အခန်း ၄၄၂
Vol. 45 Ch. 442
အခန်း (၄၄၂)
" ငါ စစ်တပ်ကို စဦးဆောင်ကတည်းက ငါကပဲ အမြဲတမ်း အရင်စတိုက်ခဲ့တာ။ ဒီနေ့ ဒီအရူးနဲ့ကျမှပဲ သူက အရင်စတိုက်သွားတယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" ဒီလိုလူမျိုးတွေနဲ့ ချူနိုင်ငံ မပျက်စီးသေးတာ တကယ် အံ့ဩမိတယ်။ " ကျန်းမင်က ရယ်မောလိုက်သည်။
" စစ်ကြောင်းပြောင်းမယ်။ လေးသည်တော်တွေ ရှေ့တက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
ပတ်ဝန်းကျင်မှ သတင်းပို့သူများက ချက်ချင်း ထွက်ခွာသွားကြပြီး စစ်တပ်၏ နေရာအနှံ့သို့ အမိန့်များ ပို့ဆောင်လိုက်သည်။ ထို့နောက် ရှေ့ဆုံးတွင် ရှိသော ခြေလျင်တပ်က အရင်ဆုံး စစ်ကြောင်း ပြောင်းလဲသွားသည်။ အလယ်တွင်ရှိသော လေးသည်တော်များက ရှေ့တိုးလာပြီး ခြေလျင်တပ်များက နောက်ဆုတ်သွားသည်။
ချူစစ်တပ်က တည်ငြိမ်သော စစ်ကြောင်းဖြင့် ရှေ့တိုးလာသည်။ ချွီကျန်းက အရည်အချင်း မရှိသူ ဖြစ်သော်လည်း ချူနိုင်ငံတွင် စစ်ဗျူဟာ ကျွမ်းကျင်သော တပ်မှူးများ ရှိနေဆဲဖြစ်သောကြောင့် ချူစစ်တပ်၏ စစ်ကြောင်းက အပြစ်ပြောစရာမရှိပေ။ မကြာမီ သူတို့က ချင်စစ်တပ်၏ ပစ်ကွင်းအတွင်းသို့ ရောက်လာသည်။
" ချင်စစ်သည်တို့ သတ်ကြ။ " ကျောက်ဖုန်းက လက်ထဲမှ အာဏာရှင်လှံကို မြှောက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
" သတ်ကြ။ " ချင်စစ်သည်များ၏ အော်ဟစ်သံက ကောင်းကင်ထိ ပဲ့တင်ထပ်သွားသည်။ မြားများက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကောင်းကင်သို့ ပျံတက်သွားပြီး ချူစစ်တပ်ပေါ်သို့ ကျဆင်းလာသည်။
" အား.... အာ...." မြားမိုးအောက်တွင် ချူစစ်သည်များက ဆက်တိုက်လဲကျသွားကြပြီး ထိုနေရာတွင် ထာဝရအနားယူသွားကြသည်။
" မြားတွေ ပစ်ကြ။ " ချွီကျန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ချူလေးသည်တော်များက မြားများကို ဆွဲထုတ်ပြီး ချင်စစ်တပ်ဆီသို့ ပစ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့ ပစ်လိုက်သော မြားများက ချင်စစ်တပ်၏ ရှေ့သို့ ကျသွားကြပြီး ချင်စစ်သည်တစ်ယောက်မှ မထိခိုက်ခဲ့ပေ။
" ချင်မြားတွေက ဘာလို့ ဒီလောက်အဝေးကြီး ရောက်ရတာလဲ။ " ချွီကျန်း၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားသင့်သွားသည်။
" ချင်မြားတွေရဲ့ မြားပစ်နိုင်စွမ်းက အခြားနိုင်ငံတွေထက် သုံးဆယ်ရာခိုင်နှုန်း ပိုဝေးတယ်ဆိုတာ စစ်သူကြီးမသိဘူးလား။ " လက်ထောက်စစ်သူကြီးတစ်ယောက်က စိတ်ပျက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချွီကျန်း၏ မျက်နှဦတွင် ထိတ်လန့်သော အရိပ်အယောင်လေး ပေါ်လာသော်လည်း ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။
" ငါ အမိန့်ကို ထုတ်ပြန်လိုက်။ စစ်ကြောင်းကို ရှေ့တိုးကြ။ ပစ်မှတ်အတွင်း ရောက်ရင် အစွမ်းကုန် ပစ်ကြ။ " ချွီကျန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ယခုကဲ့သို့ တိုက်ပွဲစတင်ပြီးသော အခြေအနေတွင် နောက်ဆုတ်ရန် လမ်းမရှိပေ။ ချူစစ်တပ်သာ ဆုတ်ခွာလိုက်လျှင် ချင်စစ်တပ်က ပြင်းထန်စွာ တိုက်ခိုက်လာမည်ဖြစ်သည်။
ချူစစ်တပ်က ရှေ့တိုးလာသည်။ ကျောက်ဖုန်းက တိုက်ခိုက်ရန် အမိန့်မပေးသေးဘဲ လေးသည်တော်များကိုသာ ချူစစ်သည်များ၏ အသက်များကို ဆက်လက်ရိတ်သိမ်းခိုင်ထားသည်။ ချူလေးသည်တော်များ၏ မြားများက ချင်စစ်တပ်ဆီသို့ ရောက်ခါနီးတွင် ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ကိုယ်ရံတော်တပ်ဖွဲ့ ငါနဲ့လိုက်ပြီး တိုက်ခိုက်ကြ။ စစ်သူကြီးအားလုံး ကိုယ့်စစ်တပ်ကို ဦးဆောင်ကြ။ လက်နက်ချဖို့ ငြင်းဆန်တဲ့သူမှန်သမျှ သတ်ပစ်ကြ။ " ကျောက်ဖုန်းက ယွမ်စွမ်းအားများကို ထုတ်ဖော်ပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ သူက မြင်းကို အရှိန်မြှင့်ပြီး တိုက်ပွဲအလယ်သို့ ပြေးဝင်သွားသည်။ ကိုယ်ရံတော်နှစ်ထောင်ကလည်း သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ရန် ချီစွမ်းအားများကို ထုတ်ဖော်ပြီး ကျောက်ဖုန်း၏ နောက်မှ လိုက်သွားကြသည်။
" စစ်သည်တို့ စစ်သေနာပတိချုပ်နောက်ကို လိုက်ပြီး သတ်ကြ။ " ကျန်းဟန်၊ တုဆွေနှင့် လီယောင်တို့က အော်ဟစ်လိုက်ပြီး သူတို့၏ စစ်တပ်များကို ဦးဆောင်သွားကြသည်။
ဝူအန်းစခန်း၏ အစဉ်အလာက စစ်သူကြီးများက ရှေ့မှ ဦးဆောင်ပြီး စစ်သည်များက နောက်မှ လိုက်ကြသည်။ စစ်သူကြီးများက သေခြင်းကို မတပ်မက်သကဲ့သို့ စစ်သည်များကလည်း သေခြင်းကို မကြောက်ကြပေ။ ၎င်းက ကျောက်ဖုန်း စစ်တပ်ကို စတင်ဦးဆောင်လာကတည်းက စတင်ကျင့်သုံးလာသော ဓလေ့ဖြစ်သည်။ ထို့ကြောင့်ပင် ဝူအန်းစခန်းက တိုက်ပွဲတိုင်တွင် အနိုင်မခံ အရှုံးမပေး တိုက်ခိုက်ကြပြီး တားဆီးမရဖြစ်လာခဲ့သည်။
ကျောက်ဖုန်း၏ ကံကြမ္မာအရာရှိတံဆိပ်ကြောင့် အစကတည်းက ကြောက်စရာကောင်းနေသော ဝူအန်းစခန်းက တိုက်ခိုက်ရေးစွမ်းအား သုံးဆနှင့် သူတို့ ပြိုက်ဘက်ကင်းသွားခဲ့သည်။
မြားမိုးများအောက်တွင် ကျောက်ဖုန်းက ချူစစ်တပ်၏ ရှေ့တန်းသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ၏ ကိုယ်ရံတော်များကလည်း နောက်မှ အင်အားအပြည့်ဖြင့် လိုက်ပါလာကြသည်။
" ပျက်စီးစမ်း။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူက ယွမ်စွမ်းအားများကို စုစည်းပြီး လှံဖြင့် အလျားလိုက် ခုတ်ပိုင်းလိုက်သည်။ လှံအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လမ်းကြောင်းတစ်ခု ဖန်တီးလိုက်သည်။ သူ၏ ရှေ့မှ ချူစစ်သည်များစွာက လဲကျသွားကြသည်။
" ချူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး နဂါးဆင်စွမ်းအား ၁ မှတ် ရရှိပါတယ်။ " ချူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး နတ်ရွေ့လျားခြင်းစွမ်းအား ၁ မှတ် ရရှိပါတယ်။ "
" ချူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၁ ရက် ရရှိပါတယ်။ "
ကျောက်ဖုန်းက ရှေ့တိုးကြီး ဆက်တိုက်သတ်ဖြတ်နေသည်။ သူ၏ စွမ်းအား ဆယ်ပုံတစ်ပုံကို အသုံးပြုပြီး ချူစစ်တပ်ကို ရူးသွပ်စွာ သတ်ဖြတ်နေသည်။
" သတ်ကြ။ " ကိုယ်ရံတော်နှစ်ထောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူတို့က ရက်စက်စွာ သတ်ဖြတ်နေကြသည်။ သူတို့အားလုံးက ရှန်ထျန်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး လူနှစ်ထောင်ဆိုလျှင် အလွန်ကြောက်စရာကောင်းသော စစ်တပ်တစ်ခု ဖြစ်သွားခဲ့သည်။
သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပေါ်နေပြီး စစ်သူကြီးသုံးယောက်ကလည်း သူတို့၏ စစ်တပ်များကို ဦးဆောင်ပြီး တိုက်ခိုက်သတ်ဖြတ်နေကြသည်။ ဘေးနှစ်ဖက်မှ မြင်းတပ်များကလည်း ချူစစ်တပ်ကို ဝန်းရံတိုက်ခိုက်နေကြသည်။ တိုက်ပွဲစတင်လိုက်သည်နှင့် ထိုတိုက်ပွဲက အမြစ်ပြတ်ချေမှုန်းသော စစ်ပွဲတစ်ခုသာ ဖြစ်သည်။
ချူစစ်တပ်တွင် လူအင်အား များသော်လည်း ဝူအန်းစခန်း၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် သူတို့၏ စစ်ကြောင်းများ ပြိုကွဲသွားပြီး အကျအဆုံးများလာခဲ့သည်။ ချူစစ်သည်များစွာက အသတ်ခံလိုက်ရပြီး စိတ်ဓာတ်များ ပျက်ပြားလာကြသည်။
" မကြောက်ကြနဲ့။ နောက်ဆုတ်တဲ့သူမှန်သမျှ သတ်ပစ်ကြ။ ကြီးကြပ်ရေးတပ်ဖွဲ့ သွားကြ။ ကြီးကြပ်ရေးတပ်က ဘယ်လိုလုပ်နောက်ဆုတ်နေရတာလဲ။ နောက်ဆုတ်တဲ့သူမှန်သမျှ သတ်ပစ်ကြ။ " နောက်တန်းတွင် ချွီကျန်းက စစ်ကြောင်းပျက်သွားသည်ကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် ထိတ်လန့်မှု၊ ဒေါသတို့ဖြင့် ပြည့်နှက်သွားသည်။
တိုက်ပွဲကို ကြီးကြပ်ရန အမိန့်ပေးလိုက်သော်လည်း ထူးခြားမှုမရှိခဲ့ပေ။ စိတ်ဓာတ်များ ပြိုကွဲသွားပြီဆိုလျှင် အခြေအနေကို ပြောင်းလဲပေးနိုင်မည့် စစ်သူကြီးမရှိလျှင် ပြန်လည်တိုက်ခိုက်နိုင်ရန် မျှော်လင့်ချက်မရှိတော့ပေ။
" ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ငါတို့ ချူနိုင်ငံရဲ့ စစ်သည်တွေက ဘာလို့ အလွယ်တကူ ရှုံးနိမ့်သွားတာလဲ။ " ချွီကျန်းက အခြေအနေကို ကြည့်ပြီး ထိတ်လန့်လာသည်။၎င်းမှာ သူစိတ်ကူးယဉ်ထားသော တိုက်ပွဲနှင့် လုံးဝမတူပေ။
" ချွီကျန်း တရားရုံးက ဘာလို့ မင်းကို စစ်သူကြီးအဖြစ် စေလွှတ်လိုက်တာလဲ။ မင်းက ချင်စစ်တပ်ရဲ့ အင်အားကိုလည်း မသိဘူး။ ကျောက်ဖုန်း ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာလဲ မင်းမသိဘူး။ "
" ချူနိုင်ငံအဆုံးသတ်သွားပြီ။ မင်းကြောင့် ပျက်စီးသွားပြီ။ "
" မင်းသာ အစကတည်းက ငါတို့စကားကို နားထောင်ပြီး မြို့ကိုပဲ ခုခံခဲ့ရင် ဒီလောက်ထိ ဒုက္ခရောက်မှာမဟုတ်ဘူး။ "
" အားလုံး မင်းအပြစ်ပဲ။ မင်းက ချူနိုင်ငံရဲ့ အပြစ်သားပဲ။ " ချွီကျန်း၏ ဘေးမှ တပ်မှူးများက သူ့ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်သည်။
အော်ဟစ်ဆဲဆိုသံများကြားတွင ချွီကျန်း၏ မျက်နှာတွင် ရှက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သူက ပြန်ပြောချင်သော်လည်း စကားလုံးရှာမရပေ။
" ဆုတ်ကြ။ မြို့ထဲရို ဆုတ်ကြ။ " ချွီကျန်းက တုန်ယင်စွာဖြင့် အော်ဟစ်လိုက်သည်။
" နောက်ကျသွားပြီ။ အားလုံးနောက်ကျသွားပြီ။ ငါတို့ စစ်တပ်ရဲ့ စိတ်ဓာတ်က ပျက်စီးသွားပြီ။ "
" ငါတို့ နောက်ဆုန်ရင်တောင် ချင်စစ်တပ်က နောက်ကလိုက်လာလိမ့်မယ်။ မြို့တံခါးတွေက လူပေါင်းသိန်းချီကို ဘယ်လိုလုပ်ဆံ့မှာလဲ။ "
" မင်းက စစ်သူကြီး အရည်အချင်းမရှိဘဲ ဘာလို့ ဒီနေရာကို ကပ်ဘေးတွေ ယူဆောင်လာတာလဲ။ "
ချူတပ်မှူးများအားလုံးက စိတ်ပျက်စွာဖြင့် ပြောလိုက်ကြသည်။ သူတို့က ချင်စစ်တပ်၏ အင်အားကိုတောင်မသိဘဲ မျက်စိမှိတ်ပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ ၎င်းက သူတို့ကိုသူတို့ ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ချွီကျန်းက လုံးဝ အသုံးမကျသော အမှိုက်သာ ဖြစ်သည်။
" ကျွန်တော် အသက်ကို ချမ်းသာပေးပါ။ "
" ကျွန်တော်ကို မသတ်ပါနဲ့။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ "
" ကျွန်တော် လက်နက်ချပါတယ်။ "
ဝူအန်းစခန်း၏ စစ်သည်များက ချူစစ်တပ်ကို ရူးသွပ်စွာ သတ်ဖြတ်နေကြပြီး အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။ အသက်ချမ်းသာပေးရန်နှင့် လက်နက်ချရန် တောင်းဆိုသံများ ထွက်ပေါ်လာသည်။
ထိုသတ်ဖြတ်မှုများက ချွီကျန့်ကြောင့်သာ ဖြစ်သည်။ သူသာ မြို့ပြင်တွင် တပ်မစွဲခဲ့လျှင် ချူစစ်တပ်က ဤမျှမြန်မြန် ရှုံးနိမ့်သွားမည်မဟုတ်ပေ။ ချူစစ်တပ်က ပြေးစရာမရှိတော့ဘဲ စစ်ကြောင်းများက လုံးဝပြိုကွဲသွားခဲ့သည်။
ကျောက်ဖုန်းက သူ၏ ကိုယ်ရံတော်များကို ဦးဆောင်ပြီး ချူစစ်တပ်၏ နောက်တန်းအထိ ထိုးဖောက်သွားခဲ့သည်။ ချွီကျန်းက ကျောက်ဖုန်း သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ အလွန်ထိတ်လန့်သွားသည်။
" နောက်ဆုတ် မြန်မြန် နောက်ဆုတ်။ " ချွီကျန်းက အော်ဟစ်လိုက်ပြီး မြင်းကို အရှိန်မြှင့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
" အသုံးမကျတဲ့ အမှိုက်...." ပတ်ဝန်းကျင်မှ စစ်သည်များက စိတ်ပျက်စွာ တွေးလိုက်ကြသည်။
ကျောက်ဖုန်းက လေးကို မြှောက်ပြီး မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
ရွှီး....
မြားက လေထုကို ဖြတ်သန်းသွားပြီး ထွက်ပြေးနေသော ချွီကျန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။
" ချူစစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၅၀ ရရှိပါတယ်။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့