← Chapters

အခန်း ၅၉၃

Vol. 40 Ch. 593

အခန်း ၅၉၃

Vol. 40 Ch. 593

အခန်း ၅၉၃ အဆုံးသတ်စေမည့် ဓားတစ်ချက်

နီဖန်းကျိုးသည် ဤနောက်ဆုံးတိုက်ခိုက်မှုဖြင့် အရာအားလုံးကို အဆုံးသတ်လိုခဲ့သည်။

အကယ်၍ ဤတိုက်ခိုက်မှုဖြင့် ပိုင်ကျီဟန်ကို မအောင်မြင်နိုင်ပါက သူ၏လက်ထဲတွင် ဘာမျှကျန်တော့မည်မဟုတ်ပေ။

ထို့ပြင် ဤတိုက်ခိုက်မှုအပြီးတွင် သူ၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားမည်ဖြစ်သဖြင့် မည်သို့မျှ ဆက်လက် တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း သူကောင်းစွာ သိရှိထားသည်။

ဝိညာဉ်စွမ်းအင်များမှာ သူ၏ဓားဆီသို့ ရူးသွပ်စွာ စီးဝင်လာသည်။

ပတ်ဝန်းကျင်ရှိ အာကာသပြင်မှာပင် တုန်ခါနေပြီး ကြီးမားလှသော စွမ်းအင်များမှာ ဓားပတ်လည်တွင် စုစည်းလာသည်။

ထိုအချိန်တွင် ပိုင်ကျီဟန်မှာမူ တည်ငြိမ်စွာ ရပ်နေဆဲပင်။

သူသည် နီဖန်းကျိုးကို တားဆီးရန် မကြိုးစားခဲ့ပေ။

ပုံမှန်အားဖြင့် ရန်သူကို စွမ်းအားစုစည်းခွင့်ပေးခြင်းမှာ အမှားကြီးတစ်ခုဖြစ်၏

တကယ့်ကျွမ်းကျင်သူတို့နှင့် ယှဉ်ပြိုင်ရသည့်အခါမျိုးတွင် ဤကဲ့သို့သော အဖွင့်အစသည် အနိုင် အရှုံးကို ချက်ချင်းအဆုံးအဖြတ် ပေးသွားတတ်သည်။"

သို့သော်လည်း ပိုင်ကျီဟန်အတွက်မူ ထိုအရာက အရေးမပါလှပေ။

ပို၍အရေးကြီးသည်မှာ ကြယ်သုံးပွင့် အဆင့်ရှိ ကောင်းကင်ရွေးချယ်ခံရသူ တစ်ဦးဖြစ်သူ နီဖန်းကျိုးသည် မည်မျှအထိ စွမ်းဆောင်နိုင်

သည်ကို သူ သိလိုနေခြင်းဖြစ်သည်။

ပိုင်ကျီဟန်၏ မျက်ဝန်းထဲမှ သွေးရောင်အလင်းတန်းများမှာ ပိုမိုနက်ရှိုင်းလာသည်။

သူ၏မျက်စိရှေ့တွင် နီဖန်းကျိုး၏ အရှိန်အဝါမှာ အဆုံးမရှိ မြင့်တက်လာနေသည်။

သူ၏ဓားမှာ အကြမ်းပတမ်း တုန်ခါနေပြီး ခြေအောက်ရှိ မြေပြင်များမှာ အက်ကွဲလာသည်။

ရုတ်တရက် နီဖန်းကျိုးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး

“အကြွင်းမဲ့ဖြတ်တောက်ခြင်း “

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုမှာ ရှေ့သို့ ထိုးထွက်လာသည်။

ယခင်က တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။

ဓားချက်ထွက်ပေါ်လာချိန်တွင် ယှဉ်ပြိုင်ကွင်းတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွား၏

ဖျက်ဆီးခြင်း အရှိန်အဝါများမှာ ကောင်းကင်ပြင်ကို လွှမ်းခြုံသွားသည်။

အာကာသပြင်ပင်လျှင် အက်ကွဲသွားပြီး ဓားသွားရာလမ်းတစ်လျှောက်တွင် အနက်ရောင် အက်ကြောင်းများပင် ပေါ်လာသည်။

သခင်ကြီးရွှယ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏

ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။

'အကယ်၍ ဒီတိုက်ခိုက်မှုက ငါ့ကို ဦးတည်နေရင်...'

တွေးမိရင်း သူ၏မျက်နှာမှာ တင်းမာသွားသည်။

'ငါ တားဆီးနိုင်မှာ မဟုတ်ဘူး။'

မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးပင်လျှင် ဗလာသန့်စင်ခြင်းအဆင့်၏ တိုက်ခိုက်မှုကို ကြောက်ရွံ့နေရ၏

၎င်းသည်မှာ ရှက်စရာမဟုတ်ပေ။ အကြောင်းမှာ နီဖန်းကျိုးသည် ယခင်က မိုးကြိုးနန်းတော် မှ အကြီးအကဲများကိုပင် အနိုင်ယူခဲ့ဖူးသူ ဖြစ်သောကြောင့်ဖြစ်သည်။

နီဖန်းကျိုးသည် ထိုအကြီးအကဲများကို ရင်ဆိုင်စဉ်ကကဲ့သို့ မိမိ၏ ကျင့်စဉ်အဆင့်ကို မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ အဘယ်ကြောင့် တိုးမြှင့်မထားသနည်းဟူသည်ကို သူ နားမလည်နိုင်သေးပေ။

မည်သို့ပင်ဆိုစေကာမူ နီဖန်းကျိုးသာ ကျင့်စဉ်အဆင့်ကို ထပ်မံတိုးမြှင့်လိုက်မည်ဆိုလျှင်လည်း ရလဒ်မှာ ပြောင်းလဲသွားလိမ့်မည်မဟုတ်ဟု သူ ခံစားမိသည်။

တစ်ဖက်တွင် နီယွမ်ဖုန်းသည် သူ၏သားဖြစ်သူကို ဂုဏ်ယူစွာ ကြည့်နေသည်။

နီချင်းယု၏ မျက်ဝန်းများမှာလည်း စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။

နီဖန်းကျိုးမှာ သူတို့မတွေ့ရသည့် အချိန်အတောအတွင်း ပိုမိုအားကောင်းလာသည်မှာ ထင်ရှားသည်။

ပိုင်ကျီဟန်မှာ နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။

သို့သော် သူသည် မည်သည့် အထူးနည်းလမ်းကိုမျှ အသုံးမပြုပေ

ထာဝရဝိညာဉ်ဓားကိုသာ တည်ငြိမ်စွာ မြှောက်လိုက်သည်။

ဓားသွားပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများ စုစည်းလာသည်။

ထို့နောက်

သူသည် ပေါ့ပေါ့ပါးပါးပင် ဓားကို ဝှေ့ယမ်းလိုက်သည်။

ဘာမျှ ထူးခြားခြင်းမရှိပေ

ရိုးရှင်းလှသော ဓားချက်တစ်ချက်သာဖြစ်သည်။

ဘာအဆန်းအပြားမှ မဟုတ်။

မြင်လိုက်ရသည်မှာလည်း ထူးခြားခမ်းနားသည့် အရိပ်အယောင် လုံးဝမရှိချေ။

တိုက်ခိုက်မှုနှစ်ခုမှာ ချက်ချင်းပင် ထိတွေ့သွားသည်။

ဘုန်း

ခဏတာမျှ ကောင်းကင်ကြီးမှာ အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။

တစ်ဖက်တွင် အာကာသကိုပင် ခွဲထုတ်နိုင်သော ဖျက်ဆီးခြင်းစွမ်းအား၊

တစ်ဖက်တွင်မူ ရိုးရှင်းလှသော ဓားတစ်ချက်။

သို့သော် ရလဒ်မှာ ချက်ချင်းပင် ပေါ်ထွက်လာသည်။

ချွမ်

နီဖန်းကျိုး၏ အကြွင်းမဲ့ဖြတ်တောက်ခြင်းမှာ အပိုင်းပိုင်း ကွဲကြေသွားသည်။

အမှန်ဆိုရသော် ပိုင်ကျီဟန်၏ ဓားချက်ရှေ့တွင် လုံးဝ ပျက်စီးသွားခြင်းဖြစ်သည်။

ပိုင်ကျီဟန်၏ ဓားစွမ်းအင်မှာ ထိုမျှဖြင့် မရပ်တန့်ဘဲ နီဖန်းကျိုးထံသို့ တန်းတန်းမတ်မတ် ဆက်သွားသည်။

နီဖန်းကျိုး၏ မျက်နှာမှာ ပြောင်းလဲသွား၏

သူ၏ဓားဖြင့် အမြန်ဆုံး ခုခံလိုက်သည်။

ဘုန်း

တိုက်ခိုက်မှု၏ အရှိန်အဟုန်မှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

နီဖန်းကျိုးမှာ အမြောက်ဆန်တစ်ခုပမာ နောက်သို့ လွင့်စဉ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှာ အဝေးရှိ လေ့ကျင့်ရေးကွင်း၏ နံရံကို ပြင်းထန်စွာဖြင့် ပစ်ပေါက်လိုက်သကဲ့သို့ ရိုက်မိသွားသည်။

နံရံတစ်ခုလုံးမှာ ချက်ချင်းပင် ကွဲအက်သွားတော့သည်။

ဖုန်မှုန့်များမှာလည်း နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။

ယှဉ်ပြိုင်ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့သည်။

ခဏအကြာတွင်

"အဟွတ်”

နီဖန်းကျိုးသည် ပြိုကျပျက်စီးနေသော အပျက်အစီးများကြားမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများ စိမ့်ထွက်လာသည်။ လက်နှစ်ဖက်မှာလည်း ပြင်းထန်သော

ထိခိုက်မှုကြောင့် အနည်းငယ် တုန်ရီနေသည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုမှာ အသက်အန္တရာယ်ရှိလောက်အောင် အထိတော့ မပြင်းထန်ခဲ့ပေ။

နီဖန်းကျိုး၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုတို့ ရစ်သိုင်းနေသည်။

သူသည် မိမိတွင်ရှိသမျှ အစွမ်းအစအားလုံးကို အကုန်ထုတ်သုံးခဲ့သော်လည်း ပိုင်ကျီဟန်၏ ဓားချက်တစ်ချက်မျှပင် မယှဉ်နိုင်ခဲ့ပေ။

ပိုင်ကျီဟန်သည် တိုက်ခိုက်မှု တစ်ချက်တည်းကိုသာ အသုံးပြုခဲ့ပြီး ထိုအချက်ကပင် တိုက်ပွဲကို ချက်ချင်းအဆုံးသတ်ရန် လုံလောက်နေခဲ့သည်။

နီဖန်းကျိုးသည် ပြိုကျနေသော နံရံကိုမှီကာ မိမိကိုယ်ကို ဖြည်းဖြည်းချင်း ထိန်းလိုက်သည်။

နှုတ်ခမ်းထောင့်မှ သွေးများမှာမူ စီးကျနေဆဲပင်။

သို့သော် ခန္ဓာကိုယ်၏ နာကျင်မှုထက် ရင်ထဲ၌ ခံစားနေရသော တုန်လှုပ်ခြောက်ခြားမှုက ပို၍ပင် ကြီးမားနေသည်။

လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

နီဖန်းကျိုးတင်မကဘဲ ရှိသမျှလူတိုင်းမှာလည်း အလားတူပင် အံ့အားသင့်ကာ ထိုင်လျက်သား ဖြစ်နေကြသည်။

ခုဏကပင် ပိုင်ကျီဟန်၏ စစ်မှန်သော စွမ်းအားကို နီဖန်းကျိုး ထုတ်ဖော်ခိုင်းနိုင်တော့မည်ဟု လူအများက ယုံကြည်နေခဲ့ကြသည်။

အထူးသဖြင့် ဗလာသန့်စင်ခြင်းနယ်ပယ်အထိ ကျင့်စဉ်အဆင့် တိုးမြှင့်လိုက်နိုင်သည့်အခါ ရွှယ်အနွယ်ဝင် အကြီးအကဲကိုပင် ထိတ်လန့်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အကြွင်းမဲ့ဖြတ်တောက်ခြင်းကို ထုတ်သုံးလိုက်သည့်အခါတွင်မူ

လူအများ၏ ရင်ထဲ၌ မျှော်လင့်ချက်များ တစ်ခဏချင်း ပွင့်လန်းလာခဲ့သည်။

သို့သော် လက်တွေ့ဘဝက ထိုမျှော်လင့်ချက်များကို ရက်စက်စွာ ချေမှုန်းပစ်လိုက်သည်။

ဓားချက်တစ်ချက်

ထိုဓားချက်တစ်ချက်တည်းဖြင့်ပင် ပိုင်ကျီဟန်က လူတိုင်းကို လက်တွေ့လောကထဲသို့ ပြန်လည်ဆွဲခေါ်သွားခဲ့သည်။

ဤသည်မှာ ပိုင်ကျီဟန်ပင် ဖြစ်သည်။

အင်ပါယာ၏ ပြိုင်ဘက်ကင်းသူအဖြစ် သတ်မှတ်ခံထားရသည့် ပုဂ္ဂိုလ်။

သူ၏ စွမ်းအားမှာ မည်သူမျှ မမှန်းဆနိုင်လောက်အောင် နက်ရှိုင်းလွန်းလှသည်။

အံ့ဖွယ်များကို ဖန်တီးကာ မဖြစ်နိုင်သည်များကို ကျော်လွှားလေ့ရှိသည့် နီဖန်းကျိုးကဲ့သို့သော ကောင်းကင်၏ ရွေးချယ်ခံရသူတစ်ယောက်ပင်လျှင် ပိုင်ကျီဟန်ရှေ့တွင် ဘာမျှ မတတ်နိုင်ခဲ့ပေ။

ယှဉ်ပြိုင်ကွင်း၏ အစွန်းတစ်ဖက်တွင် နီချင်းယုမှာ ရုပ်တုတစ်ခုကဲ့သို့ တောင့်ခဲသွားခဲ့သည်။

အစောပိုင်းက ရှိခဲ့သော စိတ်လှုပ်ရှားမှုနှင့် ယုံကြည်ချက်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ အစ်ကိုဖြစ်သူက ပိုင်ကျီဟန်ကို နောက်ဆုံးတွင် အနိုင်ယူပြီး ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု အစောကပင် သူမ ယုံကြည်ထားခဲ့သည်။

သို့သော် ယခုမူ—

သူမ ပြိုင်ဘက်ကင်းသူဟု သတ်မှတ်ထားသောသူမှာ အရှက်တကွဲ အကျိုးနည်းစွာဖြင့် ရှုံးနိမ့်သွားခဲ့ရပြီ။

"ဒါ... ဒါက..."

သူမ၏ အသံမှာ တုန်ရီနေသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...?"

မျက်စိရှေ့တွင် ဖြစ်ပျက်သွားသည်ကို သူမ လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။

တစ်ဖက်တွင်လည်း ရွှယ်အနွယ်ဝင် အကြီးအကဲသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ရှိုက်သွင်းလိုက်သည်။

ပိုင်ကျီဟန် အနိုင်ရမည်ဟု သူ ကြိုတင်သိထားပြီးဖြစ်သော်လည်း ကိုယ်တိုင်မျက်ဝါးထင်ထင် ကြည့်ရှုလိုက်ရသည့် ခံစားချက်မှာမူ လုံးဝ ကွဲပြားခြားနားနေပေသည်။

ကြောက်စရာကောင်းလွန်းလှသည်

ပိုင်ကျီဟန်၏ စွမ်းအားမှာ ပြိုင်ဘက်ကင်းလွန်းလှသည်။

မကြာမီပင် ယှဉ်ပြိုင်မှုမှာ တရားဝင် အဆုံးသတ်သွားခဲ့သည်။

နီဖန်းကျိုးသည် ယှဉ်ပြိုင်ကွင်းအတွင်းသို့ ဖြည်းညှင်းစွာ ပြန်လည်လျှောက်လှမ်းသွားလိုက်သည်။

သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။

အစောပိုင်းက ရှိခဲ့သော စိတ်လှုပ်ရှားမှုများနှင့် တောက်လောင်နေသည့် တိုက်ခိုက်လိုစိတ်များမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ၏ နေရာတွင် တိတ်ဆိတ်ခြင်းနှင့် ရှုပ်ထွေးသော ခံစားချက်များသာ ကျန်ရစ်ခဲ့သည်။

အမှန်စင်စစ် သူသည် ဤတိုက်ပွဲမှတစ်ဆင့် နားလည်သဘောပေါက်မှုအသစ်များ ရရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

ပိုင်ရွှယ်ချင်းလက်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဆုံးရှုံးသွားခဲ့သော မိမိ၏ စိတ်ဓာတ်ခွန်အားကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟုပင် မျှော်လင့်ခဲ့သည်။

သို့သော် ယခုမူ သူရရှိလိုက်သည်မှာ မိမိ၏ လက်ရှိအခြေအနေမှာ မည်မျှ အားနည်းလွန်းကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်လာရခြင်းသာ ဖြစ်သည်။

သူ၏ ရင်ထဲတွင် ခါးသီးသော အပြုံးတစ်ခု ဖျော့ဖျော့ပေါ်လာသည်။

ဤအချိန်တွင် သူသည် ရုတ်တရက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

နဂါးနှင့် ဖီးနစ်ယှဉ်ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ပိုင်ကျီဟန်အစား ပိုင်ရွှယ်ချင်းနှင့် တွေ့ဆုံခဲ့ရခြင်းအတွက် သူ ကျေးဇူးတင်

မိသည်။

အကြောင်းမှာ ထိုစဉ်ကသာ သူ၏ ပြိုင်ဘက်သည် ပိုင်ကျီဟန် ဖြစ်ခဲ့မည်ဆိုပါက ရလဒ်မှာ အရှက်တကွဲ အကျိုးနည်းခြင်းမျိုးသာ ဖြစ်လာလိမ့်မည်ဟု သူ ယခုအခါတွင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့သောကြောင့် ဖြစ်သည်။

တူချန်းရှန်မှာမူ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ သူ၏ မျက်ဝန်းများတွင် မဖုံးကွယ်နိုင်သော အံ့အားသင့်မှုများ ရစ်သိုင်းနေသည်။

တိုက်ပွဲတစ်ခုလုံးကို အစအဆုံး ကိုယ်တိုင်မျက်ဝါးထင်ထင် ကြည့်ရှုခဲ့ပြီးသည့်တိုင် သူသည် ပိုင်ကျီဟန်ကို မဖောက်ထွင်းနိုင်သေးပေ။

သူ၏ ကျင့်စဉ်အဆင့်ကို မပြောနှင့်။

အထူးသဖြင့် ထိုကြောက်မက်ဖွယ်ကောင်းလှသော ဓားရည်ရွယ်ချက်ကိုပင် သူ မမှန်းဆနိုင်ပေ။

ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းလှသည်။

ပိုင်ကျီဟန်ကဲ့သို့သော အရွယ်ရှိသူတစ်ယောက် ပိုင်ဆိုင်ထားသင့်သည်ထက် များစွာ သာလွန်နေသည်။

တူချန်းရှန် တစ်သက်တာလုံး တွေ့မြင်ခဲ့ရသော ပါရမီရှင်များစွာထဲတွင်ပင် နှိုင်းယှဉ်နိုင်သူမှာ အလွန်ပင် ရှားပါးလှသည်။

နောက်ဆုံးတွင် တူချန်းရှန်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဤမျှ မြေပြင်အရပ်ဒေသဟု ထင်မှတ်ရသော အင်ပါယာငယ်တစ်ခုအတွင်း၌ ပိုင်ကျီဟန်ကဲ့သို့သော ဘီလူးဆန်သည့် ပါရမီရှင်မျိုး ပေါ်ပေါက်လာလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ခဲ့မိပေ။

ပိုင်ကျီဟန်နှင့် ယှဉ်လိုက်သည့်အခါတွင် ယခင်က သူတွေ့ဆုံခဲ့ဖူးသည့် ကောင်းကင်ဘုံ ပါရမီရှင်ဟု ခေါ်ဆိုကြသူများစွာမှာ ရုတ်တရက်ဆိုသလို သာမန်လူများကဲ့သို့ ဖြစ်သွားခဲ့ရတော့သည်။

တကယ်ပင်

ကိုယ်တိုင်မျက်ဝါးထင်ထင် မမြင်တွေ့မချင်း လောကကြီးက မည်မျှကျယ်ပြောမှန်း မည်သူမှ သိနိုင်မှာ မဟုတ်ပေ

နီဖန်းကျိုးသည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်စွာ ရပ်နေလိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုများ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း ရင်ထဲရှိ ခံစားချက်များမှာမူ မုန်တိုင်းထန်နေဆဲပင်။

နောက်ဆုံးတွင် သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း ရှိုက်သွင်းလိုက်သည်။

ထို့နောက် ပိုင်ကျီဟန်ရှိရာသို့ ရှေ့တိုး၍ လျှောက်သွားလိုက်သည်။

ယှဉ်ပြိုင်ကွင်းတစ်ဝိုက်ရှိ ရေတွက်၍မရနိုင်သော မျက်လုံးများအားလုံးသည် သူ့ထံသို့ တစ်ဖန်ပြန်၍ အာရုံစိုက်လာကြပြန်သည်။

လူအများ၏ အကြည့်အောက်တွင် နီဖန်းကျိုးသည် ပိုင်ကျီဟန်နှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ယှဉ်ကာ လေးစားသမှုဖြင့် အရိုအသေပေးလိုက်သည်။

"ကျွန်တော့်ကို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သခင်လေး ပိုင်ကျီဟန်။"

သူ၏ အသံမှာ တည်ငြိမ်၍ ရိုးသားနေသည်။

ယခင်ကဲ့သို့ မကျေနပ်သည့် အရိပ်အယောင်မျိုး လုံးဝမရှိတော့ချေ။

ပိုင်ကျီဟန်နှင့် ကိုယ်တိုင်ဓားချင်းယှဉ်၍ တိုက်ခိုက်ပြီးနောက်တွင် ဤလူသားသည် မည်မျှလောက် ကြောက်ခမန်းလိလိ ဖြစ်သည်ကို နီဖန်းကျိုး နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။

ပိုင်ကျီဟန် ပေးစွမ်းသည့် ဖိအားမှာ ပိုင်ရွှယ်ချင်း ပေးစွမ်းသည့် ဖိအားနှင့် လုံးဝမတူညီသော အရာတစ်ခု ဖြစ်သည်။

ပိုင်ရွှယ်ချင်းသာလျှင် ကျော်လွှားရန် ခက်ခဲလှသည့် တောင်တန်းကြီးတစ်ခု ဖြစ်မည်ဆိုပါက

ပိုင်ကျီဟန်မှာမူ အဆုံးအစမရှိသော မိုးကောင်းကင်ကြီးနှင့် ပို၍တူသည်။

အဆုံးအစကိုပင် မမြင်နိုင်လောက်အောင် ကျယ်ပြောလှသည်။

တစ်ဖက်တွင်လည်း ပိုင်ကျီဟန်က သူ့ကို တည်ငြိမ်စွာပင် ကြည့်နေသည်။

ထို့နောက် သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။

"မင်းလည်း မဆိုးပါဘူး။"

ပိုင်ကျီဟန်၏ သွေးရောင်မျက်ဝန်းများက နီဖန်းကျိုးကို တစ်ချက်မျှ ဝေ့ကြည့်လိုက်သည်။

"အထူးသဖြင့် မင်းရဲ့ နောက်ဆုံးတိုက်ကံက်ပေါ့။"

သူ၏ လေသံထဲတွင် စစ်မှန်သော အသိအမှတ်ပြုမှုများ ပါဝင်နေသည်

နီဖန်းကျိုး၏ မျက်ဝန်းများမှာ အနည်းငယ် တုန်လှုပ်သွားသည်။

"ဒါပေမဲ့ မင်းရှေ့မှာ လျှောက်လှမ်းရမဲ့ ခရီးလမ်းကတော့ အများကြီး ကျန်ပါသေးတယ်။"

ထိုစကားလုံးများ ထွက်ပေါ်လာသည့်အခိုက်တွင် ပတ်ဝန်းကျင်ရှိ တပည့်များစွာမှာ ထူးဆန်းသော အမူအရာများကို ကိုယ်စီဖြစ်ပေါ်လာကြသည်။

အကယ်၍သာ အခြားသူတစ်ယောက်ယောက်က နီဖန်းကျိုးကို ထိုကဲ့သို့ ပြောခဲ့မည်ဆိုပါက သူတို့သည် ထိုသူကို မထီမဲ့မြင်ပြုနေသည်ဟု တွေးမိကြလိမ့်မည်။

မည်သို့ဆိုစေကာမူ နီဖန်းကျိုး၏ လက်ရှိအရွယ်တွင် ဤမျှသော ကျင့်စဉ်အဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းမှာ ကျင့်ကြံသူအများအပြားအတွက် တစ်သက်တာလုံး ကြိုးပမ်းသော်လည်း ရောက်နိုင်မည်မဟုတ်သည့် အမြင့်ပေတစ်ခု ဖြစ်သည်။

သို့သော်လည်း သူ၏ ရှေ့တွင် လျှောက်လှမ်းရမည့် ခရီးလမ်း အများကြီး ကျန်ရှိနေသေးသည်ဟု ပြောဝံ့သူ ရှိနေသည်။

ဤအချက်သည် အဓိပ္ပာယ်မဲ့သည်ဟု ထင်ရပေလိမ့်မည်။

သို့သော် ထိုစကားကို ပိုင်ကျီဟန် ပြောလိုက်သည့်အခါတွင်မူ မည်သူမျှ ထူးဆန်းသည်ဟု မထင်ကြပေ။

အကြောင်းမှာ ပိုင်ကျီဟန်နှင့် ယှဉ်လိုက်ပါက နီဖန်းကျိုး၏ ရှေ့တွင် လျှောက်လှမ်းရန် ကျန်ရှိနေသေးသော ခရီးလမ်းမှာ စိတ်ကူးယဉ်၍ပင် မရနိုင်အောင် ရှည်လျားနေဦးမည် ဖြစ်

သောကြောင့်ပင်

နီဖန်းကျိုး ကိုယ်တိုင်လည်း ဤအချက်ကို ကောင်းစွာ နားလည်နေသည်။

ထို့ကြောင့် မကျေမနပ် ဖြစ်မည့်အစား သူသည် ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ပြလိုက်တော့သည်။

"ကျွန်တော် နားလည်ပါတယ်။"

သူသည် တစ်ဖန် ဂါရဝပြုလိုက်သည်။

"သခင်လေးပိုင်... ကျေးဇူးတင်ပါတယ်။"

ဤတိုက်ပွဲသည် သူ့ကို လုံးဝ ရှုံးနိမ့်သွားစေခဲ့သော်လည်း

တစ်ချိန်တည်းမှာပင် သူနှင့် အထွတ်အထိပ်ကြားရှိ ကွာဟချက်ကို ယခင်ကထက် ပိုမိုရှင်းလင်းစွာ မြင်တွေ့သွားစေခဲ့သည်။

ထူးဆန်းသည်မှာ ပိုင်ရွှယ်ချင်းနှင့် ရှုံးနိမ့်ခဲ့စဉ်က နှလုံးသားထဲရှိ အမုန်းတရားနှင့် ပူပင်သောကများမှာလည်း ယခုတိုက်ပွဲကြောင့် အနည်းငယ် လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

All Chapters