အခန်း ၅၉၉
Vol. 40 Ch. 599
အခန်း ၅၉၉ - မွေးရာပါရန်သူများ
"မင်း ကျောက်မင်ကို ခေါ်ယူခဲ့တဲ့အချိန်ကို မှတ်မိသေးလား"
ဒုတိယမင်းသား၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျုံ့သွားသည်။
သူ ဘယ်လိုလုပ် မမှတ်မိဘဲ ရှိပါ့မလား။
ကျောက်မင်သည် သူ့ဘေးနားတွင် နှစ်ပေါင်း ၂၀ ကျော် ရှိနေခဲ့သူဖြစ်သည်။
သူတို့နှစ်ယောက် လူငယ်ဘဝအရွယ်က မြို့တော်ပြင်ပတွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု ကြုံခဲ့ရစဉ်က ကျောက်မင်သည် သူ့အတွက် အသက်စွန့်ကာ သေလုမြောပါး ဖြစ်ခဲ့ဖူးသည်။
ထိုအချိန်မှစ၍ ဒုတိယမင်းသားသည် ကျောက်မင်အပေါ် အကြွင်းမဲ့ ယုံကြည်ခဲ့သည်။
ယုကျီတီက ညှို့ဓာတ်ပါသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
"အဲဒီဖြစ်ရပ်ပြီးတဲ့နောက် သူ မင်းအပေါ် သစ္စာရှိသွားတယ်လို့ မင်းအမြဲယုံကြည်ခဲ့တာပေါ့လေ"
သူက ဒုတိယမင်းသား၏ မျက်လုံးကို
တည့်တည့်စိုက်ကြည့်ရင်း ဆက်ပြောသည်။
"ဒါပေမဲ့ အဲဒီညက လုပ်ကြံသတ်ဖြတ်သူတွေကို စီစဉ်ပေးခဲ့တာက ငါပါ"
ဒုတိယမင်းသား၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားရသည်။
"ကျောက်မင်ရဲ့ ရင်ဘတ်က ဒဏ်ရာက အစစ်ပါ”
“သွေးတွေကလည်း အစစ်ပဲ။ သေလုမြောပါး ဖြစ်ခဲ့ရတာကလည်း အမှန်တရားပါပဲ။ “
“ဒါပေမဲ့ အဲဒီအခြေအနေတစ်ခုလုံးကို အစကတည်းက ငါ စီစဉ်ဖန်တီးထားတာ။ အန္တရာယ်ကလည်း အစစ်အမှန်ဖြစ်လို့ သူ တကယ်တမ်း သေဆုံးသွားနိုင်ပေမဲ့ ငါ့အတွက်ကတော့ အဲဒါက မထူးခြားဘူး။"
ယုကျီတီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေသည်။
"မင်း သူ့ကို အကြွင်းမဲ့ ယုံကြည်စေဖို့အတွက် ဒီလောက်တော့ စီစဉ်ရမှာပေါ့။ အသေးစိတ်လေးတွေအထိ လျှော့တွက်လို့ ဘယ်ရမလဲ"
ဒုတိယမင်းသား၏ အသက်ရှူသံများမှာ လေးလံလာသည်။
သူ တစ်စုံတစ်ခုကို ကြေညက်အောင် မစဉ်းစားရသေးခင်မှာပင် ယုကျီတီက စကားကို ဆက်ပြောသည်။
"ပြီးတော့... လျူဝမ်”
ယုကျီတီက ခပ်ပါးပါး ပြုံးလိုက်သည်။
"သူက မင်းအတွက် မိသားစုကိုတောင် စွန့်လွှတ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ “
“ဒါပေမဲ့ အဲဒါ ငါ့အမိန့်ကြောင့် လုပ်ခဲ့တာလေ"
ယုကျီတီက လျှာသပ်လိုက်သည်။
"တောက်၊ သူကတော့ တကယ်ကို သစ္စာရှိတဲ့ ခွေးတစ်ကောင်ပါပဲ။ ငါ့အမိန့်အတွက်နဲ့ သူ ဒီလောက်အထိ လုပ်သွားလိမ့်မယ်လို့ ဘယ်သူထင်မလဲ"
လျူဝမ်က အလုပ်တာဝန်အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့သော်လည်း ယုကျီတီအတွက်မူ ထိုအရာသည် သာမန်ကိစ္စတစ်ခုသာ ဖြစ်နေသည်။
သူ့လက်အောက်ခံများ၏ စွန့်လွှတ်မှုများကို သူက အရာမသွင်းသည့်ပုံစံမျိုးဖြင့် ဆက်ဆံနေခြင်းဖြစ်သည်။
"ဒါပေမဲ့ မင်းကတော့ သူလုပ်သမျှအရာအားလုံးက မင်းအပေါ် သစ္စာရှိလို့ လုပ်တာလို့ ထင်နေခဲ့တာပေါ့"
ဒုတိယမင်းသား၏ ခန္ဓာကိုယ်မှာ တုန်ရီလာသည်။
"မဖြစ်နိုင်တာ..."
ယုကျီတီက သနားကရုဏာကင်းမဲ့စွာဖြင့် ဆက်ပြောပြန်သည်။
သူ၏ ကြံစည်မှုများမှာ ဒုတိယမင်းသား ထင်ထားသည်ထက် ပိုမိုနက်ရှိုင်းလှသည်။
၎င်းသည် သူ့လူများကို ဘေးနားတွင် ထည့်ထားရုံမျှဖြင့် ပြီးဆုံးသွားသည့် ကိစ္စမဟုတ်ပေ။
နှစ်များတစ်လျှောက် ဒုတိယမင်းသားဘေးတွင် အမှန်တကယ် သစ္စာရှိသည့် လူယုံတော်များ ပေါ်လာတိုင်း ယုကျီတီက တစ်နည်းနည်းဖြင့် အမြစ်ဖြတ်ပစ်လေ့ရှိသည်။
အချို့ကို သစ္စာဖောက်များအဖြစ် အပြစ်ပုံချေလ၏
တိကျစွာ ပြင်ဆင်ထားသည့် သက်သေအထောက်အထားများဖြင့် ဒုတိယမင်းသား၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်လာစေသည်။
နောက်ဆုံးတွင်မူ ထိုသစ္စာရှိနောက်လိုက်အချို့ကို ဒုတိယမင်းသားကိုယ်တိုင်ကပင် ကွပ်မျက်ခဲ့ရသည်။
အချို့မှာမူ နောက်ကွယ်မှ စနစ်တကျ စီစဉ်ထားသော အန္တရာယ်ရှိသည့် တာဝန်များတွင် သေဆုံးသွားခဲ့ကြသည်။
ဒုတိယမင်းသား၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာသည်။
ပြောလိုက်သည့် စကားတစ်ခွန်းတိုင်းသည် သူယုံကြည်ခဲ့သည့် အရာများကို တစ်စစီ ခြေဖျက်နေသကဲ့သို့ ရှိသည်။
စွန့်လွှတ်မှုတိုင်း၊
သစ္စာရှိမှုတိုင်း၊
သူ တန်ဖိုးထားခဲ့ရသည့် စိတ်လှုပ်ရှားဖွယ်အချိန်တိုင်းသည် သူ့အစ်ကိုဖြစ်သူ၏ လက်ချက်ဖြင့် ဖန်တီးထားခြင်းသာ ဖြစ်
နေသည်။
ယုကျီတီ စကားပြောပြီးချိန်တွင် ဒုတိယမင်းသား၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်မရှိတော့ပေ။
ရှိသည်မှာ ထိတ်လန့်တုန်လှုပ်ခြင်းသာ ဖြစ်သည်။
သူသည် ယုကျီတီကို ကြည့်နေရင်း လူသားတစ်ယောက်ဟု မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ဤအချိန်တွင် သူသည် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။
သူ ကိုယ်တိုင်တည်ဆောက်ခဲ့သည်ဟု ထင်ထားသည့် အရေးပါသော ဆက်ဆံရေးတိုင်းတွင် ယုကျီတီ၏ အရိပ်အယောင်များ ပုန်းကွယ်နေခဲ့သည်။
ဒုတိယမင်းသား၏ နှုတ်ခမ်းများ တုန်ရီနေသည်။
"မင်း..."
သူ၏ အသံမှာ ခြောက်ကပ်နေသည်။
"ဒီအရာအားလုံးကို မင်း စီစဉ်ခဲ့တာလား"
ယုကျီတီက တည်ငြိမ်စွာပင် ပြုံးနေသည်။ ဒုတိယမင်းသား၏ နှလုံးသားမှာ ပိုမိုအေးစက်လာသည်။
ယုကျီတီက သူနှင့် သူသာသိသော လျှို့ဝှက်ချက်များကိုပင် အသေးစိတ် သိရှိနေသဖြင့် ပထမမင်းသား လိမ်ပြောနေခြင်းမဟုတ်ကြောင်း သူ ကောင်းကောင်းသိလိုက်သည်။
သူတို့ လူအချင်းချင်း ပထမဆုံးတွေ့ခဲ့သည့် နေရာများ၊
ပြောခဲ့သည့် စကားဝိုင်းများ၊
သစ္စာရှိကြောင်း သက်သေပြခဲ့သည့် အချိန်အခါများအားလုံးကို ယုကျီတီက သိရှိနေသည်။
သူ၏ ဘဝတစ်ခုလုံးသည် အရိပ်ထဲမှနေ၍ အကြည့်ခံနေရသည့်အတိုင်းပင်။
ဒုတိယမင်းသားက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ယုကျီတီကို စိုက်ကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ပေါ်လာသည်။
"...နေပါဦး..."
သူ၏ အသက်ရှူသံများမှာ မမှန်တော့ပေ။
"အဲဒီလူတွေထဲက အချို့က ငယ်ငယ်ကတည်းက ငါ့ဘေးနားမှာ ရှိနေခဲ့ကြတာ..."
သူ၏ အသံမှာ ပိုမို၍ အက်ကွဲလာသည်။
"မပြောနဲ့တော့..."
သူကိုယ်တိုင်ပင် ထိုအတွေးကို မယုံကြည်နိုင်ဖြစ်နေသည်။
"ငါတို့ ငယ်ငယ်ကတည်းက ဒီအစီအစဉ်ကို စတင်ခဲ့တာလား"
ယုကျီတီ၏ အပြုံးမှာ ပိုမိုနက်ရှိုင်းသွားသည်။
ထိုအပြုံးကို မြင်လိုက်ရသည့်အခါ ဒုတိယမင်းသား၏ နှလုံးသားမှာ လုံးဝ ပျက်စီးသွားရတော့သည်။
ယုကျီတီက ထိတ်လန့်နေသော ဒုတိယမင်းသားကို ငြိမ်သက်စွာ ကြည့်နေရင်း မျက်နှာတွင် ခပ်ပါးပါး အပြုံးတစ်ခုကို ထပ်မံဖော်ပြလိုက်သည်။
"အို... ညီလေးရယ်”
သူ၏ အသံမှာ နူးညံ့လှသည်။
"ငါတို့ နန်းတော်ထဲကို မွေးဖွားလာတဲ့ အချိန်ကတည်းက တစ်ခုကိုတော့ မင်း နားလည်ထားသင့်တယ်"
သူသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါတို့က မွေးရာပါ ရန်သူတွေ ဖြစ်ဖို့ သတ်မှတ်ခံထားရသူတွေပဲ"
သူ့မျက်လုံးများထဲတွင် နောင်တဟူ၍ တစ်
စက်ကလေးမျှ မရှိချေ။
"ဒါဆိုရင် ကြိုတင်ပြင်ဆင်ထားတာက ဘာ
များ မှားနေလို့လဲ"
သူ ပြောလိုက်သည့် လေသံမှာ အလွန်ပင် သဘာဝကျလွန်းနေသဖြင့် ဒုတိယမင်းသား၏ ကျောရိုးတစ်လျှောက်ပင် အေးစက်သွားရသည်။
ဤအရာအားလုံး— ပရိယာယ်များ၊
အကြံအစည်များမှာ သာမန်နှင့် ကျိုးကြောင်းဆီလျော်သော လုပ်ရပ်များသာ ဖြစ်နေသကဲ့သို့ပင်။
ဒုတိယမင်းသားမှာမူ သူ့အား ကြောင်အမ်းအမ်းဖြင့်သာ စိုက်ကြည့်နေမိသည်။
ဤအချိန်၌ သူ့ရှေ့တွင် ရပ်နေသူမှာ လူတစ်ယောက်နှင့် မတူတော့ဘဲ လူသားအရေခြုံထားသည့် နတ်ဆိုးတစ်ကောင် ဖြစ်နေသည်။
မဟုတ်သေး... သူက နတ်ဆိုးစစ်စစ်ပင်။
နန်းတွင်းအရေးတွင် အချင်းချင်း ယှဉ်ပြိုင်ကြသည်ဆိုသော်လည်း ထိုအချိန်က သူတို့မှာ ကလေးများသာ ရှိသေးသည်။
အပြစ်ကင်းစင်လှသော ကလေးများ
ဤမျှငယ်ရွယ်သည့်အရွယ်မှစ၍ ဤမျှ ကြောက်မက်ဖွယ်။ ကောင်းသော အကြံအစည်များကို မည်သို့ စတင်နိုင်ခဲ့သနည်း။
ဆယ်စုနှစ်များစွာကြာအောင် အသေးအဖွဲမျှ အမှားမပါဘဲ လူအများကို မည်သို့ စနစ်တကျ နေရာချထားနိုင်ခဲ့သနည်း။
သို့သော် အဖြစ်မှန်မှာ သူ၏ မျက်စိရှေ့တွင် ရှိနေသည်။
ဖြစ်နိုင်သည်သာမက ယုကျီတီသည် ဤအရာအားလုံးကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
ဒုတိယမင်းသား၏ ရင်ထဲတွင် အကူအညီမဲ့ခြင်းဟူသော ခံစားချက်မှာ နက်ရှိုင်းစွာ ပျံ့နှံ့သွားသည်။
သူ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကို သိလိုက်ရသည်။
ယုကျီတီနှင့် ယှဉ်လျှင်... သူသည် အစကတည်းက အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိခဲ့ပေ။
သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း၊
သူ ယုံကြည်ခဲ့သည့် လူယုံတော်တိုင်း၊
ထီးနန်းလုပွဲအတွင်း သူ ကြိုးပမ်းခဲ့သမျှတိုင်းသည် ကြိုတင်တွက်ဆထားပြီးသား ဖြစ်နေနိုင်သည်။
ဒုတိယမင်းသားက ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်ပြီးမှ ခါးသီးစွာ ရယ်မောလိုက်သည်။
"ဟား... ဟားဟား..."
သူ အခုမှပဲ နားလည်တော့သည်။
ယုကျီတီသာ အမှန်တကယ် သတ်ချင်ခဲ့လျှင် သူ့ကို လွန်ခဲ့သည့် နှစ်များစွာကတည်းက သတ်ပစ်နိုင်ခဲ့သည်။
သူ့ဘေးနားတွင် စိုက်ထားသည့် ထိုလူများဖြင့် လုပ်ကြံရန်မှာ အလွန်လွယ်ကူလှသည်။
သို့သော် ယုကျီတီ မလုပ်ခဲ့ပေ
အကြောင်းရင်းကို သူ သိသည်။
၁၁ ဦးမြောက် မင်းသားနှင့် ၁၃ ဦးမြောက် မင်းသမီးတို့သည် နန်းတွင်းတွင် ဩဇာအာဏာ အလွန်ကြီးမားကြသည်။
သူတို့ ရှိနေခြင်းက ယုကျီတီကို နန်းတွင်းတစ်ခုလုံး ချုပ်ကိုင်ခြင်းမှ တားဆီးနေခဲ့သည်။
ထို့ကြောင့် ယုကျီတီသည် ဒုတိယမင်းသား၏ "လူယုံတော်များ" ကို အသုံးပြု၍ ထိုသူနှစ်ဦးကို ဖယ်ရှားပစ်ခဲ့သည်။
ထို့နောက် အပြစ်အားလုံးကို ဒုတိယမင်းသား၏ ခေါင်းပေါ်သို့ တင်ပေးလိုက်သည်။
ဤသို့ဖြင့် ယုကျီတီသည် ရည်မှန်းချက်ပေါင်းများစွာကို တစ်ပြိုင်နက် အောင်မြင်သွားသည်။
ပြိုင်ဘက်ကြီးသုံးဦးကို တစ်ပြိုင်နက် ဖယ်ရှားနိုင်ခဲ့သည်။
နှစ်ဦးကို သတ်ဖြတ်ပြီး အပြစ်ကို ဒုတိယမင်းသားက ခံစေခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ယခင်က ၁၁ ဦးမြောက် မင်းသားဘက်တော်သားများ၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို ရယူနိုင်ခဲ့သည်။
အရေးကြီးဆုံးမှာ သူသည် ဖြောင့်မတ်သည့် ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပုံပေါ်သွားခြင်းပင်။
သတ်ဖြတ်ခံလိုက်ရသည့် မောင်နှမများအတွက် တရားမျှတမှုကို ရှာဖွေပေးသည့် မင်းသားတစ်ပါး၊
ဥပဒေအတိုင်း မိမိ၏ မောင်နှမအရင်းကိုပင် အပြစ်ပေးသည့် နောင်တော်မင်းသားတစ်ပါး။
သူသည် သံသယများမှ ကင်းလွတ်ရုံတင်မက နန်းတွင်းတွင်ပါ ဂုဏ်သတင်း ပိုမိုကြီးမားလာခဲ့သည်။
ပရိယာယ်တစ်ခုတည်းဖြင့် ပြိုင်ဘက်သုံးဦးကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။
ဒုတိယမင်းသား နားလည်လာလေလေ၊ သူ့နှလုံးသားမှာ ပိုမိုအေးစက်သွားလေလေဖြစ်သည်။
ဤသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော တွက်ချက်မှုမျိုးနည်း။
ဒုတိယမင်းသားက ခေါင်းကို တစ်ဖန် ပြန်မော့လိုက်ပြီး ယုကျီတီကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"...တကယ့်ကို ထိပ်တန်း အကြံအစည်ပါပဲ"
သူ့အသံမှာပင် မောပန်းနွမ်းနယ်နေဟန်ရှိသည်။
ဒုတိယမင်းသား၏ မျက်နှာတွင် ဒေါသနှင့် ရူးသွပ်မှုများ မရှိတော့ဘဲ နွမ်းနယ်ခြင်းများသာ ကျန်ရှိတော့သည်။
အမှန်တရားကို သိလိုက်ရပြီးနောက် သူသည် မည်မျှ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ယုကျီတီနှင့် ယှဉ်လျှင် အစကတည်းက မျှော်လင့်ချက် လုံးဝမရှိခဲ့သည်မှာ အမှန်ပင်။
ဒုတိယမင်းသားက သူ၏ လက်ထဲမှ ကျောက်ဖန်ပုလင်းငယ်ဆီသို့ အကြည့်ကို ရွှေ့လိုက်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ ရုတ်တရက် မေးလိုက်သည်။
"...နောက်ဆုံးအနေနဲ့ သိချင်တာ တစ်ခုရှိသေးတယ်"
ယုကျီတီက တည်ငြိမ်စွာပင် ကြည့်နေသည်
"ပြောပါ”
ဒုတိယမင်းသားက ယုကျီတီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါ့တစ်ယောက်တည်းကိုပဲလား... တခြားသူတွေရဲ့ ဘေးမှာလည်း မင်းလူတွေကို ထည့်ထားခဲ့သေးတာလား"
ထိုစကားသံ ထွက်ပေါ်လာချိန်တွင် ထောင်
တွင်းမှာ သေမင်းကဲ့သို့ တိတ်ဆိတ်သွားသည်။
ယုကျီတီ၏ ကြောက်မက်ဖွယ် စီမံချက်များကို ကြားသိလိုက်ရပြီးနောက် ဒုတိယမင်းသားသည် သူတစ်ယောက်တည်း ချွင်းချက် ဖြစ်လိမ့်မည်ဟု မယုံကြည်တော့ပေ။
ဤမျှ သတိကြီးပြီး တွက်ချက်တတ်သည့် ယုကျီတီက မည်သို့ဆိုလျှင် မောင်နှမတစ်ဦးတည်းအတွက်သာ ပြင်ဆင်ထားပါ့မည်နည်း။
ယုကျီတီက သူ့ကို ခဏတာ စိုက်ကြည့်နေသည်။
ထို့နောက် မျက်နှာတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ဘယ်လို ထင်လဲ?"
အဖြေမှာ အတည်ပြုခြင်းလည်း မဟုတ်၊ ငြင်းဆိုခြင်းလည်း မဟုတ်ပေ။
သို့သော် ဤသည်မှာ အရှင်းလင်းဆုံး အဖြေပင် ဖြစ်သည်။
ဒုတိယမင်းသား၏ မျက်လုံးအိမ်များ တုန်ရီသွားပြီးနောက် ခါးသီးစွာ ရယ်မောလိုက်သည်။
မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေသည့် ရယ်သံဖြစ်သည်။
သူ ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်ပြီးနောက် ကျောက်ဖန်ပုလင်းကို တိတ်ဆိတ်စွာ ဖွင့်လိုက်သည်။
ဆေးနံ့သင်းသင်းလေးမှာ လေထဲသို့ ပျံ့လွင့်သွားသည်။
သူသည် အဆိပ်ရည်ကို ငေးကြည့်နေရင်း ယုကျီတီကို နောက်ဆုံးတစ်ကြိမ် မော့ကြည့်
လိုက်သည်။
သူ့မျက်လုံးများထဲတွင် မုန်းတီးမှုများ ကျန်ရှိနေသေးသော်လည်း၊ အောက်တွင်မူ ကြောက်ရွံ့ခြင်းများ ရှိနေသည်။
သူ့ရှေ့တွင် ရပ်နေသည့် နတ်ဆိုးအတွက် ကြောက်ရွံ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဒုတိယမင်းသားက တိုးတက်စွာ ပြောလိုက်သည်။
"ဒါဆိုရင်..."
သူ့မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
"မင်းလည်း ခါးသီးတဲ့ သေခြင်းမျိုးနဲ့ သေပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ်"
ထိုစကားများမှာ သူ၏ နောက်ဆုံးစကားများပင် ဖြစ်သည်။
ထို့နောက်— တွန့်ဆုတ်ခြင်းမရှိပေ
သူသည် ကျောက်ဖန်ပုလင်းကို မော့သောက်လိုက်သည်။
ပုလင်းမှာ လက်ထဲမှ ပြုတ်ကျသွားပြီး ထောင်တွင်းကြမ်းပြင်ပေါ်တွင် ကွဲကြေသွားသည်။
ခလောက်
ခဏအကြာတွင် ဒုတိယမင်းသား၏ လည်ပင်းတစ်ဝိုက်တွင် အမည်းရောင် သွေးကြောများ ပျံ့နှံ့လာသည်။
သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
သို့သော် ထိုအချိန်တစ်လျှောက်လုံးတွင် သူ၏ မျက်လုံးများမှာ ယုကျီတီဆီမှ မခွာခဲ့ပေ။
သေဆုံးခြင်းမတိုင်ခင် ဤလူ၏ မျက်နှာကို သူ့ဝိညာဉ်ထဲအထိ စွဲထင်စေရန် ကြိုးစားနေသကဲ့သို့ပင်။
နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်မှာ အေးစက်နေသည့် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
တိတ်ဆိတ်ခြင်းမှာ ပြန်လည်ရောက်ရှိလာသည်။
ယုကျီတီကမူ ငြိမ်သက်စွာ ရပ်နေဆဲပင်။
သူ့မျက်နှာအမူအရာမှာ အစမှ အဆုံးအထိ တည်ငြိမ်နေသည်။
ဝမ်းနည်းခြင်းမရှိ၊
နောင်တမရှိ၊
စိတ်ခံစားချက်ဟူ၍ လုံးဝမရှိချေ။
ခဏအကြာတွင် သူသည် ဂရုမစိုက်ဟန်ဖြင့် နောက်လှည့်ထွက်သွားလိုက်သည်။
"ဒုတိယမင်းသားက အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ကြေညာလိုက်တော့"