြောလိုက်သည်၊ “ခင်ဗျားတို့ ‘မဟာကမ္ဘာလောက’ ထဲကို ဝင်ချင်ရင် ဝင်နိုင်ပါတယ်၊ ဒါပေမဲ့ ကျူးကျော်ဖို့တော့ လုံးဝ ခွင့်မပြုနိုင်ဘူး။ အဲဒီအချိန်ကျရင်တော့ ကျွန်တော့်ကို ရက်စက်တယ်ဆိုပြီး မပြစ်မတင်နဲ့။”

“အို? ညီအစ်ကို ဟုန်ယွိရဲ့ နတ်ဘုရားစွမ်းအားတွေ ထပ်ပြီး တိုးတက်လာတာပဲ၊ ဂုဏ်ယူပါ တယ်။ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ဒါက ငါ စောင့်ကြပ်နေတဲ့ သေမင်းတိတ်ဆိတ်ခြင်း အကျဉ်းထောင်ပဲ။ ညီအစ်ကို ဟုန်ယွိက ဒီကို တိတ်တဆိတ် ရောက်လာတယ်၊ ကြယ်သခင် တွေကို ကယ်တယ်၊ ပြီးတော့ ရှေးဦး ပျက်သုဉ်းခြင်း နတ်ဘုရားတွေကို ချိပ်ပိတ်ဖို့အတွက် ကြီးမားတဲ့ နတ်ဘုရားစွမ်းအားကိုတောင် ထုတ်ဖော်ခဲ့သေးတယ်။ အိမ်ရှင်ဖြစ်တဲ့ ငါ့ကို ဘာလို့ အသိမပေးတာလဲ။”

ထိုအခိုက်အတန့်တွင်၊ အသံတစ်ခု ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်အတွင်းမှ သေးငယ် သော အမှုန်အမွှား သန်းပေါင်း ၄၈၀ ထွက်ပေါ်လာပြီး လူသားပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်း သွားသည်။ ထိုပုံရိပ်မှာ ချန်ပီယံမြို့စားနှင့် တစ်ပုံစံတည်း တူသည်။ ထိုသူမှာ စွမ်းအင်ဘုရင် ရွှီဝူယွိပင် ဖြစ်တော့သည်။

All Chapters