← Chapters

အခန်း ၄၄၃

Vol. 45 Ch. 443

အခန်း ၄၄၃

Vol. 45 Ch. 443

အခန်း (၄၄၃)

" တကယ်အမှိုက်ပဲ။ ချူနိုင်ငံက ပျက်စီးဖို့ တကယ် ထိုက်တန်တယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး နောက်တန်းမှ ချူတပ်မှူးများကို ကြည့်လိုက်သည်။

" လက်နက်ချမလား၊ အသေခံမလား။ " ကျောက်ဖုန်းက သွေးစွန်းနေသော အာဏာရှင်လှံကို ဝှေ့ရမ်းပြီး အေးစက်စွာ ပြောလိုက်သည်။

" လက်နက်ချရင် အသက်ချမ်းသာပေးမယ်။ " ကိုယ်ရံတော်တပ်ဖွဲ့တစ်ခုလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" ငါတို့ ရှုူံသွားပြီ။ နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ လက်နက်ချတာပဲ ကောင်းတယ်။ " ချူတပ်မှူးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။

ချွီကျန်းက မောက်မာစွာဖြင့် မြို့ပြင်သို့ မတိုက်ခိုက်ဘဲ မြို့ထဲတွင်သာ ခုခံခဲ့လျှင် စစ်သည်သုံးသိန်းနှင့် အနည်းဆုံး လဝက်အထိ တောင့်ခံနိုင်ပေလိမ့်မယ်။ သို့သော် သူက ချူနိုင်ငံ၏ ကျန်ရှိသော ကံကြမ္မာအနည်းငယ်ကို ပေါ့ဆစွာဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

" ကျွန်တော်တို့ လက်နက်ချပါတယ်။ " ချူတပ်မှူးများက ဒူးထောက်ပြီး စိတ်ပျက်စွာ ပြောလိုက်ကြသည်။

" ချူစစ်သည်တွေ နားထောင်ကြ။ ငါ မင်းတို့ရဲ့ စစ်သူကြီးကို သတ်လိုက်ပြီ။ ဆက်ပြီးခုခံတာက သေတွင်းတူးနေတာပဲ။ လက်နက်ချရင် အသက်ရှင်လိမ့်မယ်။ " ကျောက်ဖုန်းက အာဏာရှင်လှံကို မြှောက်ပြီး အော်ဟစ်လိုက်သည်။

" လက်နက်ချရင် ချူစစ်သည်တွေ အသက်ရှင်မယ်။ ခုခံသူမှန်သမျှ သေရမယ်။ "

ချင်စစ်သည်များက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ထိုခြိမ်းခြောက်မှုအောက်တွင် ချူစစ်သည်များက အသက်ရှင်ရန် လမ်းကြောင်းကို ကြားလိုက်ရသောအခါ လက်နက်ချပြီး ဒူးထောက်လိုက်ကြသည်။ ဤတိုက်ပွဲတွင် ချင်စစ်တပ်က ရန်သူများစွာကို သတ်ဖြတ်ပြီး အကျဉ်းသားအမြောက်အများကို ဖမ်းဆီးမိခဲ့သည်။

၎င်းက ချူနိုင်ငံ၏ မိသားစုသုံးခုနှင့် တရားရုံးမှ စုစည်းနိုင်သော နောက်ဆုံး တပ်ဖွဲ့များကို ချေမှုန်းလိုက်ခြင်းဖြစ်သည်။ ယခုအခါ ချူနိုင်ငံ ပျက်စီးရန် မလွဲမသွေ ဖြစ်လာတော့မည်ဖြစ်သည်။

" တုဆွေ လက်နက်ချစစ်သည်တွေကို စုစည်းလိုက်။ လီယောင်က ဒဏ်ရာရသူတွေကို ကုသပေးလိုက်။ ကျန်းဟမ်က ချွီမြို့ကို သိမ်းပိုက်ပြီး စစ်မြေပြင်ကို ရှင်လင်းပါ။ ခုခံဖို့ ကြိုးစားတဲ့သူမှန်သမျှ သတ်ပစ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " စစ်သူကြီးသုံးယောက်က ချက်ချင်း ပြန်ပြောလိုက်ကြသည်။

ကျောက်ဖုန်းက မြို့ထဲသို့ ဝင်ရောက်သွားပြီး မြို့ရိုးပေါ်မှ မျှော်စင်ပေါ်တွင် ထိုင်နေသည်။

" စွမ်းရည်အမှတ်တွေ ရယူမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ပိုင်ရှင်ရဲ့ စစ်တပ်က ရန်သူ ၁၃၇၄၈၂ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၅၄၉၉၂မှတ် ရရှိပါတယ်။ "

အစစ်အမှန်ယွမ် - ၅၆၅၀ မှတ်

နဂါးဆင်စွမ်းအား - ၇၈၆၉ မှတ်

နတ်ရွေ့လျားခြင်းစွမ်းအား - ၇၈၆၈ မှတ်

ရှန်ထျန်းခန္ဓာ - ၅၆၇၄ မှတ်

နတ်ဘုရားအာရုံ - ၅၄၅၆ မှတ်

သက်တမ်း - ၂၇၅၅၇၅ မှတ်

စွမ်းရည်အမှတ်များ တိုးတက်လာခြင်းနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲတွင် ယွမ်စွမ်းအားများ ပေါက်ကွဲလာသည်။ ယွမ်စွမ်းအားသာမက သူ၏ စွမ်းအားများက ကဏ္ဍပေါင်းစုံမှ တိုးတက်လာခဲ့သည်။

" ရန်သူတွေကို သတ်တာက ခွန်အားတိုးတက်ဖို့ အမြန်ဆုံး နည်းလမ်းပဲ။ " ကျောက်ဖုန်းက ရယ်ပြီး သူ၏ အချက်အလက်များကို ဖွင့်လိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၂၅နှစ်

အစစ်အမှန်ယွမ် - ၈၇၃၀ မှတ်

နဂါးဆင်စွမ်းအား - ၉၂၄၅ မှတ်

နတ်ရွေ့လျားခြင်းစွမ်းအား - ၉၁၃၄ မှတ်

ဟောက်ထျန်းခန္ဓာ - ၇၆၄၃ မှတ်

နတ်ဘုရားအာရုံ - ၇၃၄၃ မှတ်

ဝိညာဉ်စွမ်းအား - ၆၇၅၄ မှတ်

သက်တမ်း - ၄၇၁ နှစ် နယ်ပယ်သက်တမ်း နှစ် ၂၀၀၀

စွမ်းဆောင်မှုရမှတ် - ၁၁၂၅ မှတ်

သိုလှောင်နေရာ - ၇၀၀၉၉ ကု​ဗမီတာ

ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း

သိုင်းပညာ - ခေတ်ကာလများကို ပိုင်းခြားသောဓား၊ နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး

" အရင်က စွမ်းရည်တွေ မပြောင်းလဲခင်တုန်းက စွမ်းရည်အားလုံးတိုးလာတိုင်း ရတနာသေတ္တာတွေ ရခဲ့တာပဲ။ ဒီနေ့ ဘာလို့ တစ်ခုမှမရတာလဲ။ " ကျောက်ဖုန်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

" စွမ်းရည်အားလုံး ၇၀၀၀ မှတ် ကျော်သွားတဲ့အတွက် အဆင့်သုံးရတနာသေတ္တာခြောက်ခု ရရှိပါတယ်။ "

ကျောက်ဖုန်းက ၎င်းကို ကြည့်ပြီး ဝမ်းသာသွားသည်။ သူက အသိဝင်လာပြီးနောက် ကောင်းကင်တွင် လွင့်မျောနေသော ဝိညာဉ်များကို ကြည့်လိုက်သည်။ အကယ်၍ သူတို့က တိုင်းတစ်ပါးမျိုးနွယ်များဆိုလျှင် သူတို့၏ ဝိညာဉ်များကို မရဏလောကမီးတောက်ဖြင့် သန့်စင်ပြီး သူ့ကိုသူ သန်မာအောင် လုပ်မည်ဖြစ်သော်လည်း ဟွာရှလူမျိုးများကိုတော့ သူမလုပ်ရက်ပေ။

" ဟွာရှလူမျိုးတို့ နိုင်ငံတွေ မတူတာကြောင့် ငါတို့က တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်တဲ့အထိ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အနာဂတ်မှာ ဒီအရာအားလုံးကို ပြောင်းလဲဖို့ ငါအစွမ်းကုန် ကြိုးစားသွားမှာပါ။ ငါ ကျောက်ဖုန်း ကတိပေးတယ်။ တကယ်လို့ ချင်ရဲ့ အဆုံးသတ်ကို ရောက်လာရင်တောင် ဒီနယ်မြေကို တတ်နိုင်သလောက် အမြန်ဆုံး ငြိမ်းချမ်းအောင် လုပ်ဆောင်ပေးမယ်။ ရှန်းကျိုးနယ်မြေရဲ့ဟွာရှလူမျိုးတွေ စစ်ပွဲတွေကြောင့် ထပ်ပြီး မခံစားရအောင် လုပ်ပေးမယ်။ "

ချူနိုင်ငံ။

" ချွီမြို့က အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။ မကောင်းတာတစ်ခု ဖြစ်ပျက်သွားပါပြီ။ " သတင်းပို့သူတစ်ယောက်က ထိတ်လန့်စွာဖြင့် ခန်းမထဲသို့ ဝင်ရောက်လာသည်။

" ပြောစမ် " ချူဘုရင်က မျက်မှောင်ကြုတ်သွားသည်။

" ချွီမြို့ကို ချင်စစ်တပ်က သိမ်းပိုက်လိုက်ပါပြီ။ စစ်သူကြီး ချွီကျန်းက တိုက်ပွဲမှာ ကျဆုံးသွားပါတယ်။ ကျွန်တော်တို့ ချူစစ်သည်သုံးသိန်းကို ချင်စစ်တပ်က ချေမှုန်းလိုက်ပြီး လူအနည်းငယ်ပဲ လွတ်မြောက်လာပါတယ်။ " သတင်းပို့သူက စိတ်ပျက်စွာဖြင့် အစီရင်ခံလိုက်သည်။

ထိုစကားများကို ကြားသောအခါ ချူဘုရင်က ထိတ်လန့်သွားပြီး အရာရှိများကလည်း မျက်နှာပျက်သွားကြသည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချူစစ်သည်သုံးသိန်းက ချွီမြို့မှာ တပ်စွဲထားတာလေ။ ချင်စစ်တပ်က ဘယ်လောက်ပဲ သန်မာပါစေ ဒီလောက်ရက်အနည်းငယ်အတွင်း ဘယ်လိုလုပ် ထိုးဖောက်နိုင်မှာလဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ " ချူဘုရင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

" အရှင်မင်းကြီး စစ်သူကြီးချွီကျန်းက ချင်စစ်တပ်ကို အထင်သေးခဲ့ပါတယ်။ ချွီမြို့ကို သုံးပြီး မခုခံဘဲ မြို့ပြင်မှာ ချင်စစ်တပ်နဲ့ တိုက်ရိုက်တိုက်ခိုက်ခဲ့ပါတယ်။ ဝူအန်းစခန်းရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက စစ်သည်သုံးသိန်းလုံးကို ချေမှုန်းလိုက်ပါတယ်။ " သတင်းပို့သူက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

" မင်းဘာပြောတယ်။ တပ်တွေကို မြို့ထဲမှာ မခုခံဘဲ မြို့ပြင်မှာ ချင်စစ်တပ်နဲ့ တိုက်ရိုက်တိုက်ခိုက်တာလား။ " ချူဘုရင်က မယုံကြည်နိုင်ဖြစ်သွားသည်။

" ဟုတ်ပါတယ်။ " သတင်းပို့သူက တုန်ယင်စွာ ပြောလိုက်သည်။

ချူဘုရင်၏ အကြည့်က ချွီမိသားစုခေါင်းဆောင်ဆီသို့ ရောက်သွားသည်။ ချွီကျန်းက သူ၏ သားဖြစ်သည်။ ခန်းမတစ်ခုလုံး၏ အကြည့်ကို ရင်ဆိုင်ရသောအခါ ချွီမိသားစုခေါင်းဆောင်က ဘာပြောရမှန်းမသိတော့ပေ။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေသည်။

ချွီမိသားစုက အာဏာကြီးမားပြီး ထိုရှုံးနိမ့်မှုက ချွီကျန်းကြောင့်ဖြစ်သည်ကို သူတို့မပြောရဲကြပေ။ ထို့အပြင် ချွီကျန်းက တိုက်ပွဲတွင် ကျဆုံးသွားပြီဖြစ်သည်။

" ချွီမြို့ကျသွားပြီ။ ချင်စစ်တပ်က ငါတို့ မြို့တော်နဲ့ မိုင်နှစ်ရာလောက်ပဲ ဝေးတော့တယ်။ ဝန်ကြီးတို့ ဘာလုပ်ကြမလဲ။ ခုခံဖို့ စစ်သည်တွေ ရှိသေးလား။ " ချူဘုရင်က စိုးရိမ်တကြီး ပြောလိုက်သည်။

" အရှင်မင်းကြီး စစ်သည်သုံးသိန်းက ကျွန်တော်မျိုးတို့အများဆုံး စုဆောင်းနိုင်တဲ့ အင်အားပါပဲ။ ဒါက စစ်သည်သစ် တစ်သိန်းနီးပါးကိုတောင် ထည့်ထားတာပါ။ အခုဆိုရင် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ ငါးသောင်းနဲ့ မြို့စောင့်တပ် တစ်သိန်းကျော်လောက်ပဲ ရှိတော့ပါတယ်။ " ကျောက်ဝမ်က စိုးရိမ်စွာ ပြောလိုက်သည်။

" ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ။ ချင်နိုင်ငံက တိုက်ခိုက်လာတာကို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား။ " ချူဘုရင်က မေးလိုက်သည်။

" အရှင်မင်းကြီး တစ်ခုတည်းသော နည်းလမ်းက စစ်သေနာပတိချုပ်ရှန်းယန်ကို ပြန်ခေါ်ဖို့ပါပဲ။ " ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။

" ရှန်းယန်ကို ပြန်ခေါ်ဖို့လား။ ဒါပေမယ့် အနောက်ဘက်က ချင်စစ်တပ်ကို ဘယ်လိုလုပ်မှာလဲ။ " ချူဘုရင်က ဒေါသတကြီး ​ပြန်ပေးလိုက်သည်။

" အရှင်မင်းကြီး အခြေအနေက ဒီလိုဖြစ်လာပြီဆိုတော့ ရှန်းယန်ကို ပြန်ခေါ်တာကလွဲရင် အခြားနည်းလမ်းမရှိတော့ပါဘူး။ စစ်တပ်ပြန်လာရင် မြို့တော်ကို ခိုင်ခံ့အောင်လုပ်ပြီး ချင်စစ်တပ်ကို ရင်ဆိုင်လို့ရပါသေးတယ်။ " ကျောက်ဝမ်က ပြောလိုက်သည်။

" ဒါပေမယ့် ချင်စစ်တပ်နှစ်ခု ပေါင်းမိသွားရင် ချူနိုင်ငံက ပိုကြီးမားတဲ့အကျပ်အတည်းကို ရင်ဆိုင်ရလိမ့်မယ်။ " ချူဘုရင်က စိုးရိမ်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး တကယ်လို့ ရှန်းယန်ကို ပြန်မခေါ်ရင်လည်း ရန်သူကို ခုခံဖို့ နည်းလမ်းမရှိတော့ပါဘူး။ " ကျောက်ဝမ်က အေးစက်စွာ ပြောလိုက်သည်။

ခန်းမထဲရှိ အရာရှိများက ချူဘုရင်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်ကြသည်။ သူက ဘုရင်ဖြစ်သော်လည်း ဖိအားများအောက်တွင် ရှိနေသည်။

" မင်းတို့ပြောတဲ့အတိုင်းပဲပေါ့။ " ချူဘုရင်က ဘာမှမတတ်နိုင်ဘဲ ခေါင်းညိမ့်လိုက်သည်။

ချူဖန်မြို့။

" စစ်သေနာပတိချုပ် အရှင်မင်းကြီးရဲ့ အရေးပေါ် အမိန့်ပါ။ ချင်စစ်တပ်က ချွီမြို့မှာ ကျွန်တော်တို့ စစ်သည်သုံးသိန်းကို ချေမှုန်းလိုက်ပါပြီ။ အခု မြို့တော်က အကာအကွယ်မရှိတော့ဘဲ စစ်သည်တစ်သိန်းပဲ ကျန်ပါတော့တယ်။ ချင်စစ်တပ်သာ မြို့တော်ကို ရောက်လာရင် ချူနိုင်ငံ ပျက်စီးသွားပါလိမ့်မယ်။ စစ်သေနာပတိချုပ် မြို့တော်ကို အမြန်ဆုံး ပြန်လာပေးပါ။ " ချူမြို့တော်မှ စစ်သည်တစ်ယောက်က ရှန်းယန်ကို အစီရင်ခံလိုက်သည်။

" စစ်သည်သုံးသိန်း ချွီမြို့ကို ချင်စစ်တပ်က ချေမှုန်းလိုက်တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ရှန်းယန်က မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်ဖြစ်သွားသည်။

" စစ်သူကြီးချွီကျန်းက မြို့မှာ မခုခံဘဲ တပ်တွေကို မြို့ပြင်ကို ခေါ်ထုတ်ပြီး ချင်စစ်တပ်နဲ့ တိုက်ရိုက်ရင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒ ကြောင့် အကြီးအကျ ရှုံးနိမ့်သွားတာပါ။ " သတင်းပို့သူက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ချင်စစ်တပ်ကို တိုက်ရိုက်ရင်ဆိုင်တာလား။ တကယ်ကို မိုက်မဲတာပဲ။ " ရှန်းယန်က ဒေါသထွက်သွားသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters