တပ်မှူး
Vol. 012 Ch. 591
ဝမ်လင်းက လေထုကို ဖြတ်သန်းကာ ဗိုလ်ချုပ်ထံသို့ လှမ်းတက်သွားသည်။ သူက အေးစက်သည့်ဟန်ပန်ဖြင့် နတ်ဆိုးတစ်ပါးအလား ထင်မှတ်ရသည်။ ခုနစ်ခုမြောက် ပြိုကျမှုအားကို ချိုးဖျက်ပြီးနောက် သူက နတ်ဆိုးဗိုလ်ချုပ်နှင့် ပေငါးဆယ်သာ လှမ်းတော့သည်။
ဘယ်တောင်ပံဗိုလ်ချုပ်၏အသွင်က ဝမ်လင်းကို ကြည့်ကာ အလေးအနက် ဖြစ်နေသည်။
သည်အခိုက်၌ လေဟာနယ်ထဲကနေ ရှစ်ခုမြောက်ပြိုကျမှုအားက လှိုင်းလုံးတစ်ခုလို ထွက်ပေါ်လာကာ ကမ္ဘာလောကသို့ ဝင်ရောက်လာ၏။
သည်ရှစ်ခုမြောက်ပြိုကျမှုအားက မခန့်မှန်းနိုင်လောသည့်စွမ်းအားဖြင့် ဝမ်လင်းထံသို့ အစစ်အမှန်လှိုင်းလုံးတစ်ခုအလား ရိုက်ခတ်လာသည်။
ခန္ဓာကိုယ်ကို နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် ဝန်းရံထားသည့် ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရှစ်ခုမြောက်ပြိုကျမှုထံသို့ တိုက်ရိုက်လှမ်းတိုးဝင်သည်။ သူ့ခန္ဓာကိုယ်က ရှစ်ခုမြောက်လှိုင်းနှင့် ထိမသည့်အခိုက်တွင် သူ့ပတ်လည်ရှိ နတ်ဆိုးစွမ်းအင်က ရုတ်တရက် အရှိန်မြှင့်တက်လာ၏။ ၎င်းက ကောင်းကင်သို့ ထွင်းဖောက်မည့် နတ်ဆိုးအော်ရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ခုချိန်၌ ကမ္ဘာတစ်ခုလုံးက နတ်ဆိုးအော်ရာနှင့် ပြည့်နေသလား ထင်မှတ်နေရသည်။
ခုထိ ရှစ်ခုမြောက်ပြိုကျမှုအားက ပျက်စီးသွားခြင်းမရှိသေးချေ။သိုသော်လည်း ကိုးခုမြောက်ပြိုကျမှုအားက တိတ်တဆိတ် ထွက်ပေါ်လာသည်။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူက နတ်ဆိုးတစ်ပါးအဖြစ်သို့ ပြောင်းလဲခဲ့ပြီး နတ်ဆိုးစံနမူနာ ဖြစ်လာခဲ့သောနလည်း သူ့တာအိုနှလုံးသားကတော့ ခိုင်မြဲနေဆဲသာ။ သို့ရာတွင် သူက ဆက်လက်၍ နတ်ဆိုးဆန်နေမည်ဆိုပါက သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှုမရှိအောင် လုပ်ရန် ခက်ခဲတော့မည် ဖြစ်သည်။
ဝမ်လင်းက နတ်ဆိုးလမ်းကြောင်းနှင့် ရင်းနှီးပြီးသားသူ တစ်ယောက် ဖြစ်သည်။
ထိုအချိန်မှာပင် ရှစ်ခုမြောက်နှင့်ကိုးခုမြောက်ပြိုကျမှုအားက ရောက်ရှိလာ၏။ ဝမ်လင်းက ရွေးချယ်ရန် အမြန်ချိန်ဆနေရသည်။ ချက်ခြင်း သူက ဆုံးဖြတ်ချက်ချ၏။ သူက သူနှင့် ပေသုံးဆယ်သာ ကွာတော့သည့် နတ်ဆိုးဗိုလ်ချုပ်ကို ကြည့်သည်။
သက်ပြင်းချပြီးနောက် သူက ရှေ့သို့ ဆုတ်ရမည့်အစား နောက်သို့ ဆုတ်လိုက်သည်။ သူက နောက်သို့ အမြန်ဆုတ်ကာ သူ့ခန္ဓာကိုယ်ကလည်း လုံးဝ ပျောက်ကွယ်ကာသွားသည်။ သူက ပေတစ်သောင်းအကွာ၌ ပြန်ပေါ်လာခဲ့၏။
ဘယ်တောင်ပံဗိုလ်ချုပ်က မှင်တက်သွား၏။ သူ့မျက်လုံးက တဖျပ်ဖျပ် ဖြစ်သွားကာ သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “မင်းက ဘယ်အချိန် ပြန်ဆုတ်ရမလဲ သိနေတာပဲ မင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို နားလည်တယ်…။ကောင်းတယ်…”
ထိုသို့ပြောပြီးသည့်နောက် သူက ညာလက်ကို ဆန့်ထုတ်ရာ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ပြိုကျမှုဆယ်ခု လက်သီးချက်များကလည်း ပျောက်ကွယ်သွားတော့သည်။ သည်အခိုက်၌ ကောင်းကင်နှင့် မြေကြီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
“မင်းက ငါ့ ပြိုကျမှုလက်သီးဆယ်ချက်ကို မခိုးဖျက်နိုင်ပေမဲ့ မင်းက တပ်မှူးဖြစ်ဖို့အတွက်တော့ လုံလောက်အောင် သန်မာတယ်။ ငါ ဘယ်တောင်ပံဗိုလ်ချုပ် ယွမ်လီဟိုင်က မင်းကို ရှေးဟောင်းနတ်ဆိုးမြို့ရဲ့ တပ်မှူးအဖြစ် ခန့်အပ်ပြီး တပ်သားတစ်သောင်းကို ပေးအပ်တယ်…”
ဝမ်လင်းအသွင်က ဆေးဆေးတည်ငြိမ်နေ၏။ တုန်ကင်ကို လက်ခံပြီးနောက် သူက လက်နှစ်ဖက်စုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…ဗိုလ်ချုပ်…”
“မင်းက အရင်ဆုံး မြို့ထဲမှာ နားနေပါ။ ခုနစ်ရက်ကြာရင် မင်းကို စစ်တန်းလျားကို ပို့ဖို့ တစ်ယောက်ယောက် လာခေါ်လိမ့်မယ်…” ယွမ်လီဟိုင်က ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့်ကြည့်သည်။ထို့နောက်သူ့ခန္ဓာကိုယ်က ဖျပ်ခနဲဖြင့် လုံးဝ ပျောက်ကွယ်သွားတော့သည်။
သည့်နောက် ယောင်ရှင်းရွှယ်က စကားပြောဟန် ပြင်လိုက်သည်။ သို့သော် ဝမ်လင်းက သူမကို လှည့်ပင်မကြည့်ဘဲ ထွက်ခွာသွားတော့၏။
ယောင်ရှင်းရွှယ်၏ လှပသောမျက်ခုံးလေးက ကျုံ့သွားသည်။သူမက နှာခေါင်းရှုံ့ကာ ထွက်ခွာသွား၏။
ဝမ်လင်းက အကွာအဝေးတစ်ခုထံသို့ လျှောက်လှမ်းလာသည်။ သူက လမ်းလျှောက်နေရင်းဖြင့် သူ့ပတ်လည်ရှိ နတ်ဆိုးအော်ရာက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ သည်နေရာက ရှေးဟောင်းနတ်ဆိုးမြို့၏ ဗဟိုပင်။ နာရီဝက်ခန့်ကြာပြီးနောက် လမ်းကျယ်ကြီးများနှင့် မြင့်မားသည့်အဆောက်အဦများက ဝမ်လင်းရှေ့တွင် ပေါ်လာသည်။
ဝမ်လင်းက တည်ခိုးခန်းတစ်ခုသို့ ဝင်၍ တိတ်တဆိတ်ထိုင်ချကာ ကျင့်ကြံနေလိုက်သည်။
သူက လေးရက်လေးညတိုင်တိုင် ထိုင်နေခဲ့သည်။
နတ်ဆိုးလမ်းကြောင်းကို လျှောက်လှမ်း၍ သူ့မန္တန်များကို အံ့မခန်းစွမ်းအားအဆင့်သို့ ရောက်ရှိစေခဲ့သော်လည်း တန်ပြန်သက်ရောက်မှုကလည်း ကြီးမား၏။
ဝမ်လင်း၏ တာအိုက နတ်ဆိုးတာအို မဟုတ်ချေ။ထို့ကြောင့် သူ့ခန္ဓာကိုယ်က နတ်ဆိုးအငွေ့အသက်များနှင့် ပြည့်နေသည့်အခါ သူ့တာအိုနှင့် တွဲစပ်မှု မရှိချေ။ သည်အရာက အချိန်ကြာကြာဖြစ်လျှင် သူ့တာအိုနှလုံးသားအပေါ်၌ သက်ရောက်မှု ရှိသွားပေမည်။ထိုသို့သာ ဆိုလျှင် ဝမ်လင်းက သူသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက် လုံးဝဖြစ်သွားမည်ကို သိနေ၏။ သည့်အပြင် သူ့တာအိုနှလုံးသားနှင့် သဟဇတမဖြစ်မှုကြောင့် သူ့စိတ်က နတ်ဆိုးဆန္ဒနှင့် လွှမ်းမိုးသွားခြင်းကို ခံရမည် ဖြစ်သည်။ သည့်နောက် သူက မည်သည့်ဆင်ခြင်တုံတရားမှ မရှိသည့် မွန်းစတားတစ်ယောက်မျှသာ ဖြစ်သွားနိုင်ပေ၏။
ဝမ်လင်း၏ စိတ်အင်အားဖြင့် သူက သည်လိုအမှားမျိုး မလုပ်နိုင်ပေ။ သူက နတ်ဆိုးလမ်းကြောင်းကို ဝင်ရောက်လိုက်သည်နှင့် သူ့နှလုံးသားသည် မည်မျှကြာအောင် ခံစားမှု ရှိနေမည်ကို တွက်ချက်ကြည့်ထားပေသည်။ သူက သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှု မရှိဘဲ နတ်ဆိုးအခြေအနေသို့ ဝင်ရောက်ရန် စဉ်းစားထားပြီးသား ဖြစ်သည်။
ထို့ကြောင့်လည်း သူက ရှစ်ခုမြောက်နှင့် ကိုးခုမြောက် ပြိုကျမှုအားတို့ ရောက်ရှိလာချိန်၌ နောက်ဆုံးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူက ဆက်၍ တိုက်ခိုက်နိုင်သော်လည်း သူသာ ထိုသို့လုပ်ဆောင်ပါက သူ့တာအိုနှလုံးသားအပေါ်သို့ သက်ရောက်မှု ရှိသွားမည် ဖြစ်သည်။
သည့်အပြင်သူက ယုံကြည်မှု၏ စွမ်းအားကို သိရှိပြီး သူ့ခွန်အားကို ပြသပြီးနောက် ဗိုလ်ချုပ်က သူ့ကို အကြီးအကဲနေရာသို့သာ ပေးတော့မည် မဟုတ်သည်ကို သိနေခဲ့သည်။
သည် ယွမ်လီဟိုင်က အမှန်အကန် မျက်စိကန်းနေပါက ဝမ်လင်းသည် ချက်ခြင်း သည်နတ်ဆိုးမြို့မှ ထွက်၍ မျိုးနွယ်စုထံသို့ ပြန်မည်သာ ဖြစ်၏။ သူက နောက်တစ်ကြိမ်ပြန်လာလျှင် သည်မြို့ကို သိမ်းပိုက်စိုးမိုး ပစ်မည် ဖြစ်သည်။
တည်းခိုခန်း၌ လေးရက်လေးညတိုင် ကြာပြီးနောက် ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်များကို ဖိနှိပ်ပြီး သူ့ကိုယ်ထဲ၌ ချိပ်ပိတ်ထားနိုင်လိုက်၏။ သည်နတ်ဆိုးစိတ်က ဖယ်ရှားရန် မဖြစ်နိုင်ချေ။ ဝမ်လင်းက ၎င်းကို ဖယ်ရှားပစ်လိုခြင်းလည်း မရှိချေ။ အကြောင်းကတော့ သည်စိတ်အခြေအနေကို အသုံးပြုလျှင် သူ့ခွန်အားက များစွာ မြှင့်တက်လာသောကြောင့် ဖြစ်၏။
ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကလည်း လွန်ခဲ့သောတစ်ရက်ကတည်းက တည်ခိုးခန်းသို့ ရောက်နှင့်နေခဲပြီး ဖြစ်သည်။ သူတို့က ဝမ်လင်းအခန်း၏ နှစ်ခန်းမြောက်တွင် နေနေကြသည်။ သူတို့နှစ်ယောက်ကို ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။
သည့်နောက် ငါးရက်မြောက်နေ့တွင် ဝမ်လင်းက တည်းခိုးခန်းမှ လမ်းလျှောက် ထွက်လာခဲ့သည်။ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကလည်း သူ့နောက်မှ လိုက်ပါလာကြ၏။
ရှေးဟောင်းနတ်ဆိုးမြို့ထဲ၌ လမ်းလျှောက်နေရင်း ဝမ်လင်းက အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားမိနေသည်။ သည်နေရာနှင့် ကျင့်ကြံခြင်းကမ္ဘာတို့က ခြားနားမှုများစွာ ရှိသည်။ အဆောက်အဦများမှသည် ပတ်ဝန်းကျင်မြင်ကွင်းများထိ အစစအရာရာ မတူညီကြပေ။
“ဒီ အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်က ကိုယ်ပိုင် ကမ္ဘာတစ်ခုပဲ။ ဒါက တကယ့်ကို ထူးဆန်းလွန်းတယ်။ ဒီနေရာက ဘယ်လိုဖြစ်လာလဲ ငါ မသိဘူး။ ပြောကြာတာက ကောင်းကင်ဘုံနယ်မြေပြိုမကျခင်က ဒီနေရာက စွမ်းအားကောင်းတဲ့ ကောင်းကင်ဘုံအင်ပါယာ တစ်ယောက်ရဲ့ ကျင့်ကြံတဲ့ လှိုဏ်ဂူတဲ့…”
ဝမ်လင်းက သည်ကောလာဟာလကို မယုံကြည်ချေ။ တကယ်လို့ ထိုသို့သာ အမှန်ဖြစ်ပါက ထိုကောင်းကင်ဘုံအင်ပါယာ၏ ကျင့်ကြံမှုအဆင့်က ယုံကြည်နိုင်တာထက်ပင် ပိုနေပြီ မဟုတ်လား။
“တကယ်လို့ ဒီနေရာကသာ ထိုကောင်းကင်ဘုံအင်ပါယာရဲ့ ကျင့်ကြံခြင်း လှိုဏ်ဂူဖြစ်မယ်ဆိုရင် ဒဗနရာက သူဖန်တီးထားတဲ့ နယ်မြေတစ်ခုပဲ။ ဒါဆို့ ဒီဒေသခံနေထိုင်သူတွေက ဘယ်ကရောက်လာ ကျတာလဲ…”
ဝမ်လင်းက မြို့ထဲ၌ လမ်းလျှောက်နေရင်း တွေးတောစဉ်းစားနေမိသည်။
“ဖြစ်နိုင်တာက…” ဝမ်လင်းနှလုံးသားက တုန်ယင်သွားသည်။ သူက ရူးသွယ်ဖွယ်အကြံဉာဏ်တစ်ခုကို ရရှိလိုက်၏။ အတိတ်တုန်းက သူ့ရွာမှာ အချို့ရွာသားများက ရွှံ့များနှင့် ဧရိယာတစ်ခုကို ပြုလုပ်ပြီး ဒီနေရာမှာ နွား၊ဝက် စသည့်တိရိစ္ဆာန်များကို မွေးမြူခဲ့ကြသည်။
ဝမ်လင်းက သူ့ရှေ့ရှိ ကမ္ဘာကို ကြည့်သည်။သည့်နောက် သူက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ ရုတ်တရပ် သူက သည်ရွှံ့ဖြင့်ပြုလုပ်ထားသည့် မွေးမြူရေးခြံထဲမှ တစ်ယောက်ဖြစ်ပြီး သူ့ပတ်လည်ရှိ မြို့သူမြိုု့သားများက ထိုခြံထဲမှာ တိရိစ္ဆာန်များ ဖြစ်သည်ဟူသော ပုံရိပ်ယောင်တစ်ခုလိုများ ဖြစ်နေမလား။
ဝမ်လင်းက ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးမိ၏။ သူက သူ့ကိုယ်သူ အတွေးလွန်နေသည်ဟု ပြောလိုက်သည်။ သို့သော် သည်အမှတ်မထင်တွေးမိသည့် အတွေးကတော့ သူ့ခေါင်းထဲ၌ ကျန်နေကာ ပျောက်ပျက်မသွားတော့ချေ။
ဆယ့်သုံးနှင့် ဟော်ဖောင်တို့က ဝမ်လင်းနောက်မှ လိုက်ပါနေသည်။ ဆယ့်သုံးအသွင်က အေးစက်နေကာ သူ့အကြည့်က ဝမ်လင်းပတ်ဝန်းကျင်၌သာ ရှိနေသည်။ တစ်ခုခုဖြစ်သည်နှင့် သူက ချက်ခြင်း လှုပ်ရှားမည်ဟန်ပန်မျိုးပင်။
ဟော်ဖောင်ကတော့ အများကြီး တွေးမနေချေ။ သူ့အကြည့်က အဆောက်အဦအမျိုးမျိုး၊ဆိုင်ခန်မျိုးစံထံသို့သာ ရောက်နေသည်။ သူ့မျက်လုံးများက စိတ်ဝင်စားသည့်အရာတစ်ခုခု တွေ့လိုက်သည်နှင့် လက်ခနဲ ဖြစ်ဖြစ်သွားသည်။
တကယ်တော့ ဝမ်လင်းက ရှေးဟောင်းနတ်ဆိုးမြို့ကို စိတ်ဝင်စားခြင်း မရှိချေ။ နှစ်နှစ်ရီခန့် လမ်းလျှောက်ပြီးနောက် သူတို့က လူများကျိတ်တိုးနေသည့် စားသောက်ဆိုင် တစ်ခုသို့ ရောက်လာခဲ့ကြ၏။
ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးနောက် ဝမ်လင်းက သေမျိုးအစားအစာများပေါ်၌ စိတ်ဝင်စားမှု ဖြည်းဖြည်းချင်း လျော့လာခဲ့သည်။ ခုချိန်၌ သူက ကျင့်ကြံနေရုံဖြင့် သူ့ခန္ဓာလိုအပ်ချက်များကို ကျေနပ်ပြည့်စုံနေပြီ ဖြစ်သည်။
အစားအသောက်များ ဝမ်လင်းအာရုံကို ဖမ်းစားနိုင်ခြင်း မရှိချေ။ သို့သော် စားသောက်ဆိုင်ပြင်ပ၌ ဧရာမအရက်အိုးကြီးတစ်လုံး ရှိနေသည်။ သည်အရက်အိုးက ပေသုံးဆယ်ကျယ်၊အမြင့် ပေနှစ်ဆယ်ခန့် ရှိမည်။ သည်အရက်အိုးကြီးပေါ်သို့ တက်ရောက်ပြီး အရက်ရယူနိုင်ရန်အတွက် လှေကားများပင် ရှိလို့နေသေးသည်။
သည်အရက်အိုးကြီးကို ကြည့်ကာ ဝမ်လင်းက ရပ်၍ သည်စားသောက်ဆိုင်နာမည်ကို ကြည့်လိုက်သည်။
ဝါးစိမ်း စားသောက်ဆိုင်။
သည်စားသောက်ဆိုင်၏ ဘေးတစ်ဖက်တစ်ချပ်၌ ကာရံညီသော ကဗျာနှစ်ခု ရှိလို့နေသေးသည်။
“ဝါးနဲ့ သစ်ခွရနံ့ကနေ ကြိုဆိုပါတယ် ဧည့်သည်”
“မက်မွန် နဲ့ ဂန္ဓမာပန်း ရနံ့က အရှင်တို့အတွက်ပါ…”
ဝမ်လင်းက သည်တံခါးကို စိတ်ဝင်တစားကြည့်သည်။ သည်အခိုက်၌ ဆိုင်ဝန်ထမ်းတစ်ယောက်က ခပ်သုတ်သုတ်လေး ထွက်လာပြီး ပြံး၍ ပြောလာသည်။ “ဆရာ...ငါ့ဆိုင်ခန်းရဲ့ ဝါးစိမ်းအရက်က နိုင်ငံကိုးခုမှာ ကျော်ကြားပါတယ်။ ဒါ့ကြောင့် ဘာလို့များ တစ်ခွက်၊နှစ်ခွက်လောက် လာမသောက်ဘဲ နေမလဲ။ ပိုင်ရှင်က ဒီနေ့ အရက်အိုးအသစ်တည်တဲ့အတွက် အရက်အိုးငယ် ဆယ်အိုး သောက်နိုင်တဲ့လူက အရက်ဖိုး ပေးစရာမလိုဘူးတဲ့။ ဒီလိုအခွင့်ရေးက ရှားတယ်နော်။ ဘာလို့များ တစ်ခွက်တစ်ဖလား မမြည်းစမ်းကြည့်ဘဲနေမလဲ…”
သည်ဆိုင်ဝန်ထမ်းက မြင်တက်ပေသည်။ သူက ဝမ်လင်းနှင့်ပတ်သတ်၍ ပုံမှန်မဟုတ်သည့်အရာကို မတွေ့မြင်နိုင်သော်လည်း ဆယ့်သုံးနှင့် ဟော်ဖောင်တို့က ရိုးရှင်းမှု မရှိကြောင်းတော့ ပြောနိုင်သည်။ သည်လူနှစ်ယောက်က အစောင့်နောက်လိုက်သဖွယ် ဖြစ်နေသည့်အတွက် ဝမ်လင်း၏ အဆင့်အတန်းက မြင့်ကြောင်း သူက ချက်ခြင်း သိလိုက်သည်။
ဝမ်လင်းက သည်လူပြောသည့်အရာကို စိတ်ဝင်စားသွားသည်။ ထို့ကြောင့် သူက ပြုံး၍ ပြန်ပြောလိုက်သည်။ “ဒီတော့ ဒီဝါးစိမ်းအရက်ရဲ့ အရသာက ဘယ်လောက်များ ကောင်းနေမလဲ မြည်းစမ်းကြည့်ရတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းက ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကလည်း အမြန်လိုက်ပါသွား၏။
စားသောက်ဆိုင် အတွင်းဘက်က သေသေသပ်သပ် ရှိလှကာ အကျယ်အဝန်းကတော့ ပုံမှန်ပင်။ ခုဆိုင်ထဲ၌ ဧည့်သည်များစွာက တစ်ယောက်နှင့်တစ်ယောက် စကားပြောလိုက်၊ရယ်မောလိုက် ရှိနေကြသည်။
ဝမ်လင်းတို့ အုပ်စုဝင်လာသည့်အခါ ဆိုင်ဝန်ထမ်းကလည်း ခပ်သုတ်သုတ်လှမ်းဝင်လာပြီး အော်ပြောလိုက်၏။ “ဂုဏ်သရေရှိ ဧည့်သည်သုံးယောက်…”
သူ့ အော်သံ ဆုံးသည်နှင့် စားပွဲထိုးတစ်ယောက်က အမြန်ရောက်လာပြီး ပြောလိုက်သည်။ “ဆရာတို့…ငါ့နောက် လိုက်ခဲ့ပါ။ နေရာကောင်း ပြတင်းပေါက်ဘေးနားက ထိုင်ခုံ ရနိုင်ပါသေးတယ်။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ငါ့နောက်က လိုက်လာပေးပါ…”
ထိုသို့ပြောပြီးနောက် သူက ဦးဆောင်ကာ ထွက်သွားသည်။ သူက ပြတင်းပေါက်ဘေးနားက ခုံသို့ ရောက်သည့်အခါ သူ့ပုခုံးထက်ရှိ အဝတ်စကို ယူကာ ခုံကို သုတ်သပ်ကာ သန့်ရှင်းအောင်လုပ်လိုက်သည်။
ဝမ်လင်းက ထိုင်ချလိုက်၏။ ဆယ့်သုံးနှင့် ဟော်ဖောင်တို့က ချီတုံချတုံ ဖြစ်နေသည်။ ဝမ်လင်း ခေါင်းညိမ့်ပြသည်ကိုတွေ့မှ သူတို့က ဝမ်လင်းနှင့် ထောင့်ဖြတ်ထိုင်ချလိုက်သည်။
စားပွဲထိုးလေးက ဝမ်လင်းကို ချက်ခြင်း မေးလိုက်သ်။ “ဆရာ ဘာများ သုံးဆောင်ချင်ပါသလဲ…”
ဝမ်လင်းက ညင်သာစွာ ပြန်ပြောလိုက်၏။ “မင်းတို့ရဲ့ ဝါးစိမ်းအရက်သုံးအိုသာ ယူလာခဲ့ချေ…”
“ကောင်းပါပြီ ခင်ဗျာ…” စားပွဲထိုးလေးက သူ့အဝတ်စကို ပုခုံးပေါ် ပြန်တင်၍ ထွက်သွား၏။သိပ်မကြာခင်တွင် သူက အရက်အိုးငယ်သုံးပုလင်းနှင့်အတူ ပြန်ရောက်လာ၏။ သူက အရက်ခွက်အချို့ကိုပါ နေရာချပေးလိုက်သည်။
ဆယ့်သုံးက မြန်ဆန်စွာပင် အရက်အိုးကို ကောက်ယူပြီး ချိပ်ပိတ်ထားသည့် အဆို့ကို ဖွင့်လိုက်ကာ ခွက်ထည့်အပြင့် ငှဲလိုက်ပြီး ဝမ်လင်းကို ကမ်းလိုက်၏။ ဟော်ဖောင်က သတွေးမျိုချမိသည်။ ဆယ့်သုံးက သောက်သုံးချင်းမရှိသည့်အခါ သူ့အတွက် သောက်ရန် သက်တောင့်သက်သာ မဖြစ်တော့ချေ။ သူက စိတ်ထဲ၌ တဗျစ်ဗျစ်ပြောနေမိ၏။ သို့သော မျက်နှာပေါ်တွင်တော့ မည်သည့်အမူအရာမျှ မပြသေပေ။
ဝမ်လင်းက အရက်ခွက်ကို ကောက်၍ တစ်ငုံသောက်လိုက်၏။ အရက်အရသာက သူ့နှလုံးသားထဲသို့ အလိုလို ဝင်ရောက်သွားသည်။ ဝမ်လင်းက အရင်တုန်းက အရက်အမျိုးအစားတစ်ခုတည်းသာ သောက်ခဲ့ဖူးသည်။ သည်အရက်က သူ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ သေမျိုးအဖြစ် ပြောင်းလဲနေထိုင်စဉ်က တနူး၏ အဘိုး သူ့အတွက် ပြုလုပ်ပေးသည့် အရက်ပင်။
သည်ဆယ့်နှစ်နှစ်အတွင်း တနူးက သူ့အတွက် အရက်များစွာ ယူလာခဲ့ပေသည်။ တဖြည်းဖြည်းဖြင့် ဝမ်လင်းက အတိတ်ကို ပြန်လွမ်းဆွတ်မိသွားသည်။
“အချိန်က အရာအားလုံးကို ပြောင်းလဲစေတာပဲ။ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာကော ငြိမ်းချမ်းမှု ရှိရဲ့လား ငါသိချင်မိတယ်။ အချိန်က အကြင်နာမဲ့တယ်။ တနူးတို့ မျိုးဆက် သေမျိုးတွေတောင် အချိန်အတန်ကြာကတည်းက သေဆုံးနေခဲ့လောက်ပြီ။ သူ့ သားစဉ်မျိုးဆက်ကတော့ ရှိနေကြဦးမှာပါ…”
ဝမ်လင်းမျက်လုံးထဲ၌ အတိတ်ကို တသသပြန် လွမ်းဆွတ်မှုတို့နှင့် ပြည့်လို့နေသည်။