← Chapters

အခန်း ၅၉၂

Vol. 40 Ch. 592

အခန်း ၅၉၂

Vol. 40 Ch. 592

အခန်း ၅၉၂ နီဖန်းကျိုး၏ အစွမ်းကုန်တိုက်ခိုက်မှု

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အပြန်အလှန် တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

ချွမ် ချွမ်

ယှဉ်ပြိုင်ကွင်းမှာ အကြမ်းပတမ်း တိုက်ခိုက်မှုများကြောင့် စဉ်ဆက်မပြတ် တုန်ခါနေသည်။

ဓားအလင်းတန်းများသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး တိုက်ပွဲမှ ထွက်ပေါ်လာသော ဖိအားများကြောင့် ကျင့်ကြံသူများစွာမှာ မျက်နှာပျက်လျက် နောက်သို့ ဆုတ်ခွာနေကြရသည်။

သို့သော်လည်း နီဖန်းကျိုးထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် အရှိန်အဝါများကြားတွင် ပိုင်ကျီဟန်မှာမူ တည်ငြိမ်နေဆဲပင်။

ချွမ်

နောက်ထပ် ဓားတစ်ချက်မှာ ထာဝရဝိညာဉ်ဓားနှင့် ထိတွေ့သွားသည်။

နီဖန်းကျိုးမှာ လေထဲတွင် ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး သူ၏ဓားမှာ အရိပ်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအသီးသီးမှ မိုးစက်များပမာ ပြိုင်တူ ကျရောက်လာသည်။

တိုက်ခိုက်မှုတိုင်းမှာ တိကျလှသည်။

ထိုးနှက်ချက်တစ်ခုချင်းစီတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည့် စွမ်းအားများ ပါဝင်နေသည်။

“ကိုးခုမြောက် လူဆိုးဓားပညာ “

ချွမ်

နီဖန်းကျိုး၏ တိုက်ခိုက်နိုင်စွမ်းမှာ အမှန်

တကယ်ပင် ကြောက်ခမန်းလိမ့်ပေသည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာအဆင့် ကျင့်ကြံသူပင်လျှင် သူ၏လက်ချက်ဖြင့် ရှုံးနိမ့်သွားနိုင်သည်။

သို့သော်—

ချွမ် ချွမ် ချွမ်

တိုက်ခိုက်မှုတိုင်းကို ပိုင်ကျီဟန်က လွယ်ကူစွာပင် တားဆီးနေသည်။

သူ၏ ခန္ဓာကိုယ်မှာ မလှုပ်မယှက်ပင် ရှိနေသည်။

နီဖန်းကျိုး၏ ရှုပ်ထွေးလှသော တိုက်ခိုက်မှုများကို ပိုင်ကျီဟန်သည် အရိုးရှင်းဆုံး လှုပ်ရှားမှုများဖြင့်သာ ပြန်လည်ရင်ဆိုင်နေခြင်းဖြစ်သည်။

သူသည် သူ၏ ဝိညာဉ်စွမ်းအားကိုပင် အပြည့်အဝ အသုံးမပြုဘဲ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ဖြင့်သာ ခုခံနေခြင်း ဖြစ်နိုင်သည်။

တစ်ဖက်တွင်မူ နီဖန်းကျိုးသည် ဖိအားကို အကောင်းဆုံး ခံစားနေရသူ ဖြစ်သည်။

သူတိုက်ခိုက်လေ ပိုင်ကျီဟန်၏ အစွမ်းအစမှာ ပိုမိုမလှုပ်မယှက် ဖြစ်လာလေ ဖြစ်သည်။

အပြစ်အနာအဆာဟူ၍ မရှိ။

အားနည်းချက်ဟူ၍ မတွေ့ရပေ။

သူ မည်သည့် အစွမ်းထက်သော နည်းလမ်းကို သုံးသုံး၊

မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်တိုက်ခိုက် ပိုင်ကျီဟန်မှာမူ တောင်ကြီးတစ်လုံးပမာ တည်ငြိမ်နေသည်။

သူ၏ ရှေ့တွင်ရှိနေသည်မှာ တိုင်းတာ၍ မရနိုင်သော နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခုပမာပင်။

သို့သော်လည်း စိတ်ပျက်သွားမည့်အစား နီဖန်းကျိုး၏ မျက်ဝန်းထဲတွင် မီးတောက်များ ပိုမိုတောက်လောင်လာသည်။

သူသည် ပိုင်ကျီဟန်ကို စိန်ခေါ်စဉ်ကပင် လွယ်ကူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဘုန်း

သူ၏ အရှိန်အဝါများ ထပ်မံ မြင့်တက်လာသည်။

ကောင်းကင်ပြင်မှာ အနည်းငယ် တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဓာတ်များမှာလည်း ရစရာမရှိအောင် ပျက်စီးသွားသည်။

နီဖန်းကျိုးသည် သူ၏ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ဓားဖျားတွင် ဖျက်ဆီးခြင်း အရှိန်အဝါများ စုစည်းလာသည်။

“အကြွင်းမဲ့ဖြတ်တောက်ခြင်း”

“ ဘုန်း”

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုမှာ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။

ယှဉ်ပြိုင်ကွင်း၏ မြေပြင်မှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး အာကာသပြင်ပင်လျှင် ထိုဖျက်ဆီးနိုင်စွမ်းကြောင့် လိမ်ကောက်သွားသည်။

ထိုတိုက်ခိုက်မှုသည် လမ်းခုလတ်တွင်ရှိသမျှ အရာအားလုံးကို အပိုင်းပိုင်းဖြတ်တောက်နိုင်

စွမ်း ရှိနေသည်။

ကြည့်ရှုနေသူ အချို့မှာ ယှဉ်ပြိုင်ကွင်းတစ်ခုလုံး ပြိုကျသွားတော့မည်ဟုပင် ထင်မှတ်လိုက်ကြသည်။

ထိုသို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ပိုင်ကျီဟန်၏ သွေးရောင်မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သို့သော်လည်း သူသည် မည်သည့် အစွမ်းထက် နည်းလမ်းကိုမျှ မသုံးသေးပေ။

ထာဝရဝိညာဉ်ဓားကို တည်ငြိမ်စွာဖြင့်သာ မြှောက်လိုက်သည်။

ထို့နောက်

ဘုန်း

ကောင်းကင်ကြီးပင် ပဲ့တင်ထပ်သွားလောက်အောင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ပြင်းထန်လှသော ဓားအလင်းတန်းမှာ ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။

ပျက်စီးခြင်း၏ လှိုင်းလုံးများမှာ သဘာဝဘေးအန္တရာယ်တစ်ခုပမာ ကွင်းပြင်တစ်ဝိုက် ပြန့်နှံ့သွားသည်။

ထိုသို့ ရှုပ်ထွေးလှသော အခြေအနေများအလယ်တွင် ပိုင်ကျီဟန်မှာမူ မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိဘဲ တည်ငြိမ်စွာ ရပ်တည်နေဆဲပင်။

ယှဉ်ပြိုင်ကွင်းတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

လူတိုင်းမှာ တွေဝေလျက် ကြည့်နေကြသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံလိုက်ရပါသော်လည်း ပိုင်ကျီဟန်မှာမူ မည်သည့် နည်းလမ်းကိုမျှ အသုံးမပြုခဲ့ပေ။

တစ်ဖက်တွင် နီဖန်းကျိုး၏ အသက်ရှူသံမှာ အနည်းငယ် မြန်ဆန်လာသည်။

သို့သော် သူ၏ မျက်ဝန်းထဲရှိ အလင်းရောင်မှာ ယခင်ကထက် ပိုမိုတောက်ပနေသည်။

"သခင်လေးပိုင်..."

နီဖန်းကျိုးသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

" အမှန်တကယ်ကို အစွမ်းထက်တာပဲ”

သူ၏ အသံတွင် မကျေနပ်မှု တစ်စုံတစ်ရာ မပါဝင်ပေ။

အဘယ်ကြောင့်ဆိုသော် ကြာမြင့်လှပြီဖြစ်သော အချိန်ကာလတစ်ခုအတွင်း နီဖန်းကျိုးအနေဖြင့် စစ်မှန်သော ဖိအားကို ပထမဆုံးအကြိမ် ပြန်လည်ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

သူသည် မိမိကိုယ်ကို ထူးချွန်သူတစ်ဦးဟု သတ်မှတ်ထားသော်လည်း လေ့ကျင့်ရာတွင် ဘယ်သောအခါမျှ ပေါ့ဆခဲ့သူမဟုတ်ပေ။

သို့သော် လူငယ်မျိုးဆက်ထဲတွင် မိမိကို ယှဉ်နိုင်မည့်သူ မရှိတော့ဟု သူ အနည်းငယ် ထင်မှတ်မိနေခဲ့သည်။

ယခု ပိုင်ရွှယ်ချင်း၏ လက်ချက်ဖြင့် လက်တွေ့လောကသို့ ပြန်ရောက်လာခဲ့ပြီး၊ ပိုင်ကျီဟန်၏ တိုင်းတာ၍မရသော ဖိအားများကြောင့် သူငယ်စဉ်က လူများက အသုံးမကျသူဟု ခေါ်ဝေါ်ခဲ့စဉ်က ခံစားချက်မျိုးကို ပြန်လည် ရရှိလိုက်သည်။

အစွမ်းကုန် တိုက်ခိုက်သော်လည်း ဘာမျှမတတ်နိုင်သည့် ခံစားချက်။

သို့သော် ထိုအရာကပင် သူ့ကို လက်မလျှော့စေရန် တွန်းအားပေးနေသည်။

သူ အရင်က လက်မလျှော့ခဲ့သလို၊ ယခုလည်း လက်မလျှော့နိုင်ပေ။

ဘုန်း

ရုတ်တရက် နီဖန်းကျိုး၏ ခန္ဓာကိုယ်ထဲမှ ပိုမိုပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

တစ်ကွင်းလုံးရှိ ဝိညာဉ်ဓာတ်များမှာ ရူးသွပ်သကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်ကြီးမှာလည်း တုန်ခါနေသည်။

သခင်ကြီးရွှယ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။

"ဒီအရှိန်အဝါက..."

နီယွမ်ဖုန်းမှာလည်း အံ့အားသင့်သွားပြီး "ကောင်းကင်ကို ထိုးခွဲမည့် တိုးတက်မှု “ဟု အော်ဟစ်လိုက်သည်။

ကြောက်မက်ဖွယ် ဖိအားများမှာ အပြင်သို့ ပေါက်ကွဲထွက်လာသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ လျှင်မြန်လှသော အရှိန်နှုန်းဖြင့် မြင့်တက်သွားကာ ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်

သို့သော်လည်း ၎င်းမှာ ဤမျှဖြင့် မရပ်တန့်သွားပေ။

ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဓာတ်များမှာ ရေလွှမ်းမိုးသကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။

နောက်ထပ် အဆင့်အတားအဆီးတစ်ခုမှာ ချက်ချင်းပင် ကွဲထွက်သွားသည်။

ဗလာသန့်စင်ခြင်းအဆင့်

ယှဉ်ပြိုင်ကွင်းတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"သူ အဆင့်တက်သွားတာလား။"

"အဆင့်ကြီးနှစ်ခုကို တစ်ပြိုင်နက်တည်းလား။"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

နီမျိုးနွယ်စုဝင်များမှာ မယုံနိုင်စရာအဖြစ်ဖြင့် ငေးမောနေကြသည်။

အကြီးအကဲများပင် အံ့အားသင့်နေကြသည်။

သခင်ကြီးရွှယ် တစ်ဦးသာ တည်ငြိမ်နေသည်။

သူသည် နီဖန်းကျိုး ဤကဲ့သို့ ပြုလုပ်သည်ကို အရင်ကလည်း မြင်ဖူးပြီးဖြစ်သည်။

တစ်ချိန်က နီဖန်းကျိုးသည် သူ၏စွမ်းအားကို မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အထိ အဓမ္မမြှင့်တင်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ရဖူး၏

ယခုကဲ့သို့ အဆင့်နှစ်ခု တိုးတက်လာခြင်းမှာ သူ၏မျက်လုံးထဲတွင် အံ့ဩစရာ မဟုတ်တော့ပေ။

တစ်ဖက်တွင်မူ ယခင်က စိုးရိမ်နေခဲ့သည့် နီချင်းယု၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ထွန်းလင်းလာသည်။

"အစ်ကို”

သူမ၏ မျက်ဝန်းများမှာ တောက်ပလာ၏

"ကျွန်မအစ်ကိုပဲ နိုင်မှာပါ”

ယုံကြည်ချက်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။

သို့သော်လည်း လူငယ်များကဲ့သို့မဟုတ်ဘဲ အသက်ကြီးသူများမှာမူ တိတ်ဆိတ်နေကြသည်။

သူတို့သိထားသည်မှာ ဗလာသန့်စင်ခြင်းအဆင့်မျှဖြင့် ပိုင်ကျီဟန်ကို အနိုင်ယူနိုင်မည် မဟုတ်သည်မှာ ထင်ရှားနေသောကြောင့်ဖြစ်သည်။

အဖြေက သိသာ၏

အလုံးစုံတော့ မဟုတ်ပေ

ပိုင်ကျီဟန်ဆိုသည်မှာ မဟာကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ရှိ မိစ္ဆာကျင့်ကြံသူများကိုပင် ကိုယ်တိုင်သတ်ဖြတ်ခဲ့သူဖြစ်သည်။

သို့သော်လည်း နီဖန်းကျိုးအနေဖြင့် ပိုင်ကျီဟန်ကို ပိုမိုလေးလေးနက်နက် တိုက်ခိုက်လာအောင် စွမ်းဆောင်နိုင်မည်ဆိုပါကပင် ကြီးမားသော အောင်မြင်မှုဟု ဆိုရပေမည်။

ပိုင်ကျီဟန်မှာမူ သူ၏ကျင့်စဉ်ကို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင်သာ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပြီး မည်သည့် တိုက်ခိုက်မှုနည်းလမ်းကိုမျှ အသုံးမပြုသေးပေ။

နီဖန်းကျိုး၏ ကျင့်စဉ်မှာ ဗလာသန့်စင်အဆင့်တွင် တည်ငြိမ်သွားသည်နှင့် သူ၏ အရှိန်အဝါမှာ လုံးဝ ပြောင်းလဲသွားသည်။

အရင်ကထက် ဖိအားများမှာ အဆပေါင်းများစွာ ပိုမိုကြီးမားလာသည်။

ပတ်ဝန်းကျင်ရှိ အာကာသပြင်မှာပင် အနည်းငယ် လိမ်ကောက်သွားပြီး သူ၏ခြေအောက်ရှိ ယှဉ်ပြိုင်ကွင်းမှာလည်း ကွဲအက်လာသည်။

နီဖန်းကျိုးသည် သူ၏ဓားကို တစ်ဖန်ပြန်မြှောက်လိုက်ပြီး ပိုင်ကျီဟန်ကို စူးရဲစွာ ကြည့်လိုက်သည်။

ဝူး

သူ၏ပုံရိပ်မှာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားသည်။

သူ၏အရှိန်မှာ ယခင်ထက် အဆပေါင်းများစွာ မြန်ဆန်နေပြီဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအများစုပင် သူ၏လှုပ်ရှားမှုကို မမြင်လိုက်နိုင်တော့ပေ။

ချွမ်

ပြင်းထန်လှသော ဓားချင်းထိတွေ့သံ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ပိုင်ကျီဟန်မှာ ခြေတစ်လှမ်း နောက်ဆုတ်သွားရသည်။

လူအုပ်စုတစ်ခုလုံး အံ့ဩသွား၏

"သူ လှုပ်သွားပြီ”

"အစ်ကိုကြီး ဖန်းကျိုးက သူ့ကို နောက်ဆုတ်အောင် လုပ်နိုင်လိုက်ပြီ”

“ အကိုကျိုးက ထင်တဲ့အတိုင်းပဲ”

နီချင်းယုမှာလည်း စိတ်လှုပ်ရှားစွာခုန်လိုက်၏

"ကျွန်မသိတယ်၊ အစ်ကိုက သူ့ကို တကယ်ယှဉ်နိုင်တာပဲ” ဟု အော်ဟစ်လိုက်သည်။

စစ်မြေပြင်တွင် နီဖန်းကျိုးမှာ ရပ်တန့်ခြင်းမရှိဘဲ တရစပ် တိုက်ခိုက်နေသည်။

ချွမ် ချွမ်

သူ၏ဓားမှာ လျှပ်စီးပမာ မြန်ဆန်၏

တိုက်ခိုက်မှုတိုင်းတွင် ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်နှက်နေသည်။

ယခုတစ်ခါတွင်မူ ပိုင်ကျီဟန်မှာ အရင်ကကဲ့သို့ မလှုပ်မယှက် ရပ်နေနိုင်တော့ပေ

ပိုမိုပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။

ဘုန်း

ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာ၏

ယှဉ်ပြိုင်ကွင်းမှာ အပိုင်းပိုင်း ကွဲထွက်သွားသည်။

နီမျိုးနွယ်စုဝင်များမှာ နီဖန်းကျိုးကြောင့် ပိုင်ကျီဟန်မှာ လေးနက်စွာ တိုက်ခိုက်လာရပြီဟု ယူဆကာ ပျော်ရွှင်နေကြသည်။

အကြီးအကဲအချို့ပင် တိတ်တဆိတ် ခေါင်းညိတ်မိကြသည်။

နောက်ဆုံးရလဒ် ဘာပဲဖြစ်ဖြစ်၊ လူငယ်မျိုးဆက်ထဲကဖြစ်လျက်နှင့် ပိုင်ကျီဟန်ကို ဒီလောက်အထိ အကျပ်ကိုင်နိုင်ခဲ့တာကတင် အံ့ဩစရာကောင်းလွန်းနေပြီ ဖြစ်သည်။

သို့သော်လည်း ပွဲဦးထွက်ရှိနေသည့် စစ်မှန်သော ကျွမ်းကျင်သူများသာလျှင် ပိုမိုနက်ရှိုင်းသည့် အမှန်တရားကို မြင်နိုင်ကြသည်။

နီယွမ်ဖုန်း၏ အမူအရာမှာ တဖြည်းဖြည်းနှင့် လေးနက်လာသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ကျီဟန်သည် အရင်ကထက် ပိုမိုအလေးအနက်ထား တိုက်ခိုက်နေသော်လည်း သူ့၏ကျင့်စဉ်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၌သာ ကန့်သတ်ထားဆဲ ဖြစ်သောကြောင့်ပင်။

သူသည် သူ့အဆင့်ကို ထပ်မံမြှင့်တင်ခြင်း မရှိသေးပေ။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူသည် အတတ်ပညာတစ်ခုကိုမျှ အသုံးပြုခြင်းမရှိသေးခြင်းပင်။

ထိုအချိန်တွင် တိုက်ပွဲမြေပြင်၌ နီဖန်းကျိုးမှာ သူ့ကျောပြင်တွင် ချွေးအေးများ တဖြည်းဖြည်း စို့လာသည်ကို ခံစားနေရပြီဖြစ်သည်။

ချွမ်

ပြင်းထန်သော ထိတွေ့မှုတစ်ခုကြောင့် နှစ်ဦးစလုံး ခေတ္တ ကွဲထွက်သွားသည်။

နီဖန်းကျိုးက ချက်ချင်းပင် သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်သည်။

သူ့အသက်ရှူသံမှာ သိသာစွာပင် ပိုမိုလေးလံလာခဲ့ပြီဖြစ်သည်။

အကြိမ်ကြိမ် အတိုက်အခိုက်ခံရမှုကြောင့် သူ့လက်မောင်းများပင် ထုံကျဉ်လာသည်။

သို့သော် ရှေ့ကို လှမ်းကြည့်လိုက်သည့်အခါ ပိုင်ကျီဟန်ကမူ လုံးဝတည်ငြိမ်နေဆဲပင်။

သူ့အသက်ရှူသံက ပုံမှန်အတိုင်း တည်ငြိမ်နေသည်။

သူ့မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင် လုံးဝမရှိပေ။

ငါတို့ကြားမှာ ဒီလောက်တောင် ကွာခြားချက်ရှိတာလား။

ထိုသို့ တွေးမိလိုက်သည်နှင့် နီဖန်းကျိုးမှာ အဖြေကို သိလိုက်ရသည်။

သူသည် နက်ရှိုင်းစွာ အသက်ရှူလိုက်သည်။

ထို့နောက်

လူတိုင်း အံ့အားသင့်သွားစေမည့်အရာတစ်ခုကို ပြုလုပ်လိုက်သည်။

သူသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။

သူ၏အကြည့်မှာ ပိုင်ကျီဟန်ထံသို့ တိကျစွာ ရောက်ရှိသွားသည်။

ပိုင်ကျီဟန်လည်း သူ၏ဓားကို အနည်းငယ် လျှော့ချလိုက်ပြီး ပြန်လည်ကြည့်ရှုနေသည်။

ယှဉ်ပြိုင်ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။

နီဖန်းကျိုးသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သခင်လေးပိုင်... အကယ်၍ သခင်လေးက ကျွန်တော့်ရဲ့ နောက်ဆုံးတိုက်ခိုက်မှုကို ခုခံနိုင်

မယ်ဆိုရင်..."

သူသည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"...ကျွန်တော် ရှုံးနိမ့်ကြောင်း ဝန်ခံပါ့မယ်”

All Chapters