အခန်း ၄၄၁
Vol. 45 Ch. 441
အခန်း (၄၄၁)
" ချီအာက ဘယ်လိုလုပ်လိုက်တာလဲ။ " ရင်ကျန့်က အံ့ဩစွာ မေးလိုက်သည်။
" အဘိုး ဒါက ကျွန်တော်တို့ လေ့ကျင့်တဲ့ သိုင်းတာအိုလေ။ " ကျောက်ချီက ဂုဏ်ယူစွာ ပြောလိုက်သည်။
" ဘယ်လိုနည်းလမ်းမျိုးက ဒီလောက်ထိ သန်မာရတာလဲ။ ငါ့ မြေးက ရှစ်နှစ်ပဲ ရှိသေးတာကို ဒီလောက်ကြီးမားတဲ့ ခွန်အားတွေ ရှိနေတယ်။ " ရင်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" အဖေက သမီးတို့ကို သင်ပေးတာလေ။ " ကျောက်လင်းက ပြန်ဖြေလိုက်သည်။
" အဘိုးကို ဘယ်လိုလေ့ကျင့်ရတာလဲ ပြောပြပါလား။ " ရင်ကျန့်က စိတ်ထဲမှ အံ့ဩသွားပြီး ပို၍ သိချင်လာသည်။
" အဖေက မိသားစုဝင်တွေပဲ လေ့ကျင့်ရမယ်လို့ ပြောထားတယ်။ အခြားဘယ်သူကိုမှ မပြောပြရဘူးတဲ့။ " ကျောက်ချီက ရိုးသားစွာ ပြောလိုက်သည်။
" အဘိုးကိုတောင် ပြောလို့မရဘူးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
ကျောက်ချီနှင့် ကျောက်လင်းတို့က ခေါင်းခါလိုက်ကြသည်။ ၎င်းကိုမြင်သောအခါ ရင်ကျန့်က ကျောက်တုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
" ကျောက်ဖုန်းဆိုတဲ့ ကောင်လေးက ဖုံးကွယ်ထားတာတွေ တော်တော်များတာပဲ။ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်က ဒီကျောက်တုံးကြီးကို မြှောက်နိုင်တယ်ဆိုတော့ သူတို့ကို ဘယ်လိုတောင် လေ့ကျင့်ပေးထားတာလဲ။ ဘယ်လောက်ပဲလေ့ကျင့်လေ့ကျင့် ဒီလောက်ထိ အင်အားကြီးဖို့ မဖြစ်နိုင်ဘူးမဟုတ်လား။ ရှန်းကျိုးကို စုစည်းနိုင်မယ့်နေ့ မြန်မြန်ရောက်ချင်လှပြီ။ ဒီကောင်လေးရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ မစောင့်နိုင်တော့ဘူး။ " ရင်ကျန့်က သိချင်စိတ် အလွန်ပြင်းပြနေခဲ့သည်။
အချိန်များ ကုန်လွန်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွားခဲ့သည်။ ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ပြီး ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေခဲ့သည်။ ချူနိုင်ငံ၏ စစ်တပ်များက ခုခံခဲ့ကြသော်လည်း အတွေ့အကြုံရှိသော ဝူအန်းစစ်တပ်ကို မယှဉ်နိုင်ပေ။ သုံးလအတွင်း ချူနိုင်ငံ၏ မြောက်ဘက်နယ်စပ်မှ မြို့များစွာကို ကျောက်ဖုန်းက သိမ်းပိုက်ခဲ့ပြီး ချူနယ်မြေ၏ လေးပုံတစ်ပုံက ကျောက်ဖုန်း၏ လက်အောက်သို့ ရောက်သွားခဲ့သည်။
" စစ်သေနာပတိချုပ် စစ်ရေးအစီရင်ခံစာ ရထားပါတယ်။ ရှေ့က ချူမြို့မှာ ချူစစ်သည် သုံးသိန်း စုစည်းထားပါတယ်။ " ကင်းလှည့်တပ်မှူးတစ်ယောက်က ကျောက်ဖုန်း၏ စစ်ရထားဆီသို့ မြင်းစီးလာပြီး ပြောလိုက်သည်။
" ချူနိုင်ငံရဲ့ စစ်အင်အားက တကယ်ပဲ ကျောက်နိုင်ငံနဲ့ ယှဉ်နိုင်တယ်။ သုံးလကျော်အတွင်း ချူစစ်သည် သုံးသောင်းကျော် သေပြီး တစ်သိန်းကျော် ဖမ်းမိခဲ့တာတောင် သူတို့က စစ်သည်သုံးသိန်းကို ထပ်ပြီး စုဆောင်းနိုင်သေးတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် ချူနိုင်ငံရဲ့ လူဦးရေက အရင်က ချင်နိုင်ငံထက် မလျော့ဘူးလေ။ ဘုရင်အမိန့်သာ ထွက်လာရင် စစ်တပ်တွေ မြန်မြန် စုစည်းကြမှာပဲ။ " ကျန်းဟန်က ပြုံး၍ ပြောလိုက်သည်။
" သူတို့က ငါတို့ကို အပြင်းအထန် ခုခံဖို့ ရည်ရွယ်ထားတာပဲ။ အဲဒါဆိုလည်း သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ တုဆွေနဲ့ လီယောင်ကို ခြေလျင်တပ်တွေ စုစည်းပြီး လာတွေ့ဖို့ ပြောလိုက်။ ချူစစ်သည်သုံးသိန်းကို ငါတို့ ချေမှုန်းပစ်ရမယ်။ ဒီချူစစ်တပ်သာ ပျက်စီးသွားရင် ချူနိုင်ငံရဲ့ မြို့တော်ဆီ တိုက်ရိုက် ချီတက်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျန်းမင်က အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။
ထိုအချိန်တွင်....
" သတင်းပို့ပါတယ်။ စစ်သေနာပတိချုပ် အရေးပေါ်သတင်းပါ။ " ကင်းထောက် စစ်သည်တစ်ယောက်က မြင်းစီးပြီး လျင်မြန်စွာ ရောက်လာသည်။
" ပြောပါ။ " ကျောက်ဖုန်းက ကင်းထောက်စစ်သည်ကို ကြည့်ပြီး ပြောလိုက်သည်။
" ချူစစ်တပ်က မြို့တံခါးတွေ ဖွင့်လိုက်ပါတယ်။ စစ်သည်သုံးသိန်းက မြို့ပြင်မှာ တပ်စွဲထားပြီး တိုက်ပွဲဆင်နွှဲဖို့ ရည်ရွယ်ထားပုံရပါတယ်။ " ကင်းထောက်စစ်သည်က ချက်ချင်း အစီရင်ခံလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းနှင့် ကျန်းဟန်တို့က အံ့ဩသွားကြသည်။
" စစ်သေနာပတိချုပ် ချူစစ်တပ်က တကယ်ပဲ ကျွန်တော်တို့နဲ့ တိုက်ရိုက်တိုက်ခိုက်မှာလား။ ချူစစ်သူကြီးက ရူးနေတာလား။ မြို့ရိုးကောင်းကောင်းရှိတာကို တပ်တွေ အပြင်ကို ခေါ်ထုတ်လာတယ်။ " ကျန်းဟန်က အံ့ဩစွာ မေးလိုက်သည်။
" မြို့ထဲမှာ ဘယ်သူအမိန့်ပေးနေတာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" စစ်သေနာပတိချုပ် မကြာသေးခင်က ရောက်လာတဲ့ ချွီကျန်းဆိုတဲ့သူဖြစ်ရမယ်။ သူ့နာမည်တော့ သိပ်မကြားဖူးဘူး။ " ကျန်းဟန်က ပြန်ဖြေလိုက်သည်။
" ရှန်းယန်ကလွဲရင် ချူနိုင်ငံမှာ ဘယ်သူမှ မကျန်တော့ဘူးပဲ။ အခုတော့ ရာထူးဖြည့်ဖို့ လူတစ်ယောက်ကို လွှတ်လိုက်တယ်။ " ကျောက်ဖုန်းက လှောင်ပြောင်လိုက်သည်။
" ကျွန်တော်တို့နဲ့ တိုက်ဖို့ လူမသိသူမသိတစ်ယောက်ကို လွှတ်လိုက်တယ်။ အဲ့ဒီလူက မြို့ရိုးကို စွန့်လွှတ်ပြီး တိုက်ရိုက်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တယ်။ ဒီချူစစ်သူကြီးက တကယ်မိုက်မဲတာပဲ။ ဒါပေမယ့် ဒါက ကျွန်တော်တို့အတွက် ကံကောင်းတာပဲ။ " ကျန်းမင်က ရယ်မောလိုက်သည်။
" ချူစစ်တပ်က တိုက်ခိုက်ဖို့ ပြင်လိုက်ပြီဆိုတော့ သူတို့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ ငါတို့က မြို့နဲ့ ဆယ်မိုင်ပဲ ဝေးတော့တယ်။ တုဆွေနဲ့ လီယောင်ကို ချက်ချင်း လာရောက်ပူးပေါင်းဖို့ အမိန့်ပေးလိုက်။ မနက်ဖြန်ကျရင် ချူစစ်တပ်နဲ့ တိုက်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ပြောလိုက်သည်။
ချွီမြို့ထဲတွင်။
" စစ်သူကြီး ကျွန်တော်တို့က ခံစစ်အားသာချက်ကို စွန့်လွှတ်ပြီး ချင်စစ်တပ်နဲ့ တိုက်ရိုက်တိုက်ခိုက်မှာလား။ ဒါက တကယ်မကောင်းတဲ့ အစီအစဉ်ပါ။ " ချူတပ်မှူးများက သူတို့၏ စစ်သေနာပတိချုပ်ကို စိုးရိမ်စွာ ကြည့်လိုက်ကြသည်။
" စစ်သူကြီးချွီ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး။ စစ်တပ်ကို မြို့ထဲ ပြန်ဆုတ်ပြီး ခုခံခိုင်းပါဦး။ "
ချူတပ်မှူးများက လေးနက်စွာဖြင့် ပြောလိုက်သည်။ သူတို့ထဲတွင် ဘယ်သူမှ စစ်သူကြီးများ မဟုတ်ကြသော်လည်း အခြေအနေအရ ခုခံသည်မှလွဲ၍ ချင်စစ်တပ်နှင့် တိုက်ရိုက်တိုက်ခိုက်ခြင်းက သေကြောင်းကြံခြင်းသာဖြစ်သည်ကိုတော့ သူတို့ သိကြသည်။
သူတို့က လူသုံးသိန်းရှိသော်လည်း တစ်သိန်းလောက်က စစ်သားသစ်များဖြစ်ပြီး ရှန်းကျိုးနယ်မြေတစ်လျှောက် တိုက်ခိုက်လာသော ဝူအန်းစခန်း၏ စစ်သည်များကို မယှဉ်နိုင်ပေ။ ခံစစ်အားသာချက်ကို စွန့်လွှတ်လိုက်ခြင်းက သေမိန့်ပေးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
" တော်ပြီ။ " ချွီကျန်းက အားလုံးကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ " မြောက်ပိုင်းနယ်စပ်က မြို့အများကြီးက ချင်နိုင်ငံလက်ထဲရောက်သွားပြီ။ ခံစစ်အားသာချက်က ဘာအသုံးဝင်လို့လဲ။ ငါက စစ်တပ်ကို ဦးဆောင်နေတာဆိုတော့ ချင်စစ်တပ်ကို တိုက်ရိုက်တိုက်ခိုက်ပြီး ချူစစ်သည်တွေရဲ့ စွမ်းအားကို ပြသပေးမယ်။ "
၎င်းကို ကြားသောအခါ ချူတပ်မှူးများ၏ မျက်နှာများက မဲမှောင်သွားကြသည်။ ထိုလူက သူတို့၏ အထက်လူကြီးသာမဟုတ်လျှင် ရိုက်နှက်ပြီးလောက်ပြီဖြစ်သည်။
" ဒါပေမယ့်..." ချူတပ်မှူးတစ်ယောက်က စကားပြောရန် ပြင်လိုက်သည်။
" ငါ ဆုံးဖြတ်ချက် ချပြီးပြီ။ ဘယ်သူမှမပြောင်းလဲနိုင်ဘူး။ ဒီတိုက်ပွဲမှာ ချင်စစ်တပ်ကို လုံးဝ ချေမှုန်းပစ်မယ်။ ချင်မြင်းတပ်က ဘယ်လောက်ပဲ သန်မာပါစေ ချူနိုင်ငံရဲ့ လေးစစ်သည်တွေ၊ ကျောက်တုံးပစ်စက်တွေနဲ့ ဒိုင်းကာစစ်ကြောင်းတွေက ချင်စစ်တပ်ကို ဘယ်တော့မှ ပြန်မသွားနိုင်အောင် လုပ်ပေးလိမ့်မယ်။ " ချွီကျန်းက အေးစက်စွာ ပြောလိုက်သည်။
" ဒီလိုစစ်သူကြီးနဲ့သာဆိုရင်တော့ ချူနိုင်ငံက အဆုံးသတ်ပြီ။ " ချူတပ်မှူးများက စိတ်ပျက်စွာ တွေးလိုက်ကြသည်။
" ကျောက်ဖုန်း မင်းက နာမည်ကြီးပေမယ့် ငါ ချွီကျန်းက ငယ်ငယ်ကတည်းက နာမည်ကြီး ဆရာတွေနဲ့ သင်ပေးထားတာ။ မင်းလိုလူကို ဘာလို့ကြောက်ရမှာလဲ။ " စာအုပ်ကြီးသမား ချွီကျန်းကတော့ စိတ်လှုပ်ရှားစွာဖြင့် တွေက်လိုက်သည်။
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ စစ်သည်တွေ ဗိုက်ပြည့်အောင်စားထားကြ။ မနက်ဖြန် ချင်စစ်တပ်လာရင် ငါတို့ ချူစစ်သည်တွေက သေတဲ့အထိ တိုက်လိုက်မယ်။ " ချွီကျန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
နောက်တစ်နေ့ မနက်တွင် ချူစစ်သည်သုံးသိန်းက ချွီမြို့ရှေ့တွင် စစ်ပွဲအတွက် စောင့်ဆိုင်းနေကြပြီး ချူနိုင်ငံ၏ အလံများက နေရာအနှံ့အပြားတွင် ရှိနေသည်။
အဝေးတွင် အနက်ရောင်သံချပ်ကာများနှင့် ချင်စစ်တပ်က ခိုင်မာသော စစ်ကြောင်းနှင့် ရပ်နေကြသည်။ ရှေ့တွင် ခြေလျင်တပ်များရှိပြီး ဘေးနှစ်ဖက်တွင် မြင်းတပ်များ ရှိနေသည်။ ခြေလျင်တပ်က တိုက်ခိုက်လိုက်သည်နှင့် ဘေးမှ မြင်းတပ်များက ရန်သူ၏ဘေးဘက်များကို တိုက်ခိုက်ပြီး ပြန်ခုခံနိုင်စွမ်းမရှိအောင် လုပ်မည်ဖြစ်သည်။
ချင်စစ်တပ်၏ အလယ်တွင် ကျောက်ဖုန်းက အာဏာရှင်လှံကိုကိုင်ပြီး မြင်းပေါ်တွင် ထိုင်နေသည်။ ချူနိုင်ငံက စာတွေ့တွင် ကျွမ်းကျင်သော စစ်သူကြီးတစ်ယောက်ကို စေလွှတ်ခဲ့သည်။ ချွီကျန်းကို စစ်တပ်ဦးဆောင်ရန် စေလွှတ်လိုက်ခြင်းက ချူနိုင်ငံအတွက် ကြီးမားသော အမှားတစ်ခုပင်ဖြစ်သည်။
ချူစစ်တပ်တွင်။
" တပ်မှူးအားလုံး ငါ့အမိန့်ကို နာခံကြ။ တိုက်ပွဲစပြီဆိုတာနဲ့ သေတဲ့အထိ တိုက်ကြ။ ဘယ်တော့မှ နောက်ပြန်မဆုတ်နဲ့။ နောက်ဆုတ်တဲ့သူမှန်သမျှ သတ်ခံရမယ်။ " ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ချွီကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" စစ်သူကြီးအမိန့်ကို နာခံပါတယ်။ " ချူတပ်မှူးများက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။
" ချူစစ်သည်တို့ ဒီတိုက်ပွဲမှာ ငါတို့ အနိုင်ရလိမ့်မယ်။ ချင်စစ်တပ်က မြို့တွေကို သိမ်းပိုက်ဖို့ တပ်တွေကို ခွဲထားရလို့ အခု သူတို့ရဲ့ အင်အားက ငါတို့ထက် နည်းနေပြီ။ ချူစစ်သည်တို့ ဒီတိုက်ပွဲက ငါတို့အတွက် အောင်ပွဲပဲ။ " ချွီကျန်းက တပ်မှူးများ၏ မျက်လုံးများထဲမှ စိတ်ပျက်အားငယ်မှုများကို မမြင်ဘဲ ယုံကြည်မှုရှိစွာ အော်ဟစ်နေဆဲဖြစ်သည်။
" ချူစစ်သည်တို့ ရှေ့တိုးပြီး တိုက်ခိုက်ကြ။ " ချွီကျန်းက ခါးမှ ဓားကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်သည်။
" သတ် သတ် သတ် " စစ်သည်များ၏ အော်ဟစ်သံများက ပဲ့တင်ထပ်သွားသည်။ ချူစစ်သည်သုံးသိန်းက စစ်ကြောင်းပုံစံဖြင့် ရွေ့လျားက ချင်စစ်တပ်ဆီသို့ ချီတက်လာကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့